Tuesday, June 26, 2012

ရွက်လှေပြိုင်ပွဲ ကျင်းပမည်



ရန်ကုန်၊ ဇွန် ၁၆
တတိယ အကြိမ်မြောက် မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားပြိုင်ပွဲကို ဇွန် ၁၆ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပမည်ဟု သိရသည်။  အဆိုပါပြိုင်ပွဲကို လူလွတ် တန်းပြိုင်ပွဲနှင့် ၁၅ နှစ်အောက် ပြိုင်ပွဲဟူ၍ အတန်းနှစ်တန်းခွဲခြား ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင် အသင်းခြောက်သင်း
ရှိကြောင်း သိရသည်။ ”ဒီပြိုင်ပွဲကို အိုလံပစ်နေ့ အထိမ်းအမှတ်နဲ့ တွဲကျင်းပတာပါ။ နှစ်စဉ်ကျင်းပမှာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်နဲ့ဆို သုံးကြိမ်ရှိ သွား ပါပြီ”ဟု မြန်မာနိုင်ငံရွက်လှေ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်ဝင်း က ပြောသည်။ ထိုပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ကြသူများသည် လေ့ကျင့်မှုရှိသူများဖြစ်ပြီး (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ထိုကစားသမားများထဲမှ ပါဝင်မည်ဟု၎င်းက ပြောသည်။  အဆိုပါပွဲကို YKKO ကြေးအိုးဆိုင်မှ စပွန်ဆာပေးထားကြောင်း လည်းသိရသည်။
စိုင်းလမင်း

0 ကွန်မန့်ရေးရန်:

Post a Comment