Monday, May 7, 2012

ကမ္ဘာနှင့် အဆက်အသွယ် ပြတ်နေသော လူမျိုးစုငယ် တစ်ခု ဘရာဇီးနိုင်ငံ တွင်တွေ့ရှိ

Inbox
x

မာမာ
2:26 PM (9 hours ago)

to mrsorcerer
တောင်အမေရိကတိုက်မှ ကမ္ဘာပေါ်ရှိ လူသားများနှင့် ဆက်သွယ်မှုမရှိသော တိုင်းရင်းသား ဒေသ
ခံမျိုးနွယ်စုတစ်ခုကို ဘရာဇီးနှင့်ပီးရူးနယ်စပ် အမေဇုံသစ်တောထဲတွင်တွေ့ရှိခဲ့ရသည်ဟု ဘရာဇီးအစိုးရက
ထုတ်ပြန်ကြေညာသည်။ ဘရာဇီးနိုင်ငံ အေကာဒေသရှိ ဝေးလံသီခေါင်သော အမေဇုံသစ်တောပေါ်သို့ လေ
ယာဉ်ဖြင့် အခေါက်ခေါက်အခါခါ ပျံသန်းရှာဖွေခဲ့ရာမှ ထိုလူမျိုးစုအားဓါတ်ပုံရိုက်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ယင်း
ကဲ့သို့ ကမ္ဘာ့နှင့်အဆက်အသွယ်ပြတ်နေသော လူမျိုးစုငယ် ၁၀၀ ခန့်အမေဇုံသစ်တောထဲတွင်ရှိနေသည်ဟု
နိုင်ငံတကာ ရှင်သန်စောင့်ရှောက်ရေး အဖွဲ့မှပြောဆိုသည်။ ၎င်းတို့နေထိုင်ရာ ဒေသအား ကာကွယ်မှုပေးမ
ထားနိုင်လျှင် မကြာမီမျိုးတုန်းပျောက်ကွယ်သွားမည်ဟု၎င်းတို့ကဆိုသည်။ ယခင်တွေ့ရှိခဲ့သော လူမျိုးစုငယ်
အများအပြားသည် ကျောက်ရောဂါ၊အအေးမိရောဂါတို့ဖြင့်အများအပြားမျိုးသုန်းပျောက်ကွယ်ခဲ့ဘူးသည်ဟု
သိရသည်။

ပြင်ပ ကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက် နေသော မျိုးနွယ်စုကို အကာ အကွယ်ပေးရန် ပီရူး အစိုးရ ကတိပြု

ပီရူးနှင့် ဘရာဇီးနိုင်ငံနယ်စပ်တွင် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက်၍ လှည့်လည်
သွားလာနေသော မျိုးနွယ်စုတစ်ချို့ကို လွန်ခဲ့သော ရက်အနည်းငယ်ကဘရာဇီးလ်အစိုးရကလေကြောင်း
မှ ဓါတ်ပုံရိုက်ယူခဲ့ရာ ယင်းမျိုးနွယ်များ ကျက်စားရာဒေသကို အကာအကွယ်ပေးသောအနေဖြင့် နှစ်နိုင်ငံ
နယ်စပ်အနီးသို့ သစ်ခုတ် သမားများ သွားရောက်ခြင်း မပြုရန် တားမြစ်မည်ဟု ပီရူး အာဏာပိုင်များက
ကတိပေးပြောကြားသည်။ မနုဿဗေဒပညာရှင်များက မျိုးနွယ်စုအမည်အတိအကျမဖော်ထုတ်နိုင်သေး
သော ယင်းဒေသခံတိုင်းရင်းသားအုပ်စုသည် လေး၊ မြား လက်နက်များကိုင်ဆောင်အသုံးပြု၍ခန္ဓာကိုယ်
တွင် အနီနှင့် အနက်ရောင်များလိမ်းခြယ်ထားကြသည်။ နိုင်ငံတကာ အသက် ရှင်သန်ရေးအုပ်စု၏ အဆို
အရ ဘရာဇီးလ်နှင့်ပီရူးနယ်စပ်ကြားတွင် ပြင်ပကမ္ဘာနှင့်အဆက်အသွယ်ပြတ်တောက်နေသောတိုင်းရင်း
သားမျိုးနွယ်စု ၅၀၀ ခန့် ရှိသည်ဟုဆိုသည်။ ထိုသို့ဘရာဇီးလ်လေကြောင်းမှဓါတ်ပုံရိုက်ယူထားနိုင်သည့်
လှည့်လည်သွားလာနေသော မျိုးနွယ်စုများသည် သစ်ခုတ်သမားများကြောင့် ပီရူး နိုင်ငံမှ စွန့်ခွာခဲ့ခြင်း
ဟုတ်၊ မဟုတ်အတည်ပြုနိုင်ရန် အစိုးရက အမေ ဇုန်တောအုပ်အတွင်းသို့ လေ့လာရေးအဖွဲ့တစ်ဖွဲ့ စေ
လွှတ်ခဲ့သည်။
--
အားလုံးပျော်ရွင်ပါစေ

0 ကွန်မန့်ရေးရန်:

Post a Comment