This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Wednesday, May 30, 2012
Ethical Hacking သမာဓိဟက်ကာနည်းပညာ (အပိုင်း-၄)
ယခုပိုစ့်ကို WYTU မှ အပိုင်းအလိုက် အစအဆုံးကူးယူ ပြခြင်းဖြစ်ပါသည်...
ကျနော် အပိုင်း ၃ပိုင်းရေးပြီးပါပြီ။မဖတ်လိုက်ရလို့ဖတ်ချင်သေးရင်အပိုင်း (၁) ဒီမှာ၊အပိုင်း ၂ဒီမှာ
အပိုင်း ၃ ဒီမှာဖတ်ပါ။ကျနော်ရေးတာတွေသိပ်နားမရှင်းဖူးလားမသိဖူး လိုက်လုပ်ကြတဲ့အားနည်းနေကြ
တယ်။အပိုင်း (၅) လောက်ကြရင်….ရပ်လိုက်ရင်ကောင်းမယ်နော်။ကျနော်ဒီပို့ စ်တွေကို WYTU ဆိုက်နဲ့
GTU ဆိုက်မှာ တင်ပါတယ်။Ethical hacking အကြောင်းကိုရေးတဲ့သူနဲနေသေးတာကြောင့်မသိသေးသူ
တွေဗဟုသုတရစေရုံလောက်လေးတင်ပေးတာပါ။နားမရှင်းရင် Comments ချန်ပါခင်ဗျာ။ကျနော်တတ်နိုင်တာ
ကူညီပြောပြပေးပါ့မယ်။
ပြီးခဲ့တဲ့အပိုင်း ၃-မှာ Footprinting အကြောင်းကိုအပြောနေတုန်းပါ။အဲဒီမှာ ကျနော်တို့  Security အားနည်း
ချက်ကိုရှာဖွေဖို့ဆိုက်ရဲ့ ဒေတာမှန်သမျှစုဆောင်းတဲ့အပိုင်းပါ။ကျနော်တို့ဟာဆိုက်တစ်ခုကိုဆကျူရတီ
အားနည်းချက်ကူရှာဖွေပေးနေကြတယ်လို့စိတ်ထဲမှာအမြဲသတိရနေပါ။အကြောင်းကြောင်းကြောင့်အခုကျနော်
တို့စမ်းမယ့်ဆိုက်ရဲ့ အက်မင်ကိုဆက်သွယ်ဖို့ အခွင့်မသာခဲ့ပါဖူး..ဒါကြောင့်ကျနော်တို့ဟာအားနဲချက်ကိုရှာတွေ့ 
ရင်တော့ဟက်ကာဆိုးတွေလက်မဦးခင်ဆိုက်အက်မင်ကိုအကြောင်းကြားရပါမယ်။ပြီးတော့အားနည်းချက်ယို
ပေါက်ကိုသေချာထောက်ပြပြီးပြင်ဆင်သင့်တာတွေကိုဆိုက်အက်မင်နဲ့တူတူဖြေရှင်း၇မှာဖြစ်ပါတယ်။
ဆိုက်တစ်ခုမှာအားနည်းချက်ဆိုတာကတော့ရှိနေကြစမြဲပါ။သည်တော့ကျနော့်တို့က အခုဆိုက်ရဲ့အားနည်းချက်
ကိုရှာဖွေတဲ့အခါဆိုက်ရဲ့ ရေးသားထားတဲ့ကုတ်တွေ ကိုလဲစစ်ဆေးကြည့်ဖို့လိုပါတယ်။အဲကုတ်တွေထဲမှာ Error
တွေ ၊ဟက်ကာဆိုးတွေထိုးဖေါက်လာနိုင်မယ့်ကုတ်တွေပါမပါစစ်ဆေးရပါတယ်။မောက်ဇီလာသုံးတဲ့သူများအဖို့ 
Ctrl+U ကိုနှိပ်ကာ Page Source ကိုကြည့်ရပါမယ်…အဲကုတ်တွေကို Note pad နဲ့ကူးကာဖြေးဖြေး Offline မှာ
လေ့လာစစ်ဆေးကြည့်ပေါ့။Java script  ကုတ် တွေကိုလဲသေချာ စစ်ဆေးကြရပါမယ်။အဲဒီတော့ကျနော်တို့
ဟာ HTML,CSS,Javascript ကိုနဲနဲနားလည်ထားရင်တော့ပိုကောင်းသဗျာပေါ့နော်…Error ရှာနိုင်တာပေါ့နော်
(Teleport Pro Down Link  http://www.tenmax.com/teleport/pro/download.htm )
ပြီးတော့ဝကဘ်ဆိုက်တစ်ခုမှာလူတိုင်းဝင်ကလိလို့၊သုံးလို့ ရနေတတ်တဲ့ File patch တွေ Link တွေရှိပါတယ်။
ဒါကိုလဲ ကျနော်တို့ က ယိုပေါက်တစ်ခုလို့သဘောထားပြီးရှာဖွေရပါမယ်။ဒီတော့ကျနောတို့ စမ်းမယ့်ဆိုက်ကို
ဒေါင်းလုပ်ဆွဲရပါတယ်။ဝက်ဘ်ဆိုက်ကြီးတစ်ခုလုံးကိုဒေါင်းလုပ်ဆွဲတာပေါ့ဗျာ.။သိပ်တော့မကြာလှပါဖူး၊
Teleport Pro ဆော့ဝဲလ်တို့၊HTTrack တို့၊Web Copier တို့ ဆိုတာအသုံးများတဲ့ဝက်ဘ်ဆိုက်ဒေါင်းဖို့
ဆော့ဝဲတွေဖြစ်ပါတယ်။Wget ဆိုတာတော့ Linux မှာပါပြီးသားပါ။ကျနော်ပြောတဲ့ Back Trackမှာတော့ပါတယ်
အဆင်သင့်ပေါ့နော်။ဝင်းဒိုးအတွက်ဆိုရင် teleport pro ကသုံးရလွယ်တယ်။ကျနော်တို့ Teleport pro နဲ့
WYTU ဆိုက်ကိုဒေါင်းလိုက်ပါတယ်(ဥပမာနော်)…အဲမှာ တဆင့်ခြင်း..ဖိုဒါတွေဖိုင်တွေကိုလိုက်ရှာကြည့်အား
နည်းချက်၊ယိုပေါက်တွေရှာကြည့်။ကျနော်တို့သုံးလို့ရနေရင် အဲဒါယိုပေါက်ပဲ။
Port Scanning ဆိုတာဘာလဲ
ဝင်လို့  ရမယ်။ပြီးတော့အဲဒီ Port တွေကဘာဆော့ဝဲတွေနဲ့ Run ထားတာ။အဲဆော့ဝဲတွေရဲ့အားနည်းချက်၊အဲဒီ
Port တွေရဲ့အားနည်းချက်ကို Scan လုပ်ရတာပါ။ဆော့ဝဲသုံးပြီးလှုပ်ရှားရတာပါ။အဲဒီအတွက်ကျနော်ဆော့ဝဲ
နာမည်တွေပြောပါ့မယ်။Window version ကတော့ရှာဒေါင်းကြည့်ပါ။ပေါပါတယ်။Back track Live CD မှာတော့ပါပြီးသားတွေချည်းဖြစ်ပါတယ်။ဘာမှတင်စရာမလိုတော့ဖူးပေါ့။ဒါပေမယ့် backtrack မှာ Command
နဲ့ဖွင့်နေရရင် အခက်အခဲရှိမှာစိုးလို့ Window ဗားရှင်းသုံးလို့ လဲရပါတယ်လို့ ပြောလိုပါတယ်။
နာမည်ကြီး Port  Scanner များကတော့-----
 Namp Program နဲ့  Super Scan နဲ့ Angry IP  Scanner တို့ ဖြစ်ပါတယ်။
(Bonus – Namp Down Link www.namp.org/download.html  )
ကျနော်တို့စက်မှာ Namp ကို အင်စတောလုပ်လိုက်ပါ။ဒီမှာအရေးကြီးလာပါပြီ။ကျနော်တို့ဟာသူရဲ့ဆိုက်ကို
အသိအပေးပဲ ဘောင်ကျော်ကာ Port  Scanning လုပ်ပါတော့မယ်။ဖမ်းမယ်ဆိုကျနော်တို့ ကိုဖမ်းလို့ ရနေပြီ။
သတိကြီးစွာထားပါ။ဘောင်တစ်ခုအတွင်းကနေလုပ်ဆောင်ပါခင်ဗျာ။
ကျနော် Namp ကိုတင်ထားပုံလေးပြပါ့မယ်……
Target မှာ မိမိစမ်းသပ်စစ်ဆေးပေးမယ့်ဆိုက်နာမည်ထည့်ပါ။
ပြီးရင် Scan ပါ Scan Type ကိုအမျိုးမျိုးစမ်းကြည့်ပါ။ပြီးရင် Port တွေ Open ဖြစ်နေတာ ကိုပြလိမ့်မယ်။
အဲ Port တွေကဘာတွေလဲဆိုတာအောက်မှာကြည့်ပါ။
++++++++++++++++Port Services ဆိုတာဘာတုန်း +++++++++++++++++++++++
Port တွေ ဘယ်လိုအသုံးဝင်တယ်ဆိုတာတွေရယ်ကိုပြောထားတဲ့ ဇယားပါခင်ဗျာ။သေချာမှတ်ထားကြပါ။
21 tcp FTP Find read/write directories
22 tcp SSH
23 tcp Telnet Probe for info
25 tcp SMTP Mail relays
53 tcp/udp DNS Probe for info
67 tcp/udp DHCP
69 udp TFTP File system access to passwords/configs
79 tcp Finger Probe for info
80 tcp HTTP Probe for info
81 tcp HTTP – alternate Probe for info
88 tcp HTTP – alternate (Kerberos) Probe
109 tcp POP2
110 tcp POP3
111 tcp/udp RPC PortMapper Identify NFS/RPC services
113 tcp Identd Probe for info
135 tcp/udp MS RPC Probe for info
137 udp MS NetBIOS Name Service Probe for info
139 tcp Microsoft file/print Connections, information, file sharing
143 tcp IMAP Several buffer overflows
161 tcp/udp SNMP Probe for info and reconfigure devices
177 X Window display mgr. Sniff/monitor
259 tcp Checkpoint Telnet auth/RDP Access
264 tcp Checkpoint Secure
389 tcp/udp LDAP Probe for info
407 tcp Tumbuktu
443 HTTPS Access
445 tcp Microsoft file/print Connections, information, file sharing
512 tcp r-exec Remote command execution
513 tcp rlogin/rwho Probing
514 tcp/udp Remote shell
515 tcp UNIX printer services
524 tcp Netware Core Protocol Query a Netware server
535 udp CORBA IIOP
591 tcp HTTP – alternate Access
635 tcp/udp Linux
900 tcp IBM /checkpoint web admin Access
901 tcp SAMBA HTTP / RealSecure
1000 tcp Webmin System admin Access
1080 tcp SOCKS
1114 tcp Linux mSQL Access
1433 tcp Microsoft SQL Access
1434 tcp Microsoft SQL Access
1484 tcp Citrix Remote Login Access
1521 tcp Oracle database client conn
1547 tcp LapLink Access
1741 tcp CiscoWorks 2000 Access
1993 tcp Cisco SMTP Probe
2000 tcp Remotely Anywhere Access
2049 tcp/udp NFS Access data and passwords
2200 tcp Novell iManage Access
2301 tcp Compaq IM HTTP admin Access
2339 tcp 3Com Webview Access
2381 tcp Compaq IM HTTPS admin Access
3128 tcp SQUID proxy Make use of proxy
3268 tcp MS LDAP Global Catalog Probe for info
3306 tcp MySQL database Access
3389 tcp MS Terminal Server/RDP Access
3999-4000 Remote Anywhere Access
4045 tcp/udp NFS Lock daemon Alternate NFS port for shares
5432 tcp PostgresSQL database Access
5500 tcp VNC Access
5631 tcp PCAnywhere Access
5800-10 tcp VNC-HTTP Access
5900-02 tcp VNC Access
6000-063 tcp X Window systems
6346 tcp Gnutella Access data
6588 tcp AnalogX Proxy Access
6665-70 tcp IRC Server
8010 tcp Wingate log port Access or use Wingate proxy
8000 tcp HTTP – alternate Various web servers
8005 tcp HTTP – alternate Various web servers
8008 tcp HTTP – alternate / Netware Various web servers
8009 tcp Netware HTTP Remote mgr
8080 tcp HTTP – alt./proxy/Netware Various web servers
8888 tcp HTTP – alternate/web admin Various web servers
9090/91 tcp Cisco Secure HTTP admin Access
41524 tcp ArcServe discovery protocol Identify systems with Arcserve accounts
32770-90 tcp RPC services Identify various RPC services
ဒီဇယားကိုအလွတ်ကျက်ခိုင်းတာမဟုတ်ပါဖူး။ကျနော်က namp နဲ့ဆိုက်ကိုစကန်ဖတ်လိုက်တယ်ဗျာ။
အဲဒီမှာ Port တချို့ ပွင့်နေတာတွေ့ မယ်။အဲဒီ port က 21 ဆိုပါတော့ ဇယားမှာတိုက်ကြည့်လိုက်မယ်ဗျာ
21 Port  ကဘာလဲပေါ့ 21 Port က  FTP အတွက် Port ပါခင်ဗျာ။ (File Transfer Protocol) ပေါ့
ဝက်ဘ်ပေါ်ကိုဖိုင်တွေလှမ်းတင်တဲ့စနစ်တစ်ခုပါ။ဖိုင်တွေချချင်ရင်လဲသုံးတယ်။
အခြား Port Service တွေကို Scan ဖတ်ပြီးပွင့်နေတာကဘာဆိုတာဇယားနဲ့တိုက်ကြည့်ပါ
ပွင့်နေတဲ့အပေါက်တွေကနေကျနော်တို့ ဟာအားနည်းချက်ကိုထိုးဖေါက်ရတော့မှာပါ။Nmap ကို
သုံးပြီးစမ်းကြည့်ကြဖို့ မျှော်လင့်ပါတယ်။တကယ်လိုက်လုပ်တဲ့သူတွေကတော့ Print Screen
လေးဖမ်းပြီးကြွားပါဦး။
အပိုင်း(၅)ကိုဆက်ရေးရန်သင့်မသင့် Vote please
မရှင်းတာရှိကမေးပါခင်ဗျာ။
ဝမ်းမလျှောခင် ကြိုသိထားဖို့
ဝမ်းမလျှောခင် ကြိုသိထားဖို့
ရာသီတစ်ခုကုန်ဆုံးလို့ နွေအကုန် မိုးအကူးကို ရောက်ပါတော့မယ်။ သရက်သီးပေါ်ချိန် ဖြစ်သလို ၀မ်းပျက် ၀မ်းလျော ရောဂါတွေ ထကြွချိန်လည်းဖြစ်တယ်။ နောက်တစ်ခုကတော့ သွေးလွန်တုတ်ကွေးပေါ့။ သွေးလွန်တုတ်ကွေး ကာကွယ်ရေး ခြင်နှိမ်နင်းရေး အစီအစဉ်တွေကို အခုကတည်းက စလုပ်ရတော့မှာပါ။ အခုဝမ်းပျက်ဝမ်းလျှောရောဂါ ကုသမှုနဲ့ ပတ်သက်ပြီး အနည်းငယ် ဆွေးနွေးလိုပါတယ်။
antibiotic သောက်သင့်သလား
ဖြစ်ပွားတဲ့ case အများစုဟာ virus ပိုးကြောင့် ဖြစ်တာပါ။ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာရှားပါတယ်။ ဖြစ်ရင်လည်း ပြင်းထန်တတ်တယ်။ virus ကြောင့် ဖြစ်တယ်ဆိုရင်တော့ သူ့အလိုလို ပြန်ကောင်းသွားတတ်တယ်။ ဖြစ်လို့ရှိရင် လူအများစုက ပိုးသတ်ဆေး (antibiotic) သောက်တတ်ကြတယ်။ ပိုးသတ်ဆေးဆိုတာက ဘက်တီးရီးယားကြောင့် ဖြစ်မှာသာ အစွမ်းထက်တာပါ။ virus ကြောင့်ဖြစ်တာဆိုရင် ဘာမှ ထူးမှာ မဟုတ်ပါဘူး။ အဲဒီတော့ ၀မ်းလျှောပြီး မဖျားရင် ဗိုက်က ရစ်ပြီးနာတာမျိုး မရှိရင် ပိုးသတ်ဆေး မသောက်သင့်ပါဘူး။ မလိုအပ်ဘဲ ပိုးသတ်ဆေးယဉ်သွားတာမျိုး ဖြစ်နိုင်လို့ပါ။ အမှန်တကယ်လိုအပ်လာလို့ သောက်မယ်ဆိုရင် ဆေးမတိုးတော့ဘူးပေါ့။ အထူးသဖြင့် ကလေးတွေမှာ ၀မ်းလျောတာရဲ့ ၉၅ ရာခိုင်နှုန်းလောက်ဟာ rota virus နဲ့ သူ့အနွယ်ဝင်တွေကြောင့် ဖြစ်တာပါ။ အဲဒီတော့ ပိုးသတ်ဆေးမတိုက်မိအောင် ပိုပြီး သတိထားသင့်ပါတယ်။ ဆေးဆိုင်ကဆေးစပ်ပြီး တိုက်မယ်ဆိုရင်လည်း ပိုးသတ်ဆေးမပါအောင် ပြောပြဖို့ လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အချို့ ပိုးသတ်ဆေးတွေက ကလေးတွေမှာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုများစေလို့ပါ။ overdose ဖြစ်ဖို့ ပိုများပါတယ်။
ဝမ်းပိတ်ဆေးသောက်သင့်သလား
virus တွေနဲ့ ဘက်တီးရီးယားပိုးတွေဟာ အစာနဲ့အတူ ပါသွားပြီးရင် အူသိမ် (small intestine) ကို ရောက်သွားပါတယ်။ အူသိမ်ရဲ့ အတွင်းဘက်နံရံတွေကို ရောင်ရမ်းစေပါတယ်။ ဆေးပညာအ၇ enteritis လို့ ခေါ်ပါတယ်။ အူတွေဟာ ရောင်လာရင် အစပိုင်းမှာ လှုပ်ရှားမှု မြန်လာတယ်။ စားလိုက်တဲ့ အစာနဲ့ ရေတွေကို မစုပ်ယူနိုင်သေးခင်မှာဘဲ လျင်လျင်မြန်မြန် စွန့်ထုတ်လိုက်တယ်။ ဒါ့အပြင် အချို့သော ပိုးတွေဟာ အဆိပ်တစ်မျိုးကို ထုတ်လွှတ်တယ်။ အဲဒီ အဆိပ်က အူနံရံမှာ ရှိတဲ့ ဆဲလ်တွေဆီကနေ ရေတွေထွက်စေတယ်။ ထွက်သွားတဲ့ ရေတွေကို ပြန်ပြီး မစုပ်နိုင်သေးခင် စွန့်ထုတ်လိုက်တဲ့အတွက် ခန္ဒာကိုယ်မှာ ရေဓာတ်ဆုံးရှုံးမှုဆိုတာ ဖြစ်လာတယ်။ အဆိပ်တကာ့ အဆိပ်ထဲမှာ ကာလ၀မ်းရောဂါ (cholera) ပိုးရဲ့ အဆိပ်က အမြန်ဆုံးနဲ့ အပြင်းဆုံးပဲ။ အဲဒီပိုးပါတဲ့ အစာကို စားမိပြီး ၂၄ နာရီအတွင်း အသက်ဆုံးရှုံးနိုင်လောက်သည်အထိ ရေတွေ ထွက်စေပါတယ်။ သို့ပေမယ့် ရေတွေအများကြီး မစင်နဲ့ အတူပါသွားခြင်းဟာ ကိုယ်ခန္ဒာကို ကာကွယ်ခြင်းတစ်မျိုးလည်း ဖြစ်ပါတယ်။ အူလမ်းကြောင်းအတွင်း သန့်စင်ပြီး ပိုးတွေအပြင်ထွက်သွားအောင် လုပ်ဆောင်ပေးတာကြောင့် ဖြစ်ပါတယ်။ အူအတွင်းက ရေတွေက အပြင်ကိုမထွက်လည်း ကိုယ်အတွင်းကို ပြန်မ၀င်နိုင်တော့ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ရောင်ရမ်းနေတဲ့ အူသိမ်ဟာ ရေတွေကို မစုပ်နိုင်တော့ပါဘူး။ ဘာ့ကြောင့် ကျွန်တော် ဒါကို ရေးရသလဲဆိုတော့ လူအများစုက ၀မ်းလျောရင် ၀မ်းပိတ်ဆေး သောက်တတ်လို့ပါ။ အပြင်မှာ lomotil တို့ decotil တို့ဆိုတဲ့နာမည်တွေနဲ့ ရှိပါတယ်။ ပါဝင်တာက loperamide လို့ ခေါ်တဲ့ ၀မ်းပိတ်ဆေးဖြစ်ပါတယ်။ ဆေးဆိုင်တွေမှာ မြန်မာနိုင်ငံ FDA က မရောင်းရဘူးဆိုပြီး ပိတ်ပင်ထားတဲ့ ဆေးပါ။ ဒါပေမယ့် ရောင်းနေကြတာပဲ။ ပိုက်ဆံတစ်ခုတည်းကြည့်တဲ့ ဆ၇ာဝန်တွေကလည်း ပေးနေကြတာပါ။ အချို့ကတော့ ကျောင်းတုန်းက စာမကျေခဲ့လို့ ဒါမှမဟုတ် ဆက်လက်မလေ့လာလို့ ပေးနေကြသေးတယ်။ ခန္ဒာကိုယ်အတွက် မသင့်တော်လို့ အပြင်ကိုထုတ်ပစ်တဲ့ အရေတွေကို ကိုယ့် body အတွင်းမှာ ဘာ့ကြောင့် သိမ်းထားမှာလဲ။ စွန့်ပစ်လိုက်ပါ။ မနှမြောပါနဲ့။ ဆေးသောက်လိုက်လို့ ၀မ်းပိတ်သွားလည်း ရေဓာတ်ဆုံးရှူံးတာက ရပ်သွားတာမှ မဟုတ်တာ။ စအိုပေါက်က မထွက်တာပဲရှိတာကို။ ပိုးတွေပါဝင်တဲ့ ရေတွေက အပြင်ကိုမထွက်ရတော့ အထဲမှာပဲ အောင်းနေပြီး ကြာလာရင် အူတွေက အဲဒီမသန့်တဲ့ အရည်တွေနဲ့ တင်းကားလာတယ်။ လှုပ်ရှားမှု မကောင်းတော့ဘူး။ အူတွေ မလှုပ်တော့ရင် အဲဒီပိုးတွေဟာ သွေးကြောတွေထဲကို တဆင့်ဝင်သွားဖို့ ပိုလွယ်သွားပြီ။ ကိုယ်ခံအားသိပ်မကောင်းတဲ့ ကလေးတွေမှာဆိုရင် အရမ်းကြောက်ဖို့ ကောင်းလို့ လုံးဝမပေးဖို့ တောင်းဆိုလိုပါတယ်။ မဟုတ်လို့ ကိုယ့်ကလေးအသက် ဆုံးရှုံးရင် တရားခံဟာ ရောဂါပိုးမဟုတ်ဘဲ ကိုယ့်ကြောင့်ဆိုတာ ကြိုတင် သတိရှိသင့်ပါတယ်။
Justify Full
ဓာတ်ဆားရည် ဘယ်လောက်သောက်ရမလဲ
ဝမ်းလျောလို့ ဆုံးရှုံးသွားတဲ့ ရေတွေထဲမှာ အူလမ်းကြောင်းက အစာခြေဖို့ ထုတ်လွှတ်လိုက်တဲ့ အစာခြေရည်တွေလည်းပါဝင်ပါတယ်။ ဆားဓာတ်ကြွယ်ဝတဲ့အတွက် ဆားဓာတ်ပါဝင်တဲ့ အရေတွေ ပြန်သောက်ဖို့ လိုပါတယ်။ MPF က ထုတ်တဲ့ ဓာတ်ဆားရည်ဟာ အကောင်းဆုံးပါပဲ။ ဆားဓာတ်နဲ့ အခြားဓာတ်ပေါင်းကို ခန္ဒာကိုယ်က အမြန်ဆုံး စုပ်ယူနိုင်တဲ့ အချိုးအစားနဲ့ ထုတ်လုပ်ထားတာပါ။ အချိုဓာတ်များတဲ့ သီးစုံ ဓာတ်ဆားတွေ ဟာ သောက်လို့တော့ ကောင်းပါလိမ့်မယ်။ သို့ပေမယ့် အလျင်အမြန် ရေဓာတ်လိုအပ်နေတဲ့ ၀မ်းလျောနေတဲ့ အချိန်မှာ မသင့်တော်ပါဘူး။ ဒီအချိန်မှာ အရသာက အရေးမကြီးတော့ပါဘူး။ ကျန်းမာရေးက ပိုအရေးကြီးတယ်။ ဘယ်လောက်ပမာဏ သောက်ရမလဲဆိုတော့ တစ်နေ့ကို အနည်းဆုံး ၂ ပုလင်းစာ သောက်ရပါမယ်။ အဲဒါမှ မနုံးချိဘဲ နေနိုင်မှာ ဖြစ်ပါတယ်။ တစ်နေ့ကို လူတစ်ယောက်က ရေ ၂ ပုလင်းလိုတဲ့အတွက် အနည်းဆုံး ၂ပုလင်းသောက်ဖို့ လိုတာ ဖြစ်ပါတယ်။
Ethical Hacking သမာဓိဟက်ကာနည်းပညာ (အပိုင်း-၃)
ဒီပိုစ့်ကို WYTU (http://wytumyanmar.ning.com/) မှ အခန်းအလိုက် ကူးယူတင်ပြပါသည်..
ကျနော် Ethical hacking ကိုရေးတာ အပိုင်း ၃ ရောက်ပါပြီ။ဖတ်ရတာအရမ်းရှည်သွားမှာစိုးလို့တိုတို
နဲ့လိုရင်းရယ်ဗဟုသုတရအောင်ရယ်ကိုကျနော်ရောမွှေဖေါ်ပြပေးပါဖြစ်ပါတယ်။မဖတ်ရသေးသူများ
အပိုင်း ၁ ကိုဒီမှာ အပိုင်း ၂ကိုဒီမှာဖတ်ပါ။
ပြီးခဲ့တဲအပိုင်း ၂ တုန်းကလိုအပ်တဲ့ဆော့ဝဲစာရင်းကျနော်ပေးထားခဲ့ပါတယ်…လောလောဆယ်မလို
သေးပေမယ့်စုထားရင်တော့ကောင်းတာပေါ့နော်။ဒီတော့ကျနော် VM Ware အကြောင်းရှင်းပြီးပြီ
Linux အကြောင်းကိုလဲနဲနဲမိတ်ဆက်ပြီးပြီ။တကယ်ထိုးထိုးထွင်းထွင်းသိဖို့ကသက်ဆိုင်ရာသင်တန်း
သို့မဟုတ် website,Ebook တွေကနေဆက်လေ့လာကြဖို့တိုက်တွန်းပါရစေခင်ဗျာ။ခုဆိုရင်မြန်မာလို
ရေးထားတဲ့ Ubuntu အကြောင်းတွေကိုအလွယ်တကူဖတ်နိုင်နေပါပြီ။ဦးဇော်လင်း Youth လဲစာအုပ်
ထုတ်ထားတာတွေ့ရတယ်ဗျ။သူ့စာအုပ်ထဲမှာ Linux Platform တွေဖြစ်တဲ့ Fedora တို့ Red Hat Linux
အသုံးပြုနည်းဗမာလိုရေးပြထားပါတယ်။လေ့လာထားသင့်ပါတယ်နော်။
Back Track အကြောင်းပြောပါ့မယ်။Back track က White Hat hacker တွေရော Black Hat Hacker
တွေရောသုံးစွဲကြတဲ Linux နွယ်ဝင် Tools Collection Live CD ပါ။Tools ဆိုတာတော့သိတယ်မလား။
ကျနော်နမူနာပြောပါမယ် Back Track ထဲမှာ ကျနော်တို့ WiFi hacking အတွက်သုံးတဲ့ Airarack တို့
Airdump တို့အစုံပါပြီးသားပါ။အခြား Hacking tools တို့ယိုပေါက်ရှာတဲ့ Scanner တို့ Ping Tools
တို့ Trace Tools တို့ (ဒါတွေနောက်မှရှင်းပြမယ်) အကုန်ရယ်ဒီပါပြီးသားဖြစ်ပါတယ်။
Back track Live CD ကို အွန်လိုင်းမှာ ဖရီးဆွဲလို့ရပါတယ်။ဒါကတော့ Self service ပါပဲနော်။ကိုယ့်ဘာသာ
ရှာဖွေပါခင်ဗျာ။သူက စီဒီခုတ်ပြီး Live CD သုံးချင်လဲ၇ပါတယ်။.iso ဖိုင်ကိုဒေါင်းလုပ်ဆွဲပေါ့နော်။ဒါမှမဟုတ်လဲ
VM Ware လေးသုံးပြီးကျနော်တို့ကွန်ပြုတာထဲမှာအတုယောင်တင်ကာစမ်းနိုင်ပါတယ်။Super နာမည်ကြီး
Hacking tools တော်တော်များများ Windows မှာအလုပ်မလုပ်ပါဖူး။ဒီတော့ Back Trackမှာ စမ်းစမ်း၊
Ubuntu မှာသွားစမ်းစမ်း မိမိကွန်ပြုတာတစ်လုံးနဲ့တင် အများကြီးတင်စမ်းနိုင်ပါပြီခင်ဗျာ။back track
တို့ Linux တို့ Windows တို့မှာသုံးတဲ့ Command တွေကသိပ်တော့မကွာလှပါဖူး။သိချင်ရင်တော့ဆက်
လေ့လာကြပါခင်ဗျာ။ကျနော်ကသေချာထိထိရောက်ရောက်မပြောဖူးဆိုတာကတော့ခင်ဗျားတို့ကိုယ်တိုင်
လိုက်လုပ်စေချင်လို့ပါ။မခက်ခဲပါဖူး။မသိတာရှိရင်တော့မေးပါခင်ဗျာ။အားလုံးကိုခင်လို့မင်လို့ရောမြန်မာကွန်
နရှင်အကြောင်းကောင်းကောင်းသိလို့ရော မဒေါင်းချင်သူများကိုတော့လက်တို့လိုက်ပါရစေ။
37 လမ်းနဲ့ 38လမ်းကြားမှာ Excellent CD ဆိုင်ရှိတယ်။အဲမှာကျနော်ပြောတဲ့ဆော့ဝဲလ်အားလုံးရပါဒယ်။
ဝယ်ပြီးမျှဝေသုံးစွဲကြ၊၀ါသနာတူတွေချင်းချင်း အခက်ခဲတွေဝိုင်းဝန်းဖြေရှင်းပေးကြဖို့တိုက်တွန်းပါရစေခင်ဗျာ။
ကျနော် စက်မှာ back track 5 ကို VM Ware နဲ့တင်ထားတဲ့ပုံကိုပြလိုက်ပါတယ်။ရိုးရိုးရှင်းရှင်းလေးပါပဲခင်ဗျ။
Footprinting ဆိုတာဘာလဲ
ကဲကျနော်တို့ အခု Footprinting လေးတွေစစမ်းကြည့်ရအောင်။ဒီအခန်းဟာဟက်ကာတွေရောဆကျူရတီသ
မားတွေရောအတွက်အခြေခံအကျဆုံးနဲ့အရေးကြီးဆုံးအခန်းကဏ္ဍဖြစ်ပါတယ်။
Footprinting ဆိုတာကတော့ ကျနော်တို့စမ်းမယ့်(ဖေါက်ကြည့်ရမယ့်) Network or Websiteရဲ့ အချက်လက်
ဒေတာများကိုရရင်ရသလောက်စုဆောင်းရတာ Scan ဖတ်ကြည့်ရတဲ့အပိုင်းဖြစ်ပါတယ်။
ဥပမာဆိုကျပါတော့ www.wytumyanmar.com  ဆိုပါတော့ ဒီဆိုက်က IP နံပါတ်ဘယ်လောက်၊ဘယ်ဆာဗာ
မှာထိုင်ထားတယ်၊ဘာနဲ့ရေးထားတယ်၊ registerလုပ်ထားတဲ့သူ၊ပိုင်ရှင်ပေါ့နော် အဲဒါတွေကိုသိအောင်ရှာဖွေ
စုဆောင်းရပါတယ်။
ပထမဆုံးကျနော်တို့ security test လုပ်မယ့်ဝက်ဘ်ဆိုက်က အွန်လိုင်းမှာရှိနေလား၊အခြားနိုင်ငံတွေက
ဖွင့်ကြည့်ရင်ရောရသလားဆိုတာစမ်းပါမယ်။ www.just-ping.com ကိုဖွင့်ပါ။
အဲဒီမှာသူကကမ္ဘာတ၀ှမ်းကနိုင်ငံပေါင်း ၅၀ကနေအဲဒီဆိုက်ကိုဖွင့်ကြည့်ပါတယ်။okayတွေဖြစ်နေရင်မိမိ
စမ်းသပ်မယ့်ဆိုက်ဟာအခုလည်ပါတ်နေပါတယ်။
ပြီးတော့ကျနော် တို့  www.whois.domaintools.com ကိုဖွင့်ပြီးကျနော်တို့စမ်းမည့်ဝက်ဆိုက်ရဲ့နာမည်ကိုထဲ့
ရှာကြည့်ပါ။အဲဒီဆိုက်ရဲ့ ဒိုမိန်း ဘယ်တုန်းက၀ယ်တယ်၊ဘယ်နေ့ကုန်မယ်၊ DNS တွေကဘယ်လောက်
အီးမေးလ်တွေ၊လိပ်စာတွေ၊နာမည်တွေတွေ့ ရမှာပါ။တချို့ဆိုကြွားချင်တာကြောင့်နာမည်တွေတန်းသိ
အင်ဖေါ်မေးရှင်းတွေတန်းသိအောင်ပြထားကြသေး :P……… အဲဒီ Whois ဆိုက်အပြင်
www.network-tools.com ကနေလဲမိမိ target site ကိုဖွင့်ကြည့်ပါဦး၊အဲဒီမှာလဲ အချက်လက်တွေစုံတယ်
ကျနော်တို့ Scan ဖတ်လို့ရလာတဲ့ DNS နံပါတ်တွေကို www.dnsstuff.com ကနေလဲဝင်ကြည့်ပါဦးအဲဒီ
မှာ Domain Name Server ရဲ့အချက်လက်ကောင်းတွေသေချာသိ၇ပါဦးမယ်။ပြီးတော့
www.yougetsignal.com ကိုဝင်ပါ..အဲဆိုက်ကလဲတော်တော်လေးကိုအဆင်ပြေတယ်။ကျနော်တို့စမ်းမယ့်
ဝက်ဘ်ဆိုက်ကိုစမ်းပါဦး…ကျနော်တို့စမ်းတာမှန်သမျှကို Note pad လေးမှာဖြစ်ဖြစ် မိမိမှတ်ချင်တဲ့နေရာမှာဖြစ်
ဖြစ်မှတ်ထားပါ။အရေးကြီးလို့ပြောတာပါ။ကျနော်တို့မျက်စေ့နဲ့တစ်ခေါက်လောက်ကြည့်ရုံနဲ့မမှတ်မိနိုင်ပါဖူး။
ပြီးတော့ကျနော်ပြောတဲ့ဝက်ဆိုက်တွေကိုအချိန်ပေးပြီးကြည့်ပါ။သေချာကို Scan Data တွေကိုလေ့လာနေပါ။
 Who  is ဆိုတာဘာတုန်း
ဒီမှာကျနော်ပြန်ရှင်းပြပါမယ်…Who is Site ဆိုတာက Domain name နဲ့ပါတ်သတ်တဲ့အချက်လက်တွေကို
တရားဝင်ရှာဖွေခွင့်ပေးထားတဲ့ဝက်ဆိုက်ဆာဗာဖြစ်ပါတယ်။ကျနော်တို့အခုလုပ်နေတဲ့ Scanning လောက်က
တော့တရားဝင်သေးလို့သိပ်တော့ပြသနာမရှိပါခင်ဗျာ။နောက်ပိုင်းစမ်းသပ်မယ့်အချက်လက်တွေကတော့
ဥပဒေကြောင်းရညိနိုင်ပါတယ်။ဒီတော့ ကိုဆကျူရတီ စမ်းသပ်မယ့်ဆိုက်အက်မင်ကိုအကြောင်းကြားဖို့လိုလာပါ
မယ်။မကြားပဲလုပ်တာမကောင်းပါခင်ဗျာ။အားမပေးပါ။ဒီမြန်မာမှာ Cyber Laws ခေတ်မစားပေမယ့် ကိုယ်
လျောက်မယ့်လမ်းကအဖြူရောင်ဆိုတော့မညစ်နွမ်းဖို့ လိုသဗျာ။
ကဲကဲ Scanning လေးဆက်ကြစို့ ….
ကျနော် www.centralops.net ကိုထပ်သွားလိုက်ပါတယ်။wytumyanmar ကိုဆက်လက်စစ်ဆေးပါမယ်
အောက်မှာပြထားတာတော့ကျနော် Central Ops ကနေရတဲ့ result တွေပါ။
Domain Whois record
Queried whois.internic.net with "dom wytumyanmar.com"...
   Domain Name: WYTUMYANMAR.COM
   Registrar: GODADDY.COM, INC.
   Whois Server: whois.godaddy.com
   Referral URL: http://registrar.godaddy.com
   Name Server: NS73.DOMAINCONTROL.COM
   Name Server: NS74.DOMAINCONTROL.COM
   Status: ok
   Updated Date: 17-nov-2011
   Creation Date: 03-may-2010
   Expiration Date: 03-may-2012
>>> Last update of whois database: Fri, 18 Nov 2011 13:36:38 UTC /p>
Queried whois.godaddy.com with "wytumyanmar.com"...
Registrant:
   wytumyanmar
   yangon
   yangon,  11241
   Myanmar
   Registered through: GoDaddy.com, Inc. (http://www.godaddy.com)
   Domain Name: WYTUMYANMAR.COM
      Created on: 03-May-10
      Expires on: 03-May-12
      Last Updated on: 17-Nov-11
   Administrative Contact:
      wytumyanmar, wytumyanmar  admin@worldwidemyanmar.com
      wytumyanmar
      yangon
      yangon,  11241
      Myanmar
      +95.1111111      Fax --
   Technical Contact:
      wytumyanmar, wytumyanmar  admin@worldwidemyanmar.com
      wytumyanmar
      yangon
      yangon,  11241
      Myanmar
      +95.1111111      Fax --
   Domain servers in listed order:
      NS73.DOMAINCONTROL.COM
      NS74.DOMAINCONTROL.COM
Network Whois record
Don't have an IP address for which to get a record
DNS records
name
class
type
data
time to live
wytumyanmar.com
IN
SOA
server:
ns73.domaincontrol.com
email:
dns.jomax.net
serial:
2011111702
refresh:
28800
retry:
7200
expire:
604800
minimum ttl:
3600
3600s
(01:00:00)
wytumyanmar.com
IN
NS
ns73.domaincontrol.com
3600s
(01:00:00)
wytumyanmar.com
IN
NS
ns74.domaincontrol.com
3600s
(01:00:00)
Traceroute
Don't have a destination IP address
 ..............................................................................................................................................................
မှတ်ထားပါ။ဆိုင်မှာသုံးတဲ့သူလဲသေချာမှတ်ပါ။အိမ်မှာသုံးတဲ့သူကလဲကျနော်ပြောတဲ့ဆိုက်တွေကို
Bookmarks ထား ပါခင်ဗျာ။နောက်ထပ်ကျနော် www.netcraft.com ကိုသွားလိုက်ပါတယ်။
အဲမှာ wytumyanmar.ning.com ကိုထည့်ပြီးစမ်းလိုက်ပါတယ်။အဲဒီမှာWYTU  site ၇ဲ့
ဆာဗာအင်ဖေါ်မေးရှင်းတွေကိုတွေ့ ရပါတယ်။
http://www.wytumyanmar.ning.com was running Jetty on F5 BIG-IP when last queried at 18-Nov-2011 13:41:53 GMT လို့ ပြနေပါတယ် Jetty/5.1.15 (Linux/2.6.35-28-server i386 java/1.6.0_27ဆာဗာ
ပေါ်မှာထိုင်ထားတယ်လို့ပြနေပါတယ်။တွေ့ ပြီမလားအဲမှာ Linux Server ….ဒါကြောင့်ပြောတာပေါ့
ကျနော်တို့ Linux အကြောင်းလေ့လာရတော့မယ်လို့ …
အဲဒီ www.netcraft.com ကိုသေချာနှံ့ နှံ့ စပ်စပ်လေ့လာပါ။အရမ်းအရေးကြီးပါတယ်ခင်ဗျာ။ပြီးတော့
www.yougetsignal.com လေးနဲ့တွဲသုံးဖို့ လဲညွှန်းပါတယ်။ပုံမှာ Netcraft ကနေရတဲ့ဒေတာပါ။
WYTU MYANMAR ကိုစမ်းသပ်ပြီးတဲ့အခါ server information တွေကိုရရှိလာပါတယ်။ပြီးတော့ Netblock
Owner မှာ Ning,Inc ဆိုပြီးတွေ့ ရပါတယ်။WYTU ဟာNing ကနေ ယူထားတဲ့ဆိုက်အမျိုးစားမို့ Ning လို့ပြနေတာပါပဲ။ဒီတော့ Ning ,Inc ကိုကျနော်တို့  ထပ်Click ကြည့်ရအောင်……
အဲဒီမှာ ကျနော်တို့  Ning ရဲ့အခြေစိုက်မြို့တို့နေရာတို့၊ဆာဗာအင်ဖေါ်မေးရှင်းလေးတချို့ ထပ်ရပါတယ်။
Ning, Inc. 285 Hamilton Ave, 4th Floor Palo Alto CA US 94301 ဆိုပြီးပြနေတာတွေ့မှာပါ။ဒါNing ရဲ့
ရုံးချုပ်တည်နေရာပေါ့။ကျနော်တို့ဟာဆိုက်တစ်ခုကိုစမ်းတော့မယ်ဆိုရင်အဲလိုမျိုးဘက်ပေါင်းစုံကနေရှာဖွေ
စုဆောင်းကြရပါတယ်။လိုအပ်ရင်တည်နေရာတိတိကျကျသိချင်ရင် Google Earth မှာအဲတည်နေရာကိုရှာ
ဖွေလို့ရပါသေးတယ်။Google မှာရှာလို့တွေ့ တဲ့လုပ်ငန်းကြီးဝက်ဘ်ဆိုက်တွေဟာဆိုရင် ဖုန်းနံပါတ်တို့
အီးမေလ်တို့ Fax တို့တင်ထားကြပါတယ်။အဲကနေတဆင့်ဖေါက်လို့ရအောင်နောက်ပိုင်းမှာ လေ့လာနိုင်
ပါတယ်။ဒါကတော့ Black Hat လုပ်ငန်းစဉ်များဖြစ်လို့ လုံးဝမရေးသားပါခင်ဗျာ။ဒီဟက်ကင်းလောကမှာ
Black နဲ့ White နဲ့ ကတူတူပါပဲ..ခံယူချက်ပဲကွာသွားတာပါ။ဒီတော့ ကျနော်အန္တရာယ်ရှိမယ်ထင်တာတွေကို
ချန်ခဲ့ပါမယ်။နောက်ပိုင်းသင်ခန်းစာတွေကလဲ Penerationပိုင်းကိုရောက်လာလို့ Network Admin ကိုအ
ကြောင်းကြားဖို့မေ့နေပါက Proxy မဖြစ်မနေသုံးကြပါ။သူတစ်ပါးဆိုက်ကိုရမ်းသမ်းမကလိကြပါနဲ့။
ဖျက်လိုဖျက်ဆီးစိတ်မထားကြပါနဲ့။
Some Links  Credit: Khit100,MZ forum
ယင်ကောင်များနှင့် တစ်မိနစ်တာ
ယင်ကောင်များနှင့် တစ်မိနစ်တာ
ယင်ကောင်ဆိုတဲ့ အသံကြားလိုက်တာနဲ့ ကျွန်မတို့ကို အနည်းနဲ့အများ စိတ်ညစ်ညူးစေတဲ့ အကောင်ဆိုတာ ငြင်းဆန်လို့ရမယ်မထင်ပါဘူး။ ယင်ကောင်အကြောင်းပြောတဲ့အခါမှာ လူသွေးစုပ်တဲ့ ယင်ကောင်နဲ့ လူသွေးမစုပ်တဲ့ယင်ကောင်ဆိုပြီး ခွဲခြားပြောလို့ရပါတယ်။ ဒီဆောင်းပါးမှာ တော့ သွေးစုပ်တတ်တဲ့ ယင်ကောင်အကြောင်းကို အသားပေး ပြောပြချင်ပါတယ်။ ကျွန်မပထမဆုံး ပြောပြချင်တဲ့ယင်ကောင်က တော့ အာဖရိက တိုက်အချို့သော နေရာတွေမှာ African Tryptosomiasis ဒါမှမဟုတ် sleeping sickness လို့ခေါ်တဲ့ ရောဂါကိုသယ်ဆောင်နိုင်တဲ့ Tsetse fly လို့ ခေါ်တဲ့ ယင်ကောင်တစ်မျိုး အကြောင်းပဲဖြစ်ပါတယ်။
ရောဂါပိုးသယ်ဆောင်ထားတဲ့ Tsetse fly အကိုက်ခံ ရတဲ့ သူတွေထဲကမှ နှစ်စဉ် လူပေါင်း ၂၅၀ ၀၀၀မှ ၃၀၀ ၀၀၀ အတွင်းအသက်ဆုံးရှုံးရတာမို့ ခရီးသွားဝါသနာထုံသူများ အနေနဲ့သိထားသင့်တဲ့ ယင်ကောင် တစ်မျိုးလည်းဖြစ်ပါတယ်။
ကြောက်စရာ ကောင်းလှတဲ့ရောဂါကို သယ်ဆောင်နိုင်တဲ့ ယင်ကောင်တစ်မျိုးမို့ tsetse fly ဟာ သုတေသနပြုတဲ့သူတွေကြားမှာ ထင်ရှားခဲ့တဲ့ ယင်ကောင်တမျိုးလည်းဖြစ်ပါတယ်။ နှစ်စဉ် ပျမ်းမျှအားဖြင့် လေးကြိမ်ခန့်မျိုးပွားနိုင်တဲ့ အဲဒီယင်ကောင်ဟာ သူ့သက်တမ်းတလျှောက်မှာ ၃၁ ကြိမ်ခန့်မျိုးပွားနိုင်မှာဖြစ်ပါတယ်။ Tsetse fly ဟာ မျိုးစိတ်ပေါင်းများစွာရှိပြီး ယင်ကောင်တို့ရဲ့ထုံးစံအတိုင်း အရည်ဒါမှမဟုတ် သွေးစုပ်ယူဖို့ နှုတ်သီး(propbosis) ကလေးပါမှာဖြစ်ပါတယ်။ အဲဒီနှုတ်သီးကလည်း ဖြောင့်တန်းနေမှာဖြစ်ပါတယ်။ အင်တီနာ မှာ အဆစ်သုံးဆစ်ပါမှာဖြစ်ပြီး နောက်ဆုံး အဆစ်ရဲ့အပေါ်မျက်နှာပြင်မှာတော့ အမွေးတစ်ချို့ကိုတွေ့ရမှာဖြစ်ပါတယ်။
သူ့ရဲ့အတောင်ပံတွေကတော့ အသားခုတ်ဓါးပုံစံဖြစ်နေတာကို တွေ့နိုင်ပါတယ်။ Tsetses ဟာ အကြမ်းအားဖြင့် အိမ်တွေမှာ တွေ့ရတတ်တဲ့ ယင်ကောင်များနဲ့ ဆင်တူပေမယ့်လည်း သူရဲ့ထူးခြားတဲ့ သွင်ပြင်အမူအရာတွေကြောင့် အခြား ယင်ကောင်တွေနဲ့ခွဲခြား မှတ်သားနိုင်မှာဖြစ်ပါတယ်။ Tsetse fly ဟာ နားနေတဲ့အခါ မှာ တောင်ပံတခုနဲ့တစ်ခု ကို တစ်ထပ်တည်းကျအောင် ထပ်ပြီးနားတတ်တာမို့ သူ့ရဲ့ကိုယ်ပေါ်မှာ တောင်ပံနှစ်ခုစလုံး တစ်ထပ်တည်း ရှိနေတာကို တွေ့ရပါမယ်။ ပုံမှာပြထားတဲ့အတိုင်း Tsetse fly ရဲ့ပုံပန်းသဏ္ဍာန်ကို လေ့လာပြီး စာဖတ်သူတို့ ခရီးသွားတဲ့အခါ ရှောင်နိုင်မှာဖြစ်ပါတယ်။
အထီးရော အမပါ သွေး စုပ် တတ်ကြပြီး နေ့ပိုင်းမှာ သွေးစုပ်တတ်တဲ့အကျင့်ရှိကြပါတယ်။ Tsetse fly ကျက်စားတတ်တဲ့နေရာ ကတော့ အာဖရိက တိုက်အချို့သော နေရာတွေဖြစ်ပြီး ပုံမှာပြထားတဲ့အတိုင်း တွေ့နိုင်ပါတယ်။
Tsetse fly ဟာ အာဖရိကတိုက်ရဲ့ နေရာ ဒေသတော်တော်များများမှာ ပြန့်နှံ့နေပြီး အပြီးတိုင်ဖယ်ရှားဖို့ရာခက်ခဲနေသေးတာမို့ Tsetse fly ရှိတဲ့နေရာတိုင်းမှာ African Tryptosomiasis မဖြစ်နိုင်ပေမယ့် အဲဒီနေရာတွေကို သွားတဲ့အခါ လုံခြုံစိတ်ချရတဲ့ အ၀တ် အစားဝတ်ဆင်ခြင်းဟာ အကောင်းဆုံး ကာကွယ်နိုင်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။
ဒီရောဂါအကြောင်း အသေးစိတ်ရေးထားတာကိုတော့ ဒီပို့စ်မှာ ဖတ်ရှုနိုင်ပါတယ်ရှင်...။
မွန်းသက်ပန် (ဆေး ‐ ၁)
လောကအလှအွန်လိုင်း မဂ္ဂဇင်း
၂၀၁၀ ဧပြီလ ၃ ရက်
Ethical hacking သမာဓိဟက်ကာနည်းပညာ(အပိုင်း၂)
ယခုပိုစ့်ကို WYTU မှ အပိုင်းအလိုက်ကူးယူတင်ပြခြင်းဖြစ်ပါသည်...
တကယ်တမ်းကျတော့ WYTU မန်ဘာတွေက Ethical ဟက်ကင်းကိုသိပ်စိတ်မ၀င်စားကြဖူးလားမသိဖူး။
Black Hat ပဲဖြစ်ချင်နေကြတာဆိုတော့က သိပ်ပြီးအားနဲနေပါသေးတယ်။ကျနော် သမာဓိဟက်ကင်းအပိုင်း
၁ ကိုဒီလင့်မှာ ရေးပြီးပါပြီ။မဖတ်၇သေးရင်ဖတ်ပါ။မိမိသိထားတာရှိရင်ဝင်ဆွေးနွေးပါ။ဒီနောက်ပိုင်းလာမယ့်အခန်း
တွေက မိမိတို့ခံယူချက်ပေါ်မူတည်ပြီး White တို့ Gray တို့ Black တို့ဖြစ်သွားတာပါ။Ethical Hacker
ဆိုတာကျနော်ပြောခဲ့သလို security(လုံခြုံရေး)အတွက်အမှုထမ်းရသူများပါခင်ဗျာ။ယိုပေါက်တွေရှာမယ်..။
ပြီးရင်ပြင်ဆင်မယ်ပေါ့။ဒီလိုမဟုတ်ပဲ ယိုပေါက်တွေရှာမယ်။ဖျက်ဆီးမယ်ဆိုရင်..ကျနော်တင်ထားတာတွေဟာ
အဆိပ်အတောက်စာပေဖြစ်ပြီပေါ့။မိမိကိုယ်မိမိကောင်းအောင်အရင်ကြိုးစားကြပါလို့တိုက်တွန်းလိုက်ပါရစေခင်
ဗျာ။
ဥပဒေအရပ်ရပ်သုံးသပ်ဖို့လို
ကျနော်တို့တွေဟာလူလောကမှာဗ၇မ်းပတာနေလို့မရပါဖူး။စည်းကမ်းတွေဥပဒေတွေဆိုတာရှိပါတယ်။ဒီတော့
ကျနော်တို့ဟာမိမိတို့နေထိုင်ရာနိုင်ငံရဲ့ဥပဒေများ၊နိုင်ငံအားလုံးကိုသက်ရောက်စေတဲ့နိုင်ငံတကာဥပဒေများကို
ဗဟုသုတရှိထားဖို့လိုအပ်ပါတယ်။အလွတ်ရနေရင်ပိုကောင်းတာပေါ့ဗျာ။ဟက်ကာတွေသတင်းကိုခင်ဗျားတို့
လဲကြားမှာပေါ့..။တစ်ခုခုကိုဖေါက်တယ်။မိတာပါပဲ။ခုမမိနောင်မိမှာပါပဲ။ဒီနိုင်ငံမှာတော့အဲလိုဖမ်းလိုက်တယ်လို့
မကြားဖူးသေးဖူးဗျနော်…ဘာကြောင့်လဲတော့မသိဖူး။ဘာပဲဖြစ်ဖြစ်ကျနော်တို့ဟာ Cyber Law ကိုသိကိုသိထား
ရပါမယ်။ဂျီတော့မှာဆဲတာ၊ဖေ့ဘွတ်မှာဆဲတာ ၊ဒါလဲဆိုက်ဘာဥပဒေကိုချိုးဖေါက်တာပါ။ဆိုက်ဘာဥပဒေဟာ
နိုင်ငံအားလုံးကိုသက်ရောက်ပါတယ်။ဘာလို့လဲဆိုတော့ကျနော်တို့က မြန်မာဗျာ….အမေရိကန်က ၀က်ဘ်ကို
ဖေါက်တယ်ဆိုပါတော့ မြန်မာ့ဥပဒေရော..အမေရိကန်ဥပဒေနဲ့ပါညိသွားပါမယ်။အွန်လိုင်းပြစ်မှုကလဲနှစ်ကြီးပါ
တယ်။ထောင်ကထွက်လာလို့အလုပ်တန်းရတယ်ပြောချင်ပြော..ထောင်ထဲမှာနေနိုင်ကြလို့လား။အခုဟက်နေ
တဲ့ BHG တို့ ဘာဘာညာညာ တို့ဟာလဲဥပဒေချိုးဖေါက်နေသူများဖြစ်ပါတယ်။အားမကျပါနဲ့။သူတို့ဟက်တာ
မည်သူ့ကိုမှကောင်းကျိုးတစ်စုံတရာမပေးပါဖူး။မြန်မာမှာမို့လို့ပါ။သူတို့ပြည်ပမှာရပ်တည်လို့မရဖူး။မယုံရင်သူတို့
အိုင်ပီအစစ်နဲ့ဟက်ခိုင်းကြည့်လိုက်ပါ။ကွိခနဲနေသွားပါမယ်။ဒီတော့ဆိုက်တစ်ခုကိုဟက်မယ်၊
ယိုပေါက်ရှာတော့မယ်ဆိုရင်ဖြင့်
၁။ဆိုက်အက်မင်များ၊ပိုင်ရှင်များကိုအကြောင်းကြားအသိပေးပါ။
၂။သူတို့ခွင့်ပြုချက်သက်သေစာသား၊လက်မှတ်၊အထောက်အထားအားလုံးကိုစုစည်းထားပါ။
၃။Cyber law ဘောင်အတွင်းမှလှုပ်ရှားပါ
၎။ISP  ပေါ့ဥပမာ မြန်မာတယ်လီပို့စ်ပေါ့..အဲဒါတွေကိုအကြောင်းကြားစာပို့ပါ။ခွင့်တောင်းပါ။
၅။မိမိလုပ်သမျှဟာအကောင်းဘက်ကိုဦးတည်ဖို့မိမိနှလုံးသားမှာဆန္ဒပြုပါ။
ဒါတွေကိုလုပ်ဖြစ်အောင်လုပ်ပါ။ဒါမှ Ethical hacker စစ်စစ်ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကိုယ်က
ပေါက်ပါစေတော့ဆိုပြီးရည်ရွယ်ချက်ရှိရှိဖေါက်တော့မှာကိုး။အဲ..ချွင်းချက်အနေနဲ့လမ်းကြုံလို့ကလိမိတာ
မေ့တာကတော့မသိဖူးပေါ့…မြန်မာမှာတော့သိပ်အရေးမယူသေးဖူးထင်တယ်။ဟီး။
ဘာပဲဖြစ်ဖြစ်ရမ်းသမ်းကလိချင်ရင်တော့  မိမိကိုမသိနိုင်အောင် ပရောက်ဇီသုံးပါခင်ဗျာ။ပရောက်ဇီမသိနိုင်တဲ့
(Proxy ) ဖျောက်ပေးထားတဲ့ ဘာဘာညာညာဆော့ဝဲများ၊နံပါတ်များကိုသုံးပါခင်ဗျာ။
ဘာသုံးရမလဲဆိုတော့ လုံးဝတကယ်မသိခဲ့ရင် သိသူများကိုမေးပါ။သို့မဟုတ်
Search in Google ပါခင်ဗျာ….။
P.S = Your freedom,Hide My IP,Multiproxy,Many proxy sites :D
ပြီးတော့ကျနော်တို့ဟာအင်တာနက်ဆိုင်ကနေသုံးမှာလားအိမ်ကနေသုံးမှာလားပေါ့…။
ဘာပဲဖြစ်ဖြစ် ကျနော်ပြောတဲ့ဆော့ဝဲလေးတွေကိုဆောင်ထားမှကိုဖြစ်မှာပါ။သွားလေရာယူသွားတော့
ဘယ်နေရာမှာဘာပဲလုပ်လုပ်လေနော်…။
ဆောင်ထား၊သိထားရမည့်ဆော့ဝဲအကြီးစားများကတော့
1. VM Ware (work station)
2.Back Track Live CD
3.Window 7,Xp
4.Linux Platform (e.g Ubuntu)
ဒါတွေတစ်ခုမှမသိလဲစိတ်မပျက်ပါနဲ့ကျနော်သေချာရှင်းပြပေးမှာပါ။တကယ်တမ်း Ethical Hacking Courseမှာ
ဒါတွေကိုလုံးဝရှင်းပြမထားပါဖူး။စတင်လေ့လာသူများအခက်ခဲတွေရှိမယ်ဆိုတာသိပါတယ်။ကြိုးစားပြီးတော့ဖတ်
ပေးကြပါ။ကျနော်တင်တဲ့စာတွေကိုနားမလည်ရင် Discussionမှာမေးပါခင်ဗျ။သိတဲ့သူတွေကတော့မဖတ်တော့နဲ့
ပေါ့။ဒီဆော့ဝဲတွေအခုရှိရမယ်လို့ပြောတာမဟုတ်ပါဖူးခင်ဗျ။ဖြေးဖြေးပေါ့။မရှိရင်လဲ မဒေါင်းနဲ့ ကျနော်ပေးမယ်။
သို့မဟုတ် ၀ယ်…..။ (ချွင်းချက်အနေနဲ့ WYTU Share camp ထပ်လုပ်ဖြစ်ရင်ပေးဖရီးပေးမယ်)
VM ware ဆိုတာကတော့ Virtual machine ပေါ့နော်….အစစ်မဟုတ်ဖူးအတုအယောင်စက်လို့ခေါ်နိုင်တယ်။
သူက စက်တစ်လုံးထဲမှာနောက်စက်အလုံးပေါင်းများစွာရှိသယောင်ဖန်တီးပစ်နိုင်တယ်။ဥပမာ ကျနော်တို့က
ကျနော့်စက်မှာပေါ့ဗျာ Windows 7 တင်ထားတယ်။ကျနော်ကဟိုးအရင်တုန်းကဆော့ဝဲဗားရှင်းအဟောင်းတစ်ခု
သုံးမယ်ဆိုပါတော့ Windows 7 နဲ့ကိုက်ညီမှုမရှိတဲ့အတွက်သုံးမရဖူးဖြစ်နေမယ်။အဲဒီအခါကျနော်က VM ware
လေးကို Install လုပ်လိုက်မယ် အဲ VM ware ထဲမှာ Window xp ကိုတင်လိုက်မယ်။ဒါဆိုကျနော်တို့ကစက်
တစ်လုံးထဲနဲ့ Windows 7 ရော Xp ရောသုံးလို့ရသွားပါမယ်။ဒါမှမဟုတ်နောက်ထပ် Linux တို့ Windows 8 တို့
ကိုမိမိစက်ခံနိုင်သလောက်တင်နိုင်ပါသေးတယ်ခင်ဗျာ။ပျော်စရာကြီးနော်…။ကျနော်လဲ WYTU ပစ်တိုင်းထောင်
ကVM ware ခွေတွန့်တိုနေလို့ ဘယ်ရမလဲဒေါင်းလုပ်ဆွဲပလိုက်တယ်။ဟဲဟဲ။VM ware ကိုမိမိဥာဏ်ရှိသလိုသုံး
နိုင်ပါတယ်။သူက CPU အတု၊မန်မိုရီအတု၊ဟက်ဒစ်အတုဘာဘာညာညာပေါ့နော် အတုလုပ်ပါတယ်။
Install လုပ်ရတာလဲခက်ခဲမှုမရှိပါဖူး။အခြားဆော့ဝဲတွေလိုပဲ လွယ်ကူပါတယ်။ပုံနှင့်တကွမပြနိုင်တာခွင့်လွှတ်
ကြပါခင်ဗျ။VM ware ကိုအခြားဝင်းဒိုးတစ်ခုဘယ်လိုတင်မလဲဆိုတာကတော့ How to use VM ware ဆိုပြီးရှာ
ဖတ်ပေးကြပါခင်ဗျ။ဒီလောက်လေးတော့အားစိုက်လိုက်ပါနော်။လွယ်ပါတယ်။မရရင်တော့မေးပါ။
P.s =software ကိုမိမိဘာသာရှာဒေါင်းပါရန်
VM ware တို့ Virtual PC တို့ Sunbox Virtual PC တို့သည်အလားတူဆော့ဝဲများဖြစ်သည်။
Linux ……..Ubuntu………ဆိုတာဘာတွေတုန်း
ဒါတွေကတော့သိပြီးရင်လဲသိပြီးမှာပါ..ကျနော်တို့မြန်မာမှာလဲဒါတွေတချို့သုံးနေကြပါပြီ။မသိသေးရင်တော့
ရှင်းပြပ့ါမယ်။Linux ဆိုတာ ကျနော်တို့ဝင်းဒိုး (windows )လိုပဲကွန်ပြူတာအတွက်စနစ်တစ်ခုပါ။သူက
Open Source ပါ ၀င်းဒိုးကရောင်းစားပါတယ်။ Linux ကဖရီးပေးပါတယ်။(မြန်မာနိုင်ငံမှာမို့လို့ဝင်းဒိုးအခွေ
က ၅၀၀-၁၀၀၀ကျပ်နဲ့၇တာ..တကယ်တမ်းဒေါ်လာ၆၀ အနိမ့်ဆုံးမှသည် ကျနော်သုံးနေကြတဲ့
Windows 7 ဆိုရင် 100 ဒေါ်လာကျော်ကျော်ကိုပေးရပါတယ်။ပြီးတော့ဗိုင်း၇ပ်မပေါဖူး၊အန်တီဘိုင်းရပ်တို့
ဘာတို့တင်စရာကိုမလိုတာအေးဆေး။ပြီးတော့ ကျနော်တို့ဝင်းဒိုးတင်ရင်အခြားဖိုတိုရှော့သုံးချင်ရင်ဖိုတိုရှော့
တင်ရမယ်။စာစီစာရိုက်ဖို့ Word 2007 တို့ဘာတို့တင်ရမယ်။မောက်ဇီလာတို့။ဂျီတော့တို့တင်ရမယ်ပေါ့နော်။
ဒါတွေကလဲဒီမှာအလကားနီးပါးရလို့နော် ဖိုတိုရှော့ခွေလိုင်စင်ဆို ၅၀ ဒေါ်လာကျော်တယ်။တေတွားမယ်။
ပရိုဂရမ်တွေရေးဖို့လဲ Linux မှာအဆင်သင့်အထောက်ပံ့ တွေပါပြီးသား၊ဖိုတိုရှော့လိုမျိုး၊Word လိုမျိုး
Open Office တို့ Gtalk တို့ကိုအစထဲကတင်စရာမလိုအောင်ပါပါတယ်။ပြီးတော့ Driver သိပ်မရွေးဖူး။
စက်နိမ့်နေလဲတင်လို့ရပါတယ်။ဘာလို့သုံးသင်လဲဆိုတော့ အခုလက်ရှိကမ္ဘာပေါ်ကဆာဗာအများစုဟာ
Linux,Unix ဆာဗာတွေပါ။အဲတော့သိထားမှအဆင်ပြေမှာဖြစ်ပါတယ်။ဆာဗာသန်းထောင်ချီရှိပါတယ်။
ပြီးတော့ ဆရာ့ဆရာဟက်ကာကြီးတွေရေးထားခဲ့တဲ့ Hack & security tools အများစုဟာ ၀င်းဒိုးမှာ
အလုပ်မလုပ်ပါဖူး၊Linux မှာပဲအလုပ်လုပ်တာပါ။ဟက်ကင်း Tools တွေကိုအဆင်သင့်စမ်းသပ်ချင်ရင်တော့
မိမိစက်မှာ Linux Platform တစ်ခုခုကိုတင်ထားမှကို၇မှာပါ။အဲတော့မိမိအရင်တင်ထားပြီးတဲ့ Windows
လေးအနှောက်အယှက်မဖြစ်၇အောင်။VM Ware လေးထဲမှာ Linux လေးတင်လိုက်ပေါ့ဗျာ။နေရာမကုန်ပါဖူး
အချိန်မကုန်ပါဖူး။
Linux Platform ကအများကြီးထွက်ပါတယ်။ကျနော်တို့ကအဲဒါကြီးကိုဘယ်လိုရှာရမလဲဆိုရင် ၀င်းဒိုးနဲ့ဆင်တဲ့
Ubuntu ကိုသုံးသင့်ပါတယ်။ဆင်တင်တင်ဆိုတော့လွယ်ပါတယ်လေ။ဒေါင်းလုပ်ချချင်ရင်
www.ubuntu.com  မှာဒေါင်းပါ။Vm ware ထဲတင်မှာဆိုရင်ဖြင့် .iso စီဒီဖိုင်လေးရအောင်ဒေါင်းပါ
(.iso file သည် Live CD လုပ်လို့ရသည်)
မခက်ခဲပါဖူး။ဟက်ကာလုပ်မယ်ဆိုမှတော့ဒေါင်းလုပ်တော့ရှာဆွဲတတ်မှာပါ။
Ubuntu အကြောင်းကိုလေ့လာချင်ရင်တော့ www.ubuntuforums.org
မှာလေ့လာပါ မြန်မာဆိုက်ဆိုရင်တော့ www.u4mm.com မှာရှာပါ။
သိပ်ခက်သွားတယ်ဆိုရင်တော့မေးပါ။မသိတာကိုမေးဖို့လဲမတွန့်ပါနဲ့။တကယ်တမ်းဒီပညာရပ်ကို
တတ်သွားတဲ့သူက မည်သူကိုမှမမျှဝေပဲနေကြတာချည်းပါ။သင်သိတာကိုမျှဝေပါ။သင်မသိတာကိုအများနဲ့
ဆွေးနွေးပါ။မေးခွန်းတွေမေးပါ။အရင်ရှာပါပေါ့နော်။ကြိုးစားကြည့်ဦး၊မရရင်မေးပေါ့။
များသွားရင်စိတ်မပါတော့မှာစိုးလို့ အပိုင်း(၂) ဒီမှာရပ်လိုက်မယ်။
မူရင်းရေးသားသူ-WYTU သားလေး
သင့်တင့်သော လူနေမှုပုံစံဖြင့် အူမကြီးကင်ဆာဖြစ်ပွားနှုန်းကို ၂၃ % လျှော့ချနိုင်
သင့်တင့်သော လူနေမှုပုံစံဖြင့် အူမကြီးကင်ဆာဖြစ်ပွားနှုန်းကို ၂၃ % လေ...
ကျန်းမာရေးအတွက် သင့်တင့်လျောက်ပတ်တဲ့ နေထိုင်မှုပုံစံ(LifeStyle) နေထိုင်ခြင်းဖြင့် အူမကြီးကင်ဆာဖြစ်ပွားမှုကို ၂၃% အထိ ကာကွယ်နိုင်တယ်လို့ ဒိန်းမတ်နိုင်ငံ(Denmark) မှာ ပြုလုပ်တဲ့ သုတေသန စာတမ်းမှာ ဖော်ပြထားပါတယ်။ အဆိုပါဆောင်းပါးကို အောက်တိုဘာ ၂၆ ရက် ၂၀၁၀ ရက်စွဲနဲ့ BMJ(British Medical Journal) မှာ ဖော်ပြထားပါတယ်။
"ပြည်သူတွေဟာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ နေထိုင်မှုပုံစံနဲ့ ပတ်သက်တဲ့ လမ်းညွှန်မှုတွေကို သေသေချာချာ လိုက်နာဖို့ လိုအပ်ကြောင်း၊ မကြီးမားလှတဲ့ လုပ်ဆောင်ချက်တွေဟာ ကျန်းမာရေးရလဒ်ကောင်းတွေကို ယူဆောင်ပေးနိုင်ကြောင်း ကို လက်ရှိ ရလဒ်များက ညွှန်းဆိုနေပါတယ်" လို့ သုတေသနမှာ ပါဝင်တဲ့ သုတေသီတစ်ဦးက ဆိုပါတယ်။
သုတေသနာမှာ နေထိုင်မှုပုံစံနဲ့ ပတ်သက်တဲ့ မေးခွန်းပုံစံတွေကို အသက် ၅၀ နဲ့ ၆၄ ကြားမှာရှိတဲ့ ပြည်သူ ၅၇,၀၅၃ ကို ဖြည့်စွက်ခိုင်းပါတယ်။ ကင်ဆာမျိုးရိုးရှိသူတွေ၊ ကာလကြာရှည် အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးနေသူတွေနဲ့ ဟော်မုန်းအစားထိုးဆေးတွေ သောက်သုံးနေတဲ့ အမျိုးသမီးတွေ မပါဝင်ပါဘူး။ သုတေသနအဖွဲ့ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာ့ကင်ဆာရန်ပုံငွေအဖွဲ့များကနေ ထုတ်ပြန်ထားကြတဲ့ နေထိုင်မှုပုံစံ စံညွှန်းကိန်းများကို Denmark မှာ အသုံးပြုတဲ့ Nordic Nutrition Recommendation နဲ့ ပေါင်းစပ်ပြီး စံညွှန်းတစ်ခု ဖန်တီးလိုက်ပါတယ်။ အဆိုပါစံညွှန်းဖြင့် သုတေသနပြုလုပ်ခြင်း ဖြစ်ပါတယ်။
စံညွှန်းမှာ ပါဝင်တဲ့ အချက်တွေကတော့
  • ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်း
  • ဆေးလိပ်သောက်ခြင်း
  • ခါးအတိုင်းအတာ
  • အရက်သောက်ခြင်း
  • နေ့စဉ် အစားအသောက်ပုံစံ
တို့ပါဝင်ကြပါတယ်။
follow up ကို ၁၀ နှစ်ကြာမှ ပြန်လုပ်လိုက်တဲ့အခါမှာ ၆၇၈ ယောက်မှာ အူမကြီးကင်ဆာဖြစ်နေတာကို တွေ့ရပါတယ်။ အမျိုးသားများတွင် အဓိကဖြစ်ပွားသည်ကို တွေ့ရသည်။ ကင်ဆာ ဖြစ်ပွားသူများအားလုံး၏ ၂၃ % တို့သည် သတ်မှတ်ထားသော စံညွှန်းများကို မလိုက်နာသည်ကို တွေ့ရသည်။ "အူမကြီး ကင်ဆာဖြစ်ပွားနှုန်းသည် နေထိုင်မှုစံညွှန်းများကို လိုက်နာမှုနှင့် ပြောင်းပြန်အချိုးကျသည်။ ကျန်းမာအောင် နေထိုင်လေလေ ကင်ဆာဖြစ်ပွားမှု လျော့နည်းလေလေဖြစ်သည်" ဟု သုတေသီများက ဆိုကြသည်။
တရုတ်နယ်စပ်မှ ကချင်ပြည်နယ်ရှိ Strip Mine သတ္တုတွင်း တစ်ခုအကြောင်း
(Please find the English version of this article at the end of this Burmese version.)
တရုတ်နယ်စပ်မှ ကချင်ပြည်နယ်ရှိ Strip Mine သတ္တုတွင်း တစ်ခုအကြောင်း
မကြာသေးခင်က ဂူဂယ်အပ် (Google Earth) internet မြေပုံမှာ ၂၀၁၀ ခုနှစ်၊ မေလက ဂြိုဟ်တုမှ ရိုက်ထားသော စက်တလိုက် satellite ဓါတ်ပုံထဲမှာ စိတ်ဝင်စားဖွယ်ရာ နေရာ (site) တစ်ခုကို မြင်လိုက်ရမိသည်။ ထိုနေရာတွင် ကွန်တို (ခေါ်) လှေခါးထစ် သဖွယ် တောင်ကုန်းများကို ဖြတ်ဖေါက်ထားသော သတ္တုတွင်း (contour strip mine) ကို မြင်နေရသည်။ တောင်ကုန်း တောင်တန်း အတွင်းရှိ မြေအောက် သတ္တုကြောကို ထိအောင် အပေါ်ယံ မြေသားကို လှန်ထပ် ဖယ်ရှားကာ မြေပြင်ကို လှေခါးထစ် အဖြစ် ဖေါက်တည်ထားသည်။ တချို့နေရာများတွင် တောင်ကုန်းနံရံများကို တူးဆွ ဖေါက်ချပြီး သတ္တုတွင်းကို ဖဲ့ယူကြသည်။ ဤသို့ သတ္တုတွင်းကို ဖဲ့ခြစ် ထုတ်ပြီးသောအခါ တောင်ကြောတခုလုံးတွင် လှေခါးထစ်သဏ္ဍန် မြေပြင်မှာ ကျန်နေခဲ့သည်။ (ဓါတ်ပုံ - ၁)
ပူးတွဲပါ ဓါတ်ပုံတွင် ကားလမ်းများကို တောင်ကမ်းပါးရံ တလျှောက် လှေခါးထစ်ပုံ ဖေါက်ထားသည်ကို မြင်နိုင်သည်။ အချို့လမ်းများ၌ လော်လီကား၊ ထရပ်ကားများ တန်းစီလျက် သတ္တုတွင်းများကို တင်ဆောင် ယူသွားရန် စောင့်နေကြပုံကို မြင်နေရသည်။ ဒေသခံ ကချင်အမျိုးသားများ၏ အဆိုအရ ဤ တူးဖေါ်နေသော သတ္တုမျိုးမှာ မိုလစ်ဒီနမ် (molybdenum) ဟုဆိုပါသည်။ ဤသတ္တုများကို တရုတ်ပြည်တွင်းသို့ သယ်ဆောင် သွားကြပါသည်။ (ဓါတ်ပုံ - ၂)
Wikipedia အင်တာနက် အဘိဌာန်တွင် ဖေါ်ပြထားသည်များအရ မိုလစ်ဒီနမ်ကို ပင်မသတ္တုအဖြစ် တူးဖေါ်နေကြသည့် နေရာတွင် ကြေးနီ (copper) နှင့် သံဖြူ (tungsten) ကိုလည်း တွဲဖက် တူးဖေါ် ရရှိလေ့ရှိ၏။ သတ္တုရိုင်း မိုလစ်ဒီနမ်ကို metal သံမာများ ပြုလုပ်ရာ၌ `အရော’ (alloys) အဖြစ် ကြိုသုံးကြသည်။ မိုလစ်ဒီနမ်မှာ အထူးတလည် ပြင်းထန်သော အပူဒဏ် (heat) ကို ခံနိုင်သည်။ ထို့ကြောင့် သံချပ်ကား၊ လေယာဉ်ပျံသုံး ပစ္စည်း၊ အီလက်ထရောနစ် (electronic) ပစ္စည်းပြုလုပ်ရာတွင် စေ့ကပ် (contact) သည့်ပစ္စည်း၊ မော်တာစက် (motor) စသည်တို့တွင် သုံးကြသည်။ ၂၀၀၅ ခုနှစ်၊ ဇွန်လပိုင်းက ကမ္ဘာ့ သတ္တုဈေးကွက်တွင် မိုလစ်ဒီနမ် တစ်တန်လျှင် ဒေါ်လာ ၁၀၃,၀၀၀ (တစ်သိန်းကျော်) ဈေးထိ မြင့်တက်ခဲ့ဘူးသည်။ ၂၀၀၉ ခုနှစ်၊ သြဂုတ်လက မိုလစ်ဒီနမ် ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၃၀,၀၀၀ (သုံးသောင်း) ဈေးရှိခဲ့သည်။ (ဓါတ်ပုံ - ၃)
ဤမိုလစ်ဒီနမ် သတ္တုမိုင်း တူးဖေါ်နေသည့် နေရာမှာ တရုတ်နယ်စပ်နှင့် ကပ်လျက် ကချင်ပြည်နယ် မြေပေါ်တွင် တည်ရှိနေသည်။ ကချင်ပြည်နယ်တွင်းရှိ ချီဖွေမြို့၏ အရှေ့ဖက် (မျဉ်းဖြောင့်) ၂၆ မိုင်အကွာ၊ မြစ်ကြီးနားမြို့မှ (မျဉ်းဖြောင့်) တစ်တန်းထည်း မိုင် ၈၀ အကွာတွင် တည်ရှိသည်။ ဒုတိယ ကမ္ဘာစစ်ကာလ အမေရိကန် နိုင်ငံ၊ Texas ပြည်နယ်သား လေယာဉ်(ပိုင်းလော့)မှူး ဂျင်မီဖောက်စ် (Jimmy Fox) ပျံသန်း ပျက်ကျခဲ့သည့် လေယာဉ်ပျက်ရှိရာ၊ တရုတ်-မြန်မာ နယ်စပ်နေရာမှ အနောက်ဖက်သို့ (မျဉ်းဖြောင့်) ၁၀ မိုင်အကွာ၌ ရှိသည်။ လတ္တိကျုအားဖြင့် ၂၅ံ ၅၁’ ၁၅.၃၀” (မြောက်) နှင့် လောင်ရျီကျု ၉၈ံ ၃၂’ ၃၈.၆၁” (အရှေ့) နေရာတွင် တည်ရှိသည်။ (ဓါတ်ပုံ - ၄)
(မှတ်ချက် -- လတ္တိကျုအားဖြင့် ၂၅ံဟု ပြန်ပြင် ထားပါသည်။ ၂၁ မှာ အရိုက် မှား သွားပါသည်။ ခွင့်လွှတ်ပါ၇န်။)
ဤမိုလစ်ဒီနမ် သတ္တုတွင်းရှိရာ ဒေသသည် တိုင်းရင်းသား ကချင်လူမျိုးများ သွားရောက် နေထိုင်ခဲသော၊ လူနေ ကျဲပါးသော နေရာဖြစ်သည်။ အတွင်းသိ ဒေသခံ အမည်မဖေါ်လိုသော ကချင်မိတ်ဆွေများ၏ အဆိုအရ ထိုသတ္တုတွင်း၌ တရုတ်အုပ်စုများက တူးဖေါ်နေကြပြီး ဒီမိုကရက်တစ် တပ်မတော်သစ် (NDA -- New Democratic Army) အမည်ရှိ နယ်ခြားစောင့် ကချင်အဖွဲ့က စီမံကြီးကျပ်သည်။ ဤသတ္တုတွင်း၌ ရုရှားပညာရှင်များ (technician) များ ပါဝင်လုပ်ဆောင်ကြကြောင်းလည်း ဆိုပါသည်။
 ဤသတ္တုတွင်း (mine) သည် မြန်မာ့တပ်မတော် ဗိုလ်ချုပ်များ၏ တရားမ၀င် စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ တိုင်းပြည်အတွက် စီးပွား၊ ၀င်ငွေ ဖြစ်စေရမည့်အစား ကိုယ့် စစ်ဘောင်းဘီအိပ် အတွင်း ကိုယ်ကျိုးယူနေကြခြင်း ဖြစ်သည်။
ဒေသခံ ကချင်အမျိုးသားများ အဆိုအရ အချိန်အားဖြင့် ၂၀၀၅-၂၀၀၆ ခုနှစ် ၀န်းကျင်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် (Maj-General) အုန်းမြင့်ကိုယ်တိုင် ဤသတ္တုတွင်းနေရာသို့ လာရောက်၍ ကချင် နယ်ခြားစောင့် တပ်များ၏ ခေါင်းဆောင်ကြီး ဇခုန်တိန့်ယိန်း (Zahkung Ting Ying) နှင့် အပေးအယူ လုပ်ခဲ့ကြသည်။ ဦးဇခုန်တိန့်ယိန်း ဆိုသည်မှာ ၄င်း ၏ ကချင် မိတ်ဟောင်းကြီးများ အဆိုအ၇ - ယခုအခါ လက်ညိုးညွန်ရာမလွှဲ ဆိုသကဲ့သို့ ဟိုတယ်များ၊ အိမ်များ၊ ကုမ္ပဏီများ၊ စက်ရုံများ၊ ဘိန်းခင်းများ နှင့် ခေတ်မှီ ဘိန်းချက်စက်ရုံများ ပိုင်ဆိုင်သည်။ ယနေ့အချိန်တွင် ဗိုလ်ချုပ်အုန်းမြင့်၏ မိတ်ဆွေကြီး ဖြစ်သော ဦးဇခုန်တိန့်ယိန်းမှာ မြန်မာနိုင်ငံ၏ လွှတ်တော် ကိုယ်စားလှယ်ကြီး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ တိုင်းမှူးကြီး ဗိုလ်ချုပ်အုန်းမြင့် မှာလည်း (ယခင်) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သစ္စာတော်ခံအဖြစ် ရာထူးအရပ်ရပ် တိုးခဲ့ပြီး၊ ယနေ့အခါတွင် လက်ရှိ မြန်မာနိုင်ငံ အစိုးရ၏ သမ၀ါယမ ၀န်ကြီး ဦးအုန်းမြင့် ဖြစ်လာခဲ့ပေသည်။ ဤမိုလစ်ဒီနမ် သတ္တုတွင်းမှာလည်း တရုတ်တို့ တူးယူဆဲပင်။
တခုသာ ထူးခြားစွာ မြန်မာပြည်သူပြည်သားတို့ မကြာသေးမှီက ကြားနာရသည်မှာ မြန်မာနိုင်ငံ၏ ဘဏ္ဍာငွေမှာ ခါလီချ၊ ကြွေးဗေလပွဖြင့် -- နိုင်ငံခြား နိုင်ငံများကို ဒေါ်လာငွေ ၁၁ ဘီလီယံ (11 Billion US$ -- သန်းပေါင်း တစ်သောင်း တစ်ထောင်) ကျော် ကြွေးတင်နေသည်ဟု ဘဏ္ဍာရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအဖို့ စစ်အစိုးရအဆက်ဆက်က တရားဝင် နိုင်ငံတကာ စီးပွားကုန်သွယ်မှုများ ပြုခဲ့သည်ကို တစ်ခါတစ်ရံ အကြမ်းဖျင်းမျှ သိရသည် လည်း ရှိသည်၊ မသိရှိရသည်က များသည်။ အိမ်နီးချင်းနိုင်ငံ (အထူးသဖြင့် တရုတ်ပြည်) သို့ စီးပွားကုန်သွယ်မှုပြုခြင်း၊ နိုင်ငံ သယံဇာတများကို ဖေါဖေါသီသီဖြင့် တရားဝင် ရောင်းချကာ၊ တရားမ၀င် လက်သိပ်ထိုး လဒ်ယူနေကြသည် ကိုလည်း နားလည်ကြပါသည်။
ယနေ. NLD နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူအများကို ပညာပေး နားလည်နိုင်စေရန် ယခင် စစ်အစိုးရများ ခေတ်အဆက်ဆက်က တရားဝင် နိုင်ငံတကာ စီးပွားဆက်သွယ်မှု (trade) လုပ်ခဲ့စဉ်က မည်သည့်နိုင်ငံသို့၊ မည်သည့် သယံဇာတများ၊ ငွေကြေးမည်မျှ တန်ဖိုး ရောင်းချခဲ့သည်များ၊ မည်သည့်နိုင်ငံ လုပ်ငန်းဆောင်တာများ အတွက်၊ မည်မျှတန်ဖိုးအတွက် ကြွေးအဖြစ် ၀ယ်ယူခဲ့သည်များကို လက်ရှိ (စစ်အစိုးရ မဟုတ်တော့ ဟုဆိုသော) အစိုးရထံမှ ရယူ၍ ပြည်သူကို တင်ပြကြရမည့်အချိန် ဖြစ်နေပြီဖြစ်သည်။ အကြောင်းမှာ တနိုင်ငံလုံး မွဲပြာခံနေရသည့်ကြားမှ၊ ‘နိုင်ငံတော်ကြွေး၊ ပြည်သူ.အကြွေး’ (national debt, public debt) အဖြစ် ပြည်သူတို့က တာဝန်ရှိနေရပြန်ပြီ ဖြစ်သောကြောင့် တည်း။
ယခုတော့ သမ္မတကြီး ဦးသိန်းစိန်နှင့် ခိုးသားငါးရာတို့ နိုင်ငံတကာလှည့်၍ ကြွေးများ ပြန်ဖျက်သိမ်းပေးရန် မျက်နှာချို သွေးနေကြသည်ကို ကြား မြင် သိလျက်၊ ကျဆုံးသွားလေသူ ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းများမှ ဤတစ်ခုကို သတိရမိရစေသည် --  “ဟိုလူမြင်တဲ့အခါ မျက်နှာချိုသွေးရ၊ ဒီလူမြင်ရတဲ့အခါ မျက်နှာချိုသွေးရ။ ဖါသည်လို နိုင်ငံမျိုး ဖြစ်နေမှာပဲ ဆိုတာ…….”
 ၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
A strip mine at Chinese border in Kachin land, Burma
Recently, an interesting feature was discovered on a satellite image from March 2010; it is a contour strip mine located near the Chinese border in Kachin State, Burma.  You can see it on GoogleEarth at the following coordinates: 25⁰ 51’ 11.58”N, 98⁰ 32’ 50.01’E.  (Figure 1)
The contour strip mine shown in Figure 1 is located about 80 miles east of Chipwi and about 80 miles northeast of Myitkyina.  Interestingly, the mine is 10 miles away from the location of a World War II plane wreck that occurred during flight HUMP piloted by Jimmy Fox of the State of Texas in the United States.  The mine has an areal extent of around 250 acres and is located in an isolated area in the northeastern Chinese-Burma border regions, which is sparsely populated by Kachin people.  My anonymous sources tell me the mine is operated by some Chinese groups and by the Kachin Border Guard Forces of the New Democratic Army (NDA) led by Zahkung Tingying.  Some Russian technicians have also been involved in the venture.
Contour stripping involves removing overburden above a mineral seam in hilly or mountainous terrain where the mineral outcrop usually follows the contour of the land.  Contour stripping is often followed by auger mining to remove more of the mineral ore.  This method commonly leaves behind terraces in the mountainsides.  The image in Figure 2 shows many roads have been built following the terrain contours.  Trucks are lined up for loading ore.  According to an anonymous Kachin source the ore is a molybdenum mineral. 
Molybdenum is mined in many areas as a primary ore or as a byproduct of copper and tungsten mining.  About 80% of molybdenum is used in metallurgical applications, such as alloys.  The ability of molybdenum to withstand extreme temperatures without significantly expanding or softening makes it useful in applications that involve intense heat, including the manufacture of armor, aircraft parts, electrical contacts, industrial motors and filaments.  Molybdenum had a value of approximately $30,000/ton as of August 2009.  It maintained a price at or near $10,000/ton from 1997 through 2003 and reached, due to increased demand, a peak of $103,000/ton in June 2005.  (http://en.wikipedia.org/wiki/Molybdenum)  Figure 3 shows the close-up pictures of activities at the mine.
This mine is an example of an illegal/informal trade venture of the Burmese military.  Officers from the battalion to the General level have made money out of it, when in fact the revenues should be accruing to the nation.  Local sources tell me that the deal was made in 2005-2006 between major General Ohn Myint and Zahkung Tingying, leader of the Kachin Border Guard.  According to his colleagues of the Burmese Communist Party, Mr. Zahkung Tingying has become wealthy as the owner of hotels, houses, companies, factories, opium fields and opium processing factories.  Major General Ohn Myint, one of former Senior General Than Shwe’s beloved right-hand men, has now become Minister of Industry/Cooperatives in Thein Sein’s Burmese government.  Mr. Zahkung Tingying, Major General Ohn Myint’s great friend, has become a member of the Burmese parliament.  Still the molybdenum mine is in full operation.  (Figure 4)
For the Burmese people, the latest news is the new government’s revelation that Burma owes 11 billion dollars of debt to other nations.  Under a series of military occupations of Burma, such as those of the dictators Ne Win, Saw Maung and Than Shwe, the Burmese people sometimes heard about formal international trade, but they are overwhelmed by the news of illegal/informal trading partnerships with neighboring countries, especially with China.  They also knew about informal (illegal) trading of natural resources by Burmese military commanders through their cronies.  But they are hurt to learn that natural resources of the nation are being sold out cheaply for bribes that the military leaders have taken when the nation is so deeply in debt. 
It is time now that the NLD and members of the parliament, who claim to be for the people, investigate and inform the Burmese people about which countries have been sold what goods and resources and for how much money, and from which countries Burma has taken loans and for what activities.  The people of Burma deserve to know these facts since they are now responsible for this $11 billion as an international public debt.
Today Ali Baba (Thein Sein) and 500 thieves are talking to Japan, Italy and other countries and organizations begging to waive the nation’s debt.  This reminds me of the speech of the late General Aung San on Burma’s future:   "Having to throw a sweet face to this person and to that person currying favor would be like a nation of prostitutes". In Burmese, it says (ဟို လူ ကိုမြင်၇တဲ့ အခါ မျက်နှာချိုသွေး၇၊ ဒီ လူ ကိုမြင်၇တဲ့ အခါ မျက်နှာချိုသွေး၇၊ ဖါ သည်လို နိုင်ငံမျိုး ဖြစ် နေ မှာပဲ ဆိုတာ…).
End.
Authored by Dr. U Win, Viz Center, California, USA.
Posted by Winners Circle on May 24, 2012.
☆☆☆Nero-8 နဲ့ Photo Slide Show လုပ်မယ်☆☆☆
အခုတင်ပြတဲ့ နည်းကတော့ Nero-8 နဲ့ Photo Slide Show လုပ်နည်းလေးပါ။
လုပ်နည်းကတော့ အောက်မှာပြထားတယ်နော်။
မသိသေးတဲ့သူတွေအတွက်ပါ။
Nero ကိုဖွင့်လိုက်ပါ။
Create and Edit ကိုနှိပ်လိုက်ပါ။
Make Photo Slide Show သို့မဟုတ် Aurthor Edit and Capture Video
ကိုလဲရွေးလို့ရပါတယ်
တစ်ခုခုကို နှိပ်လိုက်ပါ။
နှိပ်လို့အဲလိုပေါ်လာရင်း Make Side Show ကိုရွေးလိုက်ပါ။
အဲမှာ CDနဲ့ ဘန်းမှာလား(သို့မဟုတ်)DVD နဲ့ဘန်းမှာလားဆိုကိုရွေးလိုက်ပါ။
အဲမှာ Browse မှာမိမိကြိုက်တဲ့ပုံတွေရွေးလိုက်ပါ။
သီချင်းလဲအဲမှာဘဲရွေးရမှာပါ။
အဲလိုမျိုးလေးပါ့။
ကျွန်တော်ရဲ့အချောပုံတွေရွေးလိုက်ပါပြီး။
ပုံတွေရောက်လာတဲ့ပုံတွေကို အကုန်Seclect မှတ်ထားဆွဲထည့်လိုက်ပါ။
ကျွန်တော်များပြထားတဲ့နေရာက ဓါတ်ပုံအတွက် Effect တွေပါ
တစ်ပုံချင်းစီလိုက်ထည့်လိုက်ပါ။
အဲသာဆိုရင်းရပါပြီး။
ခွေဘန်းမယ်ဆိုရင်း Next.Next.Next.သွားပြီးဘန်းလိုက်ပါ။
Mp4 ရချင်တယ်ဆိုရင်း Save လိုက်ပါ။
အားလုံးအဆင်ပြေကြပါစေ....
အဆင်မပြေများရှိခဲ့ပါ mr.beanvenus@gmail.com ကိုဆက်သွယ်နိုင်ပါသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ သုဝဏ္ဏဘုမ္မိ လေဆိပ်သို့ရောက်ရှိပြီ..
  ဒီမိုဝေယံ 
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ သုဝဏ္ဏဘုမ္မိလေဆိပ်သို့ ရောက်ရှိလာစဉ် ကြိုဆိုနှုတ်ဆက်သူများနှင့် အတူတွေ့ရစဉ်.. (Getty Images & Thai Daily)