Saturday, June 9, 2012

မုန့်လုပ်နည်း...

မုန့်လုပ်နည်း...

မုန့်လုပ်တာဝါသနာပါတဲ့ဒေါ်ခင်ကြည

်တစ်ယောက်
ညနေ ငါးနာရီမှာ ရေဒီယိုက ကိတ်မုန့်ဖုတ်နည်း
အသံလွှင့်မယ်ဆိုလို့ ခဲတံနဲ့စာအုပ်ဖွင့်ပြီးစောင့်နေပါတယ်...

ညနေငါးနာရီထိုးတော့ ရေဒီယိုကကိတ်မုန့်ဖုတ်နည်း
အသံလွှင့်တာတော့လာပါတယ်။

ဒါပေမယ့် ကပ်ရက်လိုင်းက ကျန်းမာရေးလေ့ကျင့်ခန်းကအသံတွေနဲ့ရောနေတော့
ဒေါ်ခင်ကြည်ရဲ့မှတ်စုစာအုပ်ကို အသံလွှင့်အစီအစဉ်အပြီးမှာကြည့်လိုက်ရင်

• ဂျုံမှုန့်သန့်သန့်တစ်ပိဿာကိုယူပြီး ဒူးကိုကွေးလိုက်ပါ

• ကြက်ဥနှစ်လုံးကိုဖောက်၍ အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်ပါ

• ဂျုံမှုန့်နှင့်ကြက်ဥနှစ်ကိုရောနယ်၍ ကြမ်းပြင်ပေါ်ပက်လက်လှဲလိုက်ပါ

• သကြားနှင့်ထောပတ်အနည်းငယ်ရော၍ ဒူးနှစ်ဖက်ကိုကွေး၍ထောင်ပါ

• ၁ နာရီခန့်အပူပေးပြီး ခြေနှစ်ချောင်းကိုကားပြီးချိန်တွင် အသင့်စားသုံးနိုင်ပါပြီ...

(ဆရာဦးအောင်သင်း၏ဆောင်းပါးတစ်ပုဒ်မှ မှီငြမ်းပါသည်)

0 ကွန်မန့်ရေးရန်:

Post a Comment