Sunday, July 22, 2012

Connection ကိုပိုမြန်အောင်လုပ်မယ်နော်

Inbox
x

hnin si Phyu hninsiphyu89000@gmail.com




ဒါကမြန်မာပြည်မှာ ဆိုရင်တော့ အင်တာနက်သုံးတဲ့ သူတိုင်းသိချင်ကြမှာပါ။ Connection Hacking ဆိုတာကလည်း သူများတကာကို ထိခိုက်ခြင်းမျိုးမဟုတ်ဘဲ ကိုယ့်နေရာကိုသာ ပြန်လည် Hacking လုပ်ခြင်းပါ။ ဒီလို Hacking Speed လုပ်နည်းလေးက Download ကိုခဏခဏဆွဲတတ်တဲ့ သူတွေ၊ Gmail ၊ Facebook ၊ Vzo အသုံးပြုတဲ့သူတွေ အတွက်ဆိုရင်တော့ပိုပြီး အသုံးဝင်တယ်လို့ပြောရမှာပါ။ ဒါပေမယ့်လည်း တော်တော်ကြီးမြန်သွားမယ်လို့တော့ မဆိုလိုပါဘူး.။ ကိုယ့်ရဲ့ IP Address ကလည်းပါတာပေါ့နော်. . ။ Address ကကောင်းမယ်ဆိုရင်တော့  Connection Speed တော်တော်လေးမြန်လာမှာပါ. ။ IP မကောင်းတဲ့သူတွေကလည်း ဒီနည်းလေးကို ကြိုးစားကြည့်သင့်ပါတယ် .. ။ တကယ်တမ်း ကျတော့ ကိုယ့်ရဲ့ Connection ဟာ လက်ရှိထက် အနည်းငယ်သာမြန်ဆန်သွားတာကို တွေ့ရှိရပါတယ်။ ဘာပဲဖြစ်ဖြစ်လေ နည်းနည်းလေး ပိုမြန်လာတော့ လည်းကောင်းတာပေါ့ ။ ဘယ်လို Speed Up လုပ်ရလဲဆိုတော့ -
1 . ပထမဆုံးမှာ Win+R ကိုနှိပ်ပါ ။ Runbox ကိုခေါ်လိုက်ခြင်းပဲဖြစ်ပါတယ်။
2 . Runbox မှာ gpedit.msc ဆိုပြီး ရိုက်လိုက်ပါ . ။
3. ပြီးတော့ အောက်ပါအဆင့်များအတိုင်းသွားလိုက်ပါ ။
- Computer Configuration / Administrative Templates / Network / QoS Packet Schelduler /
Limit reservable bandwidth
4 . အဲဒီမှာ Speed Up လုပ်တဲ့နေရာကို ရောက်ရှိသွားပြီးဖြစ်ပါတယ်။ ပြီးရင် Enable လုပ်ပေးလိုက်ပါ။ Options အောက်မှာရှိတဲ့ Bandwidth limit ( % ) : ဆိုတဲ့နေရာမှာ 20 လို့ရိုက်ထည့်ပေးလိုက်ပါ။ ပြီးရင် OK ကိုနှိပ်ပြီး ပြန်ထွက်လိုက်ပါ။
5 . အားလုံးပြီးပြီဆိုရင်တော့ ကွန်ပျူတာကို Restart ချပြီး အင်တာနက်ကိုပြန်သုံးကြည့်ပါ။ အရင်ကထက် Connection ပိုမြန်လာတာကို သူငယ်ချင်း ၊ စာဖတ်သူကိုယ်တိုင် ခံစားမိမှာဖြစ်ပါတယ် ။
နှင်းဆီဖြူ

0 ကွန်မန့်ရေးရန်:

Post a Comment