This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, May 12, 2013

မဟာစင်မုန်တိုင်း အားကောင်းလာ

ဘင်္ဂလား ပင်လယ်အော် အရှေ့တောင် ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မဟာစင် မုန်တိုင်းဟာ အင်အား ကောင်းလာ နေပြီး ဆိုင်ကလုန်း မုန်တိုင်းတစ်ခု ဖြစ်လာခဲ့ ပါတယ်။ အဲဒီ မုန်တိုင်းဟာ ဘယ်လောက် အထိ အားကောင်း လာနေပြီလဲ။ ဘယ်ကို ဦးတည်နေ သလဲ ဆိုတာကို မြန်မာ နိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်ကို ဆက်သွယ် မေးကြည့်တော့ လက်ရှိ အချိန်မှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မဟာစင်မုန်တိုင်း အားကောင်းလာနေ

စခန်း (၅) ခု စလုံးမှ RCSS တပ်များ ဆုတ်ခွာပေးခဲ့

ရွှေဟင်္သာ

အစိုးရ တပ်များသည် နယ်မြေခံ လူထုများ ကိုပါ ပစ်ခတ် တိုက်ခိုက် ခဲ့မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း နမ်းခမ်းမြို့နယ် နောင်မ ကျေးရွာ အုပ်စု ရှိ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တပ်ဖွဲ့ များသည် ၄င်းတို့ စခန်းများမှ ဆုတ်ခွာ ပေးခဲ့သည်ဟု ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။

“ မနေ့ ညနေပိုင်း (၃) နာရီ ကတည်းက ဆုတ်ခွာ ပေးလိုက်တယ်။ စခန်း (၅) ခု စလုံးပါ။ သူတို့က ကျေးရွာတွေ ထဲကိုပါ လက်နက်ကြီးနဲ့ ပစ်သွင်းတယ်လေ၊ ကျနော်တို့ စခန်း ကလည်း ကျေးရွာ အနီးအနားမှာဘဲ ဆိုတော့ လူထုကို ငဲ့ညှာ ရတာပေါ့။ အဲဒါနဲ့ဘဲ ဆုတ်လိုက်ရတာပါ။ အင်အား မမျှတာလည်း ပါတာပေါ့။ လက်နက်ကြီး သံတွေ ကတော့ ညနေ (၅) နာရီ အထိပါဘဲ ကြားနေရတယ်။” ဟုဆို ပါသည်။

ရှမ်းပြည် မြောက်ပိုင်းရှိ RCSS စခန်းသည်၊ မူဆယ်ခရိုင် နောင်မ ကျေးရွာ အုပ်စုတွင် အခြေချ ခဲ့ပြီး ယင်းကျေးရွာ အုပ်စု၌ကျေးရွာပေါင်း (၁၉) ရွာခန့် ရှိပါသည်။

RCSS သည် ၄င်းတို့ စခန်းများ ဤနေရာတွင် ရှိနေကြောင်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကတည်းက ရှမ်းပြည်နယ် နယ်စပ် ရေးရာ လုံ ခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူအား အသိပေး ခဲ့သည့် အပြင် စခန်းသို့လည်း ၄င်းတို့ လာရောက်လေ့ လာခဲ့ပြီး ဖြစ်ပါ သည်။

အစိုးရ တပ်ဖွဲ့ များကမူ ဤစခန်းများသည် သတ်မှတ် နယ်မြေထက် (၁၀) မိုင်ကျော် လွန်လာသဖြင့် တိုက်ခိုက် ရခြင်းဖြစ်ကြောင်း အကြောင်းပြ ခဲ့ပါသည်။ သို့သော် ကျော်လွန် လာခြင်း မဟုတ်ဘဲ နဂို ကတည်းက ဆုတ်ပေးရန် အစိုးရက တောင်းဆို ထားသည့် နေရာဖြစ်သည်ဟု ပြောခွင့်ရသူက ဆိုပါသည်။

ဤသို့ကြောင့် တိုက်ပွဲ ကိစ္စနှင့် ပါတ်သက်ပြီး ငြိမ်းချမ်းရေး အဖွဲ့ကို တိုင်ကြားတော့မည် မဟုတ်ကြောင်း၊ ဤစီမံချက်သည် အစကတည်းက တည်ရှိနေသည့် စီမံချက် ဖြစ်သောကြောင့် ဖြစ်သည်။ ဤကဲ့သို့ ဆုတ်ခွာပေး ခဲ့ရသော်လည်း RCSS သည် ရှမ်းပြည် တောင်ပိုင်း ဒေသသို့ ပြန်မည် မဟုတ်ဟု ဆိုပါသည်။

အစိုးရ တပ်ဖွဲ့ များသည် တိုက်ပွဲ အတွင်း မဆီမဆိုင်သော ကျေးရွာ များထဲသို့ လက်နက်ကြီးများ ပစ်သွင်း ခဲ့သဖြင့် ထောင်နှင့် ချီသော လူထုများ နမ့်ခမ်းနှင့် မူဆယ်မြို့ပေါ်သို့ ထောင်နှင့် ချီပြီး ထွက်ပြေး ခဲ့ကြ ရပါသည်။

အစိုးရ တပ်များသည် တိုက်ပွဲ ဖြစ်ပွား ခဲ့သော နေရာမှ မလှမ်းမကမ်းရှိ ကျေးရွာ များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တိုက်ပွဲချိန်၌ တွေ့ရှိသော အရပ်သားများကို ပစ်ခတ်ခြင်း၊ အကယ်၍ တိုက်ပွဲတွင် ထိခိုက် ကျဆုံးမှု များပါက ကျေးရွာကို မီးရှို့ခြင်း၊ မုဒိန်းမှု နှင့် လူသတ်မှုများပါ လုပ်လေ့ ရှိခဲ့ကြောင်း စစ်ရေး လေ့လာ သူများက ဆိုပါသည်။

ယောကျာ်းမာယာ(၉)ပါး

၁။ အမျိုးဂုဏ်ကို ပြတတ်ခြင်း
၂။ ပညာဂုဏ်ကို ပြတတ်ခြင်း
၃။ ပစ္စည်းဂုဏ်ကို ပြတတ်ခြင်း
၎။ ဝမ်းသာဝမ်းနည်း ပြုတတ်ခြင်း
၅။ အဆက်မပြတ် နောက်ယောင်ခံခြင်း
၆။ အစားအသောက် လက်ဆောင်များ ပေးကမ်းခြင်း
၇။ မြှောက်စားချီးမွမ်းတတ်ခြင်း
၈။ အဝတ်အစား ပြောင်းလဲဝတ်ခြင်း
၉။ ကိုယ်ကာယ ဗလ တောင့်တင်း ကျန်းမာခြင်းကို ပြတတ်ခြင်း

မိန်းမတွေ သိထားသင့်တယ်။ ယောကျာ်းများသည် ထို(၉)ချက်မှ တစ်ချက်မှမလွဲ .. ဧကန်မုချ အသုံးချပြီး မိန်းမများအား သိမ်းပိုက်တတ်သည်။

(သမီးဆိုး)

ကျည်တစ်တောင့်ပဲလိုတယ်

ဟိုက် သေပြီဆ၇ာ
ကျည်တစ်တောင့်ပဲလိုတယ်
*******************
လူတစ်ယောက်က သူ့သေနတ်ပေါ် မှန်ပြောင်းတစ်လက်တပ်ဖို့ မှန်ပြောင်းရောင်းဆိုင် တစ်ဆိုင်နား ရောက်လာခဲ့တယ်။

"ဒီမှန်ပြောင်းက အရမ်းမိုက်တယ်။ ဒီကနေ ဟိုးတောင်ကုန်းပေါ်က အိမ်ကို ခင်ဗျားရှင်းရှင်းလင်းလင်း တွေ့နိုင်တယ်" ဆိုင်ရှင်က မှန်ပြောင်းတစ်ခု ထုတ်ပြပြီးပြောတယ်။

"ဟုတ်လား!" မှန်ပြောင်းဝယ်သူက ဆိုင်ရှင်ပြောတဲ့ဖက် မှန်ပြောင်းယူပြီးကြည့်လိုက်တယ်။ ပြီးတော့ ရုတ်တရက် တဟားဟား ထရယ်တယ်။

"ခင်ဗျား ဘာရယ်တာလဲ!"

"အဲဒီအိမ်ရဲ့ အခန်းထဲမှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် တုံးလုံးကြီး ကျွန်တော်တွေ့လိုက်တယ်"

ဆိုင်ရှင်က မှန်ပြောင်းကို ဆတ်ခနဲ့ဆွဲယူပြီး ကြည့်လိုက်တယ်။ ပြီးတော့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ပြီး ဒေါသတကြီးနဲ့ ကျည်ဆံနှစ်တောင့်ယူလိုက်တယ်။

"အဲဒါ ကျုပ်အိမ်ဗျ... ကျုပ်မိန်းမရဲ့ခေါင်းနဲ့ ဟိုကောင်ရဲ့မွေးရာပါကို ဒီကျည်နှစ်တောင့်နဲ့ ခင်ဗျားပစ်နိုင်ရင် ဒီမှန်ပြောင်း ခင်ဗျားကို အလကားပေးမယ်ဗျာ"

ဝယ်တဲ့သူက မှန်ပြောင်းနဲ့ သေသေချာချာကြည့်ပြီး ပြောလိုက်တယ်။

"ခင်ဗျားသိလား! ဒီကျည်တစ်တောင့်ထဲနဲ့ လုံလောက်တယ်"

Post By:Moekyashweco

ငရဲတံခါးဝ

Thi Thi Zin shared Myawady News's photo.
ငရဲတံခါးဝ
----------------------------------------------------------------
နှိုင်းရင့်နွေ

ငရဲတံခါးဝလို့အမည်ရတဲ့ Darvaza ဓာတ်ငွေချိုင့်ကြီးဟာ အကျယ် ၆၀ မီတာရှိပြီး အနက် ၂၀ မီတာရှိပါတယ်... တည်ရှိတဲ့နေရာကတော့ တာ့ခ်မန်နစ္စတန်နိုင်ငံထဲက Karakum သဲကန္တာရထဲမှာဖြစ်ပါတယ်... ဒီဓာတ်ငွေ့ချိုင့်ကြီးကို ၃၈ နှစ်လုံးလုံး မီးရှို့ထားခဲ့တယ်လို့သိရပါတယ်...

ဓာတ်ငွေ့တွေထွက်ရှိနေရာ တွင်းပေါက်ကတော့ သဘာဝအတိုင်းဖြစ်ပေါ်လာတာမဟုတ်ပါဘူး... ဒီချိုင့်ကြီးဟာ ၁၉၇၁ ခုနှစ်တုန်းက ဆိုဗီယက်ဓာတ်ငွေ့ရှာဖွေသူတွေရဲ့ ရှာဖွေမှုရလဒ်အဖြစ် ပေါ်ထွက်လာတာဖြစ်ပါတယ်...

Derweze လို့လည်းခေါ်တဲ့ Darvaza နယ်မြေမှာ သဘာဝဓာတ်ငွေ့အမြောက်အမြားထွက်ရှိပါတယ်... ၁၉၇၁ ခုနှစ်က တူးဖော်မှုပြုလုပ်ရာမှာ မြေအောက်သဘာဝဓာတ်ငွေ့သိုက်ဖြစ်တဲ့လှိုဏ်ဂူကြီးကို ဆိုဗီယက်တူးဖော်ရေးအဖွဲ့တွေ ရုတ်တရက်တွေ့ရှိခဲ့ပြီး မြေပြင်ကိုကွဲထွက်စေကာ တူးဖော်ရေးပစ္စည်းတွေအကုန်လုံး အဲ့ဒီတွင်းကြီးထဲ ကျသွားခဲ့ပါတယ်...

အဆိပ်ရှိတဲ့ ဓာတ်ငွေ့တွေ လေထုထဲမရောက်လာဖို့အတွက် ဘူမိဗေဒပညာရှင်တွေဟာ ဓာတ်ငွေ့တွေကို မီးရှို့ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်... ရက်အနည်းငယ်အတွင်း ဓာတ်ငွေ့တွေကုန်သွားဖို့ သူတို့ မျှော်လင့်ခဲ့ကြပေမဲ့ ဒီချိုင့်ကြီးထဲက ဓာတ်ငွေ့တွေဟာ အတိုင်းအဆမသိနိုင်လောက်အောင်များပြားနေတာကြောင့် စတင်မီးလောင်ကျွမ်းတဲ့အချိန်ကစပြီး အခုအချိန်ထိ ဆက်လက်လောင်ကျွမ်းနေရတာဖြစ်ပါတယ်...

Source: I Can't Believe It
ငရဲတံခါးဝ
------------------------------
----------------------------------

လပွတ္တာမြို့ သကျမာရဇိန်ဆုတောင်းပြည့် ဘုရားကြီးတွင် ယနေ့နံနက် ၈း၀၀ နာရီတွင် ဆူလဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ၍ အောင်လက်မှတ်များ ဆက်ကပ်ခဲ့ကြောင်းသတင်းရရှိ