Monday, August 13, 2012

**မက္ကဆီကိုမူးယစ်ဆေးဝါးဘုရင်မ အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပေး**


 ပစိံဖိတ်ကမ်းရိုးတန်းမှ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းသို့ ပထမဆုံး မူးယစ်ဆေးဝါးများရောင်းဝယ်ဖောက်ကားမှုဖြင့် စွပ်စွဲခံထားရသည့် မက္ကဆီကိုထိပ်တန်းမူးယစ်ဆေးမှောင်ခို အမျိုးသမီးတစ်ဦးအား အမေရိကန်နိုင်ငံသို့ လွှဲအပ်ခဲ့ကြောင်း သြဂုတ် ၁၀ ရက်က အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။ “ပစိဖိတ်ဘုရင်မ”ဟု လူသိများသည့် စန်ဒရာအဗီလာ ဘာထရန်အမည်ရှိ အဆိုပါအမျိုးသမီးအားကိုကင်းများ ရောင်းဝယ်ဖောက်ကားမှုဖြင့် တရားရင်ဆိုင်ရန် မက္ကဆီကိုက အမေရိကန်အာဏာပိုင်များသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ သူမသည် ၁၉၉၀ ပြည့်နှစ်က ဆီနာလိုအာကာတယ် (Sinaloa Cartel) မူးယစ်ဂိုဏ်းကိုတည်ထောင်ရာတွင် အဓိကအခန်းကကဏ္ဍာမှ ပါဝင်ခဲ့သည်ဟု မက္ကဆီကိုအစိုးရရှေ့နေများက စွပ်စွဲခဲ့သည်။ (အင်တာနက်)

0 ကွန်မန့်ရေးရန်:

Post a Comment