Wednesday, July 2, 2014

မြောက်ကိုရီးယား အမျိုးသားတို့ ကင်ဂျုံအန် ဆံပင် ပုံစံသာ ထားခွင့် ရှိတော့မည်...............


Bookmark and Share [ ] [ ]


အရင်တုန်း မြောက်ကိုရီးယား ပြည်သူ အမျိုးသား များဟာ ဆံပင် ပုံစံ ၁၀ မျိုး ထဲက နှစ်သက်ရာ တစ်မျိုးမျိုးကို
ထားပိုင်ခွင့် ရှိပါတယ်။ သို့ပေမယ့် ယခု ရက်ပိုင်း အတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ချမှတ်
လိုက်တဲ့ ဥပဒေ သစ် အရ ကင်ဂျုံအန် ညှပ်ထားတဲ့ ဆံပင် ပုံစံ တစ်မျိုးတည်း ကိုသာ ထားခွင့် ရှိတော့မှာ ဖြစ်
ကြောင်း သိရ ပါတယ်။

ဒီအတွက် ၁၅ ရက် တစ်ခါ ဆံပင်ညှပ်ရမယ့် အစီအစဉ်ကို ဖန်တီး ပေးထား မှာ ဖြစ် ပါတယ်။ ဥပဒေ မလိုက်
နာပဲ နေတဲ့ အမျိုးသား များကို အရေးယူ အပြစ်ပေးမှာ ဖြစ်ပါတယ်။ One Direction တို့လို ကမ္ဘာကျော် အဆို
တော် များ လာရောက် ဖျော်ဖြေဖို့ ခွင့်တောင်းချက် ကိုတောင် သူ့ ဆံပင် ပုံစံ ညှပ်ပြီး လာမှ ဝင်ရောက် ဖျော်
ဖြေခွင့် ပေးမယ်လို့ ပြောတဲ့ အထိ ကင်ဂျုံအန် ဟာ စည်းမျဉ်း စည်းကမ်း ကြီးခဲ့သူ ဖြစ်ပါတယ်။ ယခု အသစ်
ချမှတ် ထားတဲ့ ဆံပင် ပုံစံ အမည် ကို 'ချစ်လှစွာသော ကင်ဂျုံအန်' လို့ အမည်ပေး ထား ပါတယ်။

သူ့ရဲ့ ဆံပင် ပုံစံဟာ ကျန်းမာရေး အတွက်ကော၊ သူ့လို ဥာဏ်ပညာ ထက်မြတ် ဖို့ရော (ဦးနှောက်မှ မှတ်
သားနိုင်စွမ်း ကောင်းဖို့ အတွက်) အကောင်း ဆုံး ဖြစ်ကြောင်း ကင်ဂျုံအန် ကိုယ်တိုင် ပြောကြား ခဲ့ ပါတယ်။

Ref: weirdasianews

အောင်ခမ်း (ရိုးရာလေး)

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: မြောက်ကိုရီးယား အမျိုးသားတို့ ကင်ဂျုံအန် ဆံပင် ပုံစံသာ ထားခွင့် ရှိတော့မည် http://www.simon-vlog.com/2014/07/blog-post_296.html#ixzz36Fnj4Xjy
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment