မြန်မာ အစိုးရက ဒေါ်လာဈေး တက်လာရန် ပြုလုပ်နိုင်သည့် နည်းလမ်း များစွာ ရှိကြောင်း တရား ၀င် ထုတ်ဖော်ပြော ကြားထားပြီး နောက်ပိုင်း ဗဟိုဘဏ်က မူဝါဒ အပြောင်း အလဲများဖြင့် ဒေါ်လာဈေးကို ပုံမှန်နီးပါး ရောက်ရှိလာစေရန် ကြိုးပမ်းနေမှုများကြောင့် ရန်ကုန်ဒေါ်လာဈေးကွက်တွင် ၀ယ်ယူစုဆောင်းထားသူများပြီး ရောင်းသူနည်းပါးနေကြောင်း ရွှေဘုံသာအခြေစိုက် ပြင်ပဒေါ်လာဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံမှ ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်
ငွေလဲကောင်တာများတွင် ဇွန် ၂၁ ရက်နေ့၌ အမေရိကန်ဒေါ်လာ ၀ယ်ဈေး ၈၅၀၊ ရောင်းဈေး ၈၆၀ ကျပ်ဝန်းကျင်တွင်ရှိနေပြီး ပြင်ပဈေးကွက်တွင် ဒေါ်လာဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
မိုးရာသီတွင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ အေးနေသဖြင့် ပို့ကုန်ရငွေမှာ အရောင်းအ၀ယ် အေးလျက်ရှိပြီး လာမည့်အပတ်တွင်လည်း အစိုးရမှမူဝါဒ အသစ်များ ထပ်ထွက်လာပါက ဈေးနှုန်းတည်ငြိမ်မည် ဖြစ်ကြောင်း ပို့ကုန်ရငွေဈေးကွက် ကျွမ်းကျင်သူ ဦးစန်းဝင်းက ပြောကြားသည်။
ဒေါ်လာဈေးများတက်သည့်နည်းတူ ယင်းနှင့်ချိတ်ဆက်လျက်ရှိသည့် ရွှေဈေးနှုန်းမှာ ထူးခြား စွာလိုက်ပါ မြင့်တက်ခြင်းမရှိဘဲ ယခုရက်ပိုင်းတွင် ကျပ် ၇၂၀ ၀၀၀ ကျော်တစ်ဝိုက်တွင်သာရှိနေကြောင်
The Voice Weekly Journal
0 ကွန်မန့်ရေးရန်:
Post a Comment