Thursday, April 5, 2012

ဖုန်း ပျောက်ခြင်း ပျက်ခြင်း အတွက် ပေးဆောင်ရသည့် ဒဏ်ကြေးငွေများ လျော့ချသတ်မှတ်...........

ဖုန်းသုံးစွဲသူ တွေဟာ မိမိတို့ ကိုင်ဆောင် နေတဲ့ မည်သည့် ဟန်းဖုန်း အမျိုးအစားမဆို ကဒ်ပျောက်ခြင်း၊ ပျက်ခြင်းများ ဖြစ်ခဲ့ပါက ဧပြီလ ၃ ရက်နေ့မှ စတင်ကာ

ယခင် ပေးဆောင်ရတဲ့ ဒဏ်ကြေးငွေ ငါးသောင်း အစား နှစ်သောင်း သတ်မှတ်ကာ ပေးဆောင် နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ယခင် ဆယ်လူလာ (၀၉၉၉.........) နံပတ်နဲ့ စတဲ့ ဖုန်များ စပေါ်ချိန်က ဖုန်းပျောက်/ပျက်ခဲ့လျှင် ဒဏ်ကြေး တစ်သိန်း ကျပ်ဖြစ်ပြီး WCDMA 850MHz နဲ့ ၅ သိန်းတန် GSM ဖုန်းများ ပေါ်လာချိန် မှာတော့ ကဒ်ပျောက်ပျက်ခြင်း အတွက် ငါးသောင်း ကျပ်ဖြစ် ဒဏ်ကြေး သတ်မှတ် ခဲ့ပါတယ်။

ယခုအခါ မှာတော့ ဆက်သွယ်ရေးမှ ဖုန်ကဒ်များ ပျောက်ပျက်ခြင်း အတွက် ဧပြီလ ၃ ရက်နေ့ ကတော့ ၂ သောင်းနဲ့ ပြင်ဆင် သတ်မှတ် လိုက်တာ ဖြစ်ပါတယ်။ ဖုန်သုံးစွဲသူဟာ ဖုန်းကဒ် ပျောက်ပျက် ခဲ့ပါက မိမိဝယ်ယူခဲ့တဲ့ ကိုယ်စားလှယ် ဖုန်းဆိုင်ကို ၀ယ်ယူခဲ့စဉ်က စာချုပ်မူရင်းကို ယူကာ သွားရောက် ပြန်လည် လျှောက်ထား နိုင်တယ်လို့ ဖုန်းအရောင်း ကိုယ်စားလှယ် တစ်ဦး၏ ပြောပြချက် အရ သိရပါတယ်။

ရန်ကုန်မှာ ဖုန်းကဒ်တွေ ပျောက်ပျက် ခဲ့ရင်တော့ ၂ ရက်၊ ၃ ရက် အတွင်း ပြန်ရအောင် သက်ဆိုင်ရာ ကိုယ်စားလှယ် ထံမှာ ပြန်လည် လျှောက်ထား နိုင်ပြီး နယ်မှ ဖုန်းကဒ်များ ပျောက်ခဲ့ရင်တော့ ၁ ပတ်ကျော် လောက်ကြာမှ ပြန်လည် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် နယ်မှဖုန်းကဒ်များ ပျောက်ခဲ့ ရင်တော့ ယခု လက်ရှိမှာ ဖုန်းကဒ် ပြန်လည် လျှောက်ထား မှုဟာ ရန်ကုန်မှာသာ လာရောက် လျှောက်ထား ရမှာဖြစ်ပြီး နောက်ပိုင်း မှာတော့ နယ်ကိုယ်စားလှယ် တွေထံမှာ တိုက်ရိုက် လျှောက်ထား နိုင်အောင် စီစဉ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ (mrtv-4)
ဖြည့်စွက်ချက် =  ဖုန်းပျောက်တဲ့ အတွက် ဒဏ်ကြေး ပေးဆောင်ရတာ မဟုတ်ပါဘူး ဖုန်းဆင်းကဒ် ပျောက်ရင် ပျက်စီးရင် ကဒ် မိတ္တူ (နောက်ထပ်ဆင်းကဒ်) အသစ်  ပြန်ထုတ်ချင်သူများ အတွက်ပါ

0 ကွန်မန့်ရေးရန်:

Post a Comment