Monday, August 13, 2012

မိခင်လောင်းများအား ပညာပေးရန် နို့ချိုတိုက်ကျွေးပုံပြသခဲ့ခြင်းဗွီဒီယို ညစ်ညမ်းWebsite များပေါ်ရောက်



google image
အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်တွင် ၂၀၁၀ခုနှစ်က တစ်လအရွယ် သမီးအား နို့ချိုတိုက်ကျွေးပုံကို မိခင်လောင်းများနှင့် အသစ်စက်စက်မိခင်များအား ပညာပေး ဗွီဒီယိုမှတ်တမ်း ရိုက်ကူးဖြန့်ချီခွင့်ပြုခဲ့ရာတွင် သူမ၏ထိုဗွီဒီယိုဟာ ညစ်ညမ်းဝက်ဘ်ဆိုက်ဒ်များပေါ်သို့ ရောက်နေသဖြင့် ထိုမိခင်က ဗွီဒီယိုထုတ်လုပ်သည့် ကုမ္ပဏီအား တရားစွဲဆိုလိုက်ကြောင်း သိရသည်။
ပညာပေး မှတ်တမ်းဗွီဒီယိုရိုက်ကူးပြီး လအနည်းငယ်အကြာ Google တွင် သူမ၏အမည်ဖြင့်
ရိုက်ထည့်ရှာလိုက်ရာ ထိုညစ်ညမ်းဝက်ဘ်ဆိုက်ဒ်များပေါ်ရှိ ထိုဗွီဒီယိုအား တွေ့ရှိခဲ့ပြီး သူမ၏သမီးနာမည်ဖြင့်ပင် ညစ်ညမ်းဝက်ဘ်ဆိုက်ဒ်များပေါ် ရှာတွေ့နိုင်သဖြင့် ထိုကုမ္ပဏီအား တရားစွဲခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီကမူ ထိုသို့ဖြန့်ချီဖို့ကို မိခင်ဖြစ်သူက သဘောတူလက်မှတ်ထိုးထားကြောင်း ခုခံပြောဆိုခဲ့ပါသည်။
Source : Fox News

0 ကွန်မန့်ရေးရန်:

Post a Comment