Saturday, June 9, 2012

အမေရိကန်အစိုးရ ရခိုင်ပြည်နယ်လူသတ်မှုများ အဖြစ်မှန်စုံစမ်းရန် တိုက်တွန်း


ရခိုင်ပြည်နယ်က အဖြစ်အ ပျက်တွေအပေါ် စုံစမ်းစစ်ဆေး ပြီး တာဝန်ရှိသူတွေကို အရေးယူ ကိုင်တွယ်ဖို့အတွက် အမေရိကန် ပြည်ထောင်စုက မြန်မာအာဏာ ပိုင်တွေကို  တိုက်တွန်းပါသည်။ လူမျိုးရေးအဓိကရုဏ်းတွေမဖြစ် စေရေး ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်ကြဖို့နဲ့ တရားဥပဒေစိုးမိုး ရေးကို အလေးထားကြဖို့လည်း မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အစု အဖွဲ့အားလုံးကို တိုက်တွန်းထား ပါသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ခဲ့သည့် အကြမ်း ဖက်မှုအပေါ်မှာ အပြန်အလှန်မ ကျေမနပ်ဖြစ်ပြီး နောက်ထပ် မ ငြိမ်မသက်မှုတွေကို ဖြစ်လာမှာ စိုးရိမ်မကင်းရှိတာကြောင့် အခြေ အနေတွေအပေါ်မှာ နားလည်မှု ရှိရှိနဲ့ တရားဥပဒေစိုးမိုးရေးကို အ လေးထားကြဖို့ အမေရိကန်ပြည် ထောင်စုက တိုက်တွန်းသွားသည်။ မတူကွဲပြားတဲ့အမြင်တွေ၊ နောက် ခံတွေအပေါ်မှာ နားလည်သည်း ခံပြီး ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့ မြန်မာလူမျိုးတွေကိုယ်တိုင် အားလုံးပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြား ရေးဌာန အရှေ့အာရှ ပစိဖိတ်ရေး ရာ ပြောခွင့်ရှိသူ Darragh Paradiso သတင်းမီဒီယာများကို ပြောကြား သည်။
““အပြန်အလှန်နားလည်သည်း ခံမှုရှိတဲ့ လူ့အဖွဲ့အစည်း၊ လူ့အခွင့် အရေးတွေကို လေးစားတဲ့ လူ့အ ဖွဲ့အစည်း၊ တရားဥပဒေစိုးမိုးမှုရှိ တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ အစိုးရနဲ့ အတူ နောက်ခံပေါင်းစုံ အလွှာ ပေါင်းစုံက မြန်မာလူမျိုးတွေအား လုံး ပါဝင်ဆောင်ရွက်ကြရမယ်ဆို တဲ့ အချက်ကို အလေးအနက် ထားရမယ်”” ဟုဆိုပါသည်။
ရခိုင်ပြည်နယ် တောင်ကုတ် မြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု အ တွင်း အသက်ဆုံးရှုံးသူတွေအ တွက်လည်း ၀မ်းနည်းကြေကွဲမိ တယ်လို့လည်း ပြောပါသည်။
ဒီလို အကြမ်းဖက်ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ဥကဒေစိုးမိုး ရေးအတွက် တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ်အရေးယူဖို့ကို လည်း Darragh Paradiso က မြန်မာအာဏာပိုင်တွေကို တိုက် တွန်းသွားပါသည်။
““ဒီအကြမ်းဖက်မှုတွေကို အ မေရိကန်ပြည်ထောင်စု အနေနဲ့ ကန့်ကွက်ရှုတ်ချပါတယ်။ ဥပဒေ စိုးမိုးရေးအတွက် ဒီအဖြစ်အပျက် သတင်းကို စုံစမ်းစစ်ဆေးဖို့နဲ့ တာ ၀န်ရှိသူတွေကို အရေးယူဖို့ အာ ဏာပိုင်တွေကိုတိုက်တွန်းပါတယ်။ အစုအဖွဲ့အားလုံးအနေနဲ့လည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့၊ အကြမ်းဖက်မှုတွေမလုပ်ဖို့၊ ဘာ သာရေးလွတ်လပ်ခွင့်ကိုလေးစားပြီး ခွဲခြားဆက်ဆံမှုတွေ မလုပ်ကြဖို့ ကိုလည်း တိုက်တွန်းလိုပါတယ်”” ဟု ဆိုသည်။
ဒီအဖြစ်အပျက်တွေနဲ့ပတ် သက်လို့ မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း လူများစုက လူနည်းစု ကို နားလည်ကရုဏာထားနိုင်ကြ ဖို့နဲ့၊ ပြဿနာပိုပြီး ကြီးထွားမလာ အောင် ဂရုစိုက်ကြဖို့ တိုက်တွန်း သွားပါသည်။
““ကျွန်မအမြဲပြောတယ်။ လူ များစုဆိုတာက လူနည်းစုအပေါ်  မှာ ကရုဏာထားတတ်ရမယ်။အဲဒါတော့ကျွန်မ သတိပေးပါ ရစေ။ ဒီလိုကျွန်မပြောတာကို ကြိုက်ချင် မှကြိုက်မယ်။ ဒါပေ မယ့်ကြိုက် တာမကြိုက်တာထက် ပြောသင့် တာကိုတော့ ကျွန်မ ခပြောရမှာပဲ။ လူများစုဆိုတာ ခဟာကိုယ့်ရဲ့အင် အားကရှိပြီး သား၊ ကိုယ့်ရဲ့အများ စုအင်အား က ရှိပြီးသားမို့လို့ ပိုပြီးတော့ သဘောထားကြီးနိုင်ရမယ်။ ပိုပြီး တော့ ကရုတရားထားနိုင်ရမယ်။ အဲဒီတော့ ကျွန်မတို့နိုင်ငံ မှာရှိတဲ့ ဘာသာမရွေး၊ လူမျိုးမရွေး၊ ပြည် သူပြည်သားအားလုံး တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ အေးအေးချမ်းချမ်း နေတာကို ကျွန်မမြင်ချင်တယ်။ ဒီလိုဖြစ်ဖို့အ တွက်ကျွန်မတို့အနေ နဲ့ ကူညီနိုင် တယ်ဆိုရင် ကျွန်မတို့ ကူညီမယ်။ လုပ်ပေးနိုင်တာကို လုပ်ပေးမယ်။ ဒါပေမယ့် ဖြစ်ပွား နေတဲ့ကိစ်္စတွေ ပိုပြီးကြီးထွားသွား အောင်လို့ လုပ်နေတာမျိုးတော့ ကျွန်မတို့ သတိပြုပြီးတော့ရှောင် ကြဉ်စေ ချင်ပါတယ်””
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကပဲ မူစလင်အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ပြဿနာတွေကို အေးအေးချမ်း ချမ်းဖြေရှင်းနိုင်ဖို့ တိုက်တွန်းခဲ့ပါ တယ်။ ရခိုင်တောင်ကုတ်မှာဖြစ်ခဲ့ တဲ့ အဖြစ်အပျက်နဲ့ အစိုးရ သတင်းစာပါ အသုံးအနှုန်းကို မ ကျေနပ်မှုကြောင့် မူစလင်အချို့ တစ်နေ့ကဆန္ဒပြတာရှိခဲ့ပေသော် လည်း ယခုအချိန်တွင် အခြေအ နေတွေအားလုံး ငြိမ်ငြိမ်သက် သက်ရှိခဲ့ပါသည်။
ဒီအဖြစ်အပျက်တွေကြောင့် လူမျိုးရေး အဓိကရုဏ်းပုံစံ ပြဿ နာ မကြီးလာအောင် နိုင်ငံရေး အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အ စည်းတွေ၊ ဘာသာရေး အဖွဲ့အ စည်းတွေကတော့ သက်ဆိုင်ရာ လူထုကို တိုက်တွန်းတာတွေ လုပ် နေသည်။ အစိုးရကတော့ ရခိုင် ပြည်နယ်တွင်း ၂၀၁၂ မေလနဲ့ ဇွန်လထဲ မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုတွေ ကို စုံစမ်းဖော်ထုတ်ဖို့ ပြည်ထဲရေး ဒုတိယ၀န်ကြီး ဦးဆောင်တဲ့ စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဇွန် ၆ရက် နေ့ရက်စွဲနဲ့ ဖွဲ့စည်းလိုက်ပါသည်။ ၁၆ ဦးပါ အဲဒီစုံစမ်းစစ်ဆေးရေး အဖွဲ့ဟာ ဖြစ်ရပ်မှန်ပေါ်ရေးအ တွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ  သက်သေခံ ဥပဒေတို့နဲ့အညီ စုံ စမ်းစစ်ဆေးပြီး အစီရင်ခံစာကို ၂၀၁၂ ဇွန်လ ၃၀ရက်နေ့ နောက် ဆုံးထား နိုင်ငံတော်သမ္မတထံကို တိုက်ရိုက် အစီရင်ခံမယ်လို့ သိရ ပါသည်။

0 ကွန်မန့်ရေးရန်:

Post a Comment