Monday, May 7, 2012

မြန်မာအမျိုးသမီးအိမ်ကူတစ်ဦးအား နိုင်ငံခြားသားတစ်ဦးက ညှင်းပန်းနှိပ်စက်၍ အဓမ္မပြုကျင့် . . .

အမှုမှာ မ- - - -(၂၉) နှစ်၊ အိမ်ဖော်၊ ကရင်/ခရစ်ယာန် အင်းစိန်မြို့နေသူကို Mr.Dong Chul Park (၅၇) နှစ်၊ နိဗ္ဗာန်အလင်းရောင် အထည်ချုပ်လုပ်ငန်း နည်းပညာအရာရှိ ပတ်စပို့အမှတ် M - 37327714 ဗီဇာအမျိုးအစား Business ၊ ဗီဇာသက်တမ်း/နံပါတ် (စီစစ်ဆဲ) က ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ( ၂၅/ဒီ-၆) နေအိမ်တွင် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့က အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။
Mr.Dong Chul Park က အိမ်အကူအမျိုးသမီး မ------ အားအခန်းတံခါးပိတ်ပြီးတင်ပါးအား ခါးပါတ်ဖြင့် လေးချက်ရိုက်ပြီး သားမယားအဖြစ် ၁ ကြိမ်ပြုကျင့်ခဲ့ကာ ယာဘက်ရင်သားအား စီးကရက်တစ်လိပ်ကုန်သည်အထိ မီးအပူဖြင့်ထိုးခဲ့ကြောင်းသိရည်။
အဆိုပါဖြစ်စဉ်ကို ၂၀၁၁ ဇန်န၀ါရီလ ၉ ရက်နေ့တွင် အတူ အလုပ်လုပ်ကိုင်သူ ဒေါ်ခင်မိုးအေး (ခ) ဒေါ်မိုးအား အကျိုးအကြောင်းပြောခဲ့ သော်လည်း အမူဖွင့်တိုင်တန်းခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။
ယင်းနေအိမ်တွင် ဆက်လက် အလုပ်လုပ်ကိုင်ခဲ့ရာမှ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် Mr.Dong Chul Park သည် ကိုရီးယားနိုင်ငံသို့ ပြန်သွားကြောင်း သိရှိရသဖြင့် ယင်းပေါ် အရေးယူပေးပါရန် မ - - - - - (၂၉) နှစ်မှ ၂၀၁၂ ဧပြီလ ၁၄ရက် နေ့တွင် လာရောက်တိုင်တန်းခြင်ဖြစ်သည်။
ယင်းအမှုအား ဗဟန်းရဲစခန်း မှ(ပ) ၂၀၇/၁၂၊ ပုဒ်မ ၃၇၆ ၃၂၆ ၃၂၃ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
ရန်ကုန်မြိုတွင် ဂျပန်နိုင်ငံသားတစ်ဦးက မြန်မာအမျိုးသမီး ဟိုတယ်ဝန်ထမ်းတစ်ဦးအား ဆံပင်ဆွဲ ပါးရိုက်ခဲ့သော ဖြစ်စဉ်တစ်ခုလည်း မကြာသေးမီက ဖြစ်ပွားခဲ့သည်။
ယခုဖြစ်စဉ်အား ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာ အားလုံးက စိတ်ဝင်စားလျက်ရှိသည်။

0 ကွန်မန့်ရေးရန်:

Post a Comment