Saturday, June 9, 2012

ရိုဟင်ဂျာ အကြမ်းဖက်သမားတွေ မြန်မာထဲ ၀င်လာဟု ဆို



ဓာတ်ပုံ- UNHCR
သမ္မတရုံး အရာရှိတဦးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားချက်ပါ။ ရိုဟင်ဂျာ အကြမ်းဖက်သမားများ လက်နက်များနဲ့ မြန်မာနိုင်ငံနယ်နမိတ်ထဲ ၀င်ရောက်လာပြီလို့ ဆိုပါတယ်။

(ပုဂ္ဂလိကအမြင် တင်ပြခြင်းသာ ဖြစ်ပါသည်) လို့ အစချီထားပါတယ်။

ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ဝင်များအမည်ခံ ရိုဟင်ဂျာ အကြမ်းဖက်သမားများ လက်နက်များဖြင့် နယ်စပ်ကို ဖြတ်ကျော်လာကြောင်း သိရှိရပါသည်။

ပြည်ပမှ ရိုဟင်ဂျာများ ၀င်လာခြင်း ဖြစ်ပါသည်။ မိမိတပ်များမှ ကြိုတင်သတင်း ရရှိထားပြီး ဖြစ်သောကြောင့် အပြီးတိုင် ချေမှုန်းသွားမည် ဖြစ်ပါသည်။ ချေမှုန်းနေပြီဟု ယူဆပါသည်။

ဤအတွက်တော့ လူသားချင်းစာနာထောက်ထားမှုတွေ၊ လူ့အခွင့်အရေးတွေ လာမပြောစေလိုပါ။ ရွှေပြည်အေး တရားတွေ၊ မေတ္တာရှင်ကြီးလိုလို လာပြီး ဆရာကြီး မလုပ်ကြစေလိုပါ။ အသံကောင်း မဟစ်ကြစေလိုပါ။

(ရခိုင်ပြည်နယ်က ဘူးသီးတောင်၊ မောင်တော ဒေသများကို သွားကြည့်ပါ။ ကျွန်တော်တို့တိုင်းရင်းသားတွေ ကျီးလန့်စာ စားနေရတဲ့အပြင် ကိုယ့်မြေ ကိုယ့်ရေမှာ လုံခြုံမှု မရှိတော့တဲ့ ဘ၀ရောက်နေကြရပြီ။ ဒီအတွက် ကျွန်တော် ရင်နာမိတယ်။ ဒါ ကျွန်တော်တို့ တိုင်းပြည်ကြီးလေ - ဒါ ကျွန်တော်တို့ မြေလေ။)

(အားလုံးကို ဆိုလိုပါသည်။) နိုင်ငံရေး ပါတီများ၊ လွှတ်တော်အမတ်များ၊ Civil Society များ၊ အမြဲတမ်း အတိုက်အခံလုပ်နေရမှ ကျေနပ်နိုင်သော၊ သမ္မတကြီးနှင့် အစိုးရအပေါ် မကောင်းပြောရမှ စာရင်းအိပ်ပျော်ကြသူများ အားလုံးကို တိုက်ရိုက်ရည်ညွှန်း ပြောကြားခြင်း ဖြစ်ပါသည်၊

1 ကွန်မန့်ရေးရန်:

ကြိုက်တယ်ဗျာ လိုအပ်ရင် ကျွန်တော်ပါစစ်ထဲဝင်မယ်ဗျာ ကုလားပဲတိုက်မှာနော် ပြည်သူတွေကိုမဟုတ်ဘူး

Post a Comment