Tuesday, June 26, 2012

သွားနှင့် ခံတွင်းကျန်းမာရေးအတွက် ပျဉ်းမနားလုပ်ငန်းရှင်အချို့နှင့် ကျွမ်းကျင်ပညာရှင်များပူးပေါင်း၍ အခမဲ့ ဆောင်ရွက်ပေး



နေပြည်တော်ကောင်စီ နယ်မြေအတွင်း သွား၊ခံတွင်းဆိုင်ရာ ဗဟုသုတများလာစေရန်အတွက် ပျဉ်းမနားမြို့ခံစီးပွားရေးသမား တို့နှင့် သွား၊ ခံတွင်းကျွမ်းကျင် ပညာရှင်တို့ ပူးပေါင်း၍ ကျန်းမာရေးစရိတ်မတတ်နိုင်သူများအား အခမဲ့ကုသပေးခြင်းများကို ဆောင်ရွက်ပေးနေသည်ဟု ပျဉ်းမနားကြာပန်းဖြူ အဆင့်မြင့် သွားနှင့်ခံတွင်း အထူး ကုဆေးခန်းမှ ဒေါက်တာ M ကောန်လကပြောသည်။အခမဲ့ ကုသပေးရာတွင် နယ်ဒေသသို့ သွားရောက်ကုသမှုသည် ပတ်ဝန်းကျင်လေထုတွင်း ပျံ့နှံ့လျက် ရှိသော ဗက်တီး ရီးယားနှင့်
အခြား မလိုလားအပ်သောရောဂါပိုးများကြောင့် အန္တရာယ်မရှိစေရန်အတွက် ဆေး ခန်းသို့ခေါ်ယူကာပိုးသတ်ထားသည့် စက်ပစ္စည်း၊ကိရိယာများဖြင့် ကုသ လျက် ရှိသည်ဟု၎င်းက ပြောသည်။’အရမ်းကြီးတော့လည်း မလုပ် နိုင်ဘူး။ ပျဉ်းမနား စီးပွားရေးသမား တွေက ထောက်ပံ့ထားတဲ့ ရန်ပုံငွေ နဲ့ ချင့်ချိန်လုပ်ရတာ။ အခု လူ ၆ဝ လောက် ကို အခမဲ့ကုသခဲ့တယ်။ သိပ်မကြာခင် သိုက်ချောင်းဘက်က လူနာတွေကိုအခမဲ့ဆက်ကုပေးမယ်။ ”ကုန်ကျစရိတ်ကတော့ လူ နာတစ်သုတ် ၂ဝ လောက်ကို ရှစ် သိန်း၊ ဆယ်သိန်းလောက် ကုန်ကျ တယ်။ဘာလို့ဒါတွေလုပ်ပေးနေတာ လဲဆိုတော့ဒေသတွင်းမှာ သွား၊ ခံ တွင်းဆိုင်ရာကျန်းမာရေးအသိပညာ ကျယ်ပြန့်လာအောင်လို့ပါ”ဟု ၄င်း က ဆက်လက်ပြောကြားသည်။၎င်း အပြင် ပျဉ်းမနားဒေသနေသူအများ စုမှာ သွား၊ ခံတွင်းကျန်းမာရေးအထူး ဂရုစိုက်ရမည်ကို နားလည်သော် လည်း ကောင်းမွန်စိတ်ချ ရသော အဆင့်မြင့် နည်းပညာများဖြင့်ကုသရန် စိတ်ဝင် စားမှုအားနည်း ကြောင်း ၄င်းကထပ် လောင်း ဆိုသည်။ ”ငွေကြေးကြောင့် လည်း စိတ်ဝင်စားမှုအားနည်းသွား တာပါ တာရယ်။ သွားကုထုံးဆိုင်ရာ ဗဟုသုတကလည်း နည်းတော့ တချို့ကုထုံးကိုကြောက်ကြတယ်။ ဥပမာ အကြောထုတ်တဲ့ ကုထုံး ပေါ့။ သူတို့ရဲ့ စိတ်ထဲမှာ အကြော ထုတ်ပစ် မှာ သိပ်ကြောက်ကြတယ်။နားလည် တဲ့လူကျတော့ အကြောထုတ်တာတောင် ဘယ်လိုကိရိယာ တွေ နဲ့ကုမှာလည်းဆိုတာမျိုး စိတ်ဝင် တစားရှိတယ်။ပျဉ်းမနားဒေသခံတွေ လာကုတာများတယ်။နေပြည်တော် ဝန်ထမ်းတွေက အရင်ကလာကြပေမယ့် အခုနေပြည်တော် မှာ လည်း  ဆေးရုံ၊ ဆေးခန်းတွေရှိလာတော့ အဲ့ဒီမှာပဲလုပ်ကြတော့ တယ်”ဟု ၄င်းက ပြောသည်။
စွမ်းရဲထွဋ်   

0 ကွန်မန့်ရေးရန်:

Post a Comment