This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, August 13, 2013

မြန်မာ့သမိုင်း၏ န၀မမြောက် သမ္မတ မည်သူဖြစ်နိုင်သနည်း ?

သြဂုတ်လ- ၉ ။ ၂၀၁၃
M-Media
ဆောင်းပါး၇ှင် – သြရသရေချမ်း
9th copy
ကျွန်ုပ်တို့ မှီတင်းနေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသည် “ဗမာ/မြန်မာ” ဟူသော အမည်နာမသည်လည်းကောင်း၊ တိုင်းပြည်နယ်နမိတ်ဟူ၍ ကန့်သတ်ချက်သည်လည်းကောင်း သတ်သတ်မှတ်မှတ် မရှိခင်ကပင် နယ်ပယ်ဒေသအလိုက် အုပ်ချုပ်မင်းလုပ်သူများ၊ မင်းကြီးမင်းငယ်များ၊ မင်းဆက်များ၊ စော်ဘွားများ စသဖြင့် ရှိနေခဲ့ကြသည်။
ပထမမြန်မာနိုင်ငံတော် မတိုင်မီက မြန်မာ့ရှေးဦးသမိုင်းအား အနုလုံပဋိလုံ မှတ်တမ်းတင်ထားနိုင်ခြင်း မရှိခဲ့ကြပေ။ တွေ့ကြရသည့်အထောက်အထားတို့မှာလည်း မဆိုစလောက်မျှသာ ဖြစ်ခဲ့သည်။ ၄င်းနောက် ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော် စသဖြင့် အဆက်ဆက်တည်ထောင်လာကြသည်။ သမိုင်းတင်မှုများကိုလည်း ထိုက်သင့်သမျှ ပြုလုပ်ဆောင်ရွက်လာကြသည်။ ခေတ်ကာလတိုင်းတွင် မှတ်တမ်းတင်ခံရသည့် သမိုင်းများ ရှိသလို၊ မှတ်တမ်းတင် မခံကြရသော ရာဇ၀င်များလည်း ရှိနေကြောင်း ကျွန်ုပ်တို့ သိဖို့ လိုအပ်ပါသည်။ ယနေ့ခေတ်တွင်မူ တစ်စုံတစ်ရာသော ကိုယ်ကျိုးစီးပွားများအတွက် သမိုင်းလိမ်များကိုလည်း အစားထိုးလာသည်ကို တွေ့ရ၏။ အလိမ်အညာ သွတ်သွင်းမှုများအကြားမှ ဖြစ်ရပ်မှန်များကို ပြန်လည်ဖော်ထုတ်သူများလည်း ရှိနေပေဦးမည်။ အရိုးပေါ်အရွက်ဖုံးမှု အစဉ်အလာ ခိုင်မာသွားလျှင်မူ အနာဂတ်မြန်မာနိုင်ငံအဖို့ အရှက်ကွဲစရာ၊ ဂုဏ်သိက္ခာကျဆင်းဖွယ်ရာများ တစ်နေ့မဟုတ်တစ်နေ့တွင် မလွဲမသွေ ကြုံဆုံလာနိုင်သည်ကိုလည်း မျိုးဆက်သစ်များမှ သတိကရုပြုရမည့် အချက်တစ်ရပ် ဖြစ်သည်။ မည်သို့ဆိုစေ မြန်မာ့သမိုင်းတွင် တတိယမြန်မာနိုင်ငံတော်(ကုန်းဘောင်မင်းဆက်)အထိကား ရှင်ဘုရင်များ၊ မင်းဆက်များတို့ဖြင့်သာ နိုင်ငံတော်ကို ထူထောင်အုပ်ချုပ်ခဲ့ကြပေသည်။
တတိယမြန်မာနိုင်ငံတော်တွင် အလောင်းမင်းတရားကြီး(မြန်မာသက္ကရာဇ် ၁၀၇၆-၁၁၂၂) မှသည် သီပေါမင်း(၁၂၂၁-၁၂၇၈) အထိ ကုန်းဘောင်မင်းဆက် ၁၁ ဆက်ရှိခဲ့ကြသည်။ ကုန်းဘောင်မင်းဆက်၏နောက်ဆုံးဘုရင်ဖြစ်သူ သီပေါမင်း လက်ထက် မြန်မာသက္ကရာဇ် ၁၂၇၄၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်၊ အင်္ဂလိပ်သက္ကရာဇ် ၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံသည် နယ်ချဲ့အင်္ဂလိပ်တို့လက်အောက် ကျရောက်သွားခဲ့သည်။ ထိုနေ့တွင်ပင် သီပေါမင်း၏မိသားစုကို အိန္ဒိယသို့ ပို့ဆောင်လိုက်သည်။ ထို ပါတော်မူချိန်မှစတင်ပြီး မြန်မာနိုင်ငံသည် ရှင်ဘုရင်မျိုးဆက်ပြတ်၍ ဗြိတိသျှကိုလိုနီလက်အောက်ခံဖြစ်သွားကာ ပြည်သူပြည်သားများအားလုံး နှစ်ပေါင်းတစ်ရာကျော် ကျွန်ဘ၀ရောက်ခဲ့၏။ ဗြိတိသျှတို့၏ကျွန်ဘ၀၊ ဂျပန်နယ်ချဲ့တို့၏ကျွန်ဘ၀ နှင့် (ယခုလက်ရှိ) စစ်အာဏာပိုင်တို့၏ကျွန်ဘ၀ ဟူသော ကျွန်ဘ၀သုံးခုကို ဖြတ်သန်းလာကြရာ မြန်မာပြည်သူပြည်သားတို့၏ ကံကြမ္မာကား ကျွန်ဘ၀မှ မဖောက်ထွက်နိုင်သေးဟု ဆိုရပေတော့မည်။
ခေတ်ကာလအပြောင်းအလဲများအရ ကမ္ဘာတစ်ဝှန်း၌ သက်ဦးဆံပိုင်ပဒေသရာဇ်စံနစ် တစ်စစ ပျက်သုဉ်း၍ ဘုရင်မင်းဆက်ဓလေ့နေရာတွင် ပိုမိုလက်တွေ့ကျသော သမ္မတ၊ ၀န်ကြီးချုပ် စသည့် အာဏာပိုင်စံနစ်မျိုးကို ပိုမိုခေတ်စားလက်ခံလာကြသည်။
၁၉၄၇ ခုနှစ်၊ ဇန္န၀ါရီလ ၄ ရက်တွင် မြန်မာနိုင်ငံသည် ကိုယ်ပိုင်အချုပ်အခြာအာဏာထူထောင်မည့် လွတ်လပ်သော နိုင်ငံတစ်ခုအဖြစ် ကြေငြာနိုင်ခဲ့သည်။ ပြည်တွင်းရှိ လူမျိုးစုံ၊ ဘာသာစုံ၊ အလွှာစုံတို့၏ ၀ိုင်းဝန်းကြိုးပမ်းမှုအားဖြင့် တိုင်းတစ်ပါးတို့၏ကျွန်ဘ၀မှ အပြီးအပိုင် လွတ်မြောက်သွားသည်။ ၄င်းနှစ်မှာပင် ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ထိုအချိန်မှ စတင်ကာ သမ္မတနိုင်ငံတော်စံနစ်အား စတင်ကျင့်သုံးသည်။ ၁၉၄၇ ခုနှစ်ဥပဒေအရ နိုင်ငံတော်သမ္မတကို တိုင်းရင်းသားများအနက်မှ အလှည့်ကျရွေးချယ်တင်မြှောက်ရမည်ဖြစ်သည်။
သို့ဖြင့်  ရှမ်းလူမျိုး ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက် မှာ မြန်မာနိုင်ငံ၏ပထမဦးဆုံးသမ္မတ ဖြစ်လာသည်။ စ၀်ရွှေသိုက် (၁၈၉၆-၁၉၆၂)သည် ၁၉၄၈ ခုနှစ်၊ ဇန္န၀ါရီလ ၄ ရက်မှ ၁၉၅၂ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့အထိ သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့သည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ -
1
*  ၁၉၂၃ ခုနှစ်၊ ပထမကမ္ဘာစစ်အတွင်း အရှေ့မြောက်နယ်စပ်ဒေသ ဗမာ့လက်နက်ကိုင်တပ်ရင်းတပ်ဖွဲ့ဝင်
*  ၁၉၂၇ မှ ၁၉၅၉ ခုနှစ်အထိ ညောင်ရွှေစော်ဘွား
*  ၁၉၃၉ မှ ၁၉၄၂ ခုနှစ်အထိ ဗမာ့တပ်မတော်စစ်မှုထမ်း
*  ၁၉၄၇ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲခြင်းကော်မတီအဖွဲ့ဝင် နှင့် ဥပဒေပြုအဖွဲ့ဥက္ကဌ
*  ၁၉၅၂ ခုနှစ် လူမျိုးစုလွှတ်တော်နာယက
*  ၁၉၄၇ မှ ၁၉၆၀ ခုနှစ်အထိ လူမျိုးစုလွှတ်တော်အမတ်
*  ဓနရှင်ပါလီမန်ခေတ်တွင် ပဒေသရာဇ်စိတ် မပျောက်သေးခဲ့သူဖြစ်သော်လည်း ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်တွင် နယ်ရှင်စော်ဘွားအာဏာကို စွန့်လွှတ်ခဲ့ပြီး၊ အဂ္ဂမဟာသရေစည်သူ နှင့် အဂ္ဂမဟာ သီရိသုဓမ္မ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခံရ
*  ၁၉၆၀ ခုနှစ်၊ သြဂုတ်လတွင် ချက်ကိုစလိုဗက်ကီးယားနိုင်ငံသို့ အဖွဲ့နှင့်ချစ်ကြည်ရေးခရီးစဉ်
*  ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့၊ နံနက် ၁ နာရီတွင် နိုင်ငံတော်အာဏာကို ဗိုလ်ချုပ်ကြီးနေ၀င်း၏ တော်လှန်ရေးအစိုးရမှ သိမ်းယူသောအခါ ထိန်းသိမ်းခံရ
*  ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့၊ အသက် ၆၆ နှစ်အရွယ်၊ အကျဉ်းသားဘ၀ဖြင့်ပင် ကွယ်လွန်သည်။
ဒုတိယမြောက်သမ္မတမှာ ပုသိမ်မြို့ဇာတိ၊ ဗမာလူမျိုး ဒေါက်တာဘဦး(၁၈၈၇-၁၉၆၃) ဖြစ်၏။ ၁၉၅၂ ခုနှစ်မှ ၁၉၅၇ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့အထိ သမ္မတာဝန်ကို ငါးနှစ် ထမ်းဆောင်ခဲ့သည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ -
2*  ၁၉၁၂ ခုနှစ်၊ LLB, M.A  ကဲန်းဘရစ်ခ်ျ တက္ကသိုလ်
*  ၁၉၂၁ ခုနှစ် ခရိုင်ရာဇ၀တ်အုပ်တရားသူကြီး
*  ၁၉၃၀ ခုနှစ် တရားလွှတ်တော်ချုပ်တရားသူကြီး
*  ၁၉၃၁ ခုနှစ် အထူးခုံရုံးအဖွဲ့ဝင်
*  ၁၉၄၇ ခုနှစ် ဗြိတိသျှအစိုးရမှချီးမြှင့်သော ဓားဆု နှင့် ဆာ ဘွဲ့
*  ၁၉၄၈-၅၂ ခုနှစ်ထိ မြန်မာနိုင်ငံတရားသူကြီးချုပ်
*  ၁၉၅၂ ခုနှစ် မြန်မာနိုင်ငံဒုသမ္မတ
*  ၁၉၅၅ ခုနှစ် ထိုင်းနိုင်ငံမှ ဟိတ္တိသေနဘွဲ့ နှင့် မြန်မာနိုင်ငံမှ အဂ္ဂမဟာသရေစည်သူ နှင့် အဂ္ဂမဟာ သီရိသုဓမ္မ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခံရ
*  ၁၉၆၀ ခုနှစ် မြန်မာနိုင်ငံအစိုးရအတိုင်ပင်ခံကော်မတီဥက္ကဌ
*  ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်၊ စနေနေ့၊ အသက် ၇၆ နှစ်အရွယ်တွင် ကွယ်လွန်သည်။
တတိယမြောက်သမ္မတမှာ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သစ်ဆိပ်ရွာဇာတိ၊ ကရင်လူမျိုး မန်းဝင်းမောင်(၁၉၁၆-၁၉၈၉) ဖြစ်သည်။ ၁၉၅၇ ခုနှစ်၊ မတ်လ ၁၃ ရက်မှ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း၏အာဏာသိမ်းချိန်အထိ သမ္မတာဝန်ကို ငါးနှစ် ထမ်းဆောင်ခဲ့သည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ -
3*  ၁၉၃၇ ခုနှစ်၊ ရန်ကုန် ဂျပ်ဆင်ကောလိပ်မှ ဘီအေဘွဲ့၊ သန်လျင်ရေနံချက်စက်ရုံတာဝန်ခံ
*  ၁၉၄၁ ခုနှစ် ဒုအရာခံဗိုလ်
*  ၁၉၄၅ ခုနှစ် ကရင်လူငယ်များဒုဥက္ကဌ နှင့် တိုင်းရင်းသားဂျာနယ်အယ်ဒီတာ
*  ၁၉၄၇ ခုနှစ် ပုသိမ်အနောက်ပိုင်းဥပဒေပြုလွှတ်တော်အမတ် နှင့် သတ္ထုတွင်းနှင့်အလုပ်သမားဝန်ကြီး
*  ၁၉၄၉ နှင့် ၁၉၅၁ ခုနှစ် သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး
*  ၁၉၅၆ ခုနှစ် ဆိပ်ကမ်းရေကြောင်း၊ လေကြောင်း နှင့် ကမ်းရိုးတန်းသွားသင်္ဘောဌာန၀န်ကြီ
*  ၁၉၅၇ ခုနှစ် အဂ္ဂမဟာ သီရိသုဓမ္မ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံရ
*  ၁၉၅၉ ခုနှစ် ထိုင်းဘုရင်မင်းမြတ်မှချီးမြှင့်သော Chula Chom Kloa တံဆိပ်
*  ၁၉၆၀ ခုနှစ် တော်လှန်ရေးကြယ်တံဆိပ် ဒုတိယဆင့်
*  ၁၉၆၂ မှ ၁၉၆၇  ခုနှစ်အထိ ထိန်းသိမ်းခံရ
*  ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးအခင်းကာလတွင် ၀န်ကြီးချုပ်ဟောင်းဦးနု၏ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး(ဒီ/ငြိမ်း)ပါတီ ဒုဥက္ကဌ နှင့် ယှဉ်ပြိုင်အစိုးရ၏သမ္မတ
*  ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်၊ အသက် ၇၃ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီး၊ မြန်မာနိုင်ငံသမ္မတများအနက် ပဒေသရာဇ်နှင့်ဗျူရိုကရက်စိတ် အလျဉ်းမရှိဘဲ ဒီမိုကရေစီစစ်စစ်ကိုလိုလားသည့် တစ်ဦးတည်းသောသမ္မတအဖြစ် မှတ်တမ်းတင်ခံရသည်။
စတုတ္ထမြောက်သမ္မတမှာ ပြည်ခရိုင်၊ ပေါင်တလည်မြို့ဇာတိ (လူမျိုးမသိ) ဦးနေ၀င်း(၁၉၁၁-၂၀၀၂) ဖြစ်သည်။  ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာကိုသိမ်းယူပြီး ၁၉၇၄ ခုနှစ်မှ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်အထိ သမ္မတအဖြစ် အုပ်ချုပ်ခဲ့သည်။ ၁၉၆၂ မှစ၍ ၂၆ နှစ်တိုင်တိုင် တစ်ပါတီအာဏာရှင်စံနစ်ဖြင့် အုပ်ချုပ်ခဲ့သူဖြစ်သည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ -
4*  ၁၉၂၉ ခုနှစ် ရန်ကုန်တက္ကသိုလ် တက်ရောက်
*  ၁၉၃၁ ခုနှစ် ဥပစာသိပ္ပံနောက်ဆုံးနှစ်တွင် ကျောင်းထွက်
*  ၁၉၃၄ ခုနှစ် မီးရထားဌာန၀န်ထမ်း
*  ၁၉၃၆ ခုနှစ် စာတိုက်နှင့်ကြေးနန်းဌာနစာရေး၊ ဒို့ဗမာအစည်းအရုံးဝင်၊ ဥပစာသိပ္ပံဘွဲ့ရ၊ သခင်ရှုမောင် အဖြစ်အမည်ခံ
*  ၁၉၄၁ ခုနှစ် စစ်ပညာသင်ရန် ဂျပန်သို့သွားရောက်၊ ပြန်လည်ဝင်ရောက်လာသည့်ရှေ့ပြေးအဖွဲ့ခေါင်းဆောင်၊ ဘီအိုင်အေတပ်မကြီး ၂ တွင် တပ်မကြီးမှူး။ ဘီဒီအေတပ်ရင်း ၁ တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့်တပ်ရင်းမှူး
*  ၁၉၄၂ ခုနှစ် ဗိုလ်မှူးကြီးအဆင့်ဖြင့် ဘီဒီအေနှင့်ဘီအင်န်အေတို့၏စစ်သေနာပတိ၊ စစ်ဦးစီးဌာနချုပ်မှူး၊ ထောက်ပံ့ရေးဌာနကြီးမှူး
*  ၁၉၄၅ ခုနှစ် ကနီမြို့၊ မဟာမိတ်တို့၏တွေ့ဆုံပွဲ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါ။ ဗိုလ်မှူးအဆင့်ဖြင့် ဗမာ့တပ်မတော်သေနတ်ကိုင်တပ်ရင်း ၄ ၏တပ်ရင်းမှူး
*  ၁၉၄၆ ခုနှစ် ဒုတိယဗိုလ်မှူးကြီး
*  ၁၉၄၇ ခုနှစ် တပ်ရင်းမှူး နှင့် ဗိုလ်မှူးကြီး။ ၄င်းနောက် ဗိုလ်မှူးချုပ်အဆင့်ဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး
*  ၁၉၆၂ ခုနှစ် တပ်မတော်ကိုဦးဆောင်၍ နိုင်ငံတော်အာဏာကို သိမ်းယူ ။ တော်လှန်ရေးကောင်စီဥက္ကဌ ၊(ထိုအချိန်မှစပြီး ၂၆ နှစ်တိုင်တိုင် အုပ်ချုပ်ခဲ့)
*  ၁၉၇၄ ခုနှစ် နိုင်ငံတော်ကောင်စီဥက္ကဌ ၊ ၄င်းမှတဆင့် နိုင်ငံတော်သမ္မတ နှင့် မဆလဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဌ
*  ၁၉၈၈ ခုနှစ် အနားယူ
*  ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်၊ အသက် ၉၂ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ပထမဆုံးစစ်အာဏာရှင်တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ပဉ္စမမြောက်သမ္မတမှာ ပြည်ခရိုင်၊ သဲကုန်းမြို့ဇာတိ၊ ဗမာလူမျိုး ဦးစန်းယု(၁၉၁၈-၁၉၉၆) ဖြစ်သည်။  ၁၉၈၁ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်မှ ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်အထိ သမ္မတအဖြစ် တာဝန်ယူခဲ့သည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ -
5*  ၁၉၄၂ ခုနှစ်၊ ရန်ကုန်ဆေးကျောင်းတွင် ဒုတိယနှစ်အထိတက်ရောက်၊ ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ပြည်မြို့မှ ၀င်ရောက်စစ်မှုထမ်း၊ ၄င်းမှ အရာရှိဖြစ်ကာ တပ်ရင်း ၂ တွင် တပ်ရင်းမှူးခန့်အပ်ခံရ
*  ၁၉၄၆ ခုနှစ် တပ်ရင်း ၃ တွင် တပ်ခွဲအရာရှိ၊ နိုင်ငံတစ်ဝှန်းဖြစ်ပွားသော တိုက်ပွဲများစွာတွင် ပါဝင်ခဲ့
*  ၁၉၄၇ ခုနှစ် ဗိုလ်ကြီး
*  ၁၉၄၉ ခုနှစ် ဗိုလ်မှူး နှင့် သနက ၃ တွင် ဒုတပ်ရင်းမှူး။ ၄င်းမှတဆင့် အီးကရင်းတပ်ရင်း ၁ တွင် ဒုဗိုလ်မှူးကြီး
*  ၁၉၅၀ ခုနှစ် အီးကရင်း တပ်ရင်း ၂၊ ကယား ၁ တွင် တပ်ရင်းမှူး
*  ၁၉၅၁ ခုနှစ် လက်ထောက်စစ်ရေး စစ်ထောက်ချုပ်
*  ၁၉၅၂ ခုနှစ် စစ်ရာထူးခန့်ချုပ်ရုံးမှ စစ်ရာထူးခန့်အတွင်းဝန်
*  ၁၉၅၉ ခုနှစ် မပခ တိုင်းမှူး၊ ၄င်းမှတဆင့် ဗိုလ်မှူးချုပ်
*  ၁၉၆၁ ခုနှစ် တပ်မဟာ ၁ မှ တပ်မဟာမှူး ၊ ၄င်းမှတဆင့် ရပခတိုင်းမှူး၊ ၄င်းနောက် နမခတိုင်းမှူး
*  ၁၉၆၃ ခုနှစ် ဒုကာကွယ်ရေးဦးစီးချုပ်(ကြည်း)
*  ၁၉၇၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး နှင့် ဒုဝန်ကြီးချုပ်၊ တပ်မတော်ပါတီဥက္ကဌ
*  ၁၉၇၄ ခုနှစ် ဗိုလ်ချုပ်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်ကောင်စီအတွင်းရေးမှူ
*  ၁၉၇၈ ခုနှစ် တပ်မတော်မှအနားယူ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီဝင် ၊ အမျိုးသားစီမံကိန်းဌာန၀န်ကြီး၊ မဆလဗဟိုအလုပ်အမှုဆောင်ကော်မတီအထွေထွေအတွင်းရေးမှူး
*  ၁၉၈၁ ခုနှစ် ပါတီလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဌ ၊ နိုင်ငံတော်ကောင်စီဥက္ကဌ၊ နိုင်ငံတော်သမ္မတ
*  ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင် အနားယူ
*  ၁၉၉၆ ခုနှစ်၊ ဇန္န၀ါရီလ ၂၈ရက်၊ အသက် ၇၈ နှစ်အရွယ်တွင် ကွယ်လွန်သည်။
ဆဌမမြောက်သမ္မတမှာ မွန်ပြည်နယ်၊ ပေါင်မြို့ဇာတိ၊  ဦးစိန်လွင်(၁၉၂၄-၂၀၀၄) ဖြစ်သည်။   ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်မှ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်အထိ သမ္မတအဖြစ် တာဝန်ယူခဲ့သည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ -
6*  ၁၉၄၂ ခုနှစ် အလယ်တန်းပြကျောင်းဆရာအဖြစ်မှ ရဟန်းဘ၀သို့ရောက်ခဲ့ပြီးနောက် ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ဝင်ရောက်
*  ၁၉၄၃ ခုနှစ် ဗမာ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၁ မှ အရာရှိ
*  ၁၉၄၅ ခုနှစ် တိုင်း ၂ ၊ တပ်ရင်း ၈၃ တွင် တပ်ခွဲမှူးအဖြစ် မြစ်ဝကျွန်ပေါ်ဖက်ဆစ်ဂျပန်တော်လှန်ရး၌ပါဝင်
*  ၁၉၄၆ ခုနှစ် သနက ၄ တွင် တပ်သား
*  ၁၉၄၈ ခုနှစ် ပြန်တမ်းဝင်အရာရှိ နှင့် ပြည်ထဲရေးဌာန၊ တနင်္သာရီတိုင်းမင်းကြီး၏အပါးတော်မြဲ
*  ၁၉၄၉ ခုနှစ် ထားဝယ်တပ်ရင်းမှူး
*  ၁၉၅၀ ခုနှစ် ခလရ ၃ တွင် တပ်ခွဲမှူး
*  ၁၉၅၀-၅၁ ခုနှစ် လကရ ၁ ၏ တပ်ခွဲမှူး
*  ၁၉၅၃-၅၄ ခုနှစ် ချင်းသနက၏ဒုတပ်ရင်းမှူး နှင့် လရက ၁ ၏ဒုတပ်ရင်းမှူး
*  ၁၉၅၇ ခုနှစ် သနက ၄ ၏ တပ်ရင်းမှူး
*  ၁၉၆၂ ခုနှစ် နိုင်ငံတော်အာဏာသိမ်းမှု၏ ကွပ်ကဲရေးခေါင်းဆောင်၊ 7 July ကျောင်းသာအရေးအခင်းတွင် အဓိကရုဏ်းအား အဓိကဖြိုခွဲ
*  ၁၉၆၅ ခုနှစ် ပြည်ထဲရေး၊ ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးနှင့်ဒေသန္တရအဖွဲ့အစည်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်၊ တရားရေး စသည့် ၀န်ကြီးဌာနများ၏ အတွင်းဝန်
*  ၁၉၆၅-၆၉ ခုနှစ် နတခဒုတိုင်းမှူး
*  ၁၉၇၀ ခုနှစ် အရှေ့ပိုင်းတိုင်းဗျူဟာမှူး
*  ၁၉၇၀-၇၂ ခုနှစ် တိုင်းကြီးကြပ်ရေးဥက္ကဌ
*  ၁၉၇၂-၇၄-၈၀ ခုနှစ် နမခတိုင်းမှူး။ ပါတီလုပ်ငန်းစိစစ်ရေးနှင့်အရေးပေါ်ပါတီညီလာခံ၏ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်။ သမ၀ါယမ၀န်ကြီး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီး (ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဘ၀တွင် သာသနာသန့်ရှင်းတည်တံ့ပြန့်ပွားရေးဌာန၏တာဝန်ခံ)
*  ၁၉၈၁ ခုနှစ် နိုင်ငံတော်ကောင်စီဝင် ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး
*  ၁၉၈၈ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌ နှင့် နိုင်ငံတော်ကောင်စီဥက္ကဌ၊ ၄င်းမှတဆင့် ရှစ်လေးလုံးကာလ ပြည်သူ့လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် ကောင်စီဥက္ကဌနှင့်သမ္မတအဖြစ် တင်မြှောက်ခံရ
*  ၂၀၀၄ ခုနှစ်၊ ဧပြီလ ၉ ရက်၊ အသက် ၈၁ နှစ်အရွယ်တွင် ကွယ်လွန်သည်။
*  မြန်မာနိုင်ငံသမ္မတများအနက် သမ္မတသက်တမ်းအတိုဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး၊ ၁၇ ရက်သာ တာဝန်ယူခဲ့သည်။
သတ္တမမြောက်သမ္မတမှာ မန္တလေးမြို့ဇာတိ၊  ဒေါက်တာမောင်မောင်(၁၉၂၅-၁၉၉၄) ဖြစ်သည်။  ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်မှ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်အထိ သမ္မတအဖြစ် တာဝန်ယူခဲ့သည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ -
499px-Dr_Maung_Maung*  မန္တလေးဥပစာကောလိပ်တက်ဆဲမှ တပ်မတော်သို့ဝင်။ ဟင်္သာတခရိုင်နှင့်ဗမာ့မျိုးချစ်တပ်မတော်တိုင်း ၁ တွင် တာဝန်ထမ်းဆောင်
*  ၁၉၄၆-၅၀ ခုနှစ် ဘီအယ်လ်ဘွဲ့ရ။ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန သရုပ်ပြဆရာ၊ ဗမာ့ခေတ်သတင်းစာအယ်ဒီတာ၊ ဗမာ့မီးရထားလက်ထောက်အတွင်းဝန်
*  ၁၉၅၀ ခုနှစ် ဗြိတိန်သို့ ပညာတော်သင်စေလွှတ်ခံရ
*  ၁၉၅၃-၅၄ ခုနှစ် အစိုးရရှေ့နေ
*  ၁၉၅၅ ခုနှစ် ဥပဒေသတင်းထောက်
*  ၁၉၅၆ ခုနှစ်၊ ဟော်လန်နိုင်ငံ Utrecht တက္ကသိုလ်မှ နိုင်ငံတကာ L.L.D ဘွဲ့ရရှိ
*  ၁၉၅၈ ခုနှစ် လက်ထောက်ရှေ့နေချုပ်
*  ၁၉၆၀ ခုနှစ် နိုင်ငံရေးသိပ္ပံနှင့်အရှေ့တောင်အာရှနိုင်ငံများလေ့လာရေးပညာရပ်များကို ယေးလ်တက္ကသိုလ်သို့ တက်ရောက်လေ့လာ ။ မော်ကွန်းဝင်ဒုတိယအဆင့်ကို ချီးမြှင့်ခံရ
*  ၁၉၆၂ ခုနှစ် မဆလအမြုတေပါတီ၏ပညာရေးကော်မတီဝင်။ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ။ ၄င်းနောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
*  တော်လှန်ရေးကောင်စီခေတ်တစ်လျှောက်တွင် တရားသူကြီးချုပ်၊ တော်လှန်ရေးအစိုးရအဖွဲ့ဝင် တရားရေးဌာန၀န်ကြီး  အဖြစ် တာဝန်ယူဆောင်ရွက်
*  ၁၉၇၄ ခုနှစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံတော်ကောင်စီဝင်
*  ၁၉၇၅ ခုနှစ် လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယဆင့် ချီးမြှင့်ခံရ
*  ၁၉၈၄ ခုနှစ် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ပထမဆင့် ချီးမြှင့်ခံရ
*  ၁၉၈၈ ခုနှစ် မဆလပါတီဥက္ကဌ၊ နိုင်ငံတော်ကောင်စီဥက္ကဌ နှင့် နိုင်ငံတော်သမ္မတ
*  ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်၊ အသက် ၇၀ အရွယ်တွင် ကွယ်လွန်သည်။
*  မြန်မာနိုင်ငံသမ္မတများအနက် သမ္မတသက်တမ်း၌ ဒုတိယအတိုဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး၊ တစ်လသာ တာဝန်ယူခဲ့သည်။ ၄င်းပြင် အာဏာရှင်ဗိုလ်ချုပ်နေ၀င်း၏လက်စွဲသက်တော်ရှည်အမတ်ကြီးအဖြစ် နီးစပ်လက်တွဲခဲ့သူဖြစ်သည်။
အဌမမြောက်သမ္မတမှာ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာဇာတိ (လက်ရှိသမ္မတ) ဦးသိန်းစိန်(၁၉၄၅-      ) ဖြစ်သည်။  ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပသော ရွေးကောက်ပွဲ၌ အနိုင်ရပြီး သမ္မတဖြစ်လာသည်။ သူ၏ဖြစ်စဉ်နှင့်ဆောင်ရွက်ချက်အကျဉ်းမှာ -
8*  ကျုံကူးကျေးရွာ ဆရာတော်ဦးကေသရဘုန်းတော်ကြီးကျောင်း၌ မူလတန်း၊ ပုသိမ်မြို့တွင် အလယ်တန်းမှ ဒဿမတန်းအထိ၊ ၄င်းနောက် DSA  ၀င်ရောက်ဖြေဆိုပြီး ပြင်ဦးလွင် စစ်တက္ကသိုလ် အပတ်စဉ် ၉ တွင် တက်ရောက်ခဲ့သည်။ ၁၉၆၇ ခုနှစ် B.A(DSA) ဘွဲ့ရရှိခဲ့
*  နအဖခေတ်တွင် အတွင်းရေးမှူး ၂ ၊ ၄င်းနောက် အတွင်းရေးမှူး ၁
*  ၂၀၀၈ ခုနှစ် ၀န်ကြီးချုပ်
*  ၂၀၁၀ ခုနှစ် ဗိုလ်ချုပ်ကြီးရာထူးမှနှုတ်ထွက်၍ ရွေးကောက်ပွဲဝင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ အဖြစ် တာဝန်ယူ
*  ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလရွေးကောက်ပွဲတွင် အနိုင်ရ၍ နိုင်ငံတော်သမ္မတ ဖြစ်လာ။ ခေါက်ရိုးကျိုးစစ်မှုထမ်းများ နှင့် ဒီမိုကရေစီအုပ်စုအကြား နိုင်ငံရေးခရီးကို ရှေ့ဆက်လျက်ရှိပြီး လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ဟု ကြေငြာခဲ့သည်။
လွတ်လပ်ရေးရရှိချိန်မှ လက်ရှိသမ္မတဦးသိန်းစိန်လက်ထက်အထိ သမ္မတရာထူးကို တရားဝင်ရယူခဲ့သည့် ပုဂ္ဂိုလ်မှာ မြန်မာ့နိုင်ငံရေးခရီး ၆၆ နှစ်တာကာလအတွင်း ၈ ဦးသာ ရှိသေး၏။ ၀ါရင့်နိုင်ငံရေးသမားတို့၏ သုံးသပ်ချက်များအား အောက်ပါအတိုင်း တွေ့ကြရသည်။
ပါလီမန်ဒီမိုကရေစီခေတ်(၁၉၄၈-၁၉၆၂)က ရွေးကောက်တင်မြှောက်ခဲ့သော နိုင်ငံတော်သမ္မတ သုံးဦးသည်ကား ဖွဲ့စည်းပုံ၏အဖြည့်ခံများသာ ဖြစ်ခဲ့ကြသည်။ မြန်မာနိုင်ငံအတွက် ထိထိရောက်ရောက် လောက်လောက်လားလား လုပ်ဆောင်ချက်ဟူ၍ မရှိခဲ့။
မဆလခေတ်(၁၉၇၄-၁၉၈၈)က သမ္မတဖြစ်ခဲ့သော ဦးနေ၀င်း နှင့် ဦးစန်းယုသည်လည်း တစ်ပါတီစံနစ်ဖြင့် အုပ်ချုပ်ခဲ့သည့် စစ်အာဏာရှင်များသာ ဖြစ်ခဲ့ကြ၏။ ၈၈ အရေးအခင်းကာလ၌ ၁၇ ရက်သမ္မတဦးစိန်လွင်သည်လည်း ထူးမခြားနားသာ ဖြစ်၏။ ထို့နည်းတူ နောက်ထပ်တက်လာသော ဒေါက်တာမောင်မောင်သည်လည်း ကတိမျိုးစုံပေးကာ ပြည်သူအား ချွေးသိပ်ခဲ့ရာမှ မင်းမဲ့စရိုက်ထကြွလျက် အုပ်ချုပ်ရေးယန္တရားပျက်စီးကုန်သဖြင့် စစ်တပ်ကိုပင် ပြန်လည် လက်လွှဲပေးခဲ့ရသည်။
လက်ရှိသမ္မတဦးသိန်းစိန်ကမူ စစ်အသိုင်းအ၀ိုင်းမှ တိုးထွက်လာသော်လည်း နာမည်ဆိုးဖြင့်ကျော်ကြားခြင်း မရှိခဲ့၊ သူ့ရှေ့က အုပ်ချုပ်သွားခဲ့သော စစ်အာဏာရှင်ကြီး ဦးသန်းရွှေကဲ့သို့လည်း ဆိုးဝါးကြမ်းတမ်းခြင်း မရှိခဲ့ပေ။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီသည် စစ်တပ်၏ကျောထောက်နောက်ခံအရှိန်အ၀ါဖြင့် မဲမသမာမှုများ ရှိခဲ့ကြောင်း သတင်းကြီးသည်။ ဦးသိန်းစိန်ကိုယ်တိုင်ကလည်း စစ်အာဏာဖြင့်သက်ဦးဆံပိုင်ပဒေသရာဇ်စံနစ်ဖက်သို့ ယိမ်းလိုခဲ့သော ဦးသန်းရွှေ၏ လက်ရင်းလူယုံစာရင်း၌ ပါဝင်နေသောကြောင့် နိုင်ငံတော်၏အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊ ဘာသာရေး အစရှိသည်တို့၌ ဦးသန်းရွှေ၏ညွှန်ကြားမှုအောက်တွင် လုပ်ကိုင်ဆောင်ရွက်နေရကြောင်း – ဦးသန်းရွှေမှာ အမည်ခံအားဖြင့် အနားယူသွားသည်ဆိုသော်လည်း သူ၏အစီအမံများက သက်ဝင်လှုပ်ရှားနေဆဲဖြစ်ကြောင်း နိုင်ငံတကာမှပင်သိရှိရိပ်စားမိသည့်အခြေအနေသို့ ရောက်နေ၏။
မည်သို့ပင်ဆိုစေကာမူ ဦးသိန်းစိန်၏သမ္မတသက်တမ်း ကနဦး ၂ နှစ်တာ၌ အပြုသဘောဆောင်သည့် လုပ်ရပ်များစွာ ဆောင်ရွက်ခဲ့သည်။ ဦးသန်းရွှေလက်ထက်က ဖိနှိပ်အကျဉ်းချထားခဲ့သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများစွာကို လွတ်မြောက်စေခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဘက်တော်သားတို့ကို လွှတ်တော်အတွင်းသို့ ၀င်နိုင်ရန် လမ်းဖော်ပေးခြင်း၊ စီးပွားရေးပိတ်ဆို့မှုများကို အာမခံချက်များဖြင့် ပွင့်လှစ်စေခြင်း၊ အနောက်နိုင်ငံများနှင့်ဆက်ဆံရေး တင်းမာနေခဲ့ရာမှ အမြင်ပြောင်းလဲစေခြင်း၊ စာနယ်ဇင်း/မီဒီယာနှင့်အသင်းအဖွဲ့လွတ်လပ်မှု၌ ထင်ထားသည်ထက် လျှော့ပေါ့ပေးခြင်း၊ နိုင်ငံတကာဆက်ဆံရေးကို မြှင့်တင်ခြင်း၊ လာဘ်ပေးလာဘ်ယူကိစ္စများတွင် အာရုံစိုက်တုန့်ပြန်လာခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့နှင့် ပိုမိုပြေလည်မှုရအောင် ကြိုးပမ်းနေခြင်း စသည်တို့ ဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံတကာ၏ချီးကျူးမှုကို ခံရကာ – ဦးနေ၀င်းမှ ဦးသန်းရွှေခေတ်ကာလ အခြေအနေများနှင့် နှိုင်းစာလျှင် ပြည်သူများအဖို့ များစွာအသက်ရှူချောင်ခဲ့သည်။
သို့ပါသော်လည်း စစ်တပ်တစ်ပိုင်းအရပ်သားတစ်ပိုင်း အစိုးရဖြစ်နေသေးသည့်အတွက် မီးစတစ်ဖက် ရေမှုတ်တစ်ဖက် စံနစ်ဝါဒအား တွေ့မြင်နေရသည်။ ၂၀၁၂ ခုနှစ်အလွန်တွင်တော့ အကျည်းတန်မှုများ ချဉ်းနင်းဝင်ရောက်လာကြသည်။ ဒီမိုကရေစီလမ်းကြောင်းသို့မောင်းနှင်နေသည့်တိုင်အောင် စစ်တပ်၏လွှမ်းမိုးထိန်းချုပ်မှုအား မပယ်လှန်နိုင်သေး။ တရားဥပဒေစိုးမိုးမှုမှာ မထိရောက်သေး။ တရားစီရင်ရေးကဏ္ဍတွင်လည်း ဥပဒေကြောင်း၏ဘောင်အတွင်းသို့ တင်းပြည့်ကြပ်ပြည့် မရောက်ရှိသေး။ တိုင်းပြည်၏သယံဇာတယိုပေါက်များကို မပိတ်ဆို့နိုင်သေး။ အာဏာရှင်ဟောင်းအသိုင်းအ၀ိုင်းများနှင့် ၄င်းတို့၏လက်ဝေခံများအတွင်းရှိ ခရိုနီတို့၏ လက်ဝါးကြီးအုပ်ထားမှုကို မဖယ်ထုတ်နိုင်သေး။ စစ်အုပ်ချုပ်ရေးအဆက်ဆက်က ချမှတ်ကျင့်သုံးခဲ့သော ဘာသာရေး၊ လူမျိုးရေး နှင့် လူ့အခွင့်အရေးတို့အပေါ် မူဝါဒဆိုင်ရာ အချို့ဖော်မြူလာများကိုလည်း လက်ကိုင်ထားဆဲ-အကောင်အထည်ဖော်နေဆဲ။ နိုင်ငံတကာမှ ရှုတ်ချဖွယ်ရာ လုပ်ရပ်ဆိုး၊ စိတ်ဓာတ်ဆိုး၊ အတွေးဆိုး၊ အမြင်ဆိုး၊ အကြံဆိုးများစွာကို အဆုံးမသတ်နိုင်သည်သာမက ထင်ရာစိုင်းဥပဒေမဲ့ကိစ္စများ၊ မဟာဗမာလူမျိုးကြီးဝါဒ၊ ဘာသာရေးဘက်လိုက်မှု၊ မျက်ကန်းမျိုးချစ်အယူအဆများ၊ အယူသည်းမှုများ၊ ငါတကောကောခြင်းများမှာ ပို၍ပင် ကြီးထွားလာခဲ့သည်။ သမ္မတဦးသိန်းစိန်၏ ကမ္ဘာသိ ကတိက၀တ်များကိုလည်း စစ်တပ်အပါအ၀င် သူ၏အစိုးရအဖွဲ့ဝင်များမှ အလေးမထားကြ – လက်တွေ့ဖြည့်ဆည်းဆောင်ရွက်မှုကို ပီပြင်စွာ မမြင်ရသေးချေ။ မိမိသည် နောက်ကြောင်းပြန်လှည့်မည် မဟုတ်ဟု ကြွေးကြော်ထားသည့်တိုင် နောက်ပြန်ဆုတ်မည့်အနေအထားများအား လက်ယပ်ခေါ်နေသကဲ့သို့ ဖြစ်နေသည်။ လူနည်းစုအရေးကို ဥပေက္ခာပြုထားကြဆဲ။ တိုင်းရင်းသားဖြစ်မှု နှင့် နိုင်ငံသားဖြစ်မှုအပြင် ဘာသာရေး၊ လူမျိုးရေးနှင့် အမျိုးသားရေးတို့ကို ရောထွေးစွာ သတ်မှတ်၍ မပြီးနိုင်ကြ – မကွဲပြားသဖြင့် ပြည်သူ့ဆန္ဒမဲတွင် ပြဿနာ၏အငွေ့အသက်က ၀န်းရံနေသည်။ နိုင်ငံတော်၏ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကိုလည်း ပြီးမြောက်အောင် မရေးဆွဲနိုင်သေးသည်သာမက ဒီမိုကရေစီနည်းကျလမ်းကြောင်း၏ပုံစံ မပေါ်လွင်လာသေး။ သို့ဖြစ်ရာ အနာဂတ်မြန်မာ့နိုင်ငံရေးက မှုန်ဝါးဝါးပန်းချီကားတစ်ချပ်နှယ် ဖြစ်နေပေ၏။ ဦးသိန်းစိန်က အနားယူတော့မည်ဟု ဆိုထားသောကြောင့် သူ၏သမ္မတသက်တမ်းမှာ ၂ နှစ်ဝန်းကျင်သာ ကျန်ရှိတော့သည်။ လက်ရှိအခြေအနေမှာ သူ့ထံတွင် ရာထူးတာဝန် နှင့် လုပ်ပိုင်ခွင့်အာဏာစက်က တစ်သားတည်းဖြစ်မနေ။ ဤကာလအတွင်း သူ၏ခံယူချက်၊ သူ၏ရှေ့ဆက်ခြေလှမ်းများနှင့်ပတ်သက်၍ နောက်ကွယ်မှနှောင်ကြိုးများကို ရှင်းလင်းမည်လော – ဇာတ်ဆရာအလိုကျ ဆက်က,သွားမည်လောဟူသည့်အချက်မှာ ယခင်သမ္မတဟောင်း ၇ ဦးထက်ပင် စိတ်ဝင်စားစရာ ကောင်းနေတော့သည်။
တဖန် ဒေါ်အောင်ဆန်းစုကြည် နှင့် သူရဦးရွှေမန်း နှစ်ဦးလုံးက သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမည်ဟု လူသိရှင်ကြား ဆိုနေကြပြီ။ များမကြာမီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (နှင့်) အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့၏ အားပြိုင်မှု အရှိန်ပြင်းကြီးမားလာတော့မည်။ သီးသန့်နိုင်ငံရေးပါတီတစ်ရပ်ရပ် ထပ်မံပေါ်ထွက်နိုင်ခြင်းရှိမရှိကိုလည်း မည်သူမျှ တပ်အပ်မပြောနိုင်။ မည်သည့်ဖက်မှ အပြတ်အသတ် အနိုင်ရစေကာမူ ညွှန့်ပေါင်းအစိုးရဖွဲ့ရမည့် အနေအထားရှိနေ၏။ မက်လုံးပေးမှုမည်မျှကောင်းကောင်း သူရဦးရွှေမန်းမှာ ခေတ်အဆက်ဆက် အာဏာရှင်တို့၏လက်ဝေခံမျိုးဆက်ထဲက ဖြစ်နေသောကြောင့် မြန်မာပြည်သူများမှ ကောင်းစွာ မယုံစားရဲကြ။ ဒေါ်အောင်ဆန်းစုကြည်သည် ခွဲခြားနှိမ့်ချဆက်ဆံတတ်သူ မဟုတ်သော်လည်း မကြာသေးမီက ရုပ်ပျက်ဆင်းပျက်ဖြစ်ပွားခဲ့သည့် အကျည်းတန်ကမ္ဘာကျော်ကိစ္စများ၌ လူ့အခွင့်အရေး၊ တရားမျှတရေး၊ လူသားချင်းစာနာထောက်ထားရေးတို့နှင့် ပတ်သက်ပြီး နှုတ်ဆိတ်လျက် စစ်အုပ်စုများနှင့်အဆင်ပြေအောင်သာ အားထုတ်နေသည့်အပေါ် သူမ၏ပုံရိပ်ကောင်းက တဖြည်းဖြည်းကျဆင်းလာနေသည်။ ကျွဲနှစ်ကောင်ခတ်သည့်အကြား အဘယ်သူတို့ မြေစာပင် ဖြစ်ကြဦးမည်နည်း ? ဘုရားပြီးငြမ်းဖျက်ဇာတ်လမ်းများ နားဆင်ကြရဦးမည်လော ?
ဆက်၍ဆိုရပါလျှင် မြန်မာပြည်သူပြည်သားတို့အတွင်း ကိန်းဂဏန်းနံပါတ်များ၊ အတိတ်နိမိတ်ကောက်ခြင်းများ၊ ယတြာနှင့်ဓာတ်ဆင်ဓာတ်ရိုက်ကိစ္စများ စသည်တို့တွင် ကြောက်ခမန်းလိလိ အယူသည်းအစွဲကြီးလွန်းလေရာ – ထိုသူတို့၏အယူအဆနှင့်ဥပါဒါန်၌ ၉ (န၀မ) ဂဏန်းသည် အထွဋ်အထိပ်အနေအထား ဖြစ်နေသည်။ ဆင်ခြင်တုံတရားအား လက်ကိုင်မပြုကြသဖြင့် ဆရာစံတော်လှန်ရေးတုန်းကလို ဥပါဒါန်ကြောင့် ဥပါဒ်သင့်ရပေါင်းလည်း မနည်းတော့။ သို့တိုင် အမှတ် မရှိကြသေး။ သူတစ်ပါး၏ပြုပြင်ပြောင်းလဲမှုကို တွေ့ချင်၊ မြင်ချင်၊ လိုချင်ကြသော်လည်း မိမိကိုယ်ကို ဦးစွာပြုပြင်ပြောင်းလဲရန်ကိုမူ မေ့လျော့လျက်ရှိနေကြသည်။ ကျွန်ုပ်တို့အတွက် သမိုင်းထဲတွင် မရေတွက်နိုင်သော သင်ခန်းစာများ ရှိပါသည်။ သင်ခန်းစာများကို သမိုင်းရာဇ၀င်ထဲ ပြန်လည်ပစ်မသွင်းလိုက်ကြဖို့ အရေးကြီးသည်။ အနာဂတ်အတွက် ပြဒါးတိုင်အဖြစ် အမြင်ရှိဖို့ လိုအပ်ပေသည်။ မြန်မာ့နိုင်ငံရေးသမိုင်းလမ်းကြောင်းသည် အမှန်တကယ် နောက်ပြန်မလှည့်ခဲ့ပါက လာလတ္တံ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်၏သမ္မတမှာ န၀မမြောက် ဖြစ်ပါတော့မည်။ သို့ဖြစ်၍ ကိုးဂဏန်းအပေါ် အယူကြီး အစွဲပြင်းထန်လှစွာသော မြန်မာပြည်သူပြည်သားများအဖို့ န၀မမြောက်သမ္မတနေရာတွင် မည်သို့သော လူစားမျိုး တက်လာမည်နည်း၊ ကောင်းသည့်နိမိတ်လက္ခဏာလော၊ အပိုင်းပိုင်းအစိပ်စိပ်ကွဲထွက်ပျက်စီးမည့် သင်္ကေတလောဟု အတွေးပင်လယ်ထဲ နစ်မျောနေသည်ထက် ပိုမိုလက်တွေ့ကျသည့်ဖက်သို့ ဦးတည်ကြစေလိုပါသည်။ အဆုံးအဖြတ် ဟူသည်ကို အချိန်ကသက်သေပြသွားမည်ဖြစ်သကဲ့သို့ ကျွန်ုပ်တို့လူသားများနှင့်လည်း တိုက်ရိုက်သက်ဆိုင်နေကြောင်း သတိချပ်နိုင်ကြပါစေ။
( သြရသ ရေချမ်း )
* ကိုးကားချက်များ *
၁။ ကုန်းဘောင်ရှင်းတမ်း (မောင်သန်းဆွေ-ထားဝယ်)
၂။ ကုန်းဘောင်မင်းဆက်ရုပ်ပုံလွှာ (တင်နိုင်တိုး)
၃။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၈၊ ၄၊ ၁၄
၎။ ခေတ်ရေစီးထဲကပုဂ္ဂိုလ်များ (သမိုင်းသုတေသနဦးစီးဌာန၊ နေပြည်တော်)
၅။ “နိုင်ငံတော်သမ္မတများ” ဆောင်းပါး (အောင်စွမ်း၊ Norhtern Star ဂျာနယ်၊ ၆.၉.၂၀၁၂)
၆။ မြန်မာ့နိုင်ငံရေးသုံးသပ်ချက်ဆိုင်ရာ နိုင်ငံတကာသတင်းနှင့်ဆောင်းပါးများ (အင်တာနက်)
၇။ မြန်မာပြည်တွင်း သတင်းနှင့်အတင်းများ (အင်တာနက်)

-- 

May Peace Be Upon You
Regards,
Ruby

"ရှင်ဘယ်နေရာရောက်နေတုန်း၊ ရှင့်ကို စောင့်နေတယ်" - နန်းခင်ဇေယျာ

လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ အချိန်တိုအတွင်း အင်တာနက်သုံးစွဲသူ မြန်မာတွေရဲ့ အားပေးမှုနဲ့ နာမည်ကြီး လာရင်း သရုပ်ဆောင်၊ ကြော်ငြာ မင်းသမီး ဖြစ်လာသူ နန်းခင်ဇေယျာက သူ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဓာတ်ပုံ ၂ ပုံနဲ့တကွ  စာသားတချို့ကို ရေးသားထားပါတယ်။ 


"ရှင် ဘယ်နေရာ ရောက်နေတုန်း၊ ရှင့်ကို စောင့်နေတယ်" ဆိုပြီး နန်းခင်ဇေယျာက မင်္ဂလာ သတို့သမီး ၀တ်စုံနဲ့ တကိုယ်တည်း စောင့်ဆိုင်းနေပုံကို သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်ထားပါတယ်။



နန်းခင်ဇေယျာက ချစ်သူ မရှိလို့လား၊ ချစ်သူ ရှိရဲ့နဲ့ အဲဒီချစ်သူကို ရည်ညွှန်းပြောဆိုတာလား ဆိုတာတော့ သူ့ ရဲ့ ရေးသား ဖော်ပြချက်က မရှင်းလင်းပါဘူး။


သူတင်ထားတဲ့ ပို့စ် အောက်မှာ တချို့ ကွန်မန့်တွေမှာလည်း မင်းအတွက် အဆင်သင့်ရှိတယ်တို့ ၊ ဘာတို့ ရေး ထားတာတွေလည်း တွေ့ရသလို ငါကတော့ အမေရိကန် ပြည်ထောင်စုမှာမို့ နောက်ကျမယ်လို့ ရေးထားတာ လည်း ရှိလေရဲ့။ 
ဘာမှ မရည်ရွယ်ပဲ အပျော်သဘောနဲ့ နောက်တာပါလို့ နန်းခင်ဇေယျာက တင်ထားတာဆိုရင်တော့ မျှော်လင့်နေ သူ မောင်မောင်၊ ကိုကိုတွေလည်း ရင်ကျိုးရမယ် ထင်ပါရဲ့။ 
အိမ့်သံစဉ် ~  

iPhone 5C နဲ့ ပက်သက်တဲ့ အသေးစိတ် အချက်အလက်တွေကတော့ အင်တာနက် စာမျက်နှာတွေမှာ အတော်ပျံ့ နှံ့နေ






စက်တင်ဘာလ ၁၀ ရက်နေ့ဆိုရင် iPhone 5S နဲ့ 5C နှစ်မျိုးစလုံးကို ထုတ်ဖော် ပြသမယ်လို့ ဖော်ပြနေကြပါတယ်။ သို့ပေမယ့် iPhone 5C နဲ့ ပက်သက်တဲ့ အသေးစိတ် အချက်အလက်တွေကတော့ အင်တာနက် စာမျက်နှာတွေမှာ အတော်ပျံ့ နှံ့နေပါပြီ။ HTC One Mini, Samsung Galaxy S4 mini, Google Nexus 4 တို့ အတွက် အဓိက ယှဉ်ပြိုင်ရမယ့် စမတ်ဖုန်း ဖြစ်လာမယ်လို့ ခန့်မှန်း ထားကြ ပါတယ်။
iPhone 5 နှင့် တူညီမှုများ
အဓိကကတော့ iPhone 5 ကိုပဲ အခြေခံထားတဲ့ Specification အများစုကိုသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်အစား ၄ လက်မ ရှိပြီး Connector လည်း အတူတူပါပဲ။ ပါဝင်မယ့် iOS feature ကတော့ နောက်ဆုံးပေါ်ကို အသုံးပြုမှာ ဖြစ်ပါတယ်။ မျက်နှာပြင် အရည် အသွေး ကတော့ 1136 x 640 (326ppi) resolution သာရှိမှာ ဖြစ်ပါတယ်။
အလူမီနီယံ ကိုယ်ထည် မဟုတ်
ပလက်စတစ်ကို အသုံးပြုမှာပါ။ ပလက်စတစ်ဆိုလို့ ပြီးစလွယ် ပလက် စတစ် တော့ မဟုတ်ပါဘူး။ ပုံစံလည်း လှသလို၊ အရည်အသွေးပိုင်း ကိုလည်း ထိန်းထားကြောင်း ဂျပန်ဝဘ်ဆိုဒ်တစ်ခုမှ ဖော်ပြ ပါတယ်။
မနိမ့်၊မမြင့် Specification
RAM က 1GB, ကင်မရာက 8 megapixel , Apple A5 Chip တို့ကို အသုံးပြု ထားပါတယ်။ ရှေ့ ကလည်း iPhone 5 အတိုင်း 1.2 Megapixel ကင်မရာ ပါရှိမှာ ဖြစ်ပါတယ်။
ဈေးနှုန်း သိသိသာသာ မသက်သာ
ဈေးနှုန်းသက်သာ ဖုန်းသာ ပြောတာ။ သိသိသာသာ ဈေးသက်သာသွားမယ့် စမတ်ဖုန်းတော့ မဟုတ်ပါဘူး။ အမေရိကန်ဒေါ်လာ ၄၀၀ ဝန်းကျင်ပေါက် ဈေး ရှိမယ်လို့ဆိုပါတယ်။ ဒီတော့ ဈေးနှုန်းက မနည်း မများ အနေအထား တစ်ခုမှာပါ။ ဒါကြောင့် အခြား ဈေးသက်သာ အမြင့်စမတ်ဖုန်း များနဲ့ ယှဉ်ရင် ပြောစရာတွေရှိလာပါတယ်။ သို့ပေမယ့် iOS ကို ကောင်းကောင်းသုံးရမှာပါ။ iPhone 5 နဲ့ အရည်အသွေးသိပ်မကွာ ပါဘူး။ ဈေးနှုန်းကလည်း ယင်းထက်နည်းတဲ့အတွက် iPhone 5 ကိုပဲ ပြန် ဝယ်ဖို့စိတ်ကူးတဲ့သူတွေ iPhone 5C ကိုမျက်နှာလှည့် လာ နိုင်တယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
.
Stuff UK
Aung Kham (Stuff Myammar)
Ref & Credit: Stuff Myanmar

ကြေညာချက်။ ။ပြည်တွင်းပြည်ပ နောက်ဆုံးရသတင်းတွေဖတ်ရှုချင်တယ်ဆိုရင်တော့ Myanmar Update Channel (www.myanmarupdatechannel.com) ကိုသာဝင်ရောက်ပါ


About the Author

- Thet Naing Soe (http://www.facebook.com/thetnaing.mmas) -------------------------- Founder of Myanmar Mobile App (www.myanmarmobileapp.com)

Leave a Reply

Your email address will not be published. Required fields are marked *
*
HTML tags are not allowed.


ဖုန်းနဲ့ပတ်သက်ပြီး ရှာချင်တဲ့အကြောင်းအရာကိုအောက်က Search Box မှာရိုက်ထည့်ပြီးရှာပါ ။


မိန်းမကောင်းအင်္ဂါ ၆၄ ရပ် (ရှေးခေတ်အယူ)

yanmar News Update
Community · 168,620 likes

=====================
ယင်းတို့ ကား

(၁)ခြေလက္ခဏာ ……………………………….. ၁၃ ရပ်

(၂)ကိုယ်လက္ခဏာ …………………………….. ၁၆ ရပ်

(၃)စိတ်လက္ခဏာ ……………………………….. ၆ ရပ်

(၄)လက်ဖ၀ါးလက္ခဏာ ……………………………… ၉ ရပ်

(၅)လည်ပင်းလက္ခဏာ ………………………………. ၁ ရပ်

(၆)အသံလက္ခဏာ ……………………………….. ၃ ရပ်

(၇)မျက်နှာလက္ခဏာ ……………………………….. ၈ ရပ်

(၈)သွားလက္ခဏာ ……………………………….. ၁ ရပ်

(၉)မျက်စေ့လက္ခဏာ ……………………………….. ၄ ရပ်

(၁၀)ဆံပင်လက္ခဏာ ……………………………….. ၃ ရပ်


ကိုယ်လက္ခဏာ ၁၆ ရပ်
--------------------
၁။ တက်သစ်စ လရောင်နှင့် တူသော ကိုယ်ရောင်

၂။လင်္ကျာရစ်လည်သောအချက်

၃။လင်္ကျာရစ်လည်သောဗွေ

၎။ရွှေသောအဆင်း

၅။နက်သောချက်

၆။ရှည်သောလက်

၇။ သိမ်မွေ့ သောအင်္ဂါ

၈။ကြီးမြတ်သော သားမြတ်

၉။ဆင်ကဲ့သို့ သွားခြင်း

၁၀။သိမ်မွေ့ သော ခါးရှိခြင်း

၁၁။သိမ်မွေ့ သောအင်္ဂါရှိခြင်း

၁၂။ကောင်းသောကိုယ်ရှိခြင်း

၁၃။ဖွံ့ သောပေါင်ရှိခြင်း

၁၄။ကိုယ်မွေးနည်းခြင်း

၁၅။လိပ်ကျောကုန်းကဲ့သို့ အင်္ဂါရှိခြင်း

၁၆။ကြာပန်းကဲ့သို့ မွှေးသောကိုယ်နံ့ ရှိခြင်း


စိတ်လက္ခဏာ ၆ ရပ်
-----------------

၁။ဖြူစင်သောနှလုံးရှိခြင်း

၂။ကောင်းသောအကျင့်သီလရှိခြင်း

၃။စင်ကြယ်သောအကျင့်သီလရှိခြင်း

၎။ချစ်ခင်နှစ်သက်ခြင်း

၅။အရိပ်ခြေသိခြင်း

၆။ဖြောင့်မတ်တည်ကြည်ခြင်း


လည်ပင်းလက္ခဏာ ၁ ရပ်
----------------------
၁။လည်ရေး ၃ ဆင့်ရှိခြင်း


အသံလက္ခဏာ ၃ရပ်
------------------
၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း

၂။အဆိုအမိန့် နှင့်သာယာသောအသံရှိခြင်း

၃။ဥသြသံနှင့်တူသောအသံရှိခြင်း


မျက်နှာလက္ခဏာ ၈ ရပ်
---------------------
၁။လပြည့် ဝန်းနှင့် တူစွာရှိခြင်း

၂။ရှည်သောမျက်နှာရှိခြင်း

၃။နီသောနှုတ်ခမ်းရှိခြင်း

၎။ဖြိုးမောက်သောနှာတံရှိခြင်း

၅။ပြည့် ဖြိုးသောပါးရှိခြင်း

၆။မှဲ့  ၀က်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန်

အလံတိုင် အရေးရှိခြင်း

၇။သံတ္တိမည်သောအရေးကဲ့ သို့  နဖူးပြင်၌ အရေးရှိခြင်း

၈။ချွန်သောနှာခေါင်းရှိခြင်း


သွားလက္ခဏာ ၁ ရပ်
-----------------
၁။ ခရုသင်းပွင့်သစ်စကို လွှနှင့် ဖြတ်သည့် အလား

မယိုင်မကျဲမပေါက်သောချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း


မျက်စေ့လက္ခဏာ ၄ ရပ်
---------------------
၁။မကျဉ်းမကျယ် တင့်တယ်သော မျက်စေ့ ရှိခြင်း

၂။ကြာညိုပန်းနှင့် တူသောမျက်စေ့ (အချို့ မှာ ပြာညိုသော မျက်စေ့ရှိခြင်း)

၃။သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း

၎။ပဒုမ္မာကြာကဲ့ သို့  အချို့ မှာ စိမ်းသောမျက်စေ့ ရှိခြင်း


ဆံပင်လက္ခဏာ ၃ ရပ်
-------------------
၁။အဖျားကော့သော ဆံပင်ရှိခြင်း

၂။ရှည်သော ဆံပင်ရှိခြင်း

၃။သိမ်မွေ့ သော ဆံပင်ရှိခြင်း


ဤကားကောင်းခြင်း ၆၄ ရပ်တည်း


((ဗဟုသုတဟင်းလေးအိုး))

၂၀၁၄ မယ်စကြ၀ဠာပြိုင်ပွဲ မြန်မာဝင်ပြိုင်မည် အရပ် ၅ ပေ ၆ လက်မရှိသူကိုသာ ရွေးချယ်သွားမည်

YTalk
ရန်ကုန်- ၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် မယ်စကြ၀ဠာပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု မယ်တစ်ဦး စေလွှတ်ယှဉ်ပြိုင်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မယ်စကြ၀ဠာရွေးချယ်ရေးအဖွဲ့နှင့် သဘောတူညီမှုရထားပြီးဖြစ်ကြောင်း နယူးယောက်မြို့ကို ရောက်ရှိနေသည့် စီစဉ်သူ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ဒေါ်စိုးယုဝေက ပြောကြားသည်။

မယ်စကြ၀ဠာပြိုင်ပွဲ စေလွှတ်ရန် မြန်မာနိုင်ငံအဆင့် မယ်စကြ၀ဠာမြန်မာကို ပြည်တွင်းတွင် ပြိုင်ပွဲလုပ်ပြီး အသေအချာ ရွေးချယ်သွားမည်ဖြစ်ပြီး၊ အထူးသဖြင့် မြန်မာဆန်သောရုပ်ရည် နှင့် အရပ် ၅ ပေ ၆ လက်မရှိသူကိုသာ ရွေးချယ်သွားပြီး မြန်မာပြည်အဆင့်တွင် ပြိုင်ပွဲဝင်များ မက်လောက်စရာ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားရန် စီစဉ်ထားကြောင်း ဒေါ်စိုးယုဝေက ရှင်းပြသည်။ ...

၁၉၅၂ ခုနှစ်ကတည်းက စတင်ခဲ့သော မယ်စကြ၀ဠာသည် ကမ္ဘာတွင် အမြင့်ဆုံး အလှမယ်ရွေးချယ်ပွဲဖြစ်ပြီး သန်းကြွယ်သူဌေးကြီး ဒေါ်နယ်လ်ထရမ့်က ထိုပြိုင်ပွဲကို ပံ့ပိုးကူညီထားသည်။

မြန်မာနိုင်ငံတွင် တော်လှန်ရေးအစိုးရမတိုင်မီက ရှန်ဟဲမယ်၊ မေရီမြင့် စသော မြန်မာမယ်အချို့ ပြည်ပသို့ထွက်၍ မယ်ပြိုင်ပွဲဝင်ခဲ့မှုများ ရှိပါသည်။ တော်လှန်ရေးအစိုးရလက်ထက်တွင် မယ်ပြိုင်ပွဲများ မကျင်းပခဲ့သော်လည်း စစ်အစိုးရလက်ထက်တွင် လက်ပြတ်အင်္ကျီပုံစံများဖြင့် မယ်ပြိုင်ပွဲများကို ပြန်လည်ကျင်းပလာခဲ့သည်။ မယ်စကြ၀ဠာ စသော မယ်ပြိုင်ပွဲများမှာ ရက်ရှည်ကြာစွာ အဆင့်အမျိုးမျိုးနှင့် ပြိုင်ရသော ပြိုင်ပွဲများဖြစ်ပြီး ရေကူးဝတ်စုံနှင့် သီးသန့်ပြိုင်ရသော ယှဉ်ပြိုင်မှုလည်း ပါဝင်ပါသည်။

၂၀၁၂ တွင် ဂျပန်နိုင်ငံ၌ ကျင်းပသော Miss International ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု နန်းခင်ဇေယျာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာပရိသတ်အားပေးမှုဖြင့် Miss Internet ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ Miss International ပြိုင်ပွဲကို မြန်မာနိုင်ငံအနေနှင့် ၁၉၆၁ ခုနှစ်တွင် နောက်ဆုံးဝင်ပြိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော် ကြာပြီးမှ ၂၀၁၂ ခုနှစ်တွင် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။http://www.myanmarnewsnow.org/2013/08/blog-post_3116.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+myanmarnewsnow%2FLNje+%28Myanmar+News+Now%29

မြန်မာနိုင်ငံတွင် ယခုနှစ် ဇွန်လအထိ အင်တာနက် သုံးစွဲသူဦးရေ ၁၁ သိန်းကျော် ရှိပြီး မိုဘိုင်းဖုန်းနှင့် သုံးစွဲသည့် ဦးရေမှာ ၉၀ ရာခိုင်နှုန်းခန့် ရှိလာ





မြန်မာနိုင်ငံတွင် ယခုနှစ် ဇွန်လအထိ အင်တာနက် သုံးစွဲသူဦးရေ ၁၁ သိန်းကျော် ရှိပြီး မိုဘိုင်းဖုန်းနှင့် သုံးစွဲသည့် ဦးရေမှာ ၉၀ ရာခိုင်နှုန်းခန့် ရှိလာကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။ ပြည်တွင်း၌ အင်တာနက်သုံးစွဲသူ များပြားလာပြီး ယခုအခါ မိုဘိုင်းဖုန်းဖြင့် အင်တာနက် လျှောက်ထားမှုများမှာ လွယ်ကူပြီး တစ်သောင်းကျပ်သာ ကျသင့်ခြင်းကြောင့် လျှောက်ထားသူ ပိုမိုတိုးလာရာ နောက်လများတွင် ယခု အင်တာနက် သုံးစွဲသူထက် သိသိသာသာ ထပ်မံ တိုးလာဖွယ်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ “အခု ဇွန်လကုန်အထိ နောက်ဆုံးရရှိထားတဲ့ စာရင်းအရဆိုရင် လူဦးရေ ၁၁ သိန်းကျော်လောက်ရှိပြီ။ ဒါတောင် ဇူလိုင်လက စာရင်း မရသေးဘူး။ ပိုတော့ များလာမှာပါ” ဟု ၎င်းကပြောသည်။
လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စာရင်းများအရ မိုဘိုင်းဖြင့် အင်တာနက် သုံးစွဲသူများတွင် GSM ဖုန်းများဖြင့် လျှောက်ထားသုံးစွဲသူ ရှစ်သိန်းကျော်ရှိပြီး CDMA အမျိုးအစား ဖုန်းများအားလုံး လျှောက်ထားသုံးစွဲသူ တစ်သိန်းနှစ်သောင်းကျော် ရှိကာ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးသူ စုစုပေါင်း ကိုးသိန်းကျော် ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ထို့အပြင် ADSL ဖြင့် လိုင်းပေါင်း ၆၆၀၀ ကျော်ရှိရာ ADSL တစ်လိုင်းလျှင် ၁၀ ဦးနှုန်းဖြင့် တွက်ချက်ထားပြီး ထိုလိုင်းများ အားလုံးပေါင်း လူဦးရေ ၆၆၀၀ ကျော်ဖြင့် စာရင်းပြုစုထားခြင်းကြောင့် လက်ရှိတွင် အင်တာနက် သုံးစွဲသူ စုစုပေါင်း လူဦးရေ ၁၁ သိန်းကျော် ရှိနေခြင်း ဖြစ်သည်ဟု အဆိုပါ အင်ဂျင်နီယာချုပ်က ပြောသည်။
ယခင်က မိုဘိုင်းအင်တာနက် လျှောက်ထားမှုကို မြန်မာ့ဆက်သွယ်ရေး ရုံးများတွင် သွားရောက် လျှောက်ထားရသော်လည်း သြဂုတ်လမှ စတင်၍ မိုဘိုင်းဖုန်းမှတစ်ဆင့် မက်ဆေ့ခ်ျပို့ လျှောက်ထားနိုင်ရာ စတင်လျှောက်ထားရသည့် နေ့၌ပင် လူဦးရေ ၇၀၀၀ ကျော် လျှောက်ထားခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ အင်တာနက် သုံးစွဲမှုအနေဖြင့် ၁၉၉၈ ခုနှစ်တွင် တစ်နိုင်ငံလုံး အင်တာနက် သုံးစွဲသူ လေးဦးသာ ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်၊ မတ်လတွင် အင်တာနက် သုံးစွဲသူ ၇၈၀၁၀ ဦး၊ ၂၀၀၉ ခုနှစ် မတ်လတွင် ၉၃၅၈၅ ဦး၊ ၂၀၁၀ ပြည့်နှစ် မတ်လတွင် ၃၅၁၃၉၀ ဦး သုံးစွဲမှုရှိပြီး ၂၀၁၁ ခုနှစ်တွင် အင်တာနက်သုံးစွဲသူ လေးသိန်းနီးပါး ရှိလာကြောင်း မြန်မာ့ဆက်သွယ်ရေး၏ စာရင်းများအရ သိရသည်။
7Day Daily News

ကြေညာချက်။ ။ပြည်တွင်းပြည်ပ နောက်ဆုံးရသတင်းတွေဖတ်ရှုချင်တယ်ဆိုရင်တော့ Myanmar Update Channel (www.myanmarupdatechannel.com) ကိုသာဝင်ရောက်ပါ


ကိုယ်ဝန်တားဆေး Ecee 2

ကိုယ်ဝန်တားဆေး Ecee 2 ယဉ်ကျေးမှုနှင့် ရန်ကုန်



(မ.......) တစ်ယောက် လမ်းလျှောက်ရင်းဖြင့် လက်ပတ်နာရီကို ကြည့်လိုက်တော့ မနက် ၁၀ နာရီ ထိုးပြီဖြစ်သဖြင့် ဆေးကဒ်အတွင်းမှ လက်ကျန် ဆေးတစ်လုံးကို ထုတ်သောက်လိုက်သည်။ ဆေးနှစ်လုံးသာ ပါသည့် ဆေးကဒ်က ကုန်သွားပြီဖြစ်သဖြင့် လွှင့်ပစ်လိုက်တော့သည်။
သူမသောက်လိုက်သည့် ဆေးသည် ပျိုရွယ်သူ များအကြား အသိများသည့် Ecee2 ဟု ခေါ်သော သန္ဓေ တားဆေးဖြစ်သည်။ ထိုဆေးကို အရေးပေါ်သန္ဓေ တားဆေးအဖြစ် လူသိများပြီး လိင်ဆက်ဆံပြီး ၇၂ နာရီ အတွင်းသောက်ပါက ကိုယ်ဝန်မရပေ။ မနေ့ည ၁၀ နာရီက ပထမဆေး တစ်လုံးကို သောက်ပြီးပြီဖြစ် သည့် အတွက် နောက် ၁၂ နာရီအကြာ မနက် ၁၀ နာရီတွင် ထိုဆေးကို သူမသောက် လိုက်ခြင်းဖြစ်သည်။ ယမန်နေ့ နေ့လယ်ပိုင်းကတော့ သူမနှင့် သူမ၏ ချစ်သူတို့ ယနေ့ခေတ်တွင် လက်မထပ်မီ လိင်ဆက်ဆံခြင်း ကိစ္စကလည်း မဆန်းတော့ပြီဖြစ်သည်။ "ရည်းစားဖြစ်ပြီး ၃ လလောက်ကြာရင် အဲ့ဒီ ကိစ္စက သူ့အလိုလို ပါလာတော့ပါပဲ။ ဒါကို ရည်းစားထားဖူးတဲ့ လူတိုင်း သိပါတယ်" ရည်းစား ၇ ယောက်ထားဖူးသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးက လိင်ကိစ္စကို ရည်ညွှန်း၍ ပြောပြသည်။ သူမကိုယ်တိုင်လည်း Ecee2 ၁၅ ကဒ်ခန့် သောက်ဖူးကြောင်း ဆက်ပြောသည်။ ယခုအခါ ဟိုတယ်၊ တည်းခိုခန်းများ နေရာအနှံတွင် ရှိနေခြင်းကြောင့်လည်း ယနေ့ခေတ် သမီးရည်းစားများ ၏ ဆက်ဆံရေးမှာ လင်မယားပုံစံ ဖြစ်လာပြီဖြစ်သည်။


နိုင်ငံခြားတွင်တော့ ချစ်သူဖြစ်သည်နှင့် လိင်ဆက်ဆံခြင်းသည် လွန်ခဲ့နှင့် ရာစုနှစ်များစွာ ကတည်းက ရှိနေခဲ့သည့် ယဉ်ကျေးမှုဖြစ်သော်လည်း မြန်မာပြည်တွင်တော့ ယခုအချိန်အထိ လူကြီးများက လက်မ ခံကြသေးပေ။ လူငယ်ပိုင်းတွင်လည်း တရားဝင် အသိအမှတ် မပြုသေးပါ။ သို့ရာတွင် မြန်မာပြည်၌လည်း ချစ်သူဖြစ်သည်နှင့် လိင်ဆက်ဆံခြင်း တဆက်တည်း ပါလာမည်ကို ဆယ်ကျော်သက်များက အလိုလို လက်ခံထားကြသည်။ တိုးတတ် လာတယ်ပဲပြောမလား။ ယဉ်ကျေးမှုတွေ ပျက်သွားပြီပဲ ပြောမလား။ ဒီခေတ် သမီးရည်းစားတွေ လိင်ဆက်ဆံတာကို လက်ခံရတော့မှာပါ" အယ်ဒီတာတစ်ဦးက မှတ်ချက်ပြု သည်။ ခေတ်၏ ပြောင်းလဲလာမှုနှင့် အတူ သမီးရည်းစားအချင်းချင်းလိင်ဆက်ဆံခြင်းကို လူငယ်များတွင် သာမက အသက် ၄၀ ခန့် လူကြီးပိုင်းတွင်ပါ တွေ့လာရသည်။

"ကျနော်တို့ ဟိုတယ်ကိုတော့ အသက်ကြီးပိုင်းစုံတွဲတွေ တော်တော်လာတယ်" ဟု ရန်ကုန်မြို့ ဆိတ်ငြိမ်ရပ် ကွက်အတွင်းမှ ဟိုတယ်တွင် လုပ်ကိုင်သည့် ကိုရဲက ဆိုသည်။ သူတို့သည် အချိန်ပိုင်း လာရောက် သူများဖြစ်သည်။ လူကြီးပိုင်းများအတွက် မိမိကိုယ်ပိုင် အလုပ်အကိုင်နှင့် ပြဿနာ မရှိနိုင်သော်လည်း ကျောင်းနေအရွယ် မိန်းကလေးများ တည်းခိုခန်းနှင့် ဟိုတယ်များသို့ သွားရောက်နေခြင်းကလည်း မိဘများ အတွက် ရင်ပူစရာဖြစ်နေသည်။ တက္ကသိုလ် တတ်နေသော ကျောင်းသူ၊ ကျောင်း သားများ အခြင်းခြင်း ချစ်ကြိုက်ပြီး လိင်ကိစ္စ ပါလာသည်ကလည်း မဆန်းတော့ပါ။


အရှေ့ပိုင်း တက္ကသိုလ်မှ သင်တန်းရေးရာ ဌာနမှူးက ကျောင်းသူကျောင်းသား အချင်းချင်း စာသင်ခန်း အလွတ်များထဲတွင်ပင် လိင်ဆက်ဆံမှုများ ရှိကြောင်း ယမန်နှစ်က ထုတ်ဖော်ပြောဖူးသည်။ ယင်း ဆရာက "မိန်းကလေးက အကွဲတွေ ၀တ်ထားတယ်။ အကောင်တွေက လုပ်ချင်ရာလုပ်ပဲ။ အဲ့လို လုပ်နေတုန်း ဖမ်းမိတာ ခဏခဏပဲ။ ဒါကြောင့် အ၀တ်အစားတွေကို လုံလုံခြုံခြုံဝတ်ဖို့ စည်းကမ်းထုတ်ထားတာ" ဟု ဆိုသည်။


ဒဂုံတက္ကသိုလ်တွင် ကျောင်းတတ်ရောက်ခဲ့ဖူးသူ သတင်းထောက်တစ်ဦး "( ) တည်ခိုခန်းက ကျနော် တို့ကျောင်းသားတွေ ပိုက်ဆံတွေနဲ့ ဆောက်ထားပေါ့" ဟု ပြောသည်။ ယင်းတည်းခိုခန်းသည် ယခင်က သစ်သား အဆောက်အဦးသာ ဖြစ်သော်လည်း ကျောင်းသူကျောင်းသားများ အသွားပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ကွန်ကရစ် တိုက်နှင့် ဖြစ်လာကြောင်း ယင်းက ပြောပြသည်။ ထို့အတူ အတန်းပြီးချိန်နှင့် စာသင်ခန်း အလွတ်များ ကလည်း စုံတွဲများအတွက် လွတ်လပ်စွာ ကျက်စားရာနေရာ များ ဖြစ်နေကြောင်း ယင်း သတင်းထောက်ကဆိုသည်။ ကြည်မြင်တိုင်မြို့နယ်အတွင်းရှိ ဟိုတယ်တွင် အလုပ်လုပ်ကိုင်သူ အခြား တစ်ဦးကတော့ "အဖြူ၊ အစိမ်း ၀တ်ထားတဲ့ ကျောင်းသားနဲ့ ကျောင်းသူ စုံတွဲနှစ်တွဲ လာဖူးတယ်" ဟုဆို သည်။

စန်းစန်းကတော့ အသက် ၂၇ နှစ်အရွယ် ကုမ္ပဏီ ၀န်ထမ်းတစ်ဦးဖြစ်သည်။ သူမကတော့ သူမရည်းစားနှင့် နောက်တစ်နှစ်ခန့်အကြာတွင် လက်ထပ်မည်ဖြစ်သည်။ ထိုကဲ့သို့ လက်ထပ်မည်ဖြစ်သည့် အတွက်လည်း လိင်ကိစ္စကို လိုက်လျောလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။ သူမ၏ သူငယ်ချင်းများတွင်လည်း လိင်မထပ်မီ အတူနေခြင်းများရှိကြောင်း ဆိုသည်။ မင်္ဂလာဆောင်ရန် အခက်အခဲရှိနေသော လူများအနေဖြင့် ယခုကဲ့သို့ လက်မထပ်သေးမီ အတူနေခြင်းကလည်း ရသေ့စိတ်ဖြေ တစ်ခုဖြစ်လာသည်။

ရန်ကုန်မြို့တွင် သမီးရည်းစား ချိန်းတွေ့ရန် ပန်းခြံများ၊ အပန်းဖြေ စရာနေရာများ ရှားပါးလာခြင်း လူငယ် တို့ကို ဟိုတယ်များသို့ သွားလာစရာ လမ်းစဖြစ်နေသည်။ ထို့အတူ ဘာသာတရား၏ အဆုံးအမမှာလည်း ယခင်ကလောက် မရှိတော့ သဖြင့် သမီးရည်းစားများ ဘုရားသွား၊ ကျောင်းတတ် ပြုမှုလည်း ရှားပါးလာ သည်။ "ရုံးပိတ်ရက်နဲ့ အခါကြီး ရက်ကြီးတွေမှာ အခန်းပြည့်တယ်။ ကြားရက်တွေကတော့ ဧည့်သည် အ၀င် နည်းတယ်" ဟု ကြည်မြင်တိုင်မြို့နယ်မှ တည်းခိုခန်း မန်နေဂျာက ဆိုသည်။ ထိုသို့ ပိတ်ရက်များ နည်းတူ ချစ်သူများနေ့ဟု ခေါ်သည့် Velintine Day ကလည်း မိန်းကလေးများကို ပန်းဦးချွေရာ နေ့တပင်။ တည်းခိုခန်းနှင့် ဟိုတယ် တို့၏ ဈေးနှုန်းများမှာလည်း ၃၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀၊ ၂၀၀၀၀၊ ၃၀၀၀၀ ကျပ်ခန့် အထိရှိသဖြင့် လက်လှမ်းမီသော ဈေးနှုန်း များလည်းဖြစ် သည်။ နေရာတိုင်း လိုလိုတွင် အချိန်ပိုင်း တည်းခိုနိုင်သည်။

ထို့ပြင် အပြာကားများ၊ စာများကို ယခင်အချိန်များကလို မဟုတ်တော့ဘဲ အင်တာနတ်တွင်ဖြစ်စေ၊ လက်ကိုင်ဖုန်း အတွင်းဖြစ်စေ ထည့်သွင်းကြည့်ရှုနိုင်လာခြင်းက ကာမစိတ်ကို အချိန်မရွေးနိုးဆွပေး လာပြီဖြစ် သည်။ နိုင်ငံခြားတွင်တော့ သားသမီး အသက် ၁၈ နှစ်ပြည့်နှင့် လွတ်လပ်စွာနေထိုင် ခွင့်ပေး ထားသော်လည်း မြန်မာနိုင်ငံတွင်တော့ သားသမီး အိမ်ထောင် မကျမချင်းသည် မိဘအုပ်ထိန်းမှု လက်အောက်တွင် သာရှိသေးသည်။ သို့ရာတွင်တော့ တစ်နယ်တစ်ကြေးမှ လာရောက် အလုပ်လုပ် ကိုင်သူများ အနေဖြင့်တော့ ၁၈ နှစ် မပြည့်ခင်ကတည်းက မိဘ လက်မှ လွတ်ပြီဖြစ်သည်။

ထိုသို့နယ်မှ လာရောက်အလုပ်လုပ်ကိုင်သူများအနေဖြင့် အဆောင်များတွင် နေကြပြီး အဆောင်၏ အုပ်ချုပ်မှုမှာလည်း သတ်မှတ်ချိန်တွင်း ပြန်မအိပ်ပါက တံခါးပိတ်လိုက်မည်သာဖြစ်သည်။ "ဆယ်နာရီ အဆောင် ပိတ်ချိန်ပါ။ ပြန်မလာလဲ ကိစ္စမရှိပါဘူး။ ကိုယ့်သားသမီးမှ မဟုတ်တာ။ သူ့လွတ်လပ်ခွင့်နဲ့ သူပေါ့" ဟု လမ်းမတော်မြို့နယ်အတွင်းရှိ အဆောင်ဖွင့်ထားသည့် အမျိုးသမီးကြီးက ပြောသည်။ ရုံးပိတ်ရက် များတွင် သူမအဆောင်ရှိ အမျိုးသမီးအချို့မှာ အမျိုးအိမ်တွင် သွားအိပ်သည်ဟု အကြောင်းပြကာ ပြန်မလာ တတ်ကြောင်း တဆက်တည်းပြောသည်။ ယခင်ခေတ်ဟောင်းက အဆောင်များသည် မိဘကိုယ်တိုင် အဆောင် သို့ လာအပ်၊ သားသမီး၏ အဆိုးအကောင်းများကို မိဘထံသို့ အဆောင်မှူးက အစီရင်ခံ၊ အဆောင်များကလည်း စည်းကမ်းတင်းကြပ်။ ထိုခေတ်သည် ကျန်ခဲ့ပြီဖြစ်သည်။

ထို့အတူ နယ်မှ အလုပ်လာရောက်လုပ်ကိုင်သူများနှင့် ကျောင်းလာတတ်သူ အမျိုးသမီးအချို့မှာ ရည်း စားနှင့် တအိမ်ထဲ အတူနေခြင်းများလည်း ရှိလာသည်။ "နှစ်ယောက်အတူတူအိမ်ငှားနေလိုက်တော့ ပြီးတာ ပဲလေ။ အဓိက ကတော့ မိဘတွေ မသိဖို့ပဲ။ ဒါပေမဲ့ တကယ်ယူဖို့တော့ လိုတာပေါ့" နယ်မှလာသူ အမျိုးသမီးတစ်ဦးနှင့် အိမ်ငှားနေထိုင်သူ အသက် ၂၅ နှစ်အရွယ် ရန်ကုန်သား ကိုပြည့်စုံကပြောသည်။ သို့ရာတွင် သူတို့ အမှန်တကယ် တရားဝင် လက်ထပ်မည့် ရက်ကိုတော့ သူတို့ကိုယ်တိုင် မသိသေးကြောင်း ဆိုသည်။ ထိုသို့သော အခြေအနေကြောင့် လူငယ်လူရွယ်များအဖို့ လက်မထပ်မီ အတူအနေခြင်း ဆိုသည်မှာ မဆန်းတော့ ပြီဖြစ်သည်။ ထိုသို့ အတူနေခြင်းနှင့်အတူ ကိုယ်ဝန်မရအောင် လုပ်ကိုင်ရသည်မှာ လည်း နည်းလမ်းတစ်ခုဖြစ်သည်။

ရန်ကုန်မြို့နေ့ သမီးရည်းစားများ၏ အခြေအနေမှာ Ecee2 များ ရောင်းအားကောင်းနေခြင်းက လိင်ကိစ္စကို မီးမောင်း ထိုးပြလိုက်ခြင်းပင်ဖြစ်သည်။ Ecee2 ဖြန့်ဖြူးသူတို့၏ အဆိုအရ တစ်လလျှင် ကဒ်ရေ ၃၀၀၀၀ ခန့် ရှိပြီး သန္ဓေတားဆေး နောက်တစ်မျိုးဖြစ်သည့် Pill 72 ကတော့ ကဒ်ရေ ၁၅၀၀၀ ခန့်ရှိသည်။ လက်လီဆေး ဆိုင်များတွင်တော့ တစ်ရက်လျှင် ကဒ်ရေ ၅ ကပ်မှ ၁၅ ကဒ်ရှိကြောင်း ဆိုကြသည်။ ရန်ကုန်မြို့တွင် တရားဝင်ဆေးဆိုင်ပေါင်း ခန့်ရှိသည်။ ထို့ကြောင့် ရန်ကုန်မြို့တွင် တလလျှင် အရေးပေါ် တားဆေး သုံးဆွဲကြသူပေါင်း ၅ သောင်းကျော်ရှိမည်ဖြစ်သည်။

ဆေးပညာအရ အမျိုးသမီး ရာသီမလာမီ တစ်ပတ်၊ လာပြီး တစ်ပတ်အတွင်း လိင်ဆက်ဆံပါက ပုံမှန် အားဖြင့် ကိုယ်ဝန်မရတတ်ဟု ဆိုထားသည်။ ကြားရက်များတွင် လိင်ဆက်ဆံမိပါက Ecee2 ကဲ့သို့ အရေးပေါ် သန္ဓေတားဆေးကို သောက်ရန် လိုမည်ဖြစ်သည်။ အချို့က လိင်ဆက်ဆံတိုင်း ကွန်ဒုံးအ သုံးပြုကြသော်လည်း များသောအားဖြင့်တော့ ကွန်ဒုံးကို ပြည့်တန်ဆာများနှင့် ဆက်ဆံမှသာ အသုံးပြုကြ သည်။ ဆရာဝန်များက သန္ဓေတားဆေးတိုင်းကို အားပေးခြင်းမပြုဘဲ ကွန်ဒုံးသုံးခြင်းသာလျှင် လုံခြုံစိတ်ချ ရကြောင်းပြောသည်။ ထို့ပြင် အရေးပေါ် တားဆေးများမှာ ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ခြင်း မရှိဘဲ ၇၉%မှ ၈၅% ထိသာ ကာကွယ်ပေးနိုင်သည်ဟု ဆရာဝန်တို့က ပြောသည်။

"သမီးရည်းစားဆိုပေမဲ့ ဘယ်လို ပိုးတွေ ရှိမလဲ မပြောနိုင်ဘူးလေ။ ဒါကြောင့် ကွန်ဒုံးကို လိင်ဆက်ဆံတိုင်း သုံးတာ အကောင်းဆုံးပါပဲ။ ကိုယ်ဝန်လဲမရ၊ ရောဂါလည်း မရတော့ဘူးပေါ့" နေဆေးခန်းမှ ဆရာဝန်က ပြော သည်။ သို့ရာတွင် လူငယ်တို့၏ အဆိုအရ အလွှာခြားရင် ကမ္ဘာခြားသလို ခံစားရတယ် ဟုဆိုကာ မိမိချစ်သူနှင့်တော့ ကွန်ဒုံး အသုံးပြုမှု နည်းပါးကြသည်။ "ကိုယ်ရည်းစားနဲ့ကတော့ စိတ်ချရတယ်လေ။ ဒါကြောင့် ကွန်ဒုံး မသုံးဘူး" ဟို အသက် ၂၀ အမျိုးသားက ပြောသည်။ သို့သော် မိန်းကလေး ကိုယ်ဝန် မရအောင် မည်ကဲ့သို့ လုပ်ဆောင်သည်ကိုတော့ သူမသိကြောင်းပြောသည်။

ရည်းစားနှင့် လိင်ဆက်ဆံသည့် အကြိမ်ရေများသည့် အမျိုးသမီးများကတော့ တားဆေးထိုးခြင်းနှင့် တစ် လဆေးသောက်ခြင်းတို့ကို ပြုလုပ်ကြသည်။ များသောအားဖြင့် တစ်လတားဆေးကို အသုံးပြုကြသည့် အတွက် ဆေးခန်း များတွင် တစ်လခံ ထိုးဆေးမှာ အမြဲလိုလိုပြတ်လေ့ရှိကြောင်း ကမာရွတ်မြို့နယ်ရှိ နေ တံဆိပ် ဆေးခန်းတစ်ခုက ဆိုသည်။ " တစ်လဆေးက ရွှေထက်တောင်ရှားတယ်" ယင်းဆေးခန်း ဆရာဝန် က ပြောသည်။ သုံးလခံဆေးများမှာ ရာသီလာခြင်း မရှိသည့်အတွက် အသုံးပြုမှုနည်းပါးသည်။

တစ်လခံ သောက်ဆေး OK ကတော့ ကျပ်ငွေ ရာဂဏန်းဖြင့် အလွယ်တကူရသဖြင့် အသောက်များကြ သည်။ သို့ရာတွင် နေ့စဉ် အချိန်မှန်မှန်သောက်ရခြင်းကို အမျိုးသမီးများက မကြိုက်ကြပေ။ ထို့ပြင် သောက် ဆေးကြောင့် ဗိုက်အခေါက်ထူကာ ဗိုက်ပူလာကြောင်း ပုံမှန်သောက်သည့် အမျိုးသမီးများက ဆိုသည်။ ယခုနောက်ပိုင်းတွင် ခန္ဓာကိုယ်အတွင်း ပစ္စည်းတစ်ခုခုထည့်ထားခြင်းဖြင့် သန္ဓေတားနိုင်ကြောင်းလည်း သိရသည်။ အချို့ကလည်း မိန်းမကိုယ်အတွင်း သန္ဓေတားပစ္စည်းကို ထည့်ထားကြသည်။

အရေးပေါ်တားဆေးသည် မုဒိမ်းကျင့်ခံရသော အမျိုးသမီးများအတွက် ရည်ရွယ်ကာ ထုတ်လုပ် ထားခြင်ြး ဖစ်သော်လည်း ယခုအခါတွင် အမျိုးသမီးများအတွက် မရှိမဖြစ်အရေး ပါလာပြီဖြစ်သည်။ အရေးပေါ် တားဆေးကို တစ်ဘ၀လုံးတွင် ၇ ကြိမ်ထက် ပိုမိုသောက်မိပါက သားအိမ်ကို ထိခိုက်ပြီးကလေးမရခြင်းနှင့် သားအိမ်ကင်ဆာကဲ့သို့ ရောဂါများကို ရရှိစေကြောင်း ဆရာဝန်များက ဆိုကြသည်။ တားဆေးများမှာ ဆိုးကျိုးများစွာ ရှိသော်လည်း ဆေး မသောက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အခြားဆိုးကျိုးတစ်ခုကိုတော့ လူတိုင်း ကြောက်ရွှံ့ကြသည်။

"ယူပြီးလို့ ကလေးရတာ ပြဿနာမရှိဘူး။ ကလေးရလို့ မင်္ဂလာဆောင်လိုက်ရရင် ခွေးဖြစ်ပြီ။ ဒီခေတ်မှာ ကလေးတစ်ယောက်အတွက် ကုန်ကျစရိတ်က နည်းတာမဟုတ်ဘူး" ဟု အသက် ၂၄ နှစ်အရွယ် မနေခြည်က ဆိုသည်။ ဆေးမသောက်ခြင်းကြောင့် ကိုယ်ဝန်ရရှိလာပါကလည်း တနည်းနည်းဖြင့် ဖျက်ချကြ သည်။ ယခင်ခေတ်ကကဲ့သို့ အရပ်လက်သည်ဖြင့် ထီးရိုးကို သားအိမ်ထဲ ထည့်မွှေခြင်း မဟုတ်တော့ဘဲ ဆေး ထိုးခြင်း၊ ဆေးသောက်ခြင်းနှင့် လေဆုတ်ပြွှန်ဖြင့် ဖျက်ချခြင်း တို့ကို ပြုလုပ်နိုင်သော်လည်း အန္တရာယ် ကတော့ ရှိနေဆဲဖြစ်သည်။

မည်သို့ဆိုစေ လိင်ဆက်ဆံခြင်းသည် ရှက်စရာကောင်းသည်ဟု လူတိုင်းက ဆိုကြသော်လည်း ကျားမမရွေး ကြိုက်နှစ်သက်သော ကိစ္စဖြစ်ကိုတော့ ကမ္ဘာကြီးတွင် လူဦးရေတိုးပွားလာခြင်းက သက်သေတည်လျက် ရှိသည်။ သိပ္ပံအယူအဆကလည်း လိင်ကိစ္စသည် လူတို့၏ အခြေခံလိုအပ်ချက်ဖြစ်သည်ဟု ဆိုသည်။ နောင်နှစ်များစွာ မကြာမီ မြန်မာပြည်၌လည်း သမီးရည်းစားများ လိင်ဆက်ဆံသည့် အလေ့အထကို လက်မ ခံခြင်ဘဲ လက်ခံလာရတော့မည်ဖြစ်သည့်အတွက် သမီးရှင်များအနေဖြင့် စိုးရိမ်နေကြရပြီဖြစ်သည်။

ယောင်္ကျားလေးများအနေဖြင့်လည်း ယနေ့အချိန်အထိ အပျိုစင်ကိုသာ အိမ်ထောင်ပြုလိုသည့် စိတ်ရှိကြေ သ်ာလည်း အပျိုစင်ဘ၀ကို ယောင်္ကျားလေးများကပင် ယူသွားခြင်းဖြစ်သည်။ နောက်မျိုးဆက် တစ်ခု တွင်တော့ ယောင်္ကျားလေးများ အပျိုစင်ကို တန်ဖိုးထားတော့မည်မဟုတ်ပေ။ ထို့အတွက် လက်မထပ်မီ လိင်ဆက်ဆံခြင်းမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်သွားပါလိမ့်မည်။ လိင်မထပ်မီ လိင်ဆက်ဆံခြင်းကို ပိတ် ပင်ကြမည်လား၊သို့မဟုတ် လက်ခံနားလည်ပေးမည်လားကတော့ အငြင်းပွားပွယ် ကိစ္စတစ်ခု အဖြစ် နောက်ဆယ်စုနှစ် တစ်စုကျော်ထိ ဆက်ရှိနေဦးပါမည်။

စန်းစန်းတစ်ယောက် ဆေးနှစ်လုံးသောက်ပြီးပြီဖြစ်သည့်အတွက် သူမကိုယ် သူမ စိတ်ချသွားပြီဖြစ်သည်။ မနေ့က ရုံးပိတ်ရက်တွင် သူမရည်းစားနှင့် ချစ်ရည်လူးခဲ့သည်များကို စိတ်ကူးယဉ်နေပါလိမ့်မည်။ ညနေတွင် ရုံးဆင်းချိန်တွင် သူမရည်းစားနှင့် ရိုးရိုးသားသား တွေ့ကြမည်ဖြစ်သည်။ သူမသည် ယနေ့ခေတ် မိန်း ကလေး တစ်ဦးဖြစ်သည်။
ME

အဆင့်မြင့်ဓာတ်ဆီ၊ အဆင့်မြင့် ဒီဇယ်ဆီနှင့် ဖုန်းဟန်းဆက်များ တရားမ၀င် တင်သွင်းမှု များပြား

အဆင့်မြင့်ဓာတ်ဆီ၊ အဆင့်မြင့် ဒီဇယ်ဆီနှင့် ဖုန်းဟန်းဆက်များ တရားမ၀င် တင်သွင်းမှု များပြားနေပြီး အစိုးရအဖွဲ့ ခွင့်ပြုချက်ရပါက ဆိုင်များသို့ ၀င်ရောက်ဖမ်းဆီး စစ်ဆေးမည်

Eleven Created on Monday, 12 August 2013 22:39

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

အဆင့်မြင့်ဓာတ်ဆီ (92 Ron & 95 Ron)၊ အဆင့်မြင့် ဒီဇယ်ဆီ (Premium Diesel) နှင့် ဖုန်းဟန်းဆက်များအား တရားဝင် လိုင်စင်လျှောက်ထား၍ တင်သွင်းခွင့် ပြုခဲ့သော်လည်း တရားဝင် လိုင်စင်ဖြင့် တင်သွင်းမှု မရှိဘဲ မှောင်ခိုလမ်းကြောင်းမှသာ တင်သွင်းနေသဖြင့် ထိုသို့ တင်သွင်းနေမှုများအား အစိုးရအဖွဲ့ ခွင့်ပြုချက်ရရှိပါက ဆိုင်များသို့ပင် ၀င်ရောက်ဖမ်းဆီးမည် ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်း က ပြောကြားသည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ် အစီးရေ လေးသိန်းကျော် အထိရှိကာ တစ်နေ့လျှင် ပျမ်းမျှ တစ်ဂါလန်နှင့် တွက်မည်ဆိုပါက တစ်နှစ်လျှင် ဂါလန်သိန်းပေါင်း ၁၄၄၀ ကုန်ကျမည် ဖြစ်သည်။ ကညနတွင် တရားဝင် မှတ်ပုံတင်ထားသည့် ဆိုင်ကယ်၊ ထော်လာဂျီ၊ သုံးဘီးယာဉ် ၃၇ သိန်းကျော် အတွက် တစ်ရက်လျှင် တစ်လီတာနှုန်းဖြင့် တွက်ပါက တစ်နှစ်လျှင် ဂါလန်သိန်းပေါင်း ၂၉၁၆ လိုအပ်မည် ဖြစ်သည်။ ထိုသို့ အနည်းဆုံး ပမာဏနှင့် တွက်ချက်ထားသည့်အပြင် ရေယာဉ်များ၊ လုပ်ငန်းသုံး ယန္တရားများ၊ မီးစက်သုံးဓာတ်ဆီ၊ ဒီဇယ်ဆီများအား တွက်ချက်ထားမှု မရှိကြောင်း သိရသည်။

ထိုသို့ အနည်းဆုံး တွက်ချက်မှု၏ လိုအပ်သည့် ပမာဏ စုစုပေါင်းမှာ ဂါလန်သိန်းပေါင်း ၄၃၅၆ အထိ လိုအပ်နေသော်လည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီအား တရားဝင် တင်သွင်းရန် လျှောက်ထားမှုမှာ ဂါလန်ပေါင်း ၃၉၁၃ သိန်းသာ တရားဝင် တင်သွင်းရန် လိုင်စင်လျှောက် ထားခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ အနည်းဆုံးနှုန်းနဲ့ တွက်တာကိုပဲ တစ်နှစ်ကို ဂါလန် ၄၄၃ သိန်းလောက် တရားမ၀င် တင်သွင်းနေတာ တွေ့ရတယ်။ ပြီးတော့ ရိုးရိုးဓာတ်ဆီ၊ ရိုးရိုးဒီဇယ်ဆီတွေ တင်သွင်းဖို့ လျှောက်ကြတယ်။ အပြင်မှာကျ ဆိုင်တိုင်း၊ ဆိုင်တိုင်းမှာ အဆင့်မြင့်ဓာတ်ဆီ (92 Ron & 95 Ron)၊ အဆင့်မြင့် ဒီဇယ်ဆီ (Premium Diesel) တွေ ဆိုင်တိုင်းမှာ ရောင်းနေပါတယ်။ သူတို့ကိုလည်း ၀င်ရောက် စီးနင်းတဲ့ နေ့ဆိုတာ အစိုးရအဖွဲ့တွေ ခွင့်ပြုတဲ့နေ့မှာ ဖြစ်လာမှာပါ'' ဟု ဦးတင်ရဲဝင်းက ဆိုသည်။

အလားတူပင် ဖုန်းဟန်းဆက်များအား တရားဝင် တင်သွင်းခွင့်ပြုထားသော်လည်း စတင်ခွင့်ပြု ခဲ့သည့်နေ့မှ ယခုအချိန်အထိ တစ်နှစ်ခွဲ ကာလအတွင်း အလုံးရေ တစ်သိန်းခွဲခန့်သာ တရားဝင် လိုင်စင်ဖြင့် တင်သွင်းခဲ့သည်။ နယ်စပ်ကုန်သွယ်ရေး စခန်းများတွင်မူ အလုံးရေ ၁၈၂ လုံးသာ တင်သွင်းခွင့် လိုင်စင်လျှောက်ထား ခဲ့သည်အထိ အခြေအနေ ဆိုးရွားနေကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှုများအား ရွေ့လျားဖမ်းဆီးခဲ့သည့် ခုနစ်လအတွင်း ဟန်းဆက်အလုံးရေ ၉၃၇၀ လုံးဖမ်းဆီးခဲ့မိကာ တန်ဖိုးအားဖြင့် ကျပ်သိန်း ၂၁၄၂ ကျော်ခန့် ရှိနေကြောင်း သိရသည်။ အများစု ဖမ်းဆီးမိသည်များမှာ ကိုယ်ပိုင်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ အငှားယာဉ်များ၊ ခရီးသည်တင်ယာဉ်များမှ ဖမ်းဆီးမိခြင်း ဖြစ်သည်။

ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် ဖုန်းဟန်းဆက်များ၏ တရားဝင် တင်သွင်းခွင့် လိုင်စင်အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပေးနေခြင်း ဖြစ်သော်လည်း ဓာတ်ဆီဒီဇယ်ဆီများ တင်သွင်းခွင့်အား စွမ်းအင်ဝန်ကြီးဌာနကသာ တိုက်ရိုက်သက်ဆိုင်ကြောင်း သိရသည်။ အလားတူပင် ဖုန်းဟန်းဆက်များ တရားဝင် တင်သွင်းမှုမှာလည်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနနှင့်သာ တိုက်ရိုက်သက်ဆိုင်ကြောင်း ဦးတင်ရဲဝင်းက ဆိုသည်။

ကော့သောင်းမြို့မှ ငါးမိုင်ခန့် အကွာတွင်ရှိသော ပုလုံးတုံးတုံး အပန်းဖြေကမ်းခြေ

ကော့သောင်းတွင် ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်နိုင်သည့် သဘာဝအပန်းဖြေ နေရာများရှိ

Eleven Created on Sunday, 11 August 2013 21:28

ကော့သောင်းမြို့မှ ငါးမိုင်ခန့် အကွာတွင်ရှိသော ပုလုံးတုံးတုံး အပန်းဖြေကမ်းခြေကို တွေ့ရစဉ်

မြန်မာ-ထိုင်း နယ်စပ်တွင် သြဂုတ်လအတွင်း စတင်ဖွင့်လှစ်မည့် နယ်စပ်ထွက်ပေါက်များမှ ကော့သောင်း၌ တစ်ထောက်နားမည့် ခရီးသွားများကို ဆွဲဆောင်နိုင်သော အပန်းဖြေကမ်းခြေနှစ်ခု၊ သဘာဝ ရေတံခွန်တစ်ခုနှင့် သဘာဝရေပူတွင်းများ ရှိကြောင်း သိရသည်။

ထိုနေရာများသည် ကမ္ဘာလှည့် ခရီးသွားများအတွက် လွတ်လပ်စွာ လည်ပတ်ခွင့် ပြုထားသော သတ်မှတ်နေရာများ ဖြစ်သဖြင့် ၎င်းနေရာများကို အမှီပြု၍ ဒေသဖွံ့ဖြိုး တိုးတက်ရန် အတွက် အဆင့်မြှင့် တည်ဆောက်ခြင်းများ ဆောင်ရွက်ပါက များစွာအကျိုး ရှိနိုင်ကြောင်း သိရသည်။

''သဘာဝ အပန်းဖြေစခန်းတွေ ဘယ်မှာရှိတယ် ဆိုတာကိုမေးပြီး လည်ပတ်မယ် ဆိုရင်တော့ ဒီဒေသအတွက်အခွင့် အရေးကောင်းပါ'' ဟု ကော့သောင်းမြို့နေ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သူ့ရဲ့အမြင်ကို ပြောကြားခဲ့သည်။

ကော့သောင်းမြို့မှ ငါးမိုင်ခန့် အကွာတွင် ပုလုံးတုံးတုံး အပန်းဖြေကမ်းခြေ၊ ၁၀မိုင်အကွာတွင် ၁၀ မိုင် အပန်းဖြေကမ်းခြေနှင့် ၂၄ မိုင် ၀န်းကျင်တွင် မလိဝမ်း သဘာဝရေတံခွန်၊ မလိဝမ်း ရေပူတွင်းများရှိရာ ကမ်းခြေနှင့် ရေပူတွင်းများကို ပြုပြင်မွမ်းမံ ခြင်းများနှင့် အဆောက်အအုံ တည်ဆောက်ခြင်းများအား ဆောင်ရွက် ထားသင့်သည်ဟု ဆိုသည်။

တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကော်မတီသို့ တင်ပြသည့် တိုင်ကြားစာ၊ အသနားခံစာ ၁၁၂၅၉ စောင်ထဲတွင် တရားစီရင်ရေး၊ အုပ်ချုပ်ရေးဆိုင်ရာ တိုင်ကြားစာ အများဆုံး

တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကော်မတီသို့ တင်ပြသည့် တိုင်ကြားစာ၊ အသနားခံစာ ၁၁၂၅၉ စောင်ထဲတွင် တရားစီရင်ရေး၊ အုပ်ချုပ်ရေးဆိုင်ရာ တိုင်ကြားစာ အများဆုံးဖြစ်

Eleven Created on Tuesday, 13 August 2013 02:23

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ အများပြည်သူမှ တင်ပြသည့် တိုင်ကြားစာ၊ အသနားခံစာနှင့် တင်ပြချက် စာပေါင်း ၁၁၂၅၉ စောင်ကျော် ရှိကြောင်း အဆိုပါ ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

ကော်မတီသို့ တင်ပြတိုင်ကြား အသနားခံသည့်စာ ၁၁၂၅၉ ကျော်ထဲတွင် တရားစီရင်ရေးပိုင်းနှင့် ပတ်သက်သည့် တိုင်ကြားစာပေါင်းမှာ အများဆုံး ပါဝင်ပြီး ဒုတိယအများဆုံးမှာ အုပ်ချုပ်ရေးပိုင်းနှင့် ပတ်သက်သည့် တိုင်ကြားစာများ ဖြစ်ကြောင်း၊ လယ်ယာမြေ သိမ်းဆည်းခံရသည့် တိုင်ကြားစာမှာ တတိယအများဆုံး ဖြစ်ကြောင်း ဖော်ပြထားသည်။

တရားစီရင်ရေးပိုင်းနှင့် ပတ်သက်သည့် တိုင်ကြားစာအရေအတွက်မှာ ၃၈၀၀ ရှိကြောင်း၊ အုပ်ချုပ်ရေးပိုင်းနှင့်ပတ်သက်သည့် တိုင်ကြားစာ ၃၆၀၀၊ လယ်ယာမြေ သိမ်းဆည်းခံရခြင်းနှင့်ပတ်သက်သည့် တိုင်ကြားစာ ၃၄၆၆ စောင်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူမှုရေးတို့နှင့် ပတ်သက်သည့် တိုင်ကြားစာမှာ ၃၉၃ စောင်ဖြစ်ကြောင်း သိရသည်။

ထို့အတွက် တရားစီရင်ရေးပိုင်းနှင့် အုပ်ချုပ်ရေးပိုင်းတို့နှင့် ပတ်သက်သည့် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာအရေအတွက်သည် စုစုပေါင်း အရေအတွက်၏ ၆၆ ရာခိုင်နှုန်းနီးပါး အထိရှိနေသည်။

လယ်ယာခြံမြေများကို ဥပဒေမဲ့ သိမ်းဆည်းခံထားရခြင်း၊ သိမ်းဆည်းထားသူများက သီးစားခယူပြီး လုပ်ကိုင်ခြင်း၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရခြင်းမှ ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာအရ ဆုံးဖြတ်ပြီး ဖြစ်သော်လည်း မူလပိုင်ရှင်များထံ ပြန်လည်မရရှိသေးခြင်း၊ ပြန်မရသည့်အပြင် ကျူးကျော်မှုဖြင့်ပင် ပြန်လည်တရားစွဲ ခံနေရခြင်း၊ တောင်သူများထံ ပြန်မပေးရရေးအတွက် အဆောက်အအုံများကို အတင်းတွန်းဆောက်ခြင်းများပင် ရှိနေသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အုပ်ချုပ်ရေးပိုင်းအဖွဲ့အစည်းများတွင် ရာစုထက်ဝက်ကျော် စွဲကပ်နေသော အလေ့အကျင့် စရိုက်လက္ခဏာများ၊ အကျင့်ပျက် ခြစားမှုများ၊ မပျောက်မပျက်ရှိနေပြီး အချို့သော တရားရုံးများ အမှုစစ်ဆေးခြင်း၊ စွဲချက်တင်ခြင်း၊ စီရင်ချက်ချခြင်းတို့တွင် ဥပဒေနှင့်အညီ မလိုက်နာခြင်းတို့ ရှိကြောင်းလည်း ကော်မတီက လေ့လာသုံးသပ်ထားသည်။

ထို့အတွက် တရားစီရင်ရေးနှင့် ပတ်သက်သည့် တိုင်ကြားစာများမှာ ထိုသို့သော ဥပဒေနှင့်အညီ တရားရုံးအချို့မှ မလုပ်ခြင်း၊ တရားစီရင်ရေး အပေါ် အာဏာရှိသူများမှ ၀င်ရောက်စွက်ဖက်ခြင်း၊ လွှမ်းမိုးခြင်း၊ ဖိအားပေးခြင်းများကြောင့် ဖြစ်ကြောင်းလည်း သိရသည်။

တိုင်ကြားမှု၊ အသနားခံမှုနှင့် တင်ပြမှုများထဲတွင် အမှန်တကယ် လုပ်ကိုင်မည့် အင်းလုပ်သားများထံ အင်းများကို ဥပဒေနှင့်အညီ လေလံ မပစ်ခြင်း၊ ပြည်သူပိုင်သိမ်းထားသော ပစ္စည်းအချို့ကို ပြန်ပေးသည့်စာသာ ရရှိသော်လည်း ပစ္စည်းလက်ရောက် မရခြင်း၊ အချို့မြို့နယ်များတွင် ပြည်တွင်းအခွန်များ ဦးစီးဌာနက တံဆိပ်ခေါင်းခွန်၊ ရုံးခွန်များ လုံလောက်စွာ ရောင်းချမှု မရှိခြင်းတို့နှင့် ပတ်သက်မှုများ ပါဝင်ကြောင်းလည်း သိရသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ အများပြည်သူမှ တင်ပြသည့် တိုင်ကြားစာ၊ အသနားခံစာနှင့် တင်ပြချက်စာပေါင်း ၁၁၂၅၉ စောင် ကျော်ရှိကြောင်း အဆိုပါ ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

*****ဆရာတော်တို့၏ တရားတော်များ ဖတ်ရှုနာယူရန်

*****ဆရာတော်တို့၏ တရားတော်များ ဖတ်ရှုနာယူရန်*****
To: lubo601@gmail.com






http://www.dhammaonline.org/index.php ပိုင်းလော့ဆရာတော်၊ အရှင်ပုညာနန္ဒ၊ အရှင်အာဒိစ္စရံသီ တို့၏ တရားတော်များ
http://www.theinngu.org/images/stories/audio/DVD/ သဲအင်းဂူဆရာတော်ဘုရား၏ တရားတော်များ
http://www.mahasi.org.mm/ (မဟာစည်-၁)
http://www.mahasi.org/ (မဟာစည်-၂)

http://dhammaduta.net/ (အရှင်ပညိဿရ-ဓမ္မဒူတ)
http://www.shweparami.net/ (အရှင်ဆန္ဒာဓိက)
http://www.yawainwe.net/ (အရှင်ရာဇိန္ဒ)(ရဝေနွယ်-အင်းမ)
http://mettashin.com/ (အရှင်ဇ၀န)(မေတ္တာရှင်-ရွှေပြည်သာ-၁)
http://mettashin.org/ (အရှင်ဇ၀န)(မေတ္တာရှင်-ရွှေပြည်သာ-၂)
http://www.shwehinthar.com/buddhism/ (ရွှေဟင်္သာဆရာတော်)
http://www.sitagu.org/home/ (သီတဂူဆရာတော်)
http://www.pilotsayadaw.net/ (အရှင်ဇေယျပဏ္ဍိတ-ပိုင်းလော့ဆရာတော်)
http://www.chanmyay.org/ (ချမ်းမြေ့ဆရာတော်)
http://majjhimagonyi.info/ (အရှင်ကောဝိဒ-မဇ္ဈိမဂုဏ်ရည်)
http://www.paauktawya.org/ (ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ)
http://www.dhammaweb.net/ (ဖားအောက်တောရ ဆရာတော်)
http://www.phyusayadaw.com/ (ဖြူးဆရာတော်)
http://www.theravada-3p.org/ (ဆရာဦးမြင့်လွင်-သန့်တည်ပွား)
http://www.mogokinsightny.org/ (မိုးကုတ်ဆရာတော်ဘုရားကြီး)
http://realenlightenment.org/ (အရှင်ဥတ္တမသာရ) (ဆူနာမီဆရာတော်)
http://www.lknt.org/ (အရှင်လောကနာထ-၁)
http://lknt115.blogspot.com/ (အရှင်လောကနာထ-၂)
http://kathitwinemyanmar.blogspot.com/ (ကသစ်ဝိုင်ဝိပဿနာ ဓမ္မရိပ်သာ)
http://www.dhammaduta.co.cc/ (အရှင်ဆေကိန္ဒ-ဓမ္မဒူတ)
http://www.venkawwida.net/ (အရှင်ကောဝိဒ-မြိတ်)
http://manatphyan77.blogspot.com/ (အရှင်နာယကာ လင်္ကာရ)
http://www.dhammadownload.com/AudioInBurmese.htm (ဆရာတော်အစုံ-မြန်မာလိုနာယူရန်)
http://www.dhammadownload.com/AudioInEnglish.htm (ဆရာတော်အစုံ-အင်္ဂလိပ်လိုနာယူရန်)
http://www.myittawardiparahita.com/ (မေတ္တာဝါဒီ ဆရာတော်-ဘဒ္ဒန္တစန္ဒောဘာသ)
http://www.bhikkhu-revata-paauk.com/ (အရှင်ရေ၀တ-ဖားအောက်တောရ)
http://phonephonevi.blogspot.com/ (အရှင်ဝိစိတ္တ-ကိုရီးယား)
http://www.cittasukha.wo.to/ (အရှင်ဝိစိတ္တ-ကိုရီးယား)
http://htanaungyeik.blogspot.com/ အရှင်ပညာဇောတ (ထနောင်းရိပ်)
http://kovida.multiply.com/ အရှင်ကောဝိဒ (စစ်ကိုင်း)
http://uzinlay.blogspot.com/ ဦးဇင်းလေး
http://www.ashinkumara.com/ အရှင်ကုမာရ
http://2000mgmo.blogspot.com/ ဦးဝိစိတ္တာဘိဝံသ (၀ီရသူ)
http://attalwinpyin.blogspot.com/ Great Expectation
http://cittasukhamm-kr.blogspot.com/ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်း
ရှာဖွေတင်ပြပါသည်..။
အရှုပဏ္ဍိတ(ဒေါင်းဖြူ)
လူပုဂ္ဂိုလ်များရေးသော တရားလင့်ခ်များ
http://thitsaralin.blogspot.com/ သစ္စာအလင်း
http://sonesiyar.blogspot.com/ အဖြူရောင်မေတ္တာ
http://myattayar.blogspot.com/ မေတ္တာရေစင်
http://www.dhammaratha.com/ ကိုအောင်ဦး
http://eternalsamsara.co.cc/ ရည်ရွယ်ရာ (ကိုငြိမ်းလွင်)
http://thitsartayar.dhammathukha.com/index.php?option=com_content&a...... သစ္စာတရားတော် (ကိုဝင်းမြင့်)
http://531collections.co.cc/ ကိုသူရဲ့ တရားစံအိမ်
http://www.ymba-mephi.co.cc/ ထေရ၀ါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း
http://vimuttisukha.blogspot.com/ ၀ိမုတ္တိသုခ
http://vimuttirasa.blogspot.com/ ၀ိမုတ္တိရသ-၁
http://vimuttirasa.com/ ၀ိမုတ္တိရသ-၂
http://tavoy-sayarlay.blogspot.com/ ရွှေကြာ (ထားဝယ်ဆရာလေး) ကိုရီးယား
http://ywetwar.blogspot.com/ ရွက်ဝါ
http://alinnyaung.blogspot.com/ အလင်းများရှိရာသို့ လျှောက်လှမ်းခြင်း
http://aung-myay.blogspot.com/ အောင်မြေ
http://dlwanwai.blogspot.com/ အလှတရား-၁ (ကိုလွမ်းဝေ)
http://ahlataya.blogspot.com/ အလှတရား-၂
http://htunhlaing.blogspot.com/ ကိုထွန်းလှိုင်
http://htunhlaing5.blogspot.com/ ကိုထွန်းလှိုင်-၂
http://thukhayate.blogspot.com/ သုခရိပ်-၁
http://dhammathukha.com/index.php?option=com_content&view=secti... ဓမ္မသုခ (သုခရိပ်-၂)
http://www.kautay.co.cc/ ကောက်တေး (ကိုသိင်္ခ)
http://lightofdhamma.22web.net/ ဓမ္မအလင်းရောင်
http://pyayzaw.phpnet.us/ ဓမ္မလင်းရောင်ခြည်
http://minwai85.blogspot.com/ ကိုမင်းဝေ
http://nyeinayetun.blogspot.com/ အေးငြိမ်းပျော်ရွှင် (ကိုငြိမ်းအေးထွန်း)
http://dhammafocus.myanmarbloggers.org/ ဓမ္မဆုံချက်
http://soethuhein.iblogger.org/ မြတ်ဗုဒ္ဓ၏အဆုံးအမများ
http://dhammayate.22web.net/ ဓမ္မရိပ်
http://www.internationalmeditationcentre.org/ ဆရာကြီးဦးဘခင်
http://buddhasound.page.tl/ မြတ်ဗုဒ္ဓ တရားတော်များ (ကိုဇော်နိုင်ထွန်း)
http://www.dhammaransi.net/ ဓမ္မရံသီ လူငယ်ဝတ်အသင်း
http://burmarmaung.blogspot.com/ ရွှေစကားများ
http://www.theravada-3p.org/ ဆရာဦးမြင့်လွင် (သန့်-တည်-ပွား)
http://sitagumn2004.blogspot.com/ ထေရ၀ါဒ ဗုဒ္ဓသာသန နုဂ္ဂဟအသင်း
http://myatbuddha.blogspot.com/ ဓမ္မရသ
http://theravadasarsanar.blogspot.com/ ထေရ၀ါဒ ဗုဒ္ဓသာသနာ ပြန့်ပွားရေး
http://www.ashinkumara.com/ အရှင်ကုမာရ
http://kovida.multiply.com/ အရှင်ကောဝိဒ (စစ်ကိုင်း)
http://thukakarme.blogspot.com/ သုခကာမီ(၂) အမျိုးသမီးသင် ပညာရေးကျောင်း
http://upasaka969.blogspot.com/ ဥပါသကာ
http://www.yatanar.co.cc/ ရတနာ
http://www.dhammametta.co.cc/ ဓမ္မမေတ္တာ
http://www.burmaborn.blogspot.com/ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု
http://futurelife09.blogspot.com/ မပြီးဆုံးသောနေ့ရက်များကို ကျော်ဖြတ်ခြင်း
http://barwanarbala.co.cc/ ဘာဝနာဗလဖိုရမ်
http://setgyarwalar.blogspot.com/ စကြာဝဠာ
http://mawluu.blogspot.com/ မင်္ဂလာသတင်းစဉ်
http://attalwinpyin.blogspot.com/ Great Expectation
http://littlebang.wordpress.com/ Little Bang
http://marcusjournal.blogspot.com/ Marcus’ Journal
http://lokachantha.blogspot.com/ လောကချမ်းသာ
http://www.latkhatmg.co.cc/ သစ္စာရှင်
http://dhammawisdom.blogspot.com/ Wisdom of Dhamma
http://ymoon-mun.blogspot.com/ Reflection
http://meditation4beginners.blogspot.com/ Easy Meditation For Beginneres
http://koluuaww.blogspot.com/ ကိုလူသြ
http://lkntnew.blogspot.com/ ယနေ့ရေးသော တရားတော်များ
http://kyawkyawoo81.blogspot.com/ အနှစ်သာရ
http://ehlar22.ning.com/ Buddha (အဲလာ)
http://kyawkyawsoe-monywa.blogspot.com/ အပြန်လမ်း
ရှာဖွေတင်ပြပါသည်..။
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)


--
Posted By Blogger to လူဗိုလ်ဟူသည်

We Chat သုံးတဲ့သူငယ်ချင်းများအထူးကြေငြာပါတယ်.... We Chat 5.0 Update ပေးလာပါက မလုပ်ပါရန်အထူးသတိပေး

We Chat သုံးတဲ့သူငယ်ချင်းများအထူးကြေငြာပါတယ်



We Chat သုံးတဲ့သူငယ်ချင်းများအထူးကြေငြာပါတယ်....

We Chat 5.0 Update ပေးလာပါက မလုပ်ပါရန်အထူးသတိပေးအပ်ပါသည်။ 5.0 မှာ Network နဲ့ ပတ် သတ်တဲ့ အားနည်းချက်များထွက်ပေါ်လာကြောင်း Weibao မှ သတင်းများပျံနံနေပါသည်။ ဖြစ်နိုင်ပါက 4.5 အား Software Backup လုပ်ကာ 4.5 က်ုသာအသုံးပြုစေချင်ပါသည်။ မိမိ Link လုပ်ထားသော Social Network များတွင် သွားရောက်ထိခိုက်နိုင်ကြောင်း၊ Hacker များအလွယ်တကူ ခိုးယူဖျတ်သိမ်း နိုင်ကြောင်း၊emotion များ ကို ဝယ်ယူအသုံးပြုစေပြီး ထိုသို့ ဝယ်ယူအသုံးပြုရာတွင် Bank အကောင့်ဖြင့်ဝယ်ယူရာမှ မိမိ Bank အကောင့်အား Hacker များကတိုက်ခိုက်ခိုးယူနိုင်ကြောင်း တရုတ် နည်းပညာ Website တစ်ခုမှ ဖော်ပြထားပါသည်။ ထို သတိပေးချက်အား We Chat သုံးသော သူငယ်ချင်းများကိုမျှဝေစေချင်ပါသည်။

for fri @A Lwan@

အေးချမ်းမွန် Credit To >>ရင်ကွဲသူများ အတွက် ကဗျာ << Thanks
Re-posted By ACM 12-8-2013


အိုင်တီခေတ်

Fwd: လခစားပြီးတာဝန်မကျေတဲံ့ ကြို့ပင်ကောက်မြို့ရွာမတောင်ရပ်ကွက်ကအုပ်ချုပ်ရေးမှူးဦးအေးကျော်

Inbox
x

aye aye <ayeaye720@gmail.com>
8:26 PM (7 hours ago)

to demowaiyen, me, KaungMyat, Kyaw, mizzima
---------- Forwarded message ----------
From: aye aye <ayeaye720@gmail.com>
Date: Mon, 12 Aug 2013 01:50:43 -1200
Subject: Fwd: လခစားပြီးတာဝန်မကျေတဲံ့
ကြို့ပင်ကောက်မြို့ရွာမတောင်ရပ်
ကွက်ကအုပ်ချုပ်ရေးမှူးဦးအေးကျော်
To: hwhforandroid <hwhforandroid@gmail.com>, thithtoolwin9
<thithtoolwin9@gmail.com>, The Irrawaddy Daily Newsletter
<news@irrawaddy.org>
Cc: dvbburma <dvbburma@online.no>, bbcburmese <bbcburmese@gmail.com>,
burmese <burmese@voanews.com>

---------- Forwarded message ----------
From: aye aye <ayeaye720@gmail.com>
Date: Mon, 12 Aug 2013 01:47:41 -1200

Subject: လခစားပြီးတာဝန်မကျေတဲံ့
ကြို့ပင်ကောက်မြို့ရွာမတောင်ရပ်
ကွက်ကအုပ်ချုပ်ရေးမှူးဦးအေးကျော်
To: hwhforandroid <hwhforandroid@gmail.com>
Cc: thithtoolwin9 <thithtoolwin9@gmail.com>


ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊သာယာဝတီခရိုင်၊ရွာမတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအေးကျော်
 ပြည်သူ့ဝန်ထမ်းဖို့လခစားထားသော်လည်း  အလုပ်မလုပ်ပါ
ြ့ကို့ပင်ကောက်မြို့ ၊ရွာမတောင်ရပ်ကွက်မှာ ချောင်းရှိလို.
ချောင်းရေလျှံတာလည်းမဟုတ်၊မြစ်ရှိလိုံ
မြစ်ရေလျှံတာလည်းမဟုတ်ပါဘဲနဲ့မိုးတစ်ြ့ကိမ်တစ်ခါကြီးရုံဖြင့်
လမ်းတွေရေနစ်ပြီးလူနေအိမ်တွေထဲရေတွေဝင်ဖြစ်နေပါတယ်။ဒါကို
ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲံ
ရပ်ကွက်ဆယ်အိမ်စုမူးများကိုပါတင်ပြထားသော်လည်း  ဒီနေ.အထိ
မိုးကြီြး့ကီးရွာရင်
လမ်းတွေပေါ်ရေတွေလျှံပြီးလူနေအိမ်တွေထဲရေတွေဝင်ဖြစ်နေပါတယ်။
   ချောင်းမရှိ မြစ်မရှိဘဲနဲ့ ရေမြောင်းတွေပိတ်ဆို့နေပြီး
ရေစီးရေလာမကောင်းလို. ဒီလိုဖြစ်နေတာကိုတင်ပြထားပေမယ်.
ပြည်သူဝန်ကိုထမ်းပိုးပေးမယ်.လခစားရပ်ကွက်အုပ်ချုပ်ရေးမှူးဘက်ကကျေပွန်စွာထမ်းဆောင်နေခြင်းမရှိပါ။
  အခုကာလဟာ သွေးလွန်တုပ်ကွေးရာသီဖြစ်တာမို့ ရေစီးရေလာမကောင်းလို့
ရေတွေဝပ်နေရင် ခြင်အန္တျရာယ်ရှိပြီး
သွေးလွန်တုပ်ကွေးအပါအ၀င်ကျန်းမာရေးထိခိုက်မှုများဖြစ်ပေါ်လာနိုင်ပါတယ်။
  ဒါကိုသက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများသိရှိပြီး
ကွင်းဆင်ြး့ကည့်.ရှုစစ်ဆေးပြီးအမြန်ဆုံးဆောင်ရွက်ပေးစေလိုပါတယ်။မိုးဆက်တိုက်ရွာရင်
လူနေအိမ်များ မလိုအပ်ဘဲ ရေနစ်မြှုပ်စရြာတွေဖြစ်ပေါ်လာနိုင်ပါတယ်။
                                  ရွာမတောင်ရပ်ကွက်နေပြည်သူတစ်ဦး
2 attachments — Download all attachments   View all images   Share all images  
1003770_416186181836329_488429219_n.jpg1003770_416186181836329_488429219_n.jpg
14K   View   Share   Download  
ggg.jpgggg.jpg
79K   View   Share   Down

ကျောက်စိမ်း၊ ကျောက်မျက်ရောင်းချသည့်ဆိုင် များအနက် ရာခိုင်နှုန်း ၂ဝမှာ အတုများ ရောနှောရောင်းချနေ သောကြောင့် ယင်းတို့အားဖော် ထုတ် အရေးယူဆောင်ရွက်ရန် စီစဉ်နေ

ကျောက်မျက်ဆိုင် ငါးပုံတစ်ပုံခန့် ကျောက်အတုများရောရောင်းနေ

 ကျောက်စိမ်း၊ ကျောက်မျက်ရောင်းချသည့်ဆိုင် များအနက် ရာခိုင်နှုန်း ၂ဝမှာ အတုများ ရောနှောရောင်းချနေ သောကြောင့် ယင်းတို့အားဖော် ထုတ် အရေးယူဆောင်ရွက်ရန် စီစဉ်နေကြေ...ာင်း ကျောက်မျက် လုပ်ငန်း ရှင်များ အသင်းမှ အ တွင်းရေးမှူး(၁) ဦးကျော်ဌေးကထုတ်ဖော်ပြောကြားလိုက်သည်။

ကျောက်စိမ်း၊ ကျောက်မျက် အတုရောင်းချသည့်ဆိုင် တချို့ကိုဖော်ထုတ်အရေးယူရာတွင် သတ္တုတွင်းဝန်ကြီးဌာန၊ ကျောက် မျက်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန် ရှိသူများကပူးပေါင်းဆောင်ရွက် သွားမည် ဖြစ် ကြောင်း သိရသည်။ အတွင်းရေးမှူး(၁)ဦးကျော် ဌေးက''တချို့ကျောက်မျက်ဆိုင် တွေအနေနဲ့ အတုနဲ့အစစ်ရော ရောင်းတယ်။ အဓိကသူတို့က နိုင်ငံခြား သားတွေရောင်းတာ။ ဒီလိုနာမည် ထွက်တဲ့ဆိုင်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လိုက်စစ် ဆေးမယ်။ ကျောက်စိမ်း၊ ကျောက်မျက်အတုဈေးကွက်မှာ တွင် တွယ်ကျယ်ကျယ်မဖြစ်အောင် ကာကွယ်တဲ့ ရည်ရွယ်ချက်နဲ့လုပ် တာပါ။ မကြာခင်အချိန်မှာပဲ အ ကောင်အထည်ဖော်မှာပါ''ဟု ပြောသည်။

ကျောက်စိမ်း ကျောက်မျက် ရောင်းချသည့်ဆိုင်များမှ အတု ဝယ်လာမိသည် ဟုဆိုကာ တိုင် တန်းသည့်အမှုများမှာ ဆက် တိုက်မဖြစ်သော်လည်း ရံဖန်ရံခါ ဖြစ်တတ်သည့် သဘောများရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး မှ အဆင့်မြင့် ရဲ အရာရှိ ကြီး တစ် ဦးကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးရဲ ရုံးမှတာဝန်ရှိသူတစ်ဦးက''တချို့ ကဝယ်ပြီးမှအလိမ်ခံလိုက်ရမှန်း သိပေမယ့် သက်ဆိုင်ရာမတိုင်တဲ့ သူတွေလဲရှိတယ်။ အဲဒီလိုကျောက် မျက်အတုလိမ်ရောင်းတဲ့ အမှုတွေ ကခဏခဏမဖြစ်ပေမယ့်ဖြစ် လိုက်ရင်တော့လဲ တန်ဖိုးကမနည်း ဘူး'' ဟုပြောသည်။

ကျော်မြတ်ဇံ
Yangon Media Group

ကျောက်မျက်ရတနာအစစ်များရောင်းချပေးနေသည့် ပြပွဲတစ်ပွဲကို တွေ့ရစဉ်။ File Photo:Ye Naung(Phe`Khon)