Monday, July 9, 2012

ငြိမ်းချမ်းရေးရပြီးသည့်ဒေသမှလူငယ်များအား နိုင်ငံတကာနည်းစနစ်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်ပြုမည်


ပြည်ထောင်စု ငြိမ်ချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးရယူပြီးသော ဒေသမှလူငယ်များအား နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် နည်းလမ်းများနှင့် စနစ်များကို အသုံးပြု၍ လက်နက်ကိုင်ဆောင်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က နေပြည်တော်မှကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ပြောပြီးသားပါ။ နိုင်ငံတော်ရဲ့
လုံခြုံရေးနဲ့ အချုပ်အခြာ အာဏာကို မထိခိုက်ဘူးဆိုရင် ငြိမ်းချမ်းရေးရရှိပြီးတဲ့ ဒေသက လူငယ်တွေအတွက် နိုင်ငံတကာမှာ အသုံးပြုနေတဲ့ DDR၊ SSR စနစ်တွေနဲ့ တစ်ဆင့်ချင်း လက်နက်ကိုင်ဆောင်ခွင့်ပေးသွားမှာပါ။”ပာု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။
လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးရရှိပြီးသည့်ဒေသများမှ လက်နက်ကိုင်ဆောင်လိုသည့် လူငယ်များ၏စာရင်းကို ပြုစုလျက်ရှိပြီး လက်နက် ကိုင်ဆောင်လိုစိတ်မရှိသူများအတွက် နယ်စပ်ဒေသများရှိ အကောက်ခွန်ဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ပြည်သူ့ရဲတပ်ဖွဲ့များတွင် တာဝန် ထမ်းဆောင်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လက်ရှိအချိန်၌ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ငြိမ်းချမ်းရေးရရှိရန် ကျန်ရှိနေသေးသည့် ကချင်လွတ်မြောက် ရေးအဖွဲ့(KIO)မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂွမ်မော်နှင့် တပ်မတော်ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းတို့ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးမည့်နေရာကို ညှိနှိုင်းလျက်ရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ ဗန်းမော်တွင် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့သော်လည်း KIO ဘက်မှ လွယ်ဂျယ် နှင့် မိုင်ဂျာယန်ကြားရှိ ပရန်ငေါန်တွင် တွေ့ရန်ဆန္ဒရှိကြောင်း ပြန်လည်အကြောင်းကြားခဲ့သည်။
မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အပြင် ပြည်တွင်းရှိ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပြီး လက်ရှိ ပြည်တွင်း လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ (၁၁) ဖွဲ့အနက် (၁၀)ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း သိရသည်။
YC

0 ကွန်မန့်ရေးရန်:

Post a Comment