Monday, July 9, 2012

သက်သေပြမှ ရောင်းပေးမယ်ဆိုလို့

တစ်နေ့မှာ အဘွားတစ်ယောက်ဟာ ကုန်စုံဆိုင်လေးကို သွားပြီး သူ့ခွေးလေးအတွက် ခွေးစာသွားဝယ်ပါတယ်။
ခွေးစာဝယ်ပြီး ပိုက်ဆံရှင်းမယ်လုပ်တော့ ကောင်တာက ငွေကိုင်မိန်းကလေးက
 " ကျွန်မတို့ဆိုင်မှာ ခွေးစာဝယ်မယ်ဆိုရင် အဘွားရဲ့ခွေးကို ပြနှိုင်မှ ခွေးစာရောင်းပေးမယ်လို့"ပြောတယ်
အဲဒါနဲ့ အဘွားလည်း အိမ်ကိုပြန်ပြီး အိမ်က သူ့ခွေးလေးကို ယူလာပြပါမှ ခွေးစာဝယ်ယူခွင့်ရသွားပါတယ်

နောက်တစ်နေ့မှာလည်း အဘွားက သူ့အိမ်က ပူစီလေးအတွက် ကြောင်စာလာဝယ်ပြန်ပါတယ်
အဲဒီအခါမှာလည်း ကောင်တာက မိန်းကလေးက
မနေ့ကလို အလားတူပဲ  " ကျွန်မတို့ဆိုင်မှ ကြောင်စာဝယ်မယ်ဆိုရင် အဘွားရဲ့ကြောင်ကို
ပြမှ ကြောင်စာရောင်းပေးနိုင်မယ်" ပြောတာနဲ့
အဘွားလည်း ဒီမိန်းကလေး တယ်ရစ်ပါလား ဆိုပြီးတော့ အိမ်ကိုပြန်ပြီး ကြောင်မလေးကို ခေါ်လာပြမှ  ကြောင်စာရရှိသွားပါတယ်
တတိယနေ့မှာ အဘွားဟာ ကုန်စုံဆိုင်ကလေးကို ရောက်ရှိလာပြန်ပါတယ်။ ဒီတစ်ခါမှာတော့ သူ့လက်ထဲမှာ ကဒ်ထူပုံးကလေး
ကိုင်လာပါတယ်  အဘွားက ကောင်တာရှေ့ကိုတန်းသွားလိုက်ပါတယ် ။အဲဒီနောက် ကောင်တာက ကောင်မလေးဆီကို လက်ထဲက
ကဒ်ထူပုံးကလေးကိုဆန့်တန်းရင်း
"  ငါ့မြေးပုံးထဲကို လက်နှိုက်ကြည့်လိုက်စမ်းပါကွယ်"လို့ ပြောတယ်
မိန်းကလေးကလည်း သူရဲ့သွယ်လျှလှပတဲ့ လက်လေးကိုဆန့်တန်းလို့ ပုံးထဲကို လက်နှိုက်ကြည့်လိုက်တယ် ဆိုရင်ပဲ
ပုံးထဲက ပူနွေးအိစက်နေတဲ့ အထိအတွေ့ကိုခံစားရပြီး ဇဝေဇဝါဖြစ်နေတုန်း
အဘွားအိုက "ငါ့မြေး အဘွားကို အိမ်သာသုံးစက္ကူ တစ်လိပ်လောက်ပေးပါကွယ် "   တဲ့ ။
ပုံးထဲက ဘာလေးလည်းဟင်
       ဟီးးးးးးးးးး
            :D     :P

0 ကွန်မန့်ရေးရန်:

Post a Comment