Tuesday, June 26, 2012

နိုင်ငံပိုင်လယ်ယာမြေပေါ်မှဖယ်ရှားရန် တောင်းဆိုခံနေရသူများ ထောင်ကျမည်စိုး၍ နေအိမ်ဖျက်၍ ပြေးနေရ



နိုင်ငံပိုင်လယ်ယာမြေပေါ်မှဖယ်ရှားရန် တောင်းဆိုခံရသူ ၃၂ ဦးရှိသည့်အနက်မှ ၁၆ ဦးမှာတရားရင်ဆိုင်၍ ရှုံးနိမ့်ကာ ထောင်ကျမည် ကို ကြောက်ရွံ့သဖြင့် နေအိမ် များကို ဖျက်ပြီး ရှောင်ရှားသွားကြကြောင်း ဒေသခံများထံမှ သိရသည်။ ထိုသို့ ရှောင်ရှားသွားသော် လည်း နေစရာမရှိ၍ အချို့မှာ မူလ မြေပေါ်တွင် တဲငယ်များကို နေဖြစ်ရုံ ထိုး ကာ ပြန်လာနေထိုင်နေ ကြပြီး အချို့မှာနှစ်သောင်း၊ သုံးသောင်းနှုန်း ပေး၍ ရွာအတွင်း အိမ်ငှားဘဝဖြင့်
နေထိုင်လျက်ရှိကြောင်း သိရသည်။ ”သပြေလှမှာ တိုးချဲ့ အိမ် ပေါင်း ခုနစ်ရာ ကျော်ရှိတဲ့အထဲက ဒီ ၃၂ အိမ်ကွက်ကွက်ကလေးကို တရား လာစွဲတာဟာ ကျောသားရင်သား ခွဲခြားတယ်လို့ပဲ မြင်တယ်။ကျွန်တော့်သဘောက လုံးဝ မဖယ်ပါဘူး။ တရားရှုံးလို့ ထောင်ချ လည်းထောင်ထဲဝင်တဲ့အထိ တရား ရင်ဆိုင်သွားဖို့ရှိတယ်။ကျွန်တော်ရော၊ ကျွန်တော့် ဇနီးရော၊ သမီးပါ ကျောင်းဆရာ ၊ ကျောင်းဆရာမတွေပါ။ ဒီလို နိုင်ငံ့ ဝန်ထမ်းတွေကို နိုင်ငံတော်က တရားစွဲတယ်တဲ့။ သူတို့ပေးထားတဲ့ ပင်စင်က မြေအစားပြန်ဝယ်ဖို့မပြော ပါနဲ့။ အခုနေရာဖျက်စရိတ်တောင် မရှိဘူးဗျ” ဟု အငြိမ်း စားကျောင်း အုပ်ဦးတင့်လွင်က ပြောသည်။ ဆက်လက်၍¤င်းကအဆောက် အအုံ ဆောက်လုပ်ထားသည့် မြေသည် ၄င်းပိုင် အမည်ပေါက် မြေဖြစ် သည်ဟု ပြောဆို ခဲ့ပြီး ထို မြေပေါ်တွင် အဆောက်အအုံဖျက် သိမ်းပေးရန်သာ သက်ဆိုင်ရာဘက် မှ ဖိအားပေးထားပြီး မြေကိုမူ ပိုင်ဆိုင်ခွင့်ပြုထားကြောင်း ဆက် လက်ပြောဆို သည်။ မြေ စာရင်း ဦးစီးဌာနမှ လာ ရောက်စစ်ဆေးမခံခဲ့သဖြင့် ပုဒ်မ ၄၈ (က) ဖြင့် တရားစွဲခံနေရသူ ၁၆ ဦး ရှိပြီး ယင်းတို့ထဲမှ ရွာသားအချို့ ကို ယခုလ ၂၅ ရက်နေ့နှင့် ၂၇ ရက်နေ့များသို့ ရက်ချိန်းပြောင်းရွှေ့ ခဲ့သည် ဟု ဒေသခံတို့က ပေါ်ပြူ လာနယူးစ်သို့ ပြောသည်။
စွမ်းရဲထွဋ်     

0 ကွန်မန့်ရေးရန်:

Post a Comment