Monday, July 9, 2012

အမျိုးသမီးတွေပြောတဲ့ သေနိုင်တဲ့စကား ၉ ခွန်း


၁ ။ ကောင်းတယ် (Fine )

ဒါဟာ ကမ္ဘာပေါ်က အမျိုးသမီးတိုင်း ဟာ အငြင်းအခုံကိစ္စတိုင်းကို အဆုံးသတ်လိုတဲ့အခါသုံးလေ့ရှိတယ် ။ သူတို့ဖက်ကမှန်တယ်ပေါ့ ခင်ဗျားကတော့ ပါးစပ်ပိတ်လိုက်ဖို့လိုပြီ ။

... ၂ ။ ငါးမိနစ် (five minutes )

အကယ်၍များ အ၀တ်အစားလဲနေတဲ့အချိန်ပြောတာဆိုရင်တော့ ငါးမိနစ်ဆိုတာဟာတစ်နာရီခွဲကို ဆိုလိုတာပါ ။ အိမ်မှုကိစ္စတွေကို ခင်ဗျား မကူညီခင်
ဂိမ်းကစားနေတာဆိုရင်တော့ အဲဒီငါးမိနစ်ဟာ တကယ်ပဲ ငါးမိနစ်ပဲဖြစ်တယ် ။ ဒီထက်ပိုလို့မရပါဘူး ။

၃ ။ ဘာမှမဟုတ်ပါဘူး (nothing )

ဒါဟာ မုန်တိုင်းမလာခင် လေပြည်လေးအရင်လာတာပါ ။ ဘာမှမဟုတ်ပါဘူးဆိုတာ အရာအားလုံးကို ဆိုလိုတယ် ခင်ဗျား ဖိနပ်စီးထားဖို့လိုပြီ ။ ဘာမှမဟုတ်ပါဘူး ဆိုပြီး စတင်လိုက်တဲ့ ငြင်းခုံမှုတွေဟာ အစဉ်သဖြင့် ဘယ်လိုအဆုံးသတ်လေ့ရှိတယ်ဆိုတာကိုတော့ ခင်ဗျား နားလည်မှာပါ ။

၎ ။ ရှေ့ကနေဦးဆောင်သွားပါ (go ahead )

အဲဒါစိန်ခေါ်လိုက်တာပါ ခွင့်ပြုပေးလိုက်တာမဟုတ်ပါဘူး မလုပ်မိစေနဲ့ ။

၅ ။ ကျယ်လောင်သော သက်ပြင်းချသံ ( Loud sigh)

သက်ပြင်းချတယ်ဆိုတာ တကယ်တော့ စကားတစ်ခွန်းပါပဲ ။ ပြီးတော့စကားလုံးမပါတဲ့ ဒီစကားဟာ တခါတရံ ယောင်္ကျားတွေအဖို့ ကောက်ချက်ချ မှားသွားစေနိုင်တယ် ။ သက်ပြင်းကျယ်ကျယ်ချသံဟာ သင်ဟာ ငတုံးတစ်ကောင်ဖြစ်တယ်လို့ သူမတွေးတာလည်းဖြစ်နိုင်တယ် ဒါ့အပြင် ဒီနေရာမှာ ဘာကြောင့် ဒီလို ကောင်နဲ့လာပြီးအချိန်ဖြုန်းနေမိတာပါလိမ့်လို့ တွေးတာလည်းဖြစ်နိုင်ပါတယ် ။ ဒါ့အပြင် ဘာမှမဟုတ်တာကို သင်နဲ့ငြင်းခုန်ချင်တာလည်းဖြစ်နိုင်တယ် ။ ( အမှတ်စဉ် ၃ ကို ပြန်ဖတ်ပါ )

၆ ။ ဒါ ကောင်းတယ် ( That's Okay )

ဒီစကားကတော့ အမျိုးသမီးတစ်ဦးက အမျိုးသားတစ်ဦးကို ပြောတဲ့ အန္တရာယ်အရှိဆုံးစကားတစ်ခွန်းဖြစ်တယ် ။ ဒါကောင်းတယ်ဆိုတာဟာ ဘယ်လို လုပ်မလဲမဆုံးဖြတ်ခင် နဲ့ ခင်ဗျားဟာ ခင်ဗျားအပစ်ကို သူ့ရှေ့မှာ ၀န်ခံလိုက်တဲ့အချိန် သူမက ဒါကို နက်နက်ရှိုင်းရှိင်းနဲ့ကြာကြာ စဉ်းစားဖို့လိုတယ်ဆိုတဲ့အကြောင်း ဆိုလိုပါတယ် ။

၇ ။ ကျေးဇူးတင်ပါတယ် ( Thanks )

အမျိုးသမီးတစ်ယောက်က ခင်ဗျားကို ကျေးဇူးတင်တယ်ဆိုရင် ဘာမေးခွန်းမှ မမေးပါနဲ့ ဒါမှမဟုတ် ဘာမှ အံ့သြ ထိတ်လန့်မသွားပါနဲ့ ။ ခင်ဗျားကို ကြိုဆိုပါတယ်လို့ ပြောလိုက်တာပါပဲ ။

၈ ။ ဘာဖြစ်ဖြစ် ( Whatever )

ကျယ်ပြန့်နက်ရှိုင်းလွန်းသွားပါပြီ ခင်ဗျားကို ချီးမွမ်းတာလည်းဖြစ်နိုင်သလို ဆဲတာလည်းဖြစ်နိုင်တယ် ။

၉ ။ ဒီအတွက် စိတ်မပူပါနဲ့ ငါရပါတယ် ( Don't worry about it , I got it )

အန္တရာယ်ရှိတဲ့နောက်ထပ်စကားတစ်ခွန်းပါပဲ ဆိုလိုတာက မိန်းမတစ်ယောက်က ယောင်္ကျားတစ်ယောက်ကို ဒီအကြောင်း ကို အကြိမ်ပေါင်းများစွာပြောနေရတယ် ဒါပေမယ့် အဲဒါကို အခုမှ သူမ ဘာသာ လုပ်လိုက်ရတယ် ပေါ့ ။ အဲဒီနောက်ခင်ဗျားက မေးမိလိမ့်မယ် “ ငါဘာမှားနေလို့လဲဟင် ” အဲဒါဆိုရင် အမျိုးသမီးက နံပါတ်စဉ် ၃ ကို ပြန်ပြောပါလိမ့်မယ် ။


(အင်တာနက်မှဘာသာပြန်သည် ။ )

မှတ်ချက် ။ ။ ကျွန်ုပ် ဘာသာပြန်ယုံသာ :P


ဒါနဲ.စကားမစပ် မော်နီ.ကာ ကိုကိုအတွက်
သူ.ကိုလွမ်းလာပြီ
ကိုကိုက 2012မှာလူဝတ်နဲ.ပြန်လာမယ်လေ ဟီး။ နောက်တာ။

သယ်ရင်းတို. အဆင်ပြေရင်ကွန်.မန်.သံ လေးတွေကြားချင်တယ်..
ကွန်.မန်.တစ်ခုစီဟာ သူ.အတွက်vitamin လုံးလေးတွေပါ..

0 ကွန်မန့်ရေးရန်:

Post a Comment