Monday, July 9, 2012

blogger တစ်ယောက်ရဲ.ဘ၀ဟာ joker ပါ။


ဖြေဖျော်ပွဲတစ်ခုမှာ ဂျိုကာလေးတစ်ယောက် မတော်တဆနဲ့ စင်ပေါ်က ပြုတ်ကျသွားခဲ့တယ်။ သူ့သွားတချို့ ကျိုးကုန်တယ်၊ မျက်နှာမှာ ပွန်းပဲ့ဒဏ်ရာရခဲ့တယ်။ နာကျင်လွန်းလို့ သူ့မျက်နှာရှုံ့မဲ့နေခဲ့တယ်။ ဒါကို သူသရုပ်ဆောင်တာ ပီပြင်တယ်ဆိုပြီး ပရိသတ်တွေ တဝါးဝါးနဲ့ပွဲကျခဲ့တယ်။
ကလေးလေးတစ်ယောက်ပဲ သူ့မေမေလက်မောင်းကိုဆွဲပြီး "မေမေ.. မေမေ..
ဂျိုကာလေး နာလွန်းလို့ မျက်ရည်ကျနေတယ်"လို့ ပြောခဲ့တယ်။
ကလေးလေးပြောတာကို ဘယ်သူမှ မကြားခဲ့ဘူး။ တစ်ယောက်မှ မကြားခဲ့ဘူး။
___________

သူ့ပျော်ရွှင်ပါစေဆိုပြီး ကိုယ့်ကိုယ်ကို ဒဏ်ရာအထပ်ထပ်နဲ့ မနာကျင်ပါစေနဲ့။ လူဆိုတာ တစ်ကိုယ်ကောင်းဆန်သူတွေပါ။ ကိုယ့်ခံစားချက်ကိုပဲ ကိုယ်ကြည့်ကြသူတွေပါ။ သင်ဒီလို နာကျင်တာကို လူနည်းစုလောက်ပဲ သတိပြု၊ ဂရုစိုက်မိမယ်ဆိုတဲ့အကြောင်း ပုံပြင်လေးက ပြောသွားခဲ့ပါတယ်။


တစ်ခါတစ်လေ blogger သမားတစ်ယောက်ရဲ. ဘ၀ဟာလဲ အဲ့လိုပါဘဲ။ သူအဆင်မပြေနေဘူး။ သူ.အမေ မျက်စိနှစ်လုံးစလုံးမကောင်းဘူး။ မျက်စိသားငယ်အိမ် ပျက်စီးသွားတယ်။ သူ.အဖေရဲ. ရက်စက်မှုနဲ.ပတ်သက်ပြီးလဲ သူနာကြည်းခံစားရတယ်။  စိတ်ညစ်နေရတယ်။ အသဲကွဲနေရပေမဲ့
သူပျော်စရာတွေ တင်ဆက်ပေးနေတာဘဲလေ။ လူတွေပျော်နေရင် သူကျေနပ်ပါတယ်။ commentတွေကိုစားရင်း သူအသက်ဆက်ရှင်နေတာလေ။ comment တစ်ကြောင်းစီတိုင်းဟာ သူ.အတွက် vitaminလုံးလေးတွေပါလို. သူ. ဘလော့တိုင်းမှာ သူအဆုံးသတ် အနေနဲ. အမြဲရေးတယ်။ သူစိတ်ညစ်နေတာ ငိုနေတာကို နှစ်သိ့မ်ဖေးမပေးတဲ့သူ ရှာမနေဘူးလေ။
ဘယ်သူမှ မရှိတော့ ဘယ်သူ.ကိုမှလဲ သူမဆုံးရှုံးရတော့ဘူး။

ဘာမှမရှိတော့ ဘာမှဆုံးရှုံးမှာမပူရတော့ဘူး
ဘာမှမရနိုင်တော့ ဘာကိုမှမျှော်လင့်နေစရာမလိုတော့ဘူး
ဘယ်သူမှမချစ်တော့ ဘာမှခံစားစရာမလိုတော့ဘူး
ဘယ်သူမှအနားမှာမရှိတော့ ဘယ်သူမှလည်းအနားကထွက်သွားမှာမပူရတော့ဘူးလေ

ရှိနေတုန်းက ထိန်းသိမ်းဖို့ကြိုးစားတယ်
ဆုံးရှုံးသွားတော့ နေတတ်အောင်ကျင့်တယ်
နှစ်ယောက်ရှိတုန်းက အကောင်းဆုံးနေတယ်
တယောက်တည်းဖြစ်သွားတော့ အထီးကျန်ခြင်းကိုသင်ယူတယ်
ခံစားစရာရှိတော့ နှလုံးသားကိုအလုပ်ပေးတယ်
ခံစားစရာမရှိတဲ့ အခါကျတော့
နှလုံးသားကို အနားပေးထားလိုက်တော့တယ်လေ

ဘဝဆိုတာ နေတတ်သူအဖို့ ပျော်စရာပါပဲ ။ ။

 comment တစ်ကြောင်းစီဟာ သူ.အတွက် vitamin လုံးလေးတွေပါ။

0 ကွန်မန့်ရေးရန်:

Post a Comment