Thursday, April 5, 2012

လွယ်လွယ်ကူကူလည်းရ အကုန်အကျ အလုပ်ရှုပ်လည်းသက်သာ အသုံးလည်းဝင်တဲ့မြန့်မာဆေးမြီးတိုများ

အကြောအခြင်တွေ ကိုက်ခဲနေရင် ဘယ်လိုလုပ်မလဲ နည်းမှာ…….. အဲဒါကတော့ မခံမရပ်နိုင်အောင် ကိုက်ခဲနေတဲ့ အကြောအခြင်ရှိရာနေရာတွေ အပေါ်ကို နို့ရည်စိမ်ထားတဲ့ အဝတ်စနုနုကလေးနဲ့ ပွတ်တိုက်ပေးဖို့ပါပဲ သိပ်မကြာပါဘူး ကိုက်ခဲတင်း တောင့်နေတဲ့ အကြောအခြင်တွေဟာ အံသြဖွယ်ကောင်းလောက်အောင် ပျော့ပျောင်းနုညံ့ပြီး တဒင်္ဂခဏတာ အတွင်မှာ သိသိသာသာဆိုသလို သက်သာပျောက်ကင်းသွားပါလိမ့်မယ်။
တစ်ကိုယ်လုံးပူနေရင် ဘယ်လိုလုပ်ရမလဲ စိတ်အေးအေးထားပြီး လုပ်ကြည့်ပါ။ လုပ်ရမှာက သနပ်ခါးစစ်စစ်ကို ဆန်ဆေးရည်နဲ့ သွေးပြီး (၂)နာရီခြား တစ်ခါတိုက်သာပေးလိုက်ပါ။ အပူရှပ်တာ၊အပူငုပ်တာ၊ဖျားတာတွေဟာ တဖြည်းဖြည်းနဲ့ ပြေလျော့ ကျဆင်းသွားပါလိမ့်မယ်။ ဘယ်လိုမှ ဘေးအန္တရာယ်မရှိတဲ့ မြန်မာမှု ရိုးရာနည်းကလေး တစ်ခုပါ။
ပင့်ကူရှပ်ခံရရင်ဘယ်လိုလုပ် ရမလဲ ပင့်ကူရှပ်ခံရလျှင် တချို့က မီးကင်ပေးရတယ်လို့ဆိုတယ်။ ဒါလည်း မဆိုပါဘူး ကောင်းပါတယ်။ ပိုပြီးကောင်းတဲ့ နည်းလေးကို လမ်းညွန် လိုက်ပါမယ့် ပင့်ကူရှပ်ခံရတဲ့ နေရာကို ပေမြစ် (ပေပင်ရဲ့ အမြစ်) သွေးပြီး လူပေးဖို့ပါပဲ။ ခဏကလေးနဲ့ သက်သာပျောက်ကင်း သွားပါလိမ့်မယ်။
ပျို့အန်ခြင်းနှင့် ခေါင်းကိုက်ခြင်းကို ပျောက်စေသောနှိပ်ကွက်   လက်ကောက်ဝတ်အတွင်းဘက် (လက်ဖဝါးဘက်)တွင် ပျို့အန်ခြင်း၊ အော့အန်ခြင်းကို သက်သာပျောက်ကင်းစေသော နှိပ်ကွက်ကလေးရှိပါသည်။  လက်ကောက်ဝတ်အလယ်တွင် စမ်းကြည့်လိုက်ပါ။ အရွက်ကြောကြီးနှစ်ခုနှင့် ၎င်းတို့အကြားရှိ မြောင်းကို စမ်းမိပါမည်။ လက်ကောက်ဝတ်အောက်ဆုံးရစ်မှ နှစ်လက်မခန့်နေရာ၊ မြောင်းထဲသို့ မိမိလက်မနှင့် ဖိကာဖိကာနှိပ်ပေးပါ။သာမန်ပျို့ခြင်း၊ အန်ချင်ခြင်းကို ချက်ချင်းပျောက်စေပါသည်။
အိပ်လို့မပျော်ရင် ဘယ်လိုလုပ်ရမလဲ
 အိပ်မပျော်တယ့် ရောဂါ ခံစားနေရတာ သုံးနှစ်ကျော်ပါပြီ ဆေးနည်းလည်းစုံနေပြီ အဲရောဂါ ကို
လုံးဝပျောက်စေမယ့် ဆေးနည်းရှိရင် ရေးပေးပါ ခင်ဗျာ…………….
ကျွန်တော်ကို မေးလာတာက အိပ်လို့မပျော်ဘူး ဆေးစားတာလည်းစုံနေပြီးလို့ ပြောလာပါတယ်။
ဒါကို ကျွန်တော် အကြံပေးချင်တာက ဆေးစုံနေပြီးဆိုတော့ ဆေးနည်းတွေမပေးတော့ပါဘူး။
ဒါကတော့ ဓါတ်နည်းလေးပါ။ မယုံ မရှိပါနဲ့ သုတေသီဆရာငြိမ်း လက်တွေ့ အသုံးဝင် နည်းစုံလင်
စာအုပ်မှ နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
နည်းလေးကတော့ ကိုယ်ပတ်ဝန်းကျင်မှာရှိနေကြတဲ့ အပင်တွေထဲက ကြောင်ပန်းရွက် ကိုရှာပါ။
ရလာရင် ကြောင်ပန်း အရွက်တွေကို သပ်ချ၊ခြွေချပြီး ခေါင်းအုံးလေး အဖြစ် ဖန်တီးလိုက်ပါ။
ကြောင်ပန်းရွက် ခေါင်းအုံးလေး ရလာပြီးဆိုရင်ဖြင့် စိတ်သာချပါတော့။ ကြောင်ပန်းရွက် ခေါင်းအုံး
လေးပေါ် ခေါင်းတင်ပြီး မှေးလိုက်တာနဲ့ ဘာမှကြာလိုက်မှာ မဟုတ်ပါဘူး။
မျက်လုံးတွေ စင်းကျ၊မျက်တောင်တွေ မှေးကျလာပြီး နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်မောကျသွားမှာပါ။
ပန်းနာရင်ကျပ်ရောဂါအတွက်ဆေး
ရင်ကျပ်ပန်းနာဆေး
ဆေးနည်းမှာ……..
ရှောက်သီးတစ်လုံး၊လင်းနေမြစ်၊ဒန့်ဒလွန်မြစ်၊သဘောင်္ဖိုမြစ်-(ရှောက်သီးတစ်လုံးအလေးတူ)
အိုးထဲထည့် လုံအောင်ပိတ်၊ ကျွမ်းအောင်ဖုတ်၍ ကြိတ်ပါ။
၎င်းဆေးမှုန့်ကို လျှက်စားပါ။
တိမ်ကောပျောက်ကွယ်လုနီးဖြစ်သောအထွေထွေဆေးနည်းကျော်များ(ပထမတွဲ)စာအုပ်မှ ကူးယူဖော်ပြလိုက်ပါတယ်။
ထိုင်လိုက်၊ထလိုက် ပြုရာတွင် မူးဝေတတ်သော ရောဂါအတွက်
ဆားနှင့် သကြား အနည်းငယ်စီသင့်သလောက်ထည့်ထားသောသံပရာဖျော်ရည်ကို နေ့စဉ် သောက်စေခြင်းဖြင့်သက်သာ ပျောက်ကင်းစေ နိုင်ပါသည်။
ဆေးဖက်ဝင်သော ရေခဲ
ရေခဲသည် ပိုးကောင်၊ ခူကောင်များ ကိုက်ခြင်း၊ ထိမိခြင်းများကြောင့် အရေပြား နာကျင်ခြင်း၊ ယားခြင်းများကို  များစွာ သက်သာစေပါသည်။ပျားတုပ်ခြင်း၊ ခူယားကောင်နှင့် ထိမိခြင်းတို့ အတွက် ယားသောနေရာ၊ နာသောနေရာကိုရေခဲတုံးနှင့် ပွတ်ပေးရပါသည်။ နှာပိတ်ပြီး နေနတ်သားဖမ်းစားသောရောဂါခေါ် (Sinusitis) ဖြစ်ပါက ရေခဲတစ်လှည့်၊ရေနွေးတစ်လှည့်သုံးပြီး ကုရပါသည်။လူနာအား ပတ်လက်အနေအထား အိပ်စေပြီး မျက်နှာသုတ်ပဝါကို ရေနွေးတွင်စိမ်၍ ညှစ်ပြီးနောက် နှာခေါင်း၊ ပါးနှင့် မျက်ခုံးတစ်ဝိုက်ကို ခေတ္တအုပ်၍ ကပ်ထားပေးပါ။တစ်မိနစ်ခန့် ကြာသောအခါ ယင်းမျက်နှာသုတ်ပဝါကို ခွာလိုက်ပြီး ရေခဲစိမ်ထားသော မျက်သုတ်ပဝါဖြင့် လဲလှယ်၍ ကပ်ပေးရပါသည်။ဤသို့ဖြင့် ၁၀ကြိမ်တစ်လှည့်စီ ကပ်ပေးပါ။ ဤနည်းဖြင့် မျက်ခုံးနှင့်နှာခေါင်းတစ်ဝိုက်အရိုးအိမ်များ အတွင်းမှ ချွဲများ နှာခေါင်းမှ တစ်ဆင့် ထွက်ကျလာပါလိမ့်မည်။သွားကိုက်လျှင် ရေခဲငုံပေးခြင်း၊ ပါးပေါ်သို့ ရေခဲ အိတ်ကပ်ပေးခြင်းဖြင့် အထိုက်အလျှောက် သက်သာစေနိုင်ပါသည်။ထို့ပြင် လက်ညှိုးနှင့် လက်မကြားနေရာကို ရေခဲတုံးငယ်ဖြင့် ပွတ်ပေးခြင်းဖြင့် အင်ဒိုဖင်ဓာတ်များ ထွက်ပေါ်လာစေပြီး အကိုက်သက်သာစေပါလိမ့်မည်။
တုပ်ကွေးကို အပြုတ်တိုက်မည့် ကြက်သွန်ဖြူ
 ခေတ်အဆက်ဆက်ပြုလုပ်ခဲ့ကြသောသုတေသနစမ်းသပ်ချက်များအရကြက်သွန်ဖြူသည်ရောဂါပိုးအမျိုးမျိုးကို သေစေကြောင်းတွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။   စင်စစ်ကြက်သွန်ဖြူသည် အအေးမိ၊ နှားစေးခြင်း၊ လည်ချောင်းနာ၍ ဖျားခြင်း၊ ပသိရောင်ခြင်း၊တုပ်ကွေးမိခြင်းကို အမြန် ပျောက်ကင်းစေပါသည်။    ရေနွေးပူပူအတွင်းသို့ ကြက်သွန်ဖြူဥ သုံးဥခန့်ကို ချင်း(ဂျင်း)၊အာလူး၊ မုန်လာဥ၊ ငရုတ်ကောင်းတို့နှင့်အတူ စွပ်ပြုတ်လုပ်၍ ပူပူလေး သောက်ပေးခြင်းအားဖြင့် လည်ချောင်းနာ၍ ဖျားခြင်း၊ တုပ်ကွေးမိခြင်းတို့ကို အမြန်သက်သာစေပါသည်။
ပလတ်စတစ်တိပ်နှင့် ကြွက်နို့
 ရိုးရာကုထုံးကို အခြေပြုပြီး ကြွက်နို့သတ်နည်းတစ်ခုမှာ စက္ကူများတွင် ကပ်သောတိပ်ပြားကို ကြွက်နို့ပေါ်၌အုပ်ပြီး လေလုံအောင် လေးထပ်ခန့် ခပ်တင်းတင်းလေးကပ်ထားပေးလျှင် ကြွက်နို့များ သေသွားနိုင်ပါသည်။     တိပ်ပြားတစ်ကြိမ်ကပ်လျှင် ပြန်မခွာဘဲ (၆)ရက်ထားပါ။ (၇)ရက်မြောက်နေ့တွင်ခွာကြည့်ပါ။ ကြွက်နို့သေစေပါသည်။ ဆရာဝန်များအနေဖြင့် အဘယ်ကြောင့် ဤသို့တိပ်ကပ်ရုံမျှ ကြွက်နို့ဖြစ်စေသော ဗိုင်းရပ်ပိုးများ သေစေရပါသနည်းဆိုသည်ကိုမဖြေနိုင်သေးပါ။အောက်စီဂျင်ဓာတ် ပြတ်လပ်သွားသောကြောင့် ဗိုင်းရပ်များ သေရသည်ဟုသာယူဆထားကြပါသည်။
ကင်ဆာရောဂါကိုတွန်းလှန် ကာကွယ်နိုင်သောအစားအစာ (၁၃) မျိုး

(၁) ကြက်သွန်ဖြူ
  ကြက်သွန်ဖြူမှာကင်ဆာရောဂါကိုကာကွယ်နိုင်တဲ့ ဓာတ်ပေါင်းတွေ များစွာပါဝင်နေပါတယ်။ အရေပြား၊ အူမကြီးနဲ့ အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားမှုတွေကိုအဓိကကာကွယ်ပေးနိုင်ပါတယ်။
(၂) အစိမ်းရင့်ရောင် အသီးအရွက်များ
အစိမ်းရင့်ရောင် အသီးအရွက်တွေမှာအင်တီအောက်ဆီးဒင့် ဖြစ်တဲ့ ကယ်ရိုတင်းနွိုက်တွေ
များစွာပါဝင်ပါတယ်။ကင်ဆာကို ဖြစ်စေတဲ့ Free Radicals  တွေရဲ့   အန္တရာယ်ကိုလျှော့ချပေးပါတယ်။
(၃) စပျစ်သီး
  စပျစ်သီးနဲ့ စပျစ်ဝိုင်မှာအစွမ်းထက် အင်တီအောက်ဆီးဒင့် ဖြစ်တဲ့ ရက်စ်ဗာရထရောပါဝင်တာကြောင့် ဆဲလ်တွေ ပျက်စီးတာကိုကာကွယ် ပေးနိုင်ပါတယ်။
(၄) လက်ဖက်စိမ်းရည်
 လက်ဖက်စိမ်းရည်မှာပါဝင်တဲ့ ဖလေဗိုနွိုက်ကအူမကြီး၊ အသည်း၊ ရင်သားနဲ့ ဆီးကျိတ်ကင်ဆာတွေ
ဖြစ်ပွားတာကနေကာကွယ်နိုင်သလိုကင်ဆာရောဂါရဲ့ ဆဲလ်ပွားတာကိုလည်း      နှေးကွေးစေနိုင်ပါတယ်။
(၅) ခရမ်းချဉ်သီး
   ခရမ်းချဉ်သီးမှာပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေကိုကာကွယ်ပေးနိုင်ပါတယ်။
(၆) ဖရဲသီး
    ဖရဲသီးမှာကင်ဆာရောဂါကိုတွန်းလှန် ကာကွယ်ပေးနိုင်တဲ့ လိုင်ကိုပင်းဓာတ် များစွာပါဝင်နေပါတယ်။
(၇) ဘလူးဘယ်ရီသီး
ဘယ်ရီသီးအားလုံးမှာကင်ဆာကိုတိုက်ထုတ်နိုင်တဲ့ဓာတ်ပေါင်းတွေများစွာပါဝင်နေပါတယ်။ကင်ဆာရောဂါအားလုံးကိုကာကွယ်မှု ပေးနိုင်ပါတယ်။
(၈) မိကျောင်းကွမ်းဖတ်   
မိကျောင်းကွမ်းဖတ်မှာပါဝင်တဲ့ လိုင်နန်က အင်တီအောက်ဆီးဒင့် အာနိသင်ကိုပေးစွမ်းပြီး ခန္ဓာကိုယ်မှာ
  ကင်ဆာဖြစ်စေတဲ့ ပြောင်းလဲမှု မှန်သမျှကို  ဟန့်တားပေးပါတယ်။ ဒါ့အပြင် အိုမီဂါ-၃ အဆီ ကြွယ်ဝတာကြောင့် အူမကြီးကင်ဆာ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၉) ပန်းဂေါ်ဖီ မျိုးရင်းဝင်များ    
ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီပွင့်၊ ဂေါ်ဖီထုပ်တွေမှာကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကိုလျှောချနိုင်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်ပါတယ်။
(၁၀) ကောက်နှံတစ်ခုလုံး                                                                               
   ကောက်နှံတစ်ခုလုံးမှာကင်ဆာကိုတွန်းလှန်နိုင်တဲ့ အင်တီအောက်ဆီးဒင့်၊ အမျှင်ဓာတ်နဲ့ဖိုက်တိုအီစထရိုဂျင်တွေ ပါဝင်ပါတယ်။
(၁၁) မုန်လာဥနီ
       မုန်လာဥနီမှာ ဗီတာမင်အေဓာတ် များစွာပါဝင်ပြီး ခန္ဓာကိုယ် ခုခံအားစနစ်ကို  မြှင့်တင်ပေးပါတယ်။
 သွေးဖြူဥတွေရဲ့ လုပ်ငန်းဆောင်တာတွေကို အားပေးတာကြောင့် ဗိုင်းရပ်စ်ပိုးတွေ
မကူးစက်နိုင်အောင် ဟန့်တားပေးပါတယ်။      မျက်စိကိုလည်းအားကောင်းစေပါတယ်။
(၁၂) နနွင်း
      
ဟင်းထဲမှာ နနွင်းကိုလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာလောက် ပါဝင်အောင် ထည့်ချက်စားပေးပါ။ စမ်းသပ်မှုတွေအရ နနွင်းမှာကင်ဆာဖြစ်စေတာတွေကိုတွန်းလှန်နိုင်တဲ့ အာနိသင်ရှိနေပါတယ်။ 
နနွင်းမှာပါတဲ့ ကာကူမင်ဒြပ်ပေါင်းကရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ တခြားကင်ဆာရောဂါတွေရဲ့
ဖြစ်ပွားနှုန်းကို နှေးစေပါတယ်။
(၁၃) ငါး
   ဆာဒင်းငါး၊ပုစွန်ဆိတ်၊ပင်လယ်ငါးတွေကနေဗီတာမင်ဒီဓာတ်ကိုရရှိနိုင်ပါတယ်။ဗီတာမင်ဒီကကင်ဆာဆဲလ်ကြီးထွားမှုနဲပျံ့နှံ့မှုကိုလျော့နည်းစေပါတယ်။ ကယ်လ်ဖိုးနီးယားတက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုအရနေရောင်ခြည်နဲ့ ထိတွေ့မှု နည်းတဲ့အမျိုးသမီးတွေမှာ  ကင်ဆာဆဲလ် ပျံ့နှံ့တာကိုတွေ့ရပါတယ်။နေရောင်ခြည်ဟာဗီတာမင်ဒီကိုရယူနိုင်တဲ့ အကောင်းဆုံးအရင်းအမြစ် ဖြစ်လို့ပါ။

0 ကွန်မန့်ရေးရန်:

Post a Comment