Sunday, July 22, 2012

စစ်တွေမြို့ ရဲနွယ်စုဗလီအား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြင်ဆင်ပေးလျက်ရှိ




Inline image 3
ရခိုင်ပြည်နယ် ရခိုင်-မွတ်စလင် လူနည်းစု ပဋိပက္ခအတွင်း ဖျက်ဆီးခံရသော စစ်တွေမြို့ရှိ ရဲနွယ်စု ဗလီအား ရခိုင်ပြည်နယ် စည်ပင်သာ ယာရေးအဖွဲ့ မှ ပြန် လည်ပြုပြင်ပေးနေပြီးဖြစ်ကြောင်း မွတ်စလင် သတင်းစဉ်မှ သိရသည်။ ရခိုင် အမျိုးသား အချို့က ဇွန်လ ၁၀ရက်နေ့တွင် ဗလီ ၊ ဗလီပိုင်ဆိုင်ခန်းများ နှင့် မဒ်ရဆာစာသင်ကျောင်းတို့ အား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း စစ်တွေဒေသခံ တစ်ဦးကပြောပါသည်။ `၁၇ ရက်နေ့က ပြည်နယ်စည်ပင်ရုံးကနေ သက္ကောပြင်ရွာလူကြီး တစ်ယောက်ကို ဖုန်းဆက်ပြီး ရဲနွယ်စု ဗလီဂေါပကကို ဆက်သွယ် တယ်။ ဗလီပြင်ပေးမလို့ပါလို့ ပြောတယ်။ သူတို့ ကိုယ်တိုင်ပဲ ပြင်ပေးလိုက်မယ် ဆိုပြီးပြောပါတယ်။
ရဲနွယ်စု ဗလီကို ပြင်ပေးနေတာ အခုဆို နှစ်ရက်ရှိနေပါပြီ´ ဟု ဒေသခံ မွတ်စလင် လူငယ်တစ်ဦးက ပြောပါသည်။ အဆိုပါ ရဲနွယ်စု ဗလီသည် စစ်တွေ လေယာဉ်ကွင်း အနီးတွင်တည်ရှိပြီး လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ကျော်ခန့်က တည်ဆောက်ထားခြင်းဖြစ်ကြောင်းသိရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment