This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, May 25, 2013

ကဆုန် လပြည့် ဗုဒ္ဓနေ့ ရွှေတိဂုံ ဘုရား မှ ကြည်နူးဖွယ် မြင်ကွင်းများ

          ကဆုန် လပြည့်နေ့ ဟာ ဗုဒ္ဓဘာသာဝင်တိုအတွက် အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ် ။
 ကဆုန် လပြည့် နေ့သည် ဗုဒ္ဓ မြတ်စွာ ဘုရား၏ ဗုဒ္ဓ နေ့လေးခု ဆုံရာနေ့ တစ်နေ့ ဖြစ်ခြင်း ကြောင့် ''ဗျာဒိတ်စကား၊ ဗုဒ္ဓဖွားသည်၊ ဘုရားဖြစ်ပြီး၊ နိဗ္ဗာန်စံဝင် ထိုလေးအင် လွန်ပင်မြတ်လှ ကဆုန်လ'' ဟုပင် ဖော်ကျူးကြပါသည်။ 
            ကဆုန် လပြည့် ဗုဒ္ဓနေ့ ရွှေတိဂုံ ဘုရား မှ ကြည်နူးဖွယ် မြင်ကွင်းများအား ပြန်လည်မျှဝေလိုက်
ပါသည်။ အဝေးရောက် ရွှေမြန်မာများ ၊ညောင်ရေသွန်းပွဲး မနွဲးလိုက်ရသူများ နှင့် အားလုံး ကြည်နူးပီတိ
ဖြစ်ကြစေဖို မျှဝေလိုက်ပါသည်။
 
 မူရင်း=ကဆုန်လပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်းများ ။ ကဆုန်လပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်းများ -၂

                                                                      လေးစားစွာဖြင့်    ....    မောင်မြင့်
 http://satekuupuyar.blogspot.com/2013/05/blog-post_3602.html
You might also like:

Friday, May 24, 2013

ဝ ပြည်နယ် တောင်းဆိုမှုအပေါ်........

ဝ ပြည်နယ် တောင်းဆိုမှုအပေါ်........

ဝ ပြည်နယ်တောင်းတဲ့အပေါ် အမျိုးမျိုး ပြောနေ ဆိုနေကြတယ်.... တစ်ချို့ကလည်း ဝ ဟာ တိုင်းရင်းသားမဟုတ်ဘူးလို့ ဆိုကြတယ်..... တစ်ချို့ကလည်း တရုတ်လက်ပါးစေလို့ ဆိုကြတယ်.... တစ်ချို့ကလည်း တရုတ်ကို ကြည့်မရတာနဲ့ ဝ ပါ ဆော်ပစ်ဆိုပီး ပြောနေကြတယ်...... တစ်ချို့ကတော့ ဝ ရဲ့ ကြီးမားတဲ့ လက်နက်ကိုင်တပ်ရဲ့ အခြေအနေကို ထောက်ပြပီး အန္တရာယ်ရှိတယ်လို ဆိုလာတယ်..... ဒါပေမယ့် ဝ တွေပြည်နယ် တောင်းတာဟာ အခုမှမဟုတ်ပဲ အတော်အတန်ကြာပီဆိုတာ အများစု မေ့လျော့နေတဲ့ အချက်ပဲ..... ဒီသတင်း ထွက်ပေါ်လာတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် KIA နဲ့ ငြိမ်းချမ်းရေးပီးတော့၊ SSA၊ DKBA နဲ့ အွန်လိုင်းမှာ လှည့်ရန်တိုက်လို့မရချိန် ဦးသိန်းစိန်ရဲ့ နိုင်ငံခြား ခရီးစဉ်ထွက်ချိန်နဲ့လည်း တိုက်ဆိုင်နေတာကို သတိထားမိတယ်......

သူတို့တွေ ဘာရည်ရွယ်ချက်နဲ့ ဒီသတင်းကို အစပျိုးထုတ်လွှင်လာတယ် ဆိုတာကို ထူးပီးမဝေဖန်လိုပေမယ့် ဒီသတင်းအပေါ်မှာစီးမြောရင်း အပြန်အလှန် ဝေဖန်မှုတွေ များလာတယ်...... ဒါပေမယ့် အနှစ်ပါတဲ့ ဝေဖန်မှုက နည်းပါးပီး ထစ်ခနဲရှိ ဒေဝေါကြီး ဒေဝေါကြီးဆိုတဲ့ပုံသဏ္ဍန်နဲ့ တရုတ်က တရုတ်က ဆိုတာကို ထည့်သွင်းပြောလာကြတာပဲ အများဆုံးတွေ့ရတယ်..... အခုလက်ရှိ ဝ ကိစ္စဟာ ကိုယ့်ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် ဝ လူမျိုးတွေ ဘာကြောင့် ပြည်နယ်တောင်းသလဲဆိုတာကို ထည့်သွင်းစဉ်းစားပေးတဲ့လူ နည်းတာကို သတိထားမိတယ်.... တိုင်းရင်းသားအချင်းချင်း ညီအစ်ကိုလို သင့်မြတ်နေရင်တော့ တရုတ်ကို သံသယရှိတာ ဖြစ်သင့်ပါတယ်.... တိုင်းရင်းသားချင်းလည်း ကြုံတိုင်း လူမျိုးတုန်း သတ်နေချိန်မှာ ဘာကြောင့်လဲဆိုတာသိဖို့ ဝ တွေရဲ့ ရပ်တည်မှုကို သေခြာလေ့လာဖို့ လိုပါလိမ့်မယ်....... ကျွန်တော်တို့ရဲ့ တိုင်းရင်းသားဖြစ်တဲ့ ဝ နဲ့ ပါတ်သက်လို့ ဘာကြောင့် ပြည်နယ်တောင်းသလဲဆိုတာကို သိစေဖို့ ဒီစာကို ရေးလိုက်ပါတယ်......

ဝ တွေဟာ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရှမ်းပြည်ရဲ့ လက်အောက်ခံအနေနဲ့ ပါဝင်ခဲ့တယ်..... ပင်ကိုယ်က ကိုယ့်ခေါင်းဆောင်နဲ့ကိုယ် နေခဲ့ကြပြီး ရှမ်းခေါင်းဆောင်တွေနဲ့ တန်းတူရည်တူ ပြောဆို ဆက်ဆံခဲ့တဲ့ ဝ လူမျိုးတွေအတွက်တော့ အဆင်မပြေဘူးပဲ ဆိုရမယ်...... နောက်တစ်ခုက ဝ တွေဟာ ရှမ်းနဲ့ ရာဇဝင်ကြွေးရှိတယ်.... အထူးသဖြင့် ခွန်ဆာတို့နဲ့ အကြီးအကျယ်ငြိခဲ့ပီး သူသေကိုယ်သေ တပ်နှစ်တပ် သတ်ခဲ့ကြတာ သမိုင်းသက်သေတွေ ရှိခဲ့တယ်..... ဒီ ရန်ညှိုးကြောင့်လည်း SSA အပါအဝင် အခြားတိုင်းရင်းသား တပ်တွေက ဝ တပ်ကို လစ်ရင်လစ်သလို အားနည်းတဲ့ရင် တွယ်လေ့ရှိတယ်..... တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့ထားပေမယ့် KIA နဲ့ ဝ နဲ့ဟာလည်း မတည့်ပဲ တိုက်ခဲ့ကြတဲ့ သမိုင်းတွေ ရှိခဲ့တယ်......

ဒါတွေကြောင့် ဝ ဟာ စစ်ရေးအဆင်သင့်ဖြစ်အောင် အမြဲပြင်ထားရတယ်..... သူ့လူမျိုးတိုင်းဟာ အသက်ပြည့်ရင် စစ်မှုမထမ်းမနေရ စနစ်ကို ကျင့်သုံးတယ်...... လိုတဲ့ လက်နက်တွေအတွက် ဝ မှာ ကိုယ်ပိုင်လက်နက် စက်ရုံတွေ ရှိတယ်..... သူ့ရဲ့နေရာအရ ကြည့်ရင်လည်း ပါတ်ပါတ်လည်မှာ အခွင့်သာရင် တိုက်မယ့် တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိတယ်...... အခြားတစ်ဖက်မှာလည်း ဖိအားပေးနေတဲ့ အစိုးရ စစ်တပ်ရှိတယ်...... နောက်ဘက်မှာလည်း စီးပွားရေးနဲ့ ဖိနင်းဖို့ ပြင်နေတဲ့ တရုတ်နိုင်ငံ ရှိတယ်...... ဒါကြောင့် သူတို့ရဲ့ ရုန်းကန်ရမှု အနေအထား၊ ပထဝီဝင် မျက်နှာသွင်ပြင်ကို လေ့လာကြည့်ဖို့ လိုလိမ့်မယ်.... ဝ လက်နက်အင်အားကြီးထွားတယ် ဆိုတာသည် သူ့ကိုယ်သူ ကာကွယ်ဖို့လည်းဖြစ်တယ်.... မကြီးထွားရင်လည်း SSA သတ်လို့ သေရတဲ့ ဝ စစ်သားတွေက သူတို့အတွက်သင်ခန်းစာ ဖြစ်နေလို့...... ဒါကြောင့် ဝ ရဲ့ လက်နက်အင်အားနဲ့ ပါတ်သက်ပီး စိုးရိမ်နေတာ ဖြစ်သင့်သလို သူတို့ရဲ့ သမိုင်းကြောင်း ရန်ကြွေးတွေကို ကျေကျေလည်လည် လေ့လာဖို့လိုပါလိမ့်မယ်.......

ဝ နဲ့ ရှမ်းနဲ့ ရှိတဲ့ ရာဇဝင်ကြွေးကြောင့် ဝ ကလည်း ရှမ်းအောက်မှာ မနေချင်ဘူး..... အခုအချိန်မှာ အစိုးရက ဝ ဘက်ကလိုက်ရင် ရှမ်းက ကလော်မယ်.... ရှမ်းဘက်ကလိုက်ရင် ဝ က ကလော်မယ်..... ဝ ကလည်း ပြည်နယ်အစိုးရ အုပ်ချုပ်တာတော့ မခံနိုင်ဘူး ဗဟိုအစိုးရ အုပ်ချုပ်တာပဲ ခံ မယ်လို့ ပြောလာတယ်....... ပြည်နယ်အစိုးရကလည်း ဝ ကို ၄၇ အခြေခံဥပဒေအရဆိုပီး အုပ်ချုပ်ချင်တယ်..... ဒီအချိန်မှာ ဝ ကို အတင်းသွားတိုက်မယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများတယ်...... ဝ ဟာ KIA နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တိုက်တွန်းတဲ့စာမှာ ခွဲထွက်ခွင့် မပါသော ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးကို တော်တော်လေး အလေးပေး သုံးထားတာ တွေ့ရတာကို ကြည့်ခြင်းအားဖြင့် ဝ ဟာ ပြည်ထောင်စုအတွက် အန္တရာယ် ဖြစ်လား မဖြစ်လား သုံးသပ်နိုင်ပါတယ်......

ဝ ဟာ မြန်မာပြည်ရဲ့ အရှေ့ဖျား လူဦးရေး အင်မတန်ထူထပ်တဲ့ တရုတ်နိုင်ငံနဲ့ အဦးဆုံးထိစပ်နေတဲ့ မြန်မာနိုင်ငံရဲ့ နယ်မြေလို့ ပြောလို့ရတယ်..... အဲဒိအတွက် သူ့စီကို ပြိုဆင်းလာမယ့် တရုတ်တွေကို သူနိုင်သလောက် တားဆီးနေခဲ့တယ်.... လက်ရှိအနေအထားအရ ဝ ပြည်ဘက်ကနေ ဒီဘက်ကိုဆင်းလာတဲ့ တရုတ်တွေ မရှိသလောက် အတော်လေး နည်းပါးတယ်..... လူဦးရေ ယိုစိမ့်မှုကို သူနိုင်သလောက် တားဆီးထားနိုင်တယ်လို့ ပြောလို့ရတယ်..... ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရရဲ့ ပံ့ပိုးကူညီမှု အလျဉ်းမရှိပဲ သူ့ဟာသူ လုပ်ဆောင်နေရတယ်လို့ ဆိုနိုင်တယ်......

ဝ ပြည်နယ်ဟာ ရှမ်းပြည်နယ်ထဲမှာ သယံဇာတတွေထွက်တယ်၊ သတ္ထု၊ ရွှေ၊ ရာဘာ အများကြီးပဲ ဒါကို ပြည်နယ်အစိုးရကလည်း မျက်စိကျတယ်...... ယခင် စစ်အစိုးရ လက်ထက်ကလည်း မျက်စိကျခဲ့တယ်..... ခွန်ဆာကို တိုက်ပီး ဝ လူမျိုးတွေရဲ့ သွေးတွေနဲ့ ရင်းယူထားတဲ့ မြေပေါ်မှာ ရာဘာပင်တွေ စိုက်ထားပီး ဖြစ်ထွန်းလာချိန်မှာမှ ယခင် စစ်အစိုးရက ရွေးကောက်ပွဲမလုပ်ခင် နောက်ကိုဆုတ်ခိုင်းတဲ့အတွက် တိုက်လု တိုက်ခင် အခြေအနေဖြစ်ခဲ့ရတယ်...... ဝ ဒေသရဲ့ ပန်းဆန်းမှာ ရှိတဲ့ လောင်းစကားရုံဟာ တရုတ်လူမျိုးတွေရဲ့ ရှာဖွေထားတဲ့ ပိုက်ဆံတွေ လာရောက်ဖြုန်းတီးရာ၊ တရုတ်တွေရဲ့ ငွေတွေ စီးဝင်သွားရာ နေရာတစ်ခုဖြစ်လို့ တရုတ် အာဏာပိုင်တွေက ပိတ်စေချင်ပေမယ့် အဓိက ဝင်ငွေရလမ်းဖြစ်လို့ ဝ တွေက မပိတ်ပဲ ထားတဲ့အခါမှာ တရုတ်ရဲ့ ဒဏ်ခတ်တာတွေ ခဏခဏ ခံရလေ့ ရှိတယ်....... ဒီအတွက်ကြောင့် ဝ ဟာ တရုတ်ရဲ့ ဒဏ်တွေ နောကျေနေပီလို့ ပြောလို့ရပါတယ်..... ဝ ဒေသရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကတော့ အဲ့ဒိဒေသမှာရှိတဲ့ ၂၄ နာရီ မီးရရှိမှု၊ လမ်းပန်းဆက်သွယ်ရေး ပြေပြစ်မှု၊ ကြိုးဖုန်း၊ အင်တာနက်၊ မိုဘိုင်းဖုန်းဆက်သွယ်ရေး ကောင်းမွန်မှု၊ လောင်စာဆီ ဝယ်ယူရရှိနိုင်မှု၊ ဒေသတွင်း တည်ငြိမ်မှု အစရှိတာတွေနဲ့ ပြန်ကြည့်ရင် သိနိုင်ပါတယ်.....

ဝ နဲ့ ကေအိုင်အေ ကွာခြားမှုကတော့ ကေအိုင်အေက ကချင်နိုင်ငံတော် ဆိုတာကို မျိုးဆက်သစ်တွေကို ရိုက်သွင်းတယ်၊ အဲ့ဒိအတွက် တိုက်ယူရမယ်ဆိုတဲ့ အသိကို မွေးထားတယ်.... ဝ က ဗဟိုအစိုးရရဲ့ စောင့်လျှောက်မှု၊ ကာကွယ်မှုကို တောင်းခဲ့တယ်၊ ခုထိလည်း တောင်းနေတုန်းပဲ....... ဝ လူမျိုးတွေ အရွယ်ရောက်ရင် ဝ တပ်ထဲ မဝင်မနေရ ရှိကြပေမယ့် ဝ နိုင်ငံထူထောင်ဖို့ စိတ်ကူးမရှိကြတာ သတိထားမိတယ်..... ကျွန်တော် ဝ နယ်ဘက်မှာ ရင်းရင်းနှီးနှီး နေခဲ့စဉ်က သူတို့တွေရဲ့ ဘာကြောင့် ဗဟိုအစိုးရက သူတို့ကို နိုင်စားချင်ကြသလဲ ဆိုတဲ့ မေးခွန်းကို ခဏခဏ အမေးခံခဲ့ရတယ်..... 

ဝ ကိစ္စဟာ အကိုင်အတွယ် မတတ်ရင်၊ အထိမ်းအသိမ်းမတော်ရင် ရှမ်းပြည်အရင် ပြိုကွဲမယ့် ကိစ္စပါ..... ဝ ကိုပြည်နယ်ပေးရင် ပြည်နယ်အစိုးရ လက်ခံမှာလား မေးစရာရှိလာတယ်...... ကိုယ်တိုင်က တိုင်းရင်သားခြင်း တန်းတူအခွင့်အရေး ကြွေးကျော်နေတဲ့ လူမျိုးကြီး ရှမ်းတွေအနေနဲ့ သူ့ရဲ့ တိုင်းရင်းသားအခွင့်အရေး ရဖို့တောင်းဆိုနေတဲ့ ဝ ကို လက်ခံနိုင်မလား ဆိုတဲ့ မေးခွန်းပါပဲ...... အခုဖြစ်နေတဲ့ ပြဿနာအများစုဟာလည်း ကိုယ်တိုင်က တိုင်းရင်းသားလွတ်လပ်ခွင့် တောင်းနေပေမယ့် ကိုယ့်အောက်က တိုင်းရင်းသားတွေကိုတော့ ကိုယ့်လက်အောက်ခံလို ထားနေတဲ့အတွက် ပြဿနာဖြစ်နေတာပါ..... ဥပမာအနေနဲ့ KIA ရဲ့ အုပ်ချုပ်မှုအောက်မှာ တိုင်းလိုင် ရှမ်းနီတွေကို တန်းတူမထားလို့ ဖြစ်နေတဲ့ ပြဿနာမျိုးပါ..... ဗဟိုအစိုးရရဲ့ အုပ်ချုပ်မှုကို လက်ခံချင်တဲ့ ဝ ကို ပြည်နယ်တောင်းတာကို ပြည်နယ်အစိုးရက သဘောထားကြီးဖို့ လိုမယ်လို့ မှတ်ယူတယ်..... အထူးသဖြင့် တိုင်းရင်းသား အခွင့်အရေး ဆိုတာကို ကြွေးကျော်နေသူတွေက ကိုယ့်အောက်က အခြားတိုင်းရင်းသားတွေကို ဖိနှိပ်တာမျိုးလည်း မဖြစ်ဖို့လိုမယ်.....

ဝ ဒေသကို တရုတ်က ဟယ်လီကော်ပတာ ပေးတယ် ဆိုတာနဲ့ ပါတ်သက်ပီး ပြောချင်တာက ဝ ဒေသရဲ့ တောင်တွေဟာ ပင်လယ်ရေမျက်နှပြင်အထက် အမြင့်ပေ ၅၀၀၀ အထက်မှာရှိတယ်..... ဟယ်လီကော်ပတာရဲ့ အားနည်းချက်ဟာ ပင်လယ်ရေမျက်နှာပြင်ထက် မြင့်လာလေလေ လေဖိအား နည်းလာတဲ့အတွက် အမြင့်ကို ပြန်တက်နိုင်စွမ်း နည်းလာလေလေ၊ ကုန်စည် တင်ယူနိုင်မှု နည်းလာလေပဲ...... ဝ ဒေသမှာ လေယာဉ်ပြေးလမ်းအတွက် မြေပြန့် လုံလုံလောက်လောက် မရှိဘူး.... ဟယ်လီကော်တာ သုံးမယ်ဆိုရင်တောင် အဆင်မပြေတဲ့ အချက်က ဝ ဘက်က တောင်တွေရဲ့ ရာသီဥတုပဲ..... ဝ တွေရဲ့ စီးပွားရေး မြို့တော် ပန်ဆန်းကလွဲပီး ကျန်တဲ့နေရာတွေက မကြာခဏ မြူတွေဆိုင်းပီး မိုးထစ်ချုံးရွာနေတဲ့ ဒေသ..... အထူးသဖြင့် ဝ ဌာနချုပ် တောင်သုံးလုံးရဲ့အောက်ခြေက မိုင်းမောမြို့ကလေးဆိုရင် တိမ်ပေါ်မှာ ရှိနေတယ်လို့ တင်စားရအောင် အမြဲလိုလို မြူတွေဆိုင်းနေလေ့ ရှိပါတယ်..... ဝ ဒေသမှာရှိတဲ့ မြေပြန့်ကလည်း တောင်တွေကြားထဲမှာ ဒယ်အိုးသဖွယ် ဖြစ်နေတာ များပါတယ်.... မြေပြန့်လေး ရတိုင်းမှာ သူတို့ဟာ မြို့တည်ထားရတာပါ...... ဥပမာအားဖြင့် ပန်ဆန်း၊ မိုင်းပေါက်....

ဟယ်လီကော်ပတာ၊ လေယာဉ် အစရှိတာတွေ ရပီဆိုတာနဲ့ အရံစက်ပစ္စည်း အများကြီးလိုပါတယ်..... လေယာဉ်ကွင်းလိုမယ်..... ထိမ်းသိမ်းဖို့ အဆောက်အဦးတွေ၊ အဲ့ဒိလေယာဉ်ကွင်းအတွက် လေကြောင်းရန်ထိမ်းသိမ်းဖို့၊ ကျွမ်းကျင် စစ်သည်၊ ဝန်ထမ်း၊ ထောက်ပို့ အစရှိတာတွေ အများကြီးပါ..... နောက် သူတို့ ရာသီဥတုအရလည်း အဆင်မပြေပါဘူး..... ဒါဖြင့် ဝ ဒေသရဲ့ သံချပ်ကာ ကားတွေကို လက်ညှိုးထိုးမေးနိုင်ပါတယ်..... ဝ ဒေသရဲ့ တစ်နေရာနဲ့ တစ်နေရာ ဆက်သွယ်တဲ့ ကားလမ်းတွေဟာ တစ်ဖက်က တောင် တစ်ဖက်က အသူတရာနက်တဲ့ ချောက်ပါ...... သွားရိုးသွားစဉ် လမ်းမဟုတ်ရင် သံချပ်ကာတင့်ကားတောင် သွားဖို့တော်တော်လေးကို ခဲယဉ်းပါတယ်..... ဝ ဒေသမှာ သံချပ်ကာ ကားတွေ သွားမယ်ဆိုရင် တောင်ပေါ် တောင်စောင်းကနေ အာပီဂျီတစ်ချက်စာပဲ ရှိပါတယ်..... တောင်ပေါ်လမ်းတွေရဲ့ သဘာဝအရ မြူဆိုင်းရင် ရှေ့ကို ဓါတ်တိုင် တစ်တိုင်တောင် ကြိုမြင်ဖို့ ခဲယဉ်းတဲ့အတွက် ကားတွေ မမောင်းပဲ ရပ်နေရတာ ခဏခဏပါ....... ဒါဆိုရင် ဒိသံချပ်ကာတွေရဲ့ ထိရောက်မှုနဲ့ အသုံးချမယ့် နေရာကို တွက်ဆလို့ ရပါတယ်..... 

ဝ ရဲ့ စစ်တပ်ဖွဲ့စည်းပုံကို သေခြာလေ့လာမယ်ဆိုရင် အဓိက အားထားတာ Defense အတွက်ကို ဦးစားပေးပါတယ်.... ဝ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို သေခြာလေ့လာမယ်ဆိုရင် စစ်တပ်နဲ့ ထိပ်တိုက်တွေ့ဖို့ ပြင်ဆင်နေသလို SSA လှုပ်ရှားမှုတွေများတဲ့ဘက်မှာလည်း အုံနဲ့ ကျင်းနဲ့ လှုပ်ရှားမှုတွေ ရှိတာကို သတိထားကြည့်ဖို့တော့ လိုမယ်....... ဝ ကိုတက်တိုက်ရင် သူ့ဒေသရဲ့ သဘာဝ အတားအဆီးများနဲ့ ဝ လူမျိုးတွေရဲ့ နယ်မြေကျွမ်းကျင်မှုကြောင့် လက်ရှိစစ်တပ် ထက်ဝက်ကျော် ပြုတ်သွားနိုင်ပါတယ်...... ဝ လည်းအထိနာပါလိမ့်မယ်...... ဝ အထိနာရင် သူ့ဘေးမှာ ဝိုင်းနေတဲ့ သူ့ကိုဆော်ချင်တဲ့ အခြားတိုင်းရင်းသားတွေရဲ့ လက်ချက်ဖြစ်သွားပါလိမ့်မယ်.... ဝ ခေါင်းဆောင်တွေ အကြောက်ဆုံးအချက်က အဲ့ဒါပဲ ဖြစ်ပါတယ်.... ဒါကြောင့် ဝ ဘက်ကစပြီး ရန်စတာ၊ ရန်စွာတာ မရှိပဲ သူ့စီးပွားရေး သူလုပ်နေတာကို သတိထားကြည့်ရင် တွေ့ပါလိမ့်မယ်..... တရုတ်ကို သူတို့အားမကိုးခဲ့တာက တရုတ်က ဝင်လာပီးရင် နှင်ထုတ်ရခက်တယ်ဆိုတဲ့ အချက်ပါပဲ.....

ဝ တွေဟာ လွတ်လပ်ရေး မရခင်မှသည် လွတ်လပ်ရေး ရပြီးသည့် ယနေ့အချိန်ထိ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ နေခဲ့ပါတယ်..... ပြည်မ၊ ပြည်နယ် အစိုးရ သြဇာ သူတို့အပေါ် မသက်ရောက်ခဲ့ပါဘူး...... ဘေးမှာလည်း တရုတ်ရဲ့ ဖိအားရှိသလို အဖက်ဖက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းရဲ့ ရန်စောင်မှုတွေကြားမှာ တည်ရှိနေခြင်း ဖြစ်ပါတယ်...... သူတို့နယ်မြေရဲ့ အားနည်းချက်၊ အားသာချက်ကို သူတို့သိတဲ့အတွက်ကြောင့် ရှေးယခင်ကလည်း ပြည်မ အစိုးရကို သူတို့အားကိုးခဲ့သလို ယခုလည်း အားကိုးတဲ့အနေနဲ့ ပြည်နယ်တောင်းဆိုလာတာ ဖြစ်ပါတယ်...... KIA ကို အစိုးရနဲ့ ငြိမ်းချမ်းရေးယူဖို့ တိုက်တွန်းတဲ့ စာမှာပါတဲ့ ခွဲထွက်ခွင့်မပါသော ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို သုံးခဲ့တဲ့ ဝ တွေရဲ့ ခွဲထွက်ခွင့်မပါသော ပြည်နယ်တောင်းဆိုခြင်းအပေါ် ကျွန်တော်လည်း ထောက်ခံပါတယ်.... 

ထောက်ခံရခြင်းသည် သူတို့ ပြည်နယ်တောင်းရခြင်း၏ အခြေအနေကို သိရှိတဲ့အတွက် ဖြစ်သလို ပြည်နယ် ပေးသင့် မပေးသင့် ဆိုတာထက် ဘာကြောင့် ပြည်နယ်တောင်းသလဲ ဆိုတာကို မြင်အောင်ကြည့်ပီး အဆင်ပြေအောင် ဘယ်လို ညှိနှိုင်းပေးမလဲ ဆိုတဲ့အမြင်တွေအပေါ်မှာလည်း များစွာ ကြိုဆိုမိပါတယ်...... လူမျိုးကြီး တိုင်းရင်းသား မျိုးနွယ်စုများအနေနဲ့လည်း မိမိကိုယ်တိုင် တိုင်းရင်းသား အခွင့်အရေး တောင်းဆိုနေချိန်မှာ မိမိလက်အောက်က တိုင်းရင်းသားတွေကို မိမိတို့ကိုယ်တိုင် ဖိနှိပ်ထားတာမျိုး မလုပ်သင့်ဘူးလို့လဲ မြင်မိပါတယ်......

ဝ ကိစ္စဟာ ရှုပ်ထွေးမှု မှန်ပါတယ်...... ဝ ဟာ တရုတ်ရဲ့ ဝှက်ဖဲဆိုရင်ဖြင့် ပါသွားခဲ့တာ ကြာပါပီ..... ဒီဘက်ကလည်း တက်တိုက်နိုင်တာ မဟုတ်ပါဘူး...... ဝ ဒေသ တောင်သုံးလုံးအနားကို ဒီဘက်က အရိပ်တောင် ဖြတ်ဖူးတာ မဟုတ်ပါဘူး....... ဝ ဆိုတာ လွတ်လပ်ရေး ရပီးကတည်းက ဗဟိုအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိခဲ့ပေမယ့် ဘေးနားက ဝါးမြိုချင်တဲ့ အိမ်နီးခြင်းကြီး ရှိနေရဲ့သားနဲ့ အခုအချိန်ထိ မြန်မာနိုင်ငံအောက်မှာ ရှိနေတာဟာ ဘာကြောင့်လည်းဆိုတာ စဉ်းစားဖို့လိုပါလိမ့်မယ်..... ဒါပေမယ့် ထည့်သွင်း စဉ်းစားစေချင်တာကတော့ ဝ ဒေသဟာ လွတ်လပ်ရေး မရခင်မှသည် ယခုရပီးချိန်အထိ ဗဟိုအစိုးရရဲ့ အုပ်ချုပ်မှုနဲ့ ကင်းလွတ်နေခဲ့ပါတယ်.... မြန်မာစစ်တပ်ကိုယ်တိုင် ရှေးကလည်း မသိမ်းပိုက်နိုင်ခဲ့သလို အခုလည်း သိမ်းပိုက်နိုင်ဖို့ မသေခြာပါဘူး..... 

ဒီအတွက် ကျွန်တော့်အနေနဲ့ ဝ ရဲ့ ပြည်နယ်တောင်းဆိုခြင်းကို ဆက်ဆက်ခါ ဆန့်ကျင်နေကြသူများအပေါ် မေးလိုတာကတော့ ဗဟိုအစိုးရလည်း လက်လှမ်းမမှီ၊ ကိုယ်တိုင်လည်း ကိုယ်ပိုင်နိုင်ငံ ထူထောင်နိုင်တဲ့ အနေအထားရှိတဲ့ ဝ ဟာ ဘာကြောင့် ကိုယ်ပိုင်နိုင်ငံ မထူထောင်ပဲ မြန်မာပြည်ကို ဖက်တွယ်နေသလဲ၊ ဘာကြောင့် ဝ ဟာ အင်အားကြီးတဲ့ တရုတ်ဘက်ကို ပါမသွားခဲ့သလဲ၊ အခုအချိန်ထိ ဗဟိုအစိုးရရဲ့ စောင့်လျှောက်မှုကို တောင်းဆိုနေသလဲ ဆိုတဲ့မေးခွန်းပါပဲ........ ပြည်နယ် မပေးချင်ဘူးဆိုရင်ဖြင့် ဝ ဒေသနဲ့ သူတို့ ကြုံတွေ့နေရတဲ့ ညှပ်ပူး ညှပ်ပိတ် အခက်အခဲအပေါ် ဘယ်လိုဖြေရှင်းသင့်တယ်လို့ မြင်ပါသလဲ ဆိုတဲ့ မေးခွန်းတွေပါပဲ..... အပြုသဘောဆန်စွာ ဆွေးနွေးမည့်သူများကို လက်ကမ်းကြိုလျက်ပါပဲ.......

Photo: ဓါတ်ပုံရိုက်လျင် သေဒဏ် သတ်မှတ်ထားသော ဝ အထူးဒေသ (၂) ဌာနချုပ် တောင်သုံးလုံးရှိရာ မိုင်းမောမြို့ကလေး မြူတွေ လွှမ်းလာချိန် ရိုက်ထားခြင်း ဖြစ်ပါတယ်.....
ဝ ပြည်နယ် တောင်းဆိုမှုအပေါ်........

ဝ ပြည်နယ်တောင်းတဲ့အပေါ် အမျိုးမျိုး ပြောနေ ဆိုနေကြတယ်.... တစ်ချို့ကလည်း ဝ ဟာ တိုင်းရင်းသားမဟုတ်ဘူးလို့ ဆိုကြတယ်..... တစ်ချို့က...လည်း တရုတ်လက်ပါးစေလို့ ဆိုကြတယ်.... တစ်ချို့ကလည်း တရုတ်ကို ကြည့်မရတာနဲ့ ဝ ပါ ဆော်ပစ်ဆိုပီး ပြောနေကြတယ်...... တစ်ချို့ကတော့ ဝ ရဲ့ ကြီးမားတဲ့ လက်နက်ကိုင်တပ်ရဲ့ အခြေအနေကို ထောက်ပြပီး အန္တရာယ်ရှိတယ်လို ဆိုလာတယ်..... ဒါပေမယ့် ဝ တွေပြည်နယ် တောင်းတာဟာ အခုမှမဟုတ်ပဲ အတော်အတန်ကြာပီဆိုတာ အများစု မေ့လျော့နေတဲ့ အချက်ပဲ..... ဒီသတင်း ထွက်ပေါ်လာတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် KIA နဲ့ ငြိမ်းချမ်းရေးပီးတော့၊ SSA၊ DKBA နဲ့ အွန်လိုင်းမှာ လှည့်ရန်တိုက်လို့မရချိန် ဦးသိန်းစိန်ရဲ့ နိုင်ငံခြား ခရီးစဉ်ထွက်ချိန်နဲ့လည်း တိုက်ဆိုင်နေတာကို သတိထားမိတယ်......

သူတို့တွေ ဘာရည်ရွယ်ချက်နဲ့ ဒီသတင်းကို အစပျိုးထုတ်လွှင်လာတယ် ဆိုတာကို ထူးပီးမဝေဖန်လိုပေမယ့် ဒီသတင်းအပေါ်မှာစီးမြောရင်း အပြန်အလှန် ဝေဖန်မှုတွေ များလာတယ်...... ဒါပေမယ့် အနှစ်ပါတဲ့ ဝေဖန်မှုက နည်းပါးပီး ထစ်ခနဲရှိ ဒေဝေါကြီး ဒေဝေါကြီးဆိုတဲ့ပုံသဏ္ဍန်နဲ့ တရုတ်က တရုတ်က ဆိုတာကို ထည့်သွင်းပြောလာကြတာပဲ အများဆုံးတွေ့ရတယ်..... အခုလက်ရှိ ဝ ကိစ္စဟာ ကိုယ့်ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် ဝ လူမျိုးတွေ ဘာကြောင့် ပြည်နယ်တောင်းသလဲဆိုတာကို ထည့်သွင်းစဉ်းစားပေးတဲ့လူ နည်းတာကို သတိထားမိတယ်.... တိုင်းရင်းသားအချင်းချင်း ညီအစ်ကိုလို သင့်မြတ်နေရင်တော့ တရုတ်ကို သံသယရှိတာ ဖြစ်သင့်ပါတယ်.... တိုင်းရင်းသားချင်းလည်း ကြုံတိုင်း လူမျိုးတုန်း သတ်နေချိန်မှာ ဘာကြောင့်လဲဆိုတာသိဖို့ ဝ တွေရဲ့ ရပ်တည်မှုကို သေခြာလေ့လာဖို့ လိုပါလိမ့်မယ်....... ကျွန်တော်တို့ရဲ့ တိုင်းရင်းသားဖြစ်တဲ့ ဝ နဲ့ ပါတ်သက်လို့ ဘာကြောင့် ပြည်နယ် တောင်းသလဲဆိုတာကို သိစေဖို့ ဒီစာကို ရေးလိုက်ပါတယ်......

ဝ တွေဟာ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရှမ်းပြည်ရဲ့ လက်အောက်ခံအနေနဲ့ ပါဝင်ခဲ့တယ်..... ပင်ကိုယ်က ကိုယ့်ခေါင်းဆောင်နဲ့ကိုယ် နေခဲ့ကြပြီး ရှမ်းခေါင်းဆောင်တွေနဲ့ တန်းတူရည်တူ ပြောဆို ဆက်ဆံခဲ့တဲ့ ဝ လူမျိုးတွေအတွက်တော့ အဆင်မပြေဘူးပဲ ဆိုရမယ်...... နောက်တစ်ခုက ဝ တွေဟာ ရှမ်းနဲ့ ရာဇဝင်ကြွေးရှိတယ်.... အထူးသဖြင့် ခွန်ဆာတို့နဲ့ အကြီးအကျယ်ငြိခဲ့ပီး သူသေကိုယ်သေ တပ်နှစ်တပ် သတ်ခဲ့ကြတာ သမိုင်းသက်သေတွေ ရှိခဲ့တယ်..... ဒီ ရန်ညှိုးကြောင့်လည်း SSA အပါအဝင် အခြားတိုင်းရင်းသား တပ်တွေက ဝ တပ်ကို လစ်ရင်လစ်သလို အားနည်းတဲ့ရင် တွယ်လေ့ရှိတယ်..... တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့ထားပေမယ့် KIA နဲ့ ဝ နဲ့ဟာလည်း မတည့်ပဲ တိုက်ခဲ့ကြတဲ့ သမိုင်းတွေ ရှိခဲ့တယ်......

ဒါတွေကြောင့် ဝ ဟာ စစ်ရေးအဆင်သင့်ဖြစ်အောင် အမြဲပြင်ထားရတယ်..... သူ့လူမျိုးတိုင်းဟာ အသက်ပြည့်ရင် စစ်မှုမထမ်းမနေရ စနစ်ကို ကျင့်သုံးတယ်...... လိုတဲ့ လက်နက်တွေအတွက် ဝ မှာ ကိုယ်ပိုင်လက်နက် စက်ရုံတွေ ရှိတယ်..... သူ့ရဲ့နေရာအရ ကြည့်ရင်လည်း ပါတ်ပါတ်လည်မှာ အခွင့်သာရင် တိုက်မယ့် တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိတယ်...... အခြားတစ်ဖက်မှာလည်း ဖိအားပေးနေတဲ့ အစိုးရ စစ်တပ်ရှိတယ်...... နောက်ဘက်မှာလည်း စီးပွားရေးနဲ့ ဖိနင်းဖို့ ပြင်နေတဲ့ တရုတ်နိုင်ငံ ရှိတယ်...... ဒါကြောင့် သူတို့ရဲ့ ရုန်းကန်ရမှု အနေအထား၊ ပထဝီဝင် မျက်နှာသွင်ပြင်ကို လေ့လာကြည့်ဖို့ လိုလိမ့်မယ်.... ဝ လက်နက်အင်အားကြီးထွားတယ် ဆိုတာသည် သူ့ကိုယ်သူ ကာကွယ်ဖို့လည်းဖြစ်တယ်.... မကြီးထွားရင်လည်း SSA သတ်လို့ သေရတဲ့ ဝ စစ်သားတွေက သူတို့အတွက်သင်ခန်းစာ ဖြစ်နေလို့...... ဒါကြောင့် ဝ ရဲ့ လက်နက်အင်အားနဲ့ ပါတ်သက်ပီး စိုးရိမ်နေတာ ဖြစ်သင့်သလို သူတို့ရဲ့ သမိုင်းကြောင်း ရန်ကြွေးတွေကို ကျေကျေလည်လည် လေ့လာဖို့လိုပါလိမ့်မယ်.......

ဝ နဲ့ ရှမ်းနဲ့ ရှိတဲ့ ရာဇဝင်ကြွေးကြောင့် ဝ ကလည်း ရှမ်းအောက်မှာ မနေချင်ဘူး..... အခုအချိန်မှာ အစိုးရက ဝ ဘက်ကလိုက်ရင် ရှမ်းက ကလော်မယ်.... ရှမ်းဘက်ကလိုက်ရင် ဝ က ကလော်မယ်..... ဝ ကလည်း ပြည်နယ်အစိုးရ အုပ်ချုပ်တာတော့ မခံနိုင်ဘူး ဗဟိုအစိုးရ အုပ်ချုပ်တာပဲ ခံ မယ်လို့ ပြောလာတယ်....... ပြည်နယ်အစိုးရကလည်း ဝ ကို ၄၇ အခြေခံဥပဒေအရဆိုပီး အုပ်ချုပ်ချင်တယ်..... ဒီအချိန်မှာ ဝ ကို အတင်းသွားတိုက်မယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများတယ်...... ဝ ဟာ KIA နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တိုက်တွန်းတဲ့စာမှာ ခွဲထွက်ခွင့် မပါသော ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးကို တော်တော်လေး အလေးပေး သုံးထားတာ တွေ့ရတာကို ကြည့်ခြင်းအားဖြင့် ဝ ဟာ ပြည်ထောင်စုအတွက် အန္တရာယ် ဖြစ်လား မဖြစ်လား သုံးသပ်နိုင်ပါတယ်......

ဝ ဟာ မြန်မာပြည်ရဲ့ အရှေ့ဖျား လူဦးရေး အင်မတန်ထူထပ်တဲ့ တရုတ်နိုင်ငံနဲ့ အဦးဆုံးထိစပ်နေတဲ့ မြန်မာနိုင်ငံရဲ့ နယ်မြေလို့ ပြောလို့ရတယ်..... အဲဒိအတွက် သူ့စီကို ပြိုဆင်းလာမယ့် တရုတ်တွေကို သူနိုင်သလောက် တားဆီးနေခဲ့တယ်.... လက်ရှိအနေအထားအရ ဝ ပြည်ဘက်ကနေ ဒီဘက်ကိုဆင်းလာတဲ့ တရုတ်တွေ မရှိသလောက် အတော်လေး နည်းပါးတယ်..... လူဦးရေ ယိုစိမ့်မှုကို သူနိုင်သလောက် တားဆီးထားနိုင်တယ်လို့ ပြောလို့ရတယ်..... ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရရဲ့ ပံ့ပိုးကူညီမှု အလျဉ်းမရှိပဲ သူ့ဟာသူ လုပ်ဆောင်နေရတယ်လို့ ဆိုနိုင်တယ်......

ဝ ပြည်နယ်ဟာ ရှမ်းပြည်နယ်ထဲမှာ သယံဇာတတွေထွက်တယ်၊ သတ္ထု၊ ရွှေ၊ ရာဘာ အများကြီးပဲ ဒါကို ပြည်နယ်အစိုးရကလည်း မျက်စိကျတယ်...... ယခင် စစ်အစိုးရ လက်ထက်ကလည်း မျက်စိကျခဲ့တယ်..... ခွန်ဆာကို တိုက်ပီး ဝ လူမျိုးတွေရဲ့ သွေးတွေနဲ့ ရင်းယူထားတဲ့ မြေပေါ်မှာ ရာဘာပင်တွေ စိုက်ထားပီး ဖြစ်ထွန်းလာချိန်မှာမှ ယခင် စစ်အစိုးရက ရွေးကောက်ပွဲမလုပ်ခင် နောက်ကိုဆုတ်ခိုင်းတဲ့အတွက် တိုက်လု တိုက်ခင် အခြေအနေဖြစ်ခဲ့ရတယ်...... ဝ ဒေသရဲ့ ပန်းဆန်းမှာ ရှိတဲ့ လောင်းစကားရုံဟာ တရုတ်လူမျိုးတွေရဲ့ ရှာဖွေထားတဲ့ ပိုက်ဆံတွေ လာရောက်ဖြုန်းတီးရာ၊ တရုတ်တွေရဲ့ ငွေတွေ စီးဝင်သွားရာ နေရာတစ်ခုဖြစ်လို့ တရုတ် အာဏာပိုင်တွေက ပိတ်စေချင်ပေမယ့် အဓိက ဝင်ငွေရလမ်းဖြစ်လို့ ဝ တွေက မပိတ်ပဲ ထားတဲ့အခါမှာ တရုတ်ရဲ့ ဒဏ်ခတ်တာတွေ ခဏခဏ ခံရလေ့ ရှိတယ်....... ဒီအတွက်ကြောင့် ဝ ဟာ တရုတ်ရဲ့ ဒဏ်တွေ နောကျေနေပီလို့ ပြောလို့ရပါတယ်..... ဝ ဒေသရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကတော့ အဲ့ဒိဒေသမှာရှိတဲ့ ၂၄ နာရီ မီးရရှိမှု၊ လမ်းပန်းဆက်သွယ်ရေး ပြေပြစ်မှု၊ ကြိုးဖုန်း၊ အင်တာနက်၊ မိုဘိုင်းဖုန်းဆက်သွယ်ရေး ကောင်းမွန်မှု၊ လောင်စာဆီ ဝယ်ယူရရှိနိုင်မှု၊ ဒေသတွင်း တည်ငြိမ်မှု အစရှိတာတွေနဲ့ ပြန်ကြည့်ရင် သိနိုင်ပါတယ်.....

ဝ နဲ့ ကေအိုင်အေ ကွာခြားမှုကတော့ ကေအိုင်အေက ကချင်နိုင်ငံတော် ဆိုတာကို မျိုးဆက်သစ်တွေကို ရိုက်သွင်းတယ်၊ အဲ့ဒိအတွက် တိုက်ယူရမယ်ဆိုတဲ့ အသိကို မွေးထားတယ်.... ဝ က ဗဟိုအစိုးရရဲ့ စောင့်လျှောက်မှု၊ ကာကွယ်မှုကို တောင်းခဲ့တယ်၊ ခုထိလည်း တောင်းနေတုန်းပဲ....... ဝ လူမျိုးတွေ အရွယ်ရောက်ရင် ဝ တပ်ထဲ မဝင်မနေရ ရှိကြပေမယ့် ဝ နိုင်ငံထူထောင်ဖို့ စိတ်ကူးမရှိကြတာ သတိထားမိတယ်..... ကျွန်တော် ဝ နယ်ဘက်မှာ ရင်းရင်းနှီးနှီး နေခဲ့စဉ်က သူတို့တွေရဲ့ ဘာကြောင့် ဗဟိုအစိုးရက သူတို့ကို နိုင်စားချင်ကြသလဲ ဆိုတဲ့ မေးခွန်းကို ခဏခဏ အမေးခံခဲ့ရတယ်.....

ဝ ကိစ္စဟာ အကိုင်အတွယ် မတတ်ရင်၊ အထိမ်းအသိမ်း မတော်ရင် ရှမ်းပြည်အရင် ပြိုကွဲမယ့် ကိစ္စပါ..... ဝ ကိုပြည်နယ်ပေးရင် ပြည်နယ်အစိုးရ လက်ခံမှာလား မေးစရာရှိလာတယ်...... ကိုယ်တိုင်က တိုင်းရင်သားခြင်း တန်းတူအခွင့်အရေး ကြွေးကျော်နေတဲ့ လူမျိုးကြီး ရှမ်းတွေအနေနဲ့ သူ့ရဲ့ တိုင်းရင်းသားအခွင့်အရေး ရဖို့တောင်းဆိုနေတဲ့ ဝ ကို လက်ခံနိုင်မလား ဆိုတဲ့ မေးခွန်းပါပဲ...... အခုဖြစ်နေတဲ့ ပြဿနာအများစုဟာလည်း ကိုယ်တိုင်က တိုင်းရင်းသားလွတ်လပ်ခွင့် တောင်းနေပေမယ့် ကိုယ့်အောက်က တိုင်းရင်းသားတွေကိုတော့ ကိုယ့်လက်အောက်ခံလို ထားနေတဲ့အတွက် ပြဿနာဖြစ်နေတာပါ..... ဥပမာအနေနဲ့ KIA ရဲ့ အုပ်ချုပ်မှုအောက်မှာ တိုင်းလိုင် ရှမ်းနီတွေကို တန်းတူမထားလို့ ဖြစ်နေတဲ့ ပြဿနာမျိုးပါ..... ဗဟိုအစိုးရရဲ့ အုပ်ချုပ်မှုကို လက်ခံချင်တဲ့ ဝ ကို ပြည်နယ်တောင်းတာကို ပြည်နယ်အစိုးရက သဘောထားကြီးဖို့ လိုမယ်လို့ မှတ်ယူတယ်..... အထူးသဖြင့် တိုင်းရင်းသား အခွင့်အရေး ဆိုတာကို ကြွေးကျော်နေသူတွေက ကိုယ့်အောက်က အခြားတိုင်းရင်းသားတွေကို ဖိနှိပ်တာမျိုးလည်း မဖြစ်ဖို့လိုမယ်.....

ဝ ဒေသကို တရုတ်က ဟယ်လီကော်ပတာ ပေးတယ် ဆိုတာနဲ့ ပါတ်သက်ပီး ပြောချင်တာက ဝ ဒေသရဲ့ တောင်တွေဟာ ပင်လယ်ရေမျက်နှပြင်အထက် အမြင့်ပေ ၅၀၀၀ အထက်မှာရှိတယ်..... ဟယ်လီကော်ပတာရဲ့ အားနည်းချက်ဟာ ပင်လယ်ရေမျက်နှာပြင်ထက် မြင့်လာလေလေ လေဖိအား နည်းလာတဲ့အတွက် အမြင့်ကို ပြန်တက်နိုင်စွမ်း နည်းလာလေလေ၊ ကုန်စည် တင်ယူနိုင်မှု နည်းလာလေပဲ...... ဝ ဒေသမှာ လေယာဉ်ပြေးလမ်းအတွက် မြေပြန့် လုံလုံလောက်လောက် မရှိဘူး.... ဟယ်လီကော်တာ သုံးမယ်ဆိုရင်တောင် အဆင်မပြေတဲ့ အချက်က ဝ ဘက်က တောင်တွေရဲ့ ရာသီဥတုပဲ..... ဝ တွေရဲ့ စီးပွားရေး မြို့တော် ပန်ဆန်းကလွဲပီး ကျန်တဲ့နေရာတွေက မကြာခဏ မြူတွေဆိုင်းပီး မိုးထစ်ချုံးရွာနေတဲ့ ဒေသ..... အထူးသဖြင့် ဝ ဌာနချုပ် တောင်သုံးလုံးရဲ့အောက်ခြေက မိုင်းမောမြို့ကလေးဆိုရင် တိမ်ပေါ်မှာ ရှိနေတယ်လို့ တင်စားရအောင် အမြဲလိုလို မြူတွေဆိုင်းနေလေ့ ရှိပါတယ်..... ဝ ဒေသမှာရှိတဲ့ မြေပြန့်ကလည်း တောင်တွေကြားထဲမှာ ဒယ်အိုးသဖွယ် ဖြစ်နေတာ များပါတယ်.... မြေပြန့်လေး ရတိုင်းမှာ သူတို့ဟာ မြို့တည်ထားရတာပါ...... ဥပမာအားဖြင့် ပန်ဆန်း၊ မိုင်းပေါက်....

ဟယ်လီကော်ပတာ၊ လေယာဉ် အစရှိတာတွေ ရပီဆိုတာနဲ့ အရံစက်ပစ္စည်း အများကြီးလိုပါတယ်..... လေယာဉ်ကွင်းလိုမယ်..... ထိမ်းသိမ်းဖို့ အဆောက်အဦးတွေ၊ အဲ့ဒိလေယာဉ်ကွင်းအတွက် လေကြောင်းရန်ထိမ်းသိမ်းဖို့၊ ကျွမ်းကျင် စစ်သည်၊ ဝန်ထမ်း၊ ထောက်ပို့ အစရှိတာတွေ အများကြီးပါ..... နောက် သူတို့ ရာသီဥတုအရလည်း အဆင်မပြေပါဘူး..... ဒါဖြင့် ဝ ဒေသရဲ့ သံချပ်ကာ ကားတွေကို လက်ညှိုးထိုးမေးနိုင်ပါတယ်..... ဝ ဒေသရဲ့ တစ်နေရာနဲ့ တစ်နေရာ ဆက်သွယ်တဲ့ ကားလမ်းတွေဟာ တစ်ဖက်က တောင် တစ်ဖက်က အသူတရာနက်တဲ့ ချောက်ပါ...... သွားရိုးသွားစဉ် လမ်းမဟုတ်ရင် သံချပ်ကာတင့်ကားတောင် သွားဖို့တော်တော်လေးကို ခဲယဉ်းပါတယ်..... ဝ ဒေသမှာ သံချပ်ကာ ကားတွေ သွားမယ်ဆိုရင် တောင်ပေါ် တောင်စောင်းကနေ အာပီဂျီတစ်ချက်စာပဲ ရှိပါတယ်..... တောင်ပေါ်လမ်းတွေရဲ့ သဘာဝအရ မြူဆိုင်းရင် ရှေ့ကို ဓါတ်တိုင် တစ်တိုင်တောင် ကြိုမြင်ဖို့ ခဲယဉ်းတဲ့အတွက် ကားတွေ မမောင်းပဲ ရပ်နေရတာ ခဏခဏပါ....... ဒါဆိုရင် ဒိသံချပ်ကာတွေရဲ့ ထိရောက်မှုနဲ့ အသုံးချမယ့် နေရာကို တွက်ဆလို့ ရပါတယ်.....

ဝ ရဲ့ စစ်တပ်ဖွဲ့စည်းပုံကို သေခြာလေ့လာမယ်ဆိုရင် အဓိက အားထားတာ Defense အတွက်ကို ဦးစားပေးပါတယ်.... ဝ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို သေခြာလေ့လာမယ်ဆိုရင် စစ်တပ်နဲ့ ထိပ်တိုက်တွေ့ဖို့ ပြင်ဆင်နေသလို SSA လှုပ်ရှားမှုတွေများတဲ့ဘက်မှာလည်း အုံနဲ့ ကျင်းနဲ့ လှုပ်ရှားမှုတွေ ရှိတာကို သတိထားကြည့်ဖို့တော့ လိုမယ်....... ဝ ကိုတက်တိုက်ရင် သူ့ဒေသရဲ့ သဘာဝ အတားအဆီးများနဲ့ ဝ လူမျိုးတွေရဲ့ နယ်မြေကျွမ်းကျင်မှုကြောင့် လက်ရှိစစ်တပ် ထက်ဝက်ကျော် ပြုတ်သွားနိုင်ပါတယ်...... ဝ လည်းအထိနာပါလိမ့်မယ်...... ဝ အထိနာရင် သူ့ဘေးမှာ ဝိုင်းနေတဲ့ သူ့ကိုဆော်ချင်တဲ့ အခြားတိုင်းရင်းသားတွေရဲ့ လက်ချက်ဖြစ်သွားပါလိမ့်မယ်.... ဝ ခေါင်းဆောင်တွေ အကြောက်ဆုံးအချက်က အဲ့ဒါပဲ ဖြစ်ပါတယ်.... ဒါကြောင့် ဝ ဘက်ကစပြီး ရန်စတာ၊ ရန်စွာတာ မရှိပဲ သူ့စီးပွားရေး သူလုပ်နေတာကို သတိထားကြည့်ရင် တွေ့ပါလိမ့်မယ်..... တရုတ်ကို သူတို့အားမကိုးခဲ့တာက တရုတ်က ဝင်လာပီးရင် နှင်ထုတ်ရခက်တယ်ဆိုတဲ့ အချက်ပါပဲ.....

ဝ တွေဟာ လွတ်လပ်ရေး မရခင်မှသည် လွတ်လပ်ရေး ရပြီးသည့် ယနေ့အချိန်ထိ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ နေခဲ့ပါတယ်..... ပြည်မ၊ ပြည်နယ် အစိုးရ သြဇာ သူတို့အပေါ် မသက်ရောက်ခဲ့ပါဘူး...... ဘေးမှာလည်း တရုတ်ရဲ့ ဖိအားရှိသလို အဖက်ဖက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းရဲ့ ရန်စောင်မှုတွေကြားမှာ တည်ရှိနေခြင်း ဖြစ်ပါတယ်...... သူတို့နယ်မြေရဲ့ အားနည်းချက်၊ အားသာချက်ကို သူတို့သိတဲ့အတွက်ကြောင့် ရှေးယခင်ကလည်း ပြည်မ အစိုးရကို သူတို့အားကိုးခဲ့သလို ယခုလည်း အားကိုးတဲ့အနေနဲ့ ပြည်နယ်တောင်းဆိုလာတာ ဖြစ်ပါတယ်...... KIA ကို အစိုးရနဲ့ ငြိမ်းချမ်းရေးယူဖို့ တိုက်တွန်းတဲ့ စာမှာပါတဲ့ ခွဲထွက်ခွင့်မပါသော ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို သုံးခဲ့တဲ့ ဝ တွေရဲ့ ခွဲထွက်ခွင့်မပါသော ပြည်နယ်တောင်းဆိုခြင်းအပေါ် ကျွန်တော်လည်း ထောက်ခံပါတယ်....

ထောက်ခံရခြင်းသည် သူတို့ ပြည်နယ်တောင်းရခြင်း၏ အခြေအနေကို သိရှိတဲ့အတွက် ဖြစ်သလို ပြည်နယ် ပေးသင့် မပေးသင့် ဆိုတာထက် ဘာကြောင့် ပြည်နယ်တောင်းသလဲ ဆိုတာကို မြင်အောင်ကြည့်ပီး အဆင်ပြေအောင် ဘယ်လို ညှိနှိုင်းပေးမလဲ ဆိုတဲ့အမြင်တွေအပေါ်မှာလည်း များစွာ ကြိုဆိုမိပါတယ်...... လူမျိုးကြီး တိုင်းရင်းသား မျိုးနွယ်စုများအနေနဲ့လည်း မိမိကိုယ်တိုင် တိုင်းရင်းသား အခွင့်အရေး တောင်းဆိုနေချိန်မှာ မိမိလက်အောက်က တိုင်းရင်းသားတွေကို မိမိတို့ကိုယ်တိုင် ဖိနှိပ်ထားတာမျိုး မလုပ်သင့်ဘူးလို့လဲ မြင်မိပါတယ်......

ဝ ကိစ္စဟာ ရှုပ်ထွေးမှု မှန်ပါတယ်...... ဝ ဟာ တရုတ်ရဲ့ ဝှက်ဖဲဆိုရင်ဖြင့် ပါသွားခဲ့တာ ကြာပါပီ..... ဒီဘက်ကလည်း တက်တိုက်နိုင်တာ မဟုတ်ပါဘူး...... ဝ ဒေသ တောင်သုံးလုံးအနားကို ဒီဘက်က အရိပ်တောင် ဖြတ်ဖူးတာ မဟုတ်ပါဘူး....... ဝ ဆိုတာ လွတ်လပ်ရေး ရပီးကတည်းက ဗဟိုအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိခဲ့ပေမယ့် ဘေးနားက ဝါးမြိုချင်တဲ့ အိမ်နီးခြင်းကြီး ရှိနေရဲ့သားနဲ့ အခုအချိန်ထိ မြန်မာနိုင်ငံအောက်မှာ ရှိနေတာဟာ ဘာကြောင့်လည်းဆိုတာ စဉ်းစားဖို့လိုပါလိမ့်မယ်..... ဒါပေမယ့် ထည့်သွင်း စဉ်းစားစေချင်တာကတော့ ဝ ဒေသဟာ လွတ်လပ်ရေး မရခင်မှသည် ယခုရပီးချိန်အထိ ဗဟိုအစိုးရရဲ့ အုပ်ချုပ်မှုနဲ့ ကင်းလွတ်နေခဲ့ပါတယ်.... မြန်မာစစ်တပ်ကိုယ်တိုင် ရှေးကလည်း မသိမ်းပိုက်နိုင်ခဲ့သလို အခုလည်း သိမ်းပိုက်နိုင်ဖို့ မသေခြာပါဘူး.....

ဒီအတွက် ကျွန်တော့်အနေနဲ့ ဝ ရဲ့ ပြည်နယ်တောင်းဆိုခြင်းကို ဆက်ဆက်ခါ ဆန့်ကျင်နေကြသူများအပေါ် မေးလိုတာကတော့ ဗဟိုအစိုးရလည်း လက်လှမ်းမမှီ၊ ကိုယ်တိုင်လည်း ကိုယ်ပိုင်နိုင်ငံ ထူထောင်နိုင်တဲ့ အနေအထားရှိတဲ့ ဝ ဟာ ဘာကြောင့် ကိုယ်ပိုင်နိုင်ငံ မထူထောင်ပဲ မြန်မာပြည်ကို ဖက်တွယ်နေသလဲ၊ ဘာကြောင့် ဝ ဟာ အင်အားကြီးတဲ့ တရုတ်ဘက်ကို ပါမသွားခဲ့သလဲ၊ အခုအချိန်ထိ ဗဟိုအစိုးရရဲ့ စောင့်လျှောက်မှုကို တောင်းဆိုနေသလဲ ဆိုတဲ့မေးခွန်းပါပဲ........ ပြည်နယ် မပေးချင်ဘူးဆိုရင်ဖြင့် ဝ ဒေသနဲ့ သူတို့ ကြုံတွေ့နေရတဲ့ ညှပ်ပူး ညှပ်ပိတ် အခက်အခဲအပေါ် ဘယ်လိုဖြေရှင်းသင့်တယ်လို့ မြင်ပါသလဲ ဆိုတဲ့ မေးခွန်းတွေပါပဲ..... အပြုသဘောဆန်စွာ ဆွေးနွေးမည့်သူများကို လက်ကမ်းကြိုလျက်ပါပဲ.......

Photo: ဓါတ်ပုံရိုက်လျင် သေဒဏ် သတ်မှတ်ထားသော ဝ အထူးဒေသ (၂) ဌာနချုပ် တောင်သုံးလုံးရှိရာ မိုင်းမောမြို့ကလေး မြူတွေ လွှမ်းလာချိန် ရိုက်ထားခြင်း ဖြစ်ပါတယ်.....
သတင်းရင်းမြစ် -James Mint အင်တာနက်စာမျက်နှာသတင်းမှ

လက်တဖက်ဖြတ်လိုက်ရသောမိန်းကလေးငယ်အားအလုပ်ရှင်မှတာဝန်ယူပေးခြင်းမရှိပါ၊ ဒီကစ္စကိုအလုပ်သမားရုံး နှင့် သက်ဆိုင်ရာ အစီုးရဌာနများသိစေချင်

 သက်ဆိုင်ရာ အစီုးရဌာနများသိစေချင်ပါတယ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ နယ်၊ ကြူဝတ်အု ပ်စု၊့ကန်သာယာကျေးရွာ တွင်နေထိုင်သူ

မအေးအေးမြင့်အသက် ၁၄ နှစ်သည်ကြံသကာချက်ရာ
... အ လုပ်ထဲတွင်ကြံကြိတ်စက် ပင်နံယံအသွားထဲသို့လက်ပါသွားရာ
၁၃ -၁၁ -၂၀၁၂ ရက်နေ့တွင်ပြည် ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး
၁၄ ရက်နေ့တွင်ဘယ်ဘက်လက်အရင်းပိုင်မှဖြတ်လိုက်ရပါသည်။

လက်တဖက်ဖြတ်လိုက်ရသောမိန်းကလေးငယ်အားအလုပ်ရှင်မှတာဝန်ယူပေးခြင်းမရှိပါ၊ ဒီကစ္စကိုအလုပ်သမားရုံး နှင့် သက်ဆိုင်ရာ အစီုးရဌာနများသိစေချင်ပါတယ်

ဖုန်းတွေမှာ သီချင်းနားထောင်ရတာ Bass သံသိပ်မပါတော့ ခြောက်ကပ်ကပ်ဖြစ်နေရင် ဒီ Bass Booster Pro v2.1.1 လေးကို Install လုပ်လိုက်ပါ

Bass Booster Pro v2.1.1 For Android

ဖုန်းတွေမှာ သီချင်းနားထောင်ရတာ Bass သံသိပ်မပါတော့ ခြောက်ကပ်ကပ်ဖြစ်နေရင် ဒီ Bass Booster Pro v2.1.1 လေးကို Install လုပ်လိုက်ပါ.. Bass သံ များများနဲ့ Beat တွေကို ကောင်းကောင်း ခံစားရလိမ့်မယ်.. Virtualizer ပါဝင်တဲ့အတွက် ကိုယ်လိုအပ်သလို ချိန်ညှိနိုင်မှာလည်း ဖြစ်ပါတယ်.. Electro, Techno, Dubstep, Dance, Pop, Rock, Metal, Reggae, Rap, R&B, Hip-Hop, Jazz, Latino, Acoustic, Classical, Party သံစဉ်အမျိုးအစားတွေအတွက် Preset ပေါင်း 20 အဆင်သင့်လည်း ပါဝင်ပါတယ်.. လိုအပ်တဲ့ Android Version ကတော့ 2.3.3 နဲ့ အထက်ပါ..
The Pro features of Bass Booster include :
- Unlimited custom presets
- Homescreen widget (2x1)
- Homescreen shortcut (see below)
- Virtualizer
- Start on phone boot
- Preset auto-detection (see below)
- Automatic preset on incoming call/SMS or during phone conversations
- 4 themes
- Reverb (in Beta ! It doesn't work on most phones, so it might be removed)
- 20 built-in presets : More Basses, Improve quality, Electro, Techno, Dubstep, Dance, Pop, Rock, Metal, Reggae, Rap, R&B, Hip-Hop, Jazz, Latino, Acoustic, Classical, Party, Voice Boost, Volume Boost. (included in the free version)

အဆင်ပြေပါစေ..
အဆင်ပြေပါစေ..

မောင်ပေါက်

Download : 721 KB

Download : 721 KB

ဖုန်းပြောတဲ့အခါ ပြောသမျှကို မှတ်ထားချင်တဲ့ သူငယ်ချင်းတွေအတွက် အသုံးဝယ်မယ့် App

Call Recorder Pro 2.0 Apk (890.33 Kb)

ဖုန်းပြောတဲ့အခါ ပြောသမျှကို မှတ်ထားချင်တဲ့ သူငယ်ချင်းတွေအတွက် အသုံးဝယ်မယ့် App ပါ
မှာလေ့လာပြီး အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Download>>>zippyshare (or)sharebeast

facebook ရဲ့ official site ကတောင်အသိအမှတ်ပြုထားရတဲ့ application လေးပါ

Friendcaster Pro v5.4 Apk 4MB Direct Download

Friendcaster Pro အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်
update ထွက်လို. ပြန်တင်ပေးထားပါတယ်
facebook ရဲ့ official site ကတောင်အသိအမှတ်ပြုထားရတဲ့ application လေးပါ။
သူရဲ့ လုပ်ဆောင်ချက်တစ်ချို့က
facebook မှာပါဝင်တဲ့။။(status updates, photos, messages, events, groups, checkins, etc)စတာတွေကိုလဲအသုံးပြုနိုင်တဲ့အပြင်
Real notifications တွေကိုလဲ အခြား သော် facebook application တွေထက်ပိုမိုမြန်ဆန်စွာဖက်နိုင်ပါတယ်။
Themes လေးတွေလဲပြောင်းလဲ အသုံးပြုနိုင်ပါသေးတယ်။
Posting status update,photo and video တွေကိုလဲအ မြန်ဆုံးဖတ်ယူကြည်ရှုနိုင်ပါတယ်။
facebook account ၂ ခု ၊ ၃ ခု ကိုလဲအသုံးပြုနိုင်ပါတယ်။မိမိရဲ့ friends တွေရဲ့update feeds တွေကိုလဲအလွယ်တကူဖတ်နိုင်ပါတယ်။
ကိုယ့်ရဲ့ အနီးအနားမှာရှိတဲ့friends တွေရဲ့ location တွေကိုလဲကြည်ရှုနိုင်ပါတယ်။
 https://play.google.com/store/apps/details?id=uk.co.senab.blueNotify&hl=en
မှာလေ့လာပြီး အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Download>>>Direct Download (or)zippyshare (or)sharebeast
Ref>>မြန်မာမိုဘိုင်း

Thursday, May 23, 2013

ပုသိမ်မြို့မှာ လေတပ်ဗိုလ်ကြီး သားအဖမှ မိန်းခလေးတယောက်အား ၀ိုင်းရိုက်မှု ဖြစ်ပွား

 ဓါတ်ပုံ ၊ ။ ပုသိမ်မြို့မှာ လေတပ်ဗိုလ်ကြီး သားအဖမှ မိန်းခလေးတယောက်အား ၀ိုင်းရိုက်မှု ဖြစ်ပွားစဉ်

http://www.thithtoolwin.com/2013/05/blog-post_7346.html
နွေည

"အစိုးရကို ဆန့်ကျင်တဲ့သူ မဟုတ်ဘူး" - ဘလော်ဂါသစ်ထူးလွင်

Thursday, May 23, 2013
အင်တာနက်သုံးတဲ့ ပြည်တွင်း/ပြည်ပ မြန်မာပြည်သားတွေ အများဆုံးရောက်တဲ့ မြန်မာဝက်ဆိုက်က သစ်ထူးလွင် ဒေါ့ကွန် ဖြစ်ဖွယ်ရှိပါတယ်။
လားရှိုး၊ ရန်ကုန်၊ မိုးကုတ်၊ မြစ်ကြီးနား ဘယ်သွားသွား သစ်ထူးလွင်ပရိသတ်တွေနဲ့ တွေ့ရမှာပါ။

အင်တာနက်ဆိုင်ပိုင်ရှင်၊ မဂ္ဂဇင်းအယ်ဒီတာ၊

ကုန်သည်၊ နိုင်ငံရေးသမား စသဖြင့် သူ့ပရိသတ်က အလွှာအသီးသီးကပုဂ္ဂိုလ်တွေ၊ သတင်းဖတ်လိုသူတွေ ပါပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့တဲ့ ကိုဒီ၊ သိပ်မကြာသေးခင်ကာလအထိ မီဒီယာဌာနတွေမှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ကိုဒီ၊ လတ်တလော အထင်ကရ ဘလော်ဂါတဦးဖြစ်သူ သစ်ထူးလွင်နဲ့ ဧရာဝတီ ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြလိုက်ပါတယ်။
ဧရာဝတီ  - သစ်ထူးလွင် ဝက်ဆိုက်ကို ဘယ်တုန်းက ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဖြစ်ခဲ့တာလဲ။သစ်ထူးလွင် - ပထမဆုံး ရှင်းပြချင်တာကတော့ သစ်ထူးလွင် ဝက်ဆိုက် ဆိုတာနဲ့ပတ်သက်လို့ ပါ။ www.thithtoolwin.com ဟာ ဝက်ဆိုက် မဟုတ်ပါဘူး၊
Blogger သို့မဟုတ်  blogspot သာဖြစ်ပါတယ်။ blog ကနေ .com ကို ပြောင်းထားတာပါ။
မူရင်းကတော့ လူမူကွန်ယက်အက်တာနက် စာမျက်နှာ အုပ်စုမှာပါတဲ့ Blogger သာ ဖြစ်ပါတယ်။

သစ်ထူးလွင် ဘလော့ဂ်ကို ၂ဝ၁၁ အောက်တိုဘာလ ၁၅ ရက်နေ့ မှာ စတင်ပြီး ပုံမှန် သတင်းတွေ တင်ဖြစ်ခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ မြန်မာ အစိုးရရဲ့မျက်နှာကို ထောက်ထားနေရတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေမှာ ဆင်ဆာဖြတ်ခံထားရပြီး တိမ်မြုပ်ပျောက်ကွယ် သွားတက်တဲ့  သတင်းတွေကို ဖော်ထုတ်တင်ပြဖို့ နဲ့
ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုမဲ့ သတင်းတွေကို တစုတဝေးတည်း ဖတ်ရှုနိုင်အောင် ကောက်နှုတ်ဖော်ပြ ပေးဖို့ ၊
ပြည်သူပြည်သားတွေက တိုက်ရိုက်ပေးပို့ လာတဲ့ သတင်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိစေဖို့  ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
 
ဧရာဝတီ  - ကိုသစ်ထူးလွင်အကြောင်းလည်း နည်းနည်း ပြောပြပါဦး။သစ်ထူးလွင် - ကျနော် အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ် ၊ အော်ဘာနီမြို့ မှာ နေပါတယ်။
ရင်းနှီးတဲ့ မိတ်ဆွေတွေက ကိုဒီ လို့ ခေါ်ပြီ၊ မီဒီယာလုပ်ငန်းနဲ့ပတ်သက်သူတွေကတော့ သစ်ထူးလွင် လို့ ပဲ ခေါ်ပါတယ်။
သစ်ထူးလွင် ဆိုတာ ထိုင်းအခြေစိုက် RFA သတင်းထောက် လုပ်ခဲ့စဉ်က နာမည်ပဲ ဖြစ်ပါတယ်။

အင်တာနက်ကနေ သတင်းတွေ ဖြန်တော့ ကိုယ်တိုင်ရေးတာတွေရော ရှိသလား၊ ကလောင်နာမည် ဘယ်လို ပေးထားသလဲ။

ပြည်သူပြည်သားတွေက သစ်ထူးလွင် ဘလော့ဂ်ကို တိုက်ရိုက်ပေးပို့လာတဲ့ သတင်းတွေကိုတော့ ကိုယ်တိုင်ပြန်ရေးပြီး သစ်ထူးလွင် ဒါမှမဟုတ် Myanmar News Now ဆိုတဲ့ ကလောင်နာမည်တွေနဲ့ပဲ ပြန်ရေးဖြစ်ပါတယ်။

သတင်းသမားဘဝမှာ သစ်ထူးလွင် ဆက်သွယ် လုပ်ကိုင်ခဲ့တဲ့ သတင်းဌာနများ

  • ၂ဝဝ၅ -၂ဝဝ၆ BBC မြန်မာဌာန
  • ၂ဝဝ၃ -၂ဝဝ၄ RFA မြန်မာဌာန
  • ၂ဝဝဝ - ၂ဝဝ၂ ဧရာဝတီသတင်းဌာန
  • ၂ဝဝ၁ - ၂ဝဝ၃ အမြင်သစ်၊ ခေတ်ပြိုင် လစဉ်ထုတ် စာစောင်များ
  • ၁၉၉၈ - ၂ဝဝ၃ DVB အသံလွှင့်ဌာန

ဧရာဝတီ  - ဟက်ကာတွေ နှောက်ယှက်တာနဲ့ ကြုံရဖူးတယ်လို့ သိရပါတယ်၊ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ခံရသလဲ။သစ်ထူးလွင် - ဟက်ကာတွေရဲ့ နှောက်ယက်မှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
အဆိုးရွားဆုံးကတော့ https://www.facebook.com/pages/Myanmar-News-Now/164568630295390?ref=hl စာမျက်နှာ ဟက်ကာတွေလက်ထဲကို တရက်ကြာရောက်ရှိသူသွားပြီး  https://www.facebook.com/thithtoolwin အကောင့် log ကျသွားခြင်းပဲ ဖြစ်ပါတယ်။
ဧရာဝတီ  -  သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေတာလား။ ကူညီတဲ့သူ ရှိသလား။သစ်ထူးလွင် - သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေပါတယ်။  ကူညီတဲ့သူတွေကတော့ ပြည်သူပြည်သား သတင်းသမားတွေပါပဲ။ဧရာဝတီ  -  သစ်ထူးလွင်က ဘာလဲ။ အစိုးရဆန့်ကျင်ရေး လုပ်တဲ့သူလား။ သစ်ထူးလွင် - အစိုးရကို ဆန့်ကျင်တဲ့သူ မဟုတ်ဘူးလို့ ငြင်းဆိုပါရစေ။
ဒါပေမယ့် အစိုးရရဲ့လုပ်ရပ်မှားရင် မှားတဲ့အကြောင်း ဝေဖန်ထောက်ပြမှာ ဖြစ်သလို အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အလျဉ်းသင့်သလို ဖော်ပြပေးနေပါတယ်။
အစိုးရ၊ စစ်တပ်၊ နိုင်ငံရေးပါတီတွေနဲ့လူမှုအဖွဲ့ အစည်းတွေ၊ စီးပွားရေးသမားတွေ စတဲ့ အုပ်ချုပ်ရေး ယန္တယားမှာ အဓိက တာဝန်ရှိသူတွေ အနေနဲ့ ပြည်သူလူထုကို ထိခိုက်နစ်နာစေမယ့် လုပ်ရပ်မှန်သမျှ ဆက်လက် ဖော်ထုတ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

သစ်ထူးလွင်ဟာ ကိုယ်တတ်တဲ့ သတင်း နည်းပညာနဲ့ မြန်မာပြည်သူ ပြည်သားတွေဘက်ကနေ အခိုင်အမာ ရပ်တည်ဖို့ ဆုံးဖြတ်ထားသူပဲ ဖြစ်ပါတယ်။
စစ်အာဏာရှင် စနစ်ရဲ့အရိပ်အာဝါသအောက်မှာ နည်းမျိုးစုံနဲ့ဖုံးဖိခံထားရတဲ့ အမှန်တရားတွေကို ပြည်သူလူထုနဲ့ ပူးပေါင်းဖော်ထုတ်သွားမှာဖြစ်ပါတယ်။
ဘယ်လို တိုက်ခိုက်ဝေဖန်မှုတွေ ရှိနေပါစေ - ပြည်သူလူထု အကျိုးဖြစ်ထွန်းမယ့် သတင်းတွေကို ကြိုးစားပြီးတော့ ပြည်သူတွေဆီကို အရောက်ပို့ ပေးသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံး အနေနဲ့ကျနော် ပြောချင်တာကတော့ သစ်ထူးလွင် ဘလော့ဂ်မှာ သတင်းတွေ ကူးယူဖော်ပြရာမှာ နားလည်မှုပေးထားကြတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာများနဲ့အင်တာနက် လူမှုကွန်ယက် စာမျက်နှာမှာ သတင်းတွေ တင်ပေးကြသူများ၊
သစ်ထူးလွင်ကို သတင်းတွေ တိုက်ရိုက်ပေးပို့လာတဲ့ ပြည်သူ/ပြည်သားတွေကို သစ်ထူးလွင်က အထူး ကျေးဇူးတင်ရှိကြောင်းပါ။ 

  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 
<a href='http://ox.irrawaddy.org/openx/www/delivery/ck.php?n=a4f13bd8&cb=INSERT_RANDOM_NUMBER_HERE' target='_blank'><img alt='' border='0' src='http://ox.irrawaddy.org/openx/www/delivery/avw.php?zoneid=52&cb=INSERT_RANDOM_NUMBER_HERE&n=a4f13bd8'/></a>

စင်္ကာပူမှာနေတဲ့ မြန်မာ/ဂျာမန် မော်ဒယ် လင်းလင်း

Wednesday, May 22, 2013

အသက် ၂၃ နှစ်အရွယ် မော်ဒယ် လင်းလင်းရဲ့ ပုံရိပ်တချို့ကို  ကြော်ငြာတချို့မှာ တွေ့ဖူးကြပြီးဖြစ်မှာပါ။

သူ့မိခင်က မြန်မာပြည်က၊ ဖခင်က ဂျာမန်။

ရေကူးအဝတ်အစား ဘီကီနီနဲ့ပုံတချို့ကို

သူ့ Facebook ပရိသတ်စာမျက်နှာမှာ တွေ့ရပါလိမ့်မယ်။

သို့သော်လည်း အဝတ်အစားမဲ့ပုံတွေကိုတော့ မရိုက်ဘူးလို့ ဆိုပါတယ်။

ကာလသားကြိုက် FHM စာစောင် (စင်္ကာပူဗားရှင်း) မှာ ပါဝင်ခဲ့တဲ့ သူ့ပုံကိုလည်း တွေ့နိုင်ပါတယ်။

သူ့အရပ်အမောင်းက ၅ ပေ ၇ ရှိတယ်၊ ပေါင်ချိန်က ၁၁ဝ။

ဆက်စပ် ~
အေးဝတ်ရည်သောင်း Facebook 
http://blog.irrawaddy.org/2013/05/facebook_14.html

ထွန်းအိန္ဒြာဗို Facebook 
http://blog.irrawaddy.org/2013/04/blog-post_5008.html

မော်ဒယ် လင်းလင်းနဲ့ သူငယ်ချင်းဖြစ်လိုတယ် ဆိုရင်တော့ ... သူ့ရဲ့ Facebook စာမျက်နှာက http://www.facebook.com/princesslynnlynn ပါ။

ပရိသတ်အတွက် စာမျက်နှာက https://www.facebook.com/lynnyangwolf ဖြစ်ပါတယ်။

လောလောဆယ် လင်းလင်းက စင်္ကာပူကျွန်းနိုင်ငံရဲ့ အထင်ကရ နန်းယန်စက်မှုတက္ကသိုလ်မှာ ကျောင်းတက်နေပါတယ် တဲ့။

  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 
ဖုန်းလိုင်းကျပ်မှု ကြုံလျှင် သက်ဆိုင်ရာ အိတ်ချိန်းမှ ဖြေရှင်းပေးမည်

ကဲ ………

မေး သာ မေး ကြ ဗျာ ။
ဖုန်းလိုင်းကျပ်မှု ကြုံလျှင် သက်ဆိုင်ရာ အိတ်ချိန်းမှ ဖြေရှင်းပေးမည်
Wednesday, May 22, 2013

တန်ဖိုးနည်းဖုန်းများ ရောင်းချပြီးနောက် ဖုန်းလိုင်းကျပ်တောက်မှု အချို့ ဖြစ်ပေါ်နေရာ ထိုသို့ ဖုန်းလိုင်း အဆင်မပြေမှုများ ရှိပါက မိမိကိုင်ဆောင်သည့် ဖုန်းနံပါတ်အလိုက် သက်ဆိုင်ရာ ဆက်သွယ်ရေး အိတ်ချိန်းရုံးများကို မေးမြန်း၍ ဖြေရှင်းပေးကြောင်း သတင်းရရှိသည်။ လတ်တလောတွင် ယခင်ရောင်းချပေးခဲ့သည့် ကျပ်နှစ်သိန်းဖုန်းများ သာမက ကျပ် ၁၅ သိန်းတန် ဖုန်းများဖြစ်သည့် ၀၉၅၀ နှင့် ၀၉၅၁ ဖုန်းများ၌ပါ လိုင်းပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း ၎င်းဖုန်း ကိုင်ဆောင်သူများက ပြောသည်။ ထို့အပြင် နှစ်သိန်းတန် GSM နှင့် နှစ်သိန်းခွဲတန် WCDMA မိုဘိုင်းဖုန်းအချို့၌ ဖုန်းလိုင်းမမိခြင်းကြောင့် အင်တာနက် တပ်ဆင်ထားသူများ သုံးစွဲ၍ မရမှုများ ရှိနေသည်။ “တစ်ခါတလေဆို No Service ဆိုပြီးတောင် ဖြစ်သွားတာ။ နံနက်ပိုင်း စောစောတောင် ဖြစ်တယ်။ အခုဆို တစ်ပတ်လောက် ရှိနေပြီ။ ဘယ်လိုလုပ်လို့ လုပ်ရမှန်းတောင် မသိဘူး။ အင်တာနက်လည်း လုံးဝသုံးလို့မရဘူး” ဟု WCDMA ဖုန်းသုံးစွဲသည့် အင်းစိန်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ ထိုသို့ ဖုန်းလိုင်း ပြတ်တောက်မှုများ ရှိပါက မိမိဖုန်းနံပါတ် အလိုက် သက်ဆိုင်သည့် ဆက်သွယ်ရေး အိတ်ချိန်းရုံးများသို့ ဖုန်းဆက်၍ ဖြေရှင်းနိုင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ရတနာပုံကောလ်စင်တာမှ သိရှိရသည်။ “ကိုယ်သုံးတဲ့ဖုန်းက လိုင်းမမိတာ၊ အဆင်မပြေတာမျိုးရှိရင် ဖုန်းနံပါတ်ပေးရင် ကြည့်ပေးလို့ရတယ်။ ဘာလို့ဖြစ်တာလဲ ဆိုတာကို” ဟု ဆက်သွယ်ရေး အိတ်ချိန်းရုံးတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သုံးစွဲသည့် ဟန်ဆက်များကြောင့်လည်း လိုင်းပြတ်တောက်မှုများ၊ ဖုန်းလိုင်းမမိခြင်းများ ရှိတတ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ထိုသို့ ဖုန်းလိုင်း အဆင်မပြေမှုများ ရှိပါက ၀၉၅၀ ဖုန်းများအတွက် ၀၁-၅၀၅၁၄၇၊ ၀၉၅၁ နှင့် ၀၉၄၂ ဖုန်းများအတွက် ၀၁-၂၁၅၈၂၂၊ ၀၉၄၁ ဖုန်းများအတွက် ၀၁-၄၂၁၅၅၈၊ ၀၉၄၅ WCDMA ဖုန်းများအတွက် ၀၁-၅၃၂၂၅၇၊ ၀၁၅၃၇၂၀၁၊ ၀၉၇၃ ဖုန်းများအတွက် ၀၉-၇၃၀၀၀၀၀၀ နှင့် ၀၉-၇၃၁၁၁၁၁၁ အစရှိသည့် ဆက်သွယ်ရေး အိတ်ချိန်းရုံးများကို ဆက်သွယ်မေးမြန်းနိုင်ပြီး ဧပြီလအတွင်းက စတင်ရောင်းချခဲ့သည့် ကျပ် ၁၅၀၀ တန် CDMA 800 MHz ဖုန်းများအတွက် ၀၁-၆၅၆၉၉၄-၆ တွင် စုံစမ်းနိုင်ကြောင်း ရတနာပုံကောလ်စင်တာမှ သတင်းရရှိသည်။

7 Day News

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို သက်တမ်းတိုးရန် ထောက်ခံတော့မည် မဟုတ်ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ပြောကြား

မြန်မာ့ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် သမ္မတဦးသိန်းစိန်၏ အလည်အပတ် ခရီးစဉ်အပြီးတွင် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာအချို့ ရှိနေသေးသော်လည်း အမေရိကန်နိုင်ငံ၏ အရေးပါသော လွှတ်တော်အမတ် မစ်ခ်ျမက်ကောနယ်လ်သည် မြန်မာအပေါ် အရေးယူထားသော ပိတ်ဆို့မှုများကို အဆုံးသတ်ပေးရန် ထောက်ခံတော့မည် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် အိမ်ဖြူတော်တွင် သမ္မတအိုဘားမားနှင့် တွေ့ဆုံအပြီး နောက်တစ်ရက်တွင် အမေရိကန် လွှတ်တော်၌ ဥပဒေပြု လွှတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှု အပြီးတွင် နှစ်ပေါင်းများစွာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများအပေါ် ဦးဆောင်သူဖြစ်သည့် အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကောနယ်လ်က မြန်မာနိုင်ငံ၏ သွင်းကုန်များအား ထပ်မံအရေးယူ ပိတ်ဆို့ရန်အတွက် ထောက်ခံပေးတော့မည် မဟုတ်ဟု ပြောဆိုခဲ့သည်။

"ပိတ်ဆို့မှုတွေကို အသစ်လုပ်တာဟာ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ မြန်မာaခါင်းဆောင်တွေကို မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်နေပြီး ဒီပြောင်းလဲမှုတွေကို နောက်ပြန်ဆွဲနေတဲ့ သူတွေကိုတော့ ရဲဆေးတင်ပေးလိုက် သလိုပါပဲ" ဟု အထက်လွှတ်တော်အမတ် ခေါင်းဆောင် မက်ကောနယ်လ်က ပြောကြားသည်။

ထို့ပြင် "ကျွန်တော်တို့ တော်တော်များများ မြန်မာနိုင်ငံမှာ ဒီလောက်ပြောင်းလဲ လာနိုင်လိမ့်မယ်လို့ကို မထင်မိခဲ့ပါဘူး။ ဒီအချိန်ဟာ အရေးကြီးပါတယ်။ ဒီအချိန်မှာ အမေရိကန် ကွန်ဂရက်ဟာ လုပ်သင့်တာကို လုပ်ရမယ့် အချိန်ဖြစ်ပါတယ်" ဟုလည်း ဆက်လက်ပြောကြားသည်။

သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများအား ဆိုင်းငံ့ထားပြီး ဖြစ်သော်လည်း ကွန်ဂရက်က မြန်မာအစိုးရ၏ လုပ်ရပ်များကို စောင့်ကြည့်နေပြီး ပိတ်ဆို့မှုများကို နှစ်စဉ်သက်တမ်း တိုးခဲ့သည်။
ပိတ်ဆို့မှုများကို ရပ်တန့်လိုက်ခြင်းအားဖြင့် အမေရိကန်၏ လွှမ်းမိုးနိုင်မှုအင်အား ကျဆင်းနိုင်သည်ဆိုသည့် အဆိုများကို မက်ကောနယ်လ်က ပယ်ချလိုက်ပြီး ကျောက်မျက်ရတနာများကို ပိတ်ပင်ထားမှုကိုတော့ ဆက်လက်ထားရှိရန် ပြောဆိုခဲ့သည်။

ကန်တက်ကီပြည်နယ် အမတ်က အမေရိကန် ကုမ္ပဏီများသည်လည်း ပိတ်ဆို့မှု အကျိုးသက်ရောက်မှု မရှိသည့် သြစတြေးလျနှင့် ဥရောပ ကုမ္ပဏီများနည်းတူ မျှတသော ယှဉ်ပြိုင်ခွင့် ရရှိသင့်သည်ဟု ပြောကြားခဲ့သည်။

ရီပတ်ဘလီကန် အမတ်နှင့်အပြင် သမ္မတ ဦးသိန်းစိန်သည် အိမ်ဖြူတော် အဖွဲ့ ၀င်များဖြစ်သည့် အိုဘားမား၏ ဒီမိုကရက်တစ်ပါတီဝင် လေးဦးနှင့်လည်း သီးခြားတွေ့ဆုံခဲ့သည်။ အဆိုပါ အမတ်လေးဦးက သမ္မတ ဦးသိန်းစိန်အား နိုင်ငံရေးအရ မတရား အကျဉ်းချခံထားရသည့် အကျဉ်းသား ၂၅၀ ဦး၏ နာမည်စာရင်းများအား ပေးအပ်ခဲ့ပြီး လူမျိုးရေး အကြမ်းဖက်မှုများအားလည်း အဆုံးသတ်ရန် တိုက်တွန်းခဲ့သည်။ ထိုစာထဲတွင် "နိုင်ငံရေး အကျဉ်းသားများသည် တိုင်းပြည်၏ အနာဂတ်တွင် ပါဝင်ခွင့် ရသင့်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ထို့ကြောင့် အကျဉ်းသားများအား ချက်ချင်းခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုလိုက်သည်" ဟု ထည့်သွင်းဖော်ပြထားခဲ့သည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို သက်တမ်းတိုးရန် အောက်လွှတ်တော်သို့ တင်သွင်းသူများတွင် လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပယ်လိုစီနှင့် ဂျိုးကရော်လီတို့လည်း ပါဝင်ခဲ့သည်။ သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်တွင် မြန်မာ-အမေရိကန် ကုန်သွယ်ရေး သဘောတူညီချက်လည်း လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

(အမေရိကန် အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကောနယ်လ် ၀ါရှင်တန်ဒီစီ၌ သတင်းထောက်များနှင့် မေ ၂၁ က တွေ့ဆုံစဉ်) (Photo:AFP)

နန်းခင်ဇေယျာ အင်တာဗျူး၊ မှာပြောတဲ့ အသုံးချ ခံဖို့ ချဉ်းကပ်မှု

အသုံးချ ခံဖို့ ချဉ်းကပ်မှုတွေကတော့ အများကြီးမှ အများကြီးပါပဲ။ အရင်တုန်းက နိုင်ငံရေး၊ အခု ၉၆၉ ပေါ့ ဟု ဖြေဆိုခဲ့တာကို တွေ့လိုက်ရပါတယ်။ ညီမကို အသုံးချမယ့်သူတွေ အများကြီးပဲ။ ပါးပါးနပ်နပ်နဲ့ ငြင်းရတာ ပေါ့လို့ သူမဖြေဆိုခဲ့တာလည်း တွေ့ရပါတယ်။
(နန်းခင်ဇေယျာ)

သူပြောလိုက်တဲ့ စကား ၁ ခွန်းက ၉၆၉ ကိုရည်ရွယ်တာလား ၊ 
၈၈ ခေါင်းချောင်ကြီးများကို ရည်ရွယ်လေသလား ... ?

ဘယ်လိုပဲ ဖြစ်ဖြစ် ညီမရေ .... ။
မင်းကို အသုံးချတယ်လို့ ပြောတယ် ၊ ဒီလိုမင်းထင်ခဲ့တယ်ဆိုရင် .... 

အွန်လိုင်း သုံးနေတဲ့ ပြည်သူ ၁ ယောက်အနေနဲ့ အစ်ကိုပြောပါရစေ .... ။
နန်းခင်ဇေယျာ လို့ နာမည် ၁ လုံးဖြစ်လာဖို့ .. 
မင်း အသုံးချခြင်းကို ခံခဲ့ရတဲ့သူတွေဘက် ပြန်ပြီးလှည့်စဉ်းစားပေးပါလား .... ။

Miss International ပြိုင်ပွဲကြီးမှာ .... 
မင်းရခဲ့တဲ့ ဆုကရော .. ?????

စဉ်းစားပါ ညီမရေ .. 
ပြောမည့် စကား 
မပြောမှီ စဉ်းစား 
ပြောရင်း စဉ်းစား 
ပြောပြီး ပြန် စဉ်းစားတက်ပါစေ .... ။

မင်း ပြောတဲ့ စကားအရဆိုရင် .. 
မင်း ခုလုပ်နေတဲ့ ပရဟိတ လုပ်ငန်းတွေမှာ ဖြူစင်တဲ့ စိတ်ထားရော ရှိပါ့မလားလို့ ပြန်တွေးမိတဲ့ သူတွေ အများကြီးနော် ..... ။
မင်း နာမည် ကြီးဖို့ အတွက် ၊ လောက ၁ ခုမှာ ရပ်တည်ဖို့ အတွက် ၊ ဒီ ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်နေတယ်လို့ ယူဆ ကုန်မဲ့ ပြည်သူတွေ ရှိနေမယ်ဆိုတာ မမေ့ပါနဲ့ ဦး ... ။

အချိန်များစွာ ယူပြီး တည်ထောင်ခဲ့တဲ့ အောင်မြင်ကျော်ကြားမူ့ဟာ 
စက္ကန့်ပိုင်း အတွင်း ပြန်လည် ပျက်စီးစေနိုင်တယ်ဆိုတာ မမေ့ပါနဲ့ ညီမရေ ..... ။

ME
 — with Thway Thit Sar and 14 others.
နန်းခင်ရဲ့ ပရိသတ်အားလုးံအား အသိပေး အပ်ပါတယ်...
ယခု အင်တာနက် Facebook စာမျက်နှာတွင် ပျံ့နှံ့သွားသော interview တစ်ခုနှင့်ပက်သက်ပြီး နန်းခင် ရဲ့ စကားလုံးများ အတိအကျဖော်ပြခံရ ခြင်းမရှိကြောင်းနှင့် နန်းခင်ပေါ့လျော့မှုကြောင့် ပုံနှိပ်ထုတ်ဝေခံခြင်းဖြစ်ကြောင်း ဝမ်းနည်း စွာ တောင်းပန်အပ် ပါသည်.. 
နောက်နောင် ထိုကဲ့သို့ ပေါ့လျော့မှုကြောင့် နန်းခင် ကို ချစ်သော ပရိတ်ကြီး စိတ် အနှောက် အယှက်မ ဖြစ်စေရန် အထူးကြိုးစားသွားပါမည်...

Give Guidance
နန်းခင်ဇေယျာ အင်တာဗျူး၊ နန်းခင်ဇေယျာ၏ ရှင်းလင်းချက်နှင့် ဂျာနယ်၏ တုန့်ပြန်မှု

ဂျာနယ် အင်တာဗျူးတစ်ခုက အပြောအဆို တစ်ခုကြောင့် ၉၆၉ အပေါ် အမြင်တစ်မျိုး ဖြစ်လာပါ တယ်။ အဆို ပါ အပြောအဆို အတွက် နန်းခင်ဇေယျာမှ ဂျာနယ်ကို လွှဲချခဲ့ပြီး ဂျာနယ်ကလည်း သူတို့ရဲ့ မှန်ကန် မှုကို သက်သေပြဖို့ အဆင်သင့်ပါပဲတဲ့။

$$$ သေချာတာကတော့ ညီမကို အသုံးချမယ့်သူတွေ အများကြီးပဲ။ အရင်တုန်းက နိုင်ငံရေး၊ အခုတော့ ၉၆၉ ပေါ့ ဆိုတဲ့ စကားကို သူမ ပြောကို ပြောခဲ့ပါတယ်။ ####
 
အသုံးချ ခံဖို့ ချဉ်းကပ်မှုတွေကတော့ အများကြီးမှ အများကြီးပါပဲ။ အရင်တုန်းက နိုင်ငံရေး၊ အခု ၉၆၉ ပေါ့ ဟု ဖြေဆိုခဲ့တာကို တွေ့လိုက်ရပါတယ်။ ညီမကို အသုံးချမယ့်သူတွေ အများကြီးပဲ။ ပါးပါးနပ်နပ်နဲ့ ငြင်းရတာ ပေါ့လို့ သူမဖြေဆိုခဲ့တာလည်း တွေ့ရပါတယ်။
(နန်းခင်ဇေယျာ)

သူပြောလိုက်တဲ့ စကား ၁ ခွန်းက ၉၆၉ ကိုရည်ရွယ်တာလား ၊ 
၈၈ ခေါင်းချောင်ကြီးများကို ရည်ရွယ်လေသလား ... ?

ဘယ်လိုပဲ ဖြစ်ဖြစ် ညီမရေ .... ။
မင်းကို အသုံးချတယ်လို့ ပြောတယ် ၊ ဒီလိုမင်းထင်ခဲ့တယ်ဆိုရင် .... 

အွန်လိုင်း သုံးနေတဲ့ ပြည်သူ ၁ ယောက်အနေနဲ့ အစ်ကိုပြောပါရစေ .... ။
နန်းခင်ဇေယျာ လို့ နာမည် ၁ လုံးဖြစ်လာဖို့ .. 
မင်း အသုံးချခြင်းကို ခံခဲ့ရတဲ့သူတွေဘက် ပြန်ပြီးလှည့်စဉ်းစားပေးပါလား .... ။

Miss International ပြိုင်ပွဲကြီးမှာ .... 
မင်းရခဲ့တဲ့ ဆုကရော .. ?????

စဉ်းစားပါ ညီမရေ .. 
ပြောမည့် စကား 
မပြောမှီ စဉ်းစား 
ပြောရင်း စဉ်းစား 
ပြောပြီး ပြန် စဉ်းစားတက်ပါစေ .... ။

မင်း ပြောတဲ့ စကားအရဆိုရင် .. 
မင်း ခုလုပ်နေတဲ့ ပရဟိတ လုပ်ငန်းတွေမှာ ဖြူစင်တဲ့ စိတ်ထားရော ရှိပါ့မလားလို့ ပြန်တွေးမိတဲ့ သူတွေ အများကြီးနော် ..... ။
မင်း နာမည် ကြီးဖို့ အတွက် ၊ လောက ၁ ခုမှာ ရပ်တည်ဖို့ အတွက် ၊ ဒီ ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်နေတယ်လို့ ယူဆ ကုန်မဲ့ ပြည်သူတွေ ရှိနေမယ်ဆိုတာ မမေ့ပါနဲ့ ဦး ... ။

အချိန်များစွာ ယူပြီး တည်ထောင်ခဲ့တဲ့ အောင်မြင်ကျော်ကြားမူ့ဟာ 
စက္ကန့်ပိုင်း အတွင်း ပြန်လည် ပျက်စီးစေနိုင်တယ်ဆိုတာ မမေ့ပါနဲ့ ညီမရေ ..... ။

ME

UWSA (ဝ) အဖွဲ့မှထုတ်လုပ်ထားသောမူးယစ်ဆေး ထိုင်းနိုင်ငံ မြို့တော်၌ စံချိန်တင် ဖမ်းဆီးရမိ

Photo: UWSA (ဝ) အဖွဲ့မှထုတ်လုပ်ထားသောမူးယစ်ဆေး ထိုင်းနိုင်ငံ မြို့တော်၌ စံချိန်တင် ဖမ်းဆီးရမိ
Wednesday, May 22, 2013

ထိုင်းနိုင်ငံ ဘန်ခမ်းခရိုင် ဘန်ကောက်မြို့တော်ရှိ ကွန်ဒိုတစ်ခုအား စီးနင်းရှာဖွေရာတွင် ဘတ် သန်းပေါင်း (၁၅၀၀)ခန့် ရှိသည့် စံချိန်တင် မူးယစ်ဆေးများစွာကို ဖမ်းဆီးရရှိခဲ့ကြောင်း မူးယစ်ဆေးတားဆီး ရဲတပ်ဖွဲ့က ဆိုသည်။
မက်သမ်ဖက်တမင်းဆေးပြား (၄.၅)သန်း နှင့် မက်သမ်ဖက်တမင်းခရစ်စတယ် ၆၀-ကီလိုဂရမ် စုစုပေါင်း ဘတ်သန်းပေါင်း (၁၅၀၀)ခန့်တန် မူးယစ်ဆေးများကို ဖမ်းဆီးရရှိခဲ့သည်ဟု မူးယစ်ဆေးတားဆီး နှိမ်နင်းရေး အဖွဲ့ရုံး( Office of the Narcotics Control Board- ONCB ) အထွေထွေ အတွင်းရေးမှူး ရဲဗိုလ်ချုပ်ကြီး ပွန်ဆာပတ် ပွန်ချာရွန်က သတင်းထုတ်ပြန်ခဲ့သည်။

 ဘန်ခမ်းခရိုင်၊ ဖိုခယူလမ်းအတွင်းရှိ ပီရာဖိုခယူအိမ်ယာအခန်းအမှတ် (၃၀၂) နှင့် (၃၂၀) တို့အား ဝင်ရောက် စီးနင်းရှာဖွေရာ အဝတ်အစားဘိရိုအတွင်း ဖွက်ထားသည့် မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့ပြီး မသင်္ကာသူ ၃-ဦးဖြစ်သည့် ဆုသီချိုင်းကာမာ ( ၂၂-နှစ် )၊ ခယူပူ ( ၂၀- နှစ် ) နှင့် ၁၆-နှစ်အရွယ် ယောက်ျားလေးတစ်ဦးတို့ကို ထိန်းသိမ်းထားလျက်ရှိကြောင်း သိရှိရသည်။

 အဆိုပါ မသင်္ကာသူ ၃-ဦးသည် မူးယစ်ဆေးဝါးများကို စောင့်ကြပ်ထိန်းသိမ်းထားရန် ငှားရမ်းထားခြင်းသာ ဖြစ်ကြောင်းနှင့် မူးယစ်ဆေးများသည် (ဝ) အဖွဲ့မှ ထုတ်လုပ်ထားသော မူးယစ်ဆေးဝါးများဖြစ်ပြီး ချင်းရိုင်မှ ဘန်ကောက်သို့ သယ်ယူလာခြင်းဖြစ်ကြောင်း ရဲဗိုလ်ချုပ်ကြီးပွန်ဆာပတ်က ပြောသည်။
ရဲတပ်ဖွဲ့သည် ယမန်နေ့ကလည်း ဘန်ကောက်မြို့ပေါ်မှ အဓိက မူးယစ်ဂိုဏ်း တစ်ခုအား ဖမ်းဆီး နှိမ်နင်းခဲ့ပြီး မသင်္ကာသူ တစ်ဦးထံမှ ဘတ်သန်း-၅၀ ခန့်တန်သော အဖိုးထိုက်ပစ္စည်းများကို ဖမ်းမိခဲ့ကြောင်း ၄င်းက ဆက် ပြောသည် ။

ရဲတပ်ဖွဲ့သည် မူးယစ်ဂိုဏ်းခေါင်းဆောင် ကိုဆင် ချူချိုင်း( ၃၁-နှစ် ) ၏ ဇနီးသန်ယာပွမ် ခနန်ခင် ( ၃၆-နှစ် ) ကို ဖမ်းဆီးထားကြောင်း ဗိုလ်ချုပ်ကြီးပွန်ဆာပတ် ကပြောကြားပါသည်။

 ကလောင်းဆမ်ဝါ ခရိုင်အတွင်း မစ္စ သန်ယာပွမ်အားဖမ်းဆီးမှု နှင့်အတူ သိမ်းဆည်းရမိသော ပစ္စည်းများမှာ ကျည်ဆန် ၅၉-တောင့်၊ မက်သမ်ဖက်တမင်းအရည် ၇၆-ပုလင်း၊ မူးယစ် နှိမ်နင်းရေး ဗျူရိုမှတ်ပုံတင် ကတ်ပြား အတုတစ်ခု၊  မစ္စတာကိုဆင်အမည်ပါ သတင်းထောက်ကတ်တစ်ခုတို့ဖြစ်သည်။

 ထို့အတူရဲတပ်ဖွဲ့သည် ပထုမ် ဌာနီခရိုင်အတွင်း မှ ဘဏ်စာရင်း ၁၃-ခုခွဲ အပ်နှံထားသည့် ဘတ် ၇-သန်း၊ အိမ် ၃-လုံး နှင့် ကားဂိုဒေါင် တစ်လုံးတို့ကိုလည်း သိမ်းဆီးခဲ့သည်။

 ရဲတပ်ဖွဲ့သည် မစ္စတာကိုဆင် နှင့် သူ၏ မူးယစ်ဂိုဏ်းအတွင်းမှ အခြားမသင်္ကာသူအနည်းဆုံး ၁၀-ဦး ခန့်အား ဆက်လက်ခြေရာခံစုံစမ်းလျက်ရှိကြောင်း သိရသည်။

ရဲဗိုလ်ချုပ်ကြီးပွန်ဆာပတ်ကပိုင်ဆိုင်မှုပစ္စည်းဘတ် သန်း-၁၀၀ ခန့်ဆက်လက် သိမ်းဆည်းရဦးမည်ဟု ခန့်မှန်း ထားကြောင်း နှင့် မစ္စတာကိုဆင်၏ ဂိုဏ်းသည် မူလကကလောင်းတိုယီဈေးတွင် မူးယစ်ဆေးဝါးများ ရောင်းနေရာမှ မင်ဘူရီခရိုင်သို့ ပြောင်းရွှေ့သွားခြင်း ဖြစ်ကြောင်း ဆက်ပြောသည်။

မူးယစ်ဆေးရောင်းရာမှ ရရှိသော ငွေများကို လူများငှာရမ်းကာ ငွေစာရင်းများဖွင့်ပြီး သိမ်းဆည်းထားခြင်းကို စုံစမ်းစစ်ဆေးသူများက ဖော်ထုတ်နိုင်ခဲ့ကြောင်းကိုလည်းသိရသည်။

 မစ္စတာကိုဆင်အား ဖမ်းဝါးရမ်းထုတ်ထားပြီးဖြစ်သဖြင့် လာရောက် အဖမ်းခံသင့်ကြောင်း ရဲဗိုလ်ချုပ်ကြီးက ပြောသည်။

Ref ;  ဘန်ကောက်ပို့စ် သတင်းစာ ၂၂-၅-၂၀၁၃

ညွှန့်အောင် (မြစ်မခ)