This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, April 10, 2012

တောင်ဥက္ကလာပမြို့နယ် ပဒေသာရပ်ကွက် ဟေမ၀န်ဈေး မီးးလောင်မှု


Tuesday, April 10, 2012 4:16 AM

Inline image 3

Inline image 4

Inline image 5

Inline image 6

Inline image 7

Inline image 8

Inline image 9

Inline image 10

Inline image 11

Inline image 12
ဟေမာဝန်ဈေးမီးလောင်နေစဉ် ဓါတ်ပုံ(Eleven Media Group)

တောင်ဥက္ကလာမြို့နယ် ပဒေသာရပ်ကွက် ဟေမ၀န်ဈေးတွင် ယနေ့ (ဧပြီ ၁၀)ရက် နံနက် ၁ နာရီခန့်မှ စတင်ပြီး မီလောင်ကျွမ်းမှုဖြစ်ပွားလျှက်
ရှိကြောင်း
သိရှိရပြီး ဈေး၏ သုံပုံနှစ်ပုံခန့် လောင်ကျွမ်းလျက်ရှိကြောင်း Eleven Media Group (Facebook) စာမျက်နှာမှာဖော်ပြထားတဲ့ သတင်းအရသိရတယ်။

တောင်ဥက္ကလာမြို့နယ် ပဒေသာရပ်ကွက် ဟေမ၀န်ဈေးမီလောက်ကျွမ်းမှုကြောင့်
လက်ရှိအချိန်တွင် ဆိုင်ခန်းပေါင်း ၁၃၀ ကျော်ခန့် မီလောင်ကျွမ်းခံရကြောင်း
သိရှိရပြီး အတည်မပြုနိုင်သော သတင်းအရ အထည်ဆိုင်မှ
စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း Eleven Media Group ကဆိုပါတယ်။

ယခုလောင်ကျွမ်းမှုတွင် အထည်ဆိုင်တန်း၊ အလှကုန်ပစ္စည်းဆိုင်တန်း ရွှေဆိုင်တန်းမှဆိုင်ခန်းများ အများဆုံးပါဝင်ကြောင်း သိရှိရတယ်။

Eleven Media Group

ဟေမာဝန်ဈေးမီးလောင်နေစဉ် ဓါတ်ပုံများ (Eleven Media Group)

ဒါတွေကတော့ ခုမနက်စောစောတွေ့ရတဲ့ ပုံတွေပါ ( Voice journal)

Inline image 13

Inline image 14

Inline image 15

Inline image 16

Inline image 17

Inline image 18

Inline image 19

Inline image 20

Inline image 21

Inline image 22

Inline image 23

Inline image 24

Inline image 25

Inline image 26

Inline image 27

Inline image 28

Inline image 29

Inline image 30

Inline image 31

Inline image 32

Inline image 33

Inline image 34

Inline image 35

Inline image 36

Inline image 37

Inline image 38

Inline image 39

Inline image 40

Inline image 41

Inline image 42

ကရင်ဝတ်စုံနဲ့ သမ္မတကြီး ဦးသိန်းစိန်

12/4/9 လင်းဇော်ထက် <linnzawhtike@gmail.com>
Inline image 1
ဗိုလ်ချုပ်ကြီးမူတူစေဖိုးက သမ္မတကြီးကို သူကိုယ်တိုင် ရက်လာတဲ့ သမ္မတကြီးကိုယ်တိုင်း အတိုင်း လုပ်လာတာတဲ့ သူ့ရဲ့ တစ်သက်မှာ ပထမဆုံးရက်လုပ်တဲ့ ကရင်အကျီပါ။ဗိုလ်ချုပ်ကြိးမူတူေ
စဖိုး...ကိုယ်တိုင်ဝတ်ပေးခဲ့တာပါ။ဒီနေ့ဟာ ဗိုလ်ချုပ်ကြီးမူတူစေဖိုး၏ အသက် ၈၀ ပြည့်မွေးနေ့ ဖြစ်ပါတယ်

Download ကို အမြန်ဆုံး speed နဲ့ ဆွဲကြရအောင်


ကျွန်တော် ဒီတစ်ခါပြောမှာက download ကို အမြန်ဆုံးနှင့် အကောင်းဆုံး Speed နှင့် ဆွဲပေးနိုင်တဲ့ ORBIT ဆိုတဲ့ကောင်လေးကို တွေ့လိုက်တယ်ဗျာ .. ဟိုးအရင်က ကျွန်တော်ပေးခဲ့တဲ့ download accelerator plus တို့ download Manager ထက်ကို speed 10 ဆလောက်ကို မြန်တယ်ဗျ .. ကျွန်တော် ကွန်ပျူတာသုံးလာတာ 6 နှစ်ကျော်ပြီ ဒီလောက်မြန်တဲ့ downloader မျိုးမတွေ့ဖူးဘူး .. သူငယ်ချင်းတို့မှာလဲ ရှိရင် လက်တို့ပေးပါဦး ..
ဒီကောင်လေးကို တွေ့လိုက်တော့ ဟုတ်မှဟုတ်ပါ့မလားဆိုပြီးတော့တောင်

သံသယ၀င်နေသေးတယ် .. နောက်ကျမှ အောင်မယ်လေးလေး မြန်လိုက်တာဆိုရင် movie (100MB) ကို ဆွဲလိုက်တာ 15 မိနစ်ကျော်ကျော်ပဲကြာတယ်
.. လူပါလန်ထွက်သွားတယ်(မျက်ဖြူ) ... :P ...သူငယ်ချင်းတို့အတွက်
အကောင်းဆုံးတွေပဲ ဖြစ်စေချင်တဲ့ စိတ်တစ်ခုတည်းနှင့် လက်တို့လိုက်တာနော်
... ဟိုကျော်ငြာထဲကလိုပေါ့ .. လက်တို့ပြီးတော့ ပြောရဦးမယ်ဆိုတာကိုလေ ..
ကျွန်တော် ဘာ့ကြောင့် ဒီကောင်လေးကိုပေးလဲဆိုရင် software , Movie , Music နှင့် အခြားအခြားသော download ချချင်တာလေးတွေကို အမြန်ဆုံးနှင့်ပုဂံလုံးစီးပြီး သွားရအောင်လို့ပါ .. ကဲအောက်မှာ လင့်ပေးထားပါတယ် .. ကြည့်ကြည့်ပါဦး

Photobucket
ORBIT Downloader
အသုံးပြုပုံလေးကိုပါ တစ်ခါတည်း ပုံနှင့်ပြပေးလိုက်မယ်နော် ..

  • (၁) Install လုပ်လိုက်ပါ ..
  • (၂) လုပ်ပြီးသွားရင် ပထမဦးဆုံး ကျွန်တော့် ဘလောဂ်မှာ ရှိနေတဲ့ Movie ကို ပထမဦးဆုံး download လုပ်ပြမယ်နော် ...
ဘာဖြစ်လို့လဲဆိုရင် ဘလောဂ်မှာ movie ကို စောင့်နေရင် မြန်မာပြည်မှာဆိုရင် အဆင်ပြေမှာမဟုတ်ဘူးလေ .. အဲ့ဒီ့တော့ download လုပ်ပြီးမှပဲ အေးဆေးကြည့်လိုက် အဲ့ဒါက ပိုမြန်တယ် .. ကဲအောက်မှာ ပုံလေးတွေနဲ့ ရှင်းပြထားတယ်ဗျာ ...





ဒုတိယပုံမှာ ဘယ် search engine တွေကနေ ဒေါင်းပေးနိုင်တယ်ဆိုတာ အောက်မှပေးထားပါတယ် တွေ့လားမသိဘူး ..
ကဲအဲ့လို တင်ပြီးပြီဆိုရင်တော့ အောက်မှာ အသုံးပြုနည်းလေး ဥပမာပြလိုက်ပါ့မယ် .. ကျွန်တော့် http://grou.ps/nyinaymin/videos ကို သွားလိုက်ပါ ... ပြီးလျှင်တော့ ကိုဒေါင်းလော့ဆွဲမယ့် ပုံလေးကို နှိပ်လိုက်ပါ ကျွန်တော်ကတော့ gtalk hacking (http://grou.ps/nyinaymin/videos/211298) လေးကို သွားလိုက်ပါ ..







အဲ့လိုလေးစမ်းကြည်လိုက်ပါဦး .. ပုံထဲမှာ ပြထားသလို FLV ကို နှိပ်လိုက်ရင် download link ကျလာပြီး download လုပ်မလားလို့ မေးပါတယ် .. ကိုက ok ပေးလိုက်ရင် ရပါပြီ
.. အဲ့လို FLV ကိုနှိပ်လိုက်လို့မှ download link မကျလာရင်တော့ ctrl + FLV ဆိုပြီးတော့ ctrl ကို နှိပ်ထားရင်းကနေ FLV ကို mouse နှင့် တွဲပြီး နှိပ်လိုက်ပါ

နောက်ထပ် လင့်တစ်ခု ပုံ(၁)ထဲကလို ပေါ်လာပါလိမ့်မယ် .. အဲ့ဒါက download link
ပါပဲ အဲ့ဒီ့ url လိပ်စာကို ကူးပြီးတော့ အောက်က အတိုင်းလုပ်လိုက်ပါ ..


ပုံ(၂)က အနီဝိုင်းထားတဲ့အကွက်က ပထမ ကျွန်တော်တို့ ကူးထားတဲ့ download link ကို ကူးထည့်ရမှာပါ ..
ကဲ အဆင်ပြေနိုင်ပါစေဗျာ ...

Monday, April 9, 2012

Huawei ဖုန်းများအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်း အသုံးပြုနည်း

Huawei ဖုန်းများအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်း အသုံးပြုနည်း
 [ စိုင်းစိုင်း: အစ်ကိုရေ Huawei ဖုန်းတွေ root နဲ့ myanmar font ထည့်ချင်ရင်ကော ပြောပြပေးပါလား ]
ကျနော့ မှာ Huawei ဖုံး မရှိတဲ့ အတွက် ကိုယ်တိုင် ရှင်းမပြနိုင်ပါဘူး...:)  
ဒါပေမဲ့.... ကျနော် ကိုယ်တိုင် စမ်းသပ် ထားတာ မဟုတ်သည့်တိုင်... နားလည် တတ်ကျွမ်းတဲ့ ဆရာ့ ဆရာတွေ ရေးသား ထားသမျှတွေကို အများ အကျိုးအတွက် မွှေနှောက်ရှာဖွေပြီး ပြန်လည်မျှဝေ လိုက်ပါတယ်...။ ဓာတ်ပုံ ကိုတော့ ပို့စ်လေးနဲ့ တူအောင် Google ကနေ ခိုးပြီး တင်ပေးလိုက်တာပါ...:D

CDMA 800MHz ဖုန်းများဖြစ်သော Huawei C8500, C8600 ဖုန်းများအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်းအသုံးပြုလိုသူများအတွက် ထည့်သွင်းနည်း အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။ ထည့်သွင်းအသုံးပြုရန် လိုအပ်သော Installer များကတော့ z4 root, FontChangerLite နှင့် MyanDroid Keyboard စသည်တို့လိုအပ်ပါတယ်။ FontChanger အတွင်း သို့ ထည့်သွင်းရန် Myanmar Unicode.ttf နှင့် Zawgyi.ttf စသည့် Font များလည်း လိုအပ်ပါတယ်။ Software များကို ဖုန်းအတွင်းသို့ Install မပြုလုပ်ခင် ပထမဦးစွာ ဖုန်းအတွင်းရှိ Setting ထဲမှ Applications အတွင်းသို့ဝင်ပြီး Unknown Sources ကို အမှန်ခြစ်ပေးရပါမည်။ ထို့ပြင် Applications ထဲမှ Development ထဲဝင်ပြီး USB debugging ကိုလည်း အမှန်ခြစ်ပေးရပါမည်။ ဖုန်းကို Root ပြုလုပ်ခြင်း Software ထည့်သွင်းရာတွင် z4 root ကို အရင်ဆုံး Install ပြုလုပ်ရမည်ဖြစ်သည်။ ပြီးနောက် z4 root အတွင်းသို့ဝင်ပါ။ Superuser Request ပေါ်လာလျှင် Remember ကို အမှန်ခြစ်ပြီး Allow ကိုနှပ်ပါ။ ပြီးနောက် Root ကို ရွေးချယ်ပေးရပါမည်။ ထိုအခါ ဖုန်းကို Root လုပ်ပြီး ဖုန်းမှာ Restart ကျသွားမည်ဖြစ်သည်။ ဖုန်းပြန်ပွင့်လာပါက Root လုပ်ခြင်း ပြီးဆုံးမည်ဖြစ်သည်။ FontChanger Life ထည့်သွင်းခြင်း Root လုပ်ခြင်းပြီးဆုံးပါက FontChangerLite Software ကို Install ပြုလုပ်ရပါမည်။ ဖုန်းအတွင်းသို့ FontChangerLite Software ကို ထည့်သွင်းပြီးပါက ဖုန်းကို Computer ဖြင့် ချိတ်ဆက်ပြီး SD Card အတွင်းသို့ ၀င်ကြည့်ပါက FontChanger ကိုတွေ့မြင်ရပြီး ထို FontChanger အတွင်းသို့ မြန်မာစာ Font များဖြစ်သည့် Myanmar Unicode.ttf နှင့် Zawgyi.ttf ကို ထည့်သွင်းပေးရပါမည်။ ပြီးနောက် Computer နှင့် ချိတ်ဆက်မှုကိုဖြုတ်၍ ဖုန်းအတွင်းရှိ Font Changer Lite အတွင်းသို့ဝင်ကြည့်ပါက ထည့်သွင်းထားသော Fonts နှစ်ခုကို တွေ့မြင်ရပါ မည်။ ကြိုက်နှစ်သက်ရာ Font ကို ရွေးချယ်နိုင်ပါတယ်။ MyanDroid Keyboard ထည့်သွင်းအသုံးပြုခြင်း FontChanger Lite အတွင်း Font ကို ရွေးချယ်ပြီးပါက MyanDroid Keyboard Software ကို Install ပြုလုပ်ရပါမည်။ Keyboard ကို ထည့်သွင်းပြီးပါက ဖုန်း Setting အတွင်းရှိ Language & Keyboard အတွင်းသို့ဝင်ပြီး MyanDroid Soft Keyboard ကို အမှန်ခြစ် ပေးရပါမည်။ အထပ်ပါလုပ်ဆောင်ချက်များ အားလုံးပြုလုပ်ပြီးပါက ဖုန်းအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်းခြင်း ပြီးဆုံးမည်ဖြစ်ပါတယ်။ မြန်မာစာ Keyboard ကို အသုံးပြုရန် Browser (သို့) Message ပို့သော နေရာသို့သွားပြီး Android Keyboard ပေါ်ရှိ ( ?123 ) ခလုပ် (သို့) စာတန်းပေါ်သော နေရာလွတ်ကို ဖိနှိပ်ထားပါ။ Keyboard Menu ပေါ်လာလျှင် Input Method ကို နှိပ်၍ MyanDroid Soft Keyboard ကို ရွေးချယ်ပေးပါက မြန်မာစာ လက်ကွက်ဖြင့် ရိုက်နှိပ်နိုင်သော Keyboard ပေါ်လာပြီး စတင်အသုံးပြု နိုင်မည်ဖြစ်သည်။ 
 လိုအပ်တဲ့ ဆော့ဝဲလ် တွေကိုတော့ ပေးထားတဲ့ လင့်မှာ ဒေါင်းမရလို့.... ရှာဖွေပြီး တင်ပေးလိုက်ပါတယ်..။  အောက်မှာ ဒေါင်းယူနိုင်ပါတယ်..။


အဆင်ပြေ ပျော်ရွှင်ကြပါစေဗျားးးး။

ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း)

Diarrhea ဝမ်းတလုံးကောင်း ခေါင်းမခဲ

PDF Print E-mail
Medical Writings - Medical Writings
Written by Administrator   
Monday, 13 June 2011 10:08
Diarrheaမဖြစ်ဘူးသူ မရှိတဲ့ ရောဂါတွေထဲမှာ အဖြစ်အများဆုံးက ဘာလဲ။ မှန်အောင်ဖြေနိုင်သူတွေရော မှားသူတွေပါ ဝမ်းလျှောတာ မကြာမကြာ ဖြစ်ကြရတယ်။ ဘယ်ဆေး သောက်ရမလဲကိုလည်း လူတိုင်းလိုလိုက ဆေးနည်း ပေးတတ်ကြသေးတယ်။ အရင်ကဆို ဗမာပြည်မှာ (သာလာဆပ်) သောက်ခိုင်းကြမယ်။ နောက်ပိုင်းလူတွေက ပိုသိလာကြတာမို့ ORS ဓါတ်ဆား ထုပ်ကို ညွှန်းမယ်။ စေတနာ ပိုသူတွေက (မက်ထရို) ကိုပါ အသောက် ခိုင်းချင်ခိုင်းလိမ့်မယ်။ မသိတသိတွေ၊ နည်းနည်း သိတာတွေထဲက လွဲတာတွေ့ရင် ပြင်နိုင်အောင် ရေးပါရစေ။
ရောဂါနာမည်တွေက Diarrhea, Loose motion, GE, Traveler’s diarrhea အမျိုးမျိုး ခေါ်ပါတယ်။ တနေ့မှာ ၃ ခါထက် ပိုသွားရင် ဝမ်းလျှောတာလို့ WHO က ဦးတိကျတွေက သတ်မှတ်ပါတယ်။ အမှန်ကတော့ လူတိုင်း ကိုယ့်အကျင့်နဲ့ ကိုယ် ရှိကြတာပါ။ သွားနေကြထက် “ပိုရင်၊ ပြောင်းရင်” တခုခုဖြစ်ပြီလို့ သိလိုက်ပါ။ တခုခုလုပ်ပါ။
ဝမ်းပျက်-ဝမ်းလျှော ကို (ဗိုင်းရပ်စ်) ပိုးကြောင့်က အများဆုံး ဖြစ်စေတယ်။ အများဆုံးဆိုတာ တကယ့်အများဆုံး။ ၁ဝ ခါ ဖြစ် ၉ ခါ ဖြစ်စေတာ (ဗိုင်းရပ်စ်)ပါ။ ကြုံတုံးရေးရအုံးမယ်။ (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တဲ့ တခြားရောဂါတွေကလည်း များတယ်။ HIV ပိုး၊ အသဲရောင် A, B, C ပိုး၊ တုပ်ကွေး၊ အအေးမိ၊ ကျောက်၊ ဦးနှောက်မြှေးရောင်၊ ဝက်သက်၊ ကြွက်နို့၊ (ပိုလီယို)၊ ခွေးရူး၊ စတာတွေပါ။ (ဗိုင်းရပ်စ်) ဆိုတဲ့ အင်မတန် သေးငယ်လွန်းလှတဲ့ ဒီအကောင်ကို အလွန်မတန် နာမည်ကြီးလှတဲ့ ဆရာဝန်တွေတောင်မှ မနိုင်ကြသေးပါ။
Virus ကြောင့် မဟုတ်ရင် (ဗက်တီးရီးယား) ကြောင့် ဝမ်းပျက်စေပါတယ်။ (ပါရာဆိုက်) ဆိုတဲ့အကောင်တွေလဲ ပါသေးတယ်။ ဘယ်ကဝင်သလဲ။ ပါးစပ်ကနေဝင်တာ။ ပါးစပ်ထဲ ဘာထည့်ကြလဲ။ အစားအသောက်နဲ့ ရေ။ ကလေးငယ် ဆိုရင် တွေ့ကရာထည့်တာ။ ဘယ်အကောင် ဝင်လာလာ အူသိမ်ကို ရောင်စေတယ်။ အစာအိမ်ရော အူပါ ရောင်ရင် GE ခေါ်တယ်။ ရောင်လာရင် လှုပ်ရှားတာ ပိုမြန်လာတယ်။ အူတွေ လှုတ်လွန်းတာ နားကြပ်မပါဘဲ လူနာကိုယ်တိုင် သိတယ်။ ဗိုက်နာမယ်။ စားလိုက် သောက်လိုက်တဲ့ အစာနဲ့ ရေကို ကောင်းကောင်း စုပ်မယူနိုင်တော့ဘဲ၊ ဝမ်းထဲပါသွားမယ်။ ဝမ်းသွားရတဲ့ အကြိမ်တွေ များမယ်။

လူဆိုတာက ရေကို စုပ်တာဖြစ်ဖြစ်၊ ထုတ်တာဖြစ်ဖြစ် ဆားပါမှ လုပ်နိုင်တာ။ ရေတွေထွက်တော့ ဆားတွေပါ ထွက်တာပေါ့။ ဒါ့ကြောင့် ဝမ်းလျှော-ဝမ်းပျက်ရဲ့ မကောင်းကျိုးဆက်ဟာ ရေဓါတ်-ဆားဓါတ် ဆုံးရှုံးတာ ဖြစ်တယ်။ ဝမ်းသွားရင်း ရေတွေ အများကြီး ပါသွားတာက ကောင်းကျိုး တမျိုးတော့ ရတယ်။ ပိုးတွေပါ ပါသွားတာကိုး။ ဒါ့ကြောင့် ဝမ်းပိတ်ဆေးကို အလွယ် မသုံးသင့်ကြဘူး။ ပြောခဲ့သလို (ဗိုင်းရပ်စ်) ကို သတ်တဲ့ဆေးက မရှိဘူး။ ဓါတ်ဆားထုပ်သာ အရင်လုပ်ပါ။

ဆေးလိုလို့ သုံးရင် Loperamide (Imodium, Kaopectate II) ကို ၄ မီလီဂရမ်၊ ၂ ပြား စသောက်ပြီး၊ ဝမ်း ၁ ခါ သွားတိုင်း၊ ၁ ပြား သောက်နိုင်တယ်။ အာခေါင်ခြောက်၊ ခေါင်းနဲနဲမူးတာသာ ဖြစ်တတ်တယ်။ Lomotil ကိုတော့ တခါသောက် ၂ ပြား၊ တနေ့ ၃-၄ ကြိမ်။ တခြား ဆေးတွေကတော့ Bismuth Subsalicylate, Diphenoxylate and Atropine, Tincture of Opium (ဘိန်း)၊ Charcoal (မီးသွေး) စတာတွေ ဖြစ်တယ်။ ဘိန်းလည်း အရမ်းမစားနဲ့ မီးသွေးလဲ အရမ်းမဝါးနဲ့။

ဝမ်းသွားတာအပြင် နဲနဲဖျားတာ ရှိမယ်။ သွေး-အကြိအချွဲပါမယ်၊ တပြည်တရွာ သွားရင်းဖြစ်မယ် ဆိုရင် (ဗက်တီးရီးယား) ကြောင့် ဖြစ်နိုင်တယ်။ ORS အပြင် ပိုးသေစေမဲ့ဆေးကို သေခြာပေါက် သောက်ရမယ်။ Septrin လို့ လူသိများတဲ့ဆေး Co-trimoxazole ကို (ဆာလ်မိုနဲလား) ကြောင့် ဝမ်းပျက်တာ။ (ရှီဂဲလား) ဝမ်းကိုက်တာတွေမှာ သုံးနိုင်တယ်။ ၂ နှစ် အောက် ကလေးတွေကိုတော့ မပေးသင့်ဘူး။ ဒီဆေးက ယောက်ျား ဆီးအိမ်-ဆီးကြိတ်ရောင်၊ ကျောက်ကပ်ပြွန်ရောင်၊ ဆိုင်းနပ်စ်၊ နားကိုက်တာတွေ အတွက်ပါ သုံးပါသေးတယ်။

လူကြီး ဝမ်းပျက်ခြင်းအတွက် ဆေးများ
•    Fluoroquinolones x 3-5 days
•    Ciprofloxacin 500 mg BD x 3-5 days
•    Norfloxacin 400 mg BD x 3-5 days
•    Oflofacin 300 mg BD x 3-5 days
•    Trimethroprim-Sulfamethoxazole TMP-SMX 10 mg/kg/day x 3-5 days
•    Metronidazole 15 mg/kg divided TDS (maximum = 1000 mg/day) for 5-10 days
•    Loperamide 3 mg stat 2 mg/diarrhea maximum 16 mg/day

Antiemetic အအန်သက်သာဆေးများ
•    Promethazine 25 mg IM/IV/PR QID
•    Prochlorperazine 10 mg IV/IM
•    Metoclopramide 10-20 mg (1 mg/kg)

ကလေးဝမ်းပျက်ခြင်း
(1)    (ဗိုင်းရပ်စ်) ကြောင့် ဝမ်းပျက်ခြင်းများ
•    Roravirus, Enteric Adenovirus, Norwark ဝမ်းရေလိုသွားမယ် ဓါတ်ဆားသာလိုတယ်။

(2)    (ဗက်တီးရီးယား) ကြောင့် ဝမ်းပျက်ခြင်းများ
•    Campylobacter jejuni ဖျား၊ ဗိုက်နာ၊ ဝမ်းအရည်၊ သွေးပါ၊ Erythromycin 20-40 mg/kg/day
•    Shigella ဖျား၊ ဗိုက်နာ၊ အချွဲပါ၊ ခေါင်းကိုက်၊ TMP-SMX 10 mg/kg/day x 3-5 days or Ampicillin
•    Salmonella ဖျား၊ သွေးပါ၊ TMP-SMX 10 mg/kg/day x 3-5 days
•    E coli, Entrotoxigenic, Enterohemorrhagic ဝမ်းအရည်ပါ၊ ဝမ်းကိုက်၊ TMP-SMX 10 mg/kg/day x 3-5 days
•    Vibrio cholera, Yersinia enterocoliticus ဆန်ဆေးရည်လိုဝမ်းသွား၊ ဖျား၊ အန်၊ ဗိုက်နာ၊ TMP-SMX 10 mg/kg/day x 3-5 days
•    Clostridium difficile, Staplococcus aureus အစာဆိပ်သင့် ပဋိဇီဝဆေးသောက်ထား၊ Metronidazole 15 mg/kg

(3)    ပါရာဆိုက်ကြောင့် ဝမ်းပျက်ခြင်း၊
•    Giardia lamblia ဝမ်းပျက်၊ လေချည်တက်၊ Metronidazole 15 mg/kg
•    Entamoeba histolytica သွေးပါ၊ ချွဲပါ၊ ဗိုက်နာ၊ နောက်ဆက်တွဲ အသဲရောင်၊ Metronidazole 15 mg/kg

Furazolidone ဆေးကိုတော့ (ဂိုင်ယာဒီးယား) ပိုးဝင်လို့ ဝမ်းပျက်တာ၊ (ဗက်ဆလရီ) ဝမ်းကိုက် နဲ့ ခရီးသွား ဝမ်းပျက်တာ တွေအတွက် ပေးနိုင်တယ်။

Metronidazole (မက်ထရို-နိုက်ဒါဇိုးလ်) ဆိုတဲ့ဆေးက ရောဂါအတော်များများအတွက် သုံးနိုင်တယ်။ (GE) အစာလမ်း ရောင်တာ၊ ခရီးသွားဝမ်းပျက်တာ၊ (ဂိုင်ယာဒီးယား) ပိုးဝင်လို့ ဝမ်းပျက်တာ၊ (အမီးဘား) ဝမ်းကိုက်တာ၊ (အမီးဘား) သွားဖုံး ရောင်တာ၊ (အမီးဘား) အသဲပြည်တည်တာ၊ လေမကြိုက်တဲ့ပိုးကြောင့် အူမကြီးရောင်တာ၊ မွေးလမ်းကြောင်း ရောင်တာ၊ တင်ပါးဆုံအတွင်း အင်္ဂါတွေ ရောင်တာ၊ ဦးနှောက် ပြည်တည်နာ၊ ဆီးပြွန်ရောင်တာတွေ အတွက်ပါ ပေးတယ်။ ရောဂါ မတူရင် ဆေးအဆ မတူပါ။ ၁ ပြား ၃ ကြိမ်ကနေ ၂ ပြား ၃ ကြိမ်အထိ ပေးရတယ်။ ကိုယ်ဝန် နုသေးရင် မပေးသင့်ဘူး။ နို့တိုက်နေရင် နို့ထဲပါတယ်။ ဘေးထွက်ဆိုးကျိုး အမျိုးမျိုးရှိတယ်။ ပျို့-အန်၊ ဗိုက်နာ၊ ဆီးနီ၊ အစားပျက်၊ ကိုယ်ပူမယ်။ တကယ် မလိုဘဲ မသောက်ပါနဲ့။

ORS ဓါတ်ဆားထုပ်ကို ပါးစပ်ကနေ နိုင်အောင် ဖြည့်မပေးနိုင်ရင် သွေးကြောထဲကနေ သွင်းရမယ်။ လူကို ကြည့်ရင် ပြော့ခွေနေမယ်။ မျက်တွင်းချိုင့်-ငယ်ထိပ်ခွက်နေမယ်။ လက်နဲ့ ဗိုက်က အရေပြား မ, ကြည့်ရင် တော်တော်နဲ့ အောက်ကို ပြန်မကျဘူး။ ခြေ-လက် အေးစက်နေမယ်။ လက်ကောက်ဝတ် သွေးခုန်တာ စမ်းလို့ခက်၊ စမ်းမရဖြစ်မယ်။ သွေးဖိအားကျ၊ တိုင်းမရ။ အရေးကတော့ ပေါ်ပြီ။ အသက်လုရပါတော့မယ်။

RL ဆိုတဲ့ Drip က ORS ပါဘဲ။ များများသွားရင် မြန်မြန်သွင်းပါ။ အကြိမ်များတာထက် ပြောခဲ့တဲ့ လက္ခဏာတွေက ပိုအရေးကြီးတယ်။ သွင်းတာ နှေးသေးရင် နှစ်လုံး တပြိုင်နက် သွင်းပါ။ တခါတလေ လက်နှစ်ဖက်၊ ခြေနှစ်ချောင်းကနေ Drips လေးစင်း တပြိုင်ထဲ သွင်းရတတ်တယ်။ ဒါမှ လေးဘက်နာတာ။ GE နဲ့ ကာလဝမ်းလိုဖြစ်ရင် လုပ်ရတတ်တာမျိုး။

Cholera ကာလဝမ်း ဖြစ်စေတဲ့ အကောင်တွေကနေ အဆိပ်လိုမျိုးပါ ထုတ်တယ်။ Secretory diarrhea ခေါ်တယ်။ အူနံရံက (ဆဲလ်) တွေထဲက ရေတွေပါ ထွက်သွားစေတယ်။ ကပ်ရောဂါတခု ဖြစ်တယ်။ အမြန်ကူးစက်လို့၊ နေရာတခုမှာ လူတွေ အများကြီးလာ ဖြစ်တယ်။ ရေနဲ့ဓါတ်ဆား နိုင်အောင် ပြန်မဖြည့်နိုင်ရင် သေတယ်။

ရွာတရွာမှာ ကာလဝမ်းဖြစ်တယ်။ တချို့သေကုန်ကြပြီ။ အဖိုးကြီးတယောက် သားတွေ၊ သမီးတွေက အစားအသောက် ဆင်ခြင်ဘို့ ပြောတာ နားမထောင်ဘူး။ သူ့မှာ အားကိုးစရာ ရှိတာကိုး။ ဗေဒင်က “သူများသတ်လို့သာ သေရမယ်” လို့ ဟောထားတာ။ ဝမ်းရောဂါကအစ ဘာရောဂါမှ ဂရုစိုက်စရာ မလိုဘူးပေါ့။ ကူးပါလေရော၊ ဖြစ်ပါလေရော။ သေပါလေရော။ ကာလဝမ်းမို့ ချက်ချင်း သင်္ဂြိုလ်ကြရတယ်။ အကာလညအခါ ဖျာလိပ်ထဲမှာထည့် သင်္ချိုင်းကုန်းပို့ရတယ်။ သုဘရာဇာများက မူးချိန်ပေါ့။ အဖိုးကြီးအလောင်း တွင်းထဲပြစ်ချ၊ အရက် ဆက်ချနေလိုက်ကြတယ်။ အဖိုးကြီးက တကယ် မသေသေးဘူး။ Coma-like state မြောနေတယ် ခေါ်တာမျိုးပေါ့။ သတိပြန်ရလို့ မြေကျင်းထဲက ထလာတော့တယ်။ အရက်မူးမူးနဲ့ သုဘရာဇာတွေက တစ္ဆေမှတ်ပြီး၊ ပေါက်ပြားနဲ့ ခေါင်းချလိုက်တာ အခုမှ တကယ်သေပါလေရော။ မှန်လိုက်တဲ့ ဗေဒင်။

ဝမ်းရောဂါ ကင်းစင်ကြပါစေ။

Dr. တင့်ဆွေ
၁၄-၆-၂ဝ၁ဝ

iPhone အသုံးပြုနည်း နှင့် Android ဖုံးအသုံးပြုနည်း ( မြန်မာ Ebook )

နာမည်ကြီးနေတဲ့ iPhone နဲ့ Android ဖုံး အသုံးပြုနည်း တွေကို မြန်မာလို ရေးသား ထားတဲ့ စာအုပ်လေးတွေပါ... မသိသေး မရှိသေးတဲ့ သူငယ်ချင်းများ လေ့လာလို့ အဆင်ပြေအောင် ပြန်လည် မျှဝေပေးလိုက်ပါတယ်...။
ဗဟုသုတ တိုးပွားကြပါစေ....။

ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း)
အဆင်မပြေတာလေးများရှိရင် အောက်လင့်မှာ ကွန်မက်ပေး မေးမြန်နိုင်ပါတယ်

(သီလ၀ါ အထူးစီးပွားရေးဇုန်၏ တောင်ဘက်အခြမ်းကိုမူ တရုတ်စီးပွားရေး လုပ်ငန်းရှင်များအတွက် )

လက်ရှိ ဖော်ထုတ်နေဆဲဖြစ်သော သီလ၀ါ အထူးစီးပွားရေးဇုန်၏ တောင်ဘက်အခြမ်းကိုမူ တရုတ်စီးပွားရေး လုပ်ငန်းရှင်များအတွက် လျာထားပြီး ကျန်သည့် မြောက်ဘက်အခြမ်းအား ကိုရီးယား၊ ဂျပန်၊ စင်ကာပူ နှင့်နိုင်ငံတကာ ကုမ္ပဏီများပေးရန် လျာထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရရှိထားသော သတင်းများအရ သိရှိရသည်။

မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန် ဥပဒေ (The Union of Myanmar Special Economic Zone Law) ကို ၂၀၁၁ခုနှစ် ဇန်န၀ါရီလတွင် ပြဋ္ဌာန်းခဲ့ပြီး လက်ရှိအခြေအနေတွင် ထားဝယ် အထူးစီးပွားရေးဇုန်၊ သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့ကို ဖော်ထုတ်နေကြောင်း သိရှိရသည်။

“မြန်မာနိုင်ငံရဲ့ အထူးစီးပွားရေးဇုန်ဥပဒေမှာ tau holiday ကို ငါးနှစ်ပေးထားပါတယ်။ ပြီးတော့ ဒုတိယငါးနှစ်မှာ နောက်ထပ် ၅၀ရာခိုင်နှုန်း ထပ်ပေးမှ ဖြစ်ပါတယ်။ တစ်ခါ တတိယငါးနှစ်မှာ ၅၀ ရာခိုင်နှုန်း ထပ်လျော့ပြီး reinvest လုပ်လို့ expart sale အပေါ်မှာလည်း သက်သာခွင့်ထပ်ပေးသွားမှာပါ။ ပြီးတော့ Custom duty  ကင်းလွတ်ခွင့်နဲ့ ပတ်သက်လို့ကတော့ export Processing Zone အတွက်သွင်းလာတဲ့ ကုန်ကြမ်းတွေ၊ စက်တွေ၊ ယန္တရားတွေ ကို အခွန်ကင်းလွတ်ခွင့် ပေးသွားမှာပါ။ export Processing Zone က အပ အခြားဇုန်တွေမှာ စက်ပစ္စည်းတွေ၊ ယန္တရားတွေ တင်သွင်းလာရင် အခွန်ငါးနှစ် ကင်းလွတ်ခွင့်ပေးမှာဖြစ်သလို နောက်ထပ်ငါးနှစ်အတွက် လည်း အခွန်ကင်းလွတ်ခွင့်ပေးထားပါတယ်” ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

အလားတူ မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် ကာကွယ်ရေး သဘောတူစာချုပ်ကို နိုင်ငံပေါင်းခုနစ်နိုင်ငံနှင့် ချုပ်ဆိုထားပြီ ယင်းခုနစ်နိုင်ငံမှာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ အိန္ဒိယနိုင်ငံနှင့် ကူဝိတ်နိုင်ငံတို့ဖြစ်သည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ၀င်ငွေကို ဈေးကွက်ပေါက်ဈေးနဲ့ လဲလို့ရနေပါပြီ။  account Transfer ကိုလည်း ခွင့်ပြုလိုက်ပြီ။ မလိုအပ်တဲ့ စာရွက်စာတမ်းတွေ လျှော့ချပေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့လည်း အမြန်ဆုံးညှိနှိုင်း ဆောင်ရွက်ပေးနေပါတယ်။ လိုအပ်တဲ့ အကြံဥာဏ်တွေကိုလည်း ပေးပါတယ်။ အရင်တုန်းက ပါမစ်ရဖို့လချီပြီးတော့ ကြာပေမယ့် အခုနှစ်ပတ်အတွင်း ပါမစ်ထုတ်ပေးနေပါပြီ။ ဟိုတုန်းကဆိုရင် ၀န်ကြီးအဖွဲ့ကို တင်ရတယ်။ အခုအဖွဲ့ဝင်တွေ ဆွေးနွေးပြီး ရင်းနှီးမြှုပ်နှံမှု ပါမစ်ကို ထုတ်ပေးနေပါတယ်။ ကုမ္ပဏီမှတ်ပုံတင် လုပ်ငန်းကိုလည်း One stop Service အနေနဲ့ဆောင်ရွက်ပေးနေပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ဒေါ်မြသူဇာက ပြောပြခဲ့သည်။

“အထူးစီးပွားရေးဇုန် ဥပဒေနဲ့ ပြည်ပ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဥပဒေ မတူပါဘူး။ FDI နဲ့ရင်းနှီးမြှုပ်နှံမယ် ဆိုရင် အခွန်ကင်းလွတ်ခွင့်ကို သုံးနှစ်ပေးတယ်။ ဒါပေမယ့် ထုတ်လုပ်တဲ့ ပစ္စည်းကို ပြည်တွင်းရော ပြည်ပမှာပါ ရောင်းချခွင့်ရှိတယ်။ SEZ lawနဲ့ဆိုရင်တော့ အခွန်ကင်းလွတ်ခွင့်ကို ငါးနှစ်ပေးပြီးတော့ သူကတော့ ပြည်တွင်းမှာ ရောင်းချခွင့်မရှိဘဲ ပြည်ပကို ပြန်ပြီး Export လုပ်ဖို့အတွက်ပဲ ခွင့်ပြုပေးပါတယ်” ဟု လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် က ပြောပြခဲ့သည်။
(ရဲဇော်ကို)

ခြေထောက် သုံးချောင်းနဲ့ ပြည့်တန်ဆာမ

Posted: 07 Apr 2012 08:34 AM PDT
ဘလန့်ခ်ျ ဒူးမတ်စ် ဆိုတဲ့အမျိုးသမီးရဲ့ ထူးဆန်းတဲ့အကြောင်းကတော့ စိတ်ကူးယဉ် ပုံပြင်ဝတ္ထုတွေထက် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ် ။ဘလန့်ခ်ျ ဒူးမတ်စ် ကို ပြင်သစ်လူမျိုး ဖခင်နဲ့ လူမည်းသွေးအနည်းငယ်ပါတဲ့ မိခင်တို.က မာတင်းနစ်ကျွန်းစုမှာ ၁၈၆၀ ခုနှစ်တွင် မွေးဖွားတယ်လို. ယုံကြည်ရပါတယ် ။သူမအသက် ၂၅ နှစ်တွင် ဆေးပညာမှ မူမမှန်မှုများနဲ့
ထူးခြားမှုများ ဆိုတဲ့ စာတမ်းမှာဖေါ်ပြခံရပါတယ် ။ အဲဒီစာတမ်းမှာ သူမကို
"modified duplication of the lower body " လို. ရည်ညွန်းခဲ့ပါတယ် ။


သူမမှာ ကြီးမားကျယ်ပြန့်တဲ့ တင်ပါးဆုံအရိုးကွင်း ရှိပြီး ကောင်းစွာဖွံ့ဖြိုးမှုမရှိတဲ့ြေ
ခထောက်နှစ်ချောင်းနဲ့  တတိယခြေထောက်တစ်ချောင်းက သူမရဲ့ ပေါင်ခွကြားမှာ ကပ်နေတယ် ။ နောက်ပြီး သူမမှာ ကောင်းစွာဖွံ့ဖြိုးတဲ့ ပုံမှန်ရင်သားနှစ်ဖက်ပါရှိပြီး ၊ ဆီးခုံအပေါ်ဘက်မှာ နို့သီးခေါင်းပါဝင်ပြီး ဖွံ့ဖြိုးမှုမရှိ တဲ့ သေးငယ်တဲ့ ရင်သားတစ်စုံလည်း အပိုပါရှိပါတယ် ။ ဒါ့အပြင် ဘလန့််ခ်ျဆီမှာ ကောင်းစွာဖွံ့ဖြိုးပြီး ပုံမှန်အတိုင်းဖြစ်တဲ့ မမျိုးပွားအင်္ဂါအပြည့်အစုံ နှစ်ခု ရှိပါတယ် ။ (ဟုတ်မဟုတ်မသေချာပေမဲ့) အဲဒီနှစ်ခုလုံးက ပုံမှန်အတိုင်း ကောင်းစွာအာရုံခံစားနိုင်မှုရှိတယ်လို့ ဆိုပါတယ် ။


သူမရဲ့ တဏှာရာဂ စိတ်ဆန္ဒပြင်းပြမှုကတော့ အလွန်သိသာလှပါတယ် ။ သူမဟာ အမျိုးသားများနဲ့ ဆက်ဆံလိုစိတ်ပြင်းပြပြီး၊ သူမရဲ့ လိင်အင်္ဂါနှစ်ခုလုံးကို ဆက်ဆံစေချင်စိတ်ဖြစ်တာပါ တဲ့ …
သူမဟာ ပဲရစ်မြို့တော်ကို ပြောင်းရွေ့သွားပြီးနောက် ပြည့်တန်ဆာတစ်ယောက်ဖြစ်လာခဲ့တယ် ။

Sunday, April 8, 2012

ကြားဖြတ်ရွှေးကောက်ပွဲမှ ကိုယ်စားလှယ်များ

ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရာနှုန်းပြည့်နီးပါးဖြင့် အနိုင်ရပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နေရာတစ်နေရာစီ  အနိုင်ရရှိခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဧပြီလ ၂ ရက်၊ ၃ ရက်နေ့ ထုတ်ပြန်ကြေညာချက်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၄၃ နေရာတွင် အနိုင်ရရှိပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က နေရာတစ်နေရာစီ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကြားဖြတ်ရွေးကောက်ပွဲများ၌ ကျင်းပခဲ့သည့် မဲဆန္ဒနယ် ၄၄ နေရာတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာမှ ၄၃ နေရာတွင် အနိုင်ရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၉၈ ရာခိုင်နှုန်းနီးပါးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ကျင်းပခဲ့သည့် မဲဆန္ဒနယ် ၄၄၇ နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ ၃၉၂ နေရာတွင် အနိုင်ရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၈၇ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီသည်  ကြားဖြတ်ရွေးကောက်ပွဲများ၌ ကျင်းပခဲ့သည့် မဲဆန္ဒနယ်သုံးနေရာတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာမှ တစ်နေရာတွင် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ကြားဖြတ်ရွေးကောက်ပွဲများ၌ ကျင်းပခဲ့ သည့် မဲဆန္ဒနယ် ၄၅ နေရာအားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ တစ်နေရာတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အမည် မဲဆန္ဒနယ် ကိုယ်စားပြုပါတီ
ဒေါ်အောင်ဆန်းစုကြည် ကော့မှူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါ်ဖြူဖြူသင်း မင်္ဂလာတောင်ညွှန့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါက်တာမေ၀င်းမြင့် မရမ်းကုန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးဖြိုးမင်းသိန်း လှည်းကူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါက်တာမျိုးအောင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါ်စုစုလွင် သုံးခွ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါ်စန္ဒာမင်း ဇမ္ဗူသီရိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးနိုင်ငံလင်း ဒက္ခိဏသီရိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးဖြိုးဇေယျာသော်(ခ)ဇေယျာသော် ပုဗ္ဗသီရိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးမင်းသူ ဥတ္တရသီရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးခင်မောင်သိန်း စစ်ကိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါ်ခင်စန်းလှိုင် ပုလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးအောင်စိုး လောင်းလုံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးအောင်စိုးမြင့် တောင်ငူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးစိန်ထွန်း ထန်းတပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးကျော်မင်း လက်ပံတန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးမြင့်ဦး သနပ်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးပိုက်ကို ပခုက္ကူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါက်တာအောင်မိုးညို ပွင့်ဖြူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးမြင့်သိန်း မကွေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးမြင့်အောင် မြိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးတိုးရွှေ(ခ)ဦးတင်ဌေးအောင် ရေစကြို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါ်ခင်သန္တာ တံတားဦး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါက်တာဇော်မြင့်မောင် ကျောက်ပန်းတောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးပေါခင် နွားထိုးကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးအုန်းကြိုင် မဟာအောင်မြေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးဝင်းထိန် မိတ္ထီလာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးကျော်သီဟ ပြင်ဦးလွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါ်ခင်ဌေးကြွယ် မော်လမြိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါက်တာဒေါ်သန်းငွေ ကလော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးဝင်းမြင့် ပုသိမ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးစိန်ဝင်း မအူပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးမန်းဂျော်နီ မြောင်းမြ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးကျော်မြင့် မြန်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါ်မြင့်မြင့်စန်း ၀ါးခယ်မ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါ်ခင်မွှေးလွင် မင်းကင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါ်တင်တင်ရီ ကျွန်းစု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးမင်းဦး ပဲခူးတိုင်းဒေသကြီးအမှတ်(၇) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးအောင်ကြည်ညွှန့် မကွေးတိုင်းဒေသကြီးအမှတ်(၄) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးသိမ်းဆွေ ဧရာဝတီတိုင်းဒေသကြီးအမှတ်(၁၀) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါက်တာမြင့်နိုင် စစ်ကိုင်းတိုင်းဒေသကြီးအမှတ်(၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးမျိုးခိုင် ပဲခူးတိုင်းဒေသကြီးက၀(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါက်တာလှမြတ်သွေး ဧရာဝတီတိုင်းဒေသကြီးရေကြည်(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးစိုင်းစံမင်း ရှမ်းပြည်နယ်အမှတ်(၃) ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
ဦးတင်မြ စစ်ကိုင်းတိုင်းဒေသကြီးအမှတ်(၇) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

(ဒေါ်အောင်ဆန်းစုကြည်နှင့် KNU တွေ့ဆုံ )

ဒေါ်အောင်ဆန်းစုကြည်နှင့် KNU တွေ့ဆုံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့သည် ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ ဧပြီလ ၈ ရက် နံနက်ပိုင်းက နှစ်နာရီ နီးပါးမျှ တွေ့ဆုံဆွေးနွေးခဲ့ရာ တိုင်းပြည်တွင် စစ်မှန်သည့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး အဓိကဆွေးနွေးခဲ့သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်က ''ဒီလို KNU အဖွဲ့နဲ့ တွေ့ရတာဟာ အင်မတန်မှ ထူးခြား တဲ့ဖြစ်ရပ်တစ်ခုဖြစ်သလို ၀မ်းသာ စရာဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ဦးတည်ချက်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုဖြစ်တာကြောင့် မို့လို့ တိုင်းရင်းသားများအားလုံးဟာ စုစုစည်းစည်းနဲ့ ဒီဖြစ်စဉ်ထဲမှာပါဝင် ရမယ်ဆိုတဲ့ ယုံကြည်ချက်လည်းဖြစ် ပါတယ်။ အခုလိုကျွန်မတို့တွေ့ဆုံနိုင် တယ်ဆိုလို့ရှိရင် တစ်ယောက်နဲ့တစ် ယောက် အမြင်ချင်းဖလှယ်နိုင်တယ်၊ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး တော့ရင်းနှီးမှုဖြစ်လာနိုင်တယ်။ကျွန်မ တို့ရဲ့အမျိုးသားရင်ကြားစေ့ရေးဖြစ် စဉ်ကိုအများကြီးအထောက်အကူဖြစ် နိုင်တယ်ဆိုတာကို ယုံကြည်တဲ့အ လျောက် ဒီလိုတွေ့နိုင်တာအတွက် ကျွန်မတို့ အင်မတန်မှဝမ်းသာတယ်။ အင်မတန်မှဂုဏ်ယူတယ်။ဒီလိုပဲဆက် ခါဆက်ခါအများကြီးအကြိမ်ပေါင်း များစွာတွေ့နိုင်ရမယ်။ ဒီလိုတွေ့ခြင်း များဟာ ကျွန်မတို့တစ်ကယ် စစ် မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုကြီး ထူထောင်ရေးအတွက်ဖြစ်စေရမယ် လို့အခိုင်အမာကိုခံယူထားတဲ့ယုံကြည် ချက်ဖြစ်ပါတယ်ဆိုတာပြောပါရစေ။ အခုဆွေးနွေးရတာ အင်မတန်မှ အား ရပါတယ်။ အမြင်ချင်းလည်း တူနေ တာတွေကြောင့်မို့လို့ နောင်ညီညွတ် မှုအတွက် အင်မတန်မှကောင်းတဲ့အ လားအလာပါလို့ ကျွန်မပြောနိုင်ပါ တယ်''ဟု မီဒီယာများသို့ ပြောကြား ခဲ့သည်။
(ရဲဇော်ကို)

ကူရာ ကယ်ရာမဲ့ တိဘက် ( ကြောက်တတ်သူများနှင့်နှလုံးရောဂါရှိသူများမကြည့်သင့် )

တိဘက် ဟာ တရုတ်ပြည်သူသမ္မတနိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်ပါတယ် ။ တရုတ်နိုင်ငံရဲ့ လက်အောက်ခံဒေသတွေဖြစ်တဲ့
မွန်ဂိုလီးယား နဲ့ တိဘက် တို့မှာ တရုတ်လူမျိုး အနည်းစုသာနေထိုင်ကြပြီး မွန်ဂိုလူမျိုး ၊ တိဘက်လူမျိုးစတဲ့ ဌာနေတိုင်းရင်းသားတွေဟာ တရုတ်
နိုင်ငံရဲ့ ပြင်းထန်တဲ့ဖိနှိပ်အုပ်ချုပ်မှု
့တွေကို ရပ်တန့်ပြစ်ဖို့ ဆန္ဒပြတောင်းဆိုနေခဲ့ကြတာ ကြာပါပြီ ။

တိဘက်မှ တိမ်းရှောင်လာတဲ့ တိဘက်လူမျိုးတွေဟာ နိပေါ နိုင်ငံမှာ ၀င်ရောက်ခိုလှုံလေ့ရှိကြပါတယ် ။ အဲ့ဒီနောက် နိပေါနိုင်ငံရောက် တိဘက်လူမျိုး
တွေဟာ တရုတ်အစိုးရကို နိပေါနိုင်ငံမှာ ဆန္ဒပြကြတဲ့အခါမှာတော့ တရုတ်အစိုးရရဲ့ ပြင်းထန်တဲ့ သံခင်းတမန်ခင်းကြောင့် နိပေါအစိုးရဟာ တိဘက်
လူမျိုးတွေကို အပြင်းထန်ဆုံးနည်းလမ်းတွေနဲ့ဖြိုခွဲလေ့ရှိကြပါတယ် ။

တိဘက် ဒေသမှ နိုင်ငံရေးလှုပ်ရှားသူတွေဟာ လစဉ် ၃၀၀ ကျော်ခန့်သေကြေလေ့ရှိပြီး ၊လစဉ် ထောင်ချီအဖမ်းခံနေကြရပါတယ်လို့ UNDP ရဲ့
တိဘက် 2011 အစီရင်ခံစာမှာ ဖေါ်ပြထားခဲ့ပါတယ် ။ တိဘက်ရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှု့အပေါ် အမေရိကန်အစိုးရဟာ အစဉ်ကန့်ကွက်
လေ့ရှိပေမယ့် တရုတ်နိုင်ငံကိုတော့ ဘာမှ ထိရောက်စွာ မတုန့်ပြန်နိုင်ခဲ့ပါဘူး ။

အောက်က ဖေါ်ပြထားတဲ့ ဓါတ်ပုံတွေဟာ တိဘက်ဒေသ ရဲ့ ကြေကွဲဖွယ် အဖြစ်ဆိုးတွေကိုမီးမောင်းထိုးပြနေခဲ့ပါတယ် ။ တိဘက်ဟာ ကူရာကယ်ရာ
မဲ့နေခဲ့ရပါပြီ ။
          



ရှာမှရှားတဲ့ မြန်မာ့သုခမိန်- ယောမင်းကြီးဦးဘိုးလှိုင်

" ငလှိုင်၊ သည်လှံကို ကြည့်စမ်း၊ မည်သူကိုင်တဲ့ လှံတုံး" ဟု မင်းတုန်းမင်းတရားကြီးက မေးလေရာ
" အရှင့်ခမည်းတော်ကိုင်သောလှံဖြစ်ပါကြောင်း" ယောမင်းကြီးဦးဘိုးလှိုင်က လျှောက်သည်။
မင်းတရားကြီးက "ငါ့ခမည်းတော် သည်လှံနှင့် မည်သူ့ကို စီရင်သတုန်း" ဟု ဆက်မေးတော်မူရာ
"ကျွန်တော်မျိုးကျေးဇူးရှင် အဖကို စီရင်ပါကြောင်း" လျှောက်၏။
"သည်လှံတော်နှင့် မောင်မင်းစီရင်ခြင်းကို ခံလိုသလား" ဟု မေးတော်မူရာ
ယောမင်းကြီးဦးဘိုးလှိုင်က "ထိုးတော်မူပါဘုရား" ဟု ပြောကာ ရင်ဘတ်ကို ကော့၍ ပေးလေသည်
အထက်ပါဖြစ်ရပ်လေးကတော့ မင်းတုန်းမင်းနဲ့ ယောမင်းကြီးဦးဖိုးလှိုင်တို့ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်လေးပါ။
ယောမင်းကြီးဦးဖိုးလှိုင်အကြောင်းဆိုရင် ကျွန်တော်တို့ နှောင်းလူတွေဟာ အထက်ပါဖြစ်ရပ်နဲ့ ကင်းဝန်မင်းကြီးဦးကောင်းက ပြင်သစ်ကို မိုးကောင်းပတ္တမြားမြေ ရောင်းခဲ့တဲ့ကိစ္စ ၀င်ဖြေရှင်းပေးခြင်းတို့လောက်သာ သိကြတာပါ။
တကယ်တော့ ယောမင်းကြီးဦးဘိုးလှိုင်ဟာ တိုင်းပြည်နဲ့လူမျိုးအတွက် အလုပ်တွေအများကြီးလုပ်ခဲ့တဲ့၊ တုနှိုင်းမရတဲ့ သုခမိန်တစ်ယောက်ဖြစ်ပါတယ်။
ကနောင်မင်းသားကြီး ဦးဆောင်တဲ့ စက်မှုခေတ်ပြောင်းတော်လှန်ရေးမှာ ကနောင်မင်းသားဟာ ဦးဆောင်သူ၊ လက်တွေ့သမားဖြစ်ပြီး ယောမင်းကြီးဦးဘိုးလှိုင်ကတော့ လက်တွဲလုပ်ကိုင်သူ ရဲဘော်ရဲဘက်၊ အကြံဥာဏ်ပေးသူ သဘောတရားရေးရာပညာရှင်ဖြစ်ပါတယ်။
ဦးဘိုးလှိုင်ဟာ စက်မှုခေတ်တည်ထောင်ဖို့သာမက နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စသဖြင့် မြန်မာနိုင်ငံကို အဖက်ဖက်က ခေတ်သစ်နိုင်ငံဖြစ်စေရန် ကြိုးပမ်းအားထုတ်ခဲ့သူဖြစ်ပါတယ်။
သူကိုယ်တိုင်ဟာလည်း သက္ကတ၊ ပါဠိ၊ မြန်မာစာပေများအပြင် အနောက်တိုင်းဝိဇ္ဇာ၊သိပ္ပံပညာရပ်တွေမှာလည်း နှံ့စပ်စွာ လေ့လာလိုက်စားခဲ့သူဖြစ်ပါတယ်။
ပညာရပ်ပေါင်းများစွားနဲ့ သက်ဆိုင်တဲ့ ကျမ်းပေါင်းများစွာ ပြုစုခဲ့သူလည်း ဖြစ်ပါတယ်။
တစ်ယောက်တည်းနဲ့ တက္ကသိုလ်တစ်ခု တည်ထောင်နိုင်လောက်အောင် ပညာရပ်ပေါင်းများစွာ လေ့လာလိုက်စားခဲ့သူဖြစ်တယ်လို့ ပြောစမှတ်ပြုကြပါတယ်။
ဦးဘိုးလှိုင်ဟာ ပုဂံမင်းကို တော်လှန်တဲ့ မင်းတုန်း၊ကနောင် မင်းနှစ်ပါး အရေးတော်ပုံမှာ စတင်ထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။
အရေးတော်ပုံအောင်မြင်ဖို့အတွက် မင်းတုန်းမင်းနဲ့ မြောက်ဆောင်တော်မိဖုရားတို့ရဲ့ မွေးစားသားလည်းဖြစ်တဲ့ ဦးဘိုးလှိုင်ရဲ့ အကြံပေးမှုတွေဟာ အရေးပါခဲ့တာမို့ မင်းတုန်းမင်းနန်းတက်ချိန်မှာ ယောမြို့စားမင်းသားအဖြစ် ချီမြှောက်ခံခဲ့ရပါတယ်။
အဲဒီအချိန်တုန်းက ဦးဘိုးလှိုင်အသက်က ၂၃နှစ်ပါ။
နောက်ပိုင်း ဦးဘိုးလှိုင်ဟာ ယောက္ခမဖြစ်သူ မကွေးဝန်ကြီး ဦးကြာဥနဲ့အတူ နိုင်ငံခြားဆက်ဆံရေးကိစ္စရပ်တွေ တာဝန်ယူဆောင်ရွက်ခဲ့ရတာမို့ အသိပညာတွေ ပိုမိုတိုးပွားလာခဲ့ပါတယ်။
လက်တွေ့သမားကနောင်မင်းသားနဲ့ အတွေးအခေါ်သမားဦးဘိုးလှိုင်တို့ လက်တွဲအလုပ်လုပ်ကြစဉ်အခါတုန်းက မြန်မာနိုင်ငံကြီးရဲ့ အနာဂတ်ဟာ လင်းလက်နေခဲ့ပါတယ်။
ခေတ်သစ်နိုင်ငံတည်ထောင်ဖို့ရာ အနောက်နိုင်ငံများထံမှ ပညာသင်ယူဖို့လိုအပ်တာမို့ ကနောင်မင်းသားနဲ့ ဦးဘိုးလှိုင်တို့ ဦးစီးပြီး ပြင်သစ်၊ အီတလီ၊ အင်္ဂလန်နိုင်ငံများဆီ ပညာတော်သင်တွေ ရွေးချယ်စေလွှတ်ခဲ့ပါတယ်။
ကနောင်မင်းသားကြီးဟာ သူ့ရဲ့စီမံကန်းမှာ လက်တွေ့လုပ်ငန်းတွေကို သူကိုယ်တိုင်ဦးဆောင်လုပ်ကိုင်ပြီး ပညာရပ်ဆိုင်ရာတွေကိုတော့ ဦးဘိုးလှိုင်ကို အကူအညီတောင်းလေ့ရှိပါတယ်။
မြန်မာဘာသာကြေးနန်းရိုက်နည်း တီထွင်နိုင်ခဲ့တာကတော့ ဦးဘိုးလှိုင်ရဲ့ အထင်ရှားဆုံးတီထွင်မှုပါပဲ။
မြန်မာသင်ပုန်းကြီးမှ အခြေခံ ဗျည်း၊သရနဲ့သင်္ကေတ ၆၂မျိုးကို စုပေါင်းပြီး ဗျည်း၊သရ ၂၅မျိုးသာ အသုံးပြုထားတဲ့ ကြေးနန်းရိုက်နည်းဖြစ်ပါတယ်။
အဲဒီအတွက် ရေးသားခဲ့တဲ့ ကျမ်းနာမည်ကတော့ လိပိဒီပိကာကျမ်းဖြစ်ပါတယ်။
ဦးဘိုးလှိုင်ရဲ့ တီထွင်နိုင်တဲ့ ဥာဏ်ပညာကို အနောက်နိုင်ငံသားတွေက ချီးကျူးခဲ့ကြပါတယ်။
ဒါ့အပြင် ဦးဘိုးလှိုင်ဟာ လီလာဝတီကျမ်းကို သက္ကတဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။
လီလာဝတီကျမ်းဟာ သင်္ချာဘာသာရပ်နဲ့ ပတ်သက်တာဖြစ်ပြီး အမျိုးမျိုးသော သင်္ချာတွက်နည်းများကို ရေးသားထားတာပါ။
စက်မှုလုပ်ငန်းတွေ ထွန်းကားလာဖို့ လိုလားတဲ့ ဦးဘိုးလှိုင်ဟာ နိုင်ငံခြားပြန်တပည့်တွေအကူအညီနဲ့ ခေတ်မီသိပ္ပံပညာရပ်တွေကို မြန်မာဘာသာပြန်ဆိုဖို့ ကြိုးစားခဲ့ပါတယ်။
ပထမဆုံးပေါ်ထွက်လာတဲ့ကျမ်းကတော့ လောကဓာတ်ဆေးကျမ်းကြီးပါ။
ဖန်ချက်ဝန်ဦးရွှေအိုးအကူအညီနဲ့ ပြင်သစ်ဘာသာကနေ ပြန်ဆိုထားတဲ့ အဲဒီကျမ်းကြီးဟာ အနောက်တိုင်းဓာတုဗေဒပညာရပ်အကြောင်း ပြည့်စုံစွာ ရေးသားထားတာဖြစ်ပါတယ်။
ဦးဘိုးလှိုင်ဟာ ခေတ်သစ်ပညာရပ်တွေ ရေးသားနေချိန်မှာပဲ ရှေးဟောင်းပညာရပ်တွေကိုလည်း ပြန်လည်ဖော်ထုတ်ရေးသားနေခဲ့ပါတယ်။
အဲဒါတွေကတော့ အဿဗေဒကျမ်း(မြင်းတို့၏ကြန်အင်လက္ခဏာအကြောင်း)နဲ့ သဒ္ဒသင်္ဂဟကျမ်း(ဘာသာရေးနှင့်သက်ဆိုင်သောကျမ်း)တို့ ဖြစ်ပါတယ်။
ရာထူးမမြဲတဲ့ဦးဘိုးလှိုင်ဟာ ကနောင်မင်းသားလုပ်ကြံခံရတဲ့ အရေးအခင်းကာလအတွင်း အမရပူရမှာ အကျယ်ချုပ်ကျနေခဲ့ပါတယ်။
အဲဒီအချိန်အတောအတွင်းမှာ ဦးဘိုးလှိုင်ဟာ ကမ္ဘာ့ဝါဒကြီးတွေဖြစ်တဲ့ ဟိန္ဒူတို့ရဲ့ ဗြဟ္မာဝါဒ၊ အနောက်တိုင်းမှ GOD၀ါဒ၊ SOUL၀ါဒ၊ ပသီကုလားတို့ရဲ့ ခိုဒါခေါ် လောကဖန်ဆင်းရှင်ဝါဒတို့ကို မြန်မာဗုဒ္ဓဘာသာကျမ်းဂန်တွေနဲ့ တိုင်းညှိဝေဖန်ထားတဲ့ ၀ိမုတ္တိရသကျမ်းကို ရေးခဲ့ပါတယ်။
အလွယ်ပြောရရင် ကမ္ဘာ့ဘာသာပေါင်းစုံအကြောင်းရေးထားတာပါ။
ရာထူးပြန်ရပြီးတဲ့နောက်မှာ ပခန်းကြီးမြို့စားမင်းကြီးရဲ့ တောင်းပန်ချက်အရ မဟာသမတ၀ိနိစ္ဆယစာတမ်းကို နေ့ချင်းပြီး ရေးသားစီရင်ပါတယ်။
အကြောင်းအရာကတော့ မင်းကောင်းမင်းမြတ်တို့ ကျင့်သုံးအပ်တဲ့ တရားတွေအကြောင်းပါ။
နောက်ပိုင်းရာထူးကျပြန်တဲ့ ဦးဘိုးလှိုင်ဟာ ကင်းဝန်မင်းကြီး ပြင်သစ်ကို မိုးကုတ်ပတ္တမြားမြေ ရောင်းခဲ့တဲ့ ကိစ္စနဲ့ ရာထူးပြန်ရပြန်ပါတယ်။
နန်းစဉ်ပတ္တမြားငမောက်ကို ပြင်သစ်တွေကို တန်ဖိုးဖြတ်ခိုင်းတာ မဖြတ်နိုင်လို့ အဲဒီလိုပတ္တမြားတွေ အများကြီးရှိနိုင်တဲ့ မိုးကုတ်ကို ၀ယ်နိုင်မှာမဟုတ်ဘူးဆိုပြီး စာချုပ်ပြန်ဖျက်ခဲ့ရတာပါ။
အဲဒီနောက်ပိုင်းမှာ ဦးဘိုးလှိုင်ဟာ ကာယာနုပဿနာကျမ်းကို အီတလီ(ရောမ)ဘာသာကနေ ပြန်ဆိုပါတယ်။
စလင်းမြို့စားမင်းသမီးရဲ့ တောင်းပန်ချက်အရရေးတဲ့ အဲဒီကျမ်းဟာ အနောက်တိုင်းမှာ ကျော်ကြားနေတဲ့ အနာတမီ ခေါ် ခန္ဓာဗေဒအကြောင်း ပြဆိုထားတဲ့ ကျမ်းဖြစ်ပါတယ်။
ဦးဘိုးလှိုင်ဟာ ဗိသုကာပညာလည်း လေ့လာခဲ့ပုံပါပဲ။
ဘာကြောင့်လဲဆိုရင် သူဦးစီးတည်ဆောက်ခဲ့တဲ့ ဣဋ္ဌရာမမြောက်ပြင်ကျောင်းတိုက်ကြီးနဲ့ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်တို့ဟာ ရောမဗိသုကာပုံစံကိုမှီးပြီး မြန်မာဆန်ဆန်အင်္ဂတေပန်းများနဲ့ ပေါင်းစပ်မွမ်းမံတည်ဆောက်ခဲ့တာမို့ အသွင်သစ်ဗိသုကာပညာလို့တောင် ခေါ်ဆိုနိုင်ပါတယ်။
နောက်ပိုင်း မင်းတုန်းမင်းနာမကျန်းဖြစ်လာတဲ့အခါ နန်းတွင်းမှာ ဆင်ဖြူမရှင်မိဖုရားကြီးရဲ့ သြဇာလွှမ်းလာပြီး ဦးဘိုးလှိုင်ဟာ အရာကျသလို မှေးမှိန်သွားခဲ့ပါတယ်။
မင်းတုန်းမင်းနတ်ရွာစံပြီးတဲ့နောက် ဆင်ဖြူမရှင်မိဖုရားကြီးနဲ့ အပေါင်းပါတွေရဲ့ ထင်သလိုခြယ်လှယ်မှုတွေကြောင့် သွေးစွန်းခဲ့တဲ့ နန်းတွင်းမှာ သီပေါမင်း နန်းတက်လာခဲ့ပါတယ်။
သီပေါမင်းက ဦးဘိုးလှိုင်ကို ရွှေပြည်ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
သီပေါမင်းလက်ထက်မှာ ဦးဘိုးလှိုင်ဟာ စည်းမျဉ်းခံဘုရင်စနစ်နဲ့ ဆင်တူတဲ့ နိုင်ငံရေးအတွေးအခေါ်သစ်ဖြစ်တဲ့ ရာဇဓမ္မသင်္ဂဟကျမ်းကို ရေးသားဆက်သွင်းခဲ့ပါတယ်။
သတိပြုစရာကတော့ ဦးဘိုးလှိုင်ဟာ အဲဒီကျမ်းရေးသားရာမှာ အနောက်တိုင်းအတွေးအခေါ်သက်သက်ကို ပုံတူကူးထားတာမဟုတ်ဘဲ မြန်မာ့ရှေးဟောင်းအုပ်ချုပ်ရေးကျမ်းများစွာနဲ့ ညှိနှိုင်းရေးသားခဲ့တာပါ။
ဒီကျမ်းဆက်သွင်းပြီးနောက်မှာ ဦးဘိုးလှိုင်ဟာ မင်းခစားအဖြစ်က အပြီးအပိုင် အနားယူလိုက်ရပါတော့တယ်။
မင်းခစားမဟုတ်တော့တဲ့နောက်ပိုင်းမှာလည်း ဦးဘိုးလှိုင်ဟာ ကျမ်းများပြုစုခဲ့ပါသေးတယ်။
အနောက်တိုင်းဆေးပညာနဲ့ အရှေ့တိုင်းဆေးပညာကို ပေါင်းစပ်ရေးသားထားတဲ့ ဥတုဘောဇနသင်္ဂဟကျမ်း၊ စာပေအရေးအသားအဖွဲ့အနွဲ့သဘောကိုပြတဲ့ အင်္လကာနိဿယကျမ်း၊ မိမိရဲ့ အသက်အပိုင်းအခြားကို တွက်နိုင်တဲ့ ဗေဒင်ကျမ်း မဟာသုဇာတကကျမ်းတို့ဟာ ထင်ရှားပါတယ်။
မဟာသုဇာတကကျမ်းဟာ ဦးဘိုးလှိုင်နောက်ဆုံးပြုစုခဲ့တဲ့ကျမ်း ဖြစ်ပါတယ်။
တချို့ကတော့ ဦးဘိုးလှိုင်ဟာ အဲဒီကျမ်းမရေးခင်ကတည်းက မိမိအသက်အပိုင်းအခြားကို တွက်ပြီးဖြစ်တယ်လို့ ဆိုကြပါတယ်။
အဲဒီကျမ်းရေးပြီး တရားဓမ္မနဲ့သာနေတော့တဲ့ဦးဘိုးလှိုင်ဟာ နောက်နှစ်နှစ်အကြာမှာ သတိပဋ္ဌာန်တရားတော်ကိုနာယူရင်း ကွယ်လွန်သွားခဲ့ပါတယ်။
သူ့ရဲ့မင်းမှုထမ်းသက်တစ်လျှောက်လုံးမှာ နိုင်ငံနဲ့လူမျိုးအတွက် သတ္တိရှိရှိ အမြဲတမ်းအမှန်တရားဘက်ကပဲ ရပ်တည်ခဲ့တဲ့ ဦးဘိုးလှိုင်ဘ၀ဟာ အတက်အကျများလှပါတယ်။
အတက်အကျများလွန်းတဲ့ဘ၀မှာပဲ နိုင်ငံအတွက် အလုပ်များစွာလုပ်သွားခဲ့တဲ့အပြင် နိုင်ငံသားတွေ အကျိုးများစေမယ့် ကျမ်းပေါင်းမြောက်မြားစွာကိုလည်း ပြုစုသွားခဲ့ပါတယ်။
ရှာမှရှားတဲ့ ပညာရှင်ကြီးဟာ သင်္ချာပညာ၊ ဓာတုဗေဒ၊ အနောက်တိုင်းဆေးပညာ၊ ခန္ဓာဗေဒ၊ နိုင်ငံရေး၊အုပ်ချုပ်ရေးပညာ၊ ဗိသုကာပညာ၊ စာပေနဲ့ ရှေးဟောင်းမြန်မာလောကီပညာများကို လေ့လာလိုက်စားခဲ့တဲ့အပြင် ဘာသာတရားပေါင်းစုံကိုလည်း လေ့လာခဲ့ပြီး ဘာသာတရားကိုင်းရှိုင်းသူလည်းဖြစ်ပါတယ်။
သူတစ်ယောက်တည်းနဲ့ တက္ကသိုလ်ကျောင်းတစ်ခုထောင်လို့ရအောင် ပညာရပ်တွေ လေ့လာခဲ့တဲ့ ယောမင်းကြီးဦးဘိုးလှိုင်ဟာ နှောင်းခေတ်မြန်မာတို့အပေါ် အလွန်ကျေးဇူးကြီးမားခဲ့သူဖြစ်ကြောင်း မှတ်တမ်းပြုရေးသားလိုက်ရပါတယ်။
ကိုးကားစာရင်း
- မြန်မာ့စွယ်စုံကျမ်း အတွဲ-၈ အပိုင်း-ခ
- ပထမမြန်မာများ - မင်းယုဝေ
- ယောမင်းကြီးဦးဖိုးလှိုင်အတ္တုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း - မောင်ထင်
အားလုံးကိုလေးစားစွာဖြင့်
မင်းအရိပ်

သတိမထား မိတာလေးများ

၁။နှလုံးကြွက်သားဟာ သွေးကို လေထဲကို ၁၅ မီတာအထိညှစ်ထုတ်နိုင်တယ်တဲ့.....
၂။လူ့ ခန္ဓာကိုယ်မှာအသန်မာဆုံးကြွက်သားက လျှာပါတဲ့ဗျား.....
၃။မခုန်နိုင်တဲ့ တိရိစ္ဆာန် က ဆင်ပါတဲ့ဗျား..
၎။လိပ်ပြာတွေက ၀တ်ရည် ကိုခြေထောက်နဲ့စုပ်တာတဲ့နော်
၅။ခြင်မှာလည်းသွားရှိတယ်ဗျ
၆။ပိုလာဝက်ဝံတွေက ဘယ်သန်တွေနော်..ဟင်းဟင်း
၇။မိချောင်းတွေက လျှာထုတ်လို့မရဘူးဗျ
၈။ပိုးဟပ်ကလည်းအသက်ပြင်းတယ်...ခေါင်းပြတ်သွားတာတောင် နောက်ထပ်(၉)
ရက်အသက်ရှင်နိုင်တယ်တဲ့..ခေါင်းပြတ်သွားလို့အစာမစားနိုင်လို့သေရတာတဲ့
၉။လူနဲ့ လင်းပိုင်ပဲ လိင်ကိစ္စကို pleasure အနေနဲ့ ခံစားကြတယ်တဲ့..ဟီးဟီး
၁၀။ ၁၁၁၁၁၁၁၁၁*၁၁၁၁၁၁၁၁၁=၁၂၃၄၅၆၇၈၉၉၈၇၆၅၄၃၂၁
၁၁။မျက်စိမမှိတ်ပဲ နှာချေလို့မရဘူးနော့် (မရယ်နဲ့တကယ်ပြောနေတာ)
၁၂။Star fish တွေမှာဦးနှောက်မပါဘူးဗျ
၁၃။ဘဲတွေရဲ့အသံက echo မပါဘူးနော်..ဘာကြောင့်လဲ
၁၄။Cemetery ဆိုတာ ဂရိဘာသာစကား Koimetirion ကလာတာပါတဲ့ ..ဘာလဲဆိုတော့ 
အိပ်ခန်းတဲ့..
၁၅။ဖဲချပ်မှာပါတဲ့ King တွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဘုရင်တွေကို
ကိုယ်စားပြုပါတယ်တဲ့
Spades:King David
Clubs:Alexander The Great
Hearts:Charlemagne
Diamonds:Julius Cesar
၁၆။ပန်းခြံတွေမှာတွေ့ ရတဲ့ မြင်းစီးစစ်သည်ရုပ်တုတွေရဲ့ မြင်းရဲ့ခြေထောက်
(၁) ဖက်ဟာလေထဲမှာရှိနေရင် အဲဒီစစ်သည်ဟာ စစ်ပွဲမှာ ရတဲ့ဒဏ်ရာကြောင့်
သေတာတဲ့၊ (၂)ဖက် လေထဲမှာ ရှိနေရင်စစ်ပွဲမှာကျတာပါတဲ့၊ (၄) ဖက်လုံး
မြေပေါ်မှာ ရှိနေရင်တော့ ရိုးရိုးသေတာပါတဲ့
(ကဲ...ပန်းခြံတွေရောက်ရင်သေချာကြည့်ဖို့မနေ့ ကြနဲ့နော်)
(ရုပ်တုကိုကြည့်ဖို့ပြောတာနော်)
၁၇။ဟိုးရှေးရှေးတုန်းက အင်္ဂလန်မှာ ဘုရင့် ရဲ့အမိန့် မရပဲ
ပြည်သူပြည်သားတွေဟာ လိင်ဆက်ဆံလို့မရကြပါဘူးတဲ့... သူတို့ဟာ
ကလေးလိုချင်ရင် ဘုရင့်ခွင့်ပြုချက်ရမှ...အဲဒီခွင့်ပြုချက်ကို
အိမ်တံခါးဝမှာချိတ်ပြီး လိင်ဆက်ဆံမှုပြုရပါတယ်တဲ့...
ဟီးဟီး..တစ်မျိုးပဲနော်
အဲဒီ Plague ကတော့ဒီလိုလေးပါ... "Fornication Under Consent of the King" (f***)
(ရိုင်းတယ်လို့မထင်စေချင်ပါ... သိစေချင်လို့တင်ပြပေးတာပါခင်ဗျာ...)
၁၈။အင်္ဂလိပ်တွေ သြစတေးလျကို စပြီးခြေချကြတော့ သားပိုက်ကောင်ကို
ဘယ်လိုခေါ်သလဲလို့ စမေးကြပါတယ်တဲ့.... ဒေသခံ သြစတေးလျန်းတွေက "Kan Ghu Ru"
လို့ဖြေကြပါတယ်
ဒါနဲ့ပဲ..ကိုရွှေဥာဏ်ကြီးရှင်တွေက သားပိုက်ကောင်ကို "Kangaroo" လို့
ခေါ်ဝေါ်သမုတ်ခဲ့ပါတယ် သြစတေးလျန်းတွေပြောတဲ့ "Kan Ghu Ru" ဆိုတာက "We
don"t understand you " ပါတဲ့ဗျား..
၁၉။ကိုယ့်တံတောင်ဆစ်ကို ကိုယ့်လျှာနဲ့ကိုယ် လျက်ကြည့်ကြစမ်းပါ..ရလားမသိဘူး
၂၀။ဟိုးအရင်က စစ်ပွဲတွေမှာ တပ်ဖွဲ့ တွေ မပျက်မစီး မဆုံးရှုံးပဲ
ကိုယ့်ရပ်ရွာကိုပြန်လာနိုင်ရင် " 0 killed"
လို့ရေးပြီးပြန်လာကြပါတယ်တဲ့....အဲဒီကနေ ယခုကျွန်တော်တို့တွေ ပြောနေတဲ့
"OK "ဆိုတာ ဖြစ်လာတာပါ..

ထက်မြက်သူနှင့်ညံ့ဖျင်းသူ

ထက်မြက်သူနှင့်ညံ့ဖျင်းသူ
ထက်မြက်သူက နားထောင်ကောင်းသူတစ်ဦးဖြစ်တယ်။
ညံ့ဖျင်းသူက မပြတ်ညည်းတွားတိုင်တန်းတယ်။


ထက်မြက်သူက သင့်လျော်တဲ့အချိန်မှာ တုံးအချင်ဟန်ဆောင်တယ်။
ညံ့ဖျင်းသူက ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုထက်မြက်သူလုပ်တယ်။


ထက်မြက်သူက ဘဝရဲ့အသေးစိတ်အချက်အလက်ကို မှတ်သားတယ်။
ညံ့ဖျင်းသူက တစ်ဖက်သားရဲ့အားနည်းချက်တိုင်းကို မှတ်သားတယ်။


ထက်မြက်သူက ကိုယ့်ကိုယ်ကို ဟာသလုပ်တယ်။
ညံ့ဖျင်းသူက တစ်ဖက်သားကို ဟာသလုပ်တယ်။


ထက်မြက်သူက ဆင်းရဲနွမ်းပါးချိန်မှာလည်း အိနြေ္ဒထိန်းနိုင်တယ်။
ညံ့ဖျင်းသူက ချမ်းသာကြွယ်ဝချိန်မှာ ဝင့်ကြွားဂုဏ်မောက်တယ်။


ထက်မြက်သူက အချစ်ဆုံးရှုံးသွားလည်း ကိုယ်ကိုယ်တိုင် မဆုံးရှုံးအောင်နေတယ်။
ညံ့ဖျင်းသူက အချစ်ဆုံးရှုံး/မဆုံးရှုံးလည်း ကိုယ့်ကိုယ်ကို အမြဲဆုံးရှုံးတယ်။

ထက်မြက်သူက မကောင်းတဲ့အတိတ်ကို လက်လွတ်ပြီး ရှေ့ကိုခရီးဆက်တယ်။
ညံ့ဖျင်းသူက အတိတ်မှာတင် နစ်ပြီး အနာဂတ်ကို လျစ်လျူရှုတယ်။

ထက်မြက်သူက တခြားသူရဲ့အစွမ်းအစကို အောက်ကျို့သင်ယူတယ်။
ညံ့ဖျင်းသူက တခြားသူရဲ့ရှေ့မှာ ကိုယ့်အစွမ်းအစကို ကြွားဝါတယ်။

ထက်မြက်သူက သင်ယူဖို့ရာအားသန်တယ်။ ကိုယ့်ထက် မသိသူဆီကလည်း သင်ယူဖို့ဝန်မလေးဘူး။
ညံ့ဖျင်းသူက လူတွေနဲ့အမြဲငြင်းခုန်တယ်။ ကိုယ့်ထက် မသိသူနဲ့လည်း ငြင်းခုန်ရန်ဖြစ်တယ်။

ထက်မြက်သူက ပေးဆပ်ဖို့နားလည်တယ်။ ညံ့ဖျင်းသူက ရယူဖို့ပဲကြံတယ်။

ထက်မြက်သူက အရှုံးထဲက အတွေ့အကြုံ၊ သင်ခန်းစာကိုယူတယ်။
ညံ့ဖျင်းသူက အရှုံးထဲကနေ ကိုယ့်ကိုယ်ကို လက်လွတ်ဆုံးရှုံးတယ်။


ထက်မြက်သူက ကိုယ့်စိတ်ကူးအိပ်မက်တွေ အကောင်အထည် မပေါ်မချင်း ကြံ့ကြံ့ခံတယ်။
ညံ့ဖျင်းသူက ဘာလုပ်လုပ် ဇွဲလုံ့လမရှိဘူး။

ထက်မြက်သူက ကံတရားကဆိုးတယ်လို့ တစ်ခါတလေမှာထင်မြင်မိလည်း အပြုဆောင်စိတ်ဓာတ်နဲ့ ရင်ဆိုင်ဖို့နားလည်တယ်။ ညံ့ဖျင်းသူက ကံတရားကဇာတ်မြူးလို့ ထင်မြင်မိလည်း နောက်ဆုံးမှာ မပြုံးမရယ်နိုင်ဖြစ်ရတယ်။

ထက်မြက်သူက ဘယ်အချိန်မှာစတင်မယ်၊ ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကိုသိတယ်။
ညံ့ဖျင်းသူက မရေမရာချိန်မှာစတင်ပြီး ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို နားမလည်ဘူး။

ထက်မြက်သူက မွေးရာပါ ပါရမီတစ်ဝက်ရှိလည်း ကျန်တစ်ဝက်ကို ကျင့်ယူရတယ်ဆိုတာကိုနားလည်တယ်။
ညံ့ဖျင်းသူက မွေးရပါ ပါရမီရှိလည်း နောက်ပိုင်းမှာ တုံအ ညံ့ဖျင်းအောင်ကျင့်တယ်။

(ဒီစာကိုရေးမိမှ ကိုယ့်ကိုယ်ကို ညံ့ဖျင်းသူမှန်းသိတော့တယ်)

မူရင်း--http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20110409/178423.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။