Saturday, June 9, 2012

ရခိုင်အရေး သွေးစည်းဖို့လိုပြီ . .

.
Inbox
x

 demonprince13@gmail.com


ရခိုင်အရေး သွေးစည်းဖို့လိုပြီ . . .

ရခိုင်ပြည်နယ် မောင်တောမြို့ တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်မြင်ကွင်းဓါတ်ပုံများ
9
ဇွန်လ ၈ ရက် မွန်းလွဲ ၂ နာရီခန့်ကမောင်တောမြို့ မြို့တော်ခန်းမအနီးရှိ မီးရှို့ခံခဲ့ရသော သဇင်တည်းခိုခန်း အနီးမြင်ကွင်း
5
မောင်တောမြို့ မြို့တော်ခန်းမအနီးနှင့် နာရီစင် လမ်းဆုံအနီး ဇွန်လ ၈ ရက် မွန်းလွဲ ၂ နာရီခန့်မြင်ကွင်း
7
မောင်တောမြို့ မြို့တော်ခန်းမအနီးရှိ မီးရှို့ခံခဲ့ရသော သဇင်တည်းခိုခန်း အား ဇွန်လ ၈ ရက် မွန်းလွဲ ၂ နာရီခန့်မြင်တွေ့ရစဉ်
8
မောင်တောမြို့ မြို့တော်ခန်းမအနီးရှိ မီးရှို့ခံခဲ့ရသော သဇင်တည်းခိုခန်း အား ဇွန်လ ၈ ရက် မွန်းလွဲ ၂ နာရီခန့်မြင်တွေ့ရစဉ်
6
ဓါးဖြင့် အထိုးခံရပြီး မောင်တောမြို့ ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဒေါက်တာ ခင်မောင်လတ်
2
ဓါးဖြင့် အထိုးခံရပြီး မောင်တောမြို့ ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဒေါက်တာ ခင်မောင်လတ်၏ ဇနီး
3
မောင်တောမြို့ ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဒေါက်တာ ခင်မောင်လတ်၏ သားကို တွေ့ရစဉ်
1
မောင်တောမြို့ ဆေးရုံ မြင်ကွင်း

ထွက်ပြေးလာသော ရခိုင်မိသားစု.


အောက်တန်းစား စိတ်ဓာတ်နဲ့ အသက်ရှင်နေသူများ
          
၈ရက်၊ ဂျွန်လ၊ သည် သောကြာနေ့ဖြစ်ပြီး ထုံးတမ်းစဉ်လာအရ အစ္စလာမ်ဘာသာဝင်များ၏ ဘာသာရေး ဝတ်ပြုဆုတောင်းပွဲများကို ဗလီများတွင် ကျင်းပမြဲကဲ့သို့ပြင် လူဦးရေ၏အများစုမှ အစ္စလာမ်ဘာသာဝင် ဘင်္ဂလီများဖြစ်ကြသည့် ရခိုင်ပြည်နယ် မောင်တောမြို့တွင်လည်း  နံနက်ပိုင်း ဗလီတက်၍ ဝတ်ပြုဆုတောင်းသည်။ သို့သော်ဗလီမှ ဆင်းချိန်တွင် အဆိုပါ ဘာသာလူမျိုးခြားတို့မှာ လူစုလူဝေး ဖြင့် မြို့ စွန်ရှိ ဗိုလ်မှုးကျေးရွာမှ နေအိမ်များ ကို မီးရှို့ ဖျက်ဆီး ပြီး အနည်းဆုံး လူ ၁၀ ဦးခန့် ကို အုတ်ခဲများ တုတ်များဖြင့် လိုက်လံပြစ်ခတ် သောကြောင့်  ဆရာဝန်နှစ်ဦးနှင့် အခြားအသက် ၆၀ကျော် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပါသည်။
သေဆုံးသူများမှာ ဓားဖြင့် ခုတ်သတ်ခံရခြင်းကြောင့် သေဆုံးခြင်းဖြစ်ပြီး ၊ ဒဏ်ရာရရှိသူ လေးဆယ်ဦးခန့်  ရှိသည်ဟု သိရသည်။ ထို့ပြင် တည်းခိုခန်း နှစ်ခုအပါအဝင် ဒေသခံ ရခိုင်နှင့် ဗမာအပါအဝင် အခြားတိုင်းရင်းသားများ (လူနည်းစု)မှ ပိုင်ဆိုင်သည့် ဆိုင်ခန်းများ၊ နေအိမ်အဆောက်အအုံများကိုလည်း ဆက်လက်၍ မီးရှို့ဖျက်ဆီးခြင်း၊ ဝင်ရောက်တိုက်ခိုက်ခြင်း အပါအဝင် အကြမ်းဖက်မှုများအား ကျူးလွန်ကြသည်။
အနီးအပါးရှိ ကျေးရွာငယ်အချို့မှ ဒေသခံများ၊ တိုင်းရင်းသားများကိုလည်း အထက်ပါကဲ့သို့သော အကြမ်းဖက်မှုများအား ကျူးလွန်ခဲ့ကြသဖြင့် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များမှ တာဝန်ယူ၍ ရှင်းလင်းခြင်း၊ နှင်ထုတ်ခြင်းများကို လုပ်ခဲ့သော်လည်း ပြဿနာမှာ ထောင်နှင့်ချီသော လူအုပ်စုအင်အားကြီးမားလွန်း၍ လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် အချိန်တိုအတွင် နိုင်နင်းအောင် ကိုင်တွယ်ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့ခြင်းဖြစ်ပါသည်။
ဒေသခံခြေလျှင် တပ်ရင်းတစ်ခု ၊ အကျဉ်းဦးစီးနား ရဲဘက်စခန်း တစ်ခုအတွက် အကစ လုံခြုံရေး ၀န်ထမ်း နှင့်
ရဲတပ်ဖွဲ့ တစ်ခုသာရှိသည်။ တစ်နေ့ထဲတွင် မီးရှို့ဖျက်ဆီးခံရသော ကျေးရွာ ၁၄ရွာရှိပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများလည်း ပါဝင်သည်ဟု သိရသည်။
သိရှိရသမျှသော ဖျက်ဆီးမှုများမှာ-
မောင်တောမြို့မ ကျောက်ဗလီမှ ၀တ်ပြုပြီး ဆင်းလာသည့် အစ္စလာမ်ဘာသာကိုးကွယ်သူ အင်အား (၁၀၀၀)ကျော်ခန့်သည် ကမ္ဘောဇ ဘဏ်အဆောက်အအုံ၌ အဖီချထားသည့်အမိုးအား ဆွဲချပြီး ဆူပူအော်ဟစ်ခဲ့သည့်အပြင် ယူနိုက်တက်တည်းခိုခန်းနှင့် နေအိမ်တစ်လုံးတို့အား ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း၊
နေ့လည်(၂)နာရီခန့်တွင် သီရိမင်္ဂလာခန်းမရှေ့ သဇင်တည်းခိုခန်း၊ စားသောက်ဆိုင် ဈေးတန်းအား မီးရှို့ခဲ့ရာ ဆိုင်ခန်း(၆)ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း၊ ဆက်လက်၍ နာရီစင် နှင့် ဆေးရုံကြားရှိ ဘုန်းတော်ကြီးကျောင်း(ဗဟိုကျောင်း)အနောက်ဘက် ဗိုလ်မှူးရွာသို့ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း၊ မြို့ဦးရပ်ကွက်၌လည်း နေအိမ်(၂)လုံးအား မီးရှို့ဖျက် ဆီးခဲ့ကြောင်း၊ ဆက်လက်၍ မောင်တော-အလယ်သံကျော် ကားလမ်းပေါ်ရှိ ဒူးချီးယားတန်း ကျေးရွာအုပ်စု ခရေမြိုင်(နတလ)ကျေးရွာနှင့် ညောင်းချောင်းကျေးရွာအုပ်စုရှိ ရွှေရင်အေး (နတလ)ကျေးရွာ ဘုန်းတော်ကြီးကျောင်းအား မီးရှို့ခဲ့ကြောင်း၊
ညနေပိုင်းတွင် ဆူပူသူ (၂၀)ဦးခန့်သည် မောင်တောမြို့ ပြည်သူ့ဆေးရုံအတွင်းသို့ ၀င် ရောက်နှောက်ယှက်ခဲ့သာည့်အတွက် ကျန်းမာရေးဝန်ထမ်းများ ပုန်းရှောင်နေခဲ့ရကြောင်း၊ ဆေးရုံအရှေ့ရှိ မြို့မအရှေ့ရပ်ကွက်မှ နေအိမ်(၂)လုံးအား ထပ်မံမီးရှို့ခဲ့သည့်အတွက် ရပ်ကွက်အတွင်းရှိ ပြည်သူများမှာ အနီးဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်း ရွှေ့တိမ်းရှောင်ခဲ့ရကြောင်း၊
ထို့ပြင် ဆူပူသူတို့၏ ရန်ပြုမှုများကြောင့် ဗိုလ်မှူးရွာမှ အောက်ပါ ဒဏ်ရာရ/သေဆုံးမှုများ ဖြစ်ခဲ့ရကြောင်း
(၁) ဒေါက်တာခင်မောင်လတ် (၆၃)နှစ် ၀မ်းဗိုက်ဓါးထိုးခံရ
(၂) ဒေါ်သန်းရီ (၅၇)နှစ် ဦးခေါင်းတွင် ဓါးခုတ်ခံရ
(၃) ဦးကျော်လှ (၇၈)နှစ် ဦးခေါင်းတွင် ဓါးခုတ်ခံရ
(၄) ဦးသိန်းဇော် (၃၆)နှစ် ခြေ/လက်တို့တွင် ဓါးခုတ်ခံရ
(၅) ဦးလှမောင် (၆၅)နှစ် ဦးခေါင်းတွင် ဓါးခုတ်ဒဏ်ရာ(၁၀)ချက်၊ လက်သန်းပြတ်ရှဒဏ်ရာ
တို့ဖြင့် ဒဏ်ရာရ/သေဆုံးမှုများ ဖြစ်ခဲ့ပါသည်။
စစ်တွေမြို့တွင်လည်း ယနေ့တွင် မြို့၏ အနောက်ဘက် သဲချောင်းရွာ အနီးတွင်ရှိသော စစ်တွေသုသာန်သို့ သွားရောက်သည့် နာရေး(၅)စီးမှာ သဲချောင်းရွာမှ ဘင်္ဂါလီများက ခဲများဖြင့် ပေါက်သဖြင့် သုံးစီးသာ မြို့သို့ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ ကျန်နှစ်စီးမှာမူ ဆက်သွယ်၍ မရရှိသေးသဖြင့် စစ်တွေမြို့ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး အပါး ၂၀ ခန့် အဆိုပါနေရာသို့ ထွက်ခွာသွားကြောင်း သိရှိရပါသည်။ ထို့နောက် မွန်းလွဲ ၃ နာရီ ခွဲခန့်တွင် စစ်တွေမြို့သို့ ကျန်ရှိသည့် ကားနှစ်စီး ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
စစ်တွေမြို့ တက္ကသိုလ်အနီး မင်းဂံရွာကို မျက်နှာချင်းဆိုင်ရှိ ဘုမယ်ရွာမှ ဘင်္ဂါလီများက ည ၉ နာရီ ၄၅ မိနစ်ခန့်က ၀င်ရောက် တိုက်ခိုက်ခဲ့သဖြင့် မင်းဂံရွာသားလေးဦး ဒဏ်ရာ ရှိကာ တစ်ဦးမှာ စစ်တွေ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီ ဖြစ်သောကြောင့် အခြေအနေ ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်ကြောင်း သိရသည်။
မောင်တောမြို့အတွင်းသို့ တပ်မတော်မှ ၀င်ရောက် နေရာယူလျက် ရှိကြောင်း မောင်တောဒေသခံ တစ်ဦးက ည ၁၀နာရီ ၁၅ မိနစ်အချိန်တွင် ပြောပါသည်။ မောင်တောမြို့ပေါ် ဒေသခံများမှာ စိုးထိတ်မှုများဖြင့် ပုန်းအောင်းနေရကြောင်း သိရှိရပါသည်။
မောင်တောမြို့နယ် ခရေမြိင် စံပြကျေးရွာရှိ ရဲစခန်းအား ည ၉ နာရီ ခွဲခန့်က ဘင်္ဂါလီ ရိုဟင်ဂျာ အယောက် ၂၀၀ ခန့် ၀ိုင်းထားခဲ့သည့်အတွက် ရဲစခန်းမှ သေနတ်ပြစ်ခတ်ပြီး ဟန့်တားခဲ့ရာ ပြန်လည် နောက်ဆုတ်သွားခဲ့ကြောင်း သိရသည်။
အထက်ပါ အဖြစ်အပျက်များအရ ရန်ငြိုးရန်စဖြင့် ရခိုင်တိုင်းရင်းသား၊ ဗမာတိုင်းရင်းသားများအား ဘာသာလူမျိုးခြား နယ်စပ်ဖျက်ကျော် ဘင်္ဂလီများက အကြမ်းဖက်ကျူးလွန်ခဲ့ကြောင်း ထင်ရှားပါသည်။ အများလိုလားတောင့်တနေသည့် တရားမျှတစွာစီရင်ရေးအား သွေဖီကာ လူအုပ်စုဖြင့် အကြမ်းဖက်ခြင်း၊ သူတစ်ပါးပိုင်နက်နေအိမ်များအား ကျူးကျော်ဖျက်ဆီးခဲ့ခြင်း၊ သူတစ်ပါး အသက်အား သတ်ဖြတ်ခြင်း၊ ဘာသာရေး အဆောက်အဥိးများအား ဖျက်ဆီးခြင်းတို့မှာ လက်ခံနိုင်ဖွယ်မရှိသော အကြမ်းဖက်မှုများသာဖြစ်ပါသည်..။
အဆိုပါ အကြမ်းဖက်မှုများမှာ လူမျိုး ဘာသာ နယ်နိမိတ်ကိုကျော်လွန်၍ ဆိုးရွားသော လူမဆန်သည့် အကြမ်းဖက်မှုဟုသာ မြန်မာတို့က ယူဆကြပါသည်။ ထို့အတူ ကျူးလွန်သူများမှာလည်း မြန်မာဌာနေ တိုင်းရင်းသားမဟုတ်သည့် ဘင်္ဂလီ(အမည်ခံ ရိုဟင်ဂျာ)များသာ ဖြစ်ကြပါသည်။
နောက်ဆုံးရရှိသည့် သတင်းများအရ မြန်မာ့တပ်မတော်မှ အကြမ်းဖက်သမားများကို လိုက်လံရှင်းလင်းနေကြောင်း သိရှိရပါသည်။ မည်သို့ပင်ဆိုစေကာမှု အကြမ်းဖက်တိုက်ခိုက်မှုဆိုသည်မှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့် အန္တရယ်ကြီးဖြစ်၍ နိုင်ငံသားတိုင်း ဝိုင်းဝန်းဆန့်ကျင် သွားရမည်သာဖြစ်ပါသည်။ ပြည်တွင်းရှိ မြန်မာနိုင်ငံသား မူဆလင်ဘာသာဝင်များ အနေဖြင့်လည်း အကြမ်းဖက်မှု လုပ်ရပ်များကို ဆန့်ကျင်ရှုံချကြောင်း ထုတ်ပြန်ကြေညာချက်များ ပြုလုပ်ကြသည်ကိုလည်း တွေ့ရှိရပါသည်။
ထို့အပြင် နာမည်ကြီးကမ္ဘာ့မီဒီယာများဖြစ်ကြသည့် BBC, VOA အပါအဝင် အခြားသော မြန်မာပိုင်းအစီအစဉ်ထုတ်လွှင့်နေကြသော သတင်းဌာနများမှ မဟုတ်မမှန် စွပ်စွဲခံရခြင်း၊ တရားခံများကဲ့သို့ ဖော်ပြခံရခြင်းများကို ပြင်းထန်းစွာ ဝေဖန်ရှုံချလိုက်ပါသည်။ အဆိုပါ ပြည်ပမီဒီယာများ၏ အောက်တန်းစား လုပ်ရပ်များ၊ တိုင်းပြည်ကို ရောင်းစာနေသော လုပ်ရပ်များကို ဝိုင်းဝန်းဆန့်ကျင်သွားကြရန်လဲ မြန်မာနိုင်ငံသူ နိုင်ငံသားများကို အလေးအနက်တိုက်တွန်းလိုက်ရပါသည်။
(မင်းသိန်း)
ကိုးကား


 မာဃလုလင်

0 ကွန်မန့်ရေးရန်:

Post a Comment