Monday, August 13, 2012

နှစ်ပေါင်း သန်း၆၀က ကားလောက်ကြီးသည့် ကမ္ဘာလိပ်ကြီးထွက်ပေါ်လာပြီ နှင့် ရေသူမကဲ့သို့ ၀တ်ဆင်ကာ ဝေလငါးများနှင့်အတူ ရေကူး


နှစ်ပေါင်း သန်း၆၀က ကားလောက်ကြီးသည့် ကမ္ဘာလိပ်ကြီးထွက်ပေါ်လာပြီ
လွန်ခဲ့သော နှစ်ပေါင်း သန်း၆၀လောက်က ခြောက်ပေခန့်ရှည်သော ကမ္ဘာလိပ်ကြီး၏
ကျောက်ဖြစ်ရုပ်ကြွင်းကို ကိုလံဘီယာနိုင်ငံရှိ သတ္တုတွင်းမှာ တွေ့ရှိခဲ့ကြသည်ဟု
ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များက ပြောကြားလိုက်သည်။ ယင်းသတ္တုတွင်းနေရာတွင် ယခင်က ၄၈ပေအရှည်ခန့်ရှိသော ကမ္ဘာ့အရှည်ဆုံး မြွေကျောက်ဖြစ်ရုပ်ကြွင်းကြီးကိုလည်း တွေ့ရှိဖူးသည်။ ယင်းသတ္တ၀ါကြီးများ မျိုးသုဉ်းသွားရသည့် အကြောင်းရင်းကိုသာ ရှာဖွေဖော်ထုတ်နိုင်မည်ဆိုလျှင် ဒိုင်နိုဆောများဘာကြောင့် ပျောက်ဆုံးသွားရသည်ကိုပါ ရှာဖွေဖော်ထုတ်နိုင်တော့မည် ဖြစ်ကြောင်းသိပ္ပံပညာရှင်များက ဟောကိန်းထုတ်ထားကြသည်။
ကိုချစ်ကို မလေးရှား မှပေးပို့ တင်ပြသည်၊
ရေသူမကဲ့သို့ ၀တ်ဆင်ကာ ဝေလငါးများနှင့်အတူ ရေကူး

သြစတြေးလျနိုင်ငံသူ ဟန်နာဖရေဇာ (၃၆ နှစ်) သည် သုံးနှစ်သမီး အရွယ်ကတည်းက ရေသူမဖြစ်ရန် စိတ်ကူးယဉ်ခဲ့သူဖြစ်သည်။ သူသည် ယခုအခါ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့၌ နေထိုင်လျက်ရှိသည်။ သူသည် မော်ဒယ်၊ ရုပ်ရှင်မင်းသမီးနှင့် သရုပ်ပြသူအဖြစ် လုပ်ကိုင်လျက်ရှိပြီး ရေသူမကဲ့သို့ ၀တ်ဆင်ကာ ဝေလငါးများ၊ လင်းပိုင်များ၊ ငါးလိပ်စွန်များနှင့် ရံဖန်ရံခါ ငါးမန်းများနှင့်အတူ ရေကူးပြခဲ့သည်။ ဝေလငါးများ မျိုးမသုဉ်းအောင် ထိန်းသိမ်းရေးအတွက် ပရိုမိုးရှင်းလုပ်သည့်အနေဖြင့် ဟန်နာသည် ဝေလငါးများနှင့်အတူ ရေကူးပြနေပုံကို တြွေ့မင်နိုင်သည်။ သူသည် လက်လုပ် ရေသူမအမြီးဖြင့် တွန်ဂါသို့ သွားရောက်ကာ ယခုကဲ့သို့ ဓာတ်ပုံများရိုက်ကူးခဲ့ခြင်းဖြစ်သည်။
အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ..
ရှာတွေ့သမျှကိုဆက်လက်တင်ပြပေးသွားမည်...
ရဲဇော်ကို(မလေး)

0 ကွန်မန့်ရေးရန်:

Post a Comment