Tuesday, June 26, 2012

အဖွဲ့ချုပ် အမျိုးသမီးဘောလုံး ပြိုင်ပွဲ တစ်လခန့် နားမည်



ရန်ကုန်၊ ဇွန် ၁၆
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် MFF Women Cup 2012 လက်ကျန် ပွဲစဉ်အချို့ကို တစ်လခန့် ရပ်နားထားရမည်ဟု သိရသည်။ AFC U-22   ခြေစစ်ပွဲကို ဇွန် ၂၃ ရက်မှ ဇူလိုင် ၃ ရက် နေ့အထိ ကျင်းပမည်ဖြစ်ပြီး MFF Women Cup 2012 ဘောလုံးပွဲစဉ် ကျင်းပသည့် ကွင်းကို လေ့ကျင့်ရေးကွင်း အဖြစ်
အသုံးပြုမည် ဖြစ်သောကြောင့် လက်ကျန်ပွဲစဉ် အချို့ကိုရက်ရွှေ့ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာတာဝန်ခံ ဦးဇော်မင်းထိုက် က ပြောသည်။
အဆိုပါ  MFF Women Cup 2012 ဘောလုံးပွဲစဉ်များကို စမ်းချောင်းမြို့နယ်ရှိ ပဒုမ္မာကွင်း၌ ကျင်းပလျက်ရှိပြီး စုစုပေါင်း အသင်း  ရှစ်သင်း ပါဝင်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပွဲစဉ် (၉) အထိ  ကျင်းပပြီးစီးခဲ့ပြီး ပို့ဆောင် ရေးအသင်းက ရမှတ် (၆) မှတ် ဖြင့် အဆင့် (၁)၊ ပြည်ထဲရေး အသင်းကလည်း ရမှတ်တူ ဂိုးကွာခြားချက် ဖင့် အဆင့် (၂) နေရာတွင် ရပ်တည်လျက် ရှိ သည်။ လက်ကျန်ပွဲစဉ်အချို့ကို ဇူလိုင် လ ၂၆ ရက်နေ့တွင် ပွဲစဉ် (၁ဝ) အဖြစ် ကချင်ပြည်နယ် အသင်းနှင့် အခြေခံ (က) အသင်း၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် ပွဲစဉ် (၁၁)အဖြစ် စံ မြန်မာအသင်းနှင့် ကာကွယ်ရေး အသင်း၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် ပွဲစဉ် (၁၂)အဖြစ် ပြည်ထဲရေးအသင်းနှင့် အား ကစားဝန်ကြီးဌာန အသင်းတို့ အသီးသီး ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲကို သြဂုတ် လ ၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ဖြိုးဖြိုး

0 ကွန်မန့်ရေးရန်:

Post a Comment