This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, July 4, 2013

"pod2g" က iOS 7 ဟာ သိပ်ကို စိတ်ပျက်စရာကောင်းလွန်းလို့  Android လမ်းကြောင်းပေါ် ပြောင်းချင်စိတ် ဖြစ်နေပြီလို့  သူ့ ရဲ့  Twitter မှာ ရင်ဖွင့်

iOS များကို Jailbreak လုပ်နိုင်ရန် အစဉ်တစ်စိုက် အမြဲကြိုးပမ်းနေကြသော iOS hackers အကျော်အမော်ကြီးများထဲမှ တစ်ဦးဖြစ်သူ၊ Greenpois0n နှင့် မကြာသေးမီကမှ ဖွဲ့ စည်းထားသော Evasi0n တို့ ၏ အဖွဲ့ သား တစ်ဦးဖြစ်သော "pod2g" က iOS 7 ဟာ သိပ်ကို စိတ်ပျက်စရာကောင်းလွန်းလို့  Android လမ်းကြောင်းပေါ် ပြောင်းချင်စိတ် ဖြစ်နေပြီလို့  သူ့ ရဲ့  Twitter မှာ ရင်ဖွင့်လိုက်ပါတယ်...
သူ့ ရဲ့  ရင်ဖွင့်သံကတော့...

iOS 7 Beta 1 ကို ရက်အနည်းငယ်လောက် စမ်းသပ်လိုက်ပြီးတဲ့နောက်မှာ ကျွန်တော် Android လိုင်းကို ပြောင်းချင်စိတ် ဖြစ်လာတယ် ဆိုတာ ဝန်ခံရမှာပဲ...

Apple ရဲ့  လုပ်ဆောင်မှု သက်တမ်းတစ်လျှောက်လုံးမှာ ဒီ iOS က အဆိုးရွားဆုံးပါပဲ..

iOS 7 ရဲ့  ဒီဇိုင်းက ညံ့တယ်၊ သုံးရတာ လေးတယ်၊ အဆိုးဆုံးက ဘက်ထရီ အတော် စားတယ်။
UI (User Interface) မှာလဲ Bugs တွေ အပြည့်နဲ့  Crash လဲဖြစ်တယ်။

ရှိပါစေတော့လေ ဒါက Beta 1 version ဆိုတော့...

ဒါပေမယ့် iOS 7 ရဲ့  Features တွေကို ကြည့်ပြီးတော့ ကျွန်တော် တော်တော် စိတ်ပျက်မိတယ်၊ ကလေးပန်းချီလို ဆေးရောင် လှလှခြယ်ထားတာက လွဲရင် ဘာမှလည်း ထွေထွေထူးထူး ပြောင်းလဲမှု အသစ်မရှိဘူး။

ဒါနဲ့ တောင် သူတို့ ရဲ့  software ကို "Amazing" တဲ့ Apple က လူတွေကို သိမ်းသွင်းတဲ့နေရာမှာတော့ "စံပဲ"..
ဘာပဲဖြစ်ဖြစ် "pod2g" လို Hacker တစ်ယောက် တစ်ကယ် စိတ်ပြောင်းသွားရင်တော့ Jailbreak အသိုင်းဝိုင်း အတွက် အများကြီး နစ်နာစရာ ရှိပါတယ်။

Apple က နောက်ထပ် ထုတ်ပေးမယ့် iOS 7 အပေါ်မှာ ကျေနပ်မှုရပြီး ပြောင်းရွှေ့  မသွားပါစေနဲ့  လို့ ပဲ ဆုတောင်းရတော့မှာပေါ့....

COPY.......မိုးသကြား

Credit to : iClarified

Tuesday, July 2, 2013

ကာလုံ အစည်းအဝေး ကျင်းပ


Tuesday, July 2, 2013

သမ္မတ၊ လွှတ်တော် ဥက္ကဌ တွေနဲ့ ကာကွယ်ရေး ဝန်ကြီး စတဲ့ ဝန်ကြီး တွေနဲ့ စစ်ဦးစီးချုပ် တို့ ပါဝင်တဲ့ အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေး ကို တနင်္လာနေ့ က ကျင်းပ ခဲ့ပါတယ်။

အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေး အမြန် ခေါ်ဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က သမ္မတ ဆီ ဇွန်လ ၂၅ ရက်နေ့ က သဝဏ်လွှာ ပို့ခဲ့တာပါ။

အစိုးရနဲ့ လွှတ်တော် ကြား ဆက်ဆံရေးမှာ အပြန်အလှန် နားလည်မှု လွဲနေတာကို ရှင်းပြဖို့ သူရ ဦးရွှေမန်းက လိုလား တယ်လို့ သီပေါ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ဘီဘီစီကို ပြောပါတယ်။

မြန်မာ နိုင်ငံမှာ ဆက်သွယ်ရေး ဥပဒေ မပြဌာန်း ရသေးဘဲ ပြည်တွင်း ပြည်ပ ကုမ္ပဏီ တွေကို ဆက်သွယ်ရေး လုပ်ငန်းတွေ လုပ်ခွင့် မပြုရေးနဲ့ ပတ်သက် လို့ လွှတ်တော်နဲ့ အစိုးရ ကြား မကျေမလည် ဖြစ်နေတဲ့ ကိစ္စ၊ တိုင်းရင်းသား အဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး စတာ တွေကို ဒီအစည်းအဝေးမှာ ရှင်းလင်း ဆွေးနွေးမယ်လို့ ယူဆကြောင်း သူက ပြောပါတယ်။

အစိုးရ နဲ့ လွှတ်တော်ကြား အားပြိုင်မှု ကို ရှောင်လွှဲလို့ မရကြောင်း၊ ဒါဟာ Check and Balance အပြန်အလှန် ထိန်းညှိ နိုင်တဲ့ နိုင်ငံရေး စနစ် ဖြစ်ပြီး လုပ်ထုံး လုပ်နည်းနဲ့ အညီ ဆောင်ရွက် သွားဖို့ လိုတယ် လို့ ဦးရဲထွန်းက ပြောပါတယ်။

ဘီဘီစီ(မြန်မာပိုင်း)

Thit Htoo Lwin - News

သံတွဲက ချမ်းသာတဲ့ မွတ်ဆလင်မိသားစု တချို့ မြို့ကို စွန့်ခွာ



Tuesday, July 2, 2013

(နိရဉ္စရာ- ၁ ဇူလိုင် ၂၀၁၃)

ရခိုင်ပြည်နယ် သံတွဲမြို့မှာ မနေ့က ဆူပူ တိုက်ခိုက်မူတွေ ဖြစ်ပွားခဲ့ပြီးတဲ့ နောက် လုံခြုံရေး စိုးရိမ်ရတဲ့ အတွက် ချမ်းသာတဲ့ မွတ်ဆလင် မိသားစု တချို့ အိမ်ကိုစွန့်ခွာပြီးး သံတွဲကနေ  ရန်ကုန်ကို လေယာဉ်နဲ့ ထွက်ခွာသွားကြတယ်လို့ သတင်း ရရှိပါတယ်။

ဒီကနေ့ ထွက်ခွာသွားတဲ့ သူတွေထဲမှာ ရွှေစင် သဂီင်္ မိသားစု၊ ကိုအောင်စိုး မိသားစုနဲ့ မီးရှို့ခံရတဲ့ အတွက် အိမ်မီးထဲပါသွားတဲ့ ဒေါ်ဝင်းကြည်တို့ မိသားစုတွေ ဖြစ်ကြတယ်လို့ သံတွဲ ဒေသခံ တစ်ဦးက ပြောပါတယ်။

သံတွဲမှာ လုံခြုံရေးတွေ တင်းကျပ်ထားပြီး လူစု လူဝေး မလုပ်ရ၊ ညမထွက်ရ ဆိုတဲ့ ဒေသန္တာရ ဥပဒေ ထုတ်ပြန်ထားပေမယ့် လုံခြုံရေး မရှိတဲ့ မြို့ပြင် ရပ်ကွက်တွေမှာ လူတွေကတော့ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

အခုလောလောဆယ် သံတွဲမြို့ထဲက ဒွာရ၀တီ တံထားထိပ်၊ ဆေးရုံရှေ့၊ မာဂလမ်းတို့မှာ လုံခြုံရေးတွေ ချထားပေမယ့် မြို့သစ်ရပ်ကွက်တွေမှာ လုံခြုံရေး  မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ လုံခြုံရေးအရ ဟာနေတဲ့ နေရာတွေမှာ စိုးရိမ်ရတယ်လို့ ပြောပါတယ်။

သံတွဲရဲစခန်း တာဝန်ကျသူ တစ်ဦးကတော့ အခြေအနေ တည်ငြိမ်သွားပြီး ဘာမှ ကြီးကြီးကျယ်ကျယ် ဖြစ်တာ မရှိဘူးလို့ ပြောပါတယ်။ ဒါ့ပြင် မတော်မတရား ပြုကျင့်သူလို့ စွပ်စွဲခံထားရတဲ့ မွတ်ဆလင် နှစ်ဦးကိုလည်း ဖမ်းဆီးပြီး စစ်ဆေးနေတယ်လို့ ပြောဆိုပါတယ်။

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရဲ့ ထုတ်ပြန်တဲ့ သာစွဌာနေ ရခိုင်ပြေ Facebook မှာတော့ မတော်မတရား ပြုကျင့်သူလို့ စွပ်စွဲ ဖမ်းဆီးခံရသူ (၂) ဦး ကမန်လူမျိုး အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

သံတွဲရဲစခန်းမှာ သူတို့ (၂) ဦးကို စစ်ဆေးမေးမြန်းတာတွေ ဆောင်ရွက်နေပြီး တည်ဆဲ တရာဥပဒေနဲ့ အညီ အမြန် အရေးယူ တရားစွဲဆို နိုင်ရေး အတွက် သံတွဲရဲစခန်းမှာ (ပ)၃ရ/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၇၆ နဲ့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

မနေ့ တိုက်ခိုက်မူ ဖြစ်ပွားရာမှာ သံတွဲမြို့ ဒွာရ၀တီ မြို့သစ်က မွတ်ဆလင် ဘာသာဝင် အိမ် (၅) လုံးခန့် မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး အဲဒီအထဲမှာ သူနာပြုဆရာမဟောင်း ဒေါ်ဝင်းကြည် အိမ်နဲ့ ဦးမျိုးသစ်ရဲ့ အိမ်က လုံးဝ မီးထဲပါသွားခဲ့ပြီး ကျန် အိမ် (၃) လုံးကတော့ တချို့တ၀က် ပျက်စီးသွားတယ်လို့ ပြောပါတယ်။

ဒီလို တိုက်ခိုက်မူတွေ ဖြစ်ပွားခဲပြီးတဲ့နောက်ပိုင်းမှာ မြို့ဝင် မြို့ထွက်လမ်းတွေကိုလည်း ပိတ်ထားလိုက်ပြီး ရခိုင်ပြည်နယ် အစိုးရ ၀န်ကြီး (၂) ဦး အပါအ၀င် တစ်ခြား အရာရှိကြီးတွေလည်း အကြမ်းဖက် ဆူပူတွေကို တားဆီးနိုင်အောင် သံတွဲမြို့ကို ရောက်ရှိနေတယ်လို့ ပြောပါတယ်။

သံတွဲသူ တစ်ဦးကတော့ ခုလို ဖြစ်ပျက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ သံတွဲရဲ့ အခြေအနေက ပုံမှန်လိုဘဲ တည်ငြိမ်နေပေမယ့် သူမတို့ အနေနဲ့ တစ်ခုခု ဆက်ဖြစ်လာမလားဆိုပြီး စိုးရိမ်မူတွေ ရှိနေတယ်လို့ ပြောကြားပါတယ်။

Thit Htoo Lwin - News

Monday, July 1, 2013

စနိုက်ပါပစ်တဲ့ အခါ လေတိုက်နှုန်း နဲ့ နှလုံးခုံသံကိုပါထိန်းသိမ်းပြီးပစ်ခတ်ရမှာဖြစ်ပါတယ်Shooting club 2: Gold v3.2.29(24Mb)For Android(update)

Shooting club 2: Gold v3.2.29(24Mb)For Android(update)
====================================
သေနတ်ပစ်ဝါသနာပါတဲ့လူတွေပစ်ခတ်နိုင်ပါပြီ။ဘယ်သူကပိုပြီးလက်ဖြောင့်သလဲဆိုတာကိုကိုယ်တိုင်ဝင်ရောက်ကစားပြီးစမ်းသပ်နိုင်ပါပြီ။

စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။စနိုက်ပါပစ်တဲ့ အခါ လေတိုက်နှုန်း နဲ့ နှလုံးခုံသံကိုပါထိန်းသိမ်းပြီးပစ်ခတ်ရမှာဖြစ်ပါတယ်။

ပစ်မှတ်တွေကိုဘယ်သူက မလွတ်တမ်းပစ်နိုင်မလဲစမ်းကြည်လိုက်ကြပါ။။တကဲ့ကိုအပြင်မှာကိုယ်တိုင်ပစ်ခတ်နေရသကဲ့သို့ခံစားရမှာပါ။ဒီဆော့ဝယ်လေးကိုGoogle Play Store တွင် us$1.49ဒေါ်လာဖြင့်ဝယ်ယူရမည်ဖြစ်ပြီး Myanmar Mobile Application Store မှာတော့Freedownload ရယူကစားနိုင်ပါပြီ။အောက်ကလင့်ခ်တွင်ရယူပါ။
http://www.myanmarmobileapp.com/2013/07/01/shooting-club-2-gold-v3-2-2924mb/

Android ဖုန်းမှာ Viber လို စကားပြော ချက်တင်လုပ် အသံဖိုင်ပို့ ရတဲ့ FPP



Viber လိုပဲ အကုန်ရပါတယ် ဖုန်းထဲထည့်ရင် Viber လို ကုဒ်ရိုက်စရာမလို

ဖုန်းနံပတ်ထည့်တာနဲ့ သုံးရပါတယ် ကောင်းတယ်ဆိုလို့ စမ်းသုံးနေတာ

မြန်မာပြည်က လူတွေ ပြောနေတာနဲ့ အသုံးပြုရင် မျှဝေလိုက်ပါတယ်

လက်တွေ့ သုံးကြည်ချင်ရင် အောက်ကလင့်မှာ Download ယူနိုင်ပါတယ်

http://www.zwmnna.com/2013/07/android-viber-freepp.html

ဦးရဲထွဋ် ပြောတဲ့ ဒီကနေ့ဖြစ်ပွားခဲ့တဲ့ သံတွဲအခြေအနေ

Sa Maung shared April Maung Maung's photo.

Sunday, June 30, 2013

သမ္မတ ပြောခွင့်ရ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ပြောတဲ့ ဇွန်လ ၃၀ ရက်နေ့ သံတွဲမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေပါ။ လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ အသိပေးထားတာပါ။



သံတွဲမှာ အမျိုးသမီးတစ်ဦး ကို စော်ကား တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွား
ခဲ့ပါတယ။်

မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ခရိုင်ပြန်ဆက် မှ ကနဦး စုံစမ်းသိရှိရတဲ့သတင်းများအရ ဇွန် ၂၉ ရက်နေ့ မှာ တောင်ကုတ်ကနေ သံတွဲ ကို အဝေးပြေးကားနဲ့ ရောက်လာတဲ့ အမျိုးသမီးတစ်ဦးဟာ ဆိုင်ကယ်ကယ်ရီနဲ့ လိုက်သွားပါတယ်။

ဇွန် ၃၀ ရက်နေ့ နေ့လည်မှာ အဲဒီအမျိုးသမီးတစ်ယောက်တည်းငိုနေတာတွေ့တဲ့သူများက ညနေ ၄ နာရီမှာ ရဲစခန်းကိုလာပို့ပါတယ်။ အဲဒီအမျိုးသမီးက သူ့ကို ဆိုင်ကယ်ကယ်ရီသမားနဲ့ အခြားသူ တစ်ဦးက စော်ကားတယ်လို့ တိုင်ကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီအမျိုးသမီးကို အခြားဘာသာဝင်တစ်ဦးက စော်ကားတယ်ဆိုတဲ့ သတင်းစကားများ ပြန့်နှံ့ သွားတဲ့အတွက် ညနေငါးနာရီခန့်မှာ လူငါးဆယ်ခန့် ရဲစခန်းကို လာရောက် စုဝေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ဆဲဖြစ်ကြောင်း ရှင်းပြပြီး လူစုခွဲခိုင်းခဲ့ပါတယ်။

ဒါပေမယ့် ည ၇ နာရီကျော်မှာ မြို့သစ်ရပ်ကွက်မှာ အိမ်နှစ်လုံးမီးရှို့မှုဖြစ်ပွားခဲ့ကြောင်း၊ မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း သိရပါတယ်။

အခုအချိန်မှ ဒေသအာဏာပိုင်များက ညမထွက်ဖို့ လှည့်လည်ကြေညာနေပြီး မြို့ ၀င်ထွက်လမ်းများကို လည်း ပိတ်ထားကြောင်းသိရပါတယ်။

ပြစ်မှုကျူးလွန်သူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဥပဒေနဲ့ အညီဖော်ထုတ်အရေးယူနိုင်ဖို့ ဆောင် ရွက် နေပါတယ်။

အိမ့်သံစဉ်
1.7.2013

( နာကျင်နိုင်သော မေတ္တာရှင်.......)

Lu Bo shared ကွန်ဆူး မား's photo.



သာမန် လူတစ်ယောက်သည် ... နာကျင်မှုပမာဏ ၄၅ ယူနစ်လောက်သာ ခံနိုင်ရည်ရှိတယ်တဲ့.....။

သာမန်ထက်ပိုရင်တော့ ဒဿမလောက် ဂဏန်းလေးတွေ တိုးပြီး ခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။

သို့သော်လည်း တစ်ချို့ သော လူသားများကတော့ နာကျင်မှု ၅၇ ယူနစ်လောက်ကို ခံစားနိုင်ကြပါတယ်တဲ့....။

အဲဒီ နာကျင်မှု ပမာဏကလည်း အရိုးအချောင်း ၂၀ လောက် တစ်ပြိုင်တည်း ကျိုးသွားတဲ့ ခံစားမျိုး ဖြစ်ပါတယ်.... တဲ့

တစ်ချို့ ဆိုရင် အဲဒီလို နာကျင်မှုမျိုးကို ဘ၀မှာ တစ်ကြိမ်၊ နှစ်ကြိမ်ကနေ အကြိမ်ပေါင်းများစွာ ခံစားကြရတယ်လို့ ဆိုပါတယ်...။

ဒါပေမဲ့ သူတို့ဟာ နာကျင်ပြီးတဲ့ အချိန်ကျော်လွန်တာနဲ့ ဒီလိုနာကျင်မှုတွေကို သတိမရတဲ့အပြင် ကြောက်လန့်ခြင်းလည်း မဖြစ်ဘူး.... တဲ့။

အဲဒါ ဘယ်လို လူတွေလဲ နောက်ပြီး ဘာကြောင့် နာကျင်မှုကို ကြောက်လန့်ခြင်း မဖြစ်ရတာပါလဲ.... ဖြေကြည့်ပါ...... တဲ့။

ဆရာဝန်လောင်း တူလေး တစ်ယောက်က မေးခဲ့တဲ့ မေးခွန်းလေးပါ။

သူမေးတဲ့ အတိုင်းဆိုရင် သာမာန်အားဖြင့် မဖြစ်နိုင်တဲ့ သိပ်မြင့်လွန်းတဲ့ နာကျင်မှု ဝေဒနာ ခံစားချက်ပဲပေါ့..... သာမာန်လူတစ်ယောက်အနေဲ့ ဒီလောက်တောင် ခံနိုင်ရည်ရှိသလားလို့ အံ့သြမှုတွေလည်း ဖြစ်ခဲ့ရတယ်....။

သာမန်အားဖြင့် နှင်းဆီပန်းလောက် ဆူးလေး စူးတာ၊ သွားကိုက်တာ.... အကြောညပ်တာ စတဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ နာကျင်မှုလေးတွေကိုတောင် လူသားတွေဟာ ခံစားနိုင်ဖို့ ခက်ခဲကြတာကို တွေ့ရှိနိုင်ပါတယ်...။

ဒီလို အရိုး အချောင်း ၂၀ လောက် နာကျင်မှုတွေကို အမြဲလိုလို ကျေကျေနပ်နပ် လက်ခံနေတတ်တဲ့ လူသားတွေကိုတော့ ``မဟာသတ္တိရှင်ကြီးများ´´အဖြစ် လက်ခံရမှာဖြစ်သလို နာကျင်မှုကို ဘာလို့ လက်ခံသလဲ ဆိုတဲ့ မေးခွန်းကလည်း မေးစရာ ဖြစ်လာပါတယ်....။

ဒီလို နာကျင်မှုနဲ့ ပတ်သက်ပြီး ဘာကြောင့်လဲ ဆိုတဲ့ ဒွိဟစိတ်၊ သံသယစိတ်ကလေးထဲမှာ အဖြေရှာကြည့်တော့....

ဒီနာကျင်မှုမှာ ကျေနပ်စရာ အကြောင်းလေး ရှိနေလို့ဆိုတဲ့ အဖြေကို လက်ခံရရှိခဲ့ပါတယ်...။

ဒီလောက်ပြင်းပြင်းထန်ထန် နာကျင်နေတာတောင် ဘာမှမဖြစ်ဘူးလို့ ယူဆရတဲ့အခါမှာ ဒီလိုနာကျင်မှုဟာ အရိုး အချောင်း ၂၀ ကျိုးတာ မဟုတ်ဘူးလို့လည်း တွေ့ရတယ်...။ ဒါဆိုရင်......

အရိုးကျိုးတာ မဟုတ်လို့ အခြား ကိုယ်တွင်း အင်္ဂါနဲ့ ဦးခေါင်းပိုင်းဆိုရင်လည်း အသက်သေဆုံးနိုင်လောက်တဲ့ ရောဂါပါပဲ......။ ဒီတော့ ကိုယ်တွင်းအင်္ဂါနဲ့ ဦးခေါင်းပိုင်း ဝေဒနာလည်း မဟုတ်ဘူးပေါ့......။ ဒါဆိုရင်........

နောက်ပြီး နာကျင်ပြီးတဲ့ အချိန်ကျော်လွန်တာနဲ့ ဒီလိုနာကျင်မှုတွေကို သတိမရတဲ့အပြင် ကြောက်လန့်ခြင်းလည်း မဖြစ်ဘူး ဆိုတော့ မေ့ပစ်နိုင်လောက်တဲ့ အကြောင်းတရား ရှိနေတယ်ဆိုတာကို တွေ့ရတယ်...။ ဒါဆိုရင်.....

နောက်ထပ်တစ်ခါ အဲဒီလို နာကျင်မှုမျိုးကို ဘ၀မှာ တစ်ကြိမ်၊ နှစ်ကြိမ်ကနေ အကြိမ်ပေါင်းများစွာ ခံစားကြရတယ်တဲ့......။ ဒါဆိုရင်.....

သူရဲ့ ဆေးပညာဆိုင်ရာနဲ့ မနုဿဗေဒဆိုင်ရာ တွေးခေါ်မှုအရ လူမှာ ကျားနဲ့ မ ဆိုပြီး နှစ်မျိုး ရှိတဲ့ အနက်က အမျိုးသားတွေဟာ ဒီလိုနာကျင်မှုတွေကို မလွဲမသွေ ရင်ဆိုင်လိုက်ရတဲ့အခါ နောက်တစ်ကြိမ်ထပ်မံခံစားနိုင်ဖို့ထက် တိုက်ခိုက်ဖို့ကို စိတ်အား ထက်သန်ကြမယ် ဖြစ်အောင်လည်း တိုက်ခိုက်ကြမယ်၊ အမျိုးသမီးတွေကတော့ သူတို့အတွက် နာကျင်မှုကို အစားထိုးနိုင်တဲ့ ခံစားချက်မျိုးရှိနေရင် အကြိမ်ဘယ်လောက်ပဲ နာကျင်ရပါစေ သည်းခံနိုင်ကြတယ်ဆိုတော့ ဒီလိုနာကျင်မှုကို ခံစားနိုင်တဲ့သူဟာ အမျိုးသမီးတွေ ဖြစ်သွားတယ်.....။

နောက်တစ်ခါ ( အမျိုးသမီးတွေမှာ) ဒီလို နာကျင်မှုကို ခံစားကျော်လွန်ပြီးတာနဲ့ ဒီခံစားချက်ကို မေ့ပစ်နိုင်လောက်တဲ့ အစားထိုးကျေနပ်စေခြင်း ဘာဖြစ်မလဲ... လို့ စဉ်းစားလိုက်တော့ နာနာကျင်ကျင် အသက်နဲ့ ရင်းပြီး မွေးလိုက်ရတဲ့ ရင်သွေးလေးရဲ့ မျက်နှာနဲ့ ငိုသံလေးပဲပေါ့.....။ ပြီးတော့ အရိုး အချောင်း ၂၀လောက် တစ်ပြိုင်တည်းကျိုးသွားသလို ခံစားရပေမဲ့.... အရိုးကျိုးတာ မဟုတ်တဲ့ အပြင် သေစေနိုင်လောက်တဲ့ ကိုယ်တွင်း အင်္ဂါနဲ့ ဦးခေါင်းပိုင်း ပျက်စီးစေခြင်း မဟုတ်တဲ့အတွက် ဒါဟာ ကလေး မွေးဖွားခြင်း ဝေဒနာပဲပေါ့......။

လူသားတွေနဲ့ အခြေခံ အချက်အလက်တွေ အားလုံးခြုံပြီး စဉ်းစားကြည့်မိတော့..... ဒါဟာ မီးဖွားလိုက်ရတဲ့ မိခင်တွေရဲ့ အခြေအနေကို ရည်ညွှန်း ထားတာ ဖြစ်နေတယ်ဗျ.....။

မိခင်တွေ ဆိုတာက နည်းမှန် လမ်းမှန် သားသမီးတစ်ယောက်ကို ကောင်းမွန်စွာ မွေးဖွားဖြစ်ခဲ့လျှင် မွေးဖွားပြီးတိုင်းမှာ တုနှိုင်းမရတဲ့ ပျော်ရွှင် ကျေနပ်ခြင်းတွေကို ရရှိတတ်ကြလေတော့ သားသမီးတွေ ဘယ်လောက် မွေးမွေး သူဟာ ဒီလို နာကျင်မှုတွေကို ရင်ဆိုင်နိုင်တယ်ဆိုတာ အံ့သြစရာတော့ မရှိပါဘူး...။


တကယ်တော့ မိခင်ဆိုတာ နာကျင်မှု ပမာဏ ၅၇ ယူနစ်လောက်ကို မပြောနဲ့.... ကိုယ်ဝန်ဆောင်ထားစဉ်မှာပင် တစ်နေ့ကို သုံးကြိမ်လောက် သေမင်းကို မျက်စ ပစ်ပြနေတယ်ဆိုတဲ့ စကားလေးအတိုင်း မိခင်ဟူသည် သားသမီးများအတွက် လူမဖြစ်မီကပင် အသက်ကို ရင်း၍ ချစ်မြတ်နိုးခဲ့သူ မဟာလူသားတစ်ဦး ဖြစ်ပါကြောင်း ဂုဏ်ပြုလျှက်.......

(ကွန်ဆူးမား)(၃၀-၆-၂၀၁၃)

မွတ်ဆလင် ဆယ်ကျော်သက်အရွယ် မိန်းကလေး နှစ်ဦး မိုးရေထဲထွက် သီချင်းဆို ကခုန်ခဲ့ခြင်း အတွက် အမျိုးဖျက်သည်ဟု စွပ်စွဲခံရပြီး သေနတ်ဖြင့် ပစ်သတ်ခံရ

Sa Maung shared Zaw Lwin Win's photo.

=======================================================

လွန်ခဲ့သော တနင်္ဂနွေနေ့က ပါကစ္စတန် နိုင်ငံ Gilgit-Baltistan မြို Chilas ဒေသ၌ ဆယ်ကျော်သက် အရွယ် မိန်းကလေးနှစ်ဦးက မိုးရွာနေစဉ် အပြင်ထွက်ကာ ကခုန်ပြီး မိမိကိုယ်မိမိ ဗွီဒီယို ရိုက်ခဲ့သဖြင့် "အမျိုးဖျက်သည်" ဟု စွပ်စွဲခံရကာ သေနတ်ဖြင့် ရက်ရက်စက်စက် ပစ်သတ် ခံခဲ့ရကြောင်း ဒေးလီးမေးလ် သတင်းစာအရ သိရသည်။

အသက် ၁၅ှစ်အရွယ် အမျိုးသမီးလေး Noor Basra နှင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်လေး Noor Sheza ဆိုသော မွတ်ဆလင် ညီအစ်မ နှစ်ဦးသည် ဘာသာရေး ၀တ်စုံများ အပြည့်အစုံ ၀တ်ဆင်ပြီးမှ အခြား ကလေးငယ် နှစ်ဦးနှင့်အတူ ၄င်းတို့၏ အိမ်ရှေ့ တွင် ကခုန် ခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ မိုးရေထဲတွင် ကခုန်ခြင်း၊ ကခုန်နေပုံကို ဖုန်းဖြင့် ဗွီဒီယို ဓါတ်ပုံရိုက်ခြင်းမှာ ကြီးမားသော ပြစ်မှု တစ်ခုကို ကျူးလွန်ခြင်းဖြစ်သည်ဟု ပါကစ္စတန်၏ မွတ်ဆလင် ဘာသာရေး အစွန်းရောက် များ၏ စွပ်စွဲခြင်း ခံရသည်။
အဆိုပါ မိန်းကလေး နှစ်ဦး၏ နေအိမ်သို့ သေနတ်သမား ငါးဦး ရောက်လာပြီး မိခင်နှင့် ယှဉ်တွဲထိုင်နေစဉ် သေနတ်ဖြင့် ရက်ရက်စက်စက် ပစ်သတ်ခဲ့ကြသည်။

အမှုကို ကိုင်တွယ်သော ရဲအရာရှိက အဆိုပါ တိုက်ခိုက်မှုမှာ အမျိုးသမီးငယ် နှစ်ဦးကို ရည်ရွယ်ချက် ရှိရှိဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အမျိုးဖျက်သည်ဟုစွပ်စွဲပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကာ လူသတ်မှုအတွက် အဓိက စီစဉ်သူမှာ သူမတို့၏ ပထွေး၏သား Khutore ဆိုသူက စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သော နှစ်ကလည်း တာလီဘန် မွတ်ဆလင် များက ပါကစ္စတန်နိုင်ငံ Kohistan မြို့တွင် အနည်းဆုံး မိန်းကလေး လေးဦးကို မင်္ဂလာဆောင်ပါတီတွင် ယောက်ကျားလေး တစ်ဦးနှင့်အတူ သီချင်းဆိုခြင်း၊ ကခုန်ခြင်းတို့အတွက် အပြစ်ရှိသည်ဟု စွပ်စွဲကာ သတ်ဖြတ်ခဲ့သေးသည်။

( ဇော်လွင်ဝင်း ဘာသာပြန်ဆိုသည်။ )

ရွှေဈေးနှုန်းများ စံချိန်တင် ကျဆင်းရန် ဦးတည်လျက်ရှိ


စင်ကာပူ ဇွန် ၂၉

ရွှေဈေးနှုန်းသည် ဇွန် ၂၇ ရက်က တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ၁၂ဝဝ အောက် ကျဆင်းခဲ့ရာ ယင်းကျဆင်းမှု နှုန်းသည် ၁၉၆၈ ခုနှစ်မှ စ၍ ပထမဆုံး အကြိမ် အဆိုးရွားဆုံး ကျဆင်းမှု အဖြစ် စံချိန် တင်ရန်  ဦးတည်လျက် ရှိကြောင်း

သိရသည်။ အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ ဘန်ဘာနက်သည် စီးပွားရေး ပြန်လည် နာလန်ထူမှုကို ထောက်ပံ့ပေးသော လစဉ် ငွေချေးစာချုပ် ဝယ်ယူမှုအား အမေရိကန် ဒေါ်လာ ၈၅ ဘီလီယံ အထိ လျှော့ချရန် နည်းဗျူဟာ တစ်ရပ်ကို ပြဋ္ဌာန်း ခဲ့ပြီးနောက် အခေါက်ရွှေ ဈေးနှုန်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်မှ စ၍ ၁၅ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့သည်။ အရန် ရွှေဈေးနှုန်းသည် ဇွန် ၂၈ ဂရင်းနစ် စံတော်ချိန် ၁ နာရီ မိနစ် ၅ဝ က တစ်အောင်စလျှင် သုည ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၁၉၁ ဒသမ ၇၉ အထိ ကျဆင်း ခဲ့သောကြောင့် သုံးနှစ်တာ ကာလအတွင်း အနိမ့်ဆုံး အဆင့်သို့ လျော့ကျခဲ့ကြောင်း အမေရိကန် ရွှေဈေးနှုန်းသည် အမေရိကန် ဒေါ်လာ ၁၁၉၂ ဒသမ ၁ နီးပါး အထိ  ကျဆင်းခဲ့ကြောင်း သိရသည်။

Written by  အာကြီး (မြ၀တီ)


မြန်မာတပ်အချင်းချင်းမှားယွင်းတိုက်ခိုက်မှုကြောင့် ၉ ဦးထက်မနည်းသေ

Sunday, June 30, 2013

 ၂၉ရက်နေ့ ဇွန်လ ၂၀၁၃  —  သျှမ်းပြည်တပ်မတော် SSPP/SSA နယ်မြေအတွင်း မြန်မာအစိုးရတပ်အချင်းချင်း မှားယွင်းပစ်ခတ်သည့်တိုက် ပွဲကြောင့် ၉ ဦးထက်မနည်းသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရှိသည်ဟု ဆိုသည်။

“ရန်သူက ဘုန်းကြီးကျောင်းထဲမှာရှိတယ်အထင်နဲ့ ကျောင်းနားရောက်တာနဲ့ ချတော့တာဘဲ။ လားရှိုးလက် အောက်ခံ တပ်က တိုက်ဖို့ အမိန့် ရထားတာကိုး။ တကယ်တော့ ရန်သူက ကျောင်းထဲမှာ မရှိတော့ဘူး။  ဗမာ စစ်တပ်ကဘဲ ဘုန်းကြီးကျောင်းထဲမှာ ရှိနေတာ ။အလူးအလဲခံလိုက်ရတဲ့တပ်က စကခ ၁၇ လက် အောက်ခံ တပ်ရင်းကလို့  သိရတယ်။   ဒီမှားယွင်းတိုက်ပွဲက နှစ်ဘက်စလုံး ၉ ယောက်သေတယ်။ ရမခ လက်အောက်ခံဘဲ ၁၀ ယောက်ကျော်တယ် ဒဏ်ရာရတာ” – ဟု အစိုးရတပ် နှင့် နီးစပ်သည့် သျှမ်းပြည်မြောက်ပိုင်း ပြည်သူ့စစ် အရာရှိတဦးက ပြောပါတယ်။

ဇွန် ၂၅ ရက်နေ့ နံနက်က ကျေးသီးမြို့မြောက်ဘက်  မိုင် ၃၀ ကျော် ဝမ့်ဝပ် ဘုန်းကြီးကျောင်း အတွင်းရှိနေသည့် ခမရ ၅၂၅ ၊ ခမရ ၅၆၉ တို့အား အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရမခ လက်အောက်ခံ ပူးပေါင်းအင်အား တပ်ရင်း ၃ ရင်းက နံနက် ရ နာရီမှ ၉ နာရီခွဲအထိ ဝိုင်းရံတိုက် ခိုက်ခြင်းဖြစ်သည်။

“အခုလောလောဆယ်တော့ တိုက်ပွဲမရှိတော့ဘူး။ ကားလမ်းမြောက်ဘက်ခြမ်းလာရင်တော့ ကျနော် တို့နဲ့  ထပ်ဖြစ် မှာဘဲ။ အခုသူတို့အချင်းချင်းမှားတိုက်တာကို ကျနော်တို့ တပ်စခန်းကို တက်သိမ်း သယောင်ဝါဒဖြန့်သေးတယ်။ ကျနော်တို့နဲ့ ၂၃-၂၄ ရက်က လာတိုက်တာလဲ သူတို့တအားသေတယ်။ သူတို့အချင်းချင်း မှားတိုက်တာလဲ ထပ်သေကြတယ်” – ဝမ့်ဟိုင်းမှ အရာရှိတဦးက ပြောပါသည်။

ဝမ့်ဟိုင်းအခြေစိုက် မြောက်ပိုင်း သျှမ်းပြည်တပ်မတော် SSPP/SSA နယ်မြေတွင် အစိုးရတပ်ရင်း ၂၀ ရင်းထက် မနည်း အင်အားဖြည့်လှုပ်ရှားနေသည်။

သျှမ်းသံတော်ဆင့်

Thit Htoo Lwin - News

ထိုင်းနယ်စပ်ရှိ ဝတပ်စခန်းများ စာရင်းပေးရန် မြန်မာတပ်မှူး ညွှန်ကြား




Sunday, June 30, 2013

သျှမ်းသံတော်ဆင့်သတင်းဌာန . ၂၉ရက်နေ့ ဇွန်လ ၂၀၁၃  —  သျှမ်းပြည် သံလွင်အရှေ့ခြမ်း ထိုင်းနယ်စပ် ပုံကျင်အခြေစိုက် အစိုးရတပ် စစ်ဗျူဟာမှူးက ၄င်းလက်အောက်ခံ နယ်မြေအတွင်း ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တပ်စ ခန်း ကြီး စခန်းငယ်စာရင်းများ အားလုံး ပေးအပ်ရန် ညွှန်ကြားထားသည်ဟု နီးစပ်သည့် သတင်းရပ်ကွက်ကပြောသည်။

“ကြာသပတေးနေ့က ပုံကျင်အခြေစိုက် ဗမာတပ်ဗျူဟာမှူးက ဝတပ်ကိုယ်စားလှယ် ကိုခေါ်ပြီး ညွှန် ကြား လိုက် တယ်။ အဓိက ကတော့ သူ့လက်အောက်ခံနယ်မြေ အတွင်းရှိ တဲ့ ဝ တပ်စခန်း တွေ ပေါ့။ ဘယ် တပ် စခန်းက လူသူလက်နက်အင်အားဘယ်လောက် အဲဒီ့အထိ ကို ပေးဖို့ တောင်းထားတာ။ ဝ တပ် က အေးဆေးဘဲ။ ပေးမဲ့ ပုံမပေါ်ဘူး” – ဟု ဝ တပ်မှူးကြီး တဦး နှင့် နီးစပ်သူ တဦးကပြောသည်။

သျှမ်းပြည်တောင်ပိုင်း သံလွင်မြစ်ကူးတံတား တာ့ဆန်းမှ တဆင့် အစိုးရတပ်များက လက် နက်ကြီးအပါအဝင် စစ်ကား ၂၀ စီး အား တောင်ပိုင်း ဝ နယ်သို့ ဂျွန်လ ၂၇ ရက်က ထပ် မံ ပို့ ဆောင် နေသည်ဟု လည်း သျှမ်းပြည်တပ်မတော် RCSS/SSA တပ်မှူး တဦးက ပြောပါ  သည်။

“အခုက ကျနော်တို့ သျှမ်းတပ်နဲ့ အပစ်ရပ်တယ်။ ဆက်ဆံရေးအထူး ကောင်းမွန်နေ တယ်။ ကျနော်တို့ ဥက္ကဌ ကလဲ သမ္မတနဲ့ဆွေးနွေးပြီးလို့ နေပြည်တော်ကနေ ပူပူ နွေးနွေး လေးပဲပြန်ရောက်တယ်။ အခုအခြေအနေမှာ ဝ တပ် နဲ့ စစ်ရေး တနေ့ထက် တနေ့ ပိုတင်းမာလာနေတယ်။ ကျနော်တို့နဲ့ ဝ နဲ့က တိုက်ဖို့လဲ ဖိအား ပေးလာ နိုင်တယ်။ အရင်ကလို  သျှမ်းပြည်သားအချင်းချင်း တိုက်ခိုက်မှုမဖြစ်အောင်တော့ ကျနော်တို့ အထူးရှောင် ရှားရမယ်။ သတိ ဝိရိယ ကြီးကြီးထားသွားရလိမ့်မယ်” – ဟု ဒေသအတွင်း တပ်မှူး ကြီးတဦးကပြောပါသည်။

လက်ရှိတွင်မြန်မာအစိုးရတပ်သည် ဝတပ်များအား တိုက်ခိုက်ဦးမည်မဟုတ်ကြောင်း၊ ဝတပ်များ သွားလာရေး ခက်ခဲအောင်၊  ဝမ်းရေးအတွက်နေထိုင်စားသောက်မှုခက်ခဲအောင် စစ်ရေးအရ ဖိအားပေးခြိမ်းခြောက် ခြင်းသာ ဖြစ်ကြောင်း – အဆိုပါတပ်မှူးက ပြောသည်။

“ဗမာတပ်က မိုင်းဆတ် – တာချီလိတ်ကြား လွယ်ဆမ်ဆုံ(မ်)မှာ ဂိတ်တခုထပ်တိုးချထားတယ်။ ဝ တပ် တွေ လက်နက်ကိုင်ဆောင် သွားလာခွင့်မပေးတော့ဘူး။ ကားပေါ်ပါ ပစ္စည်းလဲ အရမ်းစစ်ဆေးတယ်။ အရေးပါတဲ့ ဝတပ်စခန်းတချို့ကိုလဲ ဆုတ်ခိုင်းတာတွေရှိတယ်။ မိုင်းတုံမြို့တောင်ဘက် ၁၀ မိုင်ကျော် မယ့်ကဲင်း အရှေ့ဘက် မောက်စလီ မှာ ရှိတဲ့ လွယ်ကောင်းမူး ဝ တပ်စခန်းကို အစိုးရတပ် ဆုတ်ခိုင်း နေတယ်။ အဲဒီမှာ ဝ စခန်း နှစ်ခုရှိတယ်။ ဗမာတပ်က အဲဒီနား စခန်းတခု သွားချတယ်။ နှစ်ဘက်ချိန် နေတယ်” – ဟု ဝ တပ် နှင့် အစိုးရတပ်ပါနီးစပ်သည့် ဒေသအတွင်း ရပ်မိရပ်ဖ တဦး ကပြောသည်။

မိုင်းဆတ် မိုင်းတုံမြို့နယ်အတွင်း ထိုင်းနယ်စပ် တလျှောက်အခြေစိုက် တောင်ပိုင်း ဝ တပ်ဖွဲ့ အမှတ် ၁၇၁ စစ်ဒေသ၏ တပ်မဟာ ရ၇၂ ၊ ရ၇၅ ၊ ရ၇၈ ၊ ၅၁၈ နှင့် ၂၄၈ ဟူ၍ရှိ၏။ တပ်မဟာ တခုလျှင် ပျှမ်းမျှလူသူ လက်နက်အင်အား ၁,၅၀ဝ ရှိပါက တောင်ပိုင်း ဝ တပ်ဖွဲ့၏ စုစုပေါင်းအင်အားမှာ ၁၅,ဝ၀ဝ ထက်ပိုမည်မဟုတ်ဟု မြန်မာစစ်တပ်အရာရှိများက ခန့်မှန်းထားသည်ဟု ဆိုသည်။

သျှမ်းသံတော်ဆင့်

Thit Htoo Lwin - News

Internet Cafe ဆိုင်များအတွက် NetCafe 5.5 Full


Internet Cafe ဆိုင်များအတွက် NetCafe 5.5 Full Version ရလာလို့တင်ပေးလိုက်ပါတယ်.. အင်တာနက်ဆိုင်များအတွက် အသုံးအတည့်ဆုံးနဲ့ အသုံးအပြုဆုံး Software ဖြစ်ပါတယ်.. ဒီ Software မှာ ထိန်းချုပ်ရမယ့် ကွန်ပျူတာ အလုံးအရေကို အကန့်အသတ်မထားပါဘူး.. User တွေရဲ့ ကွန်ပျူတာတွေကိုလည်း Admin ကနေလှမ်းပြီး Shutdown လုပ်နိုင်တဲ့အတွက် User တွေအသုံးပြုတဲ့ Computer ဆီကို တကူးတကသွားပြီး Shutdown လုပ်ပေးနေစရာမလိုတဲ့အတွက် Power Saver  နောက်ပြီး ကျသင့်ငွေ တွက်ချက်ရာမှာနဲ့ အသုံးပြုသူရဲ့ Used Time ကိုတွက်ချက်ရာမှာ တိကျသေချာတဲ့အတွက် Customer တွေကို စိတ်ကျေနပ်မှုအပြည့်ရရှိစေမှာဖြစ်ပြီး ကိုယ့်ရဲ့ရပိုင်ခွင့်ကိုလည်း တိကျသေချာစေမှာဖြစ်ပါတယ်..

Key features:-
Unlimited number of computers
Remote Control of PC, shutdown and restart, task manager
Printer Control
Timer
Chat
Multi-User
Real-Time Keywords Monitor
Volume Control
Cafeteria Module

What's New :
Allow resizing of the main window.
Singles supports in the client counter.
Reports about any removed payments.
Preventing any modification of active running members.
Now you can change language from program setting.
Many bugs fixed.

အဆင်ပြေပါစေ..

မောင်ပေါက်

သံတွဲသတင်း ( ည ၁၀ နာရီ ) ၃၀/၆/၁၃

Kyaw Ko Kyaw shared မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ - mnmc's photo.
သံတွဲသတင်း ( ည ၁၀ နာရီ ) ၃၀/၆/၁၃

မီးရို့နေကြပါပြီ။ ဒွါရာဝတီရပ်ကွက်မှ ရခိုင်နေအိမ် (၁၀) ကျော် မီးထဲပါသွားပါပြီ။ သက်ဆိုင်ရာမှ မီးငြိမ်းသတ်ရန်ကြိုးစားလျက်ရှိ
ပါသည်။ လူ အသေအပျောက်အား မသိရသေးပါ။ နှစ်ဘက်အုပ်စု တိုက်ခိုက်လျက်ရှိကြပါသည်။ တောင်ကုတ်မှ တောင်ကုတ်သားများ ဆင်းလာကြသည်ဟု သိရပါသည်။ လမ်းတွင် တားဆီးခံထားရသည်ဟု သိရပါသည်။ သံတွဲတွင် ကုလားအင်အားက များသည်ဟု သိရှိရပါသည်။

Credit To -Aung Mra Kyaw

HIV ဖြစ်ဖြစ်ချင်း ဆေးသောက်ရေး WHO ပြောကြား


Monday, July 1, 2013

WHOရဲ့ လမ်းညွှန်ချက်ထဲမှာတော့ HIVပိုးရှိသူတွေ အနေနဲ့ ရောဂါနုတုန်း ဆေးစသောက်တာက ပိုထိရောက်နိုင်ပြီး လာမယ့် ၂၀၂၅ခုမှာ အေအိုင်ဒီအက်စ် ရောဂါသည် ပေါင်းသုံးသန်း အသက်ကယ် နိုင်မယ်လို့ ပြောထားပါတယ်။

ဆေးသုံးမျိုးစပ်တလုံးထဲကို HIV ပိုးရှိသူတွေကို သူတို့ခုခံမှု အားကောင်းနေတဲ့အချိန်မှာ တိုက်ကြွေးမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အယ်ဂျီးယား အင်ဂျင်တီးနားနဲ့ ဘရာဇီးတို့မှာ စသုံးနေပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ HIV ကူးစက်သူပေါင်း ၁၆သန်းကနေ ၂၆သန်းအထိ တိုးလာနေတဲ့အတွက် ဒီလိုဆေးစောတိုက်တဲ့ စနစ်ဟာ အဲဒီရောဂါသည်တွေ အတွက် အကျိုးရှိနိုင်တဲ့ ပေါ်လစီသစ်လို့လည်း WHO ကပြောပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အေအိုင်ဒီအက်စ် ရောဂါကုဖို့ အမေရိကန်ဒေါ်လာ သန်း၂၃၀၀လောက် ကုန်ကျနိုင်ပြီး အခု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့အစီအစဉ်အရ ၁၀ရာနှုန်းကုန်ကျ စရိတ်ပိုမြင့်လာဖို့ရှိပါတယ်။

နေ့စဉ်သောက်ရမယ့် တလုံးထဲပေါင်း ဆေးသုံးမျိုးထုတ်တဲ့ ကုမ္ပဏီကြီး၅ခုက တနှစ်ကို တယောက်ကိုဒေါ်လာ၁၂၇ ကျမယ့် အစီအစဉ် အတွက်ဈေးလျှော့ပေးဖို့လည်း ညှိနှိုင်းနေတုန်းဖြစ်ပါတယ်။

ဒီအစီအစဉ်အသစ်အရရောဂါပိုးရှိသူ အသက်၅နှစ်ကလေးများ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်တဲ့မိခင်တွေကိုလည်း ဆေးတိုက်ကြွေးမှာဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Thit Htoo Lwin - News

Sunday, June 30, 2013

မွန်ပြည်နယ် ပေါင်မြို့နယ် တွင် ရှေးဟောင်း ငွေဒင်္ဂါးနှင့် ရွှေလက်ကောက်၊ ငွေလက်ကောက် များ တွေ့ရှိ


            
မွန်ပြည်နယ် ပေါင်မြို့နယ် ကဒုံစီး ရပ်ကွက်၊ ကမော့မြောက်ကွင်း အမှတ် (၈၇၉)၊ ဦးပိုင်အမှတ်(၂)၊ ဦးအချိုမှုန့်- ဒေါ်ရေးတို့၏လယ်မြေတွင် အငှား ကောက်စိုက်နေသည့် ပေါင်မြို့နယ် ကဒုံစီးရပ်ကွက်၊

ကမ်းနားပိုင်း၊ အိမ်အမှတ် (၇ဝ)တွင် နေထိုင်သူ မောင်အောင်ဆန်းသည် ဇွန် ၂၅ ရက် ညနေ ၃ နာရီက လယ်မြေတွင် စပါးစိုက်ပျိုးရင်း မြေအိုး တစ်လုံးအား တက်နင်းမိသဖြင့် ဖော်ယူ ကြည့်ရှုခဲ့ရာမှ သင်္ကြန်အတာ အိုးပုံစံ မြေအိုးတစ်လုံး တွေ့ရှိခဲ့သည်။

အဆိုပါ အိုးအတွင်းမှ တစ်ပြားလျှင် ငါးကျပ် သားခန့် ရှိသော အချင်း ၂ လက်မခန့်ရှိ ဘဲဥပုံ ငွေပြား ၃၂ ပြား၊ အလေးချိန် စုစုပေါင်း တစ်ပိဿာ ၂ဝ ကျပ်သား၊ အချင်း ၂ လက်မခန့် ရှိပြီး လုံးပတ် ၁ လက်မခွဲ အလေးချိန် ၁ဝ ကျပ်သား ကျော်ရှိ သော ရွှေလက်ကောက် တစ်ကွင်း၊ အချင်း ၂ လက်မခန့် ရှိပြီး လုံးပတ် ၁ ဒသမ ၂ လက်မရှိသော အလေးချိန် ၁ဝ ကျပ်သားရှိ ငွေလက် ကောက်တစ်ကွင်း တို့ကို တွေ့ရှိခဲ့သည်။

မောင်အောင်ဆန်းနှင့် မိဘများက ၎င်းတို့ လက်ဝယ်ရရှိထားသော ရှေးဟောင်း ငွေဒင်္ဂါးနှင့် ရွှေလက်ကောက်၊ ငွေလက်ကောက် များအား ယနေ့ နံနက် ၉ နာရီခွဲတွင် ပေါင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့် မွန်ပြည် နယ် ရှေးဟောင်း သုတေသန ဦးစီးဌာနသို့ ဆက်လက် အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
ဖေ့ဘွတ်မှပြန်လည်မျှဝေပါသည်။

မြန်မာ့ဆက်သွယ်ရေးမှ တယ်လီဖုန်း ခေါ်ဆိုခများကို ယခုဘဏ္ဍာရေးနှစ် အတွင်း တစ်မိနစ်ကျပ် ၅၀ မှ လျော့ချ ကောက်ခံသွားမည်



Eleven Created on Saturday, 29 June 2013 00:30

မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းမှ တယ်လီဖုန်း ခေါ်ဆိုခနှုန်းထား တစ်မိနစ် ကျပ် ၅၀ ကို ယခုနှစ် ဘဏ္ဍရေးနှစ်အတွင်း လျော့ချဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဇွန် ၂၈ ရက်က ပြောကြားသည်။

လသာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် မေးမြန်းသည့် လက်ကိုင်ဖုန်းများ၏ ပြောဆိုဆက်သွယ်ခကို တစ်မိနစ်လျှင် ကျပ် ၅၀ နှုန်းမှ ငါးကျပ်နှုန်းသို့ လျော့ချပေးရန် ကမ်းလှမ်း အဆိုပြုလာသည့် ကုမ္ပဏီများ ရှိ၊ မရှိနှင့် မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းက ဦးဆောင်လျော့ချ သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍ ပြန်လည် ဖြေကြားရာတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော်တို့ ဆက်သွယ်ရေး ၀န်ကြီးဌာန အနေနဲ့ တယ်လီဖုန်း ပြောဆိုခတွေတင် မကဘဲ တခြားအခွန် အခတွေကိုလည်း ခေတ်နဲ့လျော်ညီမှုရှိအောင်နဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ နှိုင်းယှဉ်ပြီး ကွာဟချက် နည်းပါးစေဖို့ ယခုနှစ် ဘဏ္ဍာရေးနှစ် အတွင်းမှာ လျော့ချဆောင်ရွက် သွားပါ့မယ်'' ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။

ထို့ပြင် ၂၀၁၄ ခုနှစ် ဇူလိုင်လလောက်တွင် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီ လေးခုအထိ ရှိလာမည် ဖြစ်သည့်အတွက် မြန်မာ့ဆက်သွယ်ရေး အနေဖြင့် မူဝါဒများ ချမှတ်ကာ အော်ပရေတာ ကုမ္ပဏီလေးခုအား ပြည်သူအတွက် မျှတထိုက်တန်သော ၀န်ဆောင်မှုများ ပေးနိုင်စေရန် ထိန်းကျောင်းမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ကုမ္ပဏီများ၏ ဈေးကွက် ယှဉ်ပြိုင်မှုများအရ ဈေးနှုန်းကို အပြိုင်အဆိုင် လျော့ချမှုအပေါ် ဈေးနှုန်း အပေါ် နှုန်းထားသတ်မှတ်သွားမည် မဟုတ်ဘဲ လွတ်လပ်စွာ ခွင့်ပြုသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

''တစ်မိနစ်ကို ဖုန်းခေါ်ဆိုခ ငါးကျပ်ထိ မရှိသည့်တိုင် ဈေးကွက် ယှဉ်ပြိုင်မှုတွေ ပြုလုပ်တာကို လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပြုပေးပါမယ်။ ကုမ္ပဏီတွေက အပြိုင်အဆိုင် လျော့ချမှုတွေ ပြုလုပ်နိုင်တဲ့ အတွက် နောင်တစ်ချိန် ချိန်မှာတော့ ခေါ်ဆိုခတွေ ငါးကျပ်နှုန်းအထိ ကျဆင်းနိုင်မယ်လို့ ထင်ပါတယ်'' ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။

ချီလီမှ အမျိုးသမီး တစ်ဦး ငိုကြွေးရာမှ သွေးမျက်ရည်များ ကျဆင်း



ချီလီနိုင်ငံမှ ဟာရစ်တ်ဇာ အမည်ရှိ အသက် ၂ဝ အရွယ် အမျိုးသမီးငယ် တစ်ဦးသည် ယခုလ အစောပိုင်းတွင် ထူးခြား ဆန်းကျယ်သော အခြေအနေ တစ်ရပ်ကြောင့် စိတ်ဖိစီးမှု ဝေဒနာကို ခံစားရပြီး နောက်တစ်ရက်တွင် ငိုကြွေး လိုက်သည့် အကြိမ်တိုင်း သူမမျက်နှာ ပေါ်တွင် သွေးမျက်ရည်များ စီးကျလာကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ထို့ကြောင့် ယင်းအမျိုးသမီးသည် သူမ၏ မျက်လုံးအိမ်အား စစ်ဆေးမှုများ ခံယူရန်အတွက် ဒေသတွင်းရှိ ဆေးရုံသို့ သွားရောက် ခဲ့ကြောင်း သိရသည်။

သူမ၏ မျက်လုံးအိမ်အား ဆရာဝန် များက စစ်ဆေးမှုများ ပြုလုပ်ပြီး နောက်ပိုင်းတွင် ရောဂါ အမျိုးအမည်ကို တရားဝင် ဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း haemolacria အမည်ရှိ ဖြစ်ခေါင့် ဖြစ်ခဲ ရောဂါတစ်မျိုး ခံစားနေ ရဖွယ် ရှိသည်ဟု ယူဆရကြောင်း ဒေသတွင်းရှိ ဆေးရုံမှ ဆရာဝန်များက ထုတ်ဖော် ပြောကြား

Read More >> http://www.myawady.com.mm/allnews/global/item/18027-2013-06-29-11-08-13

ဆက်သွယ်ရေး ဗိုလ်လုပွဲအလွန်


Tags


သိလိုနေကြသော လုပ်ငန်းနှစ်ခု၏ အမည်နာမများကို ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ နော်ဝေ အခြေစိုက် Telenor နှင့် ကာတာ အခြေစိုက် Ooredoo (အူရီဒု)။ သူရဦးရွှေမန်း ခေါင်းဆောင်သော ပြည်သူ့လွှတ်တော်နှင့် ဆက်သွယ်ရေးဆိုင်ရာ အငြင်းပွားဖွယ်ရာ ကိစ္စရပ် အချို့အကြား ကမ္ဘာ့ ခေတ်အနောက်ကျဆုံး ဆက်သွယ်ရေးစနစ် ပိုင်ဆိုင်ထားသော မြန်မာဈေးကွက် သို့ဝင်ရန် ယင်းကုမ္ပဏီနှစ်ခု၏ အမည်ကို တင်ဒါကော်မတီက ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် ကြေညာလိုက်ခြင်း ဖြစ်သည်။
လုပ်ပိုင်ခွင့် သက်တမ်းကို ၁၅ နှစ် ချထားပေးပြီး ယင်းကုမ္ပဏီနှစ်ခု သတ်မှတ်ချက်အတိုင်း တစ်စုံတစ်ရာ မလုပ်ဆောင်နိုင်ပါက အစားထိုးနိုင်ရန် ပြင်သစ် Orange ကုမ္ပဏီနှင့် Marubeni တို့ကိုမူ အရန်အဖြစ် ရွေးချယ်ထားသည်။
ဘယ်လိုရွေးသလဲ
မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အထောက်အပံ့များ ပေးလျက်ရှိသော နော်ဝေနိုင်ငံ၏ ရှယ်ယာ ထက်ဝက်ကျော် ပိုင်ဆိုင်ထားသော Telenor နှင့် အာရပ်ကမ္ဘာမှ ကာတာ အစိုးရပိုင် Ooredoo တို့ကို ချထားပေးမှုကြောင့် တင်ဒါကြေညာချက် ထုတ်ပြန်ပြီးနောက် လူထုအကြား စောကြောမှုများစွာ ရှိလာခဲ့သည်။
သို့သော် တင်ဒါကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ယင်းကိစ္စများနှင့် တင်ဒါ ရွေးချယ်မှု ဆက်စပ်မှု မရှိကြောင်း ရှင်းလင်း ပြောဆိုသည်။
“(ရွေးချယ်ရာမှာ) အကူအညီရယ်၊ အစိုးရချင်း ဆက်ဆံရေးရယ်၊ ဘာသာရေးရယ်ကို လုံးဝထည့်မတွက်ဘူး” ဟု ၎င်းက ဆိုသည်။
အမြင်ရှုထောင့် ဒိုင်မန်းရှင်း ရှစ်မျိုး၊ စံသတ်မှတ်ချက် နှစ်ရာကျော်ဖြင့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်ကို စိစစ်ရွေးချယ်ခြင်း ဖြစ်ပြီး အသေးစိတ်ကို မကြာမီ ရှင်းလင်း ထုတ်ပြန်သွားမည် ဖြစ် ကြောင်း ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း တင်ဒါခေါ်ယူရေး ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ရှင်းပြသည်။
“အပြင်မှာ Marketing တွေ ဘယ်လိုလုပ်လုပ်၊ ဘယ်လို ကတိတွေပေးပေး အဲဒါတွေကို မူတည်ပြီး ရွေးတာ မဟုတ်ဘူး။ လုပ်ထုံးလုပ်နည်းနဲ့ပဲ လုပ်သွားတာ” ဟု သူကဆိုသည်။
အဆိုပါ ကုမ္ပဏီများသည် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် တပ်မတော်ပိုင် MEC Tel တို့ ပူးပေါင်းထားသည့် Myanmar Telecom၊ ပြည်တွင်းတွင် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများ စုပေါင်းထားသော ရတနာပုံ ဆက်သွယ်ရေးကုမ္ပဏီ တို့နှင့် လူဦးရေ သန်း ၆၀ ကျော်ရှိသော နိုင်ငံအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုတိုက်ပွဲ ဆင်နွှဲရတော့မည် ဖြစ်သည်။
ပြည်တွင်းတွင် လက်ဝါးကြီးအုပ် လုပ်ကိုင်နေသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲရန် ပြင်ဆင်နေသော ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့အတွက် ကြီးမားသော စိန်ခေါ်မှုလည်း ဖြစ်သည်။
မြောက်ဥက္ကလာပ မြို့နယ်မှ အသက် ၃၀ အရွယ် လခစား ဝန်ထမ်းတစ်ဦး ဖြစ်သူ ကိုဖြိုးဝေဦး အတွက်မူ မည်သည့်ကုမ္ပဏီ လုပ်ကိုင်ခွင့်ရသည် ဖြစ်စေ ကိစ္စမရှိ။
“အဓိကကျတာက ဖုန်းဈေးနှုန်း သက်သာဖို့ရယ်။ ခေါ်ဆိုခတွေလည်း သက်သာဖို့ရယ်ပဲ” ဟု ၎င်းကဆိုသည်။
သူစိုးရိမ်နေသကဲ့သို့ မြန်မာနိုင်ငံတွင် ကမ္ဘာ့အံ့ဖွယ် ဖုန်းကတ်ဈေးနှုန်းကား ဖြစ်စရာမရှိတော့။ မည်သည့် ကုမ္ပဏီ၊ လုပ်ငန်းက ဖုန်းပြောဆိုခ အသက်သာ အကြည်လင်ဆုံး၊ ဝန်ဆောင်မှု အကောင်း ဆုံး ပေးနိုင်ဆိုမည်ကိုသာ စောကြောရဖွယ် ရှိသည်။
တင်ဒါဝင်ရောက် ယှဉ်ပြိုင်စဉ်က ကုမ္ပဏီအချို့က ဝန်ဆောင်မှုလုပ်ငန်း လုပ်ခွင့်ရလျှင် ကျသင့်မည့် ဖုန်းပြောခ နှုန်းထားကို ထုတ်ဖော် ပြောဆိုခဲ့သော်လည်း ယခု တင်ဒါအောင်ထားသည့် ကုမ္ပဏီများ ကမူ ကြိုတင် ပြောဆိုထားခြင်း မရှိသေးပေ။
Telenor – ဘယ်လိုဝန်ဆောင်မှုပေးမလဲ
နော်ဝေအစိုးရ၏ ရှယ်ယာ ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သော Telenor ကုမ္ပဏီက လူတိုင်း မိုဘိုင်းလ်လ်ဖုန်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို လွယ်ကူအဆင်ပြေ သက်သာစွာ ကိုင်ဆောင် သုံးစွဲခွင့် ရရှိစေရ မည်ဟု ကတိပေးထားသည်။
အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ရှိ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား အစရှိသော နိုင်ငံတို့တွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်နေပြီး ထိုင်းနိုင်ငံတွင် မြန်မာဘာသာ၊ မွန်ဘာသာတို့ဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးခြင်းနှင့် Call Center များဖြင့် ဝန်ဆောင်မှု ပေးခြင်းတို့ ဆောင်ရွက်နေသည်။
“လက်ရှိ ပြဿနာတွေကို ဖြေရှင်းပြီး ဘယ်လို လုပ်ရကိုင်ရမယ် ဆိုတာကို သိပြီးသား ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အတွက်လည်း ဒီလိုလုပ်ဆောင်ပေးနိုင်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မိုဘိုင်းလ်လ် ဆက်သွယ်ရေးကြာင့် လူတွေ အကျိုးအမြတ်ရအောင် ကူညီချင်ပါတယ်” ဟု Telenor OuuX Jon Fredrik Basksaas နေပြည်တော်တွင် ပြုလုပ်သော ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် The Voice နှင့် သီးသန့် တွေ့ဆုံစဉ် ပြောကြားထားသည်။
တစ်နိုင်ငံလုံး တာဝါတိုင် တစ်သောင်း စိုက်မည်။ မြန်မာ့ဆက်သွယ်ရေး ကဏ္ဍကို ကမ္ဘာ့အဆင့်မီရန် မြန်နှုန်းမြင့် မိုဘိုင်းလ်ဖုန်း အင်တာနက်စနစ် HSPA နှင့် LTE (4G) နည်းပညာများကို အသုံးပြုသွားမည်ဟု တင်ဒါ အောင်မြင်ပြီးနောက် Telenor က ကြေညာခဲ့သည်။
မိုဘိုင်းလ် ကွန်ရက်ကို ငါးနှစ်အတွင်း တစ်နိုင်ငံလုံး ဖြန့်ကျက်နိုင်ရန် စီစဉ်ထားပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၁၄ ခုနှစ် ဒုတိယသုံးလပတ် (ဧပြီမှ ဇွန်လ) အတွင်း စတင်ဖြန့်ဖြူး ရောင်းချနိုင်သွားမည်ဟု ဆိုသည်။
ဝန်ထမ်း ခန့်ထားရန်နှင့် ရေရှည် မွေးထုတ်ရန် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ တယ်လီနော်ပိုင် dtac ကုမ္ပဏီ သင်တန်းကျောင်းတွင် မြန်မာ သင်တန်းသားများ လက်ခံသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံသား အများစုကို အလုပ်အကိုင် ဖန်တီးပေးမည် ဖြစ်ကြောင်း မြန်မာနှင့် လိုက်ဖက်သော ကုမ္ပဏီ အမည်တစ်ခု ထပ်ပေးမည်ဆိုသည့် Telenor က ဆိုသည်။
ထိုင်းတွင် dtac ဟု အမည်တပ်ထားသည်။
သို့သော် dtac က ထိုင်းနယ်မြို့များတွင် လိုင်းမကောင်း။ ပြတ်တောင်းပြတ်တောင်း ဖြစ်လေ့ရှိကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တက္ကသိုလ်ကျောင်းသူ တစ်ဦးက ပြောကြားသည်။ “dtac က မြို့ပေါ်မှာ လိုင်းကောင်းတယ်” ဟု ၎င်းကဆိုသည်။
Ooredoo ဘာလုပ်မလဲ
ယခင် Q tel နှင့် Qatar Telecom အမည်ရခဲ့သော Ooredoo မှာ ကာတာ နိုင်ငံပိုင် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပြီး ကာတာနိုင်ငံ ဒိုဟာတွင် အခြေစိုက်သည်။
ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ ဘီလီယံ ရှိပြီး လက်ရှိဝန်ဆောင်မှု သုံးစွဲသူ ၉၁ သန်းကျော် ရှိကြောင်း Ooredoo က တင်ဒါအောင်ပြီးနောက် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စကာတင်စာရင်း ဝင်ခဲ့သော်လည်း အခြားဆက်သွယ်ရေး ကုမ္ပဏီများကဲ့သို့ မဟုတ်ဘဲ တချိန်လုံး တိတ်ဆိတ်နေခဲ့သော အာရပ် ကမ္ဘာ့အခြေစိုက် Ooredoo မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တင်ဒါ အောင်ပြီးနောက် “အလွန်အမင်း စိတ်လှုပ်ရှား” နေကြောင်း ဆိုခဲ့သည်။
Ooredoo ၏ ပြည်တွင်းပြည်ပ အတွေ့အကြုံများနှင့် ဗဟုသုတများကို မြန်မာနိုင်ငံအတွင်း ယခင်နှင့် မတူသော မိုဘိုင်းလ်ကွန်ရက် အသစ်တစ်ခုကို ဖန်တီးပြီး သုံးစွဲသူများထံ လွယ်ကူပြီး ဆန်းသစ် သောအရာများ ပို့ဆောင်ပေးရေး ထိရောက်စွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Telenor နောက် အတန်ငယ် နောက်ကျမှ ထုတ်ပြန်ခဲ့သော သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ooredoo ၏ ရင်းနှီးမြုပ်နှံမှုမှ တဆင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးသွားမည့်အပြင် ၎င်းနှင့် ဆက်စပ်နေသော အရောင်းမြှင့်တင်ရေး၊ ကုန်ပစ္စည်း ဖြန့်ချိရေး၊ ဝန်ဆောင်မှုလုပ်ငန်း စသော နယ်ပယ်များတွင်လည်း အလုပ်အကိုင် အခွင့်အလမ်း မြောက်မြားစွာကို ဖန်တီးပေးသွားမည်ဟု ယင်းထုတ်ပြန်ချက်က ဆိုသည်။
“လူသားတွေရဲ့ လူမှုဘဝတွေ တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးမှာ ဖြစ်လို့ မြန်မာနိုင်ငံဟာ Ooredoo ရဲ့ အဓိကဈေးကွက် ဖြစ်လာမယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်” ဟု Ooredoo ၏ ဥက္ကဋ္ဌ Mr.Sheikh Abdullah Bin Mohammed Bin Saud Al-Thani က မြန်မာဈေးကွက်တွင် လုပ်ကိုင်ခွင့် တင်ဒါ အောင်မြင်ပြီးချိန်တွင် ပြောဆိုသည်။
အဆိုပါ ကုမ္ပဏီသည် နာမည်ကျော် အင်တာနက် ဖုန်းခေါ်ဆိုမှု Software များကို VOiP နှင့် Skype ကဲ့သို့သော ဝန်ဆောင်မှုများကို ပိတ်ပင် တားမြစ်ဖူးကြောင်း Wikipedia တွင် ဖော်ပြထားသည်။ Ooredoo ကို ကမ္ဘာ့ စတုတ္ထမြောက် လူဦးရေ အများဆုံး အင်ဒိုနီးရှားနိုင်ငံတွင် အဓိက အသုံးပြုသည်။
မြင်းလေးကောင်နှင့် မြန်မာ့အနာဂတ်
ကြော်ငြာအားကြောင့် မြန်မာလူထုအကြား ရေပန်းစားခဲ့သော Digicel ကမူ တင်ဒါမအောင်ခဲ့သည့် အတွက် စိတ်ပျက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
Myanmar Telecom ငွေ၊ အရင်းအနှီးနှင့် နည်းပညာ ချို့တဲ့ဆဲ ဖြစ်သောကြောင့် ပြည်တွင်းပြည်ပ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများ လက်ခံသွားမည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးမြတ်ဟိန်းက ဆိုထားရာ တင်ဒါလက်လွှတ်ခဲ့ရသော ကုမ္ပဏီများ အနေနှင့် တင်ဒါလုပ်ပိုင်ခွင့်ရ ကုမ္ပဏီလေးခုအနက် တစ်ခုခုဖြင့် ချိတ်ဆက် လုပ်ကိုင်ရန် ကြိုးစားဖွယ်ရှိသည်။
ယခုအချိန်ထိတော့ မြန်မာနိုင်ငံရှိ တယ်လီဖုန်း သုံးစွဲနှုန်း သိပ်သည်းဆသည် အာဆီယံနိုင်ငံများတွင် ‘ဘိတ်ချီး’။ တစ်နိုင်ငံလုံး လူဦးရေ၏ ၉ ရာခိုင်နှုန်းသာ ရှိသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းများအရ လုပ်ပိုင်ခွင့်ရထားသည့် ကုမ္ပဏီလေးခုသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်း အလုံးရေ ၃၉ သန်းခွဲ ရောင်းချပေးနိုင်ရန် ရည်ရွယ်ထားပြီး ၂၀၁၃-၁၄ တွင် လိုင်း ၁၀ သန်း၊ ၂၀၁၄-၁၅ တွင် လိုင်း ၁၄ သန်း၊ ၂၀၁၅-၁၆ တွင် ၁၅ သန်းခွဲ တပ်ဆင်ပေးရမည် ဖြစ်သည်။
တစ်နည်းဆိုရသော် ပြည်တွင်း ကုမ္ပဏီနှစ်ခုနှင့် ပြည်ပကုမ္ပဏီနှစ်ခု စုစုပေါင်း မြင်းလေးကောင်ဖြင့် လင်းပွင့်စ မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝ တိုးတက်ရေး ဆက်သွယ်ရေး ကွန်ရက်ဖြင့် ဆွဲတင်နိုင်ရမည် ဖြစ်သည်။
သူမကြား၊ ကိုယ်မကြား ဆက်သွယ်ရေးစနစ်ဖြင့် နှစ်ပေါင်းများစွာ စခန်းသွားခဲ့ရသော မြန်မာပြည်သူများ၏ မျှော်လင့်ချက်ကို ဆွဲတင်ပေးရမည် ဖြစ်သည်။
“ပြည်သူတွေ ဈေးနှုန်းသက်သာစွာ သုံးနိုင်မယ်။ ပြည်သူတွေစိတ်ကြိုက် ရွေးချယ်သုံးစွဲနိုင်မယ်။ ဖုန်းသုံးစွဲမှု မြင့်တက်ရင် GDP တက်မယ်” ဟု တပ်မတော်(လေ) ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးမြတ်ဟိန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရရေး တစ်ကမ္ဘာလုံးရှိ ထိပ်သီးလုပ်ငန်းများနှင့် ကျားကုတ်ကျားခဲ ယှဉ်ပြိုင် လုပ်ပိုင်ခွင့် ရရှိခဲ့သော Telenor နှင့် Ooredoo တို့ လုပ်ပိုင်ခွင့် ရရှိသည်နှင့် ၎င်းတို့ပေးအပ်မည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ မြန်မာပြည်သူများကို ယေဘုယျ ကတိကဝတ်ပြု ပြောဆိုပြီး ဖြစ်သည်။
သို့သော်မည်သို့မျှ အားထုတ်ရန် မလိုဘဲ အရန်သင့် လုပ်ပိုင်ခွင့် တစ်နေရာစီ ရရှိပြီး ဖြစ်သည့် ပြည်တွင်း ကုမ္ပဏီနှစ်ခု ဖြစ်သည့် Myanmar Telecom နှင့် ရတနာပုံ ဆက်သွယ်ရေး ကုမ္ပဏီတို့မှာမူ တုပ်တုပ်မျှ မလှုပ်သေးပေ။ ကုမ္ပဏီများစတင် အခြေတည်စ ရှိသေးသည်။
တင်ဒါအောင်သည့် ပြည်ပကုမ္ပဏီများတွင် ပြည်တွင်း ဖက်စပ်ကုမ္ပဏီများ မပါရှိသည့်အတွက် ‘ပြည်တွင်းနည်းဖြင့် လူလည်ကျ ခံရနိုင်ချေ’ နည်းသည့်အတွက် ပိုမိုဝမ်းမြောက်ကြောင်း ဆိုလာသူမှာ ရန်ကုန် အခြေစိုက် ကုန်သည်တစ်ဦးဖြစ်သူ ဦးသက်နိုင်က ဖြစ်သည်။
“ဝန်ဆောင်မှုခြင်း အရမ်းကွာ၊ ပြောခချင်း အရမ်းကွာနေရင်တော့ အခုသုံးနေတဲ့ ဖုန်းကတ်ကို နောက်ဖေးမြောင်းထဲက ကန်စွန်းခင်းထဲ လွှင့်ပစ် လိုက်တော့မယ်” ဟု လက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ WCDMA ကို လက်ရှိ သုံးစွဲနေသူ ၎င်းက ဆိုလေသည်။
Ref & Credit to The Voice Weekly

ဘောလုံးဒိုင် .bet 365 Co.Ltd; က ပေါင်(၁၄၈)သန်း အမြတ်ထွက်

***အင်း..အင်း..အင်း...ဒီနေ့ဖတ်လိုက်ရတဲ့သတင်းတစ်ပုဒ်ကတော့...
တော်တော်လေးကို..တွေးပြီးစဉ်းစားဆင်ခြင်ဖို့ကောင်းတယ်ဗျာ...။
ဘာတဲ့..သတင်းလေးက...bet 365 Co.Ltd; က ပေါင်(၁၄၈)သန်း
အမြတ်ထွက်တဲ့..ခင်ဗျာ..သတင်းအပြည့်အစုံလေးကတော့...
ဗြိတိန်၏အကြီးမားဆုံးသောအွန်ုလိုင်းလောင်းကစားကုမဏီဖြစ်သည့
bet 356 သည် ပြီးခဲ့သောနှစ်က ပေါင်(၁၄၈)သန်းထိအမြတ်ရရှိခဲ့ရာ
ယခင်ကာလများထက်၃ဆနီးပါး တိုးပွားလာခဲ့ခြင်းဖြစ်ကြောင်းသိရ
သည်။
ပြီးခဲ့သောနှစ်ကစတုတ်စီးတီးမြို့ ရှိ ကားပါကင်တစ်ခုမှစတင်ခဲ့သည့်
bet 365 မှာ ပြီးခဲ့သော ၂၀၁၃ ခုနှစ် မတ်လအထိ ၄င်းကုမဏီတွင်
လာရောက်ကံစမ်းကြသည့် ငွေပမာဏမှာ ပေါင် ၂၀ ဘီလီယံနီးပါး
အထိရှိခဲ့ကြောင်း လည်းသိရသည်..။အဆိုပါပမာဏမှာ Ladbrokes
နှင့် William Hill နှင့် ပိုမိုများပြားခဲ့သည်။ bet 365 သည် ပရီးမီး
ယားလိဂ် စတုတ်စီးတီးအသင်းတွင်ရှယ်ယာအများဆုံး ပိုင်ဆိုင်ထား
ပြီး..ယမန်နှစ်ကပေါင်သန်း၃၁သန်းကျော်အရှုံးပေါ်ထားသည်ဟုသိ
ရှိရသည်။ ပွဲချိန်တစ်ခု၏ပွဲချိန်အတွင်းပုံစံအမျိုးမျိုးဖြင့်ကံစမ်းရန်စီစဉ်
ပေးရာ တွင် နာမည်ကျော်ကြားပါသည်တဲ့..*****
ကောင်းရော...ကောင်းရော..ကောင်းကြရော....
ကိုယ်တွေကတော့ချွေးနည်းစာလေးနဲ့အပိုင်ဆိုပြီးတော့လောင်း....
ဟိုတွေကတော့..ကြီးပွားချမ်းသာလို့ပါ့လား...
အံမယ်..လောင်းကစားဆိုဒ်က..ဘောလုံးအသင်းမှာတောင်ရှယ်
ယာအများဆုံးတဲ့ဗျာ....
စဉ်းစားတာကြည့်ကြပေတော့..တွေးသာကြည့်ကြပေတော့....
ခုခေတ်မှာအားကစားအင်္ကျီစပွန်ဆာပေးတဲ့နာမည်တွေကြည့်လိုက်
ပြန်ရင်လည်း..လောင်းကစားအဖွဲ့ တွေနာမည်တွေကြီးပဲ....
ဘုရား..ဘုရား...ဘုရား..ကြောက်တောင်လာပြီ....
ဒါတောင်..ကိုယ်မသိသေးတဲ့လုပ်ပွဲအကြောင်းတွေအများကြီးပဲနော်
လုပ်ပွဲတွေအများကြီးနော်..သတိသာထားကြပေတော့ဗျို့ ....
သတိသာထားကြပေတော့ဗျို့.....***

လက်ရှိဈေးကွက်ထဲမှာ အကောင်းဆုံးဖုန်းနှစ်လုံး

လက်ရှိဈေးကွက်ထဲမှာ အကောင်းဆုံးဖုန်းနှစ်လုံးပေါ့ ..
ကျွန်နော် ကတော့ နှစ်ခုစလုံးကြိုက်တယ်
HTC One ဆိုရင် သူ့ရဲ့ body design ကို တအားကြိုက်တယ် ... သူ့ရဲ့ body ကိုတည်ဆောက်ထားပုံလဲ မိုက်တယ်...
တစ်ခြားဖုန်းတွေ ထက် ဘော်ဒီက ထူပေမဲ့ အမြင်အရ ပါးတယ်လို့ ထင်ရအောင် လုပ်ထားတာကိုက တအားတော်တယ်
သူ့ရဲ Blink Feed features ကိုလဲ သဘောကျတယ်.. တစ်ခြားဖုန်းတွေမှာ မရှိသေးတဲ့ အပြင် တော်တော်လဲ အသုံးဝင်ပါတယ်..
သူ့ရဲ့ Sense UI ကိုလဲ သဘောကျပါတယ်.. HTC Phone ဆိုတာ ဒါမျိုးဆိုပြီ: ကွဲထွက်သွားစေတဲ့ UI ပါပဲ..
Galaxy S4 ကို တော့ သူရဲ့ features တွေ function တွေကို သဘောကျတယ်... Android phone ချင်းအတူတူ တောင်သူက တစ်ခြားဖုန်းတွေထက် features တွေ function တွေက ခေါင်းတစ်လုံးသာနေတယ်..
သူ့ရဲ့ Quick Galance features ဆိုရင် ကျန်တဲ့ phone တွေမှာ မမြင်ဖူးသေးဘူး တော်တော် လဲမိုက်ပါတယ်..
ပြီ:တော့ နောက်ထက် အသုံးဝင်တဲ့ features က Smart Scholl ပဲ PDF တစ်ခုဖြစ်ဖြစ်.. Website တစ်ခုဖြစ်ဖြစ် ဖတ်နေရင်:နဲ့ Scholl ဆွဲစရာရှိရင် ဖုန်းကိုင်ထားတဲ့လက်လေးကို နဲနဲလေးလှုပ်လိုက်ရုံနဲ့ Scholl ဆွဲပြီ:သားဖြစ်သွားပြီ ....
အဲ့ဒီ့ features ကတော့ တစ်ခြား phone တွေမှာ မပြောနဲ့ အဲ့ဒီ့ features လိုမျိုးဆင်တူ တောင် google play မှာ app မရှိသေးဘူး
ကျန်တဲ့ Smart Stay တို့ Smart Pause တို့ Air View တို့ Muiti_Window တို့ က တော့ တစ်ခါတစ်လေမှ သုံးဖြစ်တာပါ ဒါပေမဲ့ သုံးဖြစ်တိုင်းလဲ Innovative ဖြစ်တယ်ဆိုတဲ့အချက်ကို ခံစားရတယ်... :)
ပိုကောင်းလာတာကတော့ Camera App ပဲ .. phone camera က professional level ကို တက်မလာနိုင်ဘူးဆိုတဲ့ ထင်မြင်ချက်ကို Galaxy S4 မှာပါတဲ့ Camear App က ရိုက်ချိုးလိုက်ပါတယ်...
သူ့ရဲ့ camera app မှာပါတဲ့ Sense mode တွေနဲ့တင် တော်တော်လေးကို ရိုက်လို့ကောင်းနေပါပြီ...
နောက် features တစ်ခုဖြစ်တဲ့ Business card တို့ကို camera လေးနဲ့ scan ဖတ်ပြီ: contact ထဲ အော်တို add ပေးတဲ့ features ကိုလဲ ကြိုက်တယ်... တစ်ခါတစ်လေမှ သုံးဖြစ်တယ် ဆိုပေမဲ့ အသုံးဝင်တဲ့ features တစ်ခုပဲ..
နောက်ထပ်ကြိုက်တာ တစ်ခုက တော့ Wireless Charging technology ကို support ပေးတာပဲ.. HTC One က support လုပ်မလုပ်တော့ သေချာ မသိဘူး... Galaxy S4 ကတော့ support လုပ်တာ သေချာတယ် ...
ကျွန်နော့် လိုမျိုး ဖုန်းကို အပြင်က ပြန်လာရင် အားသွင်:ထားဖို့ မေ့တတ်တဲ့ လူမျိုးတွေ အတွတ်ကတော့ Wireless Charging Technology ဆိုတာတော်တော် လေးကောင်:တဲ့ features ပဲ...
အပြင်က ပြန်လာရင် charging pad ပေါ်ကို ဖုန်းလေး ပစ်တင်ထားရုံပဲ သူပါ့သာ သူအားသွင်:နေလိပ်မယ်...
Mordern phone ဆိုတဲ့ အရသာကို လိုချင်ရင် ဒီနှစ်ခုထဲက တစ်ခုခု ကို ရွေးပါလို့ တိုက်တွန်:ချင်တယ်..
ဖြစ်နိုင်မယ် ဆိုရင် HTC ရဲ့ Hardware Engineers တွေနဲ့ Samsung ရဲ့ SoftwareEngineer တွေပေါင်:ပြီ: ထုတ်တဲ့ phone လေးကိုတော့ ပိုပြီ: လိုချင်မိတယ် ... :P
One Galaxy ဆိုပြီး ခေါ်မလား မသိဘူး.. :P

ခေါင်းနှစ်လုံးနဲ့ မြွေအမွှာ

Kyaw Ko Kyaw shared Myanmar Online News's photo.
ခေါင်းနှစ်လုံးနဲ့ မြွေအမွှာ
Saturday, June 29, 2013

အစာ အတွက်ဆိုရင် အမွှာဖြင်လင့်ကစား အချင်းချင်းတောင် စားကြမဲ့
မြွေအမွှာ ဖြစ်ပါတယ်။ မွေးလာတဲ့ အချိန်က စလို့  အချင်းချင်း တိုက်ခိုက်ပြီး နေလာခဲ့ကြပါတယ်။

ခေါင်းနှစ်လုံးသာ ရှိပြီး ခန္တာကိုယ် နဲ့ အစာအိမ်တစ်ခုထဲကို မျှဝေပြီး သုံးစွဲနေရတဲ့ မြွေအမွှာ ဖြစ်ပါတယ်။ မတည့်အတူ နေဖြစ်တဲ့ အတွက် တခါတလေ သွားတဲ့ လမ်းကလည်း မတူတဲ့အတွက် ရန်ဖြစ်တက်ကြ
ပါတယ်။

ဒီလို ခန္တာကိုယ် ဆက်နေတဲ့ အကောင်ပလောင် အများစုဟု မွေးပြီး ရက်အနည်းငယ် အကြာမှာပဲ သေဆုံးသွားကြတာ များပါတယ်။ ဒီ မြွေ နှစ်ကောင်ကတော့ ယခု အထိ အသက်ရှင်လျက်ရှိပြီး မတည့် အတူနေပါတဲ့။

နှစ်ကောင် စလုံးကလည်း ဒေါသကြီးပြီး အစာရှာဖွေမှုမှာ အခက်အခဲ ရှိတဲ့ အတွက် တိရိစ္ဆာန် ရုံက ပဲ စောင့်ရှောက်ပြီး ကျွေးမွေးထားပါတယ် လို့  သိရပါတယ်။

----
Ref;Wiki
Freddy ( MM Social Sky )
ခေါင်းနှစ်လုံးနဲ့ မြွေအမွှာ
Saturday, June 29, 2013

အစာ အတွက်ဆိုရင် အမွှာဖြင်လင့်ကစား အချင်းချင်းတောင် စားကြမဲ့
မြွေအမွှာ ဖြစ်ပါတယ်။ မွေးလာတဲ့ အချိန်က စလို့  အချင်းချင်း တိုက်ခိုက်ပြီး နေလာခဲ့ကြပါတယ်။

ခေါင်းနှစ်လုံးသာ ရှိပြီး ခန္တာကိုယ် နဲ့ အစာအိမ်တစ်ခုထဲကို မျှဝေပြီး သုံးစွဲနေရတဲ့ မြွေအမွှာ ဖြစ်ပါတယ်။ မတည့်အတူ နေဖြစ်တဲ့ အတွက် တခါတလေ သွားတဲ့ လမ်းကလည်း မတူတဲ့အတွက် ရန်ဖြစ်တက်ကြ
ပါတယ်။

ဒီလို ခန္တာကိုယ် ဆက်နေတဲ့ အကောင်ပလောင် အများစုဟု မွေးပြီး ရက်အနည်းငယ် အကြာမှာပဲ သေဆုံးသွားကြတာ များပါတယ်။ ဒီ မြွေ နှစ်ကောင်ကတော့ ယခု အထိ အသက်ရှင်လျက်ရှိပြီး မတည့် အတူနေပါတဲ့။

နှစ်ကောင် စလုံးကလည်း ဒေါသကြီးပြီး အစာရှာဖွေမှုမှာ အခက်အခဲ ရှိတဲ့ အတွက် တိရိစ္ဆာန် ရုံက ပဲ စောင့်ရှောက်ပြီး ကျွေးမွေးထားပါတယ် လို့  သိရပါတယ်။

----
Ref;Wiki
Freddy ( MM Social Sky )

မိတ်ဆွေတို့ရေရှယ်ပေးခြင်းဖြင့် ကုသိုလ်ပါဝင်ကြပါဦး။ ""33333 969""ကရသမျှကို လှူချင်လို့ပါ။ တဲ့ဗျာ

Aung Myin Lun and Than Naing Zaw shared သာသနာနွယ် သာသနာနွယ်'s photo.
မိတ်ဆွေတို့ရေရှယ်ပေးခြင်းဖြင့်
ကုသိုလ်ပါဝင်ကြပါဦး။
""33333 969""ကရသမျှကို လှူချင်လို့ပါ။
--------------------------------------
မိမိဒီနေ့မွေးနေ့လက်ဆောင်အဖြစ်၁၅၀၀တန်ဖုန်းကဒ်တစ်ကဒ်ရပါတယ်။
ဒကာလေးကဂဏန်းလေးတွေလှနေတာကြောင့
သုံးသိန်းနဲ့ဝယ်ပြီးလှူပေးတာပါ။
ဖုန်းနံပါတ်က-33333 969 ပါ
မိမိမှာလည်းဖုန်းရှိနေတာကြောင့်ဖုန်းနံပါတ်အသစ်ကိုမသုံးချင်ပါဘူ။
ဒါကြောင့်ဒီဖုန်းဆင်းကဒ်လေးကိုအမြင့်ဆုံးဈေးနှုန်းပေးတဲ့
ဗုဒ္ဓဘာသာလူမျိုးလက်ထဲကိုထည့်ပေးပါ့မယ်။
ရသမျှငွေကြေးအားလုံးကိုတစ်ပြားမကျန်ကင်းရွာဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်းက ကလေးတွေပညာသင်စားရိတ်အတွက်လှူဒါန်းပေးသွားပါမယ်။
ဒါကြောင့်မိမိလိုချင်တဲ့ဈေးနှုန်းကို မိမိ Wall ထဲက
Comment Box ကနေ ၀င်ရောက်ပေးနိုင်ပါတယ်။
အမြင့်ဆုံးဈေးနှုန်းပေးပြီးပါကဖုန်း-33333 969
ကိုဆက်သွယ်နိုင်ပါတယ်။