Monday, August 13, 2012

ရောဂါကြောင့် ဦးနှောက် ကြီးထွားမှု ရပ်တန့် သည့် ကလေးငယ် အား ခွဲစိတ်မှု အောင်မြင်


အသက် သုံးနှစ် အရွယ် Archie Dodd ဆိုတဲ့ ကလေး ငယ်ဟာ သူရဲ့ ဦးခေါင်း ခွံ တွဲ ကပ်နေတဲ့ ရောဂါဆန်း တစ်မျိုး ခံစားနေရပါတယ်။ အဲဒီ ရောဂါကို Craniaiosynostosis လို့ ခေါ်ပြီး ကလေး ၃၀ဝ၀ မှာ တစ် ယောက်နှုန်း ဖြစ်ပွားတယ်လို့ သိရပါ တယ်။ ဦးခေါင်းခွံတွေဟာ အသက် အလွန်ငယ်စဉ်မှာ စောစောစီးစီးကပ် သွားတာကြောင့် သူရဲ့ ဦးနှောက်ဟာ ကြီးထွားဖို့ နေရာမရှိတော့ပါဘူး။
ဦးနှောက်ကြီးထွားဖို့ နေရာရှိဖို့နဲ့ ဦးနှောက်ကို ဖိအားသက်ရောက်မှု မရှိစေဖို့အတွက် ခွဲစိတ်ဆရာဝန်တွေက သူရဲ့ဦးခေါင်းခွံကို အစိတ်အပိုင်းများစွာ ဖြတ်တောက်ပြီး ပုံမှာပြထားတဲ့အတိုင်း Jigsaw သဏ္ဌာန်ပြန်လည် တွဲကပ်ပေးလိုက်ပါတယ်။ ခွဲစိတ်ပြီး ခြောက်လအကြာမှာ အာချီဟာ Helmet ဆောင်းထားရပြီး အချွန်အတက်တွေ ရှိတဲ့နေရာမှာ မကစားဖို့ တားမြစ်ခံရပါတယ်။ ယခုအခါမှာတော့ အဲဒီကလေးငယ်ဟာ သူ့အစ်ကိုတွေနဲ့အတူ ဘောလုံးကစားနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
SM
Good Health

0 ကွန်မန့်ရေးရန်:

Post a Comment