This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Monday, September 3, 2012
Task Killer ပါ
Ram Blow For Nokia S60v3,S60v5 And S^3 Anna Belle
ဒီကောင်လေးက Task Killer ပါ။သုံးတဲ့ App တွေများလာရင် Ram တိုးလာပါတယ်။Ram တိုးလာရင်စိတ်လေးလာပါလိမ့်မယ်။အဲ့ဒီလိုမဖြစ်အောင်ဒီကောင်လေးကဖြေရှင်းပေးပါလိမ့်မယ်။
အဆင်ပြေပါစေဗျာ။
                                         Download Here
""ဇာဂနာမှ မီဒီယာသမားများသို့ စာပေးပို့ တောင်းပန်""
ရန်ကုန်လေဆိပ်တွင် ဆဲဆိုခဲ့ခြင်းအပေါ် မီဒီယာသမားများသို့ တောင်းပန်ကြောင်းစာ
တစ်စောင့်ကို ဇာဂနာမှ အီးလ်မေးမှတဆင့်
 ပေးပို့ခဲ့သည်။
ယင်းစာကိုသတင်းဂျာနယ်တိုက်များနှင့်
ဂျာနယ်လစ်ဆိုင်ရာအသင်းအဖွဲ့များသို့
ယနေ့ နေလည် ၃ နာရီကျော်က ပေးပို့ခဲ့ခြင်းဖြစ်သည်။
ပေးပို့သည့်စာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
" ပြည်သူနှင့်မီဒီယာသမားများအားအသိပေးတောင်းပန်ခြင်း"
၂၀၁၂ သြဂုတ်လ (၃၁)ရက် နေ့တွင် ကျွန်တော်ဇာဂနာသည် စစ်အုပ်ချုပ်ရေးကာလက
 ပြည်ပသို့ ထွက်ခွာ သွားသော ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်နေသူများအနက်
တိုင်းပြည်သို့ပြန်လာခွင့် ရသော ဒေါက်တာသောင်းထွန်း၊
 ဒေါက်တာနိုင်အောင်၊ ဦးညိုအုံးမြင့်တို့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌
သွားရောက် ကြိုဆိုခဲ့ပါသည်။
 လေဆိပ်တွင်သတင်းရယူရန်စောင့်ဆိုင်းနေကြသော သတင်းထောက်များအား
 အဆင်ပြေပြေ သတင်းရယူနိုင်ရန် စီစဉ်ပေးခဲ့သော်လည်း အဆင်မပြေဘဲအခြား
ခရီးသည်များကိုပါ အနှောက်အယှက် ဖြစ်စေခဲ့ပါသည်။
 ထိုအပြင် သတင်းထောက်တစ်ဦးမှ ကျွန်တော့်အား တွန်းလိုက်သည့်အတွက် လဲကျသွားရာ
မှ အမှတ်မဲ့ဆဲမိခဲ့ပါသည်။
ထိုဖြစ်ရပ်သည် မီဒီယာနယ်ပယ် အားလည်းကောင်း၊ သတင်းရယူ နေသော သတင်းထောက်များအားလည်းကောင်း၊
စိတ်အနှောင့်အယှက် ဖြစ်သည်ဟု ကြားရသည့်အတွက် များစွာ ၀မ်းနည်းစိတ်
မကောင်းဖြစ်ရပါသည်။
ကျွန်တော်သည် နိုင်ငံနှင့် နိုင်ငံသားတို့၏ လွတ်လပ်မှု နှင့်တိုးတတ်ရေးအတွက်သာ
အမြဲလုပ်ဆောင်လိုသော ဆန္ဒရှိပြီး နိုင်ငံ၏ အရေးပါသော စတုတ္ထမဏ္ဍိုင်ကို အရှင်းစော်ကား
လိုသော စိတ်မရှိသောကြောင့် ယခုဖြစ်ရပ်တွင် ပါဝင် ပါတ်သတ်သူများနှင့် မီဒီယာများအား တောင်းပန်းအပ်ပါသည်။
ဇာဂနာ
ရွှေမြန်မာ
""အင်ဒိုနီးရှားမှ လူသေပြုစုပွဲတဲ့ ""
အင်ဒိုနီးရှားနိုင်ငံတွင် လူသေပြုစုပွဲ
 (Ma' Nene festival) ကျင်းပနေမှုအား
ယခုကဲ့သို့ တွေ့မြင်ရသည်။
ယင်းပွဲသည် သေဆုံးသွားပြီဖြစ်သော မိမိဆွေးမျိုးသားချင်းများကို ပြန်လည်တူးဖော်ပြီး
အဝတ်အစား သစ်များ ဝတ်ပေးခြင်း၊ အစားအသောက်များ ပူဇော်ပသပေးခြင်းတို့ကို
 ပြုလုပ်သောပွဲဖြစ်သည်။
ထိုကဲ့သို့  ပွဲကို သုံးနှစ်တစ်ကြိမ်ကျင်းပပြီး အလောင်းပြန်တူးဖော်ခွင့်ရရှိကြသည်။
အလောင်းပြန်တူးဖော်ခွင့် ရသော မိသားစုများမှ ၎င်းတို့ မိဘ၊ ဘိုးဘွား၊
သားသမီး၊ ဇနီးခင်ပွန်း အစရှိသဖြင့် ဆွေမျိုးရင်းချာတို့ အလောင်း ကို
သန့်စင်ပေးပြီး အဝတ်အစားသစ်များဝတ်ပေးသည်။
အစားအသောက်များ ပူဇော်ပေးပြီး မြေနေရာသို့ ပြန်လည်
 မြှုပ်နှံပေးသည်။
ယင်းကဲ့သို့ ပွဲတော် Ma' Nene festival သည် အင်ဒိုနီးရှားတို့၏ ကမ္ဘာကျော် ရိုးရာပွဲ
တစ်ခုအဖြစ် တည်ရှိနေကြောင်း သိရသည်။
---
Ref:renews.cn
ရွှေမြန်မာ
""ကုလားဟာ ဘင်္ဂလီ -အမေရိကပြည်ထောင်စုမှာ ပြောပြီ""
ကုလားဟာ ဘင်္ဂလီ- မြန်မာနိုင်ငံမှာ
ရိုဟင်ဂျာလူမျိုးဆိုတာ မရှိ-တိုင်းရင်း
သားလဲ မဟုတ်-အမေရိကပြည်ထောင်စု
မှာ ပြောပြီအမေရိကပြည်ထောင်စုအစိုး
ရက ( Managing Media and Rupblic )
အစီအစဉ်အရမြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်ခဲ့ သည် ။
သတ္တသုံးပတ်ကြာမြင့်မည်ဖြစ်သည် ။
ထို့ ကြောင့် နိုင်ငံရေးပါတီများမှကိုသန်းဇေါ်အောင် ( DP ) ။ ကိုဇင်မောင်မောင်ဋ္ဌေး
( NUP ) ။ကိုစိုင်းဝင်းမြင့် ( SNDP ) ။ ကိုမောင်ဝင်းစိုး ( RNDP )ကိုထိယန်အုပ်ထန်း
( CND ) ။ကိုကျော်သူရ(NDF ) ။ ကိုစိန်ထွန်း ( CPP )။
Wali Ullah ( National Democratic Party of Development ) ။ တို့ လေ့လာရေးခရီး
 ရောက်ရှိလာခဲ့  ကြသည် ။
 လေ့လာရေးအဖွဲ့ မှာ အမေရိကပြည်ထောင်စုဝါရှင်တန်မြို့ တွင် ပထမလေ့လာရေးဖြစ်ပြီး ဒုတိယအစီအစဉ်အဖြစ်ဖလော်ရီဒါပြည်နယ် ၊ တတိယအစီအစဉ်အဖြစ် အိုင်အိုးဝါးပြည်
နယ်ဖြစ်ပြီး၎င်းမှတဆင့် ကာလီဖိုးနီးယားပြည်နယ် သို့ သွားရောက်ကာ စက်တင်ဘာလ
-၁၅-ရက်နေ့ တွင် ပြန်လည်ထွက်ခွါသွားကြမည့် အစီအစဉ်များ ရှိသည် ။
( Freedom House –1301, Comnecticut avenue –Washington –Dc )ခန်းမမှာ
 ပြုလုပ်ခဲ့ ရသည် ။
Mr-Robert Heman က ဥက္ကဋ္ဌဖြစ်ပြီးမြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများနှင့် လွပ်လွပ်စွာေ
မးကြမြန်းကြလေ့လာကြနှင့် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ ကြသည် ။
၎င်းဆွေးနွေးပွဲတွင်လေ့လာသူများက မိမိတို့ ၏ ပါတီအမည်နှင့် နာမည်များကိုမိတ်ဆက်
စကားပြောကြပြီး မိမိတို့  သိလိုသမျှနှင့် မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေများကို
ရှင်းလင်းတင်ပြခဲ့ ကြသည် ။
    သို့ သော်လည်း ရခိုင်ပြည်နယ် ဘူးသီတောင်မြို့ နယ်မှ ကုလား ( WaliUllah )
က သူသည် ရိုဟင်၈ျာပါတီမှဖြစ်ကြောင်း ။ ယခုဖြစ်ပျက်နေသောရိုဟင်ဂျာလူမျိုး
များ၏ ရခိုင်ပြည်နယ်မှ အခြေအနေများကို ပြောပြရလျှင်ငိုချင်ပါကြောင်း ၊
ရိုဟင်ဂျာလူမျိုးများအား ကူညီပေးစေလိုပါကြောင်းကို-၃-မိနစ်ခန့် 
အစည်းအဝေး ဆွေးနွေးချက်များနှင့် မည်သို့ မျှ မပါတ်သက်မဆီမဆိုင်ဘဲ
 ပြောဆိုသွားသည် ။
သူပြောပြီးနောက်ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ပြန်ကြားရေးနှင့်ဆက်
သွယ်ရေးမှူးဖြစ်သူ ကိုမောင်ဝင်းစိုးက ချက်ချင်းပင် ဖြေရှင်းကန့် 
ကွက်တင်ပြလိုက်ရသည် ။
  ကိုမောင်ဝင်းစိုးက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသော လူမျိုးများမရှိကြောင်း ။
သူတို့ လူမျိုးကို ကုလားလို့ ခေါ်ကြောင်း ။ ကုလားဆိုသည်မှာဘင်္ဂလီမူဆလင်
ခေါ်တောများကို ရခိုင်ပြည်နယ်တွင်မှာပါမက မြန်မာနိုင်ငံမှာပါခေါ်ဝေါ်ကြောင်း ။
ယင်းသို့ ခေါ်ဝေါ်ကြခြင်းမှာနှိမ့်ချခေါ်ဝေါ်ခြင်းမဟုတ်ကြောင်း ။ ဘင်္ဂလီမူဆလင်
 ခေါ်တောလူမျိုးများမှာတဘက်နိုင်ငံက ခိုးဝင်လာသောလူမျိုးများသာဖြစ်ကြောင်း ။ အိမ်ရှင်ကိုစော်ကားသူများသာဖြစ်ကြောင်း ။ ဧည့်သည်များမှာ ဧည့်သည်လို မနေဘဲအိမ်ရှင်ကို စော်ကားလာသော ပြသနာများဖြစ်ပါကြောင်း ။
 မြန်မာနိုင်ငံ၏ သမ္မတဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးထဲတွင်
(ရိုဟင်ဂျာ ) ဆိုသောလူမျိုးမှာ မပါကြောင်း ပြောဆိုကြေညာထားပါကြောင်း ( ၈ )မိနစ်ခန့် 
သေသေချာချာ ရှင်းပြသွားခဲ့ သည် ။
 ယင်းသို့ ရှင်းလင်းတင်ပြသည်များကို ( Freedom House ) ဥက္ကဋ္ဌ ( Robert Haman ) က
မှတ်တမ်းတင်ထားမည့်အကြောင်း ပြောဆိုသွားသည် ။
ကိုမောင်ဝင်းစိုး၏ ဖြေရှင်း
ပြောဆိုချက်မှာ ထိရောက်အောင်မြင်သွား၍ လေ့လာရေးခရီးစဉ်တွင်ပါလာသူများက
အထူးအားရနှစ်ထောင်းဖြစ်ကြရသည်ဟု သိရသည် ။
 ယခုလို ရိုဟင်ဂျာပါတီကပါဟု ပြောပြီး လေ့လာရေးခရီးစဉ်တွင် ပြောကြားသော( Wali Ullah ) မှ သူတို့ ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်ကာပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည်ဟု မိတ်ဆက်ပြောဆိုသွားသည် ။
သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိဟုကမ္ဘာကိုတိကျ သေချာစွာ
 ပြောဆိုထားရာ ယခုကဲ့ သို့  အမေရိကပြည်ထောင်စုဝါရှင်တန်ဒီစီမြို့ တွင် လေ့လာရေး
ခရီးစဉ်၌ ယခုကဲ့ သို့ ထုတ်ဖေါ်ပြောဆိုခြင်းကို မည်သို့ မျှ ခွှင့်လွှတ်နိုင်စရာ
အကြောင်းမရှိ ။
လေ့လာရေးခရီးစဉ်များတွင် ပါဝင်ကြသူ အခြားသော ကိုယ်စားလှယ်များကလည်း ၄င်း
(Wali Ullah ) နှင့် ပတ်သက်၍ အထူးစောင့်ကြပ်ကြည့်ရှူနေကြရာ သူကအခြားသူများ
နားမလည်သောကုလားစကားများနှင့်တိတ်တခိုးဖုံးဖြင့်ဆက်သွယ်ပြောနေသည်ကို
 တွေ့ နေရသည်ဟုဆိုသည် ။
နိုင်ငံတကာသို့  အစိုးရမှ ကိုယ်စားလှယ်များအဖြစ် စေလွှတ်သောအခါ ယခုကဲသို့  သမ္မတ
ဦးသိန်းစိန်၏ မျက်နာကို ခြေထောက်နှင့် တက်နင်းစေသည့်အပြောအဆိုများ ၊ နိုင်ငံကို
သိက္ခာကျစေအောင် ဖန်တီးသူများ  မဖြစ်ရအောင်အထူးစီစစ်ပြီး စေလွှတ်ရ
မည်ဖြစ်တော့သည် ။
မကြာခင်မှာပင် အမျိုးသားပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အင်ဒိုနီးရှားနိုင်ငံသို့ 
ကိုယ်စားလှယ်သုံးဦးနှင့်အတူ လွှတ်တော်ညီလာခံအပြီး လေ့လာရေးခရီးသွားရောက်ကြတော့
 မည်ဖြစ်သည် ။
ဤသို့ သွားရောက်မည်ဆိုခြင်းကို ပြည်သူလွှတ်တော်၌ မကြေညာသေးသော်လည်း
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်နှင့်သွားရောက်မည့် ပြည်သူ့လွှတ်တော်ကိုယ်စား
လှယ်များမှာ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးဟုသတ်မှတ်ခြင်းခံရသော သူများမဟုတ်ဘဲ ယာယီဧည့်နိုင်ငံသားမှတ်ပုံတင်ကိုကိုင်ဆောင်ထားသူများဖြစ်ကာဤသို့ လွှတ်တော်ကိုယ်စား
လှယ်များ
ဖြစ်အောင်နှင့် ပါ့စ်ပို့ များရအောင် အဓိကဖန်တီးလုပ်ကိုင်ခဲ့ သူမှာ ( မောင်ဦး ) က
 ဆောင်ရွက်ပေးခဲ့ သည်ဟုသတင်းများ ထွက်ပေါ်နေသည် ။
ယာယီဧည့်နိုင်ငံခြားသားများကိုလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းမခံရမှီကပင်
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာကော်မရှင်ထိတိုင်ကြားခဲ့
 သောကြောင့် ၄င်းသူများမှာ ရွေးကောက်ပွဲဝင်ရန်အရည်အချင်း ပြည့်မှီသူများ မဟုတ်ကြချေ ။
 သို့ သော်လည်း ဗဟိုရွေးကောက်ပွဲကော်မရှင်မှ နေပြည်တော်မှနေပြီး၎င်းယာယီ ဧည့်နိုင်ငံသား ကဒ်ပြားကိုင်ဆောင်သူများအားလွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်ပွဲဝင်ခွင့်ပြုခဲ့ ရာ
ဘင်္ဂလီမူဆလင် လူဦးရေ ထူတပ်သော ဘူးသီးတောင်နှင့် မောင်တောမြို့ တွင် သူတိုက ရွေးချယ်ခံခဲ့ ကြရသည် ။
သို့ သော် သူတို့  ရွေးချယ်ခံခဲ့ ကြရသောနိုင်ငံရေးပါတီမှာ ( national Democratuc Oarty for
ဆိုခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည် ။
 ယခုကဲ့ သို အမျိုးသားပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် သွားရောက်မည့်
သူတို့ မှာ အင်ဒိုးနီးရှားနိုင်ငံသို့ ရောက်သွားလျှင် ဦးခင်အောင်မြင့်ကရခိုင်တိုင်းရင်းသားတိုး
တက်ရေးပါတီမှ ကိုမောင်ဝင်းစိုးလိုချက်ချင်းတုန့် ပြန်ပြောဆိုရဲပါမည်လားဆိုသည်မှာ
 စောဒကတက်စရာ ဖြစ်နေပါသေးသည် ။
သို့ သော် တုန့် ပြန်ပြောဆိုနေရခြင်းထက် အင်ဒိုနီးရှား ခရီးစဉ်အားသွားရောက်ရာ၌
အခြားသော နိုင်ငံရေးပါတီများကိုသော်၎င်း အစိုးရမှစေလွှတ်သင့်သည်ဟု
ထင်မြင်ယူဆမိသည် ။
အဘယ့်ကြောင့်ဆိုသော် နောက်သွားမည့်ကုလားကိုယ်စားလှယ်က လွှတ်တော်
မှာတောင် သမ္မတက ပြောဆိုသော စကားတွေဟာအဓိပ္ပါယ် မရှိပါကြောင်းလို့ 
 ပြောကြားခဲ့ ပါပြီ ။
အမျိုးသားလွှတ်တော်ဥက္ကဌဦးခင်အောင်မြင့်၏အင်ဒိုနီးရှားခရီးစဉ်တွင်နိုင်ငံသားမ
ဟုတ်သောအမတ်(၃)ဦးလိုက်ပါမည့် သူများမှာ အောက်ဖေါ်ပြသူများဖြစ်သည်။
(၁) ဦးဇါကီးအာမတ် -၁၂/ပဘတ( နိုင်) ၀၂၉၉၅၁--( ဘ ) နုရ်အာလမ် -၁၁/မတန
( (ယ ) ၀၉၂၂၂၈-မိ-ခေါတိဇါ-၁၁/မတန( ယ ) ၀၉၂၂၂၈  ဖြစ်ပြီး သူ့ အား
 မောင်ဦးမှလာဘ်ငွေစားပြီး ထုတ်ပေးခြင်းဖြစ်သည်ဟု သိရသည် ။
မိဘနှစ်ဦးစလုံးမှာယယယီကဒ်ပြားမျှသာ ကိုင်ဆောင်ထားသူဖြစ်ပါလျှက်နှင့် ဦးဇါကီး
အာမတ်ကပန်းဘဲတန်းမြို့ နယ် ရန်ကုန်မှ မှတ်ပုံတင်ကဒ်ရရှိထားသည်မှာလိမ်လည်ရယူ
ထားခြင်းဖြစ်ကြောင်း သိနိုင်သည် ။
 ( ၂ ) ဦးဇါယဒ်ရော်မန် -MDW--၂၄၇၄၇၇ -ယခု( နိုင် ) ၁၁-မတန( ယ ) ကိုင်ဆောင်
ထားသူဖြစ်သည် ။
မောင်တောမြို့ က ယာယီကဒ်ပြားကိုင်ဆောင်သူမှာ လွှတ်တော်ကိုယ်စားလှယ်၏အရည်
အချင်းနှင့် ကိုက်ညီမှုရှိမရှိကို နေပြည်တော်ဗဟိုရွေးကောက်ပွဲကော်မရှင်မျှမည်သည့်
အတွက်ကြောင့် ရွေးကောက်ပွဲဝင်ခွင့်ပြုရပါသနည်း ။
ဦးဇါယဒ်ရော်မန်၏ ( ဘ ) အိုဆီဒူရော်မံ -AKB-၀၄၇၂၇-( မိ ) ဇိန်ရ်ဘာဟာ -
AKB-၁၀၈၃၆၈ -ဖြစ်သည် ။
မိဘနှစ်ဦးစလုံးက စစ်တွေမြို့ မှ ယာယီကဒ်ပြားကိုသာ ကိုင်ဆောင်ရပြီး သားဖြစ်သူက
 မောင်တောမြို့ မှနိုင်ငံသား -ယာယီကဒ်ပြား ကိုင်ဆောင်ထားခြင်းမှလိမ်ညာယူထားခြင်း
ဖြစ်ကြောင်း ထင်ရှားနေသည် ။
ဦးအဒူရာဇတ် -( ၁၁/မတန ( ယ) တို့ သည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားကြရာ
ယခုကဲ့ သို့ တိုင်းရင်းသားလူမျိုးမဟုတ်သူများကမည်သည့်အတွက်မှတ်ပုံတင်ရသွား
ရသနည်းဆိုသည်မှာ ပြေးကြည့်စရာမလို ။
ထို့ ကြောင့်သူတို့ အားချက်ချင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ်များမှရုပ်သိမ်းပြီး
အမြန်ဆုံးထုတ်ပါယ်ရေးကို ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း ပြောချင်သည် ။
သို မဟုတ်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှာအင်ဒိုနီးရှားနိုင်ငံ
ခရီးစဉ်အတွင်း ဤလွှတ်တော်ကိုယ်စားလှယ်များ၏ပြောဆိုနေသော စကားများကို
 ကြားသိရသည်နှင့်တလုံးတပါဒမျှ မဖြေရှင်းဘဲမြန်မာနိုင်ငံသို့  ပြန်လာခဲ့ ပြီးမှအရေး
ယူဆောင်ရွက်ရမည်ဆိုပါကကျော်မကောင်း ကြားမကောင်း ဖြစ်ရပါတော့မည်ဟု
ထင်မြင်ယူဆရပါကြောင်း ။။
အရှင်စန္ဒာဝရ ပို့ ပေးသည်။
ခိုင်အောင်ကျော် ( နယူးယောက် )
ရွှေမြန်မာ
Sunday, September 2, 2012
ချစ်တတ်သောအမျိုးသားများ၏ အမူအကျင့် ၁၀၀
အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ကွဲပြားခြားနားမှုတွေ ရှိတယ်ဆိုတာ မှန်ပါတယ်။ အထူးသဖြင့် ချစ်ခြင်းမေတ္တာကို ပြသကြရာမှာ အမျိုးသားတွေဟာ စကားနဲ့ မဟုတ်ဘဲ အပြုအမူနဲ့ ပြတတ်ကြပြီး အမျိုးသမီးတွေက နှုတ်ကနေ ဖွင့်ဟပြောဆို တတ်ကြပါတယ်။ အမျိုးသားအများစု ပြုလုပ်တတ်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ အမူအကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ သူ့မှာ အနာဂတ်အစီအစဉ်တွေ သင့်အတွက် ရှိနေပါတယ်။
၂။ တခြားဇိမ်ခံပစ္စည်းတွေနဲ့ အပန်းဖြေစရာ နေရာတွေအတွက် ငွေမသုံးတော့ဘဲ သင့်အတွက်ပဲ အထူးလိုအပ်တာတွေ ဖြည့်စွက် ၀ယ်ပေးပါတယ်။
၃။ ညစာ စားပြီးတာနဲ့ တီဗီကြည့်ဖို့ ထမင်းစားခန်းထဲက တစ်ယောက်တည်း ထွက်မသွားဘဲ သင်နဲ့အတူ သိမ်းဆည်းပေးပြီး ပန်းကန်ခွက်ယောက်တွေ ဆေးကြောပေးပါတယ်။
၎။ သင် အလိုမတူတဲ့ ကိစ္စတွေအတွက် ဖိအားမပေးဘဲ နားလည်ပေးပါတယ်။
၅။ သူ အသုံးပြုတဲ့ I T ပစ္စည်းတွေမှာ ဘာ Password မှ မထားဘဲ သင်ယူသုံးနိုင်လောက်အောင် လျှို့ဝှက်ချက် ကင်းပါတယ်။
၆။ ဘာပဲလုပ်လုပ် သင့်ကို ခွင့်တောင်းပါတယ်။
၇။ သင် စိတ်လေးနေရင်လည်း သေချာနားလည်အောင် ဖျောင်းဖျပြီး အကြံတစ်ခုခု ပေးတယ်။
၈။ ဈေးဘက်လမ်းကြုံရင် သင်ကြိုက်တတ်တာလေးတွေ ၀ယ်လာတတ်တယ်။
၉။ သူ့မျက်လုံးထဲမှာ သင့်အမူအရာတွေက ချစ်စရာ ကောင်းနေတတ်တယ်။
၁၀။ သူ့ဘက်က မနှစ်သက်တဲ့သူနဲ့ သင် ပတ်သက်နေရင်တောင် နားလည်မှု ပေးတတ်တယ်။
၁၁။ သင်က သူ့ကို စိတ်မချဘူးလို့ ပြောချိန်တိုင်း တခြားကိစ္စတွေကိုပါ ခါးခါးသီးသီး ဖျက်ပစ်လိုက်တယ်။
၁၂။ သင်နဲ့အတူရှိချိန်တိုင်း ထွေးပွေ့ထားတတ်တယ်။
၁၃။ အတူရှိချိန်တိုင်း အနမ်းတွေ ပေးတတ်တယ်။
၁၄။ သင်တို့ရဲ့ အတူနေထိုင်မှုဟာ ချစ်ခြင်းမေတ္တာကို အခြေခံတယ်။
၁၅။ အချိန်ပိုအလုပ်တွေ လုပ်နေရရင် သူနဲ့ မတွေ့ရသေးတာကြောင့် ၀မ်းနည်းနေတတ်တယ်။
၁၆။ ဘာအထိမ်းအမှတ်နေ့မှ မဟုတ်ရင်တောင် “မင်းကိုချစ်တယ်”ဆိုတဲ့စကားကို ပြောလေ့ရှိတယ်။
၁၇။ သူ ဘာတွေပဲလုပ်လုပ် သင့်အတွက်သာ ဖြစ်တယ်။
၁၈။ သင်ဟာ ဘယ်တော့မှ အထီးကျန်တယ်လို့ မခံစားရဘဲ သင့်အနားမှာ သူ့နှလုံးသား အမြဲရှိတယ်လို့ ခံစားမိတယ်။
၁၉။ သင်က အနှောင့်အယှက်ပေးရင်တောင် ဘာကြောင့်လဲဆိုတာကို ဂရုစိုက်ပေးတတ်တယ်။
၂၀။ သင် ဖုန်းခေါ်တာနဲ့ လွဲချော်သွားခဲ့ရင် ချက်ချင်း ပြန်ခေါ်တယ်။
၂၁။ အတိတ်က သင့်မကောင်းကြောင်းတွေကို အတိတ်မှာသာ ထားတယ်။
၂၂။ အလုပ်ကိစ္စနဲ့ ခရီးထွက်ရရင်တောင် သင့်ကို အပါခေါ်ဖို့ ကြိုးစားတယ်။
၂၃။ သင် ပြောသမျှကို သတိတရ ရှိနေတတ်တယ်။
၂၄။ သူ့ထက် သင်ဟာ ဘယ်လောက်ပဲပိုပြီး လှနေပါစေ၊ သဘောကျနေတတ်တယ်။
၂၅။ အိမ်သန့်ရှင်းရေးလုပ်ဖို့ ဘယ်တော့မှ ဖိအားမပေးဘူး။ သူကတောင် ပိုပြီး ၀ိုင်းကူပေးတယ်။
၂၆။ သင် နာမကျန်းဖြစ်နေရင် သင့်ဘေးမှာပဲ အမြဲနေတတ်တယ်။
၂၇။ အန္တရာယ်တစ်ခုခုကြုံတိုင်း သင့်ကို ကာကွယ်ပေးဖို့သာ စိတ်ထဲရှိတယ်။
၂၈။ သင် ဘာမှလိမ်းခြယ်မထားရင်တောင် လှနေတာပဲလို့ ထင်နေတတ်တယ်။
၂၉။ တစ်ယောက်ကို တစ်ယောက်ချစ်တဲ့ အကြောင်းပြောချိန် ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျတတ်တယ်။
၃၀။ တခြားယောက်ျားတစ်ယောက်အကြောင်း ပြောတိုင်း သ၀န်တိုတတ်တယ်။
၃၁။ သင်တို့နှစ်ယောက် စကားများ ရန်ဖြစ်တိုင်း ပထမဆုံး အလျှော့ပေး တောင်းပန်တတ်သူဟာ သူပဲ။
၃၂။ သူ့ရင်ဘတ်ပေါ်မှာ သင့်ကို အိပ်စက်စေတယ်။
၃၃။ သူ့လုပ်ငန်းအကြောင်းအားလုံး သင့်ကို အပြည့်အစုံ ပြောပြလေ့ရှိတယ်။
၃၄။ သင် တစ်ခုခုမှားယွင်းတိုင်း ကြိုးစားပြီး အကောင်းဘက်ကို ညွှန်ပြ ပေးတယ်။
၃၅။ သူ့အပန်းဖြေအားလပ်ချိန်တွေလည်း သင်နဲ့အတူပဲ သွားဖို့ စီစဉ် တယ်။
၃၆။ သင့်အတွက် အဖိုးတန်ပန်းလေးတွေ သူ ယူလာတတ်တယ်။
၃၇။ သူ့အပေါင်းအသင်းတွေရှေ့မှာလည်း သင့်ကို ဘယ်လောက်တန်ဖိုးထားကြောင်း ပြောလေ့ရှိတယ်။ သင့်ပုံက သူ့ဖုန်းထဲက Screen ပေါ်မှာ တင်ထားတတ်တယ်။
၃၉။ သူ နေမကောင်းရင်တောင် သင့်ကို အဖျားကူးမှာ ကြောက်တတ်တယ်။
၄၀။ သင့်အကြိုက်ဆုံးသီချင်းနဲ့ ဇာတ်လမ်းတွေကို သတိရနေတတ်တယ်။
၄၁။ သူ ပေးထားတဲ့ချစ်စနိုးနာမည်လေးကို သုံးပြီး ခေါ်တတ်တယ်။
၄၂။ ဘာပြဿနာပဲဖြစ်ပါစေ၊ သင့်ဘက်က သူရပ်တည်ပေးတယ်။
၄၃။ တစ်ယောက်ယောက်က သင့်ကို ရိုင်းပျစွာ ဆက်ဆံရင် သင့်ရှေ့က သူ ဖြေရှင်းပေးတယ်။
၄၄။ ဈေးဝယ်ထွက်ရင် သင်ဝယ်မယ့်ပစ္စည်းတွေကို သူက ပိုပြီး စေ့စေ့စပ်စပ် ကြည့်ပေးတယ်။
၄၅။ သင် ၀ယ်မယ့် အ၀တ်အစားတွေ အတွက် သူက ပိုပြီး စိတ်ဝင်စားစွာ ရှာဖွေပေးတယ်။
၄၆။ ပျော်ပွဲသဘင်တွေကို စိတ်မ၀င်စားပေမယ့် သင်သွားချင်ရင် ၀မ်းပန်းတသာ လိုက်ပို့ပေးတယ်။
၄၇။ သင်ကြိုက်နှစ်သက်တဲ့ ပစ္စည်းလေးတွေ ကို အံ့အားသင့်သွားစေဖို့ လက်ဆောင်ပေးတတ်တယ်။
၄၈။ ပျော်ရွှင်စရာ ကြုံတိုင်း မျှဝေခံစားတတ်တယ်။
၄၉။ အိပ်ချိန်နောက်ကျပြီး ကျန်းမာရေး ထိခိုက်မှာကို အမြဲစိုးရိမ်တတ်တယ်။
၅၀။ လူကြားထဲမှာ သင့်လက်ကို အမြဲတွဲထားတတ်တယ်။
၅၁။ သင့်လက်ကိုင်အိတ်နဲ့ ပိုက်ဆံအိတ်တွေကို အမြဲ ကူကိုင်ပေးတတ်တယ်။
၅၂။ သင့်ခန္ဓာကိုယ်အလေးချိန်တက်တာနဲ့ ပတ်သက်ပြီး ပြဿနာ မရှာတတ်ဘူး။
၅၃။ ချိန်းထားတဲ့အချိန် နောက်ကျပြီးမှ သင်ရောက်လာရင် သူက ပြုံးပြီး ကြည့်နေတတ်တယ်။
၅၄။ သင့်ကို စူးရှကျယ်လောက်စွာနဲ့ ဒေါသတကြီး ဘယ်တော့မှ မပြောဘူး။
၅၅။ စိတ်ဆိုးပြီး စကားများရင်တောင် လက်နဲ့ မရွယ်တတ်ဘူး။
၅၆။ သင့်ကို ပြည့်စုံစေချင်တဲ့စိတ် အမြဲရှိနေတတ်တယ်။
၅၇။ သူ့သူငယ်ချင်းတွေနဲ့ သွားတွေ့တိုင်း သင့်ကိုပါ ခေါ်သွားတတ်တယ်။
၅၈။ သင်မေးတဲ့အကြောင်းအရာတွေကို အမြဲတမ်း စိတ်ရှည်စွာ ဖြေကြားလေ့ရှိတယ်။
၅၉။ သူ့မိန်းကလေးမိတ်ဆွေတွေရှိရင်လည်း သင့်အကြောင်း အမြဲ ပြောပြတတ်တယ်။
၆၀။ နှစ်ယောက်အတူ ကစားပွဲလေးတွေလုပ်ရင်လည်း သင့်အတွက် အနိုင်ရမယ့် နည်းလမ်းတွေ ပြောပြပေးတတ်တယ်။
၆၁။ သူ သင့်ကို ပေးထားတဲ့ ကတိတစ်ခုခုအတွက် အမြဲကြိုးစားနေ တတ်တယ်။
၆၂။ သူငယ်ချင်းတွေနဲ့ အပြင်သွားလို့ သင်မပါရင်တောင် သင့်အတွက် မုန့်တချို့ ပါဆယ်ထုပ်လာတတ်တယ်။
၆၃။ သင်သိမှာကြောက်တဲ့မိတ်ဆွေကြောင့် ဖုန်းကို ဆိုင်းလန့်(Silent) လုပ်ထားတာမျိုး မရှိဘူး။
၆၄။ သူ့အတွက် သင်ချက်ထားတာတွေကို အကုန်စားတတ်တယ်။
၆၅။ ညနေဘက်တွေမှာ သင်နဲ့အတူအချိန် ဖြုန်းရတာကို သူက ပျော် နေတတ်တယ်။
၆၆။ လက်ထပ်လက်စွပ်ကို ဘယ်တော့မှ မချွတ်ဘူး။
၆၇။ ကိုယ်ကျိုးအတွက် သင့်ကို အသုံးမချတတ်ဘူး။
၆၈။ သင် ၀တ်တဲ့ဝတ်စုံက မလှရင်တောင် ရှုတ်ချပြီး မပြောဘူး။ အကြံပေးတတ်တယ်။
၆၉။ သင့်မွေးနေ့ကို ဘယ်တော့မှ မမေ့တတ်ဘူး။
၇၀။ သင်တို့နှစ်ယောက် နှစ်ပတ်လည်နေ့ကို ဘယ်တော့မှ မမေ့ တတ်ဘူး။
၇၁။ သင်က သ၀န်တိုမှုတွေရှိနေရင် အချိန်ယူပြီး နားလည်အောင် ရှင်းပြပေးတတ်တယ်။
၇၂။ သင်တို့ကြားက ငြင်းခုံမှုတွေမှာ သူ့ဘက်က မှန်နေရင်တောင် သင့်ကို အလျှော့ပေးလိုက်တယ်။
၇၃။ သင့်နေရာမှာအစားထိုးရမယ့်သူမရှိတော့ဘူးလို့ ပြောတတ်တယ်။
၇၄။ သင့်အလုပ်မှာ ရာထူးတိုးရင် သင့်ထက် သူက ပိုပြီးပျော်ရွှင်နေတတ်တယ်။
၇၅။ ပျော်ပွဲရွှင်ပွဲနေ့လေးတွေမှာ လက်ဆောင်ပေးဖို့ သင့်အတွက် ၀ယ်လေ့ရှိတယ်။
၇၆။ သင် မကြိုက်တာတွေကို သူ ဘယ်တော့မှ မပြောတတ်ဘူး။ မှတ်ထားတတ်တယ်။
၇၇။ သင့်ခံစားချက်ကို သူ့ခံစားချက်ထက် ပိုပြီးဦးစားပေး၊ နားလည်တယ်။
၇၈။ သင့်ခံစားချက်တွေကို မျှဝေခံစားပေးတတ်တယ်။
၇၉။ သင့်မိသားစုနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ ကြိုးစားနေတတ်တယ်။
၈၀။ သူရဲ့နေ့ရက်တွေတိုင်းရဲ့ အားလပ်ရက်နဲ့ ပိတ်ရက်တွေဟာ သင့်အပေါ် မူတည်နေတယ်။
၈၁။ သူခေါ်တဲ့ဖုန်းနဲ့လွဲသွားရင်တောင် သင့်ကို စိတ်မဆိုးဘဲ စိတ်ပူတတ်တယ်။
၈၂။ သူ့မိခင်က သင့်ကို မကြိုက်ရင်လည်း နားလည်အောင် ကြိုးစားဆောင်ရွက်တယ်။
၈၃။ သူ့မိခင်က သင့်ကို ရိုင်းပျစွာပြောရင်တောင် သင့်နားကို မရောက်အောင် မပြောဘဲ ထားတတ်တယ်။
၈၄။ သင်ကြိုက်တဲ့အရာတွေကို ဘယ်မှာပဲ တွေ့တွေ့ တတ်နိုင်သလောက် စုဆောင်းတတ်တယ်။
၈၅။ သင်က မိန်းကလေးသူငယ်ချင်းနဲ့ အပြင်သွားဖို့ချိန်းထားတာကို ဖျက် ရင်တောင် နားလည်ပေးတယ်။
၈၆။ အိပ်ရာဝင်ဖို့ အမြဲပွေ့ချီပြီး ခေါ်တတ်တယ်။
၈၇။ အိပ်ရာဝင်ချိန်နဲ့အိပ်ရာနိုးချိန်တွေမှာ သင့်ကို နမ်းတတ်တယ်။
၈၈။ ပျော်ရွှင်စရာ ဘယ်ကိစ္စတွေမဆို သင့်ကို သိစေချင်တယ်။
၈၉။ သူခိုင်းတဲ့ကိစ္စတွေ လွဲချော်မှားယွင်းသွား ရင်လည်း အပြစ်မတင်ဘဲ မေ့ထားဖို့ ပြောတတ်တယ်။
၉၀။ Facebook ပေါ်က သူ့ခင်မင်မှုတွေကို သင့်ကို ပေးသိတတ်တယ်။ သူ့အကောင့်မှာ သင့်ကိုချစ်ကြောင်း Comment တင်လေ့ရှိတယ်။
၉၁။ သူ့အကောင့်ရဲ့ မက်ဆေ့ခ်ျတွေ သင် အကုန်သိတယ်။
၉၂။ သင့်ကို ဘယ်အကြောင်းနဲ့မှ မျက်ရည် မကျစေဘူး။ သူသာ သင့် အတွက် ငိုရင်ငို လိမ့်မယ်။
၉၃။ ပျော်ပွဲရွှင်ပွဲတွေကို သင်မပါဘဲနဲ့ ဘယ်တော့မှ မသွားဘူး။
၉၄။ သင် ဘေးမှာရှိနေလျက်နဲ့ သတိမေ့လောက်အောင် သောက်စားမူးရစ် မနေဘူး။
၉၅။ သင့်အပေါ်အမြဲတမ်းယုံကြည် စိတ်ချနေတတ်တယ်။
၉၆။ သင်နဲ့အတူ လုပ်ငန်းကိစ္စလေးတွေ တိုင်ပင်ပြီး အသိပေးတတ်တယ်။
၉၇။ သူ့အလုပ်ကိစ္စတွေကို မေးတိုင်း စပ်စုတယ်လို့ ဘယ်တော့မှ အပြစ် မတင်တတ်ဘူး။
၉၈။ သူ့ဘ၀အတွက် ၀မ်းသာစရာကိစ္စတစ်ခုကို အရင်ဆုံး သိစေချင်တဲ့သူက သင်ပဲ။
၉၉။ အချစ်၊ ယုံကြည်မှုနဲ့ စိတ်ရှည်ခွင့်လွှတ်မှုတွေ သူ့မှာ အမြဲရှိတတ်တယ်။
၁၀၀။ ဘယ်ကိုပဲသွားပါစေ၊ ခြံထဲကို ခဏ ဆင်းရင်တောင် သင့်ကိုပြောပြီး ခွင့်တောင်းတတ်တယ်။
ကဲ…သင့်မှာ ဒီလိုချစ်တတ်တဲ့ ချစ်သူတစ်ယောက်ရှိနေပြီလား။ ဒါဆိုရင်တော့ သင်ဟာ အချစ်ကံကောင်းသူလို့ ပြောရမှာပါ။
မန္တလေး ဆန္ဒဖော်ထုတ်ပွဲ စပြီ။ ပရိသတ် ၁၀၀၀၀ ခန့် 
ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ သမ္မတကြီးအား ထောက်ခံကြောင်းနှင့် ကွင်တာနားအား ဆန့်ကျင်ကြောင်းကို ဆန္ဒထုတ်ဖော်သည့်အနေဖြင့် မန္တလေးမြို့ပေါ်တွင် ဆရာတော်ဝီရသူဦးဆောင်သော သံဃာတော်များနှင့်မန်းဒေသခံများ
နေ.လည် 1နာရီမှစတင်ပြီး 12လမ်းထောင့် 80 လမ်းမအတိုင်း 19x86ထောင့်ချီတက် ဆန္ဒထုတ်ဖော်စဉ်။ နေလည် 1နာရီမှစတင်ပြီး
သမ္မတကြီး ဦးသိန်းစိန် ကျန်းမာပါစေ၊ သမ္မတကြီးဦးသိန်းစိန် အောင်မြင်ပါစေ အမိမြန်မာနိုင်ငံတော်ကို ကာကွယ်ပါ ဟူသော ကြွှေးကြော်သံများကို ဆန္ဒထုတ်ဖော်သွားသည်ပုံ
မန္တလေးဟာ အမြဲတမ်း ညီညွတ်မှု့ တွေ ၊ ရိုးသားမှု့ တွေ ၊ စည်းလုံးမှု့  တွေ နဲ့ အတူ ဇာတိသွေး ၊ ဇာတိမာန် တွေနဲ့  အမြဲတမ်း ပြည့်နှက်နေတဲ့ မြို့ တော်ကြီး တစ်ခုပါ။
-သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် အမြဲတမ်း တက်ညီ လက်ညီတဲ့ မြို့ တော်ကြီး တစ်ခုပါ....။
-ရိုးသားမှု့  နဲ့  အမှန်တရားအတွက် အရာရာကို ရင်ဆိုင်ရဲ တဲ့ မြို့ တော်ကြီး တစ်ခုပါ...။
-ရာဇ၀င်မှာ စာတင်နိုင်ခဲ့တဲ့ မြို့ တော်ကြီး တစ်ခုပါ..၊။
-အင်္ဂလိပ်အစိုးရကို ဆန့် ကျင်ဆန္ဒပြခဲ့တဲ့သမိုင်းဝင်အရေးတော်ပုံတွေတိုင်းမှာ လဲ အရာရာကို ရှေ့ ဆုံးကနေ တက်ကြွစွာ ဦးဆောင်ခဲ့တဲ့ စံပြ မြို့ တော်ကြီး တစ်ခုပါ..။
-အမျိုးသားရေးစိတ်ဓါတ်အပြည့်နဲ့  သမိုင်းအခိုင်အမာ ရပ်တည်ခဲ့တဲ့ မြို့ တော်ကြီး တစ်ခုပါ...။
-သံဃာ ၊ လူထု ၊ ကျောင်းသားရယ် ဟု တစ်သားတည်း ညီညွတ်တဲ့ မြို့ တော်ကြီး တစ်ခုပါ...။
-အမျိုးသားရေး စိတ်ဓါတ် အပြည့်နဲ့  အခိုင်အမာ ရပ်တည်နေတဲ့ မြန်မာနိုင်ငံရဲ့  ဒုတိယ မြို့ တော်ကြီး တစ်ခုပါ...။
-အခုဆိုရင့် မန္တလေးသားတွေ ရဲ့  အမျိုးသားရေး စိတ်ဓါတ်ကို ကမ္ဘာက သိမ့်သိမ့်တုန်အောင် ပြသလို့ နေပါပြီ..
-့ မန္တလေးသားတွေ အားလုံး သံဃာ ၊ ကျောင်းသာ ၊ လူထု ရယ်ဟု ညီညွတ်မှု့ ကို ပြသ နေကြပါပြီ....
-"ဘင်္ဂလီဟာ မြန်မာနိုင်ငံသားမဟုတ်ဘူး"လို ပြတ်ပြတ်သားသားပြောဆို ရပ်တည်ခဲ့တဲ့  သမ္မတကြီးကို အမျိုးသားရေးစိတ်ဓါတ်အပြည့်နဲ့ အပြတ် ထောက်ခံနေကြပါပြီ..။
-ရခိုင်ပြည်ကိုကျူးကျော်နေတဲ့ ဘင်္ဂလီတွေကို အပြတ်ဆန့် ကျင့်ပြီး မြန်မာပြည်သူတွေရဲ့  ဆန္ဒအမှန်ကို ကမ္ဘာကသိအောင် ဆန္ဒဖော်ထုတ်နေကြပါပြီ....။
-မန္တလေးကပြည်သူတွေရဲ့  နိုင်ငံတော် နဲ့  နိုင်ငံသားတွေ အကျိုးစီးပွားအတွက် တာဝန်သိသိ ၊ သစ္စာရှိရှိ နဲ့  အမြဲ လက်မနှေးပဲ ထိပ်ဆုံးကနေ ရပ်တည်နေကြပါပြီ...။
ဒမ်ဘိုကိတ် ပေါင်မုန့် တွေ လဲ ဝေတယ်။
မော်နီကာ
သီလဝါ အထူးစီးပွားရေးဇုန်တွင် ပြည်သူများ ရင်းနှီးမြှုပ်နှံနိုင်
ရန်ကုန်မြို့တဖက်ကမ်း သီလ၀ါ အထူးစီးပွားရေးဇုန် တည်ဆောက်ရာ၌ ဂျပန်ကုမ္ပဏီကြီးများနှင့်အတူ မြန်မာနိုင်ငံသားများ အနေဖြင့်လည်း အများပိုင်စီးပွားရေး အစုအဖွဲ့တည်ထောင်ကာ အရင်းအနှီးထည့်ဝင်ရန် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချူပ် (UMFCCI) က စီစဉ်နေကြောင်း သိရသည်။
မြန်မာအစိုးရနှင့် မစ်ဆူဘီရှီ၊ မရူဘီနီ၊ ဆူမစ်တိုမို စသည့် ကုမ္ပဏီကြီးများ အကြား အထူးစီးပွားရေးဇုန် တည်ဆောက်ရန်အတွက် ဂျပန်ကုမ္ပဏီများဘက်မှ ၄၉ ရာခိုင်နှုန်း၊ မြန်မာအစိုးရက ၅၁ ရာခိုင်နှုန်း ထည့်ဝင်ရန် သဘောတူညီခဲ့ကြောင်း၊ မြန်မာဘက်မှထည့် ၀င်ရမည့် အစုရှယ်ယာကို တဦးတယောက်တည်းက ထည့်ဝင်ပြီး အကျိုးခံစားခြင်း မရှိစေဘဲ နိုင်ငံသားအားလုံး ခွဲဝေခံစားရန် စီစဉ်ခြင်းဖြစ်ကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ဆိုသည်။
“မြန်မာနိုင်ငံသား မည်သူမဆို ရှယ်ယာတွေကို ၀ယ်ယူပြီး ပါဝင်နိုင်အောင် အများပိုင်ကုမ္ပဏီဖွဲ့ပြီး အများရဲ့ လုပ်ငန်းတခုအနေနဲ့ ဆောင်ရွက်မယ်။ ဒါမှ ပြည်သူတွေလည်း အကျိုးအမြတ်ကို ခွဲဝေခံစားနိုင်မယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
အစုရှယ်ယာများ ရောင်းချရာတွင်လည်း တစုလျှင် ကျပ် ၁ သိန်းခန့်မှ စတင်ရောင်းချရန် စီစဉ်နေပြီး တဦးတယောက်တည်းမှ လက်ဝါးကြီးအုပ်ကာ အများအပြား ၀ယ်ယူခြင်းကိုလည်း ကာကွယ်ရန် စီစဉ်ထားကြောင်း၊ အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းရာတွင် တည်ဆဲဥပဒေ များနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပြီး၊ ရှယ်ယာများကို ရောင်းချရာတွင် မီဒီယာများမှတဆင့် ကြော်ငြာကာ ရောင်းချသွားမည် ဖြစ်ကြောင်း ဦးဝင်းအောင်က ဆိုသည်။
အစုရှယ်ယာရှင်များ အနေဖြင့်လည်း အထူးစီးပွားရေးဇုန် ဖွံဖြိုးမှုအပေါ်တွင် မူတည်ပြီး အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ အထူးစီးပွားရေး စီမံကိန်းသည် ဧက ၆ ထောင်ကျော် ကျယ်ဝန်းပြီး နိုင်ငံတော်ပိုင်မြေများဖြစ်ကြောင်း တည်ဆောက်ရာတွင် စက်ရုံများ၊ ရုံးခန်းများ၊ ဆိပ်ကမ်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ လန်ချာဘန် အထူးစီးပွားရေးဇုန်တွင်လည်း ကမ္ဘာကျော် Ford ကားကုမ္ပဏီ အပါအ၀င် Samsung ကုမ္ပဏီကြီးများ၏ စက်ရုံများတည်ရှိပြီး ရေနက်ဆိပ်ကမ်းသည် ကမ္ဘာပေါ်တွင် ကုန်တင်ကုန်ချ အများဆုံး လုပ်ကိုင်ရသည့် ဆိပ်ကမ်းများတွင် အဆင့် ၂၂ တွင် ပါဝင်သည်။
မကြာသေးမီကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ ထားဝယ်ရေနက်စီမံကိန်းနှင့် အထူးစီးပွားရေးဇုန်တခုကို အကောင်အထည်ဖော်ရန် ထိုင်းနိုင်ငံနှင့် သဘောတူညီမှုရယူခဲ့သေးသည်။
By Irrawaddy
တောင်ပြုန်းပွဲတော် ဆိုင်ခန်းငှားခများ ငါးဆ မြှင့်တက်
မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ တောင်ပြုံးမင်းနှစ်ပါး နတ်နန်းအတွင်း ရိုးရာပူဇော်ပသမှု ပြုလုပ်နေ
ကြသည့် အနယ်နယ်အရပ်ရပ်မှ ပရိတ်သတ်များကို  သြဂုတ် ၂၉ ရက်၊ ၂ဝ၁၂ ခုနှစ်က တွေ့ရစဉ်။
နှစ်စဉ် ဝါခေါင်လတိုင်း အမရပူရမြို့နယ်တွင် ကျင်းပလေ့ရှိသော တောင်ပြုန်း နတ်ပွဲတော်၌ ယခုနှစ်ဈေး
ဆိုင်ခန်းများ ငှားရမ်းခမှာ ယမန်နှစ်ကထက် ငါးဆ မြင့်တက်ခဲ့သည်။
၂ဝ၁၁ ခုနှစ်က အစားအသောက်၊ အထည်အလိပ်နှင့် လူသုံးကုန်ပစ္စည်း အရောင်း ဆိုင်ခန်း တခန်းလျှင် ပွဲ
တော် ကျင်းပသည့် သီတင်းတပတ်စာအတွက် ကျသင့်ငွေ ခြောက်သောင်းကျပ်သာ ရှိရာမှ ယခုနှစ်တွင်ကျပ်
သုံးသိန်းအထိမြင့်တက်သွားသည်။
“နှစ်တိုင်း ရောင်းနေကျဆိုတော့ မယူမဖြစ် အခန်းယူပြီး ရောင်းရတယ်။ ပွဲတော်က စည်ပေမယ့် မနှစ်က
လောက် အမြတ်မကျန်ဘူး။ ပွဲတော် စည်ကားလေလေ အခန်းငှားခတွေ တိုးယူလေလေ ဆိုတာမျိုးက မ
ကောင်းဘူး။နောက်နှစ်ကို ဒီလို မဖြစ်စေချင်ဘူး” ဆုတောင်းပြည့် ဘုရားစောင်းတန်းတွင် ကန်တော့ပွဲများ
အတွက် ငှက်ပျောသီး အုန်းသီး ရောင်းသူ မသီတာ က ဆိုသည်။
တောင်ပြုန်း ဈေးဆိုင်ခန်း လေလံရရှိထားသူ မန္တလေးဒေသခံ တဦးကမူ ယခုနှစ်တွင် ယခင်နှစ်ထက် စည်
ပင်သာယာ သို့ ပေးသွင်းရသည့် လေလံကြေးငွေမှာ ပိုမိုများပြားသည့်အတွက် ဆိုင်ခန်းခများတိုးမြှင့်ကောက်
ခံရခြင်းဖြစ်ကြောင်း မဇ္ဈိမကို ပြောပြသည်။
ယခုနှစ် ပွဲတော်သို့ သြဂုတ်လ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ လာရောက်သူ ဦးရေ နှစ်သိန်း ဝန်းကျင်ရှိပြီး စက်တင်္ဘာလ ၁ ရက်နေ့အထိ တပတ်ကြာ ကျင်းပမည် ဖြစ်သည်။ ပွဲတော်တွင် ရောင်းချသည့် ဈေးကြီး ဈေး
လေးနှစ်ခုပေါင်း ဆိုင်ခန်း ၂၈၆ ခန်း ရှိကြောင်း ပွဲတော် ဖြစ်မြောက်ရေး ကော်မတီက ဆိုသည်။
ရွှေဖျဉ်းကြီး-ရွှေဖျဉ်းငယ် နတ်ညီနောင်ကို အကြောင်းပြု၍ နတ်ပွဲ ကျင်းပရာ တောင်ပြုန်းရွာမှာ မန္တလေးမြို့
အနီးခြောက်မိုင်အကွာတွင် တည်ရှိပြီး လူဦးရေ လေးထောင်ကျော် မှီတင်းနေထိုင်သည့် ကျေးရွာတရွာဖြစ်
သည်။ ဒေသခံ အများစုမှာ ဆန်စပါး၊ ပဲ နှင့် နှမ်းတို့ကို စိုက်ပျိုးခြင်းဖြင့် အသက်မွေး နေထိုင်ကြသည်။
မန္တလေး (မဇ္ဈိမ) 
အရေပြား ကြွေကျသည့် ရောဂါဆန်း တစ်မျိုး ခံစားနေရသည့်ကလေးငယ်
အရီဇိုးနား ပြည်နယ်၊ တူစင်မြို့မှ Brystal ခေါ်တဲ့ ကိုးလ အရွယ် ကလေးငယ် လေးတစ်ဦးဟာ Epidermolysis Bullosa ခေါ်တဲ့ ရောဂါဆန်း တစ်မျိုးကို ခံစားနေရတယ်လို့ သိရပါတယ်။ အဲဒီ ရောဂါဟာ အရေပြားကို လက်နဲ့ အသာအယာ ထိတွေ့ရုံနဲ့ အရေပြားမှာ အရည်ကြည်ဖုတွေ ပေါက်လာတတ်တာကြောင့် သူ့ခြေတွေ၊ လက်တွေကို ပတ်တီးနဲ့ စည်းထားရပါတယ်။
လူငါးသောင်းမှာ တစ်ယောက်နှုန်း ဖြစ်ပေါ်လေ့ရှိပြီး အရေပြား တစ်လွှာနဲ့ တစ်လွှာ ပေါင်းစပ်ဖို့ လိုအပ်တဲ့ ပရိုတင်း ချို့တဲ့တာကြောင့် ဖြစ်တဲ့ရောဂါပါ။ အရေပြားဟာ အရမ်းပါးပြီး အထိမခံနိုင်တာကြောင့်
ပွတ်တိုက်မှုလေး ရှိတာနဲ့ အရေပြားမှ သွေးထွက်ပြီး နာကျင်စေနိုင်ပါတယ်။
ဘယ်ပွတ်တိုက်မှုမျိုးမဆို အရေပြားနဲ့ ပါးစပ်အတွင်း အနာပေါက်စေနိုင်ပါတယ်။ ဒီရောဂါရှိတဲ့ ကလေးငယ်တွေဟာ အသက် တစ်နှစ်အတွင်း သေဆုံးသွားတတ်ကြပါတယ်။ အသက်ရှူ လမ်းကြောင်းမှ အရည်ကြည်ဖုတွေ ပေါက်ပြီး အသက်ရှူရ ခက်ခဲတဲ့ ပြဿနာတွေ ဖြစ်သွားရတာကြောင့်ပါ။
SM
အမျိုးသားနှစ်ယောက်ရဲ့ ဖူးစာ
ထူးခြားတဲ့ဒီဓာတ်ပုံ Facebook ကို လွန်ခဲ့တဲ့ ၂ ရက်က ရောက်လာပါတယ်။ လက်ဆင့်ကမ်းနေကြသူ တထောင်ဝန်းကျင် ရှိနေပါပြီ။
အမျိုးသားနှစ်ဦး လက်
ထပ်ပွဲလုပ်တော့မယ့် ပုံစံမျိုး ခန့်ခန့်ငြားငြား၊ ခမ်းခမ်းနားနား
ရိုက်ကူးထားတဲ့ပုံပါ။
အမှန်တကယ်လည်း သူတို့ နှစ်ဦး လက်ထပ်တော့မယ်လို့ သိရပါတယ်။
ဘယ်သူတွေလဲ၊ ဘယ်တော့လဲ
တယောက်က မြန်မာပြည်က၊ တယောက်က စင်္ကာပူကလို့ ဆိုပါတယ်။
ဓာတ်ပုံဆရာကတော့ "real couple with Myanmar traditional wedding setting" ( မြန်မာ့ရိုးရာ မင်္ဂလာအခမ်းအနားနဲ့ တကယ့် စုံတွဲ) လို့ သူ ဖဘမှာ ရေးထားတာပါ။
"its pre-wedding, actually reception will be in dec" မင်္ဂလာပွဲအကြို ဓာတ်ပုံရိုက်ထားတာ၊ လက်ထပ်အခမ်းအနားကတော့ ဒီဇင်ဘာမှာ ဖြစ်လိမ့်မယ် တဲ့။
ကန့်ကွက်မှု
သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအကြို အလှရိုက်ဓာတ်ပုံကို ကြည့်ပြီး အများအပြားက ကန့်ကွက်ကြပါတယ်။ တယောက်က ဆိုရင် "မြန်မာ့ရိုးရာမင်္ဂလာပွဲသည် လိင်တူချင်းလက်ထပ်ရန်မဟုတ်...." လို့ မှတ်ချက်ချ ရေးထားပါတယ်။
ထောက်ခံမှု
လိင်တူ လက်ထပ်တာ ထောက်ခံတယ် လို့ ဓာတ်ပုံဆရာက ဆိုပါတယ်။
နောက်တယောက်ကတော့ Facebook မှာ အခုလို ရေးထားပါတယ်။
"တချို့က ငါးပိကြိုက်မယ်
တချို့က ငါးပိ မကြိုက်ဘူး
အဲဒီတော့ ငါးပိမကြိုက်တဲ့သူတွေက ငါးပိကြိုက်တဲ့သူတွေကို စိတ်ရောဂါသည် ဒါမှမဟုတ် စိတ်ဝေဒနာသည်လို့ သတ်မှတ်လို့ရလို့လား???
အဲဒီလိုပဲ သူ့လိင်စိတ်ခံယူမှုအရ သူ့ရွေးချယ်မှုကိုတော့ စိတ်ရောဂါတစ်ခုလိုသတ်မှတ်တာကတော့ သိပ်ပြီး ဘဝင်မကျဘူး
နောက်တစ်ချက်က အချစ်ဆိုတာ စိတ်ကထိန်းချုပ်နိုင်ရမယ်ဆိုတာက မသင့်တော်တဲ့အရာကိုပဲ ထိန်းရှုပ်ရမှာလေ
ဥပမာ မလွတ်လပ်သူ အရွယ်မရောက်သေးသူ စသဖြင့်ပေါ့
သူတို့ဘာသာ လွတ်လပ်သူအချင်းချင်း စိတ်တူသဘောတူ ချစ်ကြ ကြိုက်ကြ ယူကြတာကိုတော့ ဘာမှမပြောလိုပါ"
ဥပဒေ
လိင်တူ လက်ထပ်တာကို ကမ္ဘာ့ ဒေသတချို့မှာ တရားဝင်ခွင့်ပြုထားပါတယ်။
မြန်မာနိုင်ငံမှာရော ဘယ်လိုပါလဲ?
တယောက်က အခုလို မှတ်ချက်ရေးထားပါတယ် -
"သေချာတာက မြန်မာ့ဓလေ့ထုံးတမ်းဥပဒေထဲတော့ မပါဘူး။
လိင်တူခြင်းလက်ထပ်ထိမ်းမြားဖို့အတွက် သီးသန့်ဥပဒေပြဌာန်းဖို့ လိုမယ် ထင်တယ်။
အရေးကြီးဥပဒေတွေ ဦးစားပေးနေရတဲ့ ဒီလိုအချိန်မျိုးမှာ ဒီကိစ္စ အသိအမှတ်ပြုဖို့အတွက် တော်တော်လေးလိုဦးမယ်..."
ဒီအကြောင်းအရာဟာ တချိန်မှာ လွှတ်တော်ထဲ ရောက်သွားနိုင်ပါတယ်။ သို့သော်လည်း အကြိတ်အနယ်ဆွေးနွေးတဲ့အခြေအနေကို ရောက်ဖို့ကတော့ အချိန်အတော်ကြာအုံးမယ်လို့ ယူဆရပါတယ်။
ပင်လယ်အပျော်စီးသဘောင်္ကြီးများတွင် အလုပ်ရရှိရန် အာမခံသည့် (၈)လ သင်တန်း
ကြယ်ငါးပွင့်ဟိုတယ်ကြီးများနှင့် ပင်လယ်အပျော်စီးသဘောင်္ကြီးများတွင် အလုပ်ရရှိရန် ရာခိုင်နှုန်းပြည့် အာ
မခံသည့် (၈)လ သင်တန်းအား လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းအား မလေးရှားနိုင်ငံအခြေစိုက် Green City International College တွင် တက်ရောက် သင်ကြားရ  မည်ဖြစ်ပြီး ကျောင်းလခအနေဖြင့် ဗီဇာကြေး၊ နေထိုင်စားသောက်မူစရိတ် အပါဝင် မလေးရှား
ရင်းဂစ် (၁၆၂၃ဝ)ဖြစ်ပြီး သင်တန်းကာလပြီးဆုံးပါက Carnival Cruise Lines, Celebrity Cruises, Holland America Line, Princess Cruises, P & O Cruises, Royal Caribbean Cruise Ltd, Star Cruise နှင့် အခြားနာမည်ကြီး သဘောင်္ကြီးများတွင် အလုပ်လုပ်ကိုင် ခွင့်ရနိုင်မည်ဖြစ်ကြောင်း သိရ
သည်။
''တက္ကသိုလ်ဝင်တန်းအာင်မြင်ပြီး အင်္ဂလိပ်စာကျွမ်းကျင်တဲ့မည်သူမဆို လျှောက်ထားနိုင်ပါတယ်။  သင်တန်း
တက်နေတုန်းမှာ ဟိုတယ်ကြီးတွေမှာလဲ အချိန်ပိုင်းအလုပ်ကို တရားဝင်လုပ်လို့ရတယ်။'' ဟု Crown Education မှ ဦးအောင်ကျော်စန်း ကပြောသည်။
၎င်း သင်တန်းလျှောက်ထားလိုပါက ရန်ကုန်မြို့၊ မြေနီကုန်းရှိ Crown Education မှတဆင့်လျှောက် ထား
နိုင်ကြောင်း သိရသည်။
သင်တန်းတွင် ပထမလေးလပါတ်အနေဖြင့် ပင်လယ်ကူးသဘောင်္ကြီးများတွင် စီမံခန့်ခွဲမှုသင်တန်း (Professional Certificate in Cruise Management)အား စာတွေ့သင်ကြားရ မည်ဖြစ်ပြီးဒုတိယလေး
လပါတ်၌ မလေးရှားနိုင်ငံကွာလာလမ်ပူနှင့် အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့တို့တွင် လက်တွေ့ သင်ကြားရမည်ဖြစ်
ကြောင်း သိရသည်။
''အခုခေတ်မှာအလုပ်တစ်ခုရဖို့ အရမ်းခက်ခဲနေတာ။ ဒီသင်တန်းပြီးတာနဲ့ အလုပ်ရဖို့သေချာတယ် ဆို
တော့ အရမ်းကောင်းတဲ့သင်တန်းဖြစ်မှာပါ'' ဟု အဆင့်မြင့်ဟိုတယ်တစ်ခုမှ ဝန်ထမ်းဖြစ်သူ ကိုသူထင်က
ပြောသည်။
သင်တန်းကာလပြီးစီးပါက STCW-95   ( Standards of Training Certification and Watch keeping for Sea Farers) လက်မှတ်နှင့် Cruise Ship Diploma လက်မှတ်များရရှိနိုင်မည်ဖြစ်သည်။
''သင်တန်းပြီးရင် အလုပ်ခွင်ဝင်ရမယ်။ အတွေ့အကြုံရလာတဲ့အခါ ကျောင်းဆက်တက်ချင် သေးတယ်ဆိုရင်
ဒီလက်မှတ်နဲ့ မလေးရှား၊ အင်္ဂလန်နိုင်ငံကြီးတွေမှာရှိတဲ့ တက္ကသိုလ်ကြီးများတွင် ဆက်လက်ပညာသင်ကြား
နိုင်မယ့် အခွင့်အလမ်းလဲ ရှိတယ်။'' ဟု  Crown Education မှ ဦးအောင်ကျော်စန်း ကပြောသည်။
ထိုသင်တန်းသည် သင်တန်းတက်အလုပ်ရှာနေသူများအတွက်သာ ရည်စူးခြင်းဖြစ်ပြီး Academic ပညာ
ရေးပိုင်းကို အားသာသည့် ကျောင်းသားကျောင်းသူများအတွက် တက်ရောက်ရန် အားမပေး ကြောင်း ၄င်း
က ဆက်လက်အကြုံပြုပြောဆိုသည်။
 Crown Education Center:
Apple ကို လျော်ကြေးပေးလိုက်တယ်ဆိုတဲ့ အကြွေစေ့ ထိမှန်ခံရခြင်း)
~
တိတ် ~
တယောက်ယောက်က နောက်ပြောင်ပြီးရေးလိုက်တဲ့ အောက်ဖော်ပြပါ သတင်းကို တကယ်ထင်မှတ်သူ အများအပြား ရှိပါတယ် တဲ့။
ကဲ - ဖတ်ကြည့်ပါအုံး။
ဒဏ်ငွေလား … ယူပေါ့
ဒေါ်လာ ၅ ပြားစေ့တွေ အပြည့်တင်ထားတဲ့ ကုန်ကား အစည်း ၃၀ ကျော် မနေ့မနက်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ ပန်းသီး (Apple) ကုမ္ပဏီ ဌာနချုပ်ရှေ့ကို ရောက်လာပါတယ်။
ကုမ္ပဏီရဲ့ လုံခြုံရေးဝန်ထမ်းတွေက ကုန်ကားတွေ နေရာမှာပြီး ရောက်လာတယ်ပေါ့။
သူတို့ထင်တာ မှားသွားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ မိနစ်အနည်းငယ်အကြာမှာ ဆမ်ဆုန်င် (Sumsung) ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် (CEO) က ပန်းသီး CEO တင်မ် ကွတ်ခ် (Tim Cook) ကို ဖုန်းဆက်ပြီး အဲ့ဒီငွေတွေအကြောင်း ရှင်းပြတာကိုး။
“ဒီငွေတွေဟာ ကျုပ်တို့ကုမ္ပဏီက ခင်ဗျားတို့ကို ပေးရမယ့် ဒဏ်ငွေတွေပါ” တဲ့။
မူပိုင်ခွင့် ချိုးဖောက်တယ်ဆိုပြီး ဆမ်ဆုန်င် က ပန်းသီးကို လျော်ကြေးငွေ ဒေါ်လာ ၁.၀၅ ဘီလီယံပေးဖို့ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဟိုဆေးမြို့ (San Jose) ဖက်ဒရယ်တရားရုံး ဂျူရီလူကြီးတွေက မကြာသေးခင်ရက်ပိုင်းမှာ အမိန့်ချခဲ့တာပါ။
ဒါပေမယ့် ဒဏ်ငွေပေးဖို့ လက်မှတ်ထိုးရတဲ့ သဘောတူချက်ထဲမှာ ဘယ်လိုနည်းနဲ့ပေးရမလဲဆိုတာကို တိတိကျကျ သတ်မှတ် ထားတာမရှိတာမို့ ဆမ်ဆုန်င်အနေနဲ့ ပေးချင်တဲ့ပုံစံနဲ့ ပေးနိုင်တယ်လို့ သိရပါတယ်။
ဆမ်ဆုန်င်ဥက္ကဌ လီကွန်ဟီး (Lee Kun-hee) ကလည်း မီဒီယာတွေကို အခုလို ပြောပါသေးတယ်။
“သူတို့ဘာသာသူတို့ ဒီအကြွေစေ့တွေနဲ့ အချိုရည်ပဲ ဝယ်သောက်သောက်၊ အဲ့ဒီအကြွေစေ့တွေကို အရည်ကျိုပြီး ကွန်ပျူတာလုပ်လုပ် ကျနော်နဲ့မဆိုင်ဘူး။ ဥပဒေအတိုင်း ပေးစရာရှိတာကို ပေးပြီးပြီလေ။”
ဒေါ်လာ ၁.၀၅ ဘီလီယံအတွက် အကြွေစေ့စုစုပေါင်း ၂၀ ဘီလီယံကို သူ ဘယ်ကများ သွားရှာလာပါလိမ့်။
ကိုးကား။ http://en.paperblog.com/samsung-pays-apple-1-billion-sending-30-trucks-full-of-5-cents-coins-294795/
တကယ်တမ်းတော့ အဲဒါက တရားရုံး ဂျူရီလူကြီးတွေရဲ့ ဆုံးဖြတ်ချက်ပဲ ရှိပါသေးတယ်။
တရားသူကြီးရဲ့ ဆုံးဖြတ်ချက် မဟုတ်သေးပါဘူး။
တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ထွက်လာရင် လျော်ကြေးပမာဏက ဒီထက် ပိုများသွားဖွယ်ရှိတယ်လို့ သိရပါတယ်။
သို့သော်လည်း နောက်ပြောင်ရေးလိုက်တဲ့ အထက်ပါ သတင်းကြောင့် တကယ်ပဲ ၅ ဆင့်တန် အကြွေစေ့တွေ ကားနဲ့တင်ပြီး သွားပေးတယ်လို့ ထင်နေသူတွေ မနည်းမနောပါပဲ။
ခုတလော နည်းပညာသတင်းဖတ်သူတွေအတွက်တော့ အရယ်ရဆုံးဖတ်စရာတပုဒ်ပေါ့။
ပျော်စေပျက်စေ ရေးသားသူများက ဧပြီ ၁ ရက်နေ့ရောက်အောင် မစောင့်နိုင်ကြဘူး ဆိုတာ ဒီဖြစ်ရပ်က သက်သေပြနေပါတော့တယ်။
~
ဖားကန့် မှာ KIA ဆက်ကြေးကောက်ခံမှု တစ်နှစ်အတွင်း ကျပ်သိန်းပေါင်း ၃ သောင်းကျော်ရှိ
တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ ကချင်ပြည်နယ် ဖားကန့် မြို့ မှာ KAI အဖွဲ့ မှ အဓမ္မခြိမ်းခြောက် ဆက်ကြေး ကောက်ခံမှုတွေ ရှိနေကြောင်း သိရပါတယ်။  လက်ရှိ KIA ရင်း ၆ တပ်ရင်းမှူး လက်ထက်တင်ကို သိန်းပေါင်း ၃ သောင်း ကျော်နေပြီလို့ သိရပါတယ်
ဆင်းမ်ကတ်ကို ဝယ်ယူသည့် နေရာတွင် မဖြစ်မနေ ချိုးရန် မလိုတော့
ဆင်းမ်ကတ်ကို ဝယ်ယူသည့် နေရာတွင် မဖြစ်မနေ ချိုးရန် မလိုတော့မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ပြည်တွင်း အသုံးပြုနေသော မိုဘိုင်းဖုန်းများ အားလုံးကို Local Roaming စနစ် ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း ယင်း လုပ်ငန်း၏ မိုဘိုင်းဌာနမှ အင်ဂျင်နီယာချုပ်က ပြောသည်။
လက်ရှိ အသုံးပြုနေသော မိုဘိုင်းဖုန်းများသည် ယခုကဲ့သို့ Local Roaming စနစ် မဖွင့်ပေးမီက ဆင်းမ်ကတ်ကို မချိုးရသေးဘဲနှင့် အခြား နေရာဒေသများသို့ သယ်ဆောင် အသုံးမပြုနိုင်ခဲ့ပေ။
မည်သည့် အမျိုးအစား ဆင်းမ်ကတ်များကိုမဆို ကတ်မချိုးရသေးလျှင်လည်း အခြားသော နေရာများသို့ သယ်ဆောင်သွားပြီး အသုံးပြုနိုင်တော့မည် ဖြစ်သည်။ “အရင်ကဆို နယ်မှာဝယ်တဲ့ ဆင်းမ်ကတ်ကို ကတ်ချိုးပြီး မသုံးသေးဘဲ တခြားနေရာကို သယ်သွားပြီး သုံးလို့မရဘူး။ အခု ဘယ်နေရာမှာဝယ်ဝယ် ကတ်မချိုးရသေးလည်း တခြားနေရာရောက်မှ ကတ်ကို ချိုးပြီးသုံးလို့ရပြီ” ဟု အင်ဂျင်နီယာချုပ်က ဆက်လက် ရှင်းပြသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထိုကဲ့သို့ ဖွင့်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ခြင်းကြောင့် နယ်မြို့များမှ ဖုန်းအသုံးပြုသူများအတွက် အဆင်မပြေခြင်းများ ဖြစ်ပေါ်ခဲ့ရကြောင်းလည်း မိုဘိုင်းဖုန်းအသုံးပြုသူများ ထံမှ သိရသည်။ “နှစ်သိန်းဖုန်းတွေ စစချင်း ဝယ်တယ်ဗျာ။ မိတ္ထီလာမှာ ဝယ်တာပေါ့။ ကတ်ကိုမချိုးသေးဘဲ ရန်ကုန်ရောက်မှ ချိုးပြီးသုံးတော့ မရဘူးဗျ။ အဲ့ဒါ နယ်ပြန်ပြီး ကတ်ကိုချိုးသုံးမှ လိုင်းပွင့်တယ်။
အဲ့ဒီတော့မှ မိတ္ထီလာပြင်ပ တခြားနေရာတွေ သယ်ပြီး သုံးလို့ရတယ်” ဟု မိုဘိုင်းဖုန်း အသုံးပြုသူတစ်ဦးက ပြောသည်။
ယုဇနကိုကို
အစိုးရတပ်များ ဆုတ်ပေးပါက နေရာမရွေး ဆွေးနွေးမည်ဟု KIO ပြော
ဖနိဒါ
အစိုးရဘက်မှ တပ်များ ဆုတ်ခွာပေးပါက မည်သည့်နေရာတွင်မဆို ငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကချင်လွတ် လပ် ရေးအဖွဲ့ KIO မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဗိုလ်မှူး ဂျီးနောင် က ပြောသည်။
ရှမ်းပြည်နယ်၊ မူဆယ်မြို့နှင့် နေပြည်တော်တွင် နှစ်ဘက် တွေ့ဆုံလိုကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီမှ သြဂုတ်လ ၂၅ ရက်နေ့က KIO ထံ ကမ်းလှမ်းခဲ့သည့်အပေါ် ၎င်းက တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“မဆွေးနွေးရသေးဘူး။ နေပြည်တော်နဲ့ မူဆယ်မှာ တွေ့ရအောင်ပြောတာ ကြာပြီ အဖြေ မပေးသေး ဘူး။ ကျနော်တို့ပြောထားတာက လုံခြုံတဲ့ နေရာ ဘယ်နေရာဖြစ်ဖြစ် တွေ့လို့ ရတယ်။ တကယ်လို့ သူတို့ဘက်က တပ်တွေ ဆုတ်လိုက် မယ် ဆိုရင် ဗန်းမော်မှာ ဖြစ်ဖြစ် ရတယ်” ဟု ဗိုလ် မှူးကြီး ဂျီးနောင်က ပြောသည်။
ထိုကမ်းလှမ်းမှုနှင့်ပတ်သက်၍ “အစိုးရဘက်က ရှင်းရှင်းလင်းလင်း မပြောဘူး။ အလွတ်သဘော တွေ့ဖို့ပဲ ပြောတယ်။ ကျနော်တို့က အလွတ်သ ဘော မဟုတ်ဘဲ၊ တရားဝင် တွေ့ဆုံ ဆွေးနွေးချင်တာ”ဟု သူက မဇ္စျိမကို ပြော သည်။
KIO ဘက်မှ တုံ့ပြန်မှုအား စောင့်နေသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။ ပို့လိုက်သော စာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ပြောင်းလဲခြင်း မရှိဘဲ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်၍ မူဆယ် သို့မဟုတ် နေပြည်တော်တွင် တွေ့ဆုံရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
KIO ဘက်ကမူ တရုတ်နယ်စပ် ပရဝမ်ဒေသတွင် တွေ့ဆုံရန်သာ ပြောဆိုနေခြင်း ဖြစ်သည်။
တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် ယခု နေပြည်တော်နှင့် မူဆယ်မြို့များတွင် တွေ့ဆုံမည့် အစီအစဉ်သည် KIO ဘက်မှ အနည်းငယ် အခက်အခဲ ရှိနိုင်မည်ဟု ယူဆကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာက ပြောသည်။
“KIO ဘက်ကလည်း ပြန်တွေ့ဖို့ ပြောထားတယ်။ ဒါပေမယ့် ရှေ့တန်းမှာ စစ်ဆင်ရေး များလာလို့ အရင်တခေါက်ပြောတဲ့ မူဆယ်နဲ့ ဗန်းမော်မှာ မသွားနိုင်းဘူး ပြောထားတာ။ ခုလည်း ဖားကန့်ဘက်မှာလည်း တိုက်နေတုန်းပဲ။ ခုလည်း မတွေ့ဘူးလို့ ပြောတာမဟုတ်ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။
သောကြာနေ့တွင်လည်း ဖားကန့်မြို့နယ် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့များနှင့် အစိုးရတပ်တို့ တင်းမာနေသော်လည်း တိုက်ပွဲဖြစ်ပွားမှု မရှိသေးကြောင်း KIO တပ်အရာရှိ တဦးက ပြောသည်။
ဇွန်လ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် နှစ်ဖက် နောက်ဆုံး ဆွေးနွေးမှုတွင် အစိုးရ တပ်စခန်းပေါင်း ၆၁ နေရာအား ရုတ်သိမ်းပေးရန် KIO ဘက်မှ တင်ပြချက်အချို့ကို အစိုးရဘက်မှ သဘောတူခဲ့ပြီး တချို့ကို မြေပုံနှင့်တကွ စစ်ဘက်ဆိုင်ရာ အရာရှိများ ထပ်မံဆွေးနွေးရန် သဘောတူခဲ့ရာမှ ယခုထိ ပြန်လည်မတွေ့ဆုံနိုင်သေးခြင်း ဖြစ်သည်။
လွှတ်တော်တွင် ခုံရုံးကိစ္စနှင့်ပတ်သက်၍ အချိန်မကုန်သင့်ဟု အင်အားကြီးပါတီများ သုံးသပ်
 မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ရာတွင် သဘောထားကွဲလွဲခြင်း ၊မတိုက်ဆိုင်ခြင်းများ ဖြစ်ပေါ်တတ်သော်လည်း လွှတ်တော်အတွင်းတွင် ဖြစ်ပေါ်နေသော ခုံရုံးကိစ္စနှင့်ပတ်သက်ပြီး ရေရှည်ဆက်လက် အငြင်းပွားခြင်း   မဖြစ်ပေါ်သင့်ကြောင်း   နိုင်ငံရေးပါတီအချို့က သုံးသပ်သည်။
''ဒီမိုကရေစီစနစ်မှာတော့ မတိုက်ဆိုင်တာတွေ သဘောထားကွဲလွဲတာတွေ မညီညွတ်တာတွေတော့ ရှိတတ်ပါတယ်။ လွှတ်တော် အတွင်းမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ရေရှည်ကြာရှည် မဖြစ်သင့်ဘူးပေါ့ ဒါကိုအကြောင်းပြုပြီးဖြစ်နေရင် ပြည်သူလူထုအတွက် လုပ်နေတာမဟုတ်ဘူး အချင်းချင်းဖြေရှင်း နေရတာနဲ့ပဲ အချိန်တွေပေးနေတယ်လို့ ပြည်သူတွေထင်တာလဲ ထင်စရာပါပဲ ''ဟု ဒီချုပ်ပါတီမှနာယက ဦးတင်ဦးက သုံးသပ်ပြောဆိုသည်။
လွှတ်တော်အတွင်းတွင် ဖွဲ့စည်းခဲ့သော ကော်မတီများကို ပြည်ထောင်စုအဆင့်အဖြစ်မသတ်မှတ်ကြောင်းကို ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးမှ သတ်မှတ်ခြင်းကို မှားသည်ဟု ဝန်ခံခိုင်းခြင်း ၊ နှုတ်ထွက်ခိုင်းခြင်းသည်   ကောင်းမွန်သော အခြေအနေတစ်ရပ်မဟုတ်သောကြောင့်ငြိမ်းချမ်းစွာဖြေရှင်းသင့်ကြောင်း ဦးတင်ဦးက အကြံပြုပြောဆိုသည်။
'' လွှတ်တော်ရယ်လို့ဖြစ်လာတာ တစ်နှစ်ပဲရှိသေးတယ်နော် တစ်နှစ်အတောအတွင်းမှာဒီလောက်ဖြစ်တယ်ဆိုတော့ သိပ်ပြီးတော့   မြင်ရပြုရတာတော့   စိတ်မကောင်းစရာ ပေါ့နော်။ တစ်ချို့ကတော့ နှုတ်ထွက်ရမယ်ပြုရမယ်ဆိုတာတော့ မကောင်းပါဘူး ဘာလို့လဲဆိုတော့ ဒီမိုကရေစီရဲ့စနစ်မှာကတော့ လွတ်လွတ်လပ်လပ် ပြောနိုင်တယ်ဆိုနိုင်တယ် ဆိုတဲ့ဟာကတော့ အခွင့်အရေးတွေ ရှိကြတာပဲလေ ငြိမ်းချမ်းစွာဖြေရှင်းသင့်တယ်'' ဟု ဦးတင်ဦးက ဆက်ပြောသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းစပြုချိန်တွင် ခုံရုံးကိစ္စနှင့်ပတ်သက်၍ လွှတ်တော်အတွင်းတွင် မှားသည် ၊ မှန်သည်ဟု ဆုံးဖြတ်နေခြင်းသည် နိုင်ငံရေးသမား မဖြစ်နိုင်ကြောင်း တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ ဥက္ကဌက သုံးသပ်ပြောဆိုသည်။
'' နုနယ်တဲ့ လွှတ်တော်လေးတစ်ခု နုနယ်တဲ့ ဒီမိုကရေစီကို အစကူးတဲ့အခါမှာ ဘာမဟုတ် တာနဲ့တောင်မှ ဒီလိုဖြစ်နေကြရင် အဲ့ဒီလောက်တောင်မှ အပေးအယူလေးတွေ အလျော့ အတင်းလေးတွေ မလုပ်နိုင်ကြဘဲ ငါမှမှန်တယ်၊ ငါပြောတာမှဆိုတာ   နိုင်ငံရေးသမား ဆိုတာ ငါပြောတာမှမှန်တယ်။ ငါယူဆတာမှမှန်တယ်။ အဲ့ဒီလို တရားသေစွဲကိုင်ရင်နိုင်ငံရေးသမားမဟုတ်ဘူး။ '' ဟုတိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ဥက္ကဌ ဦးခင်မောင်သိန်းက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတို့ အငြင်းပွားမည့်အစား ပြည်သူအတွက် အကျိုးရှိသော ကိစ္စတစ်ရပ်ကို ဆွေးနွေးသင့်ကြောင်း ၄င်းက ဆက်ပြောသည်။
'' ခုံရုံးကိစ္စကို အဓိကထားပြီး ဦးစားပေးမလုပ်သင့်ဘဲနဲ့ အန်ကယ်တို့လိုချင်တဲ့  Peace ဖြစ်ဖို့လုပ်ရမယ် အထွဋ်အထိပ်ဖြစ်တဲ့ လွှတ်တော်မှာတောင် မအေးချမ်းဘူးဆိုရင် သဘော ပြောပြတာပါ။ ဒီလောက်ထိမလုပ်သင့်ဘဲ   ရေကြီးတဲ့ကိစ္စတွေ   ပြည်သူနစ်နာနေတာတွေလယ်သမားတွေဆုံးရှုံးမှုတွေ အလုပ်သမားတွေ ဆုံးရှုံးမှုတွေ အဲ့ဒီမှာ ပြတ်ပြတ်သားသား   ပြောသင့်တာတွေ ထောက်သင့်တာတွေ တစ်ယောက်နဲ့တစ်ယောက် ဒုက္ခပေးဖို့အတွက် မဟုတ်ဘဲ အဲ့ဒါမျိုးလေးတွေ အကျိုးရှိမယ့်ဟာတွေကို နိုင်ငံတော်အတွက် အကျိုးရှိအောင် ကမ္ဘာက လက်ခံလာအောင် အရှေ့တောင်အာရှမှာ ရင်ဘောင်တန်းနိုင်အောင် လိုအပ်တဲ့ အတတ်ပညာတွေ အသိပညာတွေ လိုအပ်တဲ့ အဆုံးအဖြတ်တွေ အဲ့ဒါတွေနဲ့ ကမ္ဘာကိုရင်ဘောင်တန်းပြီးထွက်နိုင်အောင်လူငယ်တွေကို ဘယ်လိုပျိုးထောင်မလဲ ဘယ်လိုပညာတော်သင်တွေလွှတ်မလဲ တိုင်းနဲ့ပြည်နယ် တွေကို မျှမျှတတဖြစ်အောင် ဗမာချည်းပဲ အခွင့်အရေးတွေ အများကြီးယူနေကြပြီးတော့ ကချင်တွေ ၊ ချင်းတွေချန်ခဲ့တာမျိုးချည်းဘဲ မဖြစ်ရအောင် ဘယ်လိုမျှမျှတတနဲ့ လုပ်ကြမယ်အဲ့ဒီဟာတွေသာလျှင်အန်ကယ်မြင်တာတော့ ဒီကာလတွေမှာ အလေးပေးပြီးတော့ ဒါတွေလုပ်သင့်ပါတယ်။ '' ဟု ၄င်းက ဆိုသည်။
နိုင်ငံတကာမှလည်း မြန်မာနိုင်ငံကို ချီးမွမ်းခန်းဖွင့်ချိန်ဖြစ်သောကြောင့် လွှတ်တော်အတွင်းတွင် အချင်းများ အငြင်းပွားမနေဘဲ လွှတ်တော်ကိုယ်စားလှယ်များ ၊ အစိုးရအဖွဲ့များ ၊ တာဝန် အရှိဆုံးပုဂ္ဂိုလ်များနှင့် အတူပူးပေါင်းဆောင်ရွက်ပြီး ခုံရုံးကိစ္စကို ဖြေရှင်းသင့်သလို နိုင်ငံနှင့်ပြည်သူအကျိုးပြုလုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ၄င်းက အကြံပြုပြောဆိုခဲ့သည်။
ဝင့်သင်ဇာကျော် (မြစ်မခ)
တာချီလိတ်တွင် ရာဘထုတ်လုပ်သည့် စက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ
ဇော်ကြီး
မြန်မာပြည်အရှေ့ခြမ်း တာချီလိတ်မြို့နယ်အတွင်း ရာဘခေါ် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စက်တလုံးအပါအ၀င် ရာဘဆေးပြားများ နှင့် ဆက်စပ်ပစ္စည်း များ ယနေ့နံနက်က ဖမ်းမိသည်။
တာချီလိတ် ခရိုင်ရဲ၊ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)နှင့် မူးယစ်အထူးအဖွဲ့မှ တာဝန်ရှိသူများကဟောင်လိတ်ကျေးရွာအုပ်စု၊၀ိန်း ကျောက်ကျေးရွာရှိမောင် လောတ၏ နေအိမ်သို့ သတင်းအရ ၀င်ရောက်ရှာဖွေရာမှ ဖမ်းမိခြင်းဖြစ်သည်ဟု အာဏာပိုင်နှင့် နီးစပ်သူ တာချီ လိတ်မြို့ခံ တဦးက အခုလို ပြောသည်။
“ကီလိုနဲ့မိတာလေ။ ရာဘက (၇) ကီလို၊ သူ့ကို လုပ်တဲ့ အမှုန့်က လေးကီလို မိ တယ်။ နောက် လျှပ်စစ်မော်တာနဲ့ ဆေးထုတ်လုပ်တဲ့ စက် တလုံးမိတယ်။ အ ရောင်စပ်တဲ့ ဆေးရည်က တစ်လီတာ တလုံးမိတယ်။ အရောင် အမှုန့်က တစ်လီတာ နှစ်လုံး၊ မိတယ်။”
ရာဘ အလုံးရေ မည်မျှရှိသည်ကို မသိသေးသော်လည်း ဖမ်းဆီးမိသည့် ပစ္စည်းများနှင့် မူးယစ်ဆေးဝါး ကာလတန်ဖိုး သိန်း (၁၀၀၀) ကျော်ခန့် ရှိနိုင်ကြောင်း ဒေသခံက ခန့်မှန်း ပြောဆိုသည်။
လောလောဆယ် လောတ အပါအ၀င် လူလေးဦးအား တာချီလိတ် မြို့နယ် မူးယစ် အထူးတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း သိရသည်။
ရွှေတြိဂံဒေသတွင် လှုပ်ရှားနေသည့် မူးယစ်ဆေးဝါး ခေါင်းဆောင် စိုင်းနော်ခမ်းအား လွန်ခဲ့သည့် ဧပြီလ (၂၅) ရက်နေ့က လောနိုင်ငံဖက် ခြမ်း တွင် ဖမ်းဆီးမိပြီးနောက် လက်ကျန် တပ်ဖွဲ့များ အစိုးရထံ လက်နက်ချ အလင်းဝင်ရောက် လာခဲ့သည်။
သို့သော် စိုင်းနော်ခမ်း အပါအ၀င် ၎င်း၏တပ်ဖွဲ့ဝင်များ အားနည်းသွားသော်လည်း ဒေသတွင်း မူးယစ်ဆေးဝါး လုံးဝပျောက်ကွယ်သွားမည် မ ဟုတ်ကြောင်း မူးယစ်ဆေးဝါး စောင့်ကြည့် သူများက သုံးသပ်ပြောဆိုသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင်း မငြိမ်မသက်မှု များကြောင့် စွပ်စွဲဖမ်းဆီးခံနေရသည့် ရခိုင်လူမျိုးများစာရင်း
ရခိုင်ပြည်နယ် ကျောက်တော်မြို့
နယ်တွင်း မငြိမ်မသက်မှုများကြောင့်
စွပ်စွဲဖမ်းဆီးခံနေရသည့် ရခိုင်လူမျိုး
များစာရင်းကိုအောက်ပါအတိုင်း
ဖော်ပြလိုရပါသည်။
(၁) ဦးမောင်အေးတင် / ၅၀-နှစ် / လယ်သမား / တောင်ဘွယ်ကျေးရွာ / ၀၉-၀၈-၂၀၁၂ အဖမ်းခံရ
(၂) ဦးကျော်လှထွန်း / ၅၀-နှစ် / စာရေး / တောင်ဘွယ်ကျေးရွာ / ၀၉-၀၈-၂၀၁၂ အဖမ်းခံရ
(၃) ဦးထွန်းအောင်ကြည် / ၅၂-နှစ် / လယ်သမား / တောင်ဘွယ်ကျေးရွာ / ၀၉-၀၈-၂၀၁၂ အဖမ်းခံရ
(၄) ဦးအောင်ကျော်ဇံ / ၆၄-နှစ် / လယ်သမား / တောင်ဘွယ်ကျေးရွာ / ၀၉-၀၈-၂၀၁၂ အဖမ်းခံရ
(၅) ဒေါ်မစော / ၅၈-နှစ် / ကျဘန်း / တောင်ဘွယ်ကျေးရွာ / ၀၉-၀၈-၂၀၁၂ အဖမ်းခံရ
(၆) ဒေါ်လှစိန်နု (ခ) ဒေါ်လှတင်စော / ၃၀-နှစ် / ကျဘန်း / တောင်ဘွယ်ကျေးရွာ / ၀၉-၀၈-၂၀၁၂
(၇) ဦးစိုးသိန်းအောင် / ၃၂-နှစ် / ကျဘန်း / တောင်ဘွယ်ကျေးရွာ / ၀၉-၀၈-၂၀၁၂ အဖမ်းခံရ
(၈) မောင်သန်းမြင့် / ၂၉-နှစ် / တက္ကသိုလ်ကျောင်းသား / ရွှေပြည်ကျေးရွာ / ၁၇-၀၆-၂၀၁၂ အဖမ်းခံရ
(၉) ဦးဦးစောလှ / ၄၂-နှစ် / လယ်လုပ် / ရွှေပြည်ကျေးရွာ / ၁၇-၀၆-၂၀၁၂ အဖမ်းခံရ
(၁၀) ဦးသိန်းမြင့် / ၄၂-နှစ် / ကျဘန်း / မဟာမုနိကျေးရွာ / ၁၇-၀၆-၂၀၁၂ အဖမ်းခံရ
(၁၁) ဦးအေးမောင် / ၃၇-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၂) ဦးထွန်းစံအောင် / ၄၀-နှစ် / လယ်လုပ် / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၃) ဦးစောလှထွန်း / ၅၀-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၄) ဦးမြင့်ဆွေ / ၂၇-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၅) ဦးအောင်ကျော်သာ / ၄၀-နှစ် / လယ်လုပ် / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၆) ဦးရွှေမြင့်မောင် / ၄၅-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၇) ဦးကျော်ဌေး / ၃၈-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၈) ဦးမောင်တင်ညို / ၂၅-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၉) ဦးအောင်ထွန်းသာ / ၅၀-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၂၀) ဦးလှထွန်းသာ / ၄၁-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၂၂) ဦးစံသာ / ၅၁-နှစ် / လယ်လုပ် / ကျောက်ဖြူသစ်ကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
(၂၃) ဦးကျော်လှဖြူ / ၅၅-နှစ် / ကျဘန်း / ကျောက်ဖြူသစ်ကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
(၂၄) ဦးမောင်စံလှိုင် / ၄၅-နှစ် / ကျဘန်း / ကျောက်ဖြူသစ်ကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
(၂၅) ဦးမောင်ထွန်းဝင်း / ၃၀-နှစ် / ကျဘန်း / ကျောက်ဖြူသစ်ကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
(၂၆) ဦးအောင်သန်းဌေး / ၂၀-နှစ် / ကျဘန်း / ကျောက်ဖြူသစ်ကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
(၂၇) ဦးအေးချေ / ၃၂-နှစ် / ကျဘန်း / ရွာသစ်ကေကျေးရွာ / ၁၄-၀၈-၂၀၁၂ အဖမ်းခံရ
(၂၈) ဦးမောင်သိန်းဝင်း / ၃၅-နှစ် / ကျဘန်း / ရွာသစ်ကေကျေးရွာ / ၁၄-၀၈-၂၀၁၂ အဖမ်းခံရ
(၂၉) ဦးစောမောင်ရွှေ / အသက်မသိ / လယ်လုပ် / ကသစ်တောကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
(၃၀) ဦးကျော်ဆန်း / အသက်မသိ / ကျဘန်း / ကသစ်တောကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
(၃၁) ဦးကျော်ထွန်းဝင်း / အသက်မသိ / ကျဘန်း / ကသစ်တောကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
 Coral Arakan News Agency
ရွှေမြန်မာ
ငြိမ်းချမ်းရေးကြောင့် ကားအစီးငါးရာ ဒုက္ခရောက်
ဒီနေ့ ကရင်ပြည်နယ် မြ၀တီကနေတဆင့် အနယ်နယ်အရပ်ရပ်ကို ထွက်ခွာကြမဲ့ ခရီးသည်တင်ကားနဲ့ ကုန်တင်ကားကြီး အ
စီးရေ ၅၀၀ ကျော်လောက် မြ၀တီမြို့ထဲမှာ ၃ နာရီနီး ပါးပိတ်မိသွားပါတယ်။
မြန်မာအစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဘားအံသွားမယ့် KNU အဖွဲ့ရဲ့ယာဉ်တန်းအတွက် ကားလမ်း ယာယီ ပိတ်လိုက်တာကြောင့် ကားတွေ ရာနဲ့ချီ အခုလို ဒုက္ခရောက်ရတာပါလို့ ကုန်တင်ကားမောင်းတဲ့လူတွေက ပြောပါတယ်။
၁၂ ဘီးကားမောင်းသူတဦးက “မြ၀တီအထွက်ဂိတ်ဖြစ်တဲ့ တံတားကျိုးဂိတ်ကိုပုံမှန် ၆ နာရီမှာဖွင့်တယ်။ ဒီနေ့ ကားအဆင်းနေ့မှာ KNU အဖွဲ့ ဘားအံသွားတဲ့ယာဉ်တန်း ရှိလို့ မနက် ၆ နာရီက ၉ နာရီအထိ ကားထွက်ဖို့ စောင့်ခဲ့ရတယ်။ အမှန်က ကျွန်တော်တို့ကားတွေကို ဂိတ်ဖွင့်ချိန်မှာ လွှတ်လိုက်ပြီး ၉ နာရီကျမှ ပြန်ပိတ်လိုက်လည်း ရတာပဲ။ အခုတော့ အားလုံး ဒုက္ခဖြစ်ကြရတယ်” လို့ ပြောပါတယ်။
မြ၀တီကအထွက် တောင်ပေါ်လမ်းဟာ ကား ၂စီး ရှောင်လို့မရလောက်အောင် ကျဉ်းမြောင်းပါတယ်။ ဒါကြောင့် ဒီနေ့လို "ကားအဆင်းနေ့တွေ"မှာ မြ၀တီကနေ ထွက်တဲ့ကားတွေပဲ ရှိပါတယ်။ မနက်ဖြန်လို "အတက်နေ့"တွေမှာတော့ မြ၀တီကိုလာမယ့်ကားတွေပဲ ရှိပါတယ်။
အတက်နေ့၊ အဆင်းနေ့ ဆိုပြီး ကန့်သတ် သွားလာနေရတဲ့ လမ်းရဲ့ အခြေအနေကလည်း ကျင်းတွေချိုင့်တွေနဲ့ပါ။
ကုန်သည်တဦးပြောတာက -
“ထိုင်းမှာဆိုရင် မြ၀တီ-ကော့ကရိတ်ခရီးမိုင် ၄၀ လောက် ဆိုရင် သူတို့ဆီမှာ အလွန်ဆုံး တနာရီပဲ။ ဒီမှာက ၃ နာရီလောက်အချိန်ကုန်တယ်။ နောက်ပြီး ဟုတ်တိပတိလမ်းပြင်တာ မရှိပေမဲ့ လမ်းကြေးကောက်တာကတော့ မတန်တဆပဲ။ ဒီလမ်းပိုင်းမှာတာဝန်ယူ ထားတဲ့ AK ကုမ္မဏီကတော့ ပိုက်ဆံပဲကောက်ပြီး လမ်းအပေါက်တွေကိုမြေကြီးနဲ့ပဲ လိုက်ဖာနေတော့ ဒီလမ်းကြောပြန်ကောင်းဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး”
VIP ယာဉ်တန်း ဆိုတာတွေကြောင့်လည်း အပြောင်းအလဲကြီးတွေ ဖြစ်ရပါတယ် တဲ့။
“ဒီလမ်းမှာ အဆိုးဆုံးပြဿနာက လူကြီးယာဉ်တန်း၊ VIP ယာဉ်တန်း လာပြီ ဆိုရင် ရှိသမျှကားတွေ အကုန်ရပ်ပဲ။ တချို့ဆိုရင်တောထဲမှာပဲ မကြာခဏညအိပ်ရတယ်” ဆိုပြီး အဲဒီကုန်သည်က ဆက်ပြီး ရင်ဖွင့်ပါတယ်။
ဒေသခံတွေပြောဆိုချက်အရ ဆိုရင် VIP ယာဉ်တန်းထဲ ပါဝင်တဲ့ ကားတွေဟာ အရေးပါသလို ဒီလမ်းမကြီးမှာ သွားလာနေတဲ့ ကားတွေကလည်း သူ့နည်းသူ့ဟန် အရေးကြီးနေကြတာပဲ မဟုတ်ပါလား။
မြ၀တီ-ကော့ကရိတ်လမ်းအကြောင်း ပြန်ဆက်ရမယ် ဆိုရင် ~
ထိုင်း-မြန်မာနယ်စပ်ရဲ့အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောဖြစ်တဲ့ မြ၀တီ-ကော့ကရိတ်လမ်းကြောကို အစိုးရက စနစ်တကျပြင်ပေးတာ တခါမှ မရှိသေးဘူးလို့လည်း ဒီလမ်းကြောမှာ ယာဉ်မောင်းသက်တမ်း ၂၀ ရှိပြီး ဖြစ်တဲ့ ဦးစိုးမောင်က ပြောပါတယ်။
ကုန်ဈေးနှုန်းတက်ရတဲ့အကြောင်းရင်းတခုထဲမှာ ဒီလမ်းအခြေအနေဆိုးချက်လည်း ပါဝင်တယ်လို့ ဆိုကြပါတယ်။
သစ်သီးကုန်သည်ဒေါ်လုံးက ထိုင်းကုန်တွေ အဆမတန် ဈေးတက်ခြင်းဟာ လမ်းခရီးကြမ်းတမ်းမှုကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးခြင်း၊ လမ်းခရီးမှာ အာဏာပိုင်များက စာရင်းမရှိ အင်းမရှိ ဂိတ်ကြေး နဲ့ လမ်းတံတားကြေးများကောက်ခံခြင်းတို့ကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။
By Irrawaddy
ဒေါ်အောင်ဆန်းစုကြည် ပုသိမ်သွားမည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဥက္ကဌ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်သည် ဧရာတိုင်း ဒေသကြီးမှ ရေဘေးဒုက္ခ သည်များကို သွားရောက် အားပေးရန် စက်တင်ဘာ တစ်ရက် ( မနက်ဖြန် )တွင် ပုသိမ်မြို့ သို
့သွားရောက် မည်ဖြစ်ကြောင်း ဒီချုပ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဖြိုးမင်းသိန်း
ကပြောသည်။
ဧရာတိုင်းဒေသကြီး တွင် သြဂုတ်လ လယ်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း  ကြောင့်မြို့ နယ် ပေါင်း ၂၄ မြို့ နယ်အတွင်း ရေလွှမ်းမိုးနှင့်ကြုံေ တွ့ ခဲ့ရပြီးမိုးစပါးဧက သုံးသိန်းနီးပါး နစ်မြုပ်ခဲ့သည်။
7Day News Journal