Sunday, July 22, 2012

Motherboard တိုင်းကို ၀ယ်သင့်သလား


ဒါကတော့ ကျွန်တော့်ကိုမေးရင်တော့ ဟင့်အင်း မ၀ယ်သင့်ဘူးလို့ပဲ ဖြေရပါလိမ့်မယ်. ကျွန်တော်သာ motherboard တစ်ချပ်ဝယ် ဖြစ်ခဲ့ရင်တော့ အဲ့ motherboard ကို Ram ဘယ်လောက်အထိ အမြင့်ဆုံး ဆိုက်လို့ရမလဲဆိုတာကို အရင်ဆုံး စာအုပ်မှာ ဖတ်ကြည့်မိမှာပါ။ ပြီးတော့မှ ကျန်တဲ့ ဘယ်အပိုင်းတွေ ပါသလဲ ဆိုတာကို ဆက်ကြည့်မိမှာပါ။ အဲ့တော့ မေးတဲ့သူကိုလည်း ကျွန်တော် ဒီပို့စ်မှာပဲ ဖြေပေးလိုက်ပါတယ်။ ဘာလို့လဲဆိုရင်တော့ window တင်နည်းကို ကျွန်တော် capture ဖမ်းတဲ့ card ၀ယ်ပြီးတော့ ကျွန်တော်ပျူတာ နှစ်လုံးချိတ်ပြီးတော့ အသေးစိတ်ရှင်းပြပေးပါ့မယ်။ window xp တင်နည်း၊ window 7 တင်နည်း၊ window 8 တင်နည်း ၃ မျိုးပေါ့။ တစ်ဆင့်ချင်းစီကို video ဖိုင်အနေနဲ့ ရှင်းပြပေးမှာ ဖြစ်တဲ့အတွက် အသေအချာတော့ ဂရုတစိုက်နားထောင်ပေးဖို့ လိုအပ်ပါတယ်။ နောက်ပိုင်း video ဖိုင်တွေနဲ့ချည်းပဲ တင်ပေးဖြစ်မယ်ထင်ပါတယ်။ လုပ်ပုံလုပ်နည်းတွေကောပေါ့။ motherboard တစ်ချပ်ကို ၀ယ်မယ်ဆိုရင် ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော်သုံးနေတဲ့ ASUS BOARD ကို ရွေးချယ်ခဲ့တာကို ဥပမာထားပြီး video ဖိုင်နဲ့ ရှင်းပြပါ့မယ်။ အဓိကသတိထားရမှာကတော့ များသောအားဖြင့် Ram မှာ အမြင့်ဆုံး 8 GB အထိပဲ စိုက်လို့ရတာများပါတယ်။ ကိုက မြင့်မြင့်စိုက်ချင်ပေမယ့် သူ့မှာ 8 GB အထိပဲလက်ခံရင် အဲ့လောက်ပဲ စိုက်သုံးသင့်ပါတယ်။ ကျွန်တော်ကတော့ 16 GB အထိ အမြင့်ဆုံးစိုက်လို့ရလို့ 8GB နှစ်ချောင်းစိုက်ထားပါတယ်။ ဒါကတစ်ပိုင်းပါ။ နောက်ထပ်အပိုင်းကတော့ မိမိအသုံးပြုမည့် Drive နှင့် Hard disk အတွက် slot ဘယ်နှစ်ခုပါသလဲ၊ ဥပမာ ကို့မှာက IDE Hard disk တစ်လုံးပါနေခဲ့ရင်တော့ IDE slot ပါတဲ့ motherboard ကို ထပ်ပြီးတော့ ရွေးပေါ့။ ဒါပေမယ့် Sata များများပါပြီး IDE မပါလည်း IDE hard disk ကို sata ပြောင်းတဲ့ converter card နဲ့ ပြန်ပြောင်းပြီး သုံးလဲ ရပါတယ်။ ပြီးတော့ ကိုက graphic card မ၀ယ်နိုင်သေးရင်တော့ onboard graphic card ပါတဲ့(speed ကိုချိန်ဆပါ) board ကိုရွေးဝယ်ရပါမယ်။ ပြီးတော့ အဲ့ board ဟာ ဘယ် CPU အမျိုးအစားတွေကို support လုပ်နိုင်သလဲဆိုတာလဲ အဓိက ကျပါတယ်။ မိမိမှာ ရှိတဲ့ CPU ကို support မလုပ်နိုင်တဲ့ board မျိုးကို ၀ယ်မိရင်တော့ အခက်တွေ့ရတတ်ပါတယ်။ အဲ့တော့ ကို့
(၁) CPU အမျိုးအစားက ဘာလဲ၊
(၂) သူက ဘယ် motherboard socket အမျိုးအစားမှာ သုံးရမှာလဲ၊
(၃) Ram ကကော ဘယ်လောက်အထိ ထပ်မြှင့်နိုင်သလဲ။
(၄) ကိုထည့်မယ့် Drive အရေအတွက်နဲ့ board မှာ ပါတဲ့ slot ကိုက်ရဲ့လား၊ လိုနေသေးသလား
(၅) Graphic card ကကော ဘယ်အမျိုးအစားတွေကို တပ်ဆင်ရမှာလည်း။ မိမိမှာရှိတဲ့ Graphic card နဲ့ ကိုက်ညီပါ့မလား။

စတဲ့အချက်တွေကို အရင်ရွေးချယ်ပြီးမှ motherboard ကို ၀ယ်ရပါတယ်။ နောက်တော့ ကျွန်တော် တစ်ဆင့်ချင်းစီကို ကွန်ပျူတာ တစ်လုံးဆင်ပြီးသည်အထိ အသေးစိတ် ရှင်းပြသွားပါ့မယ်။ အခုတော့ hardware ပိုင်းနားလည်တဲ့သူတစ်ယောက် အတွက်တော့ ကျွန်တော်ရှင်းပြတာကို သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော် software တွေကို ပြန်တင်နေပါတယ်။ အားလုံး အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘယ်သူ့ကိုမှ ထိခိုက်လိုစိတ်နဲ့ အခုအချိန်အထိ ပြောခဲ့တာမျိုးမရှိခဲ့ပါဘူး။ ပြောမိခဲ့ရင်လည်း အားလုံးကိုပဲ တောင်းပန်လိုက်ပါတယ်။ ကျွန်တော့်အမေ ကျွန်တော့်ဘေးနားမှာ ရောက်နေပြီ ဖြစ်တဲ့အတွက် ကျွန်တော့်အတွက် ဘာမှ မလိုအပ်တော့လောက်အောင် ပြည့်စုံနေပါပြီ။ အရင်ရက်တွေက ကျွန်တော် ကွန်ပျူတာ သုံးမလို့ ထိုင်ခုံပေါ်ထိုင်တိုင်း ကျွန်တော်မအိပ်သေးလို့ ဘေးနားမှာ လာပြီး သားကြီး အိပ်တော့လေ အိပ်တော့လေလို့ ပြောနေတာနဲ့ အွန်လိုင်းပေါ်ကို မတက်ဖြစ်တာပါ။ ဒီနေ့တော့ ဘုရားတွေ လိုက်ပို့လိုက်လို့ ပင်ပန်းပြီး အိပ်နေပါတယ်။ အဲ့ဒါကြောင့် online ထိုင်ဖြစ်တာပါ။ ကိုယ်ကိုယ်တိုင် လူကြီးလူကောင် ဖြစ်ချင်ရင် အပေါ်က တင်ပေးလိုက်တဲ့ ကဗျာလေးကို ဖတ်ဖတ်ပေးပါ။ အဲ့လိုစိတ်ဓါတ်မျိုးတွေကို ဖယ်ရှားနိုင်တဲ့တစ်နေ့ကျရင်တော့ ကောင်းမွန်စွာ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာမှာပါ။ သူများကို မပုတ်ခတ်ခင် မိမိကိုယ်ကိုယ် အပြစ်ကင်းသလား၊ မကင်းဘူးလား၊ အရင်ဆုံး အပြစ်ရှာပါ။ အခုကျွန်တော် ကြည့်ကြည့်နေပါတယ်။ သိမ်မွေ့ပါတယ် သီးခံခြင်းတရားနှင့်ပြည့်စုံတဲ့ ဗမာလူမျိုးတွေချည်းပဲ ရိုင်းပြတဲ့ စကားလုံးတွေနဲ့ နေရာတော်တော်များများမှာ ဆဲဆို၊ ပြောဆိုနေတာ တွေ့ရပါတယ်။ တရားသူကြီး တစ်ယောက်ဟာ ဥပဒေအကြောင်းကို နားလည်ရင် လက်တစ်လုံးခြား ဥပဒေကို လိမ်လို့ရသလိုပဲ။ ဘုရားဟောတဲ့ တရားအကြောင်းနဲ့ ကျင့်ကြံနေထိုင်ရမယ့် စည်းမျဉ်းတွေကို သိတဲ့ သံင်္ဃာတော် တစ်ချို့သည်လည်းပဲ အဲ့လိုပါပဲ။ တပည့်တော် အမှားပါလျှင် ခွင့်လွှတ်ပေးဖို့ ပထမဦးစွာ တောင်းဆိုလိုပါတယ်။
(၁) ရဟန်းတစ်ပါးသည် ဆေးမကုရ (အခုဆေးကုနေကြတဲ့ ရဟန်းများရှိပါတယ်) လူ့အသက်ကယ်တယ်ပေါ့
(၂) သီးခံခြင်းတရားထားပြီးတော့ တရားကျင့်ကြံရမယ်။ (ခုတော့ တစ်ချို့ရဟန်းများကိုတိုင်ကိုက ဒါကာ၊ ဒါကာမ တွေကို ဆဲတာ ဆိုတာ တွေ့နေရပါတယ်၊ တစ်ချို့ ရေရောင်းစားတယ်၊ ဗေဒင်တွက်စားတယ်)
(၃) ရဟန်းဆိုလျှင် ဆွမ်းခံစဉ်မှာ ဘိနပ်မစီးရ၊ အိမ်အတွင်းထဲ မ၀င်ရ(အခု ဒါကာမကြီးနေကောင်းလား မမေးသေးဘူး အိမ်ထဲ အရင်ရောက်နေပြီး နိုင်ငံရေးအကြောင်းပြောနေတဲ့ ဦးဇင်းတစ်ချို့လည်းရှိပါတယ်)
(၄) ဘုရားသာ သက်ရှိထင်ရှားရှိနေခဲ့လျှင် ရဟန်းတွေကို ကားစီးခွင့်ပြုမည်မဟုတ်မှာတော့ သေချာပါသည်။ ဒါကို ၀ိနည်းရှောင်ချင်တဲ့ ဦးဇင်းတစ်ချို့ကတော့ တရားဟောတဲ့အထဲမှာ ၀ိနည်းနဲ့လွတ်အောင် ဟောပြောပါတယ်။

ပြောရရင်တော့ ကိုယ့်ပေါင်ကိုလှန်ထောင်းသလိုပါပဲ။ ရဟန်းသည် ဘုရား၏ အာဏာစက်မသုံးရပါဘူး။ အားလုံးကို မေတ္တာထားရင်း ကျင့်ကြံအားထုတ်ရင်းကနေမှ တရားဟောရင်းနဲ့ ဥပမာ ပုရိတ်ရွတ်ရင်းနှင့် အာဏာစက်ဆိုတာ ပါလာတာပါ။ သီးခံခြင်းတရား ထားပေးရမည့် ကျွန်တော်တို့ဗမာတွေဟာ အခုတော့ ငါ??? ချင်း မိုးမွန်နေအောင် ဆဲတတ်ပါတယ်။ ဆဲနည်းပေါင်းချုပ် စာအုပ်ချုပ်ရင်တောင် တစ်အုပ်ကျော်ပါလိမ့်မယ်။ တစ်ခြား ကချင်၊ ကယား၊ စတဲ့ မြန်မာပြည်သားများနှင့် အခြားအခြားသော ဘာသာခြားများမှာတော့ အဲ့လောက် ကျမ်းပြုစုလောက်အောင်အထိ ဆဲတဲ့နည်း မပြည့်စုံပါဘူး။ သူများမျက်ချေးကိုမကြည့်ဘဲ ကိုယ့်မှာ မျက်ချေးထွက်နေလား ကြည့်ပြီးမှ သူများမျက်ချေးကို လက်ညိုးထိုးပါ။ ကျွန်တော်ကတော့ ဘာသာရေး အစွန်းမရောက်တာ အမှန်ပါပဲ။ ဘုရားဟောထဲကလိုပဲ အလယ်အလတ်လမ်းစဉ်ကိုပဲ ကျင့်သုံးပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ ဒါပါပဲ။ ဘ၀ဟာ တိုတိုလေးပါ။ ကို့ဘေးနားကိုပဲကြည့် ဖုတ်လိုက် ဖုတ်လိုက်နဲ့ သေသေသွားကြတာ ဘယ်နှစ်ယောက်ရှိပြီလဲ။ ကိုကကော နံပါတ်စဉ်ဘယ်လောက်လဲဆိုတာကို သတိဝင်လိုက်ပါ။ ဆရာတွေဟာ ဆရာအလုပ်လုပ်သလို၊ ပညာတတ်တို့မည်သည်လည်း ပညာတတ်ရဲ့ ပုံစံအတိုင်း နေထိုင်ကြရပါတယ်။ ပညာသင်ယူပြီး ကျောင်းပြီးတိုင်း ပညာတတ်တစ်ယောက် မဟုတ်ပါဘူး။ ပညာသင်ယူပြီး ရိုင်းစိုင်းတဲ့အကျင့်ရှိပြီး မိဘကို မိဘမှန်းမသိရင် အဲ့လူဟာ ပညာတတ်မမည်ပါဘူး။ သူများကို လက်ညိုးထိုးရင် ကို့ဖက်မှာ လက်သုံးချောင်း အလိုလို ထိုးနေပြီးသားဆိုတာ သတိချပ်ပါ။ မှားတယ်ထင်ရင် ပြင်၊ မှန်တယ်ထင်ရင် ဆက်လုပ်ပေါ့။ ကျွန်တော် အခု MAC O/S နဲ့ ပတ်သက်ပြီး software များနှင့် ဖုန်းနှင့်ပတ်သက်သည်များကိုပါ တင်ပေးသွားပါ့မယ်။ တစ်ချို့ရှိပါတယ်။ တစ်ခြားနိုင်ငံတွေတောင်မှ အများသူငှာ ၀ယ်မသုံးနိုင်တာကို share လုပ်နေကြ၊ တင်ပေးနေကြတာ အင်တာနက်မှာ တစ်ပုံတစ်ပင်ပါ။ အပျော်သဘောရေးနေကြတာ ရှားပါတယ်။ ကျွန်တော်တို့က ကွန်ပျူတာကို ကိုင်တာ လူဦးရေနဲ့ ချိန်ကြည့်ရင် လက်ချိုးပြီးရေဆိုရင် ခဏလေးနဲ့ ပြည့်သွားမှာပါ။ မယုံရင် ကို့အိမ်ရဲ့ ရှေ့၊ နောက်၊ တောင်၊ မြောက် စတဲ့အရပ်တွေမှာ ကိုသုံးနိုင်သလို တစ်ခြားသူတွေကော ကွန်ပျူတာ သုံးနိုင်သလား ပြန်ကြည့်ပါ။ အဲ့လို လူနည်းစုပဲ သုံးနိုင်သေးတဲ့ နိုင်ငံမှာ software တွေကို အမြင်ကျယ်အောင်၊ သုံးတတ်အောင်၊ ခေတ်နဲ့အညီ လွယ်ကူလာတဲ့ နည်းပညာတွေကို software အဖြစ်ဖန်တီးပြီး ရယူနိုင်အောင်လို့ software တွေ share ပေးတာဟာ အပြစ်လား၊ လက်ညိုးထိုးစရာလား။ ကျွန်တော့်ဝဘ်ဆိုက်တောင် နိုင်ငံရေးဝေလာဝေးလို့ ဘာမှန်းတောင် မသိတဲ့သူရဲ့ ၀ဘ်ဆိုက်ကိုတောင်မှ မြန်မာပြည်က MPT နဲ့ Bagan ကနေ ပိတ်ပါသေးတယ်။ ဘာလို့ ပိတ်တာလည်း ဆိုတာတော့ ပိတ်တဲ့သူတွေပဲ သိပါလိမ့်မယ်။ လက်ချိုးရေလို့ရတဲ့ နည်းပညာ ဆိုက်တွေကို လမ်းညွှန်မပေးတဲ့အပြင် လိုက်ပိတ်နေတာတွေဟာ မျက်စိကို ပိတ်နားကိုပိတ်တာနဲ့ အတူတူပါပဲ။ အဲဒါပေမယ့် မဟုတ်မဟတ်တွေ၊ sex နဲ့ ပတ်သက်တဲ့ ဆိုက်တွေကိုတော့ ကျွန်တော့်ဝဘ်ဆိုက်ကို ပိတ်ခဲ့စဉ်တုန်းက ဖွင့်ပေးနေတာ တွေ့ရပါတယ်။ ဒါတွေဟာ လုပ်ကိုင်ခွင့်ဆိုတာကို ငါလုပ်ချင်တာ လုပ်လို့ရတာပဲ ငါ့လက်ထဲမှာပဲဆိုပြီး မိမိရဲ့ ရလာတဲ့ လုပ်ကိုင်ခွင့်ကို အလွဲသုံးစားလုပ်တာနဲ့ အတူတူပါပဲ။ အခုအချိန်ဘာပဲဖြစ်ဖြစ်၊ ဘယ်သူက လက်ညိုးထိုးထိုး၊ ကျွန်တော်ကတော့ ဆက်ရေး ဆက်လုပ်နေဦးမှာပါပဲ။ တစ်နေ့နေ့ တစ်ချိန်ချိန်အထိပေါ့လေ။ တစ်ချို့တွေရှိပါတယ်။ သူများရေးထားပြီးသား program တစ်ခုကို ဟိုဟာပြင် ဒီဟာပြင်နဲ့ ကို့နာမည် software တတ်ပြီးတော့ လုပ်ထားပါသေးတယ်။ မသိတဲ့သူများအတွက်ကတော့ အထင်ကြီးစရာပါပဲ။ ကျွန်တော်ကတော့ အထင်မကြီးတာ အမှန်ပါ။ အခုကျွန်တော်လုပ်ထားတဲ့ဆိုက်မှာ သူများတွေ share ပေးထားတဲ့ ဖိုင်တွေကို ပြန်ပြီးလက်ဆင့်ကမ်း share ပေးတာသည်။ မေးထားတာကို ပြန်ဖြေပေးပြန်တော့လည်း အမေးအဖြေကဏ္ဍကိုကြည့်ပြီး မင်းကဆရာကြီးလားဆိုတဲ့သူက ရှိပါသေးတယ်။ ကျွန်တော်သိတဲ့ အသိကို တစ်ခြားသူတွေကိုပါ သိစေချင်လို့ ဝေငှပေးနေတာ၊ ပြောပြပေးနေတာ၊ ရှင်းပြပေးနေတာလောက်ပါပဲ။ အင်္ဂလိပ်စာလိုက်နိုင်တဲ့သူ၊ အင်တာနက်ကို ရှာဖွေနိုင်တဲ့သူတွေ၊ အင်တာနက်ဘဏ်အကောင့် ရှိသူတွေအတွက် ကျွန်တော့်ရဲ့ software share ပေးတာသည် ဟာသဖြစ်နိုင်ပေမယ့်။ ၀ယ်ချင်တဲ့ software ၀ယ်လို့မရ၊ ရှာလို့မရ၊ သင်တန်းမတက်နိုင်တဲ့သူအတွက်တော့ ဆေးကောင်းတစ်လက် ဖြစ်နိုင်တယ်ဆိုရင် ကျွန်တော့်ကို လက်ဆယ်ချောင်းထိုးနေလဲ အဲ့လက်ညိုးထိုးလို့ ညောင်းပြီးအောက်ချသွားလည်းပဲ ကျွန်တော်ကတော့ ဆက်ရေးနေ၊ ဆက်ပြောပြနေဦးမှာပါပဲ။ ကိုယ်ပိုင် ၀ဘ်ဆိုက်ဖြစ်တဲ့အပြင် ကိုတစ်ယောက်တည်း ရေးနေတဲ့အတွက် ပြောတဲ့သူတွေ ပြောကြပါစေ ဒီဖက်ကနားက၀င်ရင် ဟိုဖက်က နားက အလိုလို ထွက်သွားပါလိမ့်မယ်။ ပြောတဲ့ပါးစပ် လေကုန်ရင် ရပ်သွားပါလိမ့်မယ်။ ပါးစပ်ရှိလို့ပြောတယ်၊ ကျွန်တော်က မျက်စိရှိလို့မြင်တယ်၊ နားရှိလို့ကြားတယ်။ အဖြေကတော့ ဒါပါပဲ။ အချိန်တန်ရင်ရပ်သွားမှာပါပဲ။ ချီးမွမ်း ခုနှစ်ရက်၊ ကဲ့ရဲ့ ခုနှစ်ရက်ပါ။ ကိုကြိုးစားမှ ရသလိုပဲ၊ ကိုအလုပ်လုပ်မှ ပိုက်ဆံရမှာပါ။ ဘယ်သူဆီက ထောက်ပံ့ငွေနဲ့မှ အသက်ရှင်နေတာ မဟုတ်ပါဘူး။ လက်နှစ်ဖက်နဲ့လုပ်လို့ရတဲ့ သူများကြေကြေနပ်နပ်နဲ့ပေးတဲ့ ပိုက်ဆံနဲ့ စားနေတာဖြစ်တဲ့အတွက် ကျွန်တော့်ဖက်ကတော့ ရှင်းပါတယ်။ I Don't Care ပါပဲ။ လူတိုင်းကို အထင်သေးလို့မရသလို၊ အထင်လည်းမကြီးပါနဲ့။ ကျွန်တော့်ဟာလည်း ဆရာကြီးမဟုတ်ပါဘူး။ အားလုံးကို လမ်းမှန်လေးနည်းနည်းလေး တည့်သွားအောင် ဖေးမပေးတဲ့သဘောနဲ့ ရှေ့ကနေ လျှောက်တာပါ။ မှန်တယ်ထင်တဲ့သူ ဆက်လိုက်ပြီး။ လမ်းမှားနေရင် ကျန်ရစ်ခဲ့လို့ရပါတယ်။ အခုဒီဆိုက်ကို Forum သဘောမျိုးလုပ်ပစ်လို့ရပေမယ့်။ လူပေါင်းစုံရဲ့ စိတ်ကို မသိတဲ့အတွက်ကြောင့်။ အချိန်တိုင်းလိုက်ပြီး လုံခြုံရေး ကင်းမလှည့်နိုင်တာကြောင့် တစ်ယောက်တည်းပဲ ရေးတဲ့ ခုလိုဆိုက်မျိုးကို ရေးဖြစ်လိုက်တာပါ။


အားလုံးကို ခင်မင်လေးစားလျှက်
ညီနေမင်း

0 ကွန်မန့်ရေးရန်:

Post a Comment