This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, March 16, 2013

မျက်မမြင်နှစ်ဦး၏ မင်္ဂလာပွဲ


စာရေးသူသည် မင်္ဂလာဧည့်ခံပွဲ အမြောက်အမြားကို တက်ရောက် ခဲ့ဖူးသည်။ သတို့သား၊ သတို့သမီးတို့ သည် သာမန်အသွင် ရှိသော်လည်း ယခုကျင်းပသည့် မင်္ဂလာပွဲသည် သတို့သား မောင်ကျော်ဆန်းဦးနှင့် သတို့သမီး မချောစုအေးတို့ နှစ်ဦးစလုံး မျက်စိမမြင် သူများဖြစ်သည့် အတွက်ထူးခြားသော မင်္ဂလာပွဲဖြစ်သည်။ မောင်ကျော်ဆန်းဦးသည် ဦးကြွက်နီ၊ ဒေါ်ခင်စန်းတို့မှ ၁၉၈၅ ခုနှစ်တွင် မြစ်ငယ်မြို့ စပါယ် ရပ်ကွက်တွင် မွေးဖွားခဲ့သည်။ မွေးဖွားပြီး သုံးနှစ် အရွယ်တွင် မျက်စိကွယ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် မြန်မာ့မီးရထား လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်) အထွေထွေမန်နေဂျာ ဦးထွန်းဦး (ယခုအငြိမ်းစား) ကသားတပည့် အနေဖြင့် ကြည့်မြင်တိုင် မျက်မမြင် ကျောင်းသို့ ပို့ဆောင်အပ်နှံ ပေးခဲ့သည်။ ထိုကျောင်းတွင် အကြောနှင့် ပတ်သက်သည့် ပညာရပ် များကို ၁၂ နှစ် သင်ယူခဲ့ရာ ဂျပန် အကြောပြင်ဆရာ ပင်လက်မှတ် ရရှိခဲ့သည်ဟု မိခင်ဒေါ်ခင်စန်းက ပြော ပြသည်။ ထိုနည်းအတူ မချောစုအေးသည်လည်း ဦးပြောင်၊ ဒေါ်တင်ကြည် တို့မှ ၁၉၈၇ ခုနှစ် တောင်ကြီးမြို့နယ် ဖဲငန်ရွာတွင် မွေးဖွားခဲ့သည်။ မွေးဖွားပြီး တစ်နှစ် အရွယ်တွင်
မျက်စိကွယ်ခဲ့သည်။ ၁၆နှစ်သမီး အရွယ်တွင် မိတ္ထီလာ မျက်မမြင်ကျောင်း သို့ပို့ခဲ့ရာ ခေတ်ပညာ ၁၀တန်းနှင့် အကြောပြင် ဆရာမ လက်မှတ် ရရှိခဲ့ကြောင်း မိခင်ဒေါ်တင်ကြည်က ပြောပြသည်။ မောင်ကျော်ဆန်းဦးနှင့် မချောစု အေးတို့သည် မန္တလေးမြို့ မျက်မမြင် ကျောင်းတွင် ထိုက်တန်သော အခကြေးငွေဖြင့် သင်တန်းဆရာ အဖြစ်ဆောင်ရွက်ခဲ့ရာ တစ်ဦးနှင့်တစ်ဦး ချစ်မေတ္တာများ သက်ဝင်ကြ၍ နှစ်ဖက်မိဘများ သဘောတူညီချက်ဖြင့် မြစ်ငယ်မြို့ အုပ်ချုပ်ရေးမှုးရုံးတွင် လက်ထပ်စာချုပ် ချုပ်ဆိုခဲ့ပြီး မြစ်ငယ်မြို့ မီးရထားခမ်းမတွင် မင်္ဂလာ အခမ်းအနား ကျင်းပခဲ့ရာ အလွန်စည်ကားခဲ့ပါသည်။ မောင်ကျော်ဆန်းဦးနှင့် မချောစုအေးတို့သည် အခြေချနေထိုင်ပြီး အကြောပြင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
စိန်မြင့်-yoyarlay.

မြန်မာ Mobile application များကို စုစည်းမှု့ (Android ဖုန်းသုံးသူအားလုံးအတွက်အထူး)


( အဟောင်းတွေပါ။ အသစ်တွေ မပါသေးပါဘူး .. လိုချင်တဲ့သူများ ရှိလျင် ယူနိုင်အောင်လို့ပါ )


The Voice News
https://www.dropbox.com/s/v0s3catcn4pqg6x/thevoice.apk

မြန်မာ ပိဋကတ်သုံးပုံ
http://www.mediafire.com/download.php?wpq5z8qwi7f1zvd

မြန်မာ Bible
http://www.mediafire.com/download.php?dbi5x9l1rq6t7ol

Planet Dictionary(1.5)
https://www.dropbox.com/s/ksf6rc4fcjsstqg/Planet%20Dictionary%281.5...

Myanmar HUB ဗေဒင်
http://www.mediafire.com/download.php?5864cwwz07x1bcz

Myanmar HUB ပရိတ်
http://www.mediafire.com/download.php?fbzkdde2ic1hje7

မြန်မာ Festivals.
https://www.dropbox.com/s/47lvs48gaqok6ak/Myanmar%20Festivals-1.apk

Hot News
https://www.dropbox.com/s/getrev4dpmp4jzo/hotnews.apk?m

KBZ
https://www.dropbox.com/s/abhin8vtiy3kgna/kbz.apk?m

Myanmar Flag Live wallpaper
https://www.dropbox.com/s/1azi92cft1k9oro/myanmar%20flag.apk

RFA burmese
https://www.dropbox.com/s/ztfqj79nxbvko50/RFA%20Burmese-2.apk

Ornagai
https://www.dropbox.com/s/5twz0p7vh2jgtqv/ornagai.apk?m

YKKO
https://www.dropbox.com/s/cj4gbjobxuj05q6/ykko.apk?m

Zawgyi Pad
http://www.mediafire.com/download.php?8z9cix5b4t6xqaj

Mobile Health Guide
http://db.tt/cdVNJQpV

NLD
http://db.tt/ZgDcg2yK

ငတက်ပြား
http://db.tt/E8OfkM4k

The Voice Daily
http://db.tt/ApQkXAsr

3d မြန်မာ အလံ
http://db.tt/NiQ8H1Pi

sm3 လမ်းညွှန်
http://db.tt/1TvML6x9

sm3 အသံထွက်ပါတဲ့ အဘိဓာန်
http://db.tt/k17svOkt

Sketch Learner လေးပါ
http://db.tt/Kvdehsja

Stallion အင်ဂျင်ဝိုင်
http://db.tt/RLfwhKF2

ဓမ္မရေဒီယို
http://db.tt/8ib3xRSI

ဘာပဲလိုလို အဝါရောင် ရှိတယ်
http://db.tt/uqjNkJu1

sm3 မန္တလေး လမ်းညွှန်
http://db.tt/aCeC6dXS

ကလေးတွေကိုစာသင်ပေးလို့ ကောင်းမယ် အမေးအဖြေ လေးလည်းပါတယ်
http://db.tt/x4rQlnr6

ဓမ္မစက်ဝိုင်း
http://db.tt/Cze9TzIi

DhammaDroid
http://db.tt/KPL5p2HN

GoThere
http://db.tt/X4EUwu3l

Myandroid အဘိဓာန်
http://db.tt/VG1YHLa6

Health Blog-----Hein Khat
https://www.dropbox.com/s/5ztsomqm3j1fz4t/HBlog.apk

android tutorials---------Hein Khat
https://www.dropbox.com/s/ordpz65gvpb63ri/Tutorials.v.1.2.apk

Mobile News----------Bo Sunny Lwin
http://www.mediafire.com/?gr6ma323pyh80ow

Doctor Note
ဒေါက်တာမောင်မောင်ဦး.ဒေါက်တာစိုးမင်း..ဒေါက်တာလွှမ်းမိုးဟန်တို့ရဲ့ facebook က notes များကိုစောင့်မျှော်ဖတ်ရှု့နိုင်တဲ့ application ပါ။
https://www.dropbox.com/s/1u1ymyx7yud4nlg/Doctor%20Notes.apk

Mizzima News
https://www.dropbox.com/s/hbc2j5av5qu6d2f/mizzima.apk

MM Hub dialler
မြန်မာစာ..မသွင်းထားတဲ့ဖုန်းတွေအတွက် မြန်မာလိုမှတ်လို့ရတဲ့ contacts book ပါ။
http://www.mediafire.com/download.php?pbnsb8vy541ggys

Myanmar News
http://www.mediafire.com/download.php?79q5j9ce9chxdv3

Collected By Hein Khat,Nyein Chan Ko Ko

mediafire က နေ Folder လိုက်လိုချင်ရင်တော့

http://www.mediafire.com/?t7em2z4vyy228

ခေတ်သစ် ရဟန်းစားရသော ဆွမ်းတစ်နှပ်ပါပဲ....

Wai Hlaing shared အင်းလေးမီဒီယာ's photo.
ဒါမျိုးပုံတွေလဲ ဖော်ပြပေးသင့်ပါတယ် စတ္ထုထ မဏ္ဍိုင် မီဒီယာကြီးများ ခင်ဗျာ..
========================================

ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေထဲက ဆရာတော်တွေ နေမြင့်လို့ ဆွမ်းဘုးန်မပေးရမှာ စိုးရိမ်လို့ ရှေ့တန်းရောက်နေတဲ့ စစ်မြေပြင်က စစ်သားတွေက မလောက်ငှလောက်ငှ ရိက္ခာလေးကို စု ပြီးတော့ ဆွမ်း ကပ်ခဲ့တာပါ။ အင်မတန်လေးစားစရာကောင်းပါတယ်။ တပ်မတော်သားတွေ ရှေ့တန်းမှာ ရိက္ခာပြတ်ရင် ငှက်ပျောအူတွေပြုတ်စားရတယ်လို့ကြားဖူးတယ်။ အင်တာနက်မှာ Copy မကူးရဆိုတဲ့ စတ္ထုထ မဏ္ဍိုင်ကြီးများ ဒါမျိုးကျ ရူးချင်ယောင်ဆောင်နေကြပါတယ်... ဒါဟာ ခေတ်သစ် ရဟန်းစားရသော ဆွမ်းတစ်နှပ်ပါပဲ....
ဒါမျိုးပုံတွေလဲ ဖော်ပြပေးသင့်ပါတယ် စတ္ထုထ မဏ္ဍိုင် မီဒီယာကြီးများ ခင်ဗျာ..
==============================
==========

ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေထဲက ဆရာတော်တွေ နေမြင့်လို့ ဆွမ်းဘုးန်မပေးရမှာ စိုးရိမ်လို့ ရှေ့တန်းရောက်နေတဲ့ စစ်မြေပြင်က စစ်သားတွေက မလောက်ငှလောက်ငှ ရိက္ခာလေးကို စု ပြီးတော့ ဆွမ်း ကပ်ခဲ့တာပါ။ အင်မတန်လေးစားစရာကောင်းပါတယ်။ တပ်မတော်သားတွေ ရှေ့တန်းမှာ ရိက္ခာပြတ်ရင် ငှက်ပျောအူတွေပြုတ်စားရတယ်လို့ကြားဖူးတယ်။ အင်တာနက်မှာ Copy မကူးရဆိုတဲ့ စတ္ထုထ မဏ္ဍိုင်ကြီးများ ဒါမျိုးကျ ရူးချင်ယောင်ဆောင်နေကြပါတယ်... ဒါဟာ ခေတ်သစ် ရဟန်းစားရသော ဆွမ်းတစ်နှပ်ပါပဲ....

လက်ပံတောင်း တုံရွာသပိတ်စခန်း ဖယ်ရှားရန် သတိပေး

Ko Sein Than shared ကို စိန်သန်း's photo.
လက်ပံတောင်း တုံရွာသပိတ်စခန်း ဖယ်ရှားရန် သတိပေး
( ဧရာဝတီ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ဖျက်သိမ်းရေးအတွက် ဖွင့်လှစ်ထားသော  

တုံရွာသပိတ်စခန်းသည် ပြည်သူပိုင် လမ်းနယ်နမိတ်အတွင်း 

ကျရောက်နေသောကြောင့် ဖယ်ရှားပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက 

သတိပေးလိုက် ကြောင်း သတင်းရရှိသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆားလင်းကြီးမြို့နယ် 

ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက တုံရွာသပိတ်စခန်းသည် မုံရွာ၊ 

ဆားလင်းကြီး- ညောင်ပင်ကြီးလမ်းမဘေးတွင် ဖွင့်လှစ်ထားသဖြင့် 

ပြည်သူပိုင်လမ်းနယ်နမိတ်အတွင်း ကျရောက်နေသဖြင့်  သပိတ်စခန်း 

အဆောက်အဦးကို ဖယ်ရှားပေးရန် အကြောင်းကြားလာခြင်းဖြစ်ပြီး စာနှင့်အတူ 

နိုင်ငံတော် အေးချမ်းသာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက်က 

ပြဋ္ဌာန်းထားသော လမ်းတံတားဥပဒေစာအုပ်ကိုပါ တပါတည်း ပူးတွဲ ပေးပို့လာ 

ကြောင်း လက်ပံတောင်းအရေး ဦးစီးဆောင်ရွက်နေသူ ကိုဟန်ဝင်းအောင်က 

ပြောသည်။

အဆိုပါသတိပေးအကြောင်းကြားစာမှာ ကိုဟန်ဝင်းအောင်၏ 

ဖေ့ဘုတ်စာမျက်နှာမှတဆင့် လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။

ထိုသတိပေး အကြောင်းကြားစာနှင့် ပက်သက်ပြီး ဆားလင်းကြီးမြို့နယ်၊ 

ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ လက်ထောက် အင်ဂျင်နီယာ ဦးသန်းဆွေနှင့် 

ဆားလင်းကြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံသို့ ဧရာဝတီက 

ဆက်သွယ် မေးမြန်းရာ  လက်ခံဖြေကြားခဲ့ခြင်းမပြုပေ။

ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျရဲအရာရှိတဦးကမူ-“ ဒီကိစ္စနဲ့ 

ပက်သက်ပြီး ကျွန်တော်တို့တော့ ဘာမှ မသိသေးဘူး။ 

သူတို့ဖယ်မပေးဘူးဆိုရင်လည်း ဘယ်လိုဆက်လုပ်မယ်ဆိုတာ ကျွန်တော်တို့ 

မသိရပါဘူး။ ဒီသ ပိတ်စခန်း တွေကိစ္စကို ကျွန်တော်တို့ မြို့နယ်ရဲတပ်ဖွဲ့ ကလည်း 

ကိုင်တွယ်တာမဟုတ်ပါဘူး ” ဟု ဧရာဝတီသို့ ပြောသည်။

အာဏာပိုင်များ၏ သတိပေးအကြောင်းကြားလာသော်လည်း ဒေသခံများအနေဖြင့် 

သပိတ်စခန်းကို ဖယ်ရှားပေးလိုခြင်းမရှိကြောင်း၊ ထိုသပိတ်စခန်း 

ဆက်လက်ရပ်တည်နေရေးနှင့် ပက်သက်ပြီး ဒေသခံများနှင့် ညှိနှိုင်းနေ ကြောင်း 

ကိုဟန်ဝင်းအောင်က ဆိုသည်။

လက်ပံတောင်းကြေးနီစီမံကိန်းရပ်ဆိုင်းရေး သပိတ်စခန်းများ ဖွင့်လှစ်ထားသော 

လိပ်ခွံတောင်၊ အင်ကြင်းတောင်၊ တုံရွာသပိတ်စခန်းများမှ 

ဒေသခံရွာသူရွာသားများကလည်း သပိတ်စခန်းများသည် ပုဒ်မ ၁၄၄ 

ထုတ်ပြန်ထားသော နယ်မြေထဲ တွင် ရှိနေသောကြောင့် ပုဒ်မ ၁၄၄ 

ကိုရုပ်သိမ်းပေးရန် ဒေသခံများက လိုလားကြောင်း ၎င်းက ဆက်ပြောသည်။

“ပထမဆုံး တရားဝင်ဆန္ဒပြဖို့ စာတင်ရင် ပုဒ်မ ၁၄၄ ဒေသက 

ထွက်ပေးရတော့မယ်။ စီမံကိန်းက အခြေခံ တည်ဆောက်ရေး လုပ်ငန်းတွေ နေ့စဉ် 

လုပ်နေတော့ မြေစာပုံတာ၊ ကားဖြတ်တာတွေရှိတယ်။ အဲဒါကို ကန့်ကွက်မယ် 

ဆိုရင် ဘယ်လို ကြိုပြီး စာတင်မလဲ။ အဲလိုမဖြစ်ဖို့ စီမံကိန်းကို ယာယီ 

ရပ်ဆိုင်းပေးရမယ် ” ဟု ၎င်းက ပြောသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က 

လက်ပံတောင်းတောင်စီမံကိန်းဖျက်သိမ်းရေး ဆန္ဒပြနေသော သပိတ်စခန်းများကို 

အကြမ်းဖက်ဖြိုခွင်းခဲ့မှုအပေါ် ဒေသခံများက မကျေမနပ်ဖြစ်နေပြီး 

အကြမ်းဖက်ဖြိုခွင်းမှုနှင့် မီးလောင်ဗုံးအသုံးပြုမှုများကို  တာဝန်ဖြေရှင်း 

ဆောင်ရွက်ပေးမည်ဆိုပါက  ဒေသခံများ၏ ဆန္ဒပြမှုများ၊ သပိတ်စခန်းဖွင့်မှုများ၊ 

စည်တန်းလှည့်လည်မှုများ ကို ဥပဒေဘောင်အတွင်းမှ 

တရားဝင်ဆောင်ရွက်သွားမည်ဟု ကိုဟန်ဝင်းအောင်က ဆက်လက်ပြောသည်။

လတ်တလော သပိတ်စခန်း ၃ ခုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စောင့်ကြည့်နေပြီး 

ဖြိုခွင်းမည့် အခြေအနေများမရှိကြောင်း၊ တုံရွာသပိတ်စခန်းကို လည်း မည့်သည့် 

နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် အကြောင်းကြားထားမှုမျိုး မတွေ့ရကြောင်း 

တုံရွာဒေသခံ တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ကလည်း ဆောက်လုပ်ရေးဘက်က အကြောင်းကြားစာမှာ 

လမ်းဘယ်လောက်မှာမလွတ်တာမျိုးပေမယ့် ဘာ့ကြောင့် ဖယ်ခိုင်းတယ်ဆိုတာကို 

တိတိ ကျကျသိရအောင် သွားမေးဖို့လည်း အစီအစဉ်မရှိဘူး။ သူတို့ 

သက်ဆိုင်ရာက လာညှိုနှိုင်းရင် တော့ ပြန်ညှိုနှိုင်းဖို့ အစီစဉ်ရှိ ပါတယ် ” ဟု ၎င်းက 

ဆိုသည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ 

ဒေါ်အောင်ဆန်းစုကြည်က  လက်ပံတောင်းတောင် ကြေးနီစီမံကိန်း  

သပိတ်စခန်းဖြိုခွဲခံရမှုတွင် ရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်သည် 

ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သော ပြုလုပ်မှု မျိုး မတွေ့ ရကြောင်း၊ ရဲတပ်ဖွဲ့၏ 

ဆောင်ရွက်ချက်များကို အရေးယူရန်မှာလည်း သက်သေမပြည့်စုံသောသဖြင့် 

အရေးယူရန်မှာ မဖြစ်နိုင်ကြောင်း၊ ဖြိုခွင်းမှုတွင် မီးခိုးဗုံးကိုသာ အသုံးပြုထားပြီး 

မိမိကိုယ်တိုင် မီးခိုးဗုံး ထုတ်လုပ်သည့် စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့သောကြောင့် 

 မီးလောင်ဗုံးဟု မိမိမပြောနိုင်ကြောင်း မတ်လ ၁၄ ရက်နေ့က မုံရွာတွင် 

သတင်းသမားများနှင့် တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။

“ဘာကြောင့် ဒီလိုဖြစ်ခဲ့တယ် ဆိုတာ အစီရင်ခံစာထဲမှာပါတယ်။ ဒေသခံတွေကို 

အစီရင်ခံစာ ဖတ်ပြီးပြီလားဆိုတော့ မဖတ်ရသေးဘူး။ အခု ဆန္ဒပြတဲ့ ရွာတွေက 

ရှင်းပြတာကိုလည်းနားမထောင်ဘူး။ ဒါကလည်း သူတို့မှာ ခဏ ခဏ ပဋိပက္ခ တွေ 

ဖြစ်ခဲ့ရတော့ ပြေပြေလည်လည် လုပ်နိုင်တဲ့ အလေ့အကျင့်တွေ 

မရှိတာလည်းဖြစ်နိုင်တယ်။ တခြား နိုင်ငံရေး ပယောဂ ရှိနိုင် မလားဆိုတာ 

မီဒီယာတွေအနေနဲ့ ကြည့်ပေါ့ ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ဆောင်ရွက်နေသော 

လက်ပံတောင်းကြေးနီစီမံကိန်းကို  ဆက်လက်လုပ်ဆောင်သင့်သည်ဆိုသော 

လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်၏အစီရင်ခံစာကို မတ်လ ၁၂ 

ရက်နေ့တွင် ထုတ်ပြန်ပြီးနောက် ဒေသခံများ၏ မကျေမနပ်ဆန္ဒပြမှုများ 

ဖြစ်ပေါ်လျက်ရှိသည်။

http://burma.irrawaddy.org/archives/35724#.UUMcp5sewLM.facebook

( ဧရာဝတီ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ဖျက်သိမ်းရေးအတွက် ဖွင့်လှစ်ထားသော

တုံရွာသပိတ်စခန်းသည် ပြည်သူပိုင် လမ်းနယ်နမိတ်အတွင်း

ကျရောက်နေသောကြောင့် ဖယ်ရှားပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက

သတိပေးလိုက် ကြောင်း သတင်းရရှိသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆားလင်းကြီးမြို့နယ်

ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက တုံရွာသပိတ်စခန်းသည် မုံရွာ၊

ဆားလင်းကြီး- ညောင်ပင်ကြီးလမ်းမဘေးတွင် ဖွင့်လှစ်ထားသဖြင့်

ပြည်သူပိုင်လမ်းနယ်နမိတ်အတွင်း ကျရောက်နေသဖြင့် သပိတ်စခန်း

အဆောက်အဦးကို ဖယ်ရှားပေးရန် အကြောင်းကြားလာခြင်းဖြစ်ပြီး စာနှင့်အတူ

နိုင်ငံတော် အေးချမ်းသာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက်က

ပြဋ္ဌာန်းထားသော လမ်းတံတားဥပဒေစာအုပ်ကိုပါ တပါတည်း ပူးတွဲ ပေးပို့လာ

ကြောင်း လက်ပံတောင်းအရေး ဦးစီးဆောင်ရွက်နေသူ ကိုဟန်ဝင်းအောင်က

ပြောသည်။

အဆိုပါသတိပေးအကြောင်းကြားစာမှာ ကိုဟန်ဝင်းအောင်၏

ဖေ့ဘုတ်စာမျက်နှာမှတဆင့် လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။

ထိုသတိပေး အကြောင်းကြားစာနှင့် ပက်သက်ပြီး ဆားလင်းကြီးမြို့နယ်၊

ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ လက်ထောက် အင်ဂျင်နီယာ ဦးသန်းဆွေနှင့်

ဆားလင်းကြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံသို့ ဧရာဝတီက

ဆက်သွယ် မေးမြန်းရာ လက်ခံဖြေကြားခဲ့ခြင်းမပြုပေ။

ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျရဲအရာရှိတဦးကမူ-“ ဒီကိစ္စနဲ့

ပက်သက်ပြီး ကျွန်တော်တို့တော့ ဘာမှ မသိသေးဘူး။

သူတို့ဖယ်မပေးဘူးဆိုရင်လည်း ဘယ်လိုဆက်လုပ်မယ်ဆိုတာ ကျွန်တော်တို့

မသိရပါဘူး။ ဒီသ ပိတ်စခန်း တွေကိစ္စကို ကျွန်တော်တို့ မြို့နယ်ရဲတပ်ဖွဲ့ ကလည်း

ကိုင်တွယ်တာမဟုတ်ပါဘူး ” ဟု ဧရာဝတီသို့ ပြောသည်။

အာဏာပိုင်များ၏ သတိပေးအကြောင်းကြားလာသော်လည်း ဒေသခံများအနေဖြင့်

သပိတ်စခန်းကို ဖယ်ရှားပေးလိုခြင်းမရှိကြောင်း၊ ထိုသပိတ်စခန်း

ဆက်လက်ရပ်တည်နေရေးနှင့် ပက်သက်ပြီး ဒေသခံများနှင့် ညှိနှိုင်းနေ ကြောင်း

ကိုဟန်ဝင်းအောင်က ဆိုသည်။

လက်ပံတောင်းကြေးနီစီမံကိန်းရပ်ဆိုင်းရေး သပိတ်စခန်းများ ဖွင့်လှစ်ထားသော

လိပ်ခွံတောင်၊ အင်ကြင်းတောင်၊ တုံရွာသပိတ်စခန်းများမှ

ဒေသခံရွာသူရွာသားများကလည်း သပိတ်စခန်းများသည် ပုဒ်မ ၁၄၄

ထုတ်ပြန်ထားသော နယ်မြေထဲ တွင် ရှိနေသောကြောင့် ပုဒ်မ ၁၄၄

ကိုရုပ်သိမ်းပေးရန် ဒေသခံများက လိုလားကြောင်း ၎င်းက ဆက်ပြောသည်။

“ပထမဆုံး တရားဝင်ဆန္ဒပြဖို့ စာတင်ရင် ပုဒ်မ ၁၄၄ ဒေသက

ထွက်ပေးရတော့မယ်။ စီမံကိန်းက အခြေခံ တည်ဆောက်ရေး လုပ်ငန်းတွေ နေ့စဉ်

လုပ်နေတော့ မြေစာပုံတာ၊ ကားဖြတ်တာတွေရှိတယ်။ အဲဒါကို ကန့်ကွက်မယ်

ဆိုရင် ဘယ်လို ကြိုပြီး စာတင်မလဲ။ အဲလိုမဖြစ်ဖို့ စီမံကိန်းကို ယာယီ

ရပ်ဆိုင်းပေးရမယ် ” ဟု ၎င်းက ပြောသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က

လက်ပံတောင်းတောင်စီမံကိန်းဖျက်သိမ်းရေး ဆန္ဒပြနေသော သပိတ်စခန်းများကို

အကြမ်းဖက်ဖြိုခွင်းခဲ့မှုအပေါ် ဒေသခံများက မကျေမနပ်ဖြစ်နေပြီး

အကြမ်းဖက်ဖြိုခွင်းမှုနှင့် မီးလောင်ဗုံးအသုံးပြုမှုများကို တာဝန်ဖြေရှင်း

ဆောင်ရွက်ပေးမည်ဆိုပါက ဒေသခံများ၏ ဆန္ဒပြမှုများ၊ သပိတ်စခန်းဖွင့်မှုများ၊

စည်တန်းလှည့်လည်မှုများ ကို ဥပဒေဘောင်အတွင်းမှ

တရားဝင်ဆောင်ရွက်သွားမည်ဟု ကိုဟန်ဝင်းအောင်က ဆက်လက်ပြောသည်။

လတ်တလော သပိတ်စခန်း ၃ ခုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စောင့်ကြည့်နေပြီး

ဖြိုခွင်းမည့် အခြေအနေများမရှိကြောင်း၊ တုံရွာသပိတ်စခန်းကို လည်း မည့်သည့်

နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် အကြောင်းကြားထားမှုမျိုး မတွေ့ရကြောင်း

တုံရွာဒေသခံ တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ကလည်း ဆောက်လုပ်ရေးဘက်က အကြောင်းကြားစာမှာ

လမ်းဘယ်လောက်မှာမလွတ်တာမျိုးပေမယ့် ဘာ့ကြောင့် ဖယ်ခိုင်းတယ်ဆိုတာကို

တိတိ ကျကျသိရအောင် သွားမေးဖို့လည်း အစီအစဉ်မရှိဘူး။ သူတို့

သက်ဆိုင်ရာက လာညှိုနှိုင်းရင် တော့ ပြန်ညှိုနှိုင်းဖို့ အစီစဉ်ရှိ ပါတယ် ” ဟု ၎င်းက

ဆိုသည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ

ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း

သပိတ်စခန်းဖြိုခွဲခံရမှုတွင် ရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်သည်

ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သော ပြုလုပ်မှု မျိုး မတွေ့ ရကြောင်း၊ ရဲတပ်ဖွဲ့၏

ဆောင်ရွက်ချက်များကို အရေးယူရန်မှာလည်း သက်သေမပြည့်စုံသောသဖြင့်

အရေးယူရန်မှာ မဖြစ်နိုင်ကြောင်း၊ ဖြိုခွင်းမှုတွင် မီးခိုးဗုံးကိုသာ အသုံးပြုထားပြီး

မိမိကိုယ်တိုင် မီးခိုးဗုံး ထုတ်လုပ်သည့် စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့သောကြောင့်

မီးလောင်ဗုံးဟု မိမိမပြောနိုင်ကြောင်း မတ်လ ၁၄ ရက်နေ့က မုံရွာတွင်

သတင်းသမားများနှင့် တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။

“ဘာကြောင့် ဒီလိုဖြစ်ခဲ့တယ် ဆိုတာ အစီရင်ခံစာထဲမှာပါတယ်။ ဒေသခံတွေကို

အစီရင်ခံစာ ဖတ်ပြီးပြီလားဆိုတော့ မဖတ်ရသေးဘူး။ အခု ဆန္ဒပြတဲ့ ရွာတွေက

ရှင်းပြတာကိုလည်းနားမထောင်ဘူး။ ဒါကလည်း သူတို့မှာ ခဏ ခဏ ပဋိပက္ခ တွေ

ဖြစ်ခဲ့ရတော့ ပြေပြေလည်လည် လုပ်နိုင်တဲ့ အလေ့အကျင့်တွေ

မရှိတာလည်းဖြစ်နိုင်တယ်။ တခြား နိုင်ငံရေး ပယောဂ ရှိနိုင် မလားဆိုတာ

မီဒီယာတွေအနေနဲ့ ကြည့်ပေါ့ ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ဆောင်ရွက်နေသော

လက်ပံတောင်းကြေးနီစီမံကိန်းကို ဆက်လက်လုပ်ဆောင်သင့်သည်ဆိုသော

လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်၏အစီရင်ခံစာကို မတ်လ ၁၂

ရက်နေ့တွင် ထုတ်ပြန်ပြီးနောက် ဒေသခံများ၏ မကျေမနပ်ဆန္ဒပြမှုများ

ဖြစ်ပေါ်လျက်ရှိသည်။

http://burma.irrawaddy.org/archives/35724#.UUMcp5sewLM.facebook

တရုတ်နိုင်ငံ၏ မြန်မာမဟာဗျူဟာ အချိန်အဆအလွဲ

တရုတ်နိုင်ငံ၏ မြန်မာမဟာဗျူဟာ အချိန်အဆအလွဲ

China’s Strategic Misjudgement on Myanmar (By Yun Sun)
စာတမ်း ရေးသားပြုစုသူ ယန်ဆန်းသည် ဘေကျင်းတွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ အခြေစိုက် နေထိုင်ခဲ့ပြီး International Crisis Group ၏ တရုတ်အရေး လေ့လာသူ တစ်ဦးအဖြစ် ဆောင်ရွက် ခဲ့သည်။ ဤစာတမ်းသည် အမေရိကန် ပြည်ထောင်စု Brookings Institution ရှိ အနောက်မြောက် အာရှ မူဝါဒ လေ့လာရေး ဗဟိုဌာန၌ Visiting Fellow အဖြစ် ထမ်းဆောင်ခဲ့စဉ် အပြီးသတ် ရေးသားခဲ့ခြင်း ဖြစ်သည်။ သူမ၏ သုတေသန ကျမ်းမှာ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ ဗဟိုဦးစီးစနစ် အုပ်ချုပ်ရေး နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ဆက်ဆံရေးကို အလေးပေး ပြုစုခဲ့သည်။ ဤစာတမ်းတွင် တရုတ်-မြန်မာ ဆက်ဆံရေး အလှည့် အပြောင်းများ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းစဉ်အပေါ် တရုတ်နိုင်ငံ၏ ခန့်မှန်းချက် အလွဲများ၊ အနာဂတ် အလားအလာများ အကြောင်း ကို ရေးသား ပြုစုထားသည်။ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေး အခင်းအကျင်းမှာ များစွာ အပြန့် ကျယ်လာခဲ့ပြီ ဖြစ်ရာ နိုင်ငံ့အရေး နှင့် မဟာဗျူဟာ အရွှေ့အပြောင်းများ အကြောင်း ဆင်ခြင် သုံးသပ်နိုင်ရန် ဘာသာပြန်ဆို တင်ပြလိုက်ရခြင်း ဖြစ်ပြီး ဤဆောင်းပါးပါ ဖော်ပြချက်များ အားလုံးသည် မူရင်းပြုစုသူ၏ အာဘော်သာ ဖြစ်ပေသည်။

၁။ မဟာဗျူဟာ အလှည့်အပြောင်းများ ဖြစ်ပေါ်ခဲ့ရသည့် ၂၀၁၁ ခုနှစ်

(1. Strategic Changes in 2011)

၂၀၁၁ ခုနှစ်သည် တရုတ်-မြန်မာ ဆက်ဆံရေး သိသိသာသာ အေးခဲ သွားစေခဲ့သော နှစ်တစ်နှစ် ဖြစ်သည်။ မြန်မာ့ပြည်တွင်း နိုင်ငံရေး ထင်မှတ်မထား ခဲ့သော နှုန်းထားများဖြင့် လျင်မြန်စွာ ပြောင်းလဲလာ ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံရှိ အကျိုးစီးပွားရော အနာဂတ် မဟာဗျူဟာ စီမံကိန်းများကိုပါ ပြင်းထန်စွာ စိန်ခေါ်လာသည့် အနေအထားသို့ ရောက်ရှိလာခဲ့သည်။ ၂၀၁၁ ခုနှစ် မတ်လအတွင်း နိုင်ငံတော်သမ္မတကြီး ကျမ်းသစ္စာ ကျိန်ဆိုမှုအပြီး မကြာခင်မှာပင် တရုတ် နိုင်ငံသည် ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ မဟာဗျူဟာမြောက် မိတ်ဖက်အဆင့်သို့ တိုးမြှင့် နိုင်ခဲ့သည်။ ယင်းမဟာဗျူဟာ မိတ်ဖက် လက်တွဲခြင်း၏ အဓိက အချက်များမှာ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ စွမ်းအင် သယ်ယူပို့ဆောင်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး စသည့် မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ အခြေခံ စဉ်းစား ချက်များသာ ဖြစ်နေကြောင်း တွေ့ရှိရသည်။ ယင်း Blue Print သည် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် အစဉ်အလာ ချစ်ကြည်မှု ပေါ်တွင် နောက်ထပ် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုကို ထပ်ဆောင်း မြှင့်တင်လိုက်ခြင်းပင် ဖြစ်သည်။ နိုင်ငံတော် သမ္မတကြီး အာဏာလွှဲပြောင်း ရယူခဲ့ပြီး ရက်သတ္တပတ် ခြောက်ပတ် အကြာတွင် တရုတ်နိုင်ငံ၏ ဗဟို စစ်ကော်မရှင်မှ နံပါတ်(၄) ခေါင်းဆောင် မြန်မာနိုင်ငံ သို့ လာရောက် လည်ပတ်ခဲ့ပြီး ယင်းနောက် နှစ်ပတ်အကြာတွင် မဟာဗျူဟာ မြောက်ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် Comprehensive Strategic Cooperation Partnership ကို ထူထောင်နိုင်ခဲ့သည်။

တစ်ဆက်တည်းမှာပင် ယူနန်ပြည်နယ် အစိုးရသည် အိန္ဒိယသမုဒ္ဒရာ အတွင်းသို့ ယူနန်နှင့် မြန်မာ ပေါင်းကူးတံတား ထိုးနိုင်ရန် ရည်ရွယ်သော Bridge Campaign ကို စတင် ဆောင်ရွက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ကာလရှည်ကြာ နိုင်ငံရေး ထောက်ခံမှုများ ပေးအပ်ခဲ့ခြင်း အတွက် အတုံ့အလှည့် အားဖြင့် ဒေသတွင်း ပူးပေါင်းဆောင် ရွက်ရေးဖိုရမ်များ၊ အဓိကအားဖြင့် အာဆီယံ အစည်းအဝေး များတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်များ၊ တောင်တရုတ် ပင်လယ် အရေးကိစ္စအပေါ် မြန်မာနိုင်ငံ၏ ထောက်ခံမှုများ ရရှိအောင် ဆောင်ရွက်ခဲ့သည်။

သို့သော်လည်း ၂၀၁၁ ခုနှစ် သြဂုတ်လ နောက်ပိုင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ အပေါ် အမျက်ထွက်စရာ ကိစ္စရပ်များ ဆက်တိုက် ဆိုသလို ပေါ်ပေါက်လာခဲ့သည်။ အငြင်းပွားဖွယ် မြစ်ဆုံဆည် တည်ဆောက်မှု ဆိုင်းငံ့ခြင်းနှင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိလာခြင်း၊ အထူးသဖြင့် အမေရိကန် နိုင်ငံနှင့် အပြုသဘော ဆက်ဆံမှုများ ရောက်ရှိလာခြင်း တို့ကြောင့် တရုတ် နိုင်ငံက မြန်မာနိုင်ငံကို သစ္စာရှိ မိတ်ဆွေနိုင်ငံအဖြစ် မှတ်ယူထားခဲ့မှု များအပေါ် ပြင်းထန်စွာ တုန်လှုပ် သွားစေခဲ့သည်။ ၄င်းအပြင် မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ချမှတ်ထားခဲ့သော အုတ်မြစ်များကို လှုပ်ခါသွားစေခဲ့သည်။ အကျိုးဆက်အားဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ထားရှိခဲ့သော မျှော်မှန်းချက်များကို ပြန်လည် သုံးသပ် လာခဲ့ရပြီး မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနှင့် မြန်မာနိုင်ငံအပေါ် ထားရှိခဲ့သော ကတိကဝတ် များကို ပြင်ဆင် ရေးဆွဲလာခဲ့သည်။

တရုတ်နိုင်ငံ၏ သံခင်းတမန်ခင်း နောက်ပြန်ဆုတ်သွားမှု တို့သည် မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲ အလွန် နိုင်ငံရေး အခင်းအကျင်း အပေါ် တင်ကြိုမျှော်လင့် သုံးသပ်ချက်များ လွဲမှား သွားခဲ့ခြင်းက အဓိကကျနေ သည်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှ မြစ်ဆုံဆည် ရပ်ဆိုင်း လိုက်သည့် ကာလအထိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းသည် ကြီးကြီးမားမား ပြောင်းလဲနိုင်ဖွယ်ရာ မရှိဟူ၍ မျှော်မှန်း ထားခဲ့ကြသည်။ တရုတ် ခေါင်းဆောင်များ သည် မြန်မာပြည် တွင်းရှိ ဒီမိုကရက်တစ် အရှိန်အဟုန်ကို လျှော့တွက် ခဲ့ကြပြီး ယင်းအရှိန်အဟုန်သည် မြန်မာနိုင်ငံ စစ်ခေါင်းဆောင်ဟောင်း များအား ပြုပြင်ပြောင်းလဲ လိုစိတ်များ တိုးမြှင့် ဖြစ်ပေါ်လာစေခဲ့သည်။ တရုတ်နိုင်ငံ၏ ရှုမြင်ချက်တွင် စစ်ဘက် ခေါင်းဆောင်များ အနေဖြင့် ၄င်းတို့၏ အာဏာ ဆုပ်ကိုင်ထားရှိမှု ကို မည်သည့် အခါမှ အလျှော့ပေးမည် မဟုတ်ဟူ၍ ရှုမြင်ထားပြီး အရပ်သား အစိုးရသစ် အနေဖြင့်လည်း စစ်အစိုးရနှင့် ကြီးကြီးမားမား ကွာခြားဖွယ်ရာ မရှိနိုင်ဟူ၍ မျှော်မှန်း ထားခဲ့ကြသည်။

ဒုတိယအချက် အနေဖြင့် တရုတ် နိုင်ငံသည် မြန်မာနိုင်ငံကို ထိတွေ့ ဆက်ဆံနေသော အမေရိက၏ စေ့စပ် ညှိနှိုင်းမှု ကျဆုံးမည်ဟူ၍ သတ်မှတ် ထားပြီး ၂၀၁၀ ရွေးကောက်ပွဲများ ကျင်းပပြီးစီးသွားသည့် အချိန်၌ ဝါရှင်တန် အစိုးရက ယင်းရွေးကောက်ပွဲများ တရားမျှတမှု မရှိသလို လွတ်လပ်မှုလည်း မရှိဟူ၍ ထုတ်ပြန် ကြေညာလိုက်သည့် အခါ အမေရိကန်နှင့် ဆက်ဆံရေး ရပ်တန့် သွားပြီဟု ထင်မြင် ယူဆခဲ့ ကြသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ စီးပွားရေး၊ မဟာဗျူဟာမြောက် အရွှေ့အပြောင်းများနှင့် နမူနာယူ၍ လိုက်လျောညီထွေဖြစ်စေ ရန်အတွက် နိုင်ငံရေး အပြောင်းအလဲများနှင့် စီးပွားရေးပြုပြင် ပြောင်းလဲမှုများကို နှေးကွေးစွာဖြင့် တဖြည်းဖြည်းချင်း ဆောင်ရွက်သွား မည်ဟူ၍လည်း တရုတ်နိုင်ငံရှိ မူဝါဒ လေ့လာသုံးသပ်သူ အများစုက ထင်မြင် ယူဆခဲ့ကြသည်။ ယုတ်စွအဆုံး ဆိုရလျှင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အပေါ် မူလ ရှိပြီးဖြစ်သော နိုင်ငံရေးသြဇာနှင့် စီးပွားရေး အရ လွှမ်းမိုးမှုတို့ကို မြှင့်တွက် ခဲ့ကြပြီး မြန်မာပြည်သူများ၏ တရုတ် ဆန့်ကျင်ရေး တွန်းအားကို လျှော့တွက်ခဲ့ကြသည်။ အဆိုပါ လျှော့တွက်မှု များကြောင့်ပင် ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်မူဝါဒ အပေါ် ယုံကြည်မှုများကို ပျက်ပြား သွားစေပြီး ကတိကဝတ်များ ပြိုကွဲ သွားစေသည့် ဖြစ်ရပ်များ ဖြစ်လာစေခဲ့သည်။

၂။ မြန်မာနိုင်ငံအပေါ် ထားရှိသည့် တရုတ်နိုင်ငံ၏ အခြေခံ အကျိုးစီးပွားများ

2. China’s Basic Interest in Myanmar

မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ သတ်မှတ်ထားရှိသော တရုတ်နိုင်ငံ ၏ အခြေခံ အကျိုးစီးပွား များတွင် အခြေခံအကြောင်းရင်း သုံးချက်ပါ ရှိသည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) နယ်စပ်ဒေသ တည်ငြိမ်ရေး Border Stability
(၂) စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု Economic
(၃) စွမ်းအင် သယ်ယူပို့ဆောင်ရေး လမ်းကြောင်း Energy Transportation Route

ယင်းတို့အနက် နယ်စပ်ဒေသ တည်ငြိမ်ရေးမှာ ထိပ်တန်းဦးစား ပေးဖြစ်သည်။ (၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်း ဘေကျင်းနှင့် ကူမင်းရှိ တရုတ်အရာရှိ များနှင့် တွေ့ဆုံ မေးမြန်းချက်များအရ) ၂၀၀၉ ခုနှစ် ကိုးကန့်အရေး ကိစ္စတွင် နယ်စပ်ဒေသရှိ တိုင်းရင်းသား အဖွဲ့အစည်း များအကြား ရန်လိုမှုများ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို တရုတ် အစိုးရမှ သတိပြုမိ ခဲ့ကြသည်။ အဆိုပါ ပဋိပက္ခတွင် ဒုက္ခသည် ၃၇၀၀၀ ကျော်ကို တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ ယူနန်ပြည်နယ် အတွင်း ခိုလှုံ လာစေခဲ့ပြီး နယ်စပ်ဒေသများ တစ်လျှောက် တည်ငြိမ်မှု ထိန်းသိမ်း ထားရှိရန် တရုတ် အာဏာပိုင်များအား ဖိအားများ ဖြစ်ပေါ် လာစေခဲ့သည်။

၂-၁။ နယ်စပ်ဒေသ တည်ငြိမ်ရေး

2.1 Border Stability

၂၀၁၀ ရွေးကောက်ပွဲများ မတိုင်မီ ဖြစ်ပေါ်ခဲ့သော ကိုးကန့်အရေး အခင်းသည် တိုင်းရင်းသား အရေးကိစ္စများ၏ ဖြေရှင်းချက်တစ်ရပ် အနေဖြင့် ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းရေး Peaceful Negotiation ကို အလေးပေး လာစေခဲ့သည်။ အဆိုပါ ပဋိပက္ခ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား နေပြည်တော် အစိုးရမှ လက်နက် စွန့်လွှတ်စေပြီး နယ်ခြားစောင့် တပ်ဖွဲ့များအဖြစ် အတင်းအကျပ် ပြောင်းလဲစေခြင်းများ ဆက်လက် လုပ်ဆောင်လာပြီး အကျိုးဆက် အားဖြင့် စစ်ရေး ထိပ်တိုက် တွေ့ဆုံမှုများ ဖြစ်ပေါ်လာမည်ကို တရုတ်နိုင်ငံ အနေဖြင့် စိုးရိမ်ပူပန် လာစေခဲ့သည်။ ထိုသို့ ဆိုးကျိုးများကို ရှောင်လွှဲနိုင်စေရန် အတွက် တရုတ် အစိုးရသည် ယင်း၏ သံတမန်ရေး သြဇာကို အသုံးချခဲ့ပြီး တရုတ်-မြန်မာ နယ်စပ်ရှိ အဓိက လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြသော KIA နှင့် UWSA တို့နှင့် နေပြည်တော်အစိုးရ အကြား တိတ်တဆိတ် ကြားဝင် ဆောင်ရွက်လာခဲ့သည်။ ငြိမ်းချမ်းမှုကို ရအောင်ယူ၊ တွေ့ဆုံဆွေးနွေးမှု များမြှင့်တင် Persuading for Peace and Promoting Talks မဟာဗျူဟာကို တရုတ် ဗဟိုအစိုးရ နှင့် ပြည်နယ်အစိုးရ များတွင် ကျင့်သုံး ဆောင်ရွက်လာခဲ့သည်။ တရုတ်ထိပ်တန်း ခေါင်းဆောင် များသည်လည်း နယ်စပ်ဒေသ များ၌ ငြိမ်းချမ်းရေး နှင့် တည်ငြိမ် အေးချမ်းမှုများ ထိန်းသိမ်းထားရှိရေး အတွက် မြန်မာ ခေါင်းဆောင်များကို လူသိထင်ရှား လက်ချာ ပေးခြင်းများ ဆောင်ရွက် လာခဲ့သည်။
(တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ၂၀၀၉ ခုနှစ် ထုတ်ပြန် ချက်များ၊ ဘီဘီစီ၏ ၂၀၁၀ ခုနှစ် ဖော်ပြချက်များ၊ တရုတ် သတင်းဌာန ၏ ၂၀၁၀ ထုတ်ပြန်ချက်များ)။

ယူနန်အရာရှိ များသည်လည်း KIA ခေါင်းဆောင်များ၊ UWSA ခေါင်းဆောင်များနှင့် တွေ့ဆုံကြသည့် အခါတိုင်း စစ်မဖြစ်စေရေး နှင့် သည်းခံ ညှိနှိုင်းရေးတို့ကို တွင်တွင် ကျယ်ကျယ် ပြောကြားပြီး ဆွယ်တရားဟော Lobby လုပ်ခဲ့ကြသည်။
(၂၀၁၁ ခုနှစ် ဇူလိုင်လ အတွင်း ကူမင်းမှ အရာရှိများနှင့် တွေ့ဆုံ မေးမြန်းခန်းများ)။

၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ငြိမ်းချမ်း တည်ငြိမ်သော အာဏာ လွှဲပြောင်းမှုများ တွေ့မြင်ရခြင်းကို တရုတ်နိုင်ငံက ဝမ်းမြောက် ဝမ်းသာ ဖြစ်ခဲ့ကြသည်။ ဤသို့ ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းနိုင် ခြင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် ထားရှိသော တရုတ်အစိုးရ၏ ရပ်တည်ချက်များ အပေါ် သက်ရောက် မှုများ ဖြစ်ပေါ် လာစေခဲ့သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ သစ္စာရှိ မိတ်ဆွေရင်း ဖြစ်ပြီး တိုင်းရင်းသား ပဋိပက္ခများ ဖြေရှင်းရာတွင် တရုတ် နိုင်ငံ၏ အကူအညီကို လိုလားနေသည် ဟူသော ယူဆချက်များ အရ တရုတ်အစိုးရမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပေါ် ထားရှိသော ရပ်တည်ချက် မှာလည်း ရှေ့မတိုးနောက်မဆုတ် အနေအထားကို ထိန်းသိမ်းခြင်း မှသည် အမျိုးသားပြန်လည် ပေါင်းစည်းရေး ဆီသို့ သိသိသာသာ ပြောင်းလဲ လာခဲ့သည်။ ဤယူဆချက် အသစ်ကို ဘေကျင်းနှင့် ယူနန်ရှိ မြန်မာ့အရေး ကျွမ်းကျင်သူ ထိပ်တန်း ပညာရှင် များက ထပ်ခါတလဲလဲ ပြောကြားခဲ့ကြသည်။
(တိုင်းရင်းသား စည်း လုံးညီညွတ်ရေး သည် နေပြည်တော် အစိုးရ၏ အခြေခံ အခွင့်အရေး ဖြစ်သည်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ယင်းတို့ လက်ဝယ်ရှိ ကိုယ်ပိုင် ရပ်တည်ခွင့်နှင့် လက်နက် ကိုင်ဆောင်ထားမှု တို့ကို ထာဝရ ထိန်းသိမ်းထားနိုင်ရန် မျှော်မှန်းနိုင်မည် မဟုတ်ဟူ၍ ဘေကျင်းနှင့် ကူမင်းရှိ အစိုးရ အရာရှိများက ၂၀၁၁ ခုနှစ် ဇူလိုင်လ အတွင်းက ပြောကြား ခဲ့ကြသည်။)

အထက်ပါ အတွေးအမြင်သည် ၂၀၁၁ ခုနှစ် ဇွန်လနောက်ပိုင်း မှစ၍ KIA နှင့် တပ်မတော် အကြား လက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်၍ ထားရှိသော တရုတ်နိုင်ငံ၏ မူဝါဒကို အစဉ်အဆက် လွှမ်းမိုး ထားခဲ့သည်။ အကြီးအကျယ် မလိုလားဟန် ပြသခဲ့ပြီး နယ်စပ် တည်ငြိမ်ရေးကို နေပြည်တော်မှ အလေးထားရန် အပြင်းအထန် တောင်းဆိုခဲ့ သော ကိုးကန့် အရေးကိစ္စနှင့် မတူညီဘဲ တရုတ် အစိုးရသည် ဒုက္ခသည် များ စီးဝင်လာနိုင်သော နယ်ခြား ဒေသများ၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ ကင်းလှည့် ချထားခြင်းများ တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး သည်းခံစိတ်ရှည် ရန်နှင့် စေ့စပ် ညှိနှိုင်းရန် တောင်းဆို ခဲ့ကြသည်။
(၂၀၁၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းစာ ရှင်းလင်းပွဲမှ)။ သို့သော်လည်း နေပြည်တော် အစိုးရနှင့် စေ့စပ် ညှိနှိုင်းရာတွင် ကြားမှ ဒိုင်လူကြီး အနေဖြင့် ပါဝင် ဆောင်ရွက်ပေးရန် ပြောကြားခဲ့သော KIA ၏ တောင်းဆိုချက်ကို ငြင်းဆန်ခဲ့သည် (Dongfangwang 2011)။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ၏ ပြဿနာ များကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်များ KIA အဖွဲ့နှင့် ဝေးကွာ ခဲ့ရခြင်းတွင် အကြောင်းရင်းများ များစွာ ရှိနေ သည်။ ပထမဆုံး အချက်မှာ စစ်ဘေးသင့် ဒုက္ခသည်များမှာ လိုင်ဇာရှိ KIA ဌာနချုပ် အနီးတွင်သာ စုဝေးခိုလှုံလျက်ရှိပြီး တရုတ်နိုင်ငံ အတွင်း အရေအတွက် များစွာ စီးဝင်လာခဲ့မှု မရှိခြင်းပင်ဖြစ်သည်။ ယင်းအကျိုး ဆက်ကြောင့် နယ်စပ်ဒေသ တည်ငြိမ်ရေးအပေါ် တရုတ်အစိုးရ၏ စိုးရိမ်ပူပန်မှု များကို လျော့နည်း သွားစေခဲ့သည်။
(၂၀၁၁ ခုနှစ် ဇူလိုင်လ အတွင်း KIA အရာရှိများနှင့် ရွှေလီတွင် တွေ့ဆုံ မေးမြန်းချက်အရ)။

ဒုတိယအချက်မှာ တရုတ်နိုင်ငံဘက်မှ ရှုမြင်ချက်အရ ရှမ်းပြည်နယ် အတွင်း တရုတ်နိုင်ငံမှ ဆောင်ရွက်လျက် ရှိသော တာပိန်ဆည် စီမံကိန်း ကို ထိန်းချုပ်ရန် အတွက် တပ်မတော်အား KIA က တိုက်ခိုက်နေခြင်း သည် တရုတ်နိုင်ငံကို ကြားဝင် လာစေရန် ဆောင်ရွက်နေခြင်းဖြစ်သည် ဟူ၍ ဖြစ်သည် (Dong Fang Zao Bao 2011)။ KIA တပ်ဖွဲ့များက တရုတ်နိုင်ငံ၏ စီးပွားရေး အကျိုးအမြတ်များ အပေါ် လေးစား အလေး ထားမှု နည်းပါး နေခြင်းသည် ကချင်ပြည်နယ် အတွင်း တရုတ်နိုင်ငံမှ ဆောင်ရွက်လျက်ရှိသော မြစ်ဆုံဆည် စီမံကိန်းအား ဆန့်ကျင်မှုများ ပိုမိုဖြစ်ပေါ် စေခဲ့သည်။
(၂၀၁၁ ခုနှစ်အတွင်း ဘေကျင်းနှင့် ကူမင်း တို့တွင် တွေ့ဆုံ မေးမြန်းမှုများ အရ)။

တတိယအချက်အနေဖြင့် KIA ၏ နိုင်ငံရေး ရပ်တည်ချက်များကို တရုတ်အစိုးရက လက်တွေ့မကျဟု ရှုမြင်ထားသည်။ KIA သည် သီးခြားလွတ်လပ်သော နိုင်ငံထူထောင် ရေးကို အဆုံးစွန် လိုလားနေပြီး အစိုးရနှင့် ပဋိပက္ခ ဖြစ်နေခြင်းသည် နေပြည်တော် အစိုးရကို စေ့စပ် ညှိနှိုင်းရာတွင် အလေးသာမှု ရရှိစေရန် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု တရုတ်နိုင်ငံက သုံးသပ် ထားသည်။

(နောက်အပတ် ဆက်ပါမည်)
မှူးဇော်

နေပူတောင်ကိစ္စ ရခိုင်လူမှုကွန်ယက် ကန့်ကွက်မည်

Ko Sein Than shared ကို စိန်သန်း's photo.
နေပူတောင်ကိစ္စ ရခိုင်လူမှုကွန်ယက် ကန့်ကွက်မည်
( မဇ္စို့မ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

ဗီယက်နမ်နိုင်ငံ (MYSICO) ကုမ္ပဏီက အလှဆင် မာဘယ်ကျောက်များ (စကျင်ကျောက်) ထုတ်လုပ်ရန် တောင်ကုတ်မြို့အနီးရှိ နေပူတောင်ကို ဝယ်ယူလျက် လုပ်ငန်းများ စတင်ဆောင်ရွက်နေခြင်းအပေါ် ရခိုင်လူမှုကွန်ယက်မှ ကန့်ကွက်သွားမည်ဖြစ်ကြောင်း သံတွဲခရိုင် ရခိုင် လူမှုကွန်ယက်မှ တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြားကုမ္ပဏီများကို မိမိတို့ တိုင်းပြည်မှ သံယံဇာတများ ထုတ်လုပ်ရောင်းချရာတွင် အစိုးရနှင့် ပြည်သူကြား ပွင့်လင်းမြင်သာမှု မရှိသဖြင့် ပြဿနာများ ဖြစ်ပေါ်နေရကြောင်း ရခိုင်လူမှုကွန်ယက်မှ သံတွဲခရိုက် ညှိနှိုင်းရေး တာဝန်ခံ ဦးစိုးဝင်းက ပြောသည်။

၎င်းက “ရခိုင်မှာ ရွှေဂက်စ်၊ ပြည်မမှာ မြစ်ဆုံ၊ ကြေးနီတောင်ကိစ္စတွေဟာလည်း ဒီအတိုင်းပါပဲ။ အခု တောင်ကုတ်
နေပူတောင်ကိစ္စကိုလည်း ပြည်သူမသိအောင် လုပ်လာပြန်တယ်။ ဒီလို ဒေသအကျိုးအတွက် ဘာမှ
ဆောင်ရွက်ပေးခြင်း မရှိ၊ လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာလည်း ထင်သာမြင်သာ မရှိတဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ကျနော်တို့ ရခိုင် လူမှုကွန်ယက်အနေနဲ့ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ကန့်ကွက်သွားဖို့ စီစဉ်ထားပါတယ်” ဟု ဆိုသည်။

နေပူတောင်မှ ထွက်ရှိမည့် ကျောက်များ၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ကိုးထောင် အနည်းဆုံးရရှိမည်
ဖြစ်သော်လည်း မိုင်းခွဲခြင်းလုပ်ငန်းများကြောင့် ထိခိုက်လာနိုင်သည့် EIA  (environmental impact assessment) နှင့် SIA (Social Impact Assessment) တို့ စစ်ဆေးမှုများ ရှိမရှိကို အများပြည်သူ မသိရှိရသေးသလို၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း တစုံတရာ ဆောင်ရွက်ပေးခြင်း မရှိဟုလည်း ဦးစိုးဝင်းက ရှင်းပြသည်။

နေပူတောင်၏ လက်ရှိအနေအထားနှင့်ပတ်သက်၍ ဦးစိုးဝင်းက “ဒီအပတ်ထဲမှာနေပူတောင်ကို ဆက်သွယ်မယ့် လမ်းကို ဖောက်ပြီးနေပြီ။ စက်ပစ္စည်းတွေထားဖို့နဲ့ ဝန်ထမ်းတွေနေဖို့ အဆောက်အဦးတွေ စဆောက်နေပါပြီ။ အဲဒီမှာ ရှိနေတဲ့ ဗီယက်နမ်နိုင်ငံသားတဦးကိုမေးကြည့်တော့ မကြာခင်လုပ်ငန်း စတင် တော့မယ်ပြောတယ်” ဟု ပြောပြသည်။

လုပ်ငန်းများ စတင်ဆောင်ရွက် နေသော်လည်း ဒေသခံများမှာ လုပ်ငန်းနှင့်ပတ်သက်၍ တစိုးတစိမျှ မသိရသဖြင့် အစိုးရအပေါ်သံသယရှိနေကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊တောင်ကုတ်မြို့နယ် အတွင်းရေးမှူး ဦးမင်းအောင် က ဆိုသည်။

“စစ်အစိုးရလက်ထက်မှာ နေပူတောင်ကျောက်ကို ထုတ်ပြီး ဥသျှစ်ပင်ကိုသယ်ယူနေတာကို ကြားခဲ့ရတယ်။ ခက်တာက တလျှောက်လုံး ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်သူတွေကို အသိပေးချပြတာမျိုး မရှိခဲ့ဘူး။ ဒီလို ပွင့်လင်းမြင်သာမှုမရှိလို့ အစိုးရအပေါ်မှာ ပြည်သူတွေက သံသယစိတ်တွေ ဖြစ်နေတာလို့ မြင်ပါတယ်” ဟု ဦးမင်းအောင်က ပြောသည်။

အစိုးရသစ် လက်ထက်တွင်  သတ္တုတွင်းဝန်ကြီးဌာနမှ ၀န်ကြီးတဦးက တိုင်းရင်းသားဒေသများမှ သဘာဝ
သယံဇာတများ ထုတ်ယူသည့်အခါ ဒေသခံတိုင်းရင်းသားများကို အသိပေးပြီး ပွင့်လင်းမြင်သာမှုရှိအောင် လုပ်မည်ဟု ပြောခဲ့သော်လည်း လက်တွေ့တွင် ဖြစ်မလာသေးကြောင်း ဦးမင်းအောင်က ဆိုသည်။

နေပူတောင် စီမံကိန်းအား အကောင်အထည်ဖော်ရန် ကို ၂၀၁၂ ခုနှစ်၊ မတ်လ ၁၆ရက်နေ့တွင် ဗီယက်နမ် Song Da Joint Stock Company (SIMCO) ကုမ္ပဏီနှင့် အစိုးရ၏ သတ္တုတွင်းဝန်ကြီးဌာ အမှတ်၃ သတ္တုတွင်းလုပ်ငန်းတို့မှ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချူပ်ကို ချူပ်ဆိုခဲ့ကြသည်။

ထို့အပြင် ဗီယက်နမ် သံအမတ် Mr. N Chu Cong Phung နှင့် MYSICOမှ  မန်နေဂျင်းဒါရိုက်တာ Mr. Ngagen Cong Kun တို့သည် ရခိုင်ပြည်နယ်အစိုးရနှင့်၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၂၈ ရက်နေ့မှာ စစ်တွေမြို့၌ လုပ်ငန်းဆောင်ရွက်
ခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြကြောင်း ဒေသခံများမှ သိရသည်။

ပင်လယ်ရေမျက်နှာပြင်မှ ၂၂၂၃ ပေအမြင့်၌ရှိသော နေပူတောင်မှာ မြေပြင်မှ ပေ ၃၀၀ ခန့်မြင့်မားပြီး၊ တောင်၏ လုံးပတ်မှာ ၅ မိုင်ခန့်ရှိကာ၊ အရောင်မျိုးးစုံပါဝင်သည့် မာဘယ်ကျောက်များဖြင့် ဖွဲ့စည်းထားလျက် နှစ်သန်းပေါင်း ၇၅ သန်းကျော် သက်တမ်းရှိ ကျောက်တောင်ကြီးတခု ဖြစ်သည်။

တောင်ကုတ်မြို့ အရှေ့ဘက် ၂၉မိုင် လေးဖာလုံ အကွာရှိ နေပူတောင်အား ဗီယက်နမ်နိုင်၏ စီးပွားရေး ဦးဆောင် ကုမ္ပဏီ တခုဖြစ်သော Myanmar SIMCO  Song Da Limited Joint Stock Company (MYSICO) ကုမ္ပဏီသို့ ၂၅ နှစ်ကာလ ကျောက်ထုတ်လုပ်ခွင့်ကို ရောင်းချထားခြင်းဖြစ်သည်။

ရခိုင်ရိုးမပေါ်ရှိနေပူတောင်၏ ကျောက်ထုတ်လုပ်မှုဧရိယာမှာ ၂.၃၇၀၃ စတုရန်းကီလိုမီတာရှိပြီး ထွက်ရှိမည့် မာဘယ် အလှဆင်ကျောက် ပမာဏမှာတန်ချိန်ပေါင်း ၈၇ သန်း ဖြစ်ကြောင်း ရခိုင်လူမှု ကွန်ယက်မှ သိရသည်။ 

http://www.mizzimaburmese.com/news/inside-burma/11137-2013-03-15-12-04-41.html

( မဇ္စို့မ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

ဗီယက်နမ်နိုင်ငံ (MYSICO) ကုမ္ပဏီက အလှဆင် မာဘယ်ကျောက်များ (စကျင်ကျောက်) ထုတ်လုပ်ရန် တောင်ကုတ်မြို့အနီးရှိ နေပူတောင်ကို ဝယ်ယူလျက် လုပ်ငန်းများ စတင်ဆောင်ရွက်နေခြင်းအပေါ် ရခိုင်လူမှုကွန်ယက်မှ ကန့်ကွက်သွားမည်ဖြစ်ကြောင်း သံတွဲခရိုင် ရခိုင် လူမှုကွန်ယက်မှ တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြားကုမ္ပဏီများကို မိမိတို့ တိုင်းပြည်မှ သံယံဇာတများ ထုတ်လုပ်ရောင်းချရာတွင် အစိုးရနှင့် ပြည်သူကြား ပွင့်လင်းမြင်သာမှု မရှိသဖြင့် ပြဿနာများ ဖြစ်ပေါ်နေရကြောင်း ရခိုင်လူမှုကွန်ယက်မှ သံတွဲခရိုက် ညှိနှိုင်းရေး တာဝန်ခံ ဦးစိုးဝင်းက ပြောသည်။

၎င်းက “ရခိုင်မှာ ရွှေဂက်စ်၊ ပြည်မမှာ မြစ်ဆုံ၊ ကြေးနီတောင်ကိစ္စတွေဟာလည်း ဒီအတိုင်းပါပဲ။ အခု တောင်ကုတ်
နေပူတောင်ကိစ္စကိုလည်း ပြည်သူမသိအောင် လုပ်လာပြန်တယ်။ ဒီလို ဒေသအကျိုးအတွက် ဘာမှ
ဆောင်ရွက်ပေးခြင်း မရှိ၊ လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာလည်း ထင်သာမြင်သာ မရှိတဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ကျနော်တို့ ရခိုင် လူမှုကွန်ယက်အနေနဲ့ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ကန့်ကွက်သွားဖို့ စီစဉ်ထားပါတယ်” ဟု ဆိုသည်။

နေပူတောင်မှ ထွက်ရှိမည့် ကျောက်များ၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ကိုးထောင် အနည်းဆုံးရရှိမည်
ဖြစ်သော်လည်း မိုင်းခွဲခြင်းလုပ်ငန်းများကြောင့် ထိခိုက်လာနိုင်သည့် EIA (environmental impact assessment) နှင့် SIA (Social Impact Assessment) တို့ စစ်ဆေးမှုများ ရှိမရှိကို အများပြည်သူ မသိရှိရသေးသလို၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း တစုံတရာ ဆောင်ရွက်ပေးခြင်း မရှိဟုလည်း ဦးစိုးဝင်းက ရှင်းပြသည်။

နေပူတောင်၏ လက်ရှိအနေအထားနှင့်ပတ်သက်၍ ဦးစိုးဝင်းက “ဒီအပတ်ထဲမှာနေပူတောင်ကို ဆက်သွယ်မယ့် လမ်းကို ဖောက်ပြီးနေပြီ။ စက်ပစ္စည်းတွေထားဖို့နဲ့ ဝန်ထမ်းတွေနေဖို့ အဆောက်အဦးတွေ စဆောက်နေပါပြီ။ အဲဒီမှာ ရှိနေတဲ့ ဗီယက်နမ်နိုင်ငံသားတဦးကိုမေးကြည့်တော့ မကြာခင်လုပ်ငန်း စတင် တော့မယ်ပြောတယ်” ဟု ပြောပြသည်။

လုပ်ငန်းများ စတင်ဆောင်ရွက် နေသော်လည်း ဒေသခံများမှာ လုပ်ငန်းနှင့်ပတ်သက်၍ တစိုးတစိမျှ မသိရသဖြင့် အစိုးရအပေါ်သံသယရှိနေကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊တောင်ကုတ်မြို့နယ် အတွင်းရေးမှူး ဦးမင်းအောင် က ဆိုသည်။

“စစ်အစိုးရလက်ထက်မှာ နေပူတောင်ကျောက်ကို ထုတ်ပြီး ဥသျှစ်ပင်ကိုသယ်ယူနေတာကို ကြားခဲ့ရတယ်။ ခက်တာက တလျှောက်လုံး ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်သူတွေကို အသိပေးချပြတာမျိုး မရှိခဲ့ဘူး။ ဒီလို ပွင့်လင်းမြင်သာမှုမရှိလို့ အစိုးရအပေါ်မှာ ပြည်သူတွေက သံသယစိတ်တွေ ဖြစ်နေတာလို့ မြင်ပါတယ်” ဟု ဦးမင်းအောင်က ပြောသည်။

အစိုးရသစ် လက်ထက်တွင် သတ္တုတွင်းဝန်ကြီးဌာနမှ ၀န်ကြီးတဦးက တိုင်းရင်းသားဒေသများမှ သဘာဝ
သယံဇာတများ ထုတ်ယူသည့်အခါ ဒေသခံတိုင်းရင်းသားများကို အသိပေးပြီး ပွင့်လင်းမြင်သာမှုရှိအောင် လုပ်မည်ဟု ပြောခဲ့သော်လည်း လက်တွေ့တွင် ဖြစ်မလာသေးကြောင်း ဦးမင်းအောင်က ဆိုသည်။

နေပူတောင် စီမံကိန်းအား အကောင်အထည်ဖော်ရန် ကို ၂၀၁၂ ခုနှစ်၊ မတ်လ ၁၆ရက်နေ့တွင် ဗီယက်နမ် Song Da Joint Stock Company (SIMCO) ကုမ္ပဏီနှင့် အစိုးရ၏ သတ္တုတွင်းဝန်ကြီးဌာ အမှတ်၃ သတ္တုတွင်းလုပ်ငန်းတို့မှ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချူပ်ကို ချူပ်ဆိုခဲ့ကြသည်။

ထို့အပြင် ဗီယက်နမ် သံအမတ် Mr. N Chu Cong Phung နှင့် MYSICOမှ မန်နေဂျင်းဒါရိုက်တာ Mr. Ngagen Cong Kun တို့သည် ရခိုင်ပြည်နယ်အစိုးရနှင့်၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၂၈ ရက်နေ့မှာ စစ်တွေမြို့၌ လုပ်ငန်းဆောင်ရွက်
ခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြကြောင်း ဒေသခံများမှ သိရသည်။

ပင်လယ်ရေမျက်နှာပြင်မှ ၂၂၂၃ ပေအမြင့်၌ရှိသော နေပူတောင်မှာ မြေပြင်မှ ပေ ၃၀၀ ခန့်မြင့်မားပြီး၊ တောင်၏ လုံးပတ်မှာ ၅ မိုင်ခန့်ရှိကာ၊ အရောင်မျိုးးစုံပါဝင်သည့် မာဘယ်ကျောက်များဖြင့် ဖွဲ့စည်းထားလျက် နှစ်သန်းပေါင်း ၇၅ သန်းကျော် သက်တမ်းရှိ ကျောက်တောင်ကြီးတခု ဖြစ်သည်။

တောင်ကုတ်မြို့ အရှေ့ဘက် ၂၉မိုင် လေးဖာလုံ အကွာရှိ နေပူတောင်အား ဗီယက်နမ်နိုင်၏ စီးပွားရေး ဦးဆောင် ကုမ္ပဏီ တခုဖြစ်သော Myanmar SIMCO Song Da Limited Joint Stock Company (MYSICO) ကုမ္ပဏီသို့ ၂၅ နှစ်ကာလ ကျောက်ထုတ်လုပ်ခွင့်ကို ရောင်းချထားခြင်းဖြစ်သည်။

ရခိုင်ရိုးမပေါ်ရှိနေပူတောင်၏ ကျောက်ထုတ်လုပ်မှုဧရိယာမှာ ၂.၃၇၀၃ စတုရန်းကီလိုမီတာရှိပြီး ထွက်ရှိမည့် မာဘယ် အလှဆင်ကျောက် ပမာဏမှာတန်ချိန်ပေါင်း ၈၇ သန်း ဖြစ်ကြောင်း ရခိုင်လူမှု ကွန်ယက်မှ သိရသည်။

http://www.mizzimaburmese.com/news/inside-burma/11137-2013-03-15-12-04-41.html

[[[ဂွင်ရိုက်ချင်စိတ်မကုန်သေးသော ယူနီဖောင်းချွတ်ကြီးများ]]] သို. "Our ZOO is dying"



[[[ဂွင်ရိုက်ချင်စိတ်မကုန်သေးသော ယူနီဖောင်းချွတ်ကြီးများ]]]


ရန်ကုန်တိရိစ္ဆာန်ဥယျာဉ် ကြီးကို လှော်ကားကိုရွှေ့ မယ်ဆိုတဲ့အကြောင်းကို သမ္မတရုံးဝန်ကြီးဌာန၀န်ကြီး ဦးစိုးသိမ်းက မီဒီယာတွေကို နေပြည်တော်မှာတွေ့ ဆုံစဉ်ပြောခဲ့တယ်လို့သိရပါတယ်။

အကြောင်းကတော့ မြို့ လည်ခေါင်မှာရှိနေတဲ့အတွက် အများပြည်သူရဲ့ ကျန်းမာရေးအတွက် မသင့်တော်လို့ပါတဲ့ .....

ရယ်ချင်လိုက်တာဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော လို့ပြောရမလိုပဲဗျ

၁၈၆၄ ခုနှစ်ကတည်းကဖွင့်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံက ဆိုင်ဂုံတိရိစ္ဆာန်ဥယျာဉ်လည်း မြို့ လည်မှာပဲ

အဲသလိုပဲ ၁၈၆၄ ခုနှစ်ကပဲဖွင့်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံက Ragunan တိရိစ္ဆာန်ဥယျာဉ်လည်း ဂျကာတာမြို့ ထဲမှာပဲ

အလားတူ ဖိလစ်ပိုင်မှာရှိတဲ့ ၁၉၅၄ ခုနှစ်မှာဖွင့်ခဲ့တဲ့ နီနွိုင်အကွီနို တိရိစ္ဆာန်ဥယျာဉ်နဲ့ ၁၉၅၉ ခုနှစ်မှာဖွင့်ခဲ့တဲ့ မနီလာတိရိစ္ဆာန်ဥယျာဉ်တွေလည်း မြို့ ထဲမှာပဲဗျ။

အဓိက အန္တိမရည်မှန်းချက်က အဲသည်နေရာကောင်းမှာ ပန်းခြံအဆောက်ပြပြီး ဟိုတယ်တွေလုပ်မှာတဲ့ဗျား... အကြံကြီးချက်။

မြို့ ထဲမှာမို့ ပြည်သူလူထုကျန်းမာရေးနဲ့မလျှော်ညီလို့ လှော်ကားကိုရွှေ့ ချင်ပါတယ်ဆိုသတဲ့ အနှီ ဦးစိုးသိမ်းဆိုတာ အခြားလူဟုတ်ပါရိုးလားဗျာ။

နာဂစ်တုန်းက မုန်တိုင်းလာမယ်သိသိနဲ့ ကြိုတင်ပြင်ဆင်မှုမရှိလို့ စစ်သင်္ဘောတွေ စစ်သည်တွေဆုံးရှုံးတာကြောင့် ရေတပ်ဦးစီးချုပ်ဘ၀ကနေ စက်မှု(၁)၀န်ကြီးအဖြစ် အရာလျှောသွားတဲ့ ဗိုလ်ချုပ်ကြီးပေါ့။

ရေတပ်ဦးစီးချုပ်ဘ၀တုန်းက သင်္ဘောအရောင်းအ၀ယ်တွေ၊ သင်္ဘောမှာတပ်တဲ့ ဒုံးကျည်အရောင်းအ၀ယ်တွေကြောင့် ရေလျှံဝက်ထောခဲ့တဲ့ အနှီဗိုလ်ချုပ်ကြီးဟာ

စက်မှု (၁) ၀န်ကြီးဖြစ်တော့လည်း လောဘက အတောမသတ်နိုင်သေးလို့ (Asbestos) ပါတဲ့ ချယ်ရီဝက်ဂွန်တွေနဲ့ ဘော်ချက်လိုချက် ဂျပန်ကားတွေသွင်းပြီး ဖြတ်ဖောက်ချုပ်လုပ် ပြီးတော့ စက်မှု(၁)တံဆိပ်ကြီးနဲ့ ၀က်ဂွန်ကြီးတွေဆိုတာ သူ့လက်ချက်ပေါ့ဗျ...။

သူများအကြောင်းပြောရတာလည်း မကောင်းပါဘူးဗျာ...

လိုရင်းကိုပြန်ဆက်ရရင်ဖြင့် ရန်ကုန်တိရိစ္ဆာန်ရုံရဲ့  သမိုင်းကို မသိပဲ ရမ်းပြီး မဲမဲမြင်ရာ လက်ညိုးထိုးပြီး ငါ့မြေ ငါ့မြေ ဆိုလုပ်ချင်တဲ့ ၀သီလေးကြောင့်အမှတ်မှားသွားပုံပဲဗျ။

အမှန်က ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ဆိုတာ ၁၉၀၆ ခုနှစ်ကတည်းက ပြည်သူလူထု မတည်လှူဒါန်းငွေ နှစ်သိန်းလေးသောင်း နဲ့ စပြီးတည်ခဲ့တာဗျ။

(ကိုးကား။ ။ ၂၀၀၆ ခုနှစ်ထုတ် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ် နှစ်တစ်ရာပြည့်မဂ္ဂဇင်း - သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ အမှာစာမှ)

မြေစာရင်းအမည်ပေါက်ကိုက

မင်္ဂလာတောင်ညွန့် မြို့ နယ်၊ ဥယျာဉ်ရပ်ကွက်၊ ဦးပိုင်အမှတ် ၁၈ မြေကွက်အမှတ် ၂၉စီ၊ ၃၉.၇၁၁ ဧက၊ ပိုင်ဆိုင်သူအမည် ရန်ကုန်မြို့ တော် တိရစ္ဆာန်ရုံတဲ့၊

●လက်ရှိတိရိစ္ဆာန်ဥယျာဉ်က သက်တမ်းရင့်တိရိစ္ဆာန်ဥယျာဉ်တစ်ခုဖြစ်တာကတစ်ကြောင်း

●ပြည်သူလူထုရဲ့ ထည့်ဝင်မတညလှူဒါန်းငွေနဲ့ဆောက်ထားတဲ့ တိရိစ္ဆာန်ဥယျာဉ်ဖြစ်တာကတစ်ကြောင်း

●လှော်ကားကိုပြောင်းမယ်ဆိုရင် လက်ရှိတိရိစ္ဆာန်များနဲ့ သင့်တော်မယ့် မြေအနေအထား အခင်းအကျင်းတွေကို ပြန်လည်ပြင်ဆင်ရမှာမို့ နိုင်ငံတော်ဘဏ္ဍာငွေ အလဟဿဖြစ်စေမှာတစ်ကြောင်း

● လှော်ကားကို ပြောင်းလိုက်ခြင်းဖြင့် နယ်ဝေးမှ အလည်လာသူ မိဘပြည်သူအပေါင်းတို့အတွက် ယခင် ရွှေတိဂုံဘုရားဖူး၊ အပြန်တိရိစ္ဆာန်ဥယျာဉ်သွား ဆိုပြီး အဆင်ပြေလျှက်ရှိနေရာကနေ အများပြည်သူ လက်လှမ်းမမီနိုင်သောနေရာကိုရောက်ရှိသွားမှာဖြစ်တာကတစ်ကြောင်း

● မပြောင်းလည်း ဘာမှမဖြစ်တဲ့နေရာကို ဗိုလ်ရှုပ်ဟောင်းကြီးတစ်ဦးမှ ဘော်ချက်မည့်အကြံကို ကြိုသိနေခြင်းတို့ကြောင့်လည်းကောင်း

● ဒီလိုမှ မရပ်ပဲ လှော်ကားကိုရွှေ့ ဖို့ ဆက်လုပ်ဦးမယ်ဆိုရင် ရွာကဂျီးတော်တို့ ရန်ကုန်ဘုရားဖူးလာရင်း တိရိစ္ဆာန်ရုံကိုသွားချင်တယ်လို့များ ပူဆာလို့ကတော့
ဦးစိုးသိမ်းအိမ်ကို လိုက်ပို့လိုက်ရမှာ.....

အနှီ ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်အား လှော်ကားသို့ပြောင်းမည့်အစီအစဉ်အား ချွင်းချက်မရှိကန့်ကွက်ပါကြောင်း

credit to (ကျားဆရာ ကြောင်)
Please share "Our ZOO is dying"ဆိုတဲ့ခေါင်းစဉ်လေးနဲ. ဖေ့ဘုတ်ပေါ်မှာ ပျံ.နေတဲ့ဘလော့လေးတစ်ခုကို ဝေမျှလိုက်ပါတယ်။
စာပေဝေမျှသူ
မော်နီကာ

GSM ဆင်းကဒ်ကို ကျပ်နှစ်ထောင်နှင့်လည်ကောင်း၊ WCDMA ကျပ် ငါးထောင်နှင့် လည်ကောင်း ရောင်းချပေးသွား မည်ဟုသိရ

မြန်မာ့ဆက်သွယ်ရေးမှ ဆင်းကဒ်ဖုန်းများကို ဧပြီလ၁ရက်နေ့ စတင်ကာ ရောင်းချပေးတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

GSM ဆင်းကဒ်ကို ကျပ်နှစ်ထောင်နှင့်လည်ကောင်း၊ WCDMA ကျပ် ငါးထောင်နှင့် လည်ကောင်း ရောင်းချပေးသွား မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ အတွင်းသတင်းရရှိထားခြင်း ဖြစ်သည်။

ပုဂ္ဂလိက ဖုန်းဆိုင်များတွင် ယခုလ ၂၇ရက်နေ့ စတင်ကာဖြန့်ဝေ သွားမည် ဖြစ်သည်။

ယင်းအတွက်ကြောင့် ပြည်တွင်း ဟန်းဆက်ဈေးကွက် မှာ ဈေးတက်လျှက် ရှိနေသည်။

သတင်း - မန်းသားလေး / ဧရာဝတီ
မြန်မာ့ဆက်သွယ်ရေးမှ ဆင်းကဒ်ဖုန်းများကို ဧပြီလ၁ရက်နေ့ စတင်ကာ ရောင်းချပေးတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။ GSM ဆင်းကဒ်ကို ကျပ်နှစ်ထောင်နှင့်လည်ကောင်း၊ WCDMA ကျပ် ငါးထောင်နှင့် လည်ကောင်း ရောင်းချပေးသွား မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ အတွင်းသတင်းရရှိထားခြင်း ဖြစ်သည်။ ပုဂ္ဂလိက ဖုန်းဆိုင်များတွင် ယခုလ ၂၇ရက်နေ့ စတင်ကာဖြန့်ဝေ သွားမည် ဖြစ်သည်။ ယင်းအတွက်ကြောင့် ပြည်တွင်း ဟန်းဆက်ဈေးကွက် မှာ ဈေးတက်လျှက် ရှိနေသည်။ သတင်း - မန်းသားလေး / ဧရာဝတီ
စာပေဝေမျှသူ
မော်နီကာ

Android ဖုန်းများအတွက် English Myanmar Dictionary 5 မျိုးရယူရန်



အင်္ဂလိပ် မြန်မာ အဘိဓာန် ( ၅ ) မျိုးကိုစုစည်းပေးထားပါတယ်။
ပါဝင်တဲ့အဘိဓာန်တွေကတော့ ...

1) Myandroid Dictionary
2) Ornagai
3) Planet Dictionary
4) Shwebook Dictionary
5) မြန်မာအသံထွက်အဘိဓာန် တို့ပါဝင်ပါတယ် ...


download

https://www.dropbox.com/s/4u0c29j7uilenj4/Mr.KT%20Dictionary.ra
(မရပါက)
အောက်ကလင့်မှာdown ပါ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တကယ်ပြင်တော့မလား


ဧရာဝတီ


စစ်အစိုးရ ရေးဆွဲခဲ့သော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်လေ့လာရေး အရေးကြီး အဆိုတရပ်ကို အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ယနေ့ ပြည်သူ့လွှတ်တော်တွင် တင်သွင်းလိုက်ရာ အဆိုကို ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။

ပည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၀က်လက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သူရဦးအေးမြင့်က ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအ ခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်း ဆောင်ရွက်ရေး အရေးကြီးအဆိုတရပ် ကို တင်သွင်းရာ မြစ်ကြီး နားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဇော်က ထောက်ခံခဲ့ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်သားလွှတ် တော်ကိုယ်စားလှယ် ၄၆၂ ဦးတို့က ကန့်ကွက်သူ မရှိ အတည်ပြုခဲ့ကြ ကြောင်း၊ ယင်း အတည်ပြု မှုကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင် ရေး လမ်းစတခု ပေါ်ထွန်းလာပြီဟု ဆိုကာ ပြည်တွင်း နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များက ကြိုဆို လိုက်ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကသတင်းစာဆရာကြီးဦးဝင်းတင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မည် ဆိုသော သတင်းကို ကြို ဆိုကြောင်း၊ နိုင်ငံရေးကစားခြင်းနှင့်အမြတ်ထုတ်ခြင်းမဟုတ်ဘဲ တိုင်းပြည်နှင့်လူမျိုးကောင်းစားရေး အတွက် စေတနာသန့်သန့်ဖြင့် ပူး ပေါင်း ဆောင်ရွက်ကြမည်ဆိုလျှင် အလွန်ကျေးဇူးတင်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဘာပဲပြောပြော ဦးအေးမြင့်တို့ ဦးသိန်းဇော်တို့ကိုတောင်မှ ချီးကျူးစကားပြောချင်ပါတယ်ဗျာ။ စတိလုပ်မယ့်ဟာမျိုး ဖြစ်မှာ စိုးရိမ်တယ်။ ပြင် မယ်ဆိုတာက ထိထိရောက် ရောက်ပြင်ဖို့ လုပ်မယ်၊ တကယ်ကိုစေတနာကောင်းနဲ့ပြင်မယ်၊ တိုင်းပြည်ကို ဒုက္ခပေး နေတဲ့ အခြေခံဥပဒေပါနေ တဲ့ အချက်တွေကို တကယ်ကို စေတနာကောင်းနဲ့ပြင်တာဆိုရင်တော့ ဒီပုဂ္ဂိုလ်များကို ချီးကျူး တယ်။ ကျနော်တို့သဘောအရဆို ရင်တော့ ဒီဥပဒေက အသစ်တောင်ပြန်ရေးဆွဲဖို့ကောင်းတယ်။ ဒါ ကျနော်အသက်သာဆုံးပြောတာပါ။ အရင်တုန်းကဆိုရင် ဒီအခြေခံဥပဒေကို စုတ်ဖြဲ ပစ်သင့်တယ်လို့တောင် ကျနော်ပြောခဲ့တယ်” ဟု ဦးဝင်းတင်ကဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ဆောင်မည်ဆိုပါက မြန်မာ့ဒီမိုကရေစီလူ့ဘောင်နှင့်မကိုက်ညီသော၊ ပြည်သူတွေ လိုလားတောင့်တမှု များကို ဦးစားပေးပြင်ဆင်သင့်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြု ပြင်ရာတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များတင်မဟုတ်ဘဲ အားလုံးပါဝင်သော ပြုပြင်မှုမျိုးဖြစ်သင့်ပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်သင့်ကြောင်း ဦးဝင်းတင်က ရှင်းပြသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူတွေရဲ့ အပြောင်းအလဲကို လိုလားတဲ့ဆန္ဒတွေ၊ မြန်မာ့လူဘောင်မှာ လိုအပ်တဲ့ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့လည်း မကိုက်ညီတော့ဘူး။ အဲဒါကြောင့် အဆိုတင်တယ်။ စေတနာ သန့်သန့်နဲ့တင်တယ်။ အမျှော်အမြင်ရှိရှိတင်တယ်။ အမြင်ကျယ်ကျယ်နဲ့တင်တယ်။ တကယ်ကို ပြင်သင့်တာမှန်ရင် ပြင်ကိုပြင်မယ်ဆိုတဲ့ ပုံစံနဲ့လုပ်တယ်ဆိုရင် ကျေးဇူး တင်တယ်လို့ပြောချင်ပါတယ်။ နောက်တချက် ပြောချင်တာက ဒီဟာကို ပြင်တဲ့အခါမှာ လွှတ်တော်ထဲက လူတစုနဲ့ သနပ်ခါးလိမ်းတဲ့ဟာမျိုးပေါ့။ မတတ်သာလို့ ၀ါးရင်းတုတ်နဲ့ ရိုက်ရမှာကို ကြက်မွှေးနဲ့သပ်တာ မျိုး မဖြစ်စေချင်ဘူး။ အခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်ပြင်ပမှာလုပ်ရမယ်။ အခုချိန်ကစပြီး လုပ်ရမယ်။ပြင်ဖို့ အ သံတွေကို နီးလာတာက အလွန်ကောင်းတယ်။ ဘာတွေပြင်မလဲ။ ဘယ်လိုပြင်မလဲ၊ ဘယ် အတိုင်းအတာထိပြင်မလဲဆိုတဲ့ဟာတွေကတော့ အ များကြီးဆွေးနွေးကြရမယ့်ကိစ္စတွေဖြစ်တယ်။ ကျနော်ကတော့ ကြိုဆိုတယ်။ ဖြစ်အောင်လုပ်ကြပါ။ ထိထိရောက်ရောက်နဲ့ တိုင်းပြည်အ တွက် လုပ်ကြပါ” ဟု ဦးဝင်းတင်က ဆက်ပြောသည်။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွှန့်လွင်က ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည်ဆိုပါက တိုင်းရင်းသားအခွင့်အရေး အပြည့်အ၀ အာမခံသော ဥပဒေဖြစ်စေရန် ပြင်ဆင်ရမည်ဖြစ်ပြီး ဥပ ဒေပြင်ဆင်ရေးတွင် နိုင်ငံရေးပါတီများ၊ တိုင်းရင်း သားအဖွဲ့အစည်း များ ဖိတ်ခေါ်သင့်ကြောင်း ပြောသည်။

”ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုရင် နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးပါ။တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပါ။ ကျနော်တို့လည်း ညီလာခံမှာဒီကိစ္စတွေကိုပဲ ဆွေး နွေးမှာပါ။ဗမာတွေရတဲ့ အခွင့်အရေးလဲ နယ်စွန်နယ်ဖျား မှာရှိတဲ့ တိုင်းရင်းသားတွေကိုလည်း ရစေချင်တယ်။ ဖွဲ့စည်းပုံ ဆွဲတဲ့အခါမှာ စေတနာမှန်ဖို့။ ကိုယ့်ဘက်ကို ကိုယ် မယက်ဖို့ တိုက်တွန်းချင်တယ်။ ပြည် ထောင်စု စိတ်ဓါတ်နဲ့ ဆွဲရင် ကြာမှာမဟုတ် ပေ မဲ့ကိုယ်လိုချင်တာ ဆွဲထည့်ဖို့ကြိုးစားရင်တော့ ကြာလိမ့်မယ်”ဟု ဦးစိုင်းညွှန့်လွင်က ဆိုသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေးကမူ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းထက် တိုင်းရင်းသားပေါင်းစုံပါဝင်သော ညီလာခံတခုခေါ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ပြန်လည်ရေး ဆွဲသင့်ကြောင်း၊ ထိုသို့ အသစ်မရေးဆွဲနိုင်ပါကလည်း တဆင့်ချင်းပြန်လည် ပြုပြင်မှုကို သဘောတူကြောင်း၊ တပ်မတော်ကိုလည်း ပစ်ပစ်ခါခါ မလုပ် ဆောင်သင့်ဟု ဆိုသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ခိုင်ခန့်ပါတယ်လို့ ပြောနေရာကနေ လိုအပ်လို့ရှိရင် ပြင်ဆင်ဖို့နဲ့ အသစ်ပြန်ရေးဆွဲ ဖို့အသိ တွေရှိလာ တာကောင်းပါတယ်။ ပြင်တဲ့နေ ရာမှာ တိုင်းရင်းသား တွေရဲ့ တန်းတူအခွင့်အရေးကို ပုံဖော်ပေးနိုင် တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် လိုအပ် တာပဲ။ ပြည်ထောင်စုစစ်စစ်ကိုပုံဖော်ပေး နိုင်တဲ့ ဥပဒေတစ်ရပ်တော့ လိုတယ်။ အပစ် အခတ် ရပ်စဲ ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရော၊အပစ်အခတ်ရပ်စဲရေးအတွက်ဆွေးနွေး နေတဲ့ သဘောထားကိုပါ ကောက်ယူပြီးပြင်သွားရင် ပိုကောင်းမယ်။ စစ်တပ်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေး မူအရ ပစ်ပစ်ခါခါမဆက်ဆံသင့်ဘူး”ဟု ကိုမြအေးက ဆိုသည်။

ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီမှ သီပေါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းက ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားများကို တန်းတူအခွင့်အရေးမပေးထားသည့်အတွက် ပြန်လည် သုံးသပ်ရေး ဆောင်ရွက်မည့်အပေါ် ကြိုဆိုသည်ဟု ပြောသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ရပိုင်ခွင့်နည်းတယ်ပေါ့။ အဲလိုဖြစ်တဲ့အခါ ကျတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ ပြည့်ပြည့်၀၀ဖြစ်စေချင် တယ်။ ပြည်နယ်တွေမှာ ဥပဒေပြုခွင့်၊ အုပ်ချုပ်ခွင့် အာဏာ ပေးထားတယ်။ ပြည်ထောင်စုစနစ်ဆိုတာတော့ ပေါ် နေတယ်။ သို့သော်လည်း သူတို့ရဲ့ ဥပဒေပြုခွင့်အာဏာနဲ့ အ၀န်းအ၀ိုင်းက သိပ်ကျဉ်းမြောင်း တယ်လေ။ ဥပမာအားဖြင့် တိုင်းရင်းသား တွေက ကိုယ့်ဒေသရဲ့ ပြည်နယ်နေ့၊ အမျိုးသားနေ့တွေကို ရုံးပိတ်ရက် သတ်မှတ်ဖို့တောင်မှ လွှတ်တော်က အခွင့်အာဏာ မရှိဘူး။ ကိုယ့်ဒေသမှာ ထွက်တဲ့ သဘာဝ သယံဇာတတွေနဲ့ပတ်သက်လို့ စီမံခန့်ခွဲခွင့် အဲဒါလည်းမရှိဘူး။ အဲလိုဟာမျိုးတွေပေါ့။ အခု လောလောဆယ် အားဖြင့်တိုင်း ဒေသကြီးတွေနဲ့ တန်းတူ ပြည်နယ်တွေမှာက ဒါကို စီမံခန့်ခွဲတခုပဲရှိတယ်။ သစ်တောတို့ ဘာတို့ပေးထား တာကလည်း အနည်းအကျဉ်း ပဲ။ လမ်းတံတားတွေ အခွန်အကောက်ခံရတာကလည်း ပြည်ထောင်စု လမ်းမကြီး မဟုတ်တဲ့ ပြည်နယ်တွင်းက ခရိုင်ချင်း ဆက်၊ မြို့နယ်ချင်း ဆက်လမ်းတွေပဲ” ဟု ဦးရဲထွန်းက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် စစ်တပ်က တရားဝင်အာဏာ သိမ်းခွင့်ရှိခြင်း၊ စစ်တပ်မှ ဗိုလ်ချုပ်များ ကိုသာ ကာကွယ်ရေး၊ နယ်စပ်လုံ ခြုံရေး နှင့် ပြည်ထဲရေးဝန်ကြီးများအဖြစ် ခန့်အပ်နိုင်ခြင်း၊ စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်တွင် အလိုအလျောက်ပါဝင်နေ ခြင်း၊ ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး၏ အကြီးအကဲ အဖြစ် အခွင့်အာဏာ ပေးထားခြင်း၊ သမ္မတ လောင်း သည် စစ်ရေးအမြင်ရှိရမည်ဆိုသော ပြဋ္ဌာန်းချက် အပါအ၀င် ပြဋ္ဌာန်းချက်အများစုသည် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီကြောင်း နိုင်ငံရေး အ သိုင်းအ၀ိုင်းက ဝေဖန်နေကြ သည်။

စစ်အစိုးရသည် လူပေါင်း ၂ သိန်းနီးပါးသေဆုံးခဲ့ရသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့သော ၂၀၀၈ ခုနှစ် မေလ အတွင်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။

Friday, March 15, 2013

( အားသွားလို့လာ ? သူငယ်ချင်း )



http://t3.gstatic.com/images?q=tbn:ANd9GcTL0jNM1f1ze32KkzrvgF9sQLs9hBGI_YvDN_v-tc5ecYUi7Mij
မင်း ငါဆုံခိုက် ဘု၇ားလိုက်ဖို့
ငါတိုက်တွန်းငြား မင်းပြောကြားခဲ့
မအားသေးဘူး နောက်မှကွယ်

ဥပုသ်နေ့ဍ် ကျောင်းကိုလိုက်ဖို့
ငါတိုက်တွန်းငြား မင်းပြောကြားခဲ့
မအားသေးဘူး နောက်မှကွယ်

ဆိတ်ငြိမ်နေရာ အေးရိပ်သာဝယ်
အာနာပါန ရသမျှကို
သွင်းပရှုရိုက် အတူလိုက်ဖို့

ငါတိုက်တွန်းငြား မင်းပြောကြားခဲ့
မအားသေးဘူး နောက်မှကွယ်

ဟိုတစ်နေ့က
မအားနေရင်း သူငယ်ချင်းဟာ
သေမင်းခေါ်ရာ မငြင်းသာဘဲ
လိုက်ပါသွားရ ရှာလေပြီ

ကိုယ်ခေါ်စဉ်က ငြင်းလို့ရလည်း
ခုမှမငြင်း လိုက်သွားခြင်းကြောင့်
ရင်တွင်းစကား ဆိုမိငြားလည်း
အားသွားလို့လား ? သူငယ်ချင်း

                                                                                                     ဒါနရှင်       အရှင် နိမလ
http://www.kopaelay.blogspot.com/  မှ

တမလွန်မှ အလင်းပေးသူ


 
တမလွန်ဘဝသို့ ရောက်ရှိ သွားသောသူသည် မွန်မြတ်သော အလှူဒါန တစ်ခုကို အောင်မြင်စွာ လုပ်ဆောင် သွားသည့် ကိစ္စရပ်အား (၄.၃.၂ဝ၁၃) ရက်နေ့တွင် တွေ့ကြုံ ခဲ့ရပါသည်။ ၄.၃.၂ဝ၁၃ ရက်နေ့တွင် အမှတ် ၉၂၂၊ ပင်းယလမ်း၊ (၅)ရပ်ကွက်၊ တောင်ဥက္ကလာပ မြို့နယ်နေ ဒေါ်ဖုန်းမေ အသက် (၆၈) နှစ်သည် ကွယ်လွန်သွားခဲ့ သည်။ နေအိမ်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားနှင့် ယာဉ်မောင်း/နောက်လိုက်တို့ ရောက်ရှိချိန် ၌ နာရေးရှင် မိသားစုတို့မှ ခေတ္တခဏ စောင့်ဆိုင်း ပေးပါရန် တောင်းဆို ခဲ့သဖြင့် (၁ဝ) မိနစ်ခန့် စောင့်ခဲ့သည်။ နာရေးရှင်၏ ပြောပြချက်အရ ကွယ်လွန်သူ ဒေါ်ဖုန်းမေသည် မိမိ၏ မျက်ကြည်လွှာအား အမျိုးသား မျက်စိဘဏ်တွင် လှူဒါန်းထားပြီး ဖြစ်သည်။
 
အမျိုးသား မျက်စိဘဏ်မှ မျက်ကြည်လွှာအား သူနာပြု (Nurse) ရောက်ရှိသောအခါ မျက်ကြည်လွှာ အလှူရှင် ဒေါ်ဖုန်းမေ၏ မျက်ကြည်လွှာ (၁) စုံအား မိနစ် (၃ဝ) ခန့် ထုတ်ယူ ခဲ့ပြီးနောက် နေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီဖေးမ ပို့ဆောင်ပေးခဲ့သည်။ မျက်စိဝေဒနာရှင် တစ်ဦး မျက်ကြည်လွှာ မကောင်းလျှင် ကွယ်လွန်သွားသူတို့မှ လှူဒါန်းထားသော မျက် ကြည်လွှာဖြင့်သာ အစားထိုး ကုသရပေသည်။ မျက်ကြည်လွှာ အလှူသည် အလှူရှင် ကွယ်လွန်မှသာ ရသည်ဖြစ်၍ လွန်စွာ ရှားပါးသော အလှူဒါနဖြစ်သည်။ မျက်စိမမြင်သူ နှစ်ဦး၏ ဘဝအား အမြင်အာရုံပြန် လည်ရရှိစေပြီး လူ့ လောကထဲတွင် စိတ်ချမ်းသာစွာနှင့် နေထိုင် သွားနိုင်မည်ဖြစ်သည်။
 
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင်ပင် လေးအသေင်္ချနှင့် ကမ္ဘာတစ်သိန်း စွန့်ခြင်းငါးပါး ဖြစ်သော လက်၊ ခြေ၊ မျက်လုံး၊ အသက်တို့အပြင် ဇနီး၊ သားသမီး တို့အား ဝေနေယျများစွာ သတ္တဝါတို့အတွက် လောကအကျိုးစီးပွားအလို့ငှာ ကြိမ်ဖန်များစွာ စွန့်လွှတ်အနစ်နာခံကာ လှူဒါန်းခဲ့သည်။ အလွန့်အလွန် မွန်မြတ် သော အလှူဒါနပါရမီ ဖြစ်ပါသည်။ ထို့ကြောင့် တမလွန်မှ အလင်းပေးသွားသော မျက်ကြည်လွှာအလှူရှင် ဒေါ်ဖုန်းမေအား နာရေးကူညီမှု အသင်း(ရန်ကုန်)မှ လိုက်လံပို့ဆောင် သင်္ဂြိုလ်လိုက်ရသည့်အတွက် အလှူရှင်များနှင့်တကွ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အသင်းသား/သူများ၊ ဝန်ထမ်းများတို့မှ ကုသိုလ်အကျိုးထူးများရရှိသဖြင့် မျက်ကြည်လွှာ အလှူရှင် ဒေါ်ဖုန်းမေ အား သာဓု .. သာဓု .. သာဓု ခေါ်ဆိုလိုက်ရပါတော့သည်။ မျက်စိလှူကြ၊ မျက်ကြည်ရ၊ မြတ်သည့်လှူဒါန တစ်ခုဖြစ်သည်။
 
by: Kyaw Thu

ဗိုလ်သန်းရွှေ ထီပေါက်ခြင်း (ကိုဇာဂနာ ဖတ်ဖို့ ဟာသ) သွေးနဲ့ စိုက်တဲ့ စပါး၊ မျက်ရည်နဲ့ချက်တဲ့ ထမင်း

ဗိုလ်သန်းရွှေ ထီပေါက်ခြင်း (ကိုဇာဂနာ ဖတ်ဖို့ ဟာသ)
ပျော်တော်ဆက်သာဂိ
အောက်တိုဘာ ၂၂၊ ၂၀၀၉
(လွန်ခဲ့တဲ့ ၃ နှစ်က ရေးခဲ့တဲ့ သရော်စာကို အခု ပရိသတ် ပျော်ရအောင် ပြန်လည်တင်ဆက်ပါတယ်။
စာမရေးတာ အတော်ကြာပေါ့ဗျာ။ နေကောင်းတယ် မဟုတ်လား။ တလောကတောင် ခင်ဗျားကို ဆုတွေပေးတယ် ကြားတယ်။ ဆုတွေရတာ ၀မ်းသာတယ်ဗျာ သို့သော် စစ်တပ်က လွတ်ငြိမ်းချမ်းသာဆုကျတော့ ခင်ဗျားရော၊ ၈၈ မျိုးဆက်ကျောင်းသားတွေရော မပါဘူး။ စစ်အစိုးရက ပေးတဲ့ ဆုတွေနဲ့တော့ အလှမ်းက ဝေးသားပဲ။
အိုဘားမားတောင်မှ နိုဘယ်ဆုတွေ ဘာတွေ ရသေးတယ်ဗျာ။ ကျနော်တို့တိုင်းပြည်က စစ်ဗိုလ်ချုပ်မှူးကြီးတွေက ဘယ်ဆုမှ မရကြဘူး။ သူတို့လည်း ဆုလေး ဘာလေး လိုချင်ရှာပါပဲနော်။ သူ့မိတ်ဆွေ ကိုတရုတ်တို့ ကိုရွတ်ရှားတို့ကလည်း နအဖအတွက် ဆုလေး ဘာလေးတွေ ဖန်တီးပြီး မပေးကြဘူး။ ဥပမာဗျာ – နိုဘယ်ငြိမ်းချမ်းရေးဆုကို အံတုပြီးတော့ နိုဘယ်အကြမ်းဖက်ဆုတို့ ဘာတို့ပေးရင် ဗိုလ်သန်းရွှေ ပျော်ရှာမှာ။ မိုးမခချစ်သူများဆုကနေ မိုးမခအော့ကျောလန်ဆု ဆိုပြီး ပေးရင်ကော ဘယ့်နှယ်နေ မလဲဗျ။ ဆုတော့ ဆုပဲဗျာ … ဖွတ်ကလိဒင်္ဂါးတော့ မပါဘူး။
အံမယ် ကျနော်တို့က ခင်ဗျားကို စိတ်ပျော်ရွှင်အောင်လို့ ရယ်စရာ မောစရာလေးတွေ ကြံဖန်ပြီး လှမ်းရေးနေတာပါ။ စစ်သဘက်တွေ (စစ်ဘီလူးတွေ၊ ဖက်ဆစ်တွေ ဆိုပြီး ပြောရတာ အာညောင်းလို့ သဘက်ဆိုတဲ့ အမည်သစ် ပေါ့ဗျာ …)က အမေရိကန်ကို လာတော့ ဖိနပ်နဲ့ အပေါက်ခံရသေးသဗျ။ ဆုတော့မရဘူး … ဖိနပ်စာပဲ ဖြစ်ကုန်တယ် ပြောတယ်။ ဟိုဘိုးတော်တယောက်က ပရိတ်ရေနဲ့ အဲသည် စစ်သဘက်ကို လှမ်းပက်လိုက်သေးတယ်။ စစ်သဘက်ကြီးတွေက ကျွတ်ချိန်မကျသေးတော့ အလွန်မြင့်မြတ်တဲ့ ပရိတ်ရည်တွေဟာ အလွန်ပူလောင်တဲ့ ကာဖီရည်တွေ ဖြစ်ကုန်တယ်တဲ့။ အဲဒါကို စိတ်ဆိုးလိုက်ကြတာ တီကို ဆားနဲ့ ပက်သလိုပဲ တဲ့ဗျ။ မျက်နှာမရ ဖိနပ်ရ ဆိုတာ အဲသည်လိုနဲ့ တူပါရဲ့။
စစ်သဘက်ကြီးတွေက ဆုတွေ ကြံဖန်ပြီး လိုချင်တော့ သူတို့ကို ပိတ်တာ ဆို့တာတွေကို ဖွင့်ပေးဖို့ ပြောတယ်လေ။ အမေရိကန်က လုံခြုံရေးယူထားတဲ့ ပုဂ္ဂိုလ်တွေက စစ်သဘက်တွေကို ဥပမာပေးပြီး ရှင်းပြတော့မှ နည်းနည်း ငြိမ်သွားသတဲ့။ ဖွင့် ပေး ဖွင့် ပေး ဆိုပြီး လျှောက်လျှောက် ပြောမနေနဲ့ တဲ့။ အခုတွေ့လား ကားပြတင်းတွေ ပိတ်ထားလို့ သက်သာတာ။ ဖွင့်ပေးထားလိုက်လို့ကတော့ ဖိနပ်တွေကော ကော်ဖီရည်တွေကော တခါတည်း မျက်နှာတည့်တည့် လာမှန်တော့မှာ။ ဖွင့်ခိုင်းချင်သေးသလား တဲ့။
ဗိုလ်သန်းရွှေကတော့ အခုလိုမျိုး စိတ်တွေ ပျော့ပြောင်းတယ် ဘာတယ်ပေါ့ဗျာ။ အရှေ့ အနောက် တောင် မြောက်နဲ့ ဆက်ဆံရေးတွေလုပ်၊ ပြောင်းမယ် ပြင်မယ် လျောက်ပြောနေတာ အကောင်းမထင်ပါနဲ့ ကိုဇာဂနာရယ်။ ခင်ဗျားတို့က ကျုပ်တို့လောက် အတွင်းသတင်းတွေ မသိပါဘူး။
ဖြစ်ပုံက ဒီလို …။ ဗိုလ်သန်းရွှေက လောကဓာတ်ပညာ အသစ်အဆန်းတွေကို ရွံမုန်းတယ်။ ဗဟုသုတ တိမ်တော့ အသစ်အဆန်း အပြောင်းအလဲတွေကို လက်မခံနိုင်တဲ့သဘောပေါ့ဗျာ။ အသစ်အဆန်းဆိုလို့ မန္တလေးကျုံးထဲက နန်းတော်ပြင်တာလောက်၊ ကျုံးဆယ်တာလောက်၊ ပုဂံမှာ မျှော်စင်ဆောက်ပြီး ထီးကြီးအုပ်ပေးထားတာမျိုးလောက် လုပ်တတ်တာကလား။ ပျဉ်းမနားကို သွားတာကလည်း ဂူထဲမှာပဲ နေမလို့သွားတာ။ ဟို ကိုရီးယားကားတွေထဲကလိုမျိုး တခန်းတနားတွေလုပ်ချင်တယ် ဆိုတဲ့ သူ့မိသားစုကြောင့်သာ သူ့မှာ နေပြည်တော်တွေ ဘာတွေ ဖြစ်ကုန်ရတာလို့ ပြောတယ် ကိုဇာဂနာ ရယ့်။
သူက အင်တာနက်နဲ့ အီးမေးကို သူ့နန်းတော်မှာ ဆင်ပေးခိုင်းထားတာ သိပ်မကြာသေးဘူး ဆိုပဲ။ ဒေါ်စုဆီကို ရေကူးဝင်တဲ့မျက်နှာဖြူကောင်က ယူကျုမှာ ပုံတွေ အရုပ်တွေ တင်ဖို့ ၀င်လာတာ လို့ ထွက်ချက်ပေးတော့ သူလည်း ယူကျုတို့ အိုင်ကျု တို့ကို စိတ်ဝင်စားသွားတယ်။ သူသိတာက စစ်ကြောရေးအစီရင်ခံစာက ကေကျု လောက်သိတာကိုး။ (ကေကျု = ကေ ကေ ကေ = ကိုကိုကြီး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်) – စကားချပ်) သူ့အီးမေးလိပ်စာကိုလည်း တော်တော်ခန့်မှန်းရခက်အောင် လုပ်ထားတယ်လို့ ပြောတယ်။ ကျနော်လည်း အတိအကျတော့ မသိဘူးလေ။ အီးမေးနဲ့ ဖတ်တဲ့စာတွေထဲမှာ လေးထောင့်တုံးတွေ နဲ့ စာတွေကိုတော့ သူ မဖတ်တတ်ဖူးတဲ့။ သူတပည့်တွေကလည်း အဲဒါ မြန်မာစာလုံးတွေ၊ ဇော်ဂျီဖောင့်တို့ ဘာတို့ ထည့်ရတယ် ဆိုတာကို သွား မပြောရဲဖူးတဲ့။ ပြောမိလို့ ပြည်ပက စာတွေ ဖတ်မိရင် စိတ်ညိုညင်မှာ စိုး ဆိုပဲ။
တနေ့မှာ ဗိုလ်သန်းရွှေဆီကို စာတစောင် (အီးမေးတစောင်) ရောက်လာတယ်။ နိုင်ဂျီးရီးယားက အာဏာရှင်တဦးက ပိုက်ဆံတွေ ၀ှက်ထားတာကို ခွဲပေးချင်တဲ့အကြောင်း လျို့ဝှက်ပြီး ဆက်သွယ်လာတဲ့စာတစောင် ဖြစ်နေတယ်။ ဗိုလ်သန်းရွှေဆိုတာ အရမ်းကို စိတ်လှုပ်ရှားသွားပြီး ၀မ်းသာလုံး ဆို့သွားတယ်။ သူ့မှာလည်း သည်လို တိုင်းပြည်ဘဏ္ဍာတွေ ခိုးဝှက်သိမ်းဆည်းထားတဲ့ အတွေ့အကြုံမျိုး ရှိတော့ ဒီလိုစာကို သူက အကြွင်းမဲ့ ယုံကြည်တယ်လေ။ အပြင်ဗဟုသုတ ရှိတဲ့ ကလေးတွေတောင် အင်တာနက်ပေါ်မှာ ဒီလိုစာမျိုးတွေ ဖြန့်တဲ့ အီးမေးလူလိမ်တွေရှိတယ်ဆိုတာ သိကြပေမယ့် ကိုရီးယားကားထဲမှာ အဲသည်ဇာတ်ကွက်တွေမပါတော့ ဗိုလ်သန်းရွှေက အမှားကို အမှန်ထင်တာ မဆန်းဘူးပေါ့။ ဘ၀တလျောက်လုံးမှာ အမှားတွေကို အမှန်ထင်နေခဲ့တာကလည်း အကျင့်ပါနေပြီကိုးလေ။
ခက်တာက ဒီနိုင်ဂျီးရီးယားက အာဏာရှင်ကြီးခွဲပေးမယ့် ငွေတွေကို ဘယ်လိုလက်ခံမလဲဆိုတာက ပြဿနာဖြစ်နေတော့ ဗိုလ်သန်းရွှေခင်ဗျာ အတော် အကြံအိုက်သွားတယ်။ ကြက်ဆူပင်ကြိုင်ကြိုင်တို့နဲ့လည်း မတိုင်ပင်ချင်ဘူး။ ဒီလောက်များတဲ့ သန်းနဲ့ချီတဲ့ ဒေါ်လာတွေကို ကြိုင်ကြိုင်လက်ထဲလည်း မထည့်ချင်ဘူးတဲ့။ သူ့လက်အောက်က ဗိုလ်ချုပ်ကြီးတွေနဲ့လည်း မိုက်ကြေးမခွဲချင်ဘူးလို့လည်း သူက လောဘဇောဖြစ်လာတယ်လို့ ပြောကြတယ်။ အဲဒီမှာ ဗိုလ်သန်းရွှေလည်း အကြံအိုက်နေတော့ သူတိုင်ပင်ဖို့ လူရှာတော့တယ့် ဆိုပဲ။
အဲသည်မှာ အမေရိကားက ဂျင်ဝက်တို့နဲ့ တွေ့တော့တာပဲ။ ဂျင်ဝက်ကလည်း အမေရိကန်ပေါ်လစီ အပြောင်းအလဲ ဘာညာနဲ့ ချည်းကပ်လာတယ်။ ဗိုလ်သန်းရွှေကလည်း အောက်လမ်းက ၀င်လာမဲ့ သန်းနဲ့ချီတဲ့ ဒေါ်လာတွေကို မျက်စိထဲ မြင်နေတော့ အခုလိုနိုင်ငံရေးကိစ္စတွေ တိုင်းရေးပြည်ရေးကိစ္စတွေကို အချိန်ကုန်ခံပြီး စကားမပြောချင်တော့ဘူး ဖြစ်နေတယ်။ ဒါနဲ့ သန်းရွှေကလည်း မင်းလည်း တွေ့ချင်တဲ့သူတွေနဲ့ တွေ့၊ ပြောချင်တာတွေ ပြောဆိုပြီး လွှတ်ပေးလိုက်တယ် ဆိုပဲ။ သူ့မှာ အဓိကက နိုင်ဂျီးရီးယားက ငွေတွေကို ဘယ်လို ထုတ်ရလဲ ဆိုတာက ထိပ်တန်း ဦးစားပေးကိစ္စဖြစ်နေတာကိုး။ သူက ပိတ်ထားတာတွေ ဖွင့်ပေး၊ ဘဏ်တွေ ငွေတွေ ဖွင့်တာ လွှဲတာတွေ အဆင်ပြေရင် ပြီးပြီ ဆိုပြီးတော့ အရိပ်အမြွက်ပြလိုက်တယ် ဆိုတယ်။
ဒါကြောင့် ဗိုလ်သန်းရွှေက ခင်ဗျားတို့ကို ထောင်ထဲကနေ ခေါ်ထုတ်ပြီး သီးခြားခေါ်တွေ့ဖို့ စီစဉ်နေတယ်လို့ ကြားတာပဲ။ ဒေါ်စုကလည်း ဆုတွေ ဘာတွေ ရဖူးတော့ အဲသည်ငွေတွေကို ဘယ်လိုမျိုး ထိန်းသိမ်းထားသလဲ၊ ထုတ်သလဲဆိုတာမျိုးတွေ မေးဖို့ ဆက်ဆံရေးဝန်ကြီး အောင်ကြည်ကို တဖက်လှည့်နဲ့ ခိုင်းတော့တာကိုးလေ။ သူကိစ္စက ဆုရတာ မဟုတ်ပေမယ့် ထီပေါက်ထားသလိုမျိုး ငွေတွေကို လှည့်ပတ်ပြီး ထုတ်မယ်လို့ စဉ်းစားထားပုံရတယ်ဗျ။ အန်တီစုကလည်း အရိုးခံနဲ့ဆိုတော့ အော် … စစ်တပ်ကြီးခင်ဗျာ ပိတ်ဆို့ထားတာတွေ ခံထားရတာ နှစ်လ ကြာတော့ ဒီတခါမှာတော့ဖြင့် သူတို့အခက်အခဲတွေကို နားလည်အောင် လုပ်ကြည့်မှပဲ ဆိုပြီး စတိတ်မင့်တွေ ဘာတွေ ထုတ်တော့ တကမ္ဘာလုံးကလည်း မျက်စိတွေ လည်ကုန်ကြတာ အတွင်းသတင်းမှ မသိထားတာကိုးလေ။
ကဲ … ကြွက်ကို ဘယ်သူ ခြူဆွဲပေးမလဲ ဆိုသလို ဗိုလ်သန်းရွှေကို အခုလိုမျိုး နိုင်ဂျီးရီးယားက ထီ ( ထီလို့ပဲ ထားပါတော့) ပေါက်တယ်ဆိုတာ တကယ်မဟုတ်ဘူး။ ခင်ဗျားကြီး အလိမ်ခံရတာလို့ ဘယ်သူက ပြောရဲသလဲ။ အခုတောင် ဗိုလ်သန်းရွှေက နိုင်ဂျီးရီးယားက ဒေါ်လာ သန်း ရာ ထောင်ချီတဲ့ ငွေတွေကို တန်းတန်းစွဲပြီး ဖုံးတလှည့် ဖော်တလှည့်နဲ့ အစ ရှာနေတာကို အနီးကပ်လူတွေကတော့ ရိပ်မိနေပေမယ့် အကုန်လုံး သိတာမဟုတ်ဘူးတဲ့ဗျ။ ဗဟုသုတနည်းနည်း ရှိတဲ့ ရဲချုပ်ခင်ရီက ဗိုလ်ချုပ်မှူးကြီး ဒါက လိမ်တာနဲ့ တူတယ်ပြောလို့ ရွှေဘောတော်ဆိုးပြီး မြေတိုက်ထဲမှာ ခြေချုပ်ချထားလိုက်သေးတာကိုး။
ကဲ သည်တော့ ခင်ဗျားကို အဲသည် ငွေတွေ ဘယ်လို ထုတ်ရမလဲ၊ လွှဲရမလဲလို့ မေးလာရင် ခင်ဗျား မီးစင်ကြည့်က ပေတော့ ကိုဇာဂနာ။ အမေရိကန်က စီအိုင်အေတို့၊ အက်ဖ်ဘီအိုင်တို့၊ ဘာတို့ ညာတို့ကတော့ သတင်းအစအန ရထားပြီးလို့ သမ္မတကြီး အိုဘားမားကို ပြောထားပြီးပြီ တဲ့။ မြန်မာပြည်က သန်းရွှေတယောက် နိုင်ဂျီးရီးယားထီပေါက်လို့ တောင်ရောက် မြောက်ရောက် ဖြစ်နေတယ်။ ဒီအချိန်မှာ အခွင့်ကောင်းယူပြီး ဆွေးနွေးဖို့ လိုတယ်လို့ အကြံပေးတွေ ပရောဟိတ်တွေကလည်း အခါတော်ပေးနေကြတယ် ဆိုတယ်။ ၂၀၁၀ မတိုင်ခင်မှာ သူ့အထင်ပေါက်နေတဲ့ အိပ်မက်တွေ အရည်မပျော်သွားခင်မှာ ခင်ဗျားကို လာမေးမယ် မြန်းမယ် ဆိုရင် သူ့ကို ခင်ဗျား ကြည့်ပြီးတော့ ပြောစရာရှိတာ၊ ခိုင်းချင်တာရှိတာတွေ ခိုင်းပေတော့ပဲ။
အင်း … တခုတော့ ရှိတယ်ဗျ။ ပြည်ပက မြန်မာတွေကိုလည်း တိုင်ပင်ပြီးတော့ အဲသည်ငွေတွေ ဘယ်လို ထုတ်ရမလဲ မေးကြည့်ဖို့ အကြံပေးခိုင်းပေါ့ဗျာ။ ဗိုလ်သန်းရွှေကြီးတယောက် အမှားတွေ အမှန် ထင်နေတဲ့အကြောင်းတော့ ဘယ်လိုလူမျိုးက အခုလို အချိန်မျိုးမှာ ပက်ခနဲ ပြောရဲလေမလဲတော့ မသိ။
ဟဲဟဲ … နောက်ကျရင် နိုင်ဂျီးရီးယားအာဏာရှင်ကြီးဆီက ခွဲပေးမယ့် ငွေတွေ ဆိုပြီး အီးမေးတွေ မလာတော့ဘဲနဲ့ မြန်မာပြည်က အာဏာရှင်ကြီးဆီက ခွဲပေးမယ့် ငွေတွေ ဆိုပြီး အီးမေးတွေ လာနေမှဖြင့် ခင်ဗျားတို့ ကျနော်တို့တတွေ တရားခံတွေပဲ ဖြစ်မလား။ အလိမ်ခံရသူတွေပဲ ဖြစ်မလား၊ လူလိမ်တွေပဲ ဖြစ်နေလေမလား မသိပေဘူးပေါ့ခင်ဗျား။
တော် သေ ဘီ။ လက်ရေးသည်းခံပါ။ နောက် တွေ့ကြသေးတာပေါ့။ ခင်ဗျားလည်း အင်္ဂလန်ထီကြီးတွေ ပေါက်ပါစေသော်ဝ်။
ကဗျာ သွေးနဲ့ စိုက်တဲ့ စပါး၊ မျက်ရည်နဲ့ချက်တဲ့ ထမင်း
ဟိုးအရင်တုန်းက
ကျေးဇူးရှင် တောင်သူလယ်သမားကြီးများ
ခုကျ ကြွေးမီတင် တောင်သူလယ်သမားကြီးများ။
ဟိုးတုန်းက
ကျေးဇူးရှင် တောင်သူဦးကြီးများ
ခုကျ ကျေးဇူးရှင် ခရိုနီကြီးများ။
နာမည်တပ်ထားတာက
ပြည်သူ့ ရဲ
ခုကျ ခရိုနီရဲ့ ရဲ။
မအူပင်မှာ အမှုဆင်ပြီ
သေသော်မှတည့် သြော်ကောင်း၏။
ထမင်းမစားချင်တော့ဘူး
ဂျုံပြောင်းစားမယ့်ကိန်း။
တောင်သူလယ်သမားတွေရဲ့
သွေးတွေနဲ့ စိုက်တဲ့ စပါး
တောင်သူလယ်သမားတွေရဲ့
မျက်ရည်များရောနေတဲ့ ထမင်း
မင်းတို့ မိန်ရည်ရှက်ရည် မျိုချလျက်လား
ငါ ထမင်းမစားချင်တော့ဘူး။
စိုက်ပျိုးရေးနိုင်ငံမှာ
စိုက်ပျိုးရေးလုပ်သူတွေ ငတ်နေရ
မိုးခေါင်ချိန်မှာ ထွန်းလင်း နေ
မီးပမာ ပူချေပြီ။
မတရားမှုတွေက
မြေနိမ့်ရာ စူးစိုက်ဝင်တတ်လား
လက်ပိုက်ကြည့်မနေကြနဲ့ 
တချက်ငိုက် အသိ မဝေဝါးနဲ့ ။
တရားလက်လွတ်တွေကြောင့်
သေမထူး နေမထူး စေတတ်
ဝမ်းတထွာအခက်ကြုံရင်
ဧကရာဇ်အင်ပါယာလည်း ဖျက်ရဲတယ်
ခရိုနီ၊ ကိုလိုနီတွေ ဒီတခါ မင်းတို့ အလှည့်။
တရားခံအစစ်ကို သိလျက်နဲ့ 
တရားခွင်တံခါး ပိတ်
မင်းကြီးတာက ထွက်တဲ့ ရာဇဝတ်ကောင်
ပန်ကာအောက်မှာ ထိုင်နေတယ်။
ကျေးဇူးရှင် လယ်သမားတွေကို ဝန်းရံ
တရားခံအစစ် တွေ့ အောင်ရှာ
အမြစ်မကျန် သုတ်သင်ဖို့  အချိန်တန်ပြီ
ဆိုင်းလည်းဆင့် ဗုံလဲဆင့်
ခရိုနီတွေကို တောထုတ်ကြရအောင်။
ပြည်သူ့ ရဲတွေကို
ပြည်သူတွေကိုစော်ကားဖို့ များ
သင်တန်းပေးထားလား
ဟေ့ကောင် .. ရဲတွေ
မင်းတို့ တွေအထဲမှာ
လယ်သမားရဲ့သားတွေပါတယ်နော်
မင်းတို့ ရဲ့ နံပတ်တုတ်နဲ့ သေနတ်ပြောင်းတွေ
ဘက်ပြောင်း ပြန်လှည့်
ခေတ်သစ် အဇာတသတ်။
ဒီလိုမှမဟုတ်ရင်
ဆရာစံရဲ့ ဂဠုန်တပ်တွေ
တကြော့ပြန် ဝိညာဉ်လှန်မယ်။
တိုင်းပြည်ကိုက
ငြိမ်းချမ်းဆန္ဒ ထုတ်ဖော်ခွင့် မရ
တုတ် တုတ်ချင်း၊ ဓါး ဓါးချင်းမှလား။
ဒါဆိုရင် ဗမာပြည်မှာ
ဂဠုန်ဆရာစံပုံတွေ
လယ်မြေဧရိယာတိုင်းမှာ ပြန်စိုက်။ ။

မြန်မာနိုင်ငံရှိ Mobile Phone သင်တန်းများကို သတိထားတက်ကြရန်

သူငယ်ချင်းများကို ကျွန်တော်တို့လို မခံရလေအောင် သတိပေးချင်းဖြစ်ပါတယ်။ ကျွန်တော်သည် ရန်ကုန်တွင်ရှိသော Mobile Phone သင်တန်းတစ်ခုကို တက်ခဲ့ပါတယ်။ သင်တန်းကြေးကတော့ ၄သိန်း ပေးခဲ့ရပါတယ်။ သူတို့က ကြော်ငြာမှာကြော်ငြာတုန်းကတော့ Software and Hardware ရောသင်ပေးမယ်လို့ ကြော်ငြာခဲ့ပါတယ်။သင်တန်းသွားအပ်တဲ့ အချိန်တုံးကလည်း နှစ်မျိုးစလုံးသင်မှာလားလို့ မေးပါတယ် သင်ပေးမယ်လို့လည်းပြောပါတယ်။ တကယ် သင်တန်းလည်းတက်ရော Software ဆိုတာက လွယ်လွယ်လေးကိုသာ သင်ပေးကြပါတယ်။ Hardware ဆိုတာကတော့ နည်းနည်းဆို နည်းနည်းပဲ သင်ပေးပါတယ်။ သင်တန်းမှာသုံးနေသော Computer and Phone တွေကြတော့လည်း အဟောင်းတွေနဲ့ပဲသင်ပေးပါတယ်။ ပြောချင်တာတွေကတော့ အများကြီးပါ ဒါပေမဲ့ မပြောတော့ပါဘူး။ ကျွန်တော့လို သူငယ်ချင်းတွေနဲ့ သူငယ်ချင်းတို့ရဲ့ အပေါင်းသင်းများ၊ မိတ်ဆွေများကိုလည်း ရန်ကုန်ရှိ Mobile သင်တန်းများကို တက်ရင် သတိထားပြီးအပ်ကြပါလို့ ပြောချင်ပါတယ်။

မြန်မာနိုင်ငံမှ ဟင်းသီးဟင်ရွက်များ စကာင်္ပူသို့ အလည်သွားရန် ဗီဇာရပြီ

သေးငယ်လှသည့် နိုင်ငံလေးတစ်နိုင်ငံဖြစ်သည့် စကာင်္ပူနိုင်ငံ။ ရာသီဥတုဆိုလျှင်လဲ နွေ၊မိုးဆောင်း ဆိုသည့် ပြောင်းလဲရာသီမရှိ။ တစ်နှစ်ပတ်လုံး တစ်မျိုးတစ်စားထဲ တစ်သားထဲ ၊ နေပူလျှင်ပူ ။ နေမပူလျှင်မိုးရွာ။ နေမင်းနဲ့ မိုးမင်း အမြဲထာဝစဉ်စစ်ခင်းနေ၍ အစိုးမရသည့်ရာသီဥတု။ မိုးရွာချင်သည့်အချိန် ကောက်ကာငင်ကာ ရွာချတတ်ပြီး ၊မိုးရွာပြီး နာရီဝက်မျှမကြာ နေမင်းကြီး အပြိုင်ဆင်းကာ ပူပြင်းတတ်သည့်အခါများလဲ ရှိခဲ့ပါသည်။
အရှေ့တောင်အာရှမှာ ဖွင့်ဖြိုးတိုးတက်မှု အမြန်ဆုံးနိုင်ငံ ။ ကမ္ဘာမှာ ကမ္ဘာလှည့် ခရီးသည်များ မျက်စေ့ကျသည့် နိုင်ငံများထဲမှ နာမည်ကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သော စကာင်္ပူနိုင်ငံသည် သူ့နိုင်ငံမှ မည့်သည့် ထုတ်ကုန်မျှမရှိ။
အစားအသောက်၊ ဟင်းသီးဟင်းရွက်၊ သစ်သီဝလံ ၊ အမဲ ၊ကြက်၊ ဝက်၊ငါး မှစ၍ ကြက်ဥဆုံးတိုင် အသားငါးတို့ကိုလဲ ပြည်ပမှ မှာယူတင်သွင်းရသည့်နိုင်ငံ။ ကုန်ကုန်ပြောရလျှင် နိုင်ငံတွင်းမှာ ရေချိုများပင်မရှိခဲ့၍ နိုင်ငံတွင်းမှာ ရေစီးရေလာကောင်းသည့် ရေမြောင်းများဖော်ကာ မိုးရေများခံယူ၍ ဆည်မြောင်းထဲသို့ ရေလှောင်ထားခြင်း ၊ အိမ်တိုင်း အိမ်တိုင်းမှ အသုံးပြုထားပြီးသော ရေများကို မြောင်းတစ်ခုထဲ စီးဝင်စေကာ ရေလှောင်ကန်ထဲသို့ စီးဝင်စေခြင်း ၊ ထိုရေများကို ပြန်လည်သန့်စင်၍ ပြည်သူတွေထံ အခကြေးငွေဖြစ် ပြန်လည်ဖြန့်ဝေခြင်း၊ ထိုမျှနှင့် မလုံလောက်၍ မလေးရှားမှ ရေပင် ဝယ်ယူ အသုံးပြုခဲ့ရသည့် နိုင်ငံဖြစ်ပါသည်။
သို့သော် စကာင်္ပူနိုင်ငံသည် ထုတ်ကုန်မရှိပေမဲ့ တိုးတက်သည့်နိုင်ငံ။ စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံမဟုတ်ပဲ စက်မှုကိုအခြေခံသည့် နိုင်ငံ။ စက်မှုကို အခြေခံသည် ဆိုသော်လည်း သှူုနိုင်ငံတွင်းမှ မည်သည့်စက်မှုထုတ်ကုန်မှ ထုတ်လုပ်နိုင်ခြင်းမရှိသေး။ သို့သော် စီးပွားရေးအချက်အခြာကျသည့် ကျွန်းနိုင်ငံငယ်လေး အဖြစ် တိုးတက်သည့် နိုင်ငံ၊ အာရှကျားတစ်ကောင်အဖြစ် ရပ်တည်နိုင်ခဲ့သည်။
ထုတ်ကုန်မရှိပေမဲ့ ကမ္ဘာအနှံအပြားမှ စားသောက်ဖွယ်ရာများ စကာင်္ပူနိုင်ငံတွင်ရှိသည်။ ရာသီပေါ်သီးနှံများ စဉ်ဆက်မပြတ် စကာင်္ပူနိုင်ငံတွင်ရှိသည်။ တစ်နိုင်ငံမှ မရလျှင် အခြားနိုင်ငံမှ တင်သွင်းသောကြောင့် ရာသီပေါ်သီးနှံမှာလဲ တစ်နှစ်ပတ်လုံးရှိစမြဲ။
ပြည်ပမှ တင်ယူပစ္စည်းများနှင့် နေသားကျနေသည့် စကာင်္ပူနိုင်ငံကြီး မြန်မာနိုင်ငံမှ စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်များ တရားဝင်တင်သွင်းပေတော့မည်ဟု နိုင်ငံပိုင်သတင်းစာများထဲတွင် (၁၁.၃.၂၀၁၃) နေ့တွင် ထည့်ဝင်ရေးသားထားခဲ့သည်။

စိုက်ပျိုးမြေ ကျယ်ပြောလှသည့် မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံသား မြေယာပိုင်ရှင် ခြံသမားများ ၊ စကာင်္ပူနိုင်ငံမှ စိုက်ပျိုးရေးပညာရှင်များပူပေါင်း၍ ခေတ်မှီနည်းစနစ်များဖြစ် စိုက်ပျိုးကာ စကာင်္ပူနိုင်ငံမှ စားသောက်ကုန်စစ်ဆေးရေး အဖွဲ့ Agri-Food and Veterinary Authority (AVA) ၏ စစ်ဆေးမှုများဖြစ် စစ်ဆေးကာ ဟင်းသီးဟင်းရွက်ကို  တင်ယူပို့ဆောင်ပါတော့မည်။
စကာင်္ပူနိုင်ငံမှ အဆင့်မြင့် ခေတ်မှီ  စိုက်ပျိုးနည်းပညာများကို လက်တွေ့အသုံးချ အကောင်အထည်ဖော် ဖြန့်ဝေသွားမည်ဆိုသည့်အကြောင်းလဲ ထည့်ဝင်ရေးသားထားပါသည်။ ၎င်းအပြင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပင်လယ်စာများကိုလဲ နောင်တွင် တင်သွင်းရန် စကားကမ်းလှမ်းထားပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ဟင်းသီးဟင်းရွက်များကတော့ စကာင်္ပူသို့ အလည်သွားရန် ဗီဇာရခဲ့ပါပြီ။ ကျန်းမာရေးအတွက် သေချာသော စစ်ဆေးစမ်းသတ်မှုများပြုလုပ်ပြီး စိတ်ချရသည့် အနေအထားရှိမှ နိုင်ငံသို့ တင်သွင်းခွင့်ပြုသည့် စကာင်္ပူနိုင်ငံ၏ ထုံးစံကြောင့် အသီးအနှံများ စိုက်ပျိုးရာတွင် အသုံးပြုရမည့် ပိုးသတ်ဆေးနှင့် ဓာတုဓာတ်မြေဩဇာ အတိုင်းအတာ အကန့်အသတ်တို့သည် စလုံးတစ်နိုင်ငံထဲအတွက်သာ မရည်ရွယ်ပဲ မြန်မာ နိုင်ငံသားတို့စားသုံးသည့် အစားအသောက်အတွက်ပါ ညီမျှစွာ အသုံးချမည်ဆိုလျှင် ပြည်သူတို့၏ အစားအသောက် အန္တရယ်ကို ကာကွယ်နိုင်ရန် စိတ်ချရပါပြီ။
ခေတ်မှီနည်းစနစ်ကို အသုံးချပြီး သီးနှံအထွက်တိုးလျှင် ပြည်သူတို့စားဝတ်နေရေး ဖူလုံမှုအတွက် စိုးရိမ်စရာမရှိတော့ပြီ။
သို့သော်..........
ထိုသို့သော် ဆိုသည်မှာ အနည်းငယ်စိုးရိမ်ဖွယ် အသံစွက်နေခဲ့သည်..။ နိုင်ငံခြားဝင်ငွေ ရရှိမှုအတွက် ပြည်ပကို တင်ယူပို့ဆောင်ကြရင်း အိမ်တွင်းစားစရာမရှိ အဖြစ်မှ ကင်းဝေးရလိုပါသည်။
တင်သွင်းမှုများစလာသည်နှင့် တပြိုင်နက် ဖူလုံသည့် ထုတ်ကုန်များ တိုးမြင့်လာနိုင်ကြပါစေလို့ ပဲ ဆန္ဒပြုရင်း စည်ပင်ဝပြောလာမည့် နေ့လေးတစ်နေ့ကို ကြိုတင်မျှော်လင့်လျှက်
.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

ဝီးဂျာဘုတ်ပြားကို အသုံးပြု၍ ၀ိညာဉ်လောကနှင့် ဆက်သွယ်ခြင်း(စဆုံး)

ဝိညာဉ်ခေါ်နိုင်တဲ့ ၀ီးဂျာဘုတ်ပြားနဲ့ ပါတ်သက်လို့ သိပ္ပံပညာရှင်တွေနဲ့ စိတ်ပညာရှင်တွေက စားပွဲခုံနဲ့ ၀ိညာဉ်ခေါ်ခြင်းကို သုံးသပ်သလို သုံးသတ်ပါတယ်။ ၀ီးဂျားဘုတ်ပြားပေါ်မှာ ၀ိညာဉ်ခေါ်လိုသူတွေ ကိုယ်တိုင် အသည်းနှလုံးပုံ ပလန်ရှက်အပြားကလေးကို လက်ဖျားကလေးတွေနဲ့ ထိပြီး ဘုတ်ပြားအနှံ့ လိုက်ရွေ့ ပေးနေရာက (၀ိညာဉ်တစ်ခုခု ရောက်လာတဲ့အခါ) ပလန်ရှက်အပြားကလေးဟာ အလိုအလျှောက် ဦးဆောင် လှုပ်ရှားသွားတယ်ဆိုတာ တကယ်တော့ ၀ိညာဉ်ခေါ်လိုသူတွေရဲ့ ကြွက်သားလှုပ်ရှားမှု့တွေကနေ ဆက်စပ် လှုပ်ရှားသွားတာပါလို့ သိပ္ပံပညာရှင်တွေက ပြောကြတယ်။

စိတ်ပညာရှင်တွေကြတော့ ၀ိညာဉ်ခေါ်မယ့် ကြိတ်ဝိုင်းမှာ ၀ိုင်းထိုင်နေကြသူတွေရဲ့ မသိစိတ်တွေ စုပေါင်းပြီး စိတ်စွမ်းအင် (Psychokenis) တွေ ပေါ်ပေါက်လာတာဖြစ်လို့ မသိစိတ်နယ်ပယ်က ထူးခြားတဲ့ အသိထူးတွေ၊ ထူးခြားတဲ့ ထိုးထွင်းသိမြင်မှု့တွေ ပေါ်ပေါက်လာပြီး အဖြေထုပ်ပေးတာတွေ၊ အကြံပြုပေးတာတွေ ဖြစ်ပေါ်လာတာပဲလို့ ပြောကြတယ်။ အဲဒီနေရာမှာ သိပ္ပံပညာရှင်တစ်ချို့ဆိုရင် မသိစိတ်ရဲ့ စွမ်းအင်ကိုတောင် အသိအမှတ် မပြုဘူး။ သူတို့က ၀ိညာဉ်ခေါ်သူတွေရဲ့ သိစိတ်နဲ့ပဲ အဖြေထုပ်သွားတာပါလို့ ဆုံးဖြတ်ကြတယ်။

အလွန်ခေါင်းမာတဲ့ သိပ္ပံပညာရှင်တစ်ဦး(အမည်မသိ) ဆိုရင် သူက ဒီလို စမ်းသပ်တယ်။ ၀ီးဂျားဘုတ်ပြားနဲ့ ၀ိညာဉ်ခေါ်နေကြတာကို သူက ဘေးက ထိုင်ကြည့်တယ်။ ပလန်ရှက်အပြားကလေးကို ပွတ်သတ်ရွေ့ပြီး အမေးအဖြေ လုပ်နေကြတာကိုလည်း ထိုင်ကြည့်တယ်။ ပြီးတော့မှ သူက ၀ိုင်းကလူတွေကို မျက်လုံးတွေမှာ ပ၀ါလိုက်စည်းပေးပြီး ဘာမှမမြင်ရအောင် လုပ်လိုက်တယ်။ ၀ီးဂျာဘုတ်ပြားကိုလည်း ၀ိုင်းကလူတွေ မသိအောင် ၁၈၀ ဒီဂရီ လှည့်ပစ်လိုက်တယ်။ အဲဒီနောက်မှာ ၀ိုင်းကလူတွေ မူလက သိထားတဲ့ ဟုတ်တယ် မဟုတ်ဘူး စာလုံးတွေနေရာကိုပဲ ပလန်ရှက်အပြားကလေးက ရောက်ရောက်သွားလေတော့ ဘုတ်ပြားပေါ်က ဗလာနေရာ လွတ်တွေကိုပဲ ညွန်ပြသလို ဖြစ်သွားတော့တာပေါ့။

ဒါကိုထောက်ရှု့ပြီး သူက ၀ိုင်းကလူတွေရဲ့ သိစိတ်နဲ့ပဲ လုပ်နေကြတာ။ ကိုယ့်ဆန္ဒနဲ့ကိုယ် မေးဖြေနေကြတာလို့ ကောက်ချက်ဆွဲလိုက်တာပဲ။ ၀ိညာဉ်လောက ယုံကြည်သူတွေဟာ ၀ီးဂျာဘုတ်ပြား ကိစ္စကို သုံးသပ်မှု့ ပြုရာမှာ သိပ္ပံပညာရှင်တွေထက် သာလွန်ချက်ရှိသွားတယ်လို့ ပြောရမှာပဲ။ သူတို့ပြောတာက စားပွဲခုံနဲ့ ၀ိညာဉ်ခေါ်တာပဲဖြစ်ဖြစ် အဲဒီစားပွဲခုံနဲ့ ၀ီးဂျာဘုတ်ပြားတို့မှာ ဘာအစွမ်းသတ္တိ ဘာတန်ခိုးမှ ရှိတာ မဟုတ်ပါဘူးတဲ့။ စားပွဲခုံတို့ ၀ီးဂျာဘုတ်ပြားတို့ဆိုတာ ၀ိညာဉ်နဲ့ ဆက်သွယ်ရာမှာ ဆက်သွယ်ရ အဆင်ပြေအောင် ကြားခံဆောင်ရွက်ပေးတဲ့ ကြားခံပစ္စည်းတွေသာ ဖြစ်ပါတယ်တဲ့။

တမလွန်လောကမှာ ရှိနေတဲ့ ၀ိညာဉ်တစ်ခုခုနဲ့ ၀ိညာဉ်ခေါ်သူတွေအကြား တစ်စုံတစ်ရာ အကြောင်း တစ်ခုခုကြောင့် ပတ်သက်မှု့ရှိနေပြီး အဲဒီ ၀ိညာဉ်တွေကိုယ်တိုင်က လာချင်စိတ်ရှိမှ ဆက်သွယ်ချင်စိတ်လည်း ရှိနေတာမို့ ဆက်သွယ်နိုင်ကြတာပါတဲ့။ ဒါကြောင့်လည်း တချို့ ကြိတ်ဝိုင်းတွေမှာ ၀ိညာဉ်ကို ဘယ်လိုခေါ်ခေါ် ရောက်မလာကြပါဘူးတဲ့။






ဝီးဂျားဘုတ်ပြားဆိုတာကလည်း အမေရိကန်က ဖောက်စ်ညီအမနှစ်ဦးရဲ့ စားပွဲခုံနဲ့ ၀ိညာဉ်ခေါ်ခြင်း အောင်မြင်သွားရာက တမလွန်က ၀ိညာဉ်တစ်ဦးရဲ့ ပြောမယ့်စကားတွေကို စာအဖြစ်ပေါ်လာအောင် ကုတ်သင်္ကေတ (code)တွေ ဖော်ထုတ်ခဲ့ရင်းနဲ့ ဆင့်ပွားပေါ်လာတဲ့ ကိရိယာတစ်ခုပါ။ ၀ီးဂျာဘုတ်ပြားကြတော့ ကုတ်သင်္ကေတတွေ မလိုတဲ့အတွက် ၀ိညာဉ်ခေါ်သူတွေအတွက် ပိုမို လွယ်ကူသွားတာပေါ့။ ဒါတောင် အဲဒီနှစ်မျိုး စလုံးဟာ စာမတတ်တဲ့ ၀ိညာဉ်တွေကြတော့ သုံးလို့ မရပါဘူး။ (စာမတတ်တဲ့ ၀ိညာဉ်တွေကြတော့ တိုက်ရိုက် အသံနဲ့ ပြောတဲ့နည်း၊ ဓာတ်စီးနတ်ဝင်သည် တစ်ဦးဦးကို ၀င်ပူးပြီး ပြောတဲ့နည်းတွေကိုပဲ သုံးလို့ရမှာပါ)

ပြင်သစ်လူမျိုး ပလန်ရှက်တီထွင်ခဲ့တဲ့ ခဲတံတပ်ထားတဲ့ အသည်းနှလုံးပုံ ပလန်ရှက်အပြား ဆိုတာလည်း စာရေး တတ်တဲ့ ၀ိညာဉ်တွေမှပဲ သုံးလို့ရတာပါ။ ဒါတောင်မှ ဓာတ်စီးနတ်ဝင်သည်ဆီ ပူးဝင်ပြီး ဓာတ်စီးနတ်ဝင်သည်ရဲ့ လက်ကို ထိမ်းချုပ်ရေးသားတဲ့ အလိုအလျှောက်စာရေးခြင်း (auto-matic writing) လောက် အဆင်မပြေလို့ မသုံးကြတော့တာပါ။ ဒီလိုနဲ့ ပလန်ရှက် အပြားကလေးကနေ ခဲတံဖြုတ် ၊ အောက်ခံစက္ကူဖြူ အချပ်နေရာမှာ ၀ီးဂျာဘုတ်ပြားကို အစားထိုးလိုက်တော့မှ စာရေးတတ်တဲ့ ၀ိညာဉ်တွေအတွက်ရော ဓာတ်စီးနတ်ဝင်သည်မပါဘဲ ၀ိညာဉ်ခေါ်ချင်တဲ့ ကြိတ်ဝိုင်းကလေးတွေအတွက်ပါ အဆင်ပြေသွားခဲ့တဲ့ပါ အဆင်ပြေသွားခဲ့တဲ့ သဘောပါ။

ဝိညာဉ်လောကကို ယုံကြည်သူတွေထဲမှာ ပညာတတ်သူတွေလည်း ပါတဲ့အတွက် ဆင်ကန်းတောတိုး ယုံကြည်မှု့မျိုး မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ အဲဒီပညာတတ်တွေဟာ စူးစမ်းလေ့လာပြီးမှ ယုံကြည်ကြတာပါ။ အဲဒီပညာတတ်တွေဟာ စူးစမ်းလေ့လာပြီးမှ ယုံကြည်ကြတာပါ။ အတုနဲ့ အစစ်ကိုလည်း ခွဲခြားကြပါသေးတယ်။ ဒါကြောင့် ၀ီးဂျာဘုတ်ပြားနဲ့ ပတ်သက်ရင် သူတို့က ဒါဟာ သစ်သားပြားတစ်ပြားသာ ဖြစ်လို့ ဘာမှ ပြောစရာ မရှိကြောင်း ၊ ၀ီးဂျားဘုတ်ပြား အသုံးပြုပြီး ၀ိညာဉ်ခေါ်လို သူများကိုသာ သတိပေးလိုကြောင်း ပြောကြတယ်။ ၀ီးဂျားဘုတ်ပြား အသုံးပြုပြီး ၀ိညာဉ်ခေါ်ကြမယ့် အိမ်တွင်းကြိတ်ဝိုင်းကလေးတွေမှာ ၀ိညာဉ် လောကကို လုံးဝ အယုံအကြည်မရှိတဲ့ သူတွေကို ခေါ်မထားသင့်ပါဘူးလို့ ဆိုတယ်။ စိတ်ဓာတ်မခိုင်မာတဲ့ ဆယ်ကျော်သက် ကလေးတွေ စိတ်ရောဂါရှိသူတွေ ၊ အဆင်အခြင် ကင်းမဲ့သူတွေကို ဆိုရင်လည်း လုံးဝပါဝင်ခိုင်းလို့ မဖြစ်ပါဘူးလို့ ဆိုပါတယ်။

သူတို့ အဲဒီလို သတိပေးတာ ဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်တွေ ရှိလို့ပါပဲ။ ၁၉၉၀ သို့မဟုတ် ၁၉၉၁-ခုနှစ်အတွင်းက အဖြစ်အပျက်ကလေး တစ်ခုဆိုရင် ဆယ်ကျော်သက်တွေအကြား ဖြစ်ပျက်သွားခဲ့တာပါ။ ဖြစ်တဲ့နေရာက အမေရိကန်နိုင်ငံ ၊ ချီကာဂိုမြို့က ဘင်နက်ဒက်တီးန် တက္ကသိုလ်ကျောင်းသား တစ်စုဟာ တက္ကသိုလ် ကျောင်းဝင်း အတွင်း သချိုင်းအုပ်ဂူကလေး တစ်ခု အနီးမှာ ၀ီးဂျာဘုတ်ပြားနဲ့ ၀ိညာဉ်ခေါ်ခဲ့ကြပါသတဲ့။

ဝိညာဉ်ခေါ်နေစဉ်အတွင်းမှာပဲ အဲဒီဝိုင်းထဲက ကျောင်းသားကလေးတစ်ဦးကို ၀ိညာဉ်က ၀င်ပူးခဲ့တယ်လို့ ဆိုတယ်။ အစပိုင်းမှာ သူဟာ အသံနက်ကြီးနဲ့ ထအော်ပြီး နောက်ပိုင်းမှာတော့ ထိန်းမနိုင်သိမ်းမရ သောင်းကျန်း တော့တာပဲ။ အတူရှိနေတဲ့ သူငယ်ချင်းတွေကို ကန်တယ်။ ကိုက်တယ်။ ထိုးတယ်။ သူငယ်ချင်းတွေက သူု့ကို ချော့မော့ ထိန်းသိမ်းကြပေမယ့် ထိန်းမနိုင်ဖြစ်ခဲ့တယ်။ တက္ကသိုလ်ဝင်းထဲက အစောင့်ရဲတွေကို ပြေးခေါ်ကြရတယ်။ ရဲတွေက သူ့ကို ထိန်းချုပ်ပြီး ဆေးရုံပို့လိုက်ရတယ်။ ဆေးကုသမှု့ကို အချိန်အတော်ကြာ လုပ်လိုက်ရသတဲ့။ ဒီသတင်းဟာ တက္ကသိုလ်တစ်ခုလုံး ပျံ့နှံ့သွားတာပေါ့။ တစ်ချို့ကလည်း ၀ီးဂျာဘုတ်ပြားနဲ့ ၀ိညာဉ်ခေါ်တာ တကယ်လာတယ်လို့ ပြောကြသလို ဒီလိုများ ၀င်ပူးရင်တော့ ဒုက္ခပဲလို့ ကြောက်လန့် သွားကြသူတွေလည်း ရှိတယ်။

အဲဒီလို ဖြစ်ရပ်မျိုးတွေကြောင့် ၀ီးဂျာဘုတ်ပြားကို ရွံတွန့်တွန့် ဖြစ်သွားရတဲ့အထဲ နာမည်ကြီး မျက်လှည့်ဆရာ ဟာရီဟူဒိနီကလည်း အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ။ ကာရစ်တိုမြို့က လူငါးယောက်ဟာ ၀ီးဂျာဘုတ်ပြာအသုံးပြု ၀ိညာဉ်ခေါ်ကြရင်း ရူးသွတ်သွားကြရတယ်လို့ ဆောင်းပါး ရေးသားလိုက်တာရယ် ၊ စိတ်ကျန်းမာရေး ဆရာဝန်တစ်ဦးက ၀ီးဂျာဘုတ်ပြားနဲ့ ၀ိညာဉ်ခေါ်တဲ့ အလုပ်ဟာ လူတွေကို စိတ်ဂယောက် ဂယက် ဖြစ်စေလို့ ရူးသွတ်သွားကြမှာ စိုးရိမ်ရတယ်လို့ ပြောလိုက်တာရယ်ကြောင့် လူတွေရဲ့ စိတ်ထဲမှာ မသိုးမသန့်တွေ ဖြစ်ကုန်ကြတယ်။



ဟူဒိနီ၏မျက်လှည်ပြကွက်တစ်ချို့




ဒါ့အပြင် ၁၉၂၇ ခုနှစ်မှာ The Exorcist ဆိုတဲ့သရဲကားတစ်ကား ထွက်လာတော့ ဝီးဂျာဘုတ်ပြားအတွက် ပိုဆိုးသွားပြန်ရော။ အဲဒီသရဲကားထဲမှာ ရီဂန်ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ဝီးဂျာဘုတ်ပြားအသုံးပြုပြီး ဝိညာဉ်ခေါ်ရာက“ပါဇူးဇူး ”လို့ခေါ်တဲ့သရဲတစ်ကောင်နဲ့ ဆက်မိသွားတယ်။ အဲဒီသရဲက ကောင်မလေးကို မကြာခဏ ဝင်ဝင်ပူးတဲ့ ဇာတ်လမ်းပဲ။ အဲဒီဇာတ်ကားကိုကြည့်ပြီးမှ ဝီးဂျာဘုတ်ပြားနဲ့ ဝိညာဉ်ခေါ်ရင် သရဲလည်း ပူးတတ်တယ်ဆိုပြိး အိမ်မှာဝယ်ထားတဲ့ ဝီးဂျာဘုတ်ပြားတွေကို မီးရှို့ပစ်တဲ့လူတွေ မနည်းဘူးတဲ့။

အဲဒီအချိန်ကာလ ပိုင်းကဆိုရင် စတိုးဆိုင်တွေက ဝီးဂျာဘုတ်ပြား ရောင်းအားပါ ကျသွားတယ်လို့ဆိုတယ်။ ဒါပေမယ့် ဒီလိုဖြစ်သွားတဲ့ အချိန်ကာလပိုင်းဟာ သိပ်တော့လည်း မကြာလိုက်ဘူးလို့ဆိုတယ်။ စတိုးဆိုင်တွေမှာ အရောင်းအဝယ်ပြန်ဖြစ်လာသလို အိမ်တွင်းကြိတ်ဝိုင်း ကလေးတွေလည်း ပြန်ပေါ်လာသတဲ့။ ဝီးဂျာဘုတ်ပြား ကြောင့် အဆင်ပြေသွားသူတွေရဲ့ သတင်းတွေကလဲ ဝီးဂျာဘုတ်ပြားရဲ့နာမည်ကို ပြန်အဖတ် ဆယ် သွားတဲ့ သဘောပါပဲ။

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ “ ဘရက်ဒ်ဘာရီ ”လို့ခေါ်တဲ့ အဆောက်အဦး တစ်ခုရှိတယ်။ ကြည့်လိုက်တာနဲ့ ဂမ္ဘီရဆန်တဲ့ အသွင်အပြင်ရှိတယ်လို့ နာမည်ကြီးတယ်။ အဲဒီအဆောက်အဦမှာ ရုပ်ရှင်လာရိုက်ပြီး နာမည်ကြီးသွားတဲ့ ရုပ်ရှင်ကားတွေရှိတယ်။ DOA, Blade Runner, Seven ဆိုတဲ့ ဇာတ်ကားတွေပေါ့။ အဲဒီအဆောက်အဦပိုင်ရှင် ဂျော့ခ်ျ ဝိုင်မင်ဆိုသူဟာ ဝီးဂျာဘုတ်ပြား အသုံးပြုပြီး ကွယ်လွန်ပြီးဖြစ်တဲ့ သူ့အစ်ကိုနဲ့ အဆက်အသွယ် ရခဲ့တယ်လို့ ပြောတယ်။ သူ့အစ်ကိုက အကြံပြုတဲ့အတိုင်း အဲဒီအဆောက်အဦကို ၁၈၉၃ ခုနှစ်မှာ ဆောက်လိုက်တာလို့ ဆိုတယ်။ ဒီအဆောက်အဦက သူ့ကိုထင်ပေါ်ကျော်ကြားအောင် လုပ်ပေးခဲ့တယ်လို့ပြောပြတယ်။

Sax Rohmer လို့ နာမည်ကျော်ကြားတဲ့ စာရေးဆရာ ဟင်နရီဝပ်ဒ်ဟာ “ဖန်မန်ချူး” ဆိုတဲ့ ဝတ္ထုနဲ့ နာမည်ကျော် သွားခဲ့တယ်။ သူက ဝီးဂျာဘုတ်ပြား အသုံးပြုပြီး ဆက်သွယ်မိတဲ့ ဝိညာဉ်ကို ဘာအကြောင်းအရာ ရေးရင် ကောင်းမလဲလို့ မေးကြည့်တော့ ဝိညာဉ်က chinaman လို့ စာလုံးပေါင်းပြသတဲ့။ ဒါနဲ့ “ ဖန်မန်ချူး ” ဆိုတဲ့ တရုတ်လူမျိုးတစ်ယောက်ကို ဇာတ်လိုက်လုပ်ပြီး စွန့်စားခန်း ဝတ္ထုရေးလိုက်တာ “ပေါက်” သွားတယ်လို့ဆိုတယ်။ အဲဒီကစပြီး best seller စာရေးဆရာ ဖြစ်သွားသတဲ။

နောက်တစ်ယောက်ကတော့ ပါးလ် ကာရန်လို့ခေါ်တဲ့ စာရေးဆရာမ တစ်ယောက်ပါ။ ဝီးဂျာဘုတ်ပြားကတစ်ဆင့် Patience Worth လို့ခေါ်တဲ့ ဝိညာဉ်ဆီကရတဲ့ အကြံညဏ်တွေနဲ့ ကဗျာပေါင်းများစွာ ရေးသားနိုင်ခဲ့တယ်လို့ ဆိုတယ်။ သူမဟာ ၁၉ ရာစုအစောပိုင်းရဲ့ စာပေလောကကို ကိုင်လှုပ်နိုင်ခဲ့သူတစ်ဦးပါ။ ၁၉၁၉ ခုနှစ်မှာ စာရေးဆရာ စတီးဝပ်အက်ဒဝပ် ဝှိုက်တ်ဟာ ဇနီးဖြစ်သူ ဘက်တီရဲ့ ဝိညာဉ်ခေါ်မှုတွေကို လေ့လာခဲ့ပါသတဲ့။ ဘက်တီဟာ အစပိုင်းမှာ ဝီးဂျာဘုတ်ပြားကို အသုံးပြုပြီး ဝိညာဉ်အုပ်စု တစ်စုနဲ့ အဆက်အသွယ်ရခဲ့သတဲ့။

နောက်ပိုင်းကျတော့ အဆက်အသွယ် အရမ်းကောင်းသွားပြီး ဝိညာဉ်တွေက သူမရဲ့လက်ကို ထိန်းချုပ် စာရေးပြတဲ့အထိ တိုးတက်သွားခဲ့သတဲ့။ စာရေးဆရာ ဝှိုက်ဟာ အဲဒီအကြောင်းအရာ တွေကို ၁၉၃၇ ခုနှစ်ရောက်တော့ စာအုပ်တွေအဖြစ် ထုတ်ဝေခဲ့တာ အတော်ရောင်းကောင်းခဲ့ပါသတဲ့။ ဒီတော့ ဝီးဂျာဘုတ်ပြားဟာ “သုံးတတ်ရင်ဆေး ၊ မသုံးတတ်ရင်တော့ ဘေး” လို့ ကောက်ချက်ဆွဲရပါလိမ့်မယ်။ ယနေ့တိုင် ခေတ်စားနေတယ် ဆိုတဲ့အကြောင်း အချက်ကလည်း သုံးတတ်တဲ့ လူတွေများလို့ ဆိုတာကို ဖော်ပြနေပါတယ်။ (အောင်အေး-ရန်ကုန်တက္ကသိုလ်)

အားလုံးစိတ်ချမ်းသာပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်...
(ရဲတေဇကျော်)*****-ဆရာဟိန်းတင့်ဇော်ထံမှတဆင့်