This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, September 9, 2013

34 24 36 ရင်သားနှင့် ကိုယ်ခန္ဓာ ဖွံ့ဖြိုးပြီး အချိုးအစား ပြေပြစ်လှပလာအောင် ဘယ်လို လုပ်မလဲ ...?


အချိုးအစားလှအောင် ဆေးသောက်လို့ရတယ်လို့ ကြားဖူးပါတယ်။ အကျိုး-အပြစ်တွေကို သိချင်ပါတယ်ရှင်။ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေလို့ပါရှင်။ အမေ မွေးပေးထားတဲ့ ရုပ်အင်္ဂါကို ပြင်ချင်တာဟာ အခက်ဆုံး တွေထဲမှာ ပါတယ်။
ဒါကို ဆရာဝန်က ပြောတာပါ။ ဆရာဝန်က ဆေးပေးမယ်၊ နည်းလမ်းပေးမယ်၊ ခွဲစိတ်ပေးမယ်။ ခွဲစိတ်တာကို တော့ ဆရာဝန်ဘက်က ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တာပေါ့။ ကျန်တာကို လိုက်နာရမှာက ကာယကံရှင် ဖြစ် တယ်။ ညွှန်းတဲ့ဆေး သောက်တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ရှောင်စရာ-ဆောင်စရာတွေကို လိုက်နာဘို့ ကတော့ ကောင်းချင်၊ ပျောက်ချင်သူတွေက လုပ်ကြရတယ်။ ဆရာဝန်တွေမှာလဲ လုပ်ပေးနိုင်တာထက် မလုပ်နိုင်တာတွေက ပိုများမလားဘဲ။
ပိန်ချင်၊ ဝချင်၊ လှချင်၊ ရှည်ချင်၊ ဖြူချင်၊ ညိုတိုတို ဖြစ်ချင်၊ သေးတာကိုကြီးချင်၊ ကြီးတာကိုသေးချင် လိုအင် ဆန္ဒတွေ လူမျိုးတိုင်းမှာရှိတယ်။ ကျား-မ မရွေးလဲရှိတယ်။ အရွယ် မရွေးလဲ ရှိသေးတာဘဲ။ ဖြစ်ချင်သူကို အပြစ်မြင်စရာ မရှိသင့်ကြပါ။ ဆရာဝန် ညွှန်တာကို ရချင်တာလဲ ကောင်းတာဘဲ။ အကျိုး-အပြစ် သိချင်တာ လဲ ပညာရှိရာကျတယ်။
ကြွက်သားကိုတော့ ဖွံ့ထွားစေဘို့ မခက်လှပါ။ အလေးမသူတွေသာ ကြည့်ပါ။ ကြွက်သား မဟုတ်တဲ့ အရိုး၊ အဆီ နဲ့ တခြား (တစ်ရှူး) တွေကို ဖွံ့ထွား၊ များပြားလာဘို့ လေ့ကျင့်ခန်းနဲ့တော့ မရပါ။ ရင်သားက ကြွက်သား မဟုတ်ဘူး။ အထောက်အကူ ပြုနိုင်တာတွေတော့ ရှိပါတယ်။ ဒါကြောင့် ရင်သား၊ တင်ပါးအတွက် နည်းတွေ ရေးထားပါတယ်။ မေးတဲ့သူက အခြေအနေ မပေးလို့ လေ့ကျင့်ခန်း လုပ်မရတော့ ခက်ပြန်ပေါ့။ ခက်တာကို ရအောင်ယူနိုင်ရင် လူတော်လို့ ဆိုကြတာမို့ တော်ချင်လိုက်စမ်းပါ။ တခုလေးတော့ သတိပေးပါရစေ။ ဖြစ်သင့်တာကိုသာ ရချင်သင့်တယ်။
မရနိုင်တာ၊ မရသေးတာအတွက် စိတ်ပျက်မနေပါနဲ့။ ကံတရား အားကိုးနိုင်သေးတာဘဲ။ ကံကောင်းချင်ရင် စိတ်ကောင်း အရင်မွေးလို့ ဆရာတော်များက ဆုံးမလေ့ရှိတယ်။ ဆေးပဲ သောက်ချင်သူကမေးလို့ ဆေးကိုသာ အဓိကထား ရေးပါရစေ။ ဆေးတွေလဲ ရှိပါတယ်။ (အေလိုပက်သစ်) ဆေး၊ (ဟိုမီယိုပက်သစ်) ဆေး၊ (အာယုဗေဒ) ဆေး၊ တိုင်းရင်းဆေး၊ (ဟာဗယ်) ဆေး၊ တရုပ်ဆေး၊ အိန္ဒိယဆေး၊ အစုံပါဘဲ။ ကြော်ညာတွေက အများကြီး။ တခြားဆေးနည်းတွေကို သင်မထားရလို့ မပြောနိုင်ပါ။ ကိုယ့်ဆေးပညာနဲ့ ဆိုင်တာဘဲ ရေးပါမယ်။ Anabolic steroids (အင်နာဘောလစ်-စတီရွိုက်) တွေရှိတယ်။ ၁၉၃ဝ ကျော်ကတည်းက သုံးလာတယ်။ Medical uses ဆေးကုရာမှာ အသုံးပြုနိုင်တာတွေက - Bone marrow stimulation ရိုးတွင်းခြင်ဆီ စေ့ဆော်ပေးခြင်း၊ - Growth stimulation ကြီးထွားစေအောင် စေ့ဆော် ပေးခြင်း၊ - Stimulation of appetite and preservation and increase of muscle mass စားချင်စိတ်ကဲ စေပြီး၊ ကြွက်သား ထုထည် ကြီးစေခြင်း၊ - Induction of male puberty ယောက်ျားလေး စောစော လူပျိုဖြစ်စေခြင်း၊ - Male contraception (Testosterone enanthate) ယောက်ျားသုံး သားသမီးမရဆေး၊ - Stimulation of lean body mass and prevention of bone loss in elderly men ကိုယ်ခန္ဓာသေး နေသူတွေကို စေ့ဆော်ပေးခြင်း နဲ့ အသက်ကြီးသူတွေမှာ အရိုးပျက်စီးတာ သက်သာစေခြင်း၊ - Hormone replacement for men ယောက်ျား-ဟော်မုန်း အစားထိုးကုသခြင်း၊ - Gender Identity Disorder ယောက်ျား-မိန်းမ ပီသစေခြင်း၊ Ergogenic use and abuse တလွဲ အသုံးပြုနေတာလဲရှိတယ်။ အမေရိ ကားမှာ လူဦးရေရဲ့ ၁% ဟာ ဒီဆေးမျိုးကို တလွဲသုံးနေကြတယ်။ လူလတ်တန်းစားတွေကနေ အားကစား ပြိုင်ပွဲဝင်ဘို့ မဟုတ်ဘဲ Cosmetic purposes ကိုယ်ခန္ဓာလှချင်လို့ လုပ်ကြတာဖြစ်တယ်။ ဒီဆေးမျိုးသုံး သူတွေဟာ မီဒီယာမှာ ဖေါ်ပြတာတွေကို ကြည့်-ဖတ်ပြီး စိတ်ထဲ တလွဲထင်မှတ်နေကြတယ်။ အားကစား နယ်ပယ်မှာတော့ ယောက်ျားတွေရော မိန်းမတွေပါ ကိုယ်ကာယ၊ အလေးမ၊ သံလုံးပြစ်၊ ပြေး-ခုန်-ပြစ်၊ စက်ဘီးစီး၊ (ဘေ့စ်-ဘောလ်)၊ နဘမ်းသတ်၊ သိုင်း၊ လက်ဝှေ့၊ ဘောလုံး၊ ခရစ်ကက်၊ အားကစား နည်းတွေမှာ သုံးကြတယ်။ ဒီလို လူမျိုးတွေထဲက ၅၆% ဟာ ဆရာဝန်တွေ ပြောတာကို မယုံကြဘူး။ ဆေးတွေကို လူသာမက တိရစ္ဆာန်တွေကိုပါ သုံးတာရှိတယ်။ ဆိုင်ကကြက်သား ဝယ်မစားရဲအောင် တချို့နေရာတွေမှာ ဖြစ်နေပြီ။ မြန်မာတွေကတော့ အကောင်အတွက်ဆေး လူသုံးလို့ အကောင်နဲ့ တူသူတွေ မျက်စေ့အောက် မှာတင် ရှိတယ်။
သဘာဝ ဟော်မုန်း (၃) မျိုး (Estradiol, Testosterone, and Progesterone) နဲ့ တည်ဆောက် ဟော်မုန်း ၃ မျိုး (Estrogen compound zeranol, Androgen trenbolone acetate, and Progestin melengestrol acetate) တွေကို တိရစ္ဆာန်တွေကို အသားတိုးအောင် ထိုးပေးတယ်။ Bodybuilding drug ကိုယ်ခန္ဓာ သန်မာကြံ့ခိုင်အောင် သုံးကြတဲ့ဆေးတွေကို ဆရာဝန်တွေတောင်မှ အံ့သြရတယ်။ ဆေး နမူနာ (၃) ခုရေးပြပါမယ်။ 
(၁) Lasix ဆီးဆေးလို့ အလွယ်ခေါ်တဲ့ ကိုယ်ရောင်နေသူ၊ သွေးတိုးရှိသူ၊ နှလုံး အလုပ် မလုပ်နိုင်သူတွေကို ပေးတဲ့ဆေး။ 
(၂) Cytomel ဆိုတာ Thyroid drugs လည်ပင်းကြီးဆေး ဖြစ်တယ်။ 
(၃) Human chorionic gondotropin (HCG) အလွယ်ပြောရင် အချင်းဟော်မုန်း။ 
အများ နားလည်အောင် ပြောရရင် ကိုယ်ဝန်ရှိ-မရှိစစ်တယ်ဆိုတာ ဆီးထဲ-သွေးထဲမှာ ဒီဟာ ပါနေ-မနေ စစ်တာဖြစ်တယ်။ Breast augmentation ရင်သားကို ခွဲစိတ်ပြုပြင်နည်းတွေလဲ ရှိတယ်။ Breast implant ရင်သားအတုထည့်တာ နဲ့ Fat-graft mammoplasty procedures အဆီကို နေရာပြောင်း ထည့်ပေး တာတွေဟာ ရင်သား မလှတာကို လှစေဘို့၊ ပိုပြီး အရွယ်အစားကြီးစေဘို့ နဲ့ ထိတွေ့မှုမှာ သာစေ ဘို့ အတွက်လုပ်တယ်။ ရင်သားခွဲစိတ်ပြုပြင် နည်းတွေမှာ Saline-filled (စေလိုင်း) သုံး နည်း နဲ့ Silicone-filled prosthetic breast (စီလီကွန်) သုံးနည်း လုပ်နိုင်တယ်။ Post–mastectomy ရင်သား ခွဲစိတ်ထုတ် ထားရသူတွေကို Breast reconstruction ရင်သား အသစ်တပ်ပေးတာ လုပ်နိုင်တယ်။ ရင်သား ဝိုင်းစက်-ဖေါင်းကြွနေတာ ဓါတ်ပုံမှာ အသားပေးထားရင် အဲဒါ သာမှတ်။ 
• Breast implant ရင်သားအတု (ကြည့်ရှုရန်)  
• Breast Reconstruction ရင်သား အသစ်တပ်ပေးခြင်း (ကြည့်ရှုရန်)
တွေ ရေးထားပါတယ်။ အပြင်ပမ်း ကြည့်ပြီး ရုပ်လှ-မလှ စသဖြင့် အကဲဖြတ်လေ့ရှိတယ်။ အမြင်မှာ သာစေဘို့ အခုအခံလဲ လုပ်ကြပါတယ်။ Camouflage ခေါ်တယ်။ ပုံဖျက်ထားတာပေါ့။ အမှန်က သူများအမြင်ကို အာရုံပြောင်းစေနည်းတွေ ဖြစ်ပါတယ်။
ဒီအရေးမှာ (စပါယ်ရှယ်လစ်) တွေ ပြောတာက ရင်သားကို ပိုကြီးချင်သူအရေအတွက်နဲ့ ကြီးနေတာကို သေးချင်သူ အရေအတွက် မကွာဘူးတဲ့။ ရင်သား ကြီးနေတာကို ဆေးမပါ၊ ဆရာဝန်မပါဘဲ လှည့်စားနည်း တွေ ရှိပါတယ်။
• Baggy and wavy blouses ချောင်ကျပြီး လှိုင်းထနေတဲ့ အဝတ်အစား ရွေးဝတ်ပါ။ 
• Classic dark, black or navy blue အနက်ရောင်၊ အရောင်ရင့်၊ (နေဗီ-ဘလူး) ဝတ်ဆင်ပါ။ 
• Avoid exposing it ကိုယ့်ဟာကို သူများကို မမြင်သာပါစေနဲ့။ 
• Tops with higher collar and neckline ကော်လာပါတာ ဝတ်ပါ။ လည်မဟိုက်စေပါနဲ့။ ဆွဲကြိုးဝတ်ပါ။ ပုလဲပုတီးဆွဲပါ။ 
• Stripes and different patterns အစဉ်းကြောင်းပါတဲ့ (ပက်တန်) မတူတဲ့ အဆင်ရွေးဝတ်ပါ။ 
• Seamless bra (ဘရာစီယာ) အခွက်ဝိုင်းမှာ ဘာအစဉ်း၊ ဒီဇိုင်းမှမပါတဲ့ ပြောင်ချောနေတာ ဝတ်ပါ။ 
• လူကပိန်ပြီး ရင်သားကထွားနေသူဆိုရင် အောက်က Skinny jeans ဂျင်းဘောင်းဘီ ကြပ်တာဝတ်ပါ။
ကြည့်တဲ့သူ မျက်စိကို တနေရာလွှဲစေပါ။ ဒီတော့ ရင်သားသေးနေသူတွေက ပြောင်းပြန်ယူက ရမလားဘဲ။ ကိုယ်ခန္ဓာ အချိုးအစားကျဘို့ရာ တကယ်လိုပါတယ်။ မိန်းမတွေအလှကို "ခါးသေး-ရင်ချီ" လို့ သတ်မှတ် သေးရင် ရင်နဲ့ တင်ကို ပြင်ဘို့ လိုမယ်။ ရင်သားဟာ ရင်ခေါင်းပိုင်း အရိုးစုအပေါ်မှာ ရှိတယ်။ တင်ဆိုတာ ဘေးကားတာနဲ့ နောက်ကော့နေတာဟာ အရိုးပုံပန်းအပေါ် မူတည်တယ်။ လူကိုယ်ခန္ဓာဟာ အရိုးပေါ်မှာ တည်ဆောက်ထားတယ်။ အရိုးကို အလှအပအတွက် ပြင်ပေးဘို့ရာ မရသလောက် ခက်ပါတယ်။ ခေမာမိ ဖုရားကြီး တရားချွတ်ခန်း ပန်းချီ တွေ့ဘူးသူ များမှာပါ။ အရိုးပဒေသာပေါ်ကနေ ကြွက်သားတွေ၊ အရွတ် တွေ၊ အဆီတွေ နဲ့ အပေါ်ကနေ အရေပြား ဖုံးထားတယ်။ အတွင်းထဲမှာ အင်္ဂါအစိတ်အပိုင်းတွေရှိတယ်။ လှချင်သူတွေက အလှဗေဒ နားလည်ကြမယ် ထင်ပါတယ်။ (ဗီးနပ်စ်) ဂရိလက်ရာ ရုပ်ထုဟာ သမိုင်းမှာ အချစ်နဲ့ အလှကို ကိုယ်စားပြုတယ်။ လက်တွေ ပြတ်နေတာတောင် ခုထိ တန်ဘိုးထားတုံးဘဲ။ သတိပြုဘို့က ခါးမသေးပါ။ ရင်ကလဲ သူလိုကိုယ်လိုပါ။ သက်ရှိလူတွေကို လှတယ်လို့ သတ်မှတ်တာတော့ ရုပ်တုတွေနဲ့ မတူနိုင်ပါ။ ကိုယ်နေဟန်ထား၊ အဝတ်အစား၊ မျက်နှာပေး၊ မူယာ--မာယာ၊ စတာစတာတွေနဲ့ အလှကို အသက်ဝင်စေနိုင်တယ်။ ဖက်ရှင် ဘန်းစကားတခု ဖြစ်တဲ့ Catwalk လျှောက်လမ်းမှာ လမ်းလျှောက်ပြရတဲ့ ဖက်ရှင်မယ်တွေဟာ အသစ်ပေါ် အဝတ်အစား၊ အသုံးအဆောင်တွေဝတ်ပြီး၊ အင်မတန် ပိန်ပါးပြီး တအားအရပ်ရှည်ကြရတာကို စံလို့ သတ်မှတ်ထားတယ်။ ရင်မထွားတာလဲ တန်ဘိုးတရပ် မဟုတ်ပါလား။ ပုဗ္ဗစေတနာ ပျက်စီးမှုကြောင့် အရုပ်ဆိုးရသူ (ပဉ္စပါပီ) ဟာ ဖောဋ္ဌာဗ္ဗာရုံမှာတော့ နာမည်ကြီးတယ်လို့ ဖတ်ရတယ်။ အာရုံခံစားမှု အရည်အချင်း အလွန့်အလွန်ကို ကောင်းလှသတဲ့။ အာရုံကြောတွေ ကောင်းဘို့ ရာ ကျန်းမာဘို့ မလိုပါလား။ ဗီတာမင် (ဘီ) တွေက အာရုံကြောအတွက် ကောင်းတယ်။ ဆီးချိုရှိနေသူတွေ ခြေလက် ထုံတာဟာ B6 နဲ့ B12 နည်းလို့ ဖြစ်တယ်။ B1 ဟာ စိုးရိမ်စိတ်ကို သက်သာစေတာက အာရုံ ကြောတွေအပေါ် သက်ရောက်လို့ ဖြစ်တယ်။ E လဲနည်းရင် Neuron degeneration အာရုံကြောရောဂါ ရစေနိုင်တယ်။ ဗီတာမင် (စီ) ကလဲ စိုးရိမ်စိတ်ကို သက်သောစေတဲ့အပြင် ဦးနှောက်-ဓါတုအလုပ် နဲ့ (အဒြီနယ်-ဂလင်း) တွေကို ကူညီတယ်။ ဓါတ်ဆားတွေထဲက (ကယ်လ်စီယမ်) နဲ့ (မဂ္ဂနီဆီယမ်) တွေလဲ အာရုံကြောတွေအတွက် လိုတယ်။ ကြွက်သားတွေအတွက်လဲ ဗီတာမင်တွေက အရေးပါတယ်။ A ကနေ ကြွက်သားတွေ တင်းအားနည်းတာကို ကူညီမယ်။ B နည်းရင် အားယုတ်ပြီး ကြွက်သာတွေနာနေမယ်။ B-1 နည်းရင်၊ B-6 နည်းရင်၊ B-12 နည်းရင် ကြွက်သားတွေ အားယုတ်နေတယ်။
B-12 က ကြွက်သား ပြန်အသစ်ဖြစ်တာ ကူညီမယ်။ E ထဲမှာ Antioxidant and Anti-inflammatory သတ္တိတွေ ရှိလို့ ကြွက်သားပျက်စီးတာပြင်ဘို့ အသုံးကျတယ်။ C ကလဲ ကြွက်သား ထိခိုက်တာအတွက် ကောင်းတယ်။ နည်းရင် တင်းအားနည်းမယ်။ D က ကြွက်သား အကွေး-အဆန့် အတွက်လိုတယ်။ D အလွန်နည်းရင် ကလေးတွေမှာ Rickets အရိုးပျော့ရောဂါ ဖြစ်မယ်။ လူကြီးတွေမှာ Osteomalacia အရိုး မသန်တာ ဖြစ်မယ်။ အရေကြီးဆုံးတခုနဲ့ နိဂုံးချုပ်ပါမယ်။ ကိုယ်ခန္ဓာ အချိုးအစား၊ အဝတ်အစား၊ တန်ဆာ ပလာ၊ လူနေဟန်၊ စတာတွေရဲ့ အတွင်းဘက်မှာ မမြင်ရတဲ့ အလှဆိုတာ သိကြတဲ့အတိုင်း စိတ်အလှဖြစ် ပါတယ်။ ဆရာဝန် မတတ်နိုင်ပါ။ ကိုယ်တိုင်တော့ ကောင်းကောင်း မွေးမြူ၊ သင်ယူ-ကျင့်ဆောင်နိုင် ကြပါ တယ်။ မမြင်ရတဲ့ အလှဆိုတာ မကြည့်ဘဲလဲ သိနိုင်ကြတယ်။ အရာတိုင်းမှာ လှကြပါစေ။
Healths

အင်တာနက် Website လမ်းညွှန်နှင့် Facebook အသုံးပြုနည်းစာအုပ် (6.5MB)

 

 အင်တာနက် Website လမ်းညွှန်နှင့် Facebook အသုံးပြုနည်း စာအုပ်ဖြစ်ပါတယ်။ Website တွေလည်း တော်
တော်စုံပါတယ်။ အခုမှ အင်တာနက်စတင်အသုံးပြုသူများအတွက် အရမ်းအသုံးဝင်တဲ့ စာအုပ်လေးပါဗျာ။ 
ဆောင်ထားသင့်ပါတယ်။ အဆင်ပြေပါစေ......... 
Download=>> Link 1, Link 2, Link 3


<div align="center"></div>




**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

WhatApp က internet အသုံးပြုပြီး free massage ပို့တာတွေ၊ image တွေပို့တာတွေ၊ video file ပို့တာတွေ၊ အသံဖိုင်လေးတွေပို့တဲ့နေရာမှာ တော်တော်အသုံးဝင်တဲ့ application လေး

အသစ်ထွက် WhatsApp Messenger versopm 2.11.57 Apk



WhatsApp ကိုအသုံးပြုတဲ့ android user တွေအတွက် အသစ်လေးတင်ပေးလိုက်တာပါ။
အားလုံးသိကြတဲ့အတိုင်းပါပဲ WhatApp က internet အသုံးပြုပြီး free massage ပို့တာတွေ၊
image တွေပို့တာတွေ၊ video file ပို့တာတွေ၊ အသံဖိုင်လေးတွေပို့တဲ့နေရာမှာ တော်တော်အသုံးဝင်တဲ့
application လေးလို့ပြောလို့ရတယ်နော်။ အရင်တုန်းကတည်းက ထွက်လာပြီးသားပါ။ အခုထွက်လာတာက
အသစ်လေးမို့လို့ တင်ပေးလိုက်တာပါ။ အသစ်ဆိုပေမဲ့လည်း android version 2.1 နဲ့အထက်မှာ အသုံးပြုနိုင်ပါပြီ။


အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။ 
အားလုံးအဆင်ပြေကြပါစေဗျာ။ 
Aung Ko Htet (IT Studier)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

ဗြိတိန်က တက်တူးအများဆုံး ထိုးတဲ့သူ...

 

 
 
 
 
 
 
 
 
 
 
 
 
oddstuffmagazine/internet

အလွဲလေးများ ကြည့်ပြီး ပြုံးပျော်ရွှင်နိုင်ကြပါစေ

အမှတ်တမဲ့အလွဲများ ( ၃၄ )

ဒီတစ်ခေါက် အလွဲလေးများ ကြည့်ပြီး ပြုံးပျော်ရွှင်နိုင်ကြပါစေဗျာ...
သြော်...ကြည့်လုပ်ပုံကိုက ဖောက်ဝင်သွားရင် မတွေးရဲစရာ

အပြိုင်အဆိုင် ၊ အနိုင်မခံ အရှုံးမပေးစတမ်း...


သားသားလည်းသောက် ဖေဖေလည်းမော့မယ်ကွာ...

မေမေအနိုင်ကျင့်တယ်...

ဟေ့...ဒီလေယာဉ်မြန်မာပြည် မပို့ကြနဲ့နော်...

ငါဟာ ရွက်လွှင့်...

မိုးပျံ ကားများလားဟ...

ကွယ်ရာမှာ ဖောက်ပြန်ချင်တယ်ပေါ့...သေစမ်းးးး

အထူးခုံလေ...ဟဲဟဲ

ဘာတွေကိုရိုက်နေတာလဲ..ဦးဦးရယ်...

သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ......... နေခရမ်း

ဘာကောင်မှန်းမသိတဲ့ VIP


( ဧရာဝတီ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )


နိုင်ငံတခုတွင် ဖြစ်သည်။

လူထုဘဝကို လေ့လာချင်သော သမ္မတကြီးသည် ကိုယ်ရံတော် မပါ၊ လုံခြုံရေးမပါဘဲ၊ ကားတစ်စီး နှင့် ဒရိုင်ဘာတစ်ဦးကို ခေါ်ပြီး ခရီးထွက်လာရာ ပြည်နယ်မြို့ကြီးတစ်မြို့သို့ ရောက်လာ၏။

မြို့အနှံ့လေ့လာနေစဉ် သမ္မတကြီးက ဒရိုင်ဘာကို ပြောသည်... ....

"ငါလည်း ကားမမောင်းရတာကြာပြီ၊ မင်းလည်း ပင်ပန်းနေပြီ၊ ငါတစ်လှည့်မောင်းမယ် မင်း နားလိုက်"

"ဟုတ်ကဲ့"

... ဆိုပြီး နေရာပြောင်းထိုင်ကြတယ်

သမ္မတကြီးလည်း ငယ်မူငယ်သွေးတွေကြွပြီး စွတ်ရွတ်မောင်းလိုက်တာ တနာရီ မိုင်၈၀ လောက်ဖြစ်ရော ယာဉ်ထိန်းရဲက ဖမ်းတားပြီပေါ့၊

လိုင်စင်တောင်းမလို့ ကားထဲငုံ့ကြည့်လိုက်တော့ အထဲကလူနှစ်ယောက်ကို မြင်တာနဲ့ ရဲခမြာ လန့်ဖျန့်သွားတယ်။

ဘာလုပ်ရမှန်း မသိလို့ သူ့ဆရာဆီကို ဝေါ်ကီတော်ကီနဲ့ လှမ်းခေါ်တယ်...

"ဆရာ... ဒီမှာ ကားတစ်စီးကို မိုင်နှုန်းပိုမောင်းလို့ ဖမ်းထားတယ် ခင်ဗျ"
"အဲဒါဘာဖြစ်လဲကွ၊ ချလံဖြတ်လိုက်ပေါ့"

"ကားပေါ်မှာ VIP ပါနေလို့ ဆရာ"
"ဘာ VIP လဲကွ"

"ပေါ့သေးသေးတော့ မဟုတ်ဘူးဆရာ"
"လွှတ်တော် အမတ်လား"

"သူ့ထက် VIP တယ် ဆရာ "
"မြို့တော်ဝန်လား"

"သူ့ထက် VIP တယ် ဆရာ "
"တိုင်းမှုးလား"

"သူ့ထက် VIP တယ် ဆရာ "
"ဝန်ကြီးချုပ်လား"

"သူ့ထက် VIP တယ် ဆရာ "

အဲဒီမှာ ဆရာလုပ်သူလည်း ဒေါသထွက်လာပြီး သူ့တပည့်ယာဉ်ထိန်းရဲကို အော်တော့တာပေါ့... ....

"ဟေ့ကောင်၊ ဝန်ကြီးချုပ်ထက်ကြီးတာ မင့်အမေလင် သမ္မတပဲ ကျန်တော့တယ်"

ဒီတော့ ရဲလေးက တိုးတိုးလေးပြန်ပြောလိုက်ပါတော့တယ်...

"အဲဒီလူက ဘာကောင်လဲတော့ မသိဘူး။
သူ့ကို ကားမောင်းပေးနေရတာကတော့ ဆရာပြောတဲ့ အဲဒီကျနော့်အမေလင်ကိုယ်တိုင်ပါပဲခင်ဗျ..."

(သန်၎ကို ပေါက်ကရရေးသည်)


(သန်၎ကိုရဲ့ ဟာသများကို http://blog.irrawaddy.org/search/label/Than%20Lay%20Ko မှာ ဖတ်နိုင်ပါပြီ)

http://blog.irrawaddy.org/2013/09/vip.html

ဇာဂနာနှင့် တရားရုံးဟာသများ ( ဖြစ်ရပ်မှန်)...............


=========================
ဇာဂနာနဲ့ ဗီဒီယိုအက်ဥပဒေ

ဇာဂနာ – ဗီဒီယိုအက်က ဘာလို့ ၃ နှစ်ချလဲ။
တရားသူကြီး – နာဂစ်မုန်တိုင်း ဓါတ်ပုံပါလို့။ ဆင်ဆာမတင်လို့။
ဇာဂနာ – မုန်တိုင်း တိုက်တာကို ဆင်ဆာတင်ရဦးမှာလား။ မုန်တိုင်းတိုက်တာ ခဏရပ်ထားဦး ရိုက်ကူးရေး သွားတင်ပါရစေဦးလို့ ပြောလို့မရဘူးလေ။
တရားသူကြီး - ကိန်။

ဇာဂနာ နဲ့ ဘုန်းကြီးလမ်းလျှောက်မှု

ဇာဂနာ – ဘုန်းကြီးဆွမ်းကပ်တာ ဘာအပြစ်လဲ။
တရားသူကြီး - အဲဒီ ဘုန်းကြီးတွေက လမ်းပေါ် လမ်းလျှောက်တယ်။
ဇာဂနာ – ဒီအမှုက သဘာဝမကျတော့ဘူး၊ ကျွန်တော်ဒီနေ့ ဗုဒ္ဓဘာသာကနေ ထွက်မယ်။
တရားသူကြီး - ထွက်မနေပါနဲ့ကွာ၊ ထွက်လည်း ထောင်ဒဏ်တွေ ပေး … အုံး… မှာ…။

ဆွဲချနဲ့ အီးမေးပြဿနာ

အစိုးရရှေ့နေ - ကိုဇာဂနာ ရှင့်အီးမေးလ် ပြော။
ဇာဂနာ - thura61@gmail.com
အစိုးရရှေ့နေ - ကျွန်မ ပြောနေတာ အီးမေးလ် နော်၊ ဂျီမေးလ် မဟုတ်ဘူး။
ဇာဂနာ - ကျွန်တော်မျိုးကြီး သေသင့်ပါတယ်။

တစ်မှု့ တည်းနဲ့ ကြီးပါတယ်

နိုင်ငံကျော် လူရွှင်တော် ဇာဂနာအား အင်းစိန်ထောင်မှ ထောင်ဝင်းအတွင်းရှိ တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

တရားသူကြီး။ ။ မောင်မင်းကို နိုင်ငံတော်အကြည်ညို ပျက်စေမှု အပါအ၀င် အမှုပေါင်း ၇မှုနဲ့ 
တရားစွဲဆို ပါမယ်။ မောင်မင်းဘာပြောစရာ ရှိပါသလည်း။

ဇာဂနာ။ ။ မရှိပါဘူး။

တရားသူကြီး။ ။ ဒါဆိုရင် နောက်လာမယ့် အပတ်မှာ စွဲဆိုထားတဲ့ အမှု ၇ မှုကို စတင်စစ်ဆေးပါမယ်။

နောက်တပတ်ကြာသော ဇာဂနာအား တရားရုံးသို့ ရောက်ရှိခဲ့ပါသည်။

တရားသူကြီး။ ။ မောင်မင်းကို နိုင်ငံတော်က အကြည်ညိုပျက်စေမှု အပါအ၀င် အမှုပေါင်း ၁၄ မှုနဲ တရားစွဲဆို ပါမယ်မောင်မင်း ဘာပြောချင်ပါသလဲ။

ဇာဂနာ။ ။ အရင်အပတ်က ၇မှုကနေ အခု ၁၄မှု ဘာဖြစ်လို့ ဖြစ်သွားရပါသလည်း။

တရားသူကြီး။ ။ ထပ်တိုးတဲ့မူအရ ……….အဲ မဟုတ်ပါဘူး။ နောက်တိုး ပုဒ်မများအရ စွဲဆိုရခြင်းဖြစ်ပါတယ်။ ထုချေလွှာ တင်သွင်းနိုင်ပါတယ်။

ဇာဂနာ။ ။ လူကြီးတွေကိုပြောလိုက်ပါ။ အမှုတွေအများကြီး စဉ်းစားစရာမလိုပါဘူး။ တစ်မှုတည်းနဲ့ ဘဲ သေဒဏ်ချမှတ်လို့ ရပါတယ်လို့ ။

ဇာဂနာ နဲ့ နိုင်ငံရေးအကျဉ်းသား

ဇာဂနာ – အတူတူ ထောင်ထဲမှာ နေခဲ့ရတဲ့ ဘုန်းကြီး ၄ ပါးရှိတယ်၊ အဲဒီဘုန်းကြီး ၄ ပါးလည်း လွတ်စေချင်တာပဲ၊ ဟိုး တောင်သာက ကြည်စိုးလည်း လွတ်စေချင်တာပဲ၊ မျိုးမင်းသန်းဆိုတဲ့ ပုဂံက ကောင်လေးကော၊ ဘိုကလေးက သီဟသက်ဇင်ကော၊ နာမည်ကြီးတဲ့ ဦးဂမ္ဘီရကော အကုန်၊ အကုန်လွတ်စေချင်တာပဲ။ အဲဒီလိုပဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း လွတ်စေချင်တာပဲ။
ဧရာဝတီသတင်းဌာန – ဘာဖြစ်လို့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လွတ်စေချင်တာလဲ၊ သူက နိုင်ငံရေးအကျဉ်းသား မို့လို့လား။
ဇာဂနာ - နိုင်ငံရေးအကျဉ်းသားလို့ ကျနော် မပြောပါဘူး။ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ရှိလို့လား။

Credit > Thu Rein
Copied From ပြည်မြန်မာ

" အစက ကြိုသိခဲ့ရင်ကွယ် "

* ယနေ့အကြိုက်ဆုံး ဟာသ *
===================
" အစက ကြိုသိခဲ့ရင်ကွယ် "

လူရွယ်လေးတစ်ယောက် ဆေးဆိုင်တစ်ဆိုင်ထဲ ဝင်လာတယ်
ဆိုင်ရှင်ဦးလေးကြီးက မေးတယ်... ...

"ဘာလိုချင်လို့လဲ ငါ့တူ"
"အဲ... ကွန်ဒုံ"

"ဘယ်နှစ်ခုလဲကွ"
"အင်း... အဲ ဘယ်နှစ်ခု ဝယ်ရပ့ါ"

"ကိုယ့်ဟာကိုတောင် ဘယ်နှစ်ခုလိုအပ်မှန်း မသိဘူးလား"
"အော် ဦးလေးကလည်း၊ ကောင်မလေးနဲ့က ဒီနေ့ညမှ အပြင်မှာ နှစ်ယောက်ထဲ တွေ့ရမှာဗျ"

"အော်... "
"ဒီတော့ လိုရမယ်ရ တစ်ဒါဇင်ပေး"

ဒါနဲ့...
ကောင်လေးလည်း ကွန်ဒုံဗူးကို ဘောင်းဘီအိတ်ထဲထည့်ပြီး ကောင်မလေးအိမ်ကို ချီတက်ခဲ့တယ်
ကောင်မလေးမိဘတွေက သူ့ကို တွေ့ဖူးချင်တယ်ဆိုလို့ လာတွေ့ရတာလေ
မိဘတွေနဲ့ ညစာစားရင်း စကားစမြည်ပြော၊ ပြီးတာနဲ့ ကောင်မလေးကို အပြင်ခေါ်ထုတ်ပြီး အခြေအနေကောင်းရင်တော့ ... အိုကေပေါ့ အကြံဆိုးကြီးနဲ့

ကောင်မလေးအိမ်ရောက်တော့ ညစာစားပွဲက အဆင်သင့်ဖြစ်နေပြီ
ဒါပေမယ့်...
ကောင်မလေးရဲ့ အဖေ အလုပ်ကပြန်မလာသေးလို့ ခဏစောင့်နေရသေးတယ်
တော်တော်လေးကြာတော့ သူ့အဖေပြန်ရောက်လာတယ်
ဒါနဲ့ ထမင်းဝိုင်းမှာ ထိုင်ကြရော...
ဘာသာရေးထုံးစံအရ ညစာမစားခင် ဆုတောင်းကြတယ်

ခက်တာက...
ခေါင်းကြီးငုံ့ပြီး ဆုတောင်းနေတဲ့ ကောင်လေးခေါင်းက တော်တော်နဲ့ပြန်မော့မလာဘူး
အကြာကြီး ဆုတောင်းနေပုံရတယ်
ဒါနဲ့ ကောင်မလေးက တိုးတိုးလေးကပ်ပြောတယ်... ...

"မောင် ဒီလောက်ထိ ဘာသာတရားကိုင်းရှိုင်းမှန်း အစ,က ကျမ မသိဘူး"

ဒီတော့ ကောင်လေးက ပြန်ပြောတယ်... ...

"လမ်းထိပ်က ဆေးဆိုင်ပိုင်ရှင်ဟာ ချစ်လေး ဖေဖေမှန်း၊ မောင်လည်း အစ,ကမသိဘူး"... တဲ့။

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

Sunday, September 8, 2013

သမ္မတ ဘာရှာ အာဆက်ဒ် ၏ သစ္စာတော်ခံတပ်သား (၇)ဦးကို ဆီးရီးယားသူပုန်များက သတ်ဖြတ်နေပုံကို တုန်လှုပ် ခြောက်ခြားဖွယ် တွေ့ရှိရ








ဆီးရီးယား အစိုးရ အနေဖြင့် သူပုန်တပ်များကို ဓာတုလက်နက်များ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲ
မှုများ အားကောင်းနေချိန်တွင် သူပုန်တပ်များဘက်မှလည်း ရက်စက်လွန်းသည့် လုပ်ရပ်များ ကျူးလွန်
နေကြောင်း မှတ်တမ်း အထောက်အထားများ ထွက်ပေါ်လာခဲ့သည်။

New York Times သတင်းဌာနက ဖော်ပြခဲ့သော ဗီဒီယို မှတ်တမ်း တစ်ခုတွင် သမ္မတ ဘာရှာ အာဆက်ဒ်
၏ သစ္စာတော်ခံတပ်သား (၇)ဦးကို ဆီးရီးယားသူပုန်များက သတ်ဖြတ်နေပုံကို တုန်လှုပ် ခြောက်ခြားဖွယ်
တွေ့ရှိရသည်။

ဆီးရီးယား စစ်သားများကို အဝတ်အစားများချွတ်ကာ မြေကြီးပေါ် တွန်းလှဲပြီး သူပုန်တပ်ဖွဲ့ဝင် အများအ
ပြားက ၎င်းတို့ကို ကန်ကျောက် နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်။ ယင်းစစ်သားများအနက် အချို့သည် ကျော
ဘက်နှင့် လက်မောင်းတို့တွင် ဆိုးဆိုးရွားရွား ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရသည်။

အဆိုပါ စစ်သည်များ၏ ဦးခေါင်းကို သေနတ်ဖြင့် တေ့ကာ ပစ်မသတ်မီတွင် ဦးလေးကြီးဟု အများက ခေါ်
ဝေါ်သည့် သူပုန်အဖွဲ့ခေါင်းဆောင် အက်ဘ်ဒူလ်ဆာမက်ဒ် အစ်ဆာက ရိုးရာ ကဗျာတစ်ပုဒ်ကို ရွတ်ဖတ်ခဲ့
သည်။

ထို့နောက် ပထမဆုံး ကျည်ဆန်ကို ၎င်းကိုယ်တိုင် ပစ်ခတ်ခဲ့သည်။ "နှစ်ပေါင်း(၅၀)လောက် ကြာညောင်း
အောင် သူတို့တွေဟာ အကျင့်ပျက် ခြစားမှုရဲ့ နောက်လိုက်တွေ ဖြစ်ခဲ့ကြတယ်။ ကျုပ်တို့ဟာ ဘုရားသခင်
ကို တိုင်တည်တယ် ကျမ်းကျိန်တယ် ကျုပ်တို့ လက်စားချေမယ်"ဟုလည်း ၎င်းက ပြောကြားခဲ့သေးသည်။

အဆိုပါ ခြောက်ခြားစရာ ဖြစ်ရပ်သည် (၂၀၁၂)ခုနှစ်၊ ဧပြီလက ရိုက်ကူးထားသည့် မှတ်တမ်း ဗီဒီယိုထဲမှ
ပုံရိပ်လည်း ဖြစ်သည်။ ယခုဗီဒီယိုကို သူပုန်တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးကိုယ်တိုင်က မိမိအနေဖြင့် ယင်း
ရက်စက် ကြမ်းကြုတ်မှုများကို စိတ်ပျက်ကြောင်း ဝန်ခံပြီး New York Timesသို့ လက်လွှဲပေးခဲ့ခြင်း ဖြစ်
သည်။

ပစ်သတ်ခံရသော ဆီးရီးယား စစ်သားများ၏ အလောင်းများကိုမူ ရေတွင်းဟောင်း တစ်ခုထဲတွင် စွန့်ပစ်
ခဲ့ကြသည်။ အစ်ဆာသည် ယခုသုတ်သင်မှုကို ဗီဒီယို ရိုက်ကူးထားရန် ကိုယ်တိုင် ညွှန်ကြားခဲ့ပြီး ထိုဗီဒီ
ယိုကို ပြသကာ တော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေရန် ရည်ရွယ်ခဲ့ကြောင်း သိရသည်။

ဆီးရီးယား အစိုးရသည် မိမိတို့၏ စစ်သားများကို သူပုန်များက ရက်စက်စွာ သတ်ဖြတ်နေခြင်းကို နိုင်ငံတ
ကာက သိရှိနိုင်မည် မဟုတ်ဟု ဝေဖန်ခဲ့ဖူးသလို ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးက မိမိတို့၏ လေတပ်
ပိုင်းလော့ တစ်ဦးကို ခေါင်းဖြတ်ကာ ဆီပူအိုးထဲ ထည့်ကြော်သည့် ဗီဒီယိုမျိုးကို ကြည့်ရှုဖူးကြောင်း ပြော
ကြားခဲ့ဖူးသည်။

ယခင်ကလည်း ဆီးရီးယား သူပုန်တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးသည် စစ်သားတစ်ဦး၏ အလောင်းကို ဓား
တစ်ချောင်းဖြင့် လှီးဖြတ်ကာ အသည်းနှလုံးထုတ်ပြီး တစ်ဖဲ့ယူစားပြဖူးသည့် စက်ဆုပ်ဖွယ်ရာ ဗီဒီယို မှတ်
တမ်းမျိုး ထွက်ပေါ်ခဲ့ဖူးသည်။

Planet Myanmar Network

Read more: ဆီးရီးယား သူပုန်တို့၏ ရက်စက် ကြမ်းကြုတ်မှု ဗီဒီယို မှတ်တမ်း တစ်ခု ထွက်ပေါ်လာဆိုင်မွန်စာကြည့်ဆိုဒ် http://www.simon-vlog.com/2013/09/blog-post_3746.html#ixzz2eFZx7sPr
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

သညာမောင် ဝင်ရောက် ယှဉ်ပြိုင်မည့် Miss International Queenြ

Saturday, September 7, 2013

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzG2B8v8JLEjSZ3v7hXDsBy4rdYY4rcmiv8tH7b1pr6czv00Nh5rMpQSoM3UE6sdvyzbPyFuLmPm8afTDfXFRgKCBJYiE6SdqOnJA_ANcNqnZ24Jn3F2flgR0w9gG4O2bA6ikyz3JQsmPu/s1600/15.jpgတတိယလိင် မြန်မာမယ် https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiNFvyLcyppM26-obBSOFcEpKULKM_rvWHu8VvTTycIXGBlEQ-i50dfuInNZ9OlPqXPOghZbL1g_5OkE32IHv7mB8YV_qnh731HfnmZnqcjPJJ5irphI7p8wM9Y2b32ulpCUjSnN7GhctN/s1600/13.jpg

ပန်းရောင်ဂါဝန်တိုတို ဝတ်ဆင်ထားသည်က ဖြောင့်စင်းသော ပေါင်တံအလှကို ပေါ်လွင်စေသည်။ ခြေထောက် နှစ်ချောင်းကို ယှက်ထားကာ လက်နှစ်ဖက် ခါးထောက်လျက် ညုတုတု မျက်လုံးများနှင့် အကြည့်များက စူးရှလျက်။

သာမန်ကြည့်လိုက်ရင်တော့ဖြင့် အလှအပများ ပြင်ဆင်ထားသည့် မိန်းကလေးတစ်ယောက်။ သို့သော် သူသည် မိန်းမစစ်စစ်တော့ မဟုတ်။ အမျိုးသားတစ်ဦးက အမျိုးသမီး တစ်ဦးကဲ့သို့ ပြောင်းလဲကာ တတိယလိင်အဖြစ် ခံယူထားသူဖြစ်သည်။

သူ့အမည်ကား သညာမောင်။ အသက်က ၂၉ နှစ်။ ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေတွင် နိုဝင်ဘာ ၁ ရက် နေ့၌ ကျင်းပမည့် Miss International Queen 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပထမဆုံး ယှဉ်ပြိုင်မည့်သူလည်း ဖြစ်သည်။

သညာမောင်သည် ကရင်ပြည်နယ် ဘားအံမြို့နယ် ဇာတိဖွားဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်နေကာ Ramkhamhaeng တက္ကသိုလ်တွင် နိုင်ငံတကာ ဆက်ဆံရေးနှင့် အင်္ဂလိပ်စာ ဘာသာရပ်ကို အထူးပြု သင်ကြားလျက် ရှိသည်။

သညာမောင်သည် ၂၀၀၇ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ စတင်ရောက်ရှိကာ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်သည့်အပြင် ရွှေ့ပြောင်း အလုပ်သမားများ ပညာရေးအတွက် စေတနာ့ဝန်ထမ်း အလုပ်ကိုလည်း လုပ်ကိုင်ခဲ့သည်။

Miss International Queen 2013 ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရခြင်းကို သူက “ကျွန်မလို အမျိုးတူ Gender အပြောင်းအလဲ ဖြစ်နေသူတွေအတွက်လည်း အခွင့်အရေးကောင်းတွေ ရစေချင်လို့ပါ” ဟု ရင်ဖွင့် ပြောပြသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံ ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ခြင်းကို ရန်ကုန်မြို့တော် အခြေစိုက် အလှ ဖန်တီးရှင် အသိုင်းအဝိုင်းက တတိယလိင်အဖြစ် ခံယူထားသူများအတွက် အခွင့်အလမ်း ဖြစ်သည်ဟု တူညီစွာ ပြောဆိုကြသည်။
“ဒီပွဲကိုဝင်ပြိုင်ရခြင်းက မြန်မာ့ဂုဏ်ဆောင် တစ်ဦးဖြစ်ချင်တာ” ဟုလည်း သညာမောင်က ဆိုသည်။

Miss International Queen 2013 ပြိုင်ပွဲကို Tiffany’s Show pattaya Co., Ltd. က စီစဉ်ပြီး ပြိုင်ပွဲဝင်များသည် ထိုင်းဘတ်ငွေ တစ်သောင်းခွဲကို ပေးသွင်းရမည်ဖြစ်ပြီး လာရောက် ယှဉ်ပြိုင်ရန်အတွက် ကုန်ကျစရိတ်များကို ကိုယ်တိုင်ကုန်ကျခံရမည် ဖြစ်သည်ဟု ယင်းပြိုင်ပွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းပြိုင်ပွဲသည် တတိယလိင်အဖြစ် ခံယူထားသူများအတွက် အခွင့်အလမ်းတစ်ရပ် ဖန်တီးပေးခြင်း ဖြစ်ပြီး ဆွဲဆောင်မှုရှိသော ပြိုင်ပွဲဝင် ၃၀ ဦးက ယှဉ်ပြိုင်ကြမည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နာမည်ကျော် အလှဖန်တီးရှင် မိတ်ကပ်တိုးတိုးကမူ “ပြိုင်ပွဲဝင်တာက အဘက်ဘက်က အရည်အချင်း ပြည့်စုံလို့ ဖြစ်ပါလိမ့်မယ်” ဟု မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် တတိယလိင်အဖြစ် ခံယူထားသူများကို အချို့က ယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာ စသည်ဖြင့် တိုင်းတာကာ လက်ခံနိုင်ခြင်း မရှိကြဘဲ အချို့ကလည်း လူ့ခွင့်အရေး ရှုထောင့်က ရှုမြင်ကာ ထောက်ခံအားပေးသူများလည်း ရှိသည်။
ခေတ်အဆက်ဆက် အစိုးရကမူ တတိယလိင် ကိစ္စကို အားမပေးသော်လည်း မနှိမ့်ချသကဲ့သို့ ထောက်ခံခြင်းလည်း မရှိပေ။

ရန်ကုန်မြို့တော်ကြီးတွင် တတိယလိင် ခံယူသူတို့၏ မော်ဒယ်လ်ရှိုး လျှောက်ပွဲများကို ၂၀၀၉ ခုနှစ်တွင် ဆီဒိုးနားဟိုတယ်၌ ပထမဆုံး ကျင်းပခဲ့ကြသည်။ ထိုပွဲတွင် အမျိုးသမီးစစ်စစ် များပင် အရှုံးပေးရလောက်အောင် ပြင်ဆင်ထားသည်ကိုလည်း တွေ့ရသည်။

ယင်းနောက် ၂၀၁၂ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် မော်ဒယ်လ်ရှိုး လျှောက်ပွဲကို Excel Tower တွင် ကျင်းပခဲ့သကဲ့သို့ ထိုင်းနိုင်ငံမှ တတိယလိင်အဖြစ် ခံယူထားသည့် အလှပဂေးများက တရားဝင် လာရောက် ဖျော်ဖြေကြသည်။

ထိုပွဲတွင် မော်ဒယ်လ်အဖြစ် လမ်းလျှောက်သူ အသက် ၂၄ နှစ်အရွယ် အလှဖန်တီးရှင်တစ်ဦးကမူ “မြန်မာနိုင်ငံမှာလည်း ဒါမျိုးရှိုးပွဲတွေ များများလုပ်စေချင်တယ်။ သညာမောင် ဝင်ပြိုင်တာလည်း ဆုရစေချင်တယ်” ဟု နွဲ့နှောင်းသောအသံဖြင့် ဆိုသည်။

သညာမောင် ဝင်ရောက် ယှဉ်ပြိုင်မည့် Miss International Queen ပြိုင်ပွဲကို ပတ္တရားကမ်းခြေတွင် ကျင်းပခဲ့သည်မှာ ၂၀၀၄ ခုနှစ်ကတည်းကပင်ဖြစ်ပြီး ဆုငွေမှာ အမေရိကန်ဒေါ်လာ တစ်သောင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံက Kevin Balot က ရရှိထားသည်။

၂၀၀၄ ခုနှစ်မှ စတင်ခဲ့သော ယင်းပြိုင်ပွဲဆုများကို ထိုင်းနိုင်ငံမှ သုံးကြိမ်၊ တောင်ကိုရီးယား၊ မက္ကဆီကို၊ အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့က တစ်ကြိမ်စီ ရရှိထားသည်။

ကမ္ဘာတစ်ဝန်းရှိ တတိယလိင်အဖြစ် ခံယူထားသူများ စိတ်ဝင်တစား လာရောက် ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲသို့ မြန်မာနိုင်ငံကို ကိုယ်စားပြုကာ သညာမောင်က ပထမဆုံး စတင်ယှဉ်ပြိုင်ခြင်းလည်း ဖြစ်သည်။
သညာမောင်က“ဒီပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစားသွားပြီးတော့ ကျွန်မလိုဘဝတူတွေ အတွက်လည်း အခွင့်အလမ်းကောင်းတွေ ဖော်ဆောင်ပေးချင်လို့ပါ” ဟု ပြောပြသည်။

ဘုရင်မ သရဖူကို ပုံဖော်ထားသော Miss International Queen လိုဂိုအနီးတွင် ပန်းရောင်ဇာပေါက် အင်္ကျီကို ဝတ်ဆင်ထားသည့် စူးရှရှမျက်လုံးများဖြင့် ကြည့်နေသည်။ လိုဂိုအောက်တွင် Contestant -Miss Tanya Maung ဟု ရေးသားထားသည့်အပြင် ကိုယ်စားပြု ယှဉ်ပြိုင်သည့် နေရာတွင်လည်း မြန်မာဟု ဖော်ပြထားသည်က သူ၏လူမှုကွန်ရက် စာမျက်နှာတွင် ဖြစ်သည်။

Miss International Queen 2013 ဆု ရမရကိုတော့ နိုဝင်ဘာ ၁ ရက်နေ့တွင် စောင့်ကြည့်ရဦး မည်ဖြစ်သည်။

မင်းထက်စံ

The Voice Weekly

တိုက်ခန်း၏ သုံးလွှာမှ ဝန်ထမ်းတစ်ဦးပြုတ်ကျသေဆုံး.....................



နေပြည်တော်  စက်တင်ဘာ  ၅

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက် ဝန်ထမ်းအိမ်ရာ တိုက်အမှတ် (၁၃၆၆) အခန်း(၂၆)တွင် နေထိုင်လျက်ရှိသော (---)ဌာန ရုံးအကူ   ယာဉ်မောင်းတာဝန်ထမ်းဆောင်နေသည့် နေလင်းအောင် (၃ဝ နှစ်)သည် စက်တင်ဘာ ၅ ရက် နံနက် ၆ နာရီခွဲခန့်၌  ဝန်ထမ်းအိမ်ရာ  လေးလွှာတိုက်၏  သုံးလွှာမြောက်အခန်း (၂၆)မှ   ပြုတ်ကျသေဆုံးကြောင်း သိရသည်။

အဆိုပါ   သေဆုံးမှုဖြစ်ပွားနေကြောင်း  အကြောင်းကြားသဖြင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူး  ဦးစောလင်းနှင့်  အမှတ်(၃) နယ်မြေရဲစခန်းမှူး ရဲအုပ်ထွန်းထွန်းဦးနှင့်အဖွဲ့တို့  လာရောက်စစ်ဆေး၍ လုပ်ထုံးလုပ်နည်းနှင့်အညီ    ခုတင် (၁ဝဝဝ)ဆေးရုံသို့ ပို့ဆောင်ပြီး အမှတ်(၃)နယ်မြေ ရဲစခန်း၏  သေမှုသေခင်း အမှတ် (၂/၂ဝ၁၃)အရ အမှုဖွင့်ဆက်လက် ဆောင်ရွက်နေကြောင်း  သိရသည်။  

ကျော်သူရ(နေပြည်တော်)

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း

Facebook ကြောင့် အိမ်ထောင်ကွဲမှု များလာ..................


To: lubo601@gmail.com


Facebook ကြောင့် အိမ်ထောင်ကွဲမှု များလာ 
=========================
အမေရိကန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်ရဲ့ စစ်တမ်းအရ အိမ်ထောင်ကွဲရခြင်းရဲ့  ၃ ပုံပုံ ၁ ပုံသော အကြောင်းအရင်းဟာ Facebook ကြောင့် ဖြစ်ကြောင်း သိရပါတယ်။ 

အဲဒါ ၂၀၁၁ ခုနှစ်တုန်းကပါ။ ၂၀၁၂ နဲ့ ၂၀၁၃ မှာ ပိုလို့တောင် တိုးပွားလာ ကြောင်း သိရပါတယ်။ ပတ်ဝန်းကျင်မှာလည်း ကိုယ်တွေ့ တွေ့မြင် ရပါတယ်။ မြန်မာပြည်မှာလည်း Facebook ကြောင့် ကွဲသွားတဲ့ အိမ်ထောင်ရှင်တွေကို တပ်အပ်မြင်ခဲ့ ရပါတယ်။ အမျိုးသမီး ဖြစ် သူဟာ နိုင်ငံခြားမှာ ရှိနေတဲ့ ငယ်ချစ်ဦးကို Facebook မှာ ပြန်တွေ့ရင်း အလွမ်းသည် ပြောဆိုနေမှုကို အမျိုးသားဖြစ်သူက တွေ့ ရှိခဲ့ပြီး ပြဿ နာ ရှာရာမှ တကယ်ကွဲသွားတဲ့ အတွဲ ရှိပါတယ်။ အိမ်ထောင်ကွဲသူ အမျိုးသားက တက္ကဆီဒရိုင်ဘာဖြစ်ပြီး သားသမီး ၂ ဦးနဲ့ ကျန်ခဲ့ပါတယ်။ 

ယင်းကဲ့သို့ အလားတူပဲ အခြားဖြစ်ရပ်တစ်ခုမှာ အမျိုးသားရဲ့  Facebook မှ တစ်ဆင့် အခြားအမျိုးသမီးတစ်ဦးနဲ့ ချစ်ခင်စုံမက်မှုကြောင့် အိမ်ထောင်ကွဲ တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။ ယင်းဖြစ်ရပ်မှာတော့ အမျိုးသမီးက နစ်နာပြီး သားသမီးနဲ့ ကျန်ခဲ့ပါတယ်။ ဒီလိုပါပဲ Facebook, G Talk တို့ကြောင့် ကွဲ သွားရတဲ့ အိမ်ထောင်တွေ အများကြီးပါတယ်။ ဒါဟာ မြန်မာပြည် မှာ ဖြစ်နေ တာတင် မဟုတ်ပဲ ကမ္ဘာမှာပါ အရေအတွက် အလုံးလိုက် အရင်းလိုက်ကို ဖြစ်နေခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ၂၁ ရာစုမှာ Facebook , Twitter အသုံးပြုမှုဟာ အိမ်ထောင်ရှင်အကြားမှာ အိမ်ထောင်ကွဲ စေရန် အကြောင်းပြချက် တစ်ခုပါ ဖြစ်လာကြောင်း သိရပါတယ်။ 

Aung Kham (International news for myanmar)
International news for myamamr

အမေရိကန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်ရဲ့ စစ်တမ်းအရ အိမ်ထောင်ကွဲရခြင်းရဲ့  ၃ ပုံပုံ ၁ ပုံသော အကြောင်းအရင်းဟာ Facebook ကြောင့် ဖြစ်ကြောင်း သိရပါတယ်။
အဲဒါ ၂၀၁၁ ခုနှစ်တုန်းကပါ။ ၂၀၁၂ နဲ့ ၂၀၁၃ မှာ ပိုလို့တောင် တိုးပွားလာ ကြောင်း သိရပါတယ်။ ပတ်ဝန်းကျင်မှာလည်း ကိုယ်တွေ့ တွေ့မြင် ရပါတယ်။ မြန်မာပြည်မှာလည်း Facebook ကြောင့် ကွဲသွားတဲ့ အိမ်ထောင်ရှင်တွေကို တပ်အပ်မြင်ခဲ့ ရပါတယ်။ အမျိုးသမီး ဖြစ် သူဟာ နိုင်ငံခြားမှာ ရှိနေတဲ့ ငယ်ချစ်ဦးကို Facebook မှာ ပြန်တွေ့ရင်း အလွမ်းသည် ပြောဆိုနေမှုကို အမျိုးသားဖြစ်သူက တွေ့ ရှိခဲ့ပြီး ပြဿ နာ ရှာရာမှ တကယ်ကွဲသွားတဲ့ အတွဲ ရှိပါတယ်။ အိမ်ထောင်ကွဲသူ အမျိုးသားက တက္ကဆီဒရိုင်ဘာဖြစ်ပြီး သားသမီး ၂ ဦးနဲ့ ကျန်ခဲ့ပါတယ်။

ယင်းကဲ့သို့ အလားတူပဲ အခြားဖြစ်ရပ်တစ်ခုမှာ အမျိုးသားရဲ့  Facebook မှ တစ်ဆင့် အခြားအမျိုးသမီးတစ်ဦးနဲ့ ချစ်ခင်စုံမက်မှုကြောင့် အိမ်ထောင်ကွဲ တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။ ယင်းဖြစ်ရပ်မှာတော့ အမျိုးသမီးက နစ်နာပြီး သားသမီးနဲ့ ကျန်ခဲ့ပါတယ်။ ဒီလိုပါပဲ Facebook, G Talk တို့ကြောင့် ကွဲ သွားရတဲ့ အိမ်ထောင်တွေ အများကြီးပါတယ်။ ဒါဟာ မြန်မာပြည် မှာ ဖြစ်နေ တာတင် မဟုတ်ပဲ ကမ္ဘာမှာပါ အရေအတွက် အလုံးလိုက် အရင်းလိုက်ကို ဖြစ်နေခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ၂၁ ရာစုမှာ Facebook , Twitter အသုံးပြုမှုဟာ အိမ်ထောင်ရှင်အကြားမှာ အိမ်ထောင်ကွဲ စေရန် အကြောင်းပြချက် တစ်ခုပါ ဖြစ်လာကြောင်း သိရပါတယ်။

Aung Kham (International news for myanmar)
International news for myamamr

မိုဘိုင်းဖုန်းထဲ အီလက်ထရွန်နစ်စနစ်နဲ့ ငွေဖြည့်နိုင်မယ် .......................................

Sunday, September 8, 2013

အော်ရီဒိုးမြန်မာက သူ့ရဲ့မိုဘိုင်းဖုန်းလိုင်းသုံးသူတွေဟာ အီလက်ထရွန်နစ်စနစ်နဲ့ ငွေဖြည့်နိုင်မယ် လို့  သြဂုတ်လ  ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။

လက်ရှိ မပုတု (MPT) တို့ရဲ့နည်းက ငါးထောင်တန်/တသောင်းတန် ငွေဖြည့်ကတ် ၀ယ်ပြီး ဂဏန်းသိရဖို့ ဖုံးထားတဲ့ခဲကိုခြစ်ထုတ်ပြီး တလုံးချင်းရိုက်ထည့်ရတဲ့နည်းလမ်းပါ။
တခါတရံ တမိနစ် နှစ်မိနစ်အတွင်း ကိစ္စပြတ်ပါတယ်။
တခါတရံတော့ စိတ်ကို ဆွဲဆန့်ပြီး လုပ်ဆောင်ပါမှ ကိစ္စပြတ်ပါတယ်။

အီလက်ထရွန်နစ်စနစ်နဲ့ ငွေထည့်နိုင်မယ် ဆိုတော့ ငွေဖြည့်ကတ်ကိုပဲ အားကိုးစရာ မလိုတော့ဘူးပေါ့။

အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ အီလက်ထရွန်နစ်စနစ်နဲ့ ငွေဖြည့်ကြတာ တွေ့ရမှာပါ။

၁။ 7-11 ကုန်စုံဆိုင်လေးတွေမှာ အနည်းဆုံး ဘတ်တရာဖိုး သို့မဟုတ် နှစ်ရာသုံးရာဖိုး ၀ယ်ဖြည့်ကြတယ်။ (ဘတ်တရာ = US$ 3 ခန့်)
ဒီလိုဆိုင်တွေက ထိုင်းတနိုင်ငံလုံး နေရာအနှံ့ ရှိပြီး ၂၄ နာရီ ဖွင့်တာကြောင့် ကြိုက်တဲ့အချိန်မှာ သွားဖြည့်နိုင်ပါတယ်။
ဆိုင်တွေလည်း အမြတ်ရ၊ ဖုန်း
ကုမ္ပဏီလည်း ၀င်ငွေရ၊ ဖုန်းသုံးသူများလည်း အဆင်ပြေစေတဲ့နည်းပါပဲ။
ရာဂဏန်းဖိုးသာမက ထောင်ဂဏန်းဖိုး ၀ယ်ထည့်လည်း ရပါလိမ့်မယ်။
ကောင်တာရှေ့တပ်ထားတဲ့ စက်ပိစိလေးမှာ ကိုယ့်ဖုန်းနံပတ်ကို နှိပ်၊ ပြီးရင် ဘယ်လောက်ဖိုးထည့်မယ်ဆိုတာ ဆိုင်ဝန်ထမ်းကို ပြောလိုက်ရုံပါပဲ။
ကောင်တာမှာ အဲဒီစက်နဲ့ ကွန်ပြူတာနဲ့က ကျောချင်းကပ်ပြီး ကြိုးနဲ့ချိတ်ဆက်ထားတာပါ။
ဆိုင်ဝန်ထမ်းက ကွန်ပြူတာမှာ ကလစ် တချက်နှစ်ချက်နှိပ်ပြီး အတည်ပြုလိုက်တာနဲ့ ငွေဖြည့်ခြင်းကိစ္စ ပြီးမြောက်ပါပြီ။
ပိုက်ဆံရှင်းပြီးတာနဲ့ ဘယ်လောက်ဖိုးဝယ်တယ် ဆိုတဲ့ ဘောက်ချာစာရွက်ပိစိလေး ပေးပါလိမ့်မယ်။
ဆိုင်ထဲက ထွက်တဲ့အချိန်/ဆိုင်တံခါးဝ ရောက်တဲ့အချိန်မှာပဲ ကိုယ့်ဖုန်းကို message ၀င်လာပါတယ်၊ လူကြီးမင်းရဲ့ဖုန်းထဲ ငွေ ဘယ်လောက် ၀င်သွားပြီ။ ငွေပမာဏ စုစုပေါင်း ဘယ်လောက် ရှိနေပါပြီ စသဖြင့်...။

ရန်ကုန်မှာ ခပ်စိတ်စိတ် တွေ့လာရတဲ့ 108 ဆိုင်တွေ၊ ABC ဆိုင်တွေမှာ ဒီစနစ် တပ်ဆင်ဖို့ ဖုန်းကုမ္ပဏီတွေ အခုကတည်းက စဉ်းစားနေပြီလို့ ယူဆရပါတယ်။

ရှေ့လာမယ့်နှစ်ထဲ အပြိုင်ကြဲကြမယ့် ဖုန်းကုမ္ပဏီ ၄ ခုအကြောင်း ဧရာဝတီဘလော့မှာ ဖော်ပြပြီးပါပြီ။

http://blog.irrawaddy.org/2013/08/blog-post_451.html မှာ ဖတ်နိုင်ပါတယ်။

၂။ မိုဘိုင်းဖုန်းဆိုင်တချို့မှာ ငွေပေးပြီး ဖြည့်တယ်။
ဒီနည်းက အထက်က နည်းလမ်းနဲ့ ဆင်တူပါတယ်။
သို့သော်လည်း ဒီဆိုင်တွေမှာ ကွန်ပြူတာစနစ်နဲ့ ဖြည့်တာ မဟုတ်ပါဘူး။
ဆိုင်မှာရှိတဲ့ လက်ကိုင်ဖုန်းထဲကို နံပတ်တွေ ရိုက်ထည့်ပြီး ငွေဖြည့်ပေးတာ တွေ့ရပါတယ်။
အထက်ကအတိုင်းပဲ ဆိုင်ထဲက ထွက်တဲ့အချိန်/ဆိုင်တံခါးဝ ရောက်တဲ့အချိန်မှာ ငွေလက်ခံရရှိကြောင်း ကိုယ့်ဖုန်းထဲ message ၀င်လာပါလိမ့်မယ်။
ကိုယ်က တယောက်ယောက်အတွက် ငွေဖြည့်ပေးရင်လည်း

အထက်က နည်းလမ်း ၂ ခု ကျင့်သုံးဖို့ ဆိုရင် ဖုန်းကုမဏီ နဲ့ ဆိုင်လေးတွေချည်းပဲ အချိတ်အဆက်လုပ် သဘောတူဖို့တင်မက ဘဏ်တွေနဲ့ပါ ချိတ်ဆက်ဖို့ လိုပါမယ်။

၃။ လမ်းဘေးဖုန်းနဲ့ ဆင်တူတဲ့ စက်လေးထဲ ငွေထည့်ပြီး ဖြည့်တယ်။
စက်အရွယ်အစားက လမ်းဘေးဖုန်းသေတ္တာအရွယ်ပါ။ တခါမှတော့ မသုံးဖူးပါဘူး။
ကိုယ့်နံပတ် ရိုက်ထည့်၊ စက်ထဲကို ထိုင်းနိုင်ငံသုံးငွေကို ထည့်ပြီး ငွေဖြည့်တဲ့စနစ် ဖြစ်ဖွယ်ရှိပါတယ်။
ကလေးတွေ၊ ဆယ်ကျော်သက်တွေကအစ သုံးလေ့ရှိပါတယ်။
ငွေပမာဏနည်းနည်းပဲဖြည့်လည်း ရပါလိမ့်မယ်။

ရှေ့နှစ်ထဲ မြန်မာပြည်မှာ ဒီစနစ် ကျင့်သုံးမယ်လို့ မထင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မြန်မာတွေက စက်နဲ့ ဈေးဝယ်တာ အတွေ့အကြုံ မရှိသေးလို့ပါ။
မြန်မာပြည်မှာ အကြွေစေ့ မရှိဘူး၊ ပြီးတော့ ငွေစက္ကူတွေကလည်း အရွယ်အစားစုံလင်လွန်းပါတယ်။
ဖုန်းကုမဏီတွေက ဒီအချက်တွေကို ထည့်တွက်မယ်လို့ ယူဆရပါတယ်။

၎။ ဖုန်းသုံးသူ မိတ်ဆွေအချင်းချင်း ဖြည့်ပေးတယ်။
ကိုယ့်ဖုန်းမှာ ငွေပမာဏ နည်းနေပြီ သို့မဟုတ် ကုန်သွားပြီ ဆိုရင် သူငယ်ချင်းတယောက်ရဲ့ ဖုန်းထဲကနေ ချေးယူလို့ ရပါတယ်။
ကိုယ်က လှမ်းယူလို့ မရပါဘူး။
ရှိတဲ့သူက ပေးမှ ဝင်လာမှာပါ။
အပြင်ထွက်ပြီး ဖုန်းငွေဖြည့်ဖို့ အခြေအနေ မပေးဘူး ဆိုရင် ဒီနည်းက အတော်လေး အသုံးတည့်ပါလိမ့်မယ်။ တခြားမြို့တမြို့ကို ရောက်နေတဲ့သူက လှမ်းပြီး အကူအညီပေးတာမျိုးလည်း ရှိပါတယ်။ ထိုင်းမှာက မြန်မာပြည်သားတွေ ပြန့်ကျဲနေတာ မဟုတ်လား။
ဒီနည်းအတွက် ဆိုရင် သူနဲ့ကိုယ်နဲ့ ဆင်မ်ကတ် အမျိုးအစား
တူမှ ဖြစ်ပါလိမ့်မယ်။ ဥပမာ - သူက အော်ရီဒူးသုံးပြီး ကိုယ်က တယ်လီနော သုံးတယ်ဆိုရင်လည်း အပေးအယူ လုပ်လို့ မဖြစ်ပါ။

ဒီအတွက် ဝန်ဆောင်တဲ့အတွက် ဝန်ဆောင်ခ ယူတဲ့
ကုမ္ပဏီလည်း ရှိပါတယ်။ ကုမ္ပဏီတွေက ၂ ခါ မြတ်တယ်လို့ ဆိုနိုင်ပါတယ်။

အွန်လိုင်းကနေ ငွေဖြည့်လို့ ရမလား
အွန်လိုင်းကနေ ငွေဖြည့်ဖို့ ဆိုရင် ကိုယ့်ရဲ့ အမည်၊ ဘဏ်ကတ်နံပတ်၊ မိုဘိုင်းဖုန်းနံပတ်တို့ လိုပါလိမ့်မယ်။
ထိုင်းမှာ အင်တာနက်ကနေ ငွေဖြည့်လို့ ရ မရ မစုံစမ်းကြည့်ရသေးပါဘူး။
အခု အင်တာနက်သုံးနေပေမယ့် လိုက်ရှာမကြည့်တော့ပါဘူး။ ရှာကြည့်နေရင် ဟိုဟာဖတ်မိ ဒီဟာဖတ်မိနဲ့ ဒီစာကို ဒီနေ့ တင်ဖို့ အခက်အခဲ ရှိလာနိုင်ပါတယ်း)
ပြီးတော့ ... မီးနဲ့နက်က ရန်ကုန်မှာ သိပ်ပြီး အစိုးမရပါ။

  • နိဂုံး
အော်ရီဒူးမြန်မာက သူ့ရဲ့မိုဘိုင်းဖုန်းလိုင်းသုံးသူတွေဟာ အီလက်ထရွန်နစ်စနစ်နဲ့ ငွေဖြည့်နိုင်မယ် လို့  သြဂုတ် ၁၆ ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။

အထက်ဖော်ပြပါ စနစ် လေးမျိုးကို လာမယ့်နှစ် မြန်မာပြည်အတွင်း ကျင့်သုံးဖို့ ဆိုတာက အော်ရီဒိုးမြန်မာအတွက် အခက်အခဲ ရှိပုံ မရပါဘူး။ တခြားနိုင်ငံတွေမှာ အော်ရီဒိုးက အကျင့်ရနေပြီ လို့ ယူဆရပါတယ်။
အခက်အခဲကတော့ အင်တာနက် နဲ့ လျှပ်စစ်မီးပဲ ဖြစ်ပါလိမ့်မယ်။
နက်နဲ့မီး အခြေအနေ ဒီထက်ပိုပြီး တိုးတက်မယ်ဆိုရင်တော့  မိုဘိုင်းဖုန်းသုံးသူတွေ အီလက်ထရွန်နစ်စနစ်နဲ့ ငွေထည့်နိုင်မှာ ဖြစ်ပါတယ်။
အဲဒီလို ထည့်နိုင်ပြီ ဆိုရင် ခဲခြစ်ပြီး ငွေဖြည့်ရတဲ့အလုပ်ကို ကျနော်တို့ လုပ်စရာ မလိုတော့ဘူးပေါ့။
ခဲမှုန်တွေက ကျနော်တို့ရဲ့ ကျန်းမာရေးကို  ဒုက္ခ လှလှပပ ပေးနိုင်တာကြောင့် အီလက်ထရွန်နစ်စနစ်နဲ့ ငွေထည့်နိုင်မယ့်ကာလ မြန်မြန် ရောက်လာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။


ဆက်စပ် -

နော်ဝေမှ Telenor နှင့် ကာတာမှ Ooredoo တို့ မြန်မာ့ဆက်သွယ်ရေး တင်ဒါ အနိုင်ရရှိ
http://burma.irrawaddy.org/archives/43196
ဆင်ကတ် အခမဲ့ပေးခြင်း
http://blog.irrawaddy.org/2012/07/blog-post_3331.html



Internet လိုင်းမလို..ဖုန်းလိုင်းမလို Wifi Network မိရုံနဲ့ဖုန်းပြော Message ပို့လို့ရမယ့် APK လေးပါ ..............

  မင်္ဂလာပါ ကျွန်တော် Myanmar IT Helper ပါခင်မျ..
အခုကျွန်တော်တင်ပေးမှာကတော့ wifi talkie ဆိုတဲ့ Android apk လေးပါ။သူကဘယ်လို အသုံးဝင်လဲပြောရရင်  Zapya apk နဲ. ပုံစံတူပါတယ် ဒါပေမဲ့ သူက ဖိုင်တစ်ခုနဲ.တစ်ခု လွှဲပြောင်းတဲ့နေရာမှာ သုံးတာမဟုတ်ပါဘူး ဖုန်းပြောလို.ရမယ် မက်ဆေ့ ပို.လို.ရမယ်ဗျာ စာသင်ခန်းထဲမှာ ဖြစ်ဖြစ် အလုပ်ထဲမှာဖြစ်ဖြစ် နီးနီးလေးနဲ. မက်ဆေ့ပို.နေရတဲ့ ကြူကြူစိန် ကိုကို မမ များအတွက် အသုံးဝင်ပါလိမ့်မယ် ဖုန်းဘေလ်မကုန်ပါဘူးအင်တာနက်မကုန်ပါဘူး (ကျွန်တော်ကြော်ငြာပေးတာပါ)
ဒါလေးကိုတော့ MMUG က ကိုမင်းမင်းဆီက မလာတာပါ။ပွားတာများသွားပြီထင်တယ်နော် ....ကဲစလိုက်ကြရအောင်

အသုံးပြုပုံအဆင့်ဆင့်ကို တက်နိုင်သလောက်နားလည်အောင်ပြောပြပေးပါမယ် လိုအပ်ချက်များရှိခဲ့ရင်လဲခွင့်လွှတ်ပေးကြဖို.ကြိုပြောထားပါရစေ နော်....

ဒီ apk လေးကို အသုံးပြုမဲ့ဖုန်းထဲကို အောက်မှာပေးထားတဲ့လင့်ကနေ ဒေါင်းပြီးအင်စတောလုပ်လိုက်ပါ ဆက်သွယ်ဖို.အတွက် ဖုန်းရဲ. setting>>portable Wlan hotspot ကိုအမှန်ခြစ်ပေးလိုက်ပါ။ရှင်းအောင်ပြောရရင်တော့ wifi ထောင်လိုက်ပေါ့ဗျာ မသိတဲ့လူတွေအတွက်သေချာရှင်းပြတာပါ။
အဲ့ဒီကမသွားခြင်ရင်လဲ အောက်က ပုံလေးအတိုင်းသွားလိုက်ပါ 


                                   wi-fi hotspot ဆိုတဲ့နေရာကနေသွားလို.ရပါတယ်
ပြီးသွားရင်တော့သူ.ကိုသွားချိတ်မဲ့ ဖုန်းကနေ Wlan ဖွင့်ပြီးရှာကြည်.လိုက်ပါ ဒီအဆင့်ကိုတော့လူတိုင်းလုပ်တက်မယ်လို.ထင်ပါတယ် ဘာ့ကြောင့်လဲဆိုတော့ coffee ဆိုင်တွေမှာ အင်တာနက်သုံးသလို သူထောင်ထားတာကို ၀င်ချိတ်ယုံပဲ.....password ခံထားရင်တော့ထည်.ပေးပေါ့

ကဲ့ဒါဆိုရင်တော့ အိုကေသွားပြီ နော် ဖုန်းနှစ်လုံး network ချိတ်ပြီးသွားပြီ......ဒီနေရာမှာပြောချင်တာက ဖုန်းနှစ်လုံးအတွက်ပဲရှင်းပြလို. နှစ်လုံးပဲသုံးလို.ရတာမဟုတ်ဘူးနော် 8 ယောက်လောက်အထိရှယ်သုံးလို.ရတယ်.... ပြီးတာနဲ.ဆော့ဝဲလ်လေး ဖွင့်လိုက်ဗျာ အောက်က ပုံလေးလိုဖုန်းအမျိုးအစားအလိုက်ပေါ်နေလိမ့်မယ်


အမျိုးအစားတွေတူနေလို.ရောကုန်မှာကြောက်ရင်လဲ အောက်မှာပြထားသလို setting ထဲမှာ နာမည်ပြန်ပြင်လိုက်ပေါ့

အားလုံးပြီးသွားရင်တော့ မက်ဆေ့လဲပို.လို.ရပါပြီ ကိုပို.ချင်တဲ့ ဖုန်းကို ထောက်ပြီး မက်ဆေ့ပို.ရုံပဲဗျာ 


မက်ဆေ့ပို.လို.အားမရရင် ဖုန်းပါပြောလို.ရတယ် ဗျာ ခေါ်ချင်တဲ့ ဖုန်းမှာဖိလိုက် call ဆိုတာလေးကိုနှိပ်လိုက် ဖုန်းခေါ်နေလိမ့်မယ် 

ခေါ်ထားပြီး ဖုန်းဝင်လာရင်တောင် ၀ိုင်ဖိုင်က ဆက်အလုပ်လုပ်နေတဲ့အတွက် ဖုန်းမကျသွားဘူးဗျာ လိုင်းအားကောင်းရင် သူဘယ်သူနဲ.ဖုန်းပြောနေလဲဆိုတာပါနားထောင်လို.ရသေးတယ် ဘယ်လောက်အဆင်ပြေမလဲ ဒီလောက်ဆိုရင်တော့ အဆင်ပြေပြေသုံးတက်သွားလောက်ပြီထင်တယ် အသံလဲ ကြည်လင်ပြတ်သားပါတယ် ....လိုချင်လာပြီဆိုရင်တော့အောက်ကပေးထားတဲ့လင့်မှာဒေါင်းယူနိုင်ပါတယ်။
(ထပ်ပြောမယ်နော် mpt ကိုလဲ လုပ်ကျွေးစရာမလိုဘူး အင်တာနက်လိုင်းလဲမကုန်ဘူး ချစ်သူနဲ.လဲအဆက်အသွယ်မပျက် ဘက်ထရီမကုန်မခြင်းသာကြူကြတောဗျာ) :)
Myanmar IT Helper
                       www.mmithelper.com


Download => Dropbox / Solidfiles

ညစ်ညမ်းစာပေ ညစ်ညမ်းရုပ်ရှင်တို့ရဲ့ သြဇာ

တစ်နေ့က ပန်းဆိုးတန်းစာအုပ်တန်းဆီရောက်တော့
လမ်းဘေးမှာ ဟိုစာအုပ်လေးတွေ ပေါ်တင်ချရောင်းနေတာတွေ့တဲ့အခါ
မျက်လုံးတောင် ပြူးသွားမိပါတယ်။

အဖုံးဗြောင် အရောင်တစ်ခုခုပါကဒ်ထူလေးနဲ့ ဖုံးထားတဲ့ သီချင်းစာအုပ်အရွယ် စာအုပ်လေးတွေ။ ဘူးသီးနုနုမခူးရ ... တို့၊ ဖေဖေကြီးညာတယ် ... တို့။
ဒီလောက်ပြောရင် ဘယ်လိုစာအုပ်တွေမှန်း ရိပ်မိလောက်ပါပြီ။

ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့လည်း ငယ်တုန်းမိုက်တုန်းကတော့ အဲဒါတွေနဲ့ မကင်းခဲ့ပါ။ နေတာက စိန်ပေါလ်ဆိုတဲ့ ယောက်ျားလေးကျောင်း။ အိမ်သာထဲသွားလိုက်ရင် အဲဒီစာအုပ်တွေက တစ်အုပ်မဟုတ်တစ်အုပ် တံခါးဘောက်မှာ အိမ်သာပြတင်းကြားမှာ ထိုးထားတာ အသင့်။ ခုလို အရွယ်ရောက်လာတော့ အဲဒီလို စာအုပ်တွေရဲ့ ဆိုးကျိုးကို ဆင်ခြင်မိလာတယ်။

မိန်းကလေးတွေကို အရမ်းလိင်စိတ်ကြွနေတဲ့ပမာ မှားယွင်းစွာသရုပ်ဖော်ထားတာ။
လူ့စည်းကမ်း၊ လူ့ကျင့်ဝတ်တွေကို ချိုးဖောက်ခြင်းကိုပဲ မြိန်ရည်ရှက်ရေ ဖော်ပြထားတာ။

ဒါတွေတင်မက နောက်ပိုင်းမှာ ပေါများလာတဲ့ ညစ်ညမ်းဇာတ်ကားတွေအကြောင်းပါ ဆင်ခြင်လာမိတယ်။ ကျနော်တို့ခေတ်တုန်းက အဲဒီလို ဇာတ်ကားမျိုးပါးရှားသေးပေမယ့် ခုခေတ်ကလေးတွေအတွက်တော့ အင်တာနက်ကွန်ယက်ကြီးထဲမှာ အဲဒီလိုဇာတ်ကားတွေဆိုတာ မကြည့်ချင် မမြင်ချင်မှ အဆုံးပါပဲ။

ပုထုဇဉ်တစ်ယောက်မို့ ဒါတွေကို မကောင်းဘူး၊ စက်ဆုပ်ဖွယ်ရာတွေဆိုပြီး သူတော်ကောင်းယောင်ဆောင်မပြချင်ပါ။ အခု စာစုမှာ ကျနော်ဆင်ခြင်ပြချင်တာက အဲဒီလို ညစ်ညမ်းဇာတ်ကား ညစ်ညမ်းစာပေတွေရဲ့ အကျိုးသက်ရောက်နိုင်မှုတွေအကြောင်း။

ရုပ်ရှင်တစ်ကားကို ကြည့်တဲ့အခါပဲဖြစ်ဖြစ် ၀တ္ထုတစ်အုပ်ဖတ်တဲ့အခါဖြစ်ဖြစ်
အဲဒီထဲက ဇာတ်ကောင်နေရာမှာ ပရိသတ်ဟာ ထပ်တူဝ်ခံစားပျော်ဝင်သွားတတ်ပါတယ်။
ဒီလိုဇာတ်ကားထဲက ဇာတ်ကောင်ရဲ့ ကိုယ်ရည်ကိုယ်သွေးမျိုး ကိုယ့်မှာ ပူးကပ်ငြိတွယ်သွားတဲ့အခါ ဘယ်လိုဖြစ်မလဲဆိုတာ တွေးကြည့်ပါ။

နောက်တစ်ခုက အဲဒီလိုဇာတ်ကားပါ ဇာတ်ကောင်တွေဟာ ကိုယ့်အသိုင်းအ၀ိုင်း ကိုယ့်မိတ်ဆွေတွေလို ဖြစ်သွားတတ်ပါတယ်။ လူဆိုတာ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ... တဲ့။ ဒီလို အကျင့်ပျက်နေတဲ့ လိင်စိတ်ကြွလွန်းနေသူတွေနဲ့ စိတ်ချင်းနီးစပ်သွားရင် ကိုယ်စိတ်တွေ ဘယ်လိုဖြစ်သွားမှာပါလဲ။

ဒါပေမဲ့ ကျနော်အထက်မှာ ရေးပြခဲ့သလိုပါပဲ။ ဒီစာကို သူတော်ကောင်းယောင်ဆောင်ပြဖို့ ရေးတာ မဟုတ်ပါ။
လူ့အဖွဲ့အစည်းတစ်ခုမှာ ဒါတွေတော့ ရှိမှာပါပဲ။

ဒါပေမဲ့ ဘ၀တိုးတက်လိုသူတွေ ကိုယ့်ကိုယ်ကို မြင့်မြတ်တဲ့လူတစ်ယောက်ဖြစ်အောင် တည်ဆောက်လိုသူတွေအဖို့တော့ ဒီလိုဇာတ်ကားတွေဟာ ကြီးစွာ အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း အမှတ်ရဖို့ပါ။

မြင့်မြတ်တဲ့လူဖြစ်ရေးအထိ မဆိုထားနဲ့ဦး။ ဘ၀တိုးတက်ရေးအတွက် ဦးတည်လျှောက်လှမ်းချင်နေသူတွေအတွက်တောင် ဒီလို ဇာတ်ကားတွေ၊ ၀တ္ထုတွေက အဟန့်အတားဖြစ်စေတယ်။ ဘာလို့ဆို အဲဒီထဲက ဇာတ်ကောင်တွေဟာ စိတ်မခိုင်သူတွေ၊ တဒင်္ဂစိတ်လှုပ်ရှားမှုနောက် လိုက်တတ်သူတွေ ဖြစ်နေလို့ပါပဲ။

လူတစ်ယောက်အောင်မြင်ဖို့ဆိုရင် ကိုယ့်အိပ်မက်တွေ တကယ်ဖြစ်ဖို့ဆိုရင်
စိတ်ခိုင်မြဲဖို့ တဒင်္ဂစိတ်လှုပ်ရှားမှုနောက် မလိုက်ဖို့ မဖြစ်မနေလိုအပ်ပါတယ်ခင်ဗျား။

Facebook ကို အလန်းဆုံး၊အမြန်ဆုံး၊နှင့် Function အစုံဆုံးသုံးနိုင်မယ့် Fast Pro V.2.1 apk ...........


အရင်တစ်ခါ တင်ပေးဖူးတဲ့ အလန်းဆုံးသုံးလို့ရတဲ့ Fast Facebook Beta Version လေး ကို ဒီနေရာမှာ တင်ပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် မြန်နှုန်းမှာ အခု Pro ဗားရှင်းလောက် မမြန်ပါဘူး။
 အခုကတော့ Facebook က function တွေကို အစုံအလင်သုံးနိုင်ပြီး  အလန်းဆုံး၊ အမြန်ဆုံးနှင့်သုံးနိုင်တဲ့ Fast Pro V.2.1apk လေးကို ရှာဖွေတင်ဆက်လိုက်ပါတယ်။ဓါတ်ပုံတွေကို အလျင်မြန်ဆုံး ဖော်ပြပြီး ပိုစ့်များစွာကို လည်းလျင်မြန်စွာဖော်ပြနိုင်ပါတယ်။အရမ်းကိုမြန်ပါတယ်။ကျနော်တို့ရဲ့ မြန်မာပြည်က ကွန်နက်ရှင်နှင့်တော့ အကိုက်ပေါ့။သူလုပ်ဆောင်နိုင်တာတွေကတော့ 
မယုံနိုင်စရာ ပါပဲ။ 1.facebook account ငါးခု တောင် တစ်ပြိုင်နက်ထဲသုံးနိုင်ပါတယ်။
 
2.Facebook က Function ကို အစုံသုံးနိုင်ပါတယ်။Function တစ်ခုကို  သုံးမယ် ဆိုတိုင်း 
ပထမဆုံးအကြိမ်မှာ Skip လား Ok လားမေးရင် Ok တွေကို သာ နှိပ်သွားလိုက်ပါ။နောက်ဆို
မပေးတော့ပါဘူး။တစ်ခါထဲပါ။ 
 
  
 3.Setting ထဲကိုဝင်ပြီး ရင် background တွေကိုစိတ်ကြိုက်ပြောင်းလဲနိုင်ပါတယ်။အလန်းဆုံးကို 
ရွေးသုံးလို့ရပါတယ်။ 

 
4.Fast Themes ကိုဝင်လိုက်ရင် Background တွေကိုစိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်ပါတယ်။ 
 
4.Facebook ကသူငယ်ချင်းတွေနှင့်လည်း Chat လို့ရပြီနော်။အရင်ကမရလို့ ပြန်ဖြုတ်လိုက်တဲ့ အစ်ကိုရေ 
ဒီတစ်ခါတော့ အမှန်ကန် chat လို့ရပါပြီ။
 
5.Page Manager မလိုပဲ ကိုယ့်ရဲ့ page တွေကနေ ပို့စ်တွေတင်နိုင်ပါတယ်။
 
6.Facebook ဓါတ်ပုံတွေကိုလည်း အလွယ်တစ်ကူ သိမ်းနိုင်ပါတယ်။Facebook save app မလိုပါဘူး။ဓါတ်ပုံပေါ်ကို နှိပ်လိုက်ပါ။ပြီးရင် ညာဘက်အပေါ်ဒေါင့်က Save icon လေးကို 
နှိပ်ပြီး တစ်ခါတည်း Save နိုင်ပါတယ်။
 
7.တခြား Facebook ပေါ်က Function တွေဖြစ်တဲ့ Status like လုပ်နိုင်ခြင်း၊ Comment ပေးနိုင်ခြင်း၊ဓါတ်ပုံတွေကို Tag လုပ်နိုင်ခြင်း၊ဗွီဒီယိုတွေကိုတောင် တင်နိုင်ခြင်းနှင့် အခြား Function 
တွေကို တော့ ကလိကြည့်လိုက်ကြပါတော့။ဒီတစ်ခါတော့ အမှန်တကယ် အဆင်ပြေပါပြီ။
ပို့စ်တွေကို Next icon လေးကိုနှိပ်ပြ၊ိး တစ်ခုပြိးတစ်ခု ကျော်ကြည့်နိုင်ခြင်း၊ Loading မြန်ခြင်းတွေလည်းပါ တယ်နော်။

 


 

Download လုပ်နည်းများမသိပါက ဒီမှာဖတ်ပေးပါ...အဆင်ပြေတယ်..ကျေးဇူးတင်တယ်ဆိုရင် ညာဘက်အခြမ်းနဲ့ အပေါ်ဆုံးမှာထည့်ထားသော ကြော်ငြာများကိုပြန်ခါနီး တစ်ချက်လောက် Click ပေးသွားကြပါလို့...ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေခင်မျာ :) :)