Sunday, July 22, 2012

ခွေးကိုက်လို့သေသွားရတဲ့ နှစ်နှစ်သားကလေးငယ်

   ဒီအကြောင်းကို ကြားသိလိုက်ရတဲ့အတွက် တစ်နယ်လုံးတစ်ရွာလုံးမှာရှိတဲ့ လူတိုင်း ကြေကွဲခဲ့ကြရပါတယ်။ အဖြစ် က ရင့်နင့်စရာပါ။ စာဖတ်သူများလည်း ကြားဖူးမယ်မထင်ပါ။ ဒီဖြစ်ရပ်သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းရွေဘိုမြို့နယ်ရဲ့ ၇ မိုင်အကွာက တအုံရွာမှာဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသွားသော ကလေးငယ် တရုတ်ကြီး(ခ) မောင်ခန့်ဖြိုးသန့် သည် တအုံကျေးရွာနေ ကိုဆန်းကျော်လင်းနဲ့ မကြည်လှိုင်တို့ရဲ့ သားဦးလေးဖြစ် ပါတယ်။ ဇူလိုင်လ 15ရက်မှာ ကလေးငယ်ရဲ့အဖေဟာ သူလုပ်ကိုင်တဲ့လယ်ေ
တာကို လုပ်ကွက်ကိုင်ကွက်အခြေအနေကောင်းမကောင်းကြည့်ဖို့သွားသောကြောင့် ကလေးရဲ့အမေနဲ့ ကလေးသာကျန်ခဲ့ ပါတယ်။ မနက်6နာရီ30လောက်မှာ မအေလုပ်သူက ဆန်ရွေးနေသဖြင့်ကလေးကို အိမ်အပြင်ထွက်သွားတာကို မသိလိုက်ပါ။ကလေးကိုရှာဖို့ မကြည်လှိုင် တောင်မြောက်ပြေးနေရတဲ့အချိန်မှာ တစ်ရွာတည်းနေသူ ကိုရဲဝင်းထွန်းက ကလေးငယ်ကို ခွေလေးကောင်းဝိုင်းကိုက်နေတာမြင်ပြီး ခွေးများကိုခြောက်လှန့်မောင်းခဲ့ရပါတယ်။
ဒါတောင်မှခွေးတစ်ကောင်က တော်တော်နဲ့မသွားဘူးတဲ့ ကျန်တဲ့အကောင်တွေကလည်း ခပ်ဝေးဝေးက ကြည့်နေတယ်တဲ့ ။ အဲအချိန်မှာ ရွာထဲမှဒေါ်မြင့်က ကလေးကိုကောက်ချီလိုက်တယ်။ မကြာခင်သူ့အမေရောက်လာတော့ကလေးက မေမေလို့ခေါ်သေးတယ်တဲ့ ။ ဒါပေမဲ့ ဆေးရုံရောက်တော့ကလေးက သေသွားပါတယ်။
ကလေးကို ကိုက်တဲ့ခွေးတွေဟာ ညညဆိုရင် ရွာထဲက ကြက်၊ ဘဲ၊ ၀က်ပေါက်လေးတွေကို ချီပြီး ကွင်းထဲမှာဝိုင်းဖွဲ့စားလေ့ရှိတယ်တဲ့။
တစ်ခါကလည်း ထိုရွာမှ ဆရာမ ဒေါ်မျိုးယုမွန်ကိုလိုက်ဆွဲလို့ ဆိုင်ကယ်ကို အတင်းမောင်းပြေးရတယ်တဲ့။မကြာခဏလည်း ရွာသားတွေခွေး အကိုက်ခံရတယ်တဲ့။ ငါးစိမ်းသားစိမ်းတွေကိုလည်း မကြာခဏလုစားတတ်တယ်တဲ့ ။
ကဲ ဧဒင်က သူငယ်ချင်းတွေကို ဗဟုသုတလည်းရ သူငယ်ချင်းတို့ရဲ့ သားသား၊မီးမီးတွေ၊ တူ၊ တူမလေးတွေ၊ ညီလေးတွေညီမလေးတွေကို ကာကွယ်နိုင်ဖို့  ၁၃၇၄ခုနှစ် ဒုတိယ၀ါဆိုလဆန်း ၃ရက်၊ စနေနေ့ 21-7-2012 ထုတ်ကြေးမုံသတင်းစာ စာမျက်နှာ(၇)ပါ ဦး ကျော်ဇော (လှသိပံ၊ရွှေဘို) ရေးသားတဲ့ သတင်းကို ဖော်ပြပေးလိုက်ပါတယ်

0 ကွန်မန့်ရေးရန်:

Post a Comment