This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, June 10, 2013

လပွတ္တာမြို့ရှိ နှလုံးသား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ ကျောင်းများတွင် ခြင်ဆေးဖျန်းခြင်း


++++++++++++++++++++++++++
လပွတ္တာမြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် မူလတန်းကျောင်း၊ အထက်တန်းကျောင်းများတွင် ကျောင်းသား/သူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် နှလုံးသား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို (9-6-2013)တနင်္ဂနွေနေ့တွင် ဆောင်ရွက်ခဲ့ပါတယ်။

၃/၆/၂၀၁၃ ညနေပိုင်းက မလေးရှားမှာ မြန်မာလူမျိုး တစ်ဦး အသတ်ခံရတဲ့ ဓါတ်ပုံ

၃/၆/၂၀၁၃ ညနေပိုင်းက မလေးရှား နိုင်ငံ ကင်မရွန်းဟိုက်လန်းမှနေ ဆလာရန်းဈေးသို့ ဟင်းသီးဟင်းရွက် လာယူသော မြန်မာလူမျိုး အလုပ်သမားတစ်ဦးကို ကုန်တင်ကုန်ချ ပြုလုပ်နေစဉ် အလစ်ဝင်ပြီး ရက်ရက်စက်စက် ဓါးဖြင့် ၀င်ခုတ်သွားတာပါခင်ဗျာ။ ၃/၆/၂၀၁၃ ညနေပိုင်းက အသက်ခံခဲ့ရတဲ့ဓါတ်ပုံ
Share thttp://www.myanmarnewsnow.org/2013/06/blog-post_9339.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+myanmarnewsnow%2FLNje+%28Myanmar+News+Now%29

အကြမ်းဖက်မှုများ ဆက်ဖြစ်နေပါက မလေးရှားသို့ လုပ်သားစေလွှတ်မှု ရပ်ဆိုင်းမည်ဟု အလုပ်သမားဒုဝန်ကြီးပြော



မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပါက
မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုများ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း အလုပ်သမားရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အကြမ်းဖက်မှုများ ခံနေရပြီး ဇွန် ၅ ရက်ထိ မြန်မာနိုင်ငံသား လေးဦး သေဆုံးပြီး ငါးဦးဒဏ်ရာရရှိကာ ၁၀၀၀ ကျော် ဖမ်းဆီးခံထားရ ကြောင်း သတင်းရရှိသည်။

“မလေးရှားမှာ ဆက်ပြီးတော့ ပြဿနာတွေထပ်ဖြစ်နေရင်တော့ အလုပ်သမားစေလွှတ်မှုတွေကို ရပ်ဆိုင်းထားမှာပါ”ဟု အလုပ်သမားရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသော မြန်မာနိုင်ငံသားများ သတ်ဖြတ်ခံရမှုနှင့် ဖမ်းဆီးခံရမှုများကို မလေးရှားရှိ မြန်မာသံရုံးက စီစဉ်ဆောင်ရွက်နေကြောင်း ဒုဝန်ကြီးဦးမြင့်သိန်းက ဆက်လက်ပြောသည်။

မေ ၃၀ ရက်မှ ဇွန် ၄ ရက်အ ထိ ဆလန်းဂါးပြည်နယ် အချို့နေရာနှင့် ကွာလာလမ်ပူမြို့တို့တွင် မြန်မာ နိုင်ငံသားများနှင့် မလေးရှားဒေသခံများသည် အနည်းဆုံးခုနစ်ကြိမ် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။ တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံ သားလေးဦးသေဆုံးပြီး ခုနစ်ဦးဒဏ် ရာရရှိခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ခိုက်ရန်ဖြစ်ပွားသည့် ဆာလာရမ်းမြို့နယ်တွင် မလေးရှားရဲတပ်ဖွဲ့က တရားမ၀င် ၀င်ရောက်နေထိုင်
သူများကို ရှာဖွေစစ်ဆေးနေသော်လည်း တရားခံနှင့် သံသယဖြစ်ဖွယ်ရှိသူများထက် မြန်မာများကိုသာ သဲသဲမဲမဲ ဖမ်းဆီးနေသည်ဟု ယူဆရသောကြောင့် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံသားအများစုမှာ
ကြောက်လန့်စိုးရိမ်နေကြကြောင်း၊ အလုပ်ခွင်ဝင်ရန်ပင် ထိတ်လန့်နေ ပြီဖြစ်ကြောင်း ပိနန်နာရေးကူညီမှုအသင်းမှ ဦးခင်မောင်ဝင်းက ပြောသည်။

မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသားဦးရေ ၅၀၀၀၀၀ ၀န်းကျင်ခန့်ရှိပြီး တရားဝင်နေထိုင် သူ ၂၀၀၀၀၀ ၀န်းကျင်၊ တရားမ၀င် နေထိုင်သူ ၂၀၀၀၀၀ ၀န်းကျင်နှင့် နိုင်ငံရေးခိုလှုံသူလူဦးရေ ၁၀၀၀၀၀ ၀န်းကျင်ခန့်ရှိကြောင်း သတင်းရရှိသည်။

ဇွန်လ ၅ ရက်ကလည်း မလေး ရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးတင်လတ်က မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် မလေးရှားနိုင်ငံ ရဲချုပ်တို့ထံ သွားရောက်တွေ့ဆုံကာ မြန်မာနိုင်ငံသားများ အကြမ်းဖက် ခံရမှုတွင် ပါဝင်ကူညီဖော်ထုတ်ပေးရန် ပြောကြားထားသည်။

အဆိုပါ မြန်မာနိုင်ငံသားများ အသတ်ခံရမှုနှင့် ဖမ်းဆီးခံရမှုများ ကြောင့် ဇွန် ၆ ရက်တွင် မလေးရှားရောက် မြန်မာအဖွဲ့အစည်းများဖြစ်ကြသော ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့၊ NLD YOUTH (LA) Malaysia GSC အထွေထွေ သပိတ်ကော်မတီနှင့် KEPONG နာရေးကူညီမှုအသင်းတို့မှ ခေါင်းဆောင် ငါးဦးက လက်ရှိဖြစ်ပေါ်နေသော ကိစ္စများကြောင့် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

ဇွန် ၇ ရက်တွင်လည်း မလေးရှား နိုင်ငံရောက် မြန်မာများကို ဆက်လက်ဖမ်းဆီးမှုများပြုလုပ်နေ ကြောင်း ခပ်ပွန်းနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောကြားသည်။

မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများ အနက်အထောက်အထား စာရွက်မရှိသည့်သူများကို ဖမ်းဆီးမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးတင်လတ်ကပြောသည်။

“အထောက်အထားမရှိတဲ့ သူတွေကို ဖမ်းတယ်။ ပတ်စပို့မိတ္တူရှိ ရင်တောင် မြန်မာနိုင်ငံကို ပြန်ခွင့်ပေးမှာပါ။ အဲလို မြန်မာနိုင်ငံကို ပြန် ပို့ပေးတာ ၁၂၀၀၀ လောက်ရှိပါပြီ”ဟု ဦးတင်လတ်က ပြောသည်။

ပထမဆုံး ချစ်ကြည်ရေး မြန်မာ့ရေတပ် သဘောင်္ စစ်တကောင်း ဆိပ်ကမ်းသို့ ရောက်ရှိ

နိရဉ္စရာ

လေးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် အနေဖြင့် မြန်မာ့ စစ်သင်္ဘော UMS မဟာ သီဟသူရ စစ်သင်္ဘောသည် ယမန်နေ့က စစ်တကောင်း ဆိပ်ကမ်းသို့ ရောက်ရှိ လာသည်ဟု ဘင်္ဂလာဒေခ်ျ့ အစိုးရက သတင်း ထုတ်ပြန်သည်။

သဘောင်္တွင် မြန်မာ အရာရှိ ၁၅ ဦး အပါအ၀င် သင်္ဘောသား ၁၂၁ ဦး လိုက်ပါ လာသည်ဟု သိရသည်။

ဘင်္ဂလာဒေခ်ျ့ ရေတပ်၏ ဖိတ်ကြားချက်အရ မြန်မာ ရေတပ် သဘောင်္သည် ဘင်္ဂလာဒေခ်ျ့သို့ လာလည်ခြင်း ဖြစ်ပြီး ယခု ပြုလုပ်သော မြန်မာ ရေတပ် သဘောင်္၏ ချစ်ကြည် ခရီးစဉ်သည် နှစ်နိုင်ငံ အကြား ပထမဆုံး အကြိမ် ဖြစ်သည်ဟု ဆိုသည်။

မြန်မာ စစ်သင်္ဘောအား စစ်တကောင်း ရေတပ် စစ်ဌာနချုပ် ရေတပ် ဦးစီးမှူး ကပ္ပတိန် Gloam Sadek က ကြိုဆိုလက်ခံခဲ့သည်ဟု ဆိုသည်။

မန်မာ ရေတပ် သင်္ဘော၏ လေးရက်ကြာ ခရီးစဉ် အတွင်း မြန်မာ ရေတပ် သင်္ဘောသာများ အနေဖြင့် ဘင်္ဂလာဒေခ်ျ့ ရေတပ် သဘောင်္ အများအပြားသို့ သွားရောက် လည်ပတ်ကြမည် ဖြစ်သလို ချစ်ကြည်ရေး အားကစားပြိုင်ပွဲများနှင့် ယဉ်ကျေးမူ ဖလှယ်ရေး အစီအစဉ်များကိုလည်း ပြုလုပ်ကြမည်ဟု သိရသည်။

UMS မဟာသီဟသူရ စစ်သင်္ဘောသည် ဇွန်လ ၁၁ ရက်နေ့တွင် စစ်တကောင်းဆိပ်ကမ်းမှ မြန်မာသို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။

ခရီးသည်တင်မှန်လုံယာဉ် ရာဇာမင်းအထူးကား ဓါးမြတိုက်ခံရ =================== ဇွန် ၉၊ ၂၀၁၃

ခရီးသည်တင်မှန်လုံယာဉ်အား ဓါးပြတိုက်
====================================
နေပြည်တော်၊ ဇွန် ၉၈-၆-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် မွန်ပြည်နယ်၊

ကျိုက္ခမီမှရန်ကုန်သို့ ထွက်ခွာလာသော ၈ဇ/xxxx““ရာဇာမင်း””ခရီးသည်တင်မှန်လုံယာဉ်သည် သထုံမြို့နယ်၊
တောင်စွန်း ကျေးရွာအနီး၊ ဘုရားကုန်းကွေ့အရောက်၌ ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာသည့် ခရီးသည် များအနက် သေနတ်အတိုကိုင်ဆောင်ထားသူ ၅ ဦးက ယာဉ်အားအနီးရှိ မြေသားလမ်းအတိုင်း တောတွင်းသို့ မောင်းနှင်ခေါ်ဆောင်သွားခဲ့သည်။
ိုသို့ခေါ်ဆောင်သွားကြောင်း သတင်းရလျှင်ရခြင်း သထုံခရိုင်ရဲတပ်ဖွဲ့မှူး၊
သထုံမြို့နယ် ရဲတပ်ဖွဲ့မှူးတို့ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှတပ်မတော်သားများ
ပူးပေါင်း၍ လိုက်လံ စုံစမ်းရှာဖွေခဲ့ရာ ၂၁း ၄၅ အချိန်တွင် ယာဉ်အားတောင်စွန်းဘုရားကုန်း
ဘုန်းကြီးကျောင်း အ၀င်လမ်း၊ မော်လမြိုင်-ရန်ကုန်ကားလမ်းနှင့် ၁ ဖာလုံခန့်အကွာ၌ တွေ့ရှိရသည်။
ယာဉ်အား စစ်ဆေးရာ ယာဉ်၏ယာဘက်ဘေး ပစ္စည်းထည့်သည့်နေရာအနီးတွင်
ယာဉ်နောက်လိုက် နိုင်လင်းထွန်း (၂၆)နှစ်အား ဦးခေါင်း၌ သေနတ်ဒဏ်ရာ(၁)ချက်နှင့်
သေဆုံးနေကြောင်းတွေ့ရှိရပြီး ယာဉ်၏မြောက်ဘက် ကိုက်(၄၀)ခန့်အကွာ၊
ခြုံနှင့်လယ်ကွင်းအကြားတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ
ယာဉ်မောင်း ဇော်လင်းထူး(၃၈)နှစ်အား ပါးစပ်၌သေနတ်ဒဏ်ရာ(၁)ချက်ဖြင့်
သွေးများထွက်လျက် တွေ့ရှိရသည်။ထို့ပြင် ယာဉ်ပေါ်သို့စစ်ဆေးခဲ့ရာ
ယာဉ်မောင်းထိုင်ခုံဘေးတွင် ၉ မမ ကျည်ခွံ(၁)တောင့်၊ ယာဉ်မောင်းထိုင်ခုံနောက် ၂ ခုံကျော်တွင် ၉ မမ ကျည်ခွံ (၂)တောင့်တို့အား တွေ့ရှိသိမ်းဆည်းခဲ့ပြီး ခရီးသည်များအခြေအနေအား စုံစမ်းရာ ခရီးသည်အချို့မှာ သထုံမြို့““မိဘမေတ္တာ””ထမင်းဆိုင်သို့ ရောက်ရှိနေကြောင်း သိရှိရသည်။
ထမင်းဆိုင်သို့ သွားရောက်စုံစမ်းခဲ့ရာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊
ထီးမိုကလိုကျေးရွာနေ ဦးထိန်(၄၇)နှစ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်၊
(၄)ရပ်ကွက်ဖဒိုနေ ယာဉ်မောင်းအကူ ဦးညီညီအောင်(၅၈)နှစ်ပါ (၆)ဦးတို့အား တွေ့ရှိခဲ့ရပြီးခရီးသည်
အချို့မှာ မော်လမြိုင်-ရန်ကုန်ပြေးဆွဲသည့်မော်တော်ယာဉ်များဖြင့် လိုက်ပါသွားကြောင်း သိရှိရသည်။
စုံစမ်းစစ်ဆေးချက်များအရ သေနတ်သမား(၅)ဦးမှာ ယာဉ်ပေါ်၌လိုက်ပါလာခဲ့ပြီး တောင်စွန်းရွာအလွန် ဘုရားကုန်းကွေ့အနီးအရောက်တွင် သေနတ်ပစ်ဖေါက်၍ ယာဉ်အား ဘုရားကုန်း
ဘုန်းကြီးကျောင်းလမ်းထဲသို့ ၁ ဖာလုံခန့်မောင်းခိုင်းပြီး ယာဉ်အားရပ်တန့်ခိုင်းကြောင်း၊
ထို့နောက် ခရီးသည်များအား ယာဉ်ပေါ်မှဆင်းခိုင်းပြီး ရွှေ၊ ငွေ ပစ္စည်းများ ယူဆောင်ကြကြောင်း၊
သေနတ်သမားအားလုံး အရပ်ဝတ်ဖြင့် ကက်ဦးထုပ်ဆောင်းထားကြောင်း၊ ၂ ဦးမှာ မျက်နှာဖုံးအမဲရောင် စွပ်ထားကြောင်း၊စကားပြောရာတွင် ပါးစပ်ကိုလက်ဖြင့်အုပ်၍ အသံဖျက်ပြောကြောင်း၊ အခင်းဖြစ်ချိန် တွင် ကားမီးမှိန်ထားသဖြင့် ကောင်းစွာမမှတ်မိကြောင်းနှင့် ရာဇာမင်းယာဉ်ပိုင်ရှင်အား မကျေနပ်၍ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။သို့ဖြစ်၍ ၂၃၅၀ အချိန် ဒဏ်ရာရရှိသည့်
ယာဉ်မောင်း ဇော်လင်းထူးအား သထုံဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ပြီး ၉-၆-၂၀၁၃ ရက်နေ့ ၀၁၁၅ အချိန်“
မော်လမြိုင်ဆေးရုံသို့ ဆက်လက်တင်ပို့ကုသခဲ့သည်။ ပြစ်မှုကျူးလွန်သူ သေနတ်သမား ၅ ဦးအား
သထုံမြို့မရဲစခန်း (ပ)၉၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၉၆ ဖြင့် အမှုဖွင့်အရေးယူထားပြီး ရဲတပ်ဖွဲ့က လိုအပ်သည်များကို ဆက်လက်စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိရေးအတွက်
ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

MyanmarDaily.net

MyanmarDaily.net

မှ 
သတင်း  ခိုင်မာအောင် စောင့်ကြည်လျှက်
နွေည

အပျို၊အပျိုစစ်နှင့် အပျိုစင်...........( အမျိုးသမီးများသိစေဖို့)

အပျို၊အပျိုစစ်နှင့် အပျိုစင် ဆိုတဲ့ ဒီပို့ စ်လေးကို ညီမငယ်လေးတွေ ခွဲခြားသိမြင်အောင်လို့  ရေးလိုက်တာပါ...။ မိန်းမဋီကာကြီးကို ကျေညက်လို့ လဲ မဟုတ်ရပါ....။
ခေတ်ရေစီးကြောင်းအရ တဖြည်းဖြည်း စီးဆင်းလာတဲ့ ဒီရေစီးကြောင်းကြီးထဲမှာ လူမှုရေး ၊စီးပွားရေး တွေအပြင် ယဉ်ကျေးမှု တွေပါ တိုက်စားခံလာရပါပြီး....။ နယ်ချဲ့ လာတဲ့ အနောက်တိုင်း ယဉ်ကျေးမှုက ခုဆိုရင် မြန်မာ့မြေပေါ် ဝင်ရောက်လာခဲ့ပါပြီး...။ နယ်ချဲ့တယ်ဆိုတာ လက်နက်ဆွဲကိုင်ပြီး တော်လှန်တိုက်ခိုက်နေမှနိုင်ငံကို အပိုင်သိမ်းနိုင်မှ နယ်ချဲ့တာမဟုတ်ပါဘူး...။ ခုလို မြန်မာ့မြေပေါ်မှာ မြန်မာတွေရဲ့  စိတ်ဓာတ် နဲ့  ယဉ်ကျေးမှုတို့  ပြောင်းလဲ တိုက်စားခံရတာလဲ နယ်ချဲ့ခံရတာပါပဲ...။ဒါကိုတော့ ယဉ်ကျေးမှု နယ်ချဲ့ ခြင်းလို့ ခေါ်မှာပေါ့..။ခက်တာက တို့ လူမျိုးတွေ ကိုယ်နယ်ချဲ့ လက်အောက်ရောက်မှန်းမသိရောက်နေတာကို သတိမမူမိတာပင်...။
ဒီလို အနောက်တိုင်း ယဉ်ကျေးမှုတွေ စီးဝင်လာတာနှင့်အမျှ အနာဂတ်လူငယ်တွေရဲ့  စိတ်ဓာတ်တွေ ပြောင်းလဲလို့ လာပါပြီး..။ အတုမယူသင့်သည်များကို အတုယူလို့ လာပါပြီး....။ ထိန်းသိမ်းသင့်သည်များကို တဖြည်းဖြည်း မေ့ပျောက်လာခဲ့ကြပြီး...။ သိသိရဲ့ နှင့် မေ့တတ်ချင်ယောင်ဆောင်ကြတာလဲ ဖြစ်နိုင်ပါသည်...။ဝတ်စားဆင်ယဉ်မှုတွေသာမက နေထိုင်မှု စနစ်တွေပါ မေ့ပျောက်ပြောင်းလွဲချင်ခဲ့ပြီး...။
 ချစ်သူများနေ့ ...။ ချစ်သူများနေ့  ဆိုတာ မြန်မာတွေရဲ့  နေ့ ထူးနေ့ မြတ်တော့ မဟုတ်ပါ...။ ဒါပေမဲ့ ချစ်သူတွေရဲ့ ကြား တစ်ဦးကို တစ်ဦး ဂရုစိုက် ကြင်နာမှု၊ အပြန်အလှန် ပန်းစီးလေးတွေပေး ချော့က လက်လေးတွေပေးနဲ့  ချစ်သူနှစ်ဦး အနေနှင့်ရော တွေ့ မြင်ရသူတွေပါ ကြည်နူးစရာ မြင်ကွင်းလေး မို့ ကိုယ့်နိုင်ငံရဲ့  နေ့ ထူးနေ့ မြတ် မဟုတ်ပေမဲ့ လက်ခံနိုင်ပါတယ်...။အယ်...လက်မခံနိုင်တာက ဘာလဲ......။ လက်မခံနိုင်တာက ချစ်သူတွေချင်း လက်ဆောင်ပစ္စည်းခြင်းတွင်မက ဘဝခြင်းပင်လဲယူကြတဲ့ အထိဖြစ်ကြ တာကိုပင်...။
ကိုကို၊မောင်မောင်တွေကလဲ ချစ်သူများနေ့  အထိမ်းအမှတ်ဆိုပြီး မတောင်းသင့် မတောင်းအပ်သည်များ ကိုတောင်း၊လိုက်လျှောသူကလဲ လိုက်လျှောနှင့် ကြည်နူးသင့်သည်ထက် ကြေကွဲ ခဲ့ရသည်က ပိုသော အခြေအနေမျိုး ရောက်ရှိလာခဲ့ပါသည်...။ ချစ်သူများနေ့ မှာ ဟိုတယ်တွေ မိုတယ်တွေဟာ အရင်နေ့ တွေထက် လူတွေ ပြည့်လို့  အပြင်ကနေ တိုကင်နှင့် စောင့်ယူရသည့်အထိပင်တဲ့....။ဒါမြန်မာနိုင်ငံမှာနော်..။ တို့ မြန်မာလူမျိုးတွေ ဖြစ်နေတာ...။ကဲ...ဒီတော့ ထိမ်းသိမ်းရန် ဆိုတဲ့ အခြေအနေ တစ်ခုကို မေ့တတ်သူ ညီမငယ်လေးများအား သတိပေးရန် ရေးလိုက်ခြင်းဖြစ်ပါသည်....။
အပျို .......
အပျိုဆိုတာ ဘာကို ဆိုလိုသလဲ.....၊။
အားလုံးသိကြမှာပါ...။ အပျိုဆိုတာ အိမ်ထောင်မရှိသေးတဲ့သူ၊ တရားဝင် လက်မထပ်ရသေးတဲ့ သူဟာ အပျိုပါပဲ...။ အိမ်ထောင်မရှိဘူး၊လက်မထပ်ရသေးဘူးဆိုပေမဲ့ ချစ်သူလဲ ရှိခဲ့ ဖူးချင် ရှိခဲ့ဖူးမယ်...။ ချစ်သူရှိတယ်ဆိုတဲ့ နေရာမှာတောင် သမီးရည်းစား ဆိုတဲ့ အခြေအနေတွေထက် ကျော် လွန်ခဲ့ရင် လဲ ကျော်လွန်ခဲ့မယ်...။ဒါကို ကိုယ်တိုင်ကပဲ သိပါလိမ့်မယ်....။ ဒါပေမဲ့ အားလုံးအမြင်မှာ သူဟာ အပျိုပါပဲ...။ဒါကို အပျိုလို့ ခေါ်ပါတယ်....။ဒီ အပျိုဆိုတဲ့ စာရင်းထဲမှာ လက်မထပ်ရသေးသည့် အမျိုးသမီးအားလုံးပါဝင်ပါတယ်...။
အပျိုစစ်.......
အပျိုစစ် ဆိုတဲ့ နေရာမှတော့ လက်မထပ်ရသေးသူ အားလုံး မပါဝင်နိုင်တော့ပါဘူး...။ သူဟာ ချစ်သူရှိခဲ့ဖူး သူ ဖြစ်ပေမဲ့ သာမန်သမီးရည်းစား ဆိုတဲ့ အခြေအနေနှင့်သာရှိပြီး လက်ရှိအပျိုရည်ကို ထိန်းသိမ်းထားနိုင်သူ၊ အမှားအယွင်းမရှိသူကို ဆိုလိုပါတယ်...။ ချစ်သူနှုတ်ခမ်း နမ်းဖူးတယ် ဆိုတဲ့ အခြေအနေမျိုးတော့ရှိနိုင်မှာပါ...။ ဒါပေမဲ့ သူမဟာ ကာမဆန္ဒ ဖောက်ပြားခဲ့ဖူးခြင်းမရှိသည့် အတွက် အပျိုစစ်လို့ ခေါ်ဆိုနိုင်ပါတယ်...။
အပျိုစင်.......
အပျိုစင်ဆိုတဲ့ နေရာမှာတော့ အမျိုးသမီးငယ်တွေ အားလုံး မပါဝင်နိုင်တော့ပါဘူး....။ခုလို အခြေအနေမှာ အတော်လေးကို ရှားပါးလာပြီးလို့ လဲ ပြောလို့ ရပါတယ်...။အပျိုစင် ဆိုတာဘာလဲ...။ အပျိုစင်ဆိုတာ ယောင်္ကျားတစ်ယောက်ကို ချစ်ခဲ့ရင် ချစ်ခဲ့လိမ့်မယ်...။ ဒါပေမဲ့ ဘယ်ယောကျာင်္းများနှင့် ထိတွေ့ ခဲ့ဖူးခြင်း မဆိုထားနှင့် သူမ၏ စိတ်နှလုံးထဲတွင်ပင် ညစ်ညမ်းသော အတွေးအခေါ်မရှိ ပကတိ ဖြူစင်သော မိန်းမပျိုလေးများပင်ဖြစ်သည်...။ ယနေ့ လို အနောက်တိုင်းယဉ်ကျေးမှု တိုက်စားခံရသည့် အခြေအနေတွင် အတော်လေးကို ရှားပါးခဲ့ပြီး...။
~~`~~~~~~~~~~~~~@@@@@@@@@@@~~~~~~~~~~~~~~~~~
အပျိုစင်မပြောနှင့် အပျိုစစ် ဆိုလျှင်တောင် ကံကောင်းတယ် မှတ်ပါလို့ များ သက်ပြင်းတွေ ရှိုက်ကုန်ကြပြီးလား...။ ကိုယ့်ကိုကိုယ် ထိန်သိမ်းရမှာ ကိုယ်ကိုတိုင်ရဲ့  တာဝန်ပါ...။ တခြားသူက မည်မျှပင် ထိန်းသိမ်းစေကာမူ ကိုယ်ကိုတိုင်မှ မထိန်းသိမ်းခဲ့လျှင် ဘဝကြီး ရေစုန်မျှောပြီးပင်.....။
ဒါကြောင့် ညီမငယ်များ အပျိုစင်ဆိုတဲ့ အခြေအနေမျိုးကို မပိုင်ဆိုင်ခဲ့ရင်တောင်မှ အပျိုစစ်ဆိုတဲ့ အခြေအနေမျိုးကို ကိုင်စွဲထားနိုင်ဖို့  ကြိုးစားစေချင်ပါတယ်....။
ခုလို မြန်မာ့ စီးပွားရေးကြီး ချွတ်ချုံကျ နေတဲ့ အခြေအနေမှာ မိသားစုဝင်တွေမှာ မိဘ နှစ်ပါးလုံးက အလုပ်တွေ လုပ်နေရတော့ သားသမီးများအား ထိန်းသိမ်း စောင့်ရှောက်ရန် အချိန်တွေက နည်းပါးလာခဲ့တယ်...။ ရင်အုပ်မကွာ စောင့်ရှောက်မှု တွေနည်းပါးလာတာနှင့်အမျှ သားသမီးတွေဟာလဲ လွတ်ချင်တိုင်း လွတ်နေကြတာ များလာပါပြီး...။ဒီအခြေအနေမှာ ကိုယ့်ကိုကိုယ်ထိန်းသိမ်းကြပါ ညီမလေးတို့ ရယ်....။
ကိုယ်ကိုတိုင် တန်ဖိုးထားမှ အခြားသူတွေကလဲ ကိုယ့်ကို တန်ဖိုးထားမှာပါ...။အကြွေပန်းကို ကောက် နမ်းချင်တယ်ဆိုတဲ့ သူတွေက ရှားပါးပါတယ်...။ ခရေပန်းလို အကြွေကို ကောက်နမ်းခံရဖို့ က ခရေပန်းလို ကြွေ ခဲ့ပေမဲ့ မွှေးရနံ့ လေးရှိအောင် အရည်အချင်းတွေ ပြည့်စုံ နိုင်ရမှာနော်...။ဒါတောင် ဆယ်ပွင့်ကြွေလို့  တစ်ပွင့် အကောက်ခံရချင်မှ အကောက်ခံရမှာ...။ ဘယ်သူမှ မကောက်မိပဲ အခြောက်ခံသွားရတာနှင့် အနင်းခံသွားရတဲ့ ခရေပန်းတွေ ပင်အောက်မှာ အများကြီး ကျန်ခဲ့ပါတယ်...။
ကိုယ့်ချစ်သူ ဆိုတာနှင့်ပဲ ကိုယ့်ညီမတွေ အစွမ်းကုန် အလိုမလိုက်ကြပါနှင့်....။ ချစ်သူဆိုတာ လက်ထပ်ထားတဲ့သူမဟုတ်သေးပါဘူး...။ အချိန်မတန်ခင် မကြွေလိုက်ကြပါနှင့်နော်...။ကိုယ့်အပျိုစင်ဘဝလေး အငှားစွင့်စွင့် ပွဲလယ်တင့်တဲ့ ပန်းလေးတစ်ပွင့်ဖြစ်အောင်  ချစ်ညီမလေးတွေ ကြိုးစားကြပါ...။ နေကြာပန်း လို နေရှိရာကို ကောက်ကောက်ပါလိုက်တဲ့ အဖြစ်နဲ့  ဘဝကို ပုံမအပ်လိုက်ကြပါနဲ့ ...။ ကိုယ့်ကို စစ်မှန်စွာ ချစ်တဲ့သူဟာ ဥယာဉ်မှူးလို့  ပန်းတစ်ပွင့်ကိုအရိပ်တစ်ကြည့်ကြည့် ကြည့်ပြီး စောင့်ရှောက်ပေးမှာပါ....။ အရိပ်နေနေ အခက်ချိုးချိုး ဆိုတာမျိုးနှင့် ကိုယ့်ဘဝကို ချိုးယူပြီး ချိုးစရာ အကိုင်းအခက်ကုန်သွားရင် တခြားအပင်ကို ကူးမည့်သူ မဟုတ်ပါဘူး...။
ချစ်ညီမလေးတွေ အချစ်နဲ့  ရာဂ ကို ခွဲခြားသိမြင်နိုင်ကြပါစေ...။ ကိုယ်ကိုတိုင် အပျို၊ အပျိုစစ် နှင့် အပျိုစင် ဆိုတာ ခွဲခြားသိမြင်ပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တန်ဖိုးထားတတ်ကြပါစေ...။
မမေသဇင်......ရေးသားထားတဲ့ ပိုစ့်လေးကို...........ငယ်ချင်းလေးတွေအတွက်ပြန်ပြီး မျှဝေပေးလိုက်ပါတယ်..
အားလုံးကိုလေးစာလျက်
နှင်းသက်

Sunday, June 9, 2013

ခြောက်နှစ်အရွယ်ယောကျာ်းလေး၏ ဝမ်းဗိုက်အတွင်းမှ သန္ဓေသားကို အောင်မြင်စွာခွဲထုတ်


ဝမ်းဗိုက်တွင် ဖြစ်ပေါ်ခဲ့သည့် သန္ဓေ သားကို ခွဲစိတ်အပြီးတွေ့ရစဉ်  ဓာတ်ပုံ - ရဲနောင် (ဖယ်ခုံ)
        ကမ္ဘာတွင် ထူးခြားဖြစ်စဉ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံမှ အသက်ခြောက်နှစ် အရွယ်ယောကျာ်းလေးတစ်ဦး၏ ဝမ်းဗိုက်အတွင်းတွင်ရှိသော သန္ဓေ သားကို ရန်ကုန်တွင် အောင်မြင်စွာခွဲ စိတ်ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်သည် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း မြို့နယ် တောင်ကုန်းကျေးရွာတွင် နေထိုင်လျက် ရှိ သည့် မောင်--- ၏ဝမ်းဗိုက်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ် ပြီး အဆိုပါသန္ဓေသားကို မေ ၂၈ရက်က ခွဲစိတ်ထုတ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက် ပြီးကလေးငယ်၏ မိခင်ဖြစ်သူက ''ဒီကလေးကို ကိုယ်ဝန်ဆောင် တုန်းက ဆရာဝန်က အမြွှာဖြစ် နိုင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ မွေးတော့ တစ်ယောက် တည်းပဲ။ ကလေးကိုမွေးတုန်းက မသိဘူး။ ဒီနှစ် မတ်လလောက်ကမှ ဘဲဥ လောက် အရွယ်အလုံးက ဗိုက်အပြင်ကို စူထွက်လာတယ်။ ကင်ဆာ ထင် ပြီး စိုးရိမ်ပြီး တော့ ရန်ကုန်တက် လာခဲ့ပါတယ်။ အပြင်ဆေးခန်းမှာ ပြတော့ ဓာတ်မှန်ရိုက်ပြီး စိုးရိမ် ရတယ်ဆိုလို့ ခွဲစိတ်ဖို့စီစဉ်ဆောင် ရွက်ခဲ့တာ ပါ။ ခွဲလိုက် တော့ မျက် လုံး၊ နှာခေါင်း နဲ့ ခြေလက်လေး တွေပါတဲ့ ကလေးလို့ ယူဆနိုင်တဲ့ ဟာကိုတွေ့တာပါပဲ''ဟု ပြောသည်။

ယင်းကဲ့သို့ခွဲစိတ်ရန်အတွက် ဆေးကုသမှုမှာ မေ၁၃ရက်မှစ၍ ၂၂ရက်ကြာရှိခဲ့ပြီး မေ၂၈ရက် တွင်ခွဲစိတ်ခဲ့ကာ ကလေးငယ်မှာ ဇွန်၅ရက်တွင် ဆေးရုံမှဆင်းခဲ့ ကြောင်း သိရသည်။ ကလေးကို ခွဲစိတ်ချိန်မှာ မွန်းလွဲ၁နာရီခွဲတွင် စတင်ခွဲစိတ် ခဲ့ပြီး ညနေ ၆နာရီတွင်ခွဲခန်းမှ ထွက်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ ကလေးငယ် အားခွဲစိတ်ခဲ့သူ ကလေးခွဲစိတ်အထူးကုဆရာဝန် ကြီးက ''ဒီကလေးကို ကျွန်မခွဲစိတ် ပေးခဲ့တယ်။ ကင်ဆာလိုမျိုးဆန်းတဲ့ အလုံးလဲမဟုတ်ပါဘူး။ ရိုးရိုး အလုံး တစ်ခုပါပဲ။ သန္ဓေသားမ ဟုတ်လို့ နင်0x081အကျှုည်ငအက လို့ပြော လို့မရပါဘူး။ ဒီလိုကလေးမျိုးပုံ မျိုးတွေက မကြာခဏလာတတ် ပါတယ်''ဟု ပြောသည်။

ကလေးငယ်၏ ဖခင်မှာ ဦးမိုးဇော်ဦးနှင့် မိခင်မှာ ဒေါ်အေး အေးသင်းဖြစ်ပြီး ကလေးမှာ မွေး ချင်းမောင်နှမသုံးဦးတွင် အငယ် ဆုံးဖြစ်ပြီး ယခုနှစ်တွင် အ. မ.က ကွင်းညား တောတွင် ပထမတန်း တက်ရောက်သင်ကြားမည်ဖြစ်ကြောင်းသိရသည်။ရန်ကင်းကလေးဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင် မြင့်လွင် က''သန္ဓေသား ဘဝမှာ နင်0x081အကျှုည်ငအက လို့ခေါ်တဲ့ နောက် သန္ဓေသားဖြစ်တယ်လို့ ယူဆလို့ ရ တယ် သန္ဓေသားလုံးဖြစ်နိုင်တယ်။ လူတော့မဖြစ်ဘူး။ လူရုပ်လုံး တော့ မပေါ်ဘူးပေါ့။ တခိျု့ ဆို ကလေးပုံ မပီဝိုးတဝါး ပေါ်တာမျိုး ရှိတယ်။ အဲဒီလိုမျိုးဖြစ်နိုင်တယ်'' ဟု ပြောသည်။

ယင်းဖြစ်စဉ်က မြန်မာ့ဆေး ပညာလောကတွင် ထူးခြားသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး လူငါးသိန်း တွင် တစ်ဦးနှုန်းဖြစ်နိုင်ခြေရှိ ကြောင်း သိရသည်။  နိုင်ငံတကာတွင်လည်း အ လားတူဖြစ်စဉ်များဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်မှာ ၂၀၀၃ခုနှစ်တွင် အသက်ခုနစ်နှစ်ရှိ ၄င်း၏ဝမ်းဗိုက် မှာကြီးထွားလာ၍ ကျောင်းဆရာ ဝန်က ဆေးရုံသို့ပို့ခဲ့သည်။ ခွဲစိတ် မှုပြုလုပ်ခဲ့ရာ အမြွှာပူးယောကျာ်း လေးနှစ်ဦးပါသော အရည်အိတ် ကို တွေ့ရသည်။ ၄င်းမှာ ဤ ကလေး၏ဝမ်းထဲ၌ ကပ်ပါးအဖြစ် တည်ရှိနေခဲ့သည်။ သန္ဓေမှာ အ တော်ကြီးထွား နေသည်။ ဆံပင် များ ပေါက်နေ၍ လက်ခြေများ စုံနေပြီး ခေါင်းနှင့် မျက်နှာများ ဖြစ်ပေါ်နေပြီဖြစ်သည်။ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ခုနှစ် အတွင်း အလား တူဖြစ်ရပ်မျိုး ရှစ်ခုဖြစ်ပွားခဲ့သည်။

နန်းသီတာဝင်း ၊ အောင်သူ - Yangon Media Group
Thit Htoo Lwin
http://www.thithtoolwin.info/2013/06/blog-post_98.html#.UbIVG3K3sm8
နွေည

KakaoTalk v3.8.1 Apk 7MB

ဒါကတော့ VIBER ထက်ကောင်းတဲ့ KakaoTalk v3.8.1 Apk 7MB လို့ တော့ ပြောတာပဲ
ကျနော်ကတော့ ကောင်းကောင်းသိသေးဘူး ဒါပေမယ့် တွေ့လို့ တင်ပေးလိုက်တာပါ စမ်းတော့ ကြည့်တယ်
မဆိုးဘူးလို့တော့ပြောလို့ ရပါတယ်..
KakaoTalk  အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် June 5 ရက်နေ့ထွက် လေးတင်ပေးလိုက်ပါတယ်
Viber ထက်လန်းတဲ့ KakaoTalk ဆော့ဝဲအလန်းလေးပါ အသံထွက်ကြည်သလို လုပ်ဆောင်ချက်တွေလည်းတော်တော် စုံပါတယ် စာရိုက်တဲ့အခါမှာလည်း အသုံးပြုတဲ့ မျက်နှာပြောင်အရုပ်လေးတွေဟာလည်း တော်တော်ကိုလန်းပါတယ် ။ Viber လို အသံမကြည်တာတို့ ခဏခဏကျတာတို့လည်း မရှိပါဘူး အရမ်းကောင်းတဲ့ဆော့ဝဲလေးပါ Viber ထက် လူသုံးအများဆုံးနဲ့ အကြိုက်ဆုံးဆော့ဝဲလေးပါ ။ အသုံးပြုရတာ လုပ်ရတာ Viber လိုပါပဲ ကိုယ့်နိုင်ငံရွေး ပြီးရင်ဖုန်းနံပါတ်ဖြည့်လိုက်တာနဲ့ သူပို့ပေးတဲ့ကုဒ်နံပါတ်ထည့်ပေးလိုက်ပါ အဆင်ပြေသွားပါပြီ သုံးကြည့်လိုက်ပါ ကြိုက်သွားပါလိမ့်မယ် ။ အခုထွက်တဲ့ နောက်ဆုံးဗားရှင်းလေးကို တင်ပေးလိုက်ပါတယ် ဆိုဒ်က 7 MB ပဲရှိပါတယ်
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Dwonload>>>zippyshare (or)http://d-h.st/
 
အားလုံး အဆင်ပြေကြမယ်လို့ လဲထင်ပါတယ်..
                                                             အမျိုးကောင်းသားဆိုဒ်မှ

Router ကို Setting ချပြီး WIFI ပြန်လွှင့်နည်း ( မြန်မာလို )

ကိုပြည့်ဖြိုး ( ပြည် ) ရေးသားတဲ့  Router ကို Setting ချပြီး WIFI ပြန်လွှင့်နည်း  မြန်မာလို စာအုပ်လေးပါခင်
မျာ..လေ့လာလိုသူများအတွက် တင်ပေးလိုက်ပါပြီ..
Download => Link 1 / Link 2
 
If u like my post,Please Visit At www.mmithelper.com 

ကွန်ပြုတာကနေ ဖုန်းတွေကို SMS ပို့နိုင်မယ့် mightytext apk


ဒီနေ့ ကျနော်မျှဝေချင်တာလေးကတော့ မိမိကွန်ပြူတာကနေ သူငယ်ချင်းတွေ ရဲ့ဖုန်းတွေကို

sms ပို့လို့ရနိုင်မယ့် ဆော့ဝဲလေးပါ နာမည်ကတော့ mightytext ဆိုတဲ့နာမည်လေးပါ

ရနိုင်တဲ့ browser တွေကတော့  internet explorer,Chrome , Firefox,Safari နဲ့ Opera 

တို့မှာရရှိနိုင်ပါတယ် maxthon 3 မှာတော့ မရပါဘူးဗျာ။

Gmail ကနေပြီးတော့လည်း sms အလကား ပို့လို့ရပါတယ် အဲ့ဒါကတော့နောက်မှပြပါမယ်

ကဲကဲ စမယ်ဗျာ... mightytext လေး ကို Google Play ကနေဝင်ဒေါင်းလိုက်ပါ 

ဒီဆော့ဝဲလေးကို မိမိဖုန်းမှာ install လုပ်ရပါမယ် ပြီးရင် gmail အကောင့်နဲ့ ဝင်ပေးရမယ်နော်

ဖုန်းမှာ ပြီးပြီဆိုရင်တော့ မိမိ အသုံးပြု့မယ် browser ကို သွားရမယ်

 အခု့ ကျနော်ပြပေးချင်တာကChrome ကနေသုံးနည်းလေးပါ

အောက်မှာ ပုံလေးတွေနဲ့ပြပေးထားတယ်နော် သေသေချာချာလေးလိုက်လုပ်ကြည့်ပါနော်
အောက်ကပုံကတော့ browser extension ကနေသွားရမှာမို့ setting ကိုသွားလိုက်ပါ

setting က ညာဘက်အပေါ်ထောင့် မှာ ဘေးတိုက် မျဉ်း ၃ကြောင်းတားထားတာလေးကိုနှိပ်လိုက်ပါ

ပြီးတာနဲ့ setting ကိုနှိပ်လိုက်ပါ
setting ထဲရောက်သွားပြီဆိုရင် ဘယ်ဘက်ဘေးအပေါ်ထောင့်မှာ extension လေးကိုနှိပ်လိုက်ပါ

ပုံထဲမှာပြထားတဲ့အတိုင်းလုပ်လိုက်ပါဗျာ



extension မှာ mightytext လို့ရိုက်ရှာလိုက်ရင်ရတယ်
ဖုန်းကို အရင် Gmail အကောင့်ဝင် ထားမှရမယ်နော်

ပြီးမှ extension ကိုဖွင့်ပါ အဲလိုမဟုတ်ဘူးဆိုရင် desktop နဲ့ ဖုန်းနဲ့ link မချိပ်မိပဲနေပါ့မယ်

ကျနော်စမ်းတာတော့ OFFLINE သုံးလို့မရဘူးဗျ ၂ခု့လုံးမှာ ကွန်နက်ရှင်ရှိမှရမယ်

မိမိ ပိုမယ့်လူရဲ့ဖုန်းမှာတော့ ရှိစရာမလိုပါဘူး

ဒါပေမဲ့ တခု့ကောင်းတာက ဖုန်းမှာ မြန်မာဖောင့်မရှိပေမယ့် 

ကွန်ပြုတာကနေ မြန်မာလို ဖတ်နိုင်တယ်
ကိုလတ်(ကျွဲဆင်း)
http://www.ledimyethar.com/2013/06/sms-mightytext-apk.html

Face book ကနေ စကားပြောမယ် Paltalk Free v4.5.0 For Pc & Apk & ipa (10MB)

ဒီဆောစ့်ဝဲလ်လေးကတော့ face book အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 
ဖုန်းကနေ ဗီဒီယိုချက် စကားပြော စတာတွေ အသုံးပြုလို့ရပါတယ် 
ဗီဒီယိုချက်မှာဆိုရင် တစ်ပြိုင်တည်း ကိုယ်အပါဝင် သုံးယောက်ချက်လို့ရပါတယ် 
စကားပြောတာလည်း အသံကြည်ပါတယ် သူက 3G 4G ၀ိုင်ဖိုင်ကွန်ရက်အတွင်းမှာ အသုံးပြုလို့ရပါတယ် 
အသုံးပြုချင်တယ်ဆိုရင် ဆောစ့်ဝဲလ်ကို Install လုပ်ပါ ပြီးရင် ဖွင့်ပါ 
face book နဲ့ဝင်ပါ အကောင့်နာမည်ပေးတဲ့အခါ မြန်မာနာမည်အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်
မြန်မာနာမည်နဲ့ပေါ်နေရင် အင်္ဂလိပ်နာမည်ပြောင်းပေးပြီးတော့ Save လိုက်ပါ 
အဲဒါပြီး ကိုယ်သူငယ်ချင်းတွေ လည်း အသုံးပြုထားတယ်ဆိုရင် တစ်ခါတည်းပေါ်ပါတယ် 
မပေါ်လည်း ကိစ္စမရှိပါဘူး face book ကနေ ဘာနာမည်နဲ့ ၀င်ထားလည်းဆိုတာ လှမ်းတောင်းလိုက်ပါ
ကိုယ်အကောင့်ဖွင့်တုန်းက Save ခဲ့တဲ့နာမည်လေးပေးလိုက်ပါ ပေးတဲ့ နာမည်ကို ဆက်သွယ်ပြီး
သူနဲ့ကိုယ် ဗီဒီယိုချက်လုပ်မလား စကားပြောမလား ကြိုက်တာလုပ်လို့ရပါပြီ ခင်ဗျာ
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
APK Download>>>>mirrorupload (or)sendspace (or)zippyshare
For Pc Dwonload>>>mirrorupload (or)zippyshare (or)sharebeast
ကိုကိုတွေ ညီညီတွေ အကြိုက်တွေ့မယ် ချက်ခန်းလည်းပါတယ်နော် 
တစ်မ္ဘာလုံးနီးပါးဘဲ နိုင်ငံ အလိုက်ရွှေးပြီး  ကြိုက်တဲ့အထဲဝင်ပြီး ချက်လို့ရတယ် (ဗီဒီယိုချက်)


ဝ တပ်ဖွဲ့နှင့် စစ်ရေးတင်းမာမှုကြောင့် အစိုးရတပ် သံချပ်ကာကား ၁၀ စီးကျော် အင်အားဖြည့်

မွေခေါဝ်

သံလွင်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်း အခြေချ လှုပ်ရှားနေသည့် အမှတ် ၁၇၁ စစ်ဒေသ တောင်ပိုင်း ဝ တပ်ဖွဲ့ နှင့် မြန်မာစစ်တပ်တို့ကြား စစ်ရေးတင်းမာလျှက်ရှိသောကြောင့် နှစ်ဘက်တပ်အပြိုင် အင်အားဖြည့်နေ ကြောင်းစုံစမ်းသိရှိရသည်။

“ဗမာစစ်တပ်က ပုံပါကျင်မှာ အခြေစိုက်တဲ့ နယ်ခြားစောင့်တပ် ၁၀၀၇ ကို ဘယ်မှ မပေးသွားတော့ ဘူး။ သူတို့တပ်မှာဘဲ နေခိုင်းတယ်။ စစ်ရေးလည်း အသင့်ပြင်ထားကြတယ်။ တောင်ပိုင်း ဝ တပ် ဖွဲ့တွေ လာပစ်မှာစိုးလို့တဲ့။ ဝ တပ်ဖွဲ့တွေ လှုပ်ရှားနေတာလည်း မတွေ့ရတော့ဘူး ” ဟု ပုံပါကျင် ဒေသခံတစ်ဦးက ပြောပါသည်။

ဂျွန် ၇ ရက် နောက်ဆုံးထား၍ တောင်ပိုင်း ဝ တပ်ဖွဲ့များ မြောက်ပိုင်းတို့ တပ်ရုပ်ပြန်ရန် အစိုးရတပ် က ရာဇသံပေးထားကြောင်း၊ သို့သော် ဂျွန်လ ၂ ရက်နေ့ တောင်ပိုင်းဝ အစည်းအဝေး ကျင်းပရာတွင် တပ်ရုပ် ပြန်ရေးကိစ္စ ဆွေးနွေးခြင်းလုံးဝမရှိခဲ့ကြောင်း၊ ထို့ကြောင့် အစိုးရတပ် ရာဇသံ အတိုင်း ဝ တပ်ဖွဲ့မှ တပ်ရုပ်ပြန်ခြင်း မရှိသော ကြောင့် အစိုးရတပ်က သံချပ်ကာကား ၁၄ စီး လူအင်အားအပြည့် တင်ဆောင်သည့် စစ် ကားကြီး ၁၀ စီးကို တာချီလိတ်မြို့မှ (မိုင်းတုံ၊ မိုင်းဆတ်) မိုင်းတုမ်း မိုင်းကန်း ထိုမှ တောင်ပိုင်း ဝ ဌာနချုပ်ဘက် အင်အားဖြည့်ကြောင်း ဒေသအတွင်း သတင်းရပ်ကွက်က ဆိုသည်။

ဤကဲ့သို့ စစ်ရေး တင်းမာလာရခြင်းမှာ မြန်မာစစ်တပ် တပ်ရင်း ၃ ရင်းက တောင်ပိုင်း ဝ တပ်ဖွဲ့၏ ရာဘာ စိုက်ခင်းများအား မေလနှောင်းပိုင်းက သိမ်းပိုက်လိုက်ခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်သူများက ဆိုသည်။

“မြန်မာစစ်တပ်က ဝ တပ်ရဲ့ ရာဘာစိုက်ခင်းကြီးဆီကို အင်အားအလုံးအရင်းနဲ့ တိုးဝင်တယ်။ ဝ ဘက်က နောက်ဆုတ်ပေးလိုက်တော့ သေနတ် တချက်လေးမှ မဖောက်လိုက်ရဘဲ ရာဘာစိုက် ခင်းကြီးကို ဗမာတပ်က သိမ်းပိုက်လိုက်တယ်၊ အဲသလိုနောက်ပိုင်း ဝ က ထိုင်းနယ်စပ်တကြောလုံး မှာ အင်အားအသင့်ပြင်ဆင်နေရာယူထားနေတယ်အခု” ဟု ၄င်းက ဆက်ပြောပါသည်။

ရာဘာစိုက်ခင်းအတွက် ပုံပါကျင်မြို့နယ်ခွဲအားကိုးရသည့် နမ့်ခဲမ်ချောင်းအား ဝ တပ်ဖွဲ့မှ ဖြတ်ယူသွယ်တန်းရာ လူထုက သောက်သုံးရေမရှိသည့်အတွက် အာဏာပိုင် များ ထံတိုင်ကြားခဲ့ဖူးသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် တရုတ်နိုင်ငံမှ စစ်တိုက်ရဟတ်ယာဉ်များ တင့်ကား များ သံချပ်ကာကားများ ဝယ်ယူရရှိသည်ဟု သတင်းထွက်ပေါ်နေချိန် ၀ ခေါင်းဆောင်များက ဝ နယ်အား သျှမ်းပြည်နယ်မှ ခွဲထွက်ပြီး နေပြည်တော်လက်အောက်ခံ သီးသန့် ပြည်နယ်တည် ထောင်ခွင့်ပြုရန် ဆက်တိုက်တောင်းဆိုလာခဲ့သည်။

မလေးရှားနိုင်ငံမှာ နောက်ထပ်မြန်မာ ၃ ဦး သတ်ဖြတ်ခံရ

မလေးရှားနိုင်ငံမှာ နောက်ထပ်မြန်မာ ၃ ဦး သတ်ဖြတ်ခံရ

အကြမ်းဖက် သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတဲ့ မလေးရှားနိုင်ငံမှာ မနေ့ကနဲ့ ဒီကနေ့တွေမှာ မြန်မာနိုင်ငံသား ၃ ဦး ထပ်မံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။ မနေ့ကတော့ ကလန်းအူတာမ Kalng Utama ဆိုတဲ့မြို့က အမှိုက်ပုံမှာ မြန်မာတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပြီးခဲ့တဲ့ဇွန်လ ၃ ရက်နေ့က ကရင်လူမျိုး ၄ ဦး ဈေးထွက်ဝယ်ရာမှ လူအုပ်စုတစ်စုက ဝိုင်းဝန်းတိုက်ခိုက်လို့ အရေးပေါ်တင်ခဲ့ရတဲ့ ၂ ဦးထဲက တစ်ဦးသေဆုံးသွားတာဖြစ်ပါတယ်။ ---

Sunday, June 9, 2013

အကြမ်းဖက် သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတဲ့ မလေးရှားနိုင်ငံမှာ မနေ့ကနဲ့ ဒီကနေ့တွေမှာ မြန်မာနိုင်ငံသား ၃ ဦး ထပ်မံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။

မနေ့ကတော့ ကလန်းအူတာမ Kalng Utama ဆိုတဲ့မြို့က အမှိုက်ပုံမှာ မြန်မာတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပြီးခဲ့တဲ့ဇွန်လ ၃ ရက်နေ့က ကရင်လူမျိုး ၄ ဦး ဈေးထွက်ဝယ်ရာမှ လူအုပ်စုတစ်စုက ဝိုင်းဝန်းတိုက်ခိုက်လို့ အရေးပေါ်တင်ခဲ့ရတဲ့ ၂ ဦးထဲက တစ်ဦးသေဆုံးသွားတာဖြစ်ပါတယ်။

မနေ့က သေဆုံးသူရဲ့အလောင်းကို ဒီကနေ့သွားကြည့်ဖို့ ခွင့်တောင်းတာမှာ ရဲတပ်ဖွဲ့နားရက်ဖြစ်တာကြောင့် ကြည့်ရှုခွင့်မရခဲ့ကြောင်းနဲ့ ဒီကနေ့နေ့လည်မှာ သေဆုံးသွားတဲ့ ကရင်လူမျိုးတစ်ဦး အကြောင်းတို့ကိုတော့ ကမ်ပုန်း နာရေးကူညီမှုအသင်း ဥက္ကဌ ကိုဆန်းဝင်းက အခုလိုပြောပါတယ်။

“အခုက အမည်မသိသူတစ်ယောက် အသတ်ခံရတယ်၊ ကလန်းအူတာမ အမှိုက်ပုံနားမှာ လွှင့်ပစ်ထားတယ်၊ ပုဆိုးနဲ့ ကိုယ်တုံးလုံးကြီးနဲ့၊ ရဲကသွားကြည့်တဲ့အခါမှာ ညာဘက်လည်ပင်းမှာ ဓားနဲ့လှီးထားတာတွေ့တယ်၊ မနေ့ကမနက်မှ သူတို့က အလောင်းကိုတွေ့တယ်၊ ကရင်ခရစ်ယာန်လူမျိုး ၄ ယောက် ဈေးလာဝယ်ရင်းနဲ့ ဝိုင်းဝန်းအခုတ်ခံရ၊ အရိုက်ခံရတယ်၊ အထုခံရတယ်၊ အဲဒီထဲမှာ ၂ ယောက်က အရေးပေါ်ဆေးရုံတင်ထားရတယ်၊ တင်တဲ့အထဲမှာ ဒီနေ့နေ့ခင်း ၁ နာရီက ၁ ယောက် သေဆုံးသွားတယ်"

နောက်တစ်ဦးကတော့ Kuantan ကွန်တင်းမြို့မှာ ဓါးနဲ့ အခုတ်သတ်ခံရပြီး သေဆုံးနေတာကို ရဲကတွေ့ရှိခဲ့ကြောင်း ဒီကနေ့ မလေးရှားနိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြပါရှိပါတယ်။ အလားတူ မနေ့ကလည်း Songui Besi ဆွန်ဂိုင်းဘတ်ဆီဒေသမှာ အိပ်ပျော်နေတဲ့ မြန်မာပြည်သားတွေအိမ်ကို spray နဲ့ဖျန်းပြီး မနေနိုင်လို့ တံခါးဖွင့်ထွက်လာတော့မှ လူအုပ်စုတွေက ဓါးနဲ့ဝိုင်းခုတ်တာဖြစ်တဲ့အတွက် ၂ ဦးပျောက်ဆုံးနေပြီး ရခိုင်အမျိုးသား အသက် ၂၃ နှစ်အရွယ် ကိုခင်မောင်ဝင်း ဆိုသူကိုတော့ အရေးပေါ်ဆေးရုံတင်ထားရတယ်လို့လည်း ကိုဆန်းဝင်းက ပြောပါတယ်။

"မနေ့ကမနက် ၃ နာရီခွဲကဖြစ်တယ်၊ သူတို့ညဘက်မှာအိပ်နေတယ်၊ ရခိုင်လူမျိုး ၆ ယောက်၊ အိမ်အဟောင်းလေးမှာ ငှားနေကြတယ်၊ သူငယ်ချင်းတွေစုနေတယ်၊ သူတို့က ဒီကြေးပိုက်စက်ရုံမှာ အလုပ်လုပ်တယ်ပေါ့လေ၊ အိမ်မှာအပေါက်ကလေးတွေရှိတယ်၊ အပေါက်ကလေးတွေကနေပြီးတော့ spray တွေ မှုတ်တယ်၊ မှုတ်တော့ သူတို့မခံနိုင်လို့ အိမ်တံခါးတွေဖွင့်တဲ့အခါ ဓားနဲ့ချည်းခုတ်တာ၊ ဓားနဲ့ခုတ်တော့ ကိုခင်မောင်ဝင်းက မမြင်မကန်းနဲ့ တွေ့တဲ့ဓားကို ဆွဲပြီးတော့ ပြန်ခုတ်တယ်၊ ကျန်တဲ့လူတွေက ထွက်ပြေးတယ်၊ ၂ ယောက်ပျောက်နေတယ်၊ သေလားရှင်လားမသိဘူး”

ကွာလာလမ်ပူ ဆေးရုံကြီးမှာတင်ထားတဲ့ ကိုခင်မောင်ဝင်းဟာ ဓါးနဲ့အခုတ်ခံထားရလို့ လက်အကြောတွေပြတ်နေတယ်လို့လည်း သူကပြောပါတယ်။ မေလ ၃ဝ ရက်နေ့ကတည်းကစလို့ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အခုဆိုရင် မြန်မာနိုင်ငံသား အနည်းဆုံး ၆ ဦးသေဆုံးခဲ့ပြီးပြီလို့လည်း သိရပါတယ်။

RFA Burmese

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ - The Kuala Lumpur Post

ဗီယက်နမ်က လူကြိုက်အများဆုံး ဂေးတွေဘ၀ ရုပ်ရှင်

ဗီယက်နမ်နိုင်ငံမှာ မကြာခင်က ““My Best Gay Friends” – အကောင်းဆုံးဂေးမိတ်ဆွေများ” ဆိုတဲ့ ဇာတ်လမ်းတွဲသစ်ကို အွန်လိုင်းပေါ်မှာ ကြည့်ရှုသူ ၁ သန်းနီးပါး ရှိသွားပါတယ်။ ဟိုချီမင်းစီတီးရဲ့ တောင်ပိုင်းရပ်ကွက်မှာရှိတဲ့ တိုက်ခန်းမှာ ပေါင်းနေကြတဲ့ လူ ၃ ယောက်အကြောင်း ကုန်ကျစရိတ် နည်းနည်းနဲ့ ရိုက်ထားတဲ့ ဇာတ်လမ်းတွဲပါ၊

ဗီယက်နမ်လူငယ်တွေရဲ့ဘ၀ကို ထင်ဟပ်နေတဲ့ ဇာတ်လမ်းတွဲပါ၊ ထူးခြားတာက ဇာတ်လမ်းထဲမှာ ဇာတ်ကောင်စရိုက်တွေအများစုက မိန်းကလေးချင်း စိတ်ဝင်စားသူ၊ ယောက်ျားချင်း မေတ္တာသက်ဝင်သူ၊ လိင်ပြောင်းထားသူနဲ့ လိင်စိတ်နှစ်ခွ ရှိသူတွေ ဖြစ်နေတာပါ။

ဒီဇာတ်လမ်းကို ပုံဖော်သူကတော့ ဟိုင်းငုယင်ဒင်းကို ဆိုတဲ့ အသက် ၂၂ အရွယ် လူငယ်လေး တယောက်ပါ။ ဟာသဇာတ်လမ်းမှာ သူပဲ ဒါရိုက်တာ၊ သူပဲ ထုတ်လုပ်သူ၊ သူပဲ ဇာတ်ညွန်းရေးသူ၊ သရုပ်ဆောင် ဖြစ်ပါတယ်။

လိင်တူစိတ်ဝင်စားသူတွေရဲ့ ဘ၀ဟာ သာမန်လူတွေရဲ့ ဘ၀တွေလိုပဲ ဆိုတာကို မီးမောင်းထိုးပြချင်တာလို့ ဆိုပါတယ်။

“ဒီဇာတ်လမ်းကို ကြိုက်တဲ့ လူတွေထဲမှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေလည်း အများကြီး ပါနေပါတယ်။ အရင်တုန်းက ဂေးတွေကို အမြင်ကပ်ခဲ့ပေမယ့် ရုပ်ရှင်ကြည့်ပြီးတဲ့အခါမှာတော့ အမြင်တွေ ပြောင်းသွားတယ်။ ဂေးတွေကို မမုန်းတော့ဘူးလို့ ပြောကြတယ်။”

ဗီယက်နမ်မှာ ဒီလို ဇာတ်ကောင်စရိုက်တွေနဲ့ ဇာတ်လမ်းတွဲက  ပွဲဦးထွက်လို့ ဆိုနိုင်ပါတယ်။ လူကြိုက်များတာကို ကြည့်ခြင်းအားဖြင့်လည်း လိင်တူနှစ်သက်တဲ့ အုပ်စုတွေအပေါ် အမြင်ပြောင်းလဲလာတဲ့ လက္ခဏာပါ။ လိင်တူချင်း ထိမ်းမြားခွင့်ဥပဒေမူကြမ်းကို အတည်ပြုဖို့ အစိုးရ စဉ်းစားနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဇာတ်လမ်းကို ဟာသအခန်းတွေနဲ့ ဖွင့်ထားပြီးနောက် အိမ်က ထွက်ပြီးနောက် အပြင်မှာ နေစရာရှာလေ့ရှိတဲ့ လူငယ်တွေရဲ့ ပုံမှန်ဘ၀တွေနဲ့ ဇာတ်အိမ်ဖွဲ့ ထားပါတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ ဇာတ်မြူးကနေ လေးနက်တဲ့ အပိုင်းကို ပြောင်းလာပါတယ်။ မိဘတွေ ရောက်လာပြီး ဂေးဖြစ်နေတဲ့ သားကို စည်းကမ်းတွေ ထုတ်တာတဲ့ ဇာတ်ကွက်မျိုးတွေ ပါဝင်ပါတယ်။ တကယ်တော့ ဒီအဖြစ်က ဒါရိုက်တာ ငုယင်ဒင်ကိုရဲ့ ဖြစ်ရပ်မှန်ပါ။

“မိဘတွေက ကျနော်ကို ဂေးမဖြစ်အောင် စည်းရုံးကြတာပေါ့။ နည်းလမ်းရှာကြတာပေါ့။ ကျနော်ဘ၀ကို ထိန်းချုပ်ဖို့ ကြိုးစားကြတာပေါ့။ ဒါပေမယ့် ၆ နှစ်ကြာတော့ သူတို့လည်း လက်ခံလိုက်ကြတယ်။”

ဗီယက်နမ်မှာ လိင်တူချင်းမေတ္တာမျှတာ တရားမ၀င်ပါဘူး။ ရှေးရိုးစွဲ ဗီယက်နမ်လူ့အဖွဲ့အစည်းက လက်မခံဘဲ ခွဲခြားဆက်ဆံတာနဲ့ ကြုံရလေ့ ရှိပါတယ်။

“တော်တော်များများက ဂေးဖြစ်နေတယ်ဆိုတာကို မိဘတွေကို ၀န်ခံဖို့ ကြောက်နေကြတယ်လို့ ပြောကြတယ်။ ဒါပေမယ့် ရုပ်ရှင်လည်း ကြည့်ပြီးရော  မိဘတွေကို အမှန်အတိုင်း ၀န်ခံဖို့ သတ္တိရှိလာကြတယ်။”

ဗီယက်နမ်မှာ အရင်တုန်းက ဂေးဇာတ်ကောင်ကို အခြေခံတဲ့ ရုပ်ရှင်တွေ ရှိခဲ့ဖူးပါတယ်။ ဥပမာ လိင်အလုပ်သမားတွေအကြောင်း ရိုက်ကူးထားတဲ့ “Lost in Paradise” ရုပ်ရှင်မျိုးပါ။

ဒါပေမယ့် “My Best Gay Friends” ရုပ်ရှင်က ထူးခြားတယ်လို့  ဗီယက်နမ် LGBT  အသိုင်းအ၀ိုင်းက စည်းရုံးရေးနဲ့ ၀ါဒဖြန့်ချိရေး ညွန်ကြားရေးမှူး Tran Khac Tung က ဆိုပါတယ်။

“အရင်တုန်းကလည်း LGBT ဇာတ်ကောင်တွေပါတဲ့ ရုပ်ရှင်တချို့ကို ကြည့်ဖူးပါတယ်။ စိတ်ထိခိုက်စရာနဲ့ ခက်ခဲတဲ့ ဘ၀အကြောင်းတွေပေါ့၊ ဒါပေမယ့် ဒီဇာတ်ကားကို ကြည့်ရတာကတော့ စိတ်သက်သာရာရတယ်၊ ရယ်စရာ ပျော်စရာတွေနဲ့ ဆိုတော့။”

ဒီရုပ်ရှင်ဖြစ်လာပုံကလည်း ထူးခြားပါတယ်။ ဒါရိုက်တာ ငုယင်ဒင်းကိုက သူ့ သူငယ်ချင်းတွေကို အကူအညီတောင်းပြီး အပျော်သဘောနဲ့ ရိုက်ကူးခဲ့တာပါ။ ဇာတ်လမ်းထဲမှာ ငွေရောင်ဆံပင်နဲ့ ထရန်းငုယင်ကင်ဟန်းက ဒေါသကြီးတဲ့ မြေပိုင်ရှင်ကြီးအဖြစ် သရုပ်ဆောင်ပါတယ်။ သရုပ်ဆောင် အတွေ့အကြုံ မရှိပေမယ့်၊ ရုပ်ရှင်ထွက်လာတာနဲ့ သူလည်း နာမည်ကျော် ဖြစ်သွားတဲ့ အကြောင်း သူက ရယ်ရယ်မောမောနဲ့ ပြောပြပါတယ်။

“ဒီနှစ်ဦးပိုင်းမှာ ကျနော် ပရိသတ်တွေက ကျနော် အလုပ်လုပ်တဲ့နေရာကို လာပြီးတော့ လက်ဆောင်တွေ ပေးတယ်၊ မုန့်တွေ၊ သကြားလုံးတွေ၊ ပန်းတွေ လာပေးကြတယ်။ လမ်းသွားရင်းနဲ့လည်း ပရိသတ်တွေနဲ့ ဆုံတတ်တယ်၊ သူတို့က မှတ်မိတယ်လေ၊ အော်ပြီးတော့ နှုတ်ဆက်ကြတယ်။”

ဒါရိုက်တာ ငုယင်ဒင်းကတော့ ဇာတ်လမ်းထဲမှာ ၇၀ ရာခိုင်နှုန်းက ဖြစ်ရပ်မှန်တွေလို့ ပြောပါတယ်။ ဒါပေမယ့် ဇာတ်လမ်းထဲမှာ အပိုချဲ့ကားတာတွေ အိုဗာအိုက်တင်တွေ များနေတယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။ ဇာတ်ကောင်တယောက်ဖြစ်တဲ့ ငုယင်မင်းထန်က သဘာဝကျကျပဲ သရုပ်ဆောင်ထားတာလို့ ဆိုပါတယ်။

“အရင်ဆုံးတော့ အံ့ဩတယ်။ ရည်ရွယ်ချက်တွေ အားလုံးက ကောင်းပါလျက်နဲ့ အဆိုးမြင်ပြီး ဝေဖန်မယ်လို့ မထင်ဘူးလေ၊ ဒါကြောင့် အံ့ဩတာပေါ့။”

ဇာတ်လမ်းတွဲကို အပိုင်း ၁၅ ပိုင်းနဲ့ ရိုက်ကူးဖို့ ရှိပြီး ၁ တွဲနဲ့ပဲ အပြီး တင်ဆက်ဖို့ ရှိပါတယ်။

ဒါရိုက်တာကတော့ သူ့ဇာတ်လမ်းကို ဂီတမြိုင်မြိုင်နဲ့ အပေါင်းလက္ခဏာ ဇာတ်လမ်းနဲ့ပဲ တင်ဆက် သွားမယ်လို့ ပြောပါတယ်။

“တခြား ရုပ်ရှင်တွေနဲ့ မယှဉ်ရဲပါဘူး။ ဒါပေမယ့် အများအားဖြင့် ဂေးတွေအကြောင်းကို ရိုက်လိုက်ရင် ဒုက္ခတွေအကြောင်းပဲ ရိုက်ကြတာများတယ်။ တကယ့်လက်တွေ့ဘ၀မှာ ဒီလိုမဟုတ်ပါဘူး။”

“သူတို့လည်း တခြားလူတွေနဲ့ အတူတူပါပဲ၊ ပျော်ပျော်နေကြပါတယ်၊ ဂေးတွေကျမှ ဘာဖြစ်လို့ အခက်အခဲတွေ၊ ဒုက္ခတွေနဲ့ အမြဲတမ်း ရင်ဆိုင်ရမှာလဲ။”
( With First Gay Sitcom, Vietnam Takes Another Step Forward by Lien Hoang, Ho Chi Minh, Vietnam)

by ဒီဗွီဘီ

အင်တာနက် ဘယ်လို အလုပ်လုပ်လဲ

Kyaw Ko Kyaw shared သတင်းလေးများဆုံဆည်းရာ's photo.


အင်တာနက် ဘယ်လို အလုပ်တယ်ဆိုတာကို အကြမ်းဖျင်း ရှင်းပြနိုင်တဲ့ ပုံလေးပေါ့။

Moderm

အင်တာနက်လိုင်း အသွားအပြန် ရဖို့ အတွက် Moderm က End user (ကွန်ပြူတာ)နဲ့ အနီးဆုံး ရှိနေတာ မြင်တွေ့ ရပါမယ်။

Firewall

ပုံထဲမှာတေည့ မပါပါဘူး။ သူက ဝင်လာတဲ့ Data တွေကို စစ်ဆေး ပေးတဲ့ အဆင့်တစ်ခုပါ။ Router တွေမှာလည်း Buit in ပါတတ်တဲ့ Device မို့လို့ ဖြစ်ပါတယ်။ Firewall Device ဆိုပြီးလည်း သီးသန့် ရှိပါတယ်။

Router

မတူညီတဲ့ Network တွေကို ချိတ်ဆက်ပေးမယ့် ပစ္စည်းလေးပါ။

Domain Name System

ကွန်ပြူတာက ပို့လိုက်တဲ့ သတင်းအချက်အလက် ထဲမှာ ဘယ်လိပ်စာကို သွားချင်တာလည်း ဆိုတာကို စာနဲ့ ရိုက်ပေမယ့် DNS က Binary သင်္ချာ IP address အဖြစ်သို့ ပြန်လည်ပြောင်းလဲ ရှာဖွေ ပေးပါတယ်။ ပြီးတော့ လိပ်စာ အမှန်ကို Web Server ဆီပို့ပေးပါတယ်။

Web Server

Website လိပ်စာ ၊ အချက်အလက် (Web content) များကို သိမ်းဆည်းထားပေးတဲ့ နေရာ ဖြစ်ပါတယ်။

ISP

Internet Service Provider ပါ။ လက်ရှိ မြန်မာပြည်မှာ ဆိုရင် MPT, Red Link, Sky Net အစရှိသဖြင့် ကွဲပြား သလိုပေါ့။ ISP မှာ ရှိနေတဲ့ DNS ကို ကျနော်တို့ နေ့စဉ် အသုံးပြု Request တောင်းနေတဲ့ လိပ်စာများ၊ ပို့နေတဲ့ အချက်အလက်များ နေ့စဉ်ပျက်စီးဆင်း နေပါတယ်။

အကြမ်းဖျဉ်း အလုပ်လုပ်ပုံ

အချက်အလက် Packet ကို Computer က ပို့ပြီး Local Router ကိုရောက်ပါမယ်။ ပြီးတော့ နီးစပ်ရာ ISP က Rtouer ကိုရောက်ပြီး ကမ္ဘာ့ ကွန်ရက် DNS သို့ပို့ပေးပါတယ်။ ယင်း DNS က Web Server ကို တစ်ဆင့်ထပ်ပို့ပါတယ်။ ယင်း ကနေမှ အချက်အလက်မှန် ကို ပြောင်းပြန် ပြန်လည် စီးဆင်း စေပြီး Local က User ဆီ မရောက်ခင် Firewall ကတစ်ဆင့် စစ်ဆေးပြီးမှ user computer ဆီပြန်ပို့ပေးပါတယ်။ ဝဘ်ဆိုဒ်တွေ Ban တယ်၊ ပိတ်တယ်ဆိုတာ Local ISP (ပြည်တွင်းက Internet Service Provider) များက ပိတ်ချင်တဲ့ ဆိုဒ်များကို ရိုက်ထည့်ထားခြင်း ဖြစ်ပါတယ်။ ကိုယ့် Local Network မှာလည်း ပိတ်ချင်ရင် Customize လုပ်လို့ ရပါသေးတယ်။

ဒီလောက်ဆို အင်တာနက် အလုပ်လုပ်ပုံ အကြမ်းဖျင်းကို သိရှိပြီမို့ မျှော်လင့် ပါတယ်။

အောင်ခမ်း (TSJ team)

TechSpace Journal

မြတ်ဗုဒ္ဓ၏ သမီးတော်(သို့) သီလရှင်ဝတ်ပြီး ပရိယတ္တိသင်ကြားနေသော ပထမငယ်တန်းဖြေဆိုထားသူသရုပ်ဆောင

Kyaw Ko Kyaw shared ဗဟုသုတ ဟင်းပေါင်းအိုးကြီး's photo.

်တင့်တင့်ထွန်း
*************************************

တစ်ခေတ်တစ်ခါက သရုပ်ဆောင်အနုပညာလောကတွင် အချစ်၊ အကြမ်း၊ အလွမ်းနှင့် စရိုက်မျိုးစုံ သရုပ်ဆောင်ခဲ့ပြီး ဂီတနယ်ပယ်တွင်လည်း အောင်မြင်သောနေရာတစ်ခု ရယူနိုင်ခဲ့သလို ရုပ်မြင်သံကြား ကြော်ငြာများတွင်လည်း မကြာခဏတွေ့ရလေ့ရှိသည့် အမျိုးသမီးအနုပညာရှင်တစ်ဦး ရှိခဲ့ဖူးပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ရုပ်ရှင်လောကတွင် သရုပ်ဆောင်လုပ်နေစဉ်ကလည်း မင်းသားကျော်သူနှင့်အတူ အတွဲညီစွာ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်လမ်းများကို တွဲဖက်သရုပ်ဆောင်ခဲ့ဖူးသည်။ ၂ဝဝ၇ ခုနှစ်နောက်ပိုင်း ဦးကျော်သူ အနုပညာလုပ်ငန်းများ ရပ်ဆိုင်းခံရပြီး အနုပညာလောကနှင့် ဝေးကွာ သွားပြီးနောက်ပိုင်း မတွေ့ဆုံဖြစ်တော့ပေ။

ယခုတော့ဖြင့် ထိုအနုပညာသည် မောင်နှမနှစ်ဦး တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့လေပြီ။ သို့သော် ထိုမောင်နှမနှစ်ဦးသည် အနုပညာသည်များ မဟုတ်ကြတော့ပေ။ တစ်ဦးကား ရှင်တော်မြတ်ဗုဒ္ဓ၏ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ကျင့်သုံးကာ အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ပေးဆပ်နေသော ပရဟိတ သမားတစ်ဦးဖြစ်ပြီး နောက်တစ်ဦးသည်ကား မြတ်ဗုဒ္ဓ၏ ပဋိယတ္တိစာပေများကို လေ့လာသင်ယူနေသလို တစ်ဖက်မှလည်း တရားဓမ္မများကို ကြိုးစားအားထုတ်နေသော ဗုဒ္ဓ၏သမီးတော် (သီလရှင်တစ်ပါး) အဖြစ် ရောက်ရှိနေပြီ ဖြစ်တော့သည်။ သူမသည်ကား အခြားသူမဟုတ် တစ်ချိန်က ရုပ်ရှင်နှင့် ဗွီဒီယို သရုပ် ဆောင်/အဆိုတော် တင့်တင့်ထွန်း (ခ) ဒေါ်နန္ဒမာလာ ပင်ဖြစ်ပါသည်။

၆.၆.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ အမှတ် (၁၃/က) ဗိုလ်မှူးဗ ထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ သီလရှင် ဒေါ်နန္ဒမာလာ နှင့်အတူ မိသားစုဝင်များ ရောက်ရှိ လာခဲ့ပါသည်။ ဒေါ်နန္ဒမာလာသည် ပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ စစ်ဘေး နှင့် လူမှုရေးလုပ်ငန်းများကို ကူညီပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှု အကျိုးပြုလုပ်ငန်း များကို ပိုမိုပေးဆပ်နိုင်ရန်အတွက် မိဘနှစ်ပါးအားရည်စူး၍ အလှူငွေ ၃ဝဝဝဝဝဝိ/- (သိန်းသုံးဆယ်) ကျပ် တိတိအား လာရောက်လှူဒါန်းခဲ့သည်။

လှူဒါန်းမှုအပြီးတွင် ဥက္ကဌ ဦးကျော်သူမှ အသင်း၏ လုပ်ဆောင် ချက်များအား ကိုယ်တိုင်ကိုယ်ကျ လိုက်လံရှင်းပြပြီး သီလရှင် ဒေါ်နန္ဒမာလာမှ လှူဒါန်းမှုအစုစုတို့အား ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) Facebook နှင့် Website စာမျက်နှာတို့တွင် အများပြည်သူ မုဒိတာပွားနိုင်ရန် သတင်းတင်လိုပါသည် ဟုခွင့်တောင်းခဲ့ရာ ဒေါ်နန္ဒမာလာမှ “ဆရာလေးအနေနဲ့ အခုလို သတင်းတင်တာ ကြွားဝါသလိုဖြစ်မှာစိုးလို့ မတင်စေချင်ဘူး၊ မသင့်တော်ပါဘူး၊ ဒါပေမယ့် အများသူငါ မုဒိ တာပွားနိုင်အောင် တင်ချင်တယ်ဆိုတော့ မတားတော့ပါဘူး၊ သီလရှင်အနေနဲ့ လှူချင်နေတာကြာပြီ ဒါပေမယ့် အကြောင်းမတိုက်ဆိုင်တော့ မလှူဖြစ်ခဲ့ဘူး၊ ဒီကနေ့တော့ အကြောင်းတိုက်ဆိုင်လို့ လှူဖြစ်ခဲ့ တယ်၊ သီလရှင်က တစ်ပါးတည်း မိဘတွေကလည်း မရှိတော့ဘူးဆိုတော့ ဟိုးတုန်းက တွေးမိဖူးတယ်၊ ငါသေရင် ဘယ်သူကများ အသုဘချပေးမလဲလို့ တွေးပူခဲ့မိတယ်။ ဒါပေမယ့် နောက်တော့ ကိုမောင် (ကိုကျော်သူ)တို့ နာရေးအသင်းရှိနေတာပဲ ဘာပူစရာရှိလဲလို့တွေးမိပြီး ဒီအသင်းကြီးက အများပြည်သူကို ကူညီပေးနေတာဆိုတော့ ဒီအသင်းကြီး ရေရှည်တည်တံ့ဖို့အတွက် သီလရှင်အနေနဲ့ လှူဖို့လို မယ်ဆိုတာ ကို တွေးမိတဲ့အတွက် အခုလိုအကြောင်းတိုက်ဆိုင်စွာနဲ့ လာလှူဖြစ်ခဲ့တာပါ” ဟု မိန့်ကြားခဲ့သည်။ ပညာရေးနှင့် ပတ်သက်၍လည်း သီလရှင် ပဋိယတ္တိစာပေများ သင်ဆည်းပူးနေခြင်းအား မေးမြန်းကြည့်ရာ “ပညာရေးအနေနဲ့ ပထမငယ်ဖြေထားပါတယ်၊ သီလရှင်ဝတ်တာ တစ်ဝါရပြီးပါပြီ” ဟု ပကတိ တည်ငြိမ် အေးချမ်းစွာဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။

ကျွန်တော်တို့သည် ရုပ်ရှင်သရုပ်ဆောင်များ ဇာတ်လမ်း၊ ဇာတ်ကားများထဲတွင် ထိုကဲ့သို့သော သီလရှင်ဝတ်သည့် ဇာတ်ဝင်ခန်းများကို ကြည့်ခဲ့ကြဖူးသော်လည်း ဒေါ်တင့်တင့်ထွန်းအား မြတ်ဗုဒ္ဒ၏ သမီးတော် ဒေါ်နန္ဒမာလာအဖြစ် မြင်တွေ့ရသည်ကား များစွာကွာခြားလှပါသည်။ စကားပြောခြင်း၊ လမ်း လျှောက်ခြင်းမှစ၍ အရာရာအား သတိကပ်ကာ ဗုဒ္ဓအလိုတော်ကျ ကျင့်ကြံနေထိုင်သွားနိုင်ပြီကို သတိထား မိပါတော့သည်။ ထို့ကြောင့် ယခင်အချိန်က အနုပညာလောကတွင် ပြည်သူတို့အား ပျော်ရွှင်စေရန် အနု ပညာဖြင့် ဖျော်ဖြေပေးခဲ့သော ဒေါ်တင့်တင့်ထွန်းသည် ယခုအခါ ဒေါ်နန္ဒမာလာအဖြစ် မြတ်ဗုဒ္ဓ၏ သမီး တော်ဘဝနှင့် ပဋိပတ္တိစာပေများ လေ့လာလိုက်စားကာ တရားဘာဝနာများ စီးဖြန်းအားထုတ်နေသလို တစ်ဖက်မှလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အများပြည်သူအတွက် ကူညီပေးဆပ်နိုင်ရန် ဝတ္ထု ငွေကြေးများဖြင့် လှူဒါန်းခဲ့သော အလှူဒါနအား မိဘနှစ်ပါးနှင့်တကွ သံသရာတွင် ကျင်လည်ကြကုန်သာ (၃၁) ဘုံသား ဝေနေယျ သုခိတာ၊ ဒုက္ခိတာအပေါင်းတို့အား အမျှ .. အမျှ .. အမျှ ပေးဝေငှပါ၏။ အားလုံးသော (၃၁) ဘုံသားအပေါင်းတို့ သာဓု .. သာဓု .. သာဓု ခေါ်ဆိုနိုင်ကြပါစေသား။

(၃၁) ဘုံသား ဝေနေယျသတ္တဝါများ အားလုံးအေးချမ်းသာယာ ရှိနိုင်ကြပါစေ။

နာရေးကူညီမှုအသင်း(ရန်ကုန်)

Saturday, June 8, 2013

၈.၆.၂၀၁၃ စနေနေ့ညနေ၃နာရီတွင်ရန်ကုန်နေပြည်တော်လမ်းမပေါ်၌နေပြည်တော်မှရန်ကုန်သို့မောင်းနှင်လာသောprado ကားက ရှေ့မှမောင်းနှင်လာသော nissanADvanကိုကျော်တက်စဉ်ချိတ်မိ

၈.၆.၂၀၁၃ စနေနေ့ညနေ၃နာရီတွင်ရန်ကုန်နေပြည်တော်လမ်းမပေါ်၌နေပြည်တော်မှရန်ကုန်သို့မောင်းနှင်လာသောprado ကားက ရှေ့မှမောင်းနှင်လာသော nissanADvanကိုကျော်တက်စဉ်ချိတ်မိပြီးနှစ်စီးလုံးတိမ်းမှောက်သွားရာ.ပရာဒိုပေါ်မှအသက်70အရွယ်ဆွစ်ဇာလန်နိုင်ငံသားတဦးအေဒီဗင်ပေါ်မှအမျိုးသမီးနှစ်ဦးစုစုပေါင်းသုံးဦးပွဲချင်းပြီးသေဆုံးသွားကြောင်းသိရပါသည်။

Thursday, June 6, 2013

Facebook ပေါ်ကို ဓါတ်ပုံတွေ Video တွေ အမြန်တင်ချင်ရင် (For Android)


 
 Kyaung Thar:  ညီလေးဖုန်းက ဓါတ်ပုံတွေတင်မရလို့ ဓါတ်ပုံ နဲ့ Video တင်လို့ရတဲ့ဆော့ဖ်ဝဲ လေးတင်ပေးပါ့လား...အကို....
ဘယ်နေရာကို Upload တင်ဖို့လဲတော့ မသိပါဘူး (ပြည့်စုံအောင်ရေးမထားတဲ့အတွက်) ပြီးတော့ လူသုံးများတဲ့ Android ဖုန်းအတွက်ထင်ပြီး ဒီ Speedy Uploader လေးကိုပဲ အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်.... ဖုန်းထဲကို Install ပြီးရင် မိမိ Facebook ကို Login ဝင်ပါ ... ဓါတ်ပုံတွေ Video တွေကို စိတ်ကြိုက် Upload တင်နိုင်ပါပြီ...:)

Speedy Uploader for Facebook APK v1.5.2

 BATCH Upload PHOTOS
BATCH Upload VIDEOS
MULTIPLE Photos Selection
ADD captions to Photos/Videos
UPLOAD High Res or Optimized Photos
UPLOAD Photos to Pages that you Manage
BACKGROUND Uploading with Retries
TAG Friends, Objects in Photos
SHARE photos via Twitter, Email
CREATE New Photo Albums
ROTATE Photo before upload
TAG Existing Photos
VIEW Existing Albums
VIEW Friend's Albums
VIEW Uploaded Photos
VIEW & COMMENT posts
UPDATE your Status



Click Here to Download