Thursday, April 5, 2012

မြန်မာ နိုင်ငံ တွင် ရင်းနှီးမြုပ် နှံ မှု ပိတ်ဆို့  ထား ခြင်း အမေရိကန် စတင် ရုပ်သိမ်း

တနင်္ဂနွေ နေ့  က ကျင်းပတဲ့ ကြားဖြတ် ရွေးကောက် ပွဲ မှာ အား ရ ကျေ နပ် ဖွယ် ကောင်း တဲ့
အချက် တွေ ကို မြန်မာ အစိုး ရ က လုပ် ဆောင် မှု ကြောင့် မြန်မာ နိုင်ငံ အပေါ် ဒဏ် ပိတ်ဆို့ 
ထား တဲ့ အရေး ယူမှု တွေ ထဲ က အရေး ပါတဲ့ အချက် အချို့  ကို ဖယ်ရှား တော့မှာ ဖြစ်တယ်
လို့   အိမ်ဖြူ တော် က ကြေငြာချက် ထုတ် ပြန် လိုက် ပါတယ်။
အမေရိကန် အစိုးရ က ဖယ်ရှား ပေး လိုက်  အရေးယူမှု အချက် တွေ ထဲ မှာ မြန်မာ အစိုးရ
အရာ ရှိ တွေ နဲ့  လွှတ်တော် ကိုယ်စားလှယ် တွေ ကို အမေရိကန် ကို လာရောက် ခွင့် ပြု တဲ့
အချက် လဲ ပါဝင်မှာ ဖြစ်ပြီး မြန်မာ ပြည်က ပို့  ကုန် တွေ စတဲ့ ဘဏ္ဍာရေး ၊ ရင်းနှီးမြုပ် နှံ မှု
နဲ့  ငွေကြေး ဆိုင်ရာ အချက် တွေ လဲ ပါဝင်မှာ ဖြစ် ပါတယ်။
မြန်မာ နိုင်ငံ က ခေါင်းဆောင် တွေ ဒီမိုကရတ် တွေ ပြုပြင် ပြောင်းလဲ ရေး ကို လိုလား တဲ့ သူ
တွေ ဘက် က အမေရိကန် အမြဲ ရှိ နေတယ် ဆို တဲ့ အချက် ပါ ပဲ ။

မြန်မာ နိုင်ငံ မှာ ခန့် ထား ဖို့ အတွက် သံအမတ် ကြီး အဆင့် ကို လည်း မကြာခင် ကြေငြာမယ်
လို့  ယမန် နှစ် နိုဝင်ဘာလ က မြန်မာ နိုင်ငံ ကို လာရောက်လည် ပတ်ခဲ့ တဲ့ အမေရိကန် နိုင်ငံ
ခြား ရေး ၀န်ကြီး ဟီလာရီ ကလင်တန် က ပြောပါတယ်။
ဒဏ်ခတ် ပိတ် ဆို့ ထားမှု တွေ က ကျောက်မျက် ရတနာ ရောင်း ချမှု အပါ အ၀င် အချို့ အချက်
တွေ ကျန် ရှိ နေဆဲဖြစ်ပြီး မြန်မာ အစိုးရ က ဆက် ပြီး တော့ ပြု ပြင် ပြောင်းလဲ ရေး တွေ လုပ်ရင်
ဒီ အချက် တွေ ကို လည်း ဖယ်ရှား ပေးမယ် လို့  ဆို ပါတယ်။
ဟီလာရီ ကလင် တန် က မြန်မာ နိုင်ငံ မှာ ကျန် ရှိ နေတဲ့ နိုင်ငံရေး အကျဉ်း သား တွေ ဆက် လက်
လွှတ်ပေး ဖို့  ကို လည်း တောင်း ဆို ခဲ့  ပါတယ်။
တနင်္ဂနွေ နေ့  က ကျင်း ပတဲ့ ကြားဖြတ် ရွေးကောက် ပွဲ မှာ ၁၉၉၀ ရွေးကောက် ပွဲမှာ အနိုင်ရရှိခဲ့
တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် က ၄၃ နေ ရာ အနိုင် ရရှိ ခဲ့ ပါတယ်။
NLD ရဲ့  ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရရှိ မှု ကို ကြံ့ခိုင်ရေး ပါတီ နဲ့   အစိုးရ က အသိအမှတ် ပြု
ခဲ့ ပါတယ်။

 FNG မှတဆင့် ...

0 ကွန်မန့်ရေးရန်:

Post a Comment