Wednesday, July 2, 2014

ဇူလှိုင်လ ခုနှစ်ရက် သားသမီးများအတွက် ဟောစာတမ်း..........................

Posted by: Ko Myo on Tuesday, July 01, 2014 Categories:
 

တနင်္ဂနွေသားသမီး ။ ။ ယခုလအတွင်း အလုပ်အကိုင် စီးပွါးရေး အကြံအစည်နဲ့  ပတ်သက်ပြီး အခက်အ ခဲဖြစ် နေမည်။ ဖခင်နဲ့ စကားများမည်။ လုပ်ငန်း စာမေးပွဲဖြေမယ် ဆိုရင် အချိန်ခဏ စောင့်ရမည်။ ဆွေမျိုး များနဲ့ စိတ်ဝမ်းကွဲမယ်။ ဆရာသမားနဲ့ အလုပ်အကိုင် အဆင်မပြေပါ။ ခြေနှစ်ချောင်းဝင်ရင် စိတ်ညစ်ရမည် ။ အိမ်တွင်းရေး အဆင်မပြေဖြစ်မည်။ သမီးကျမ္မာရေး ချို့ တဲ့မည်။ ငွေကြေးအကူအညီရမယ်။ လက်လွန် ထားတဲ့ကြွေးတွေ ပြန်ရမည်။ မတော်တဆ ခရီးသွားရင်း လက်ဝဲဖက်ခြေထောက် ဒဏ်ရာရတတ်မည်။ ငယ်ရွယ်သူများ ချစ်သူနဲ့ စကားများ နေရလိမ့်မည် ။

ယတြာ ။ ။ အိမ်က ဘုရားတွင်မုန့် လုံးရေပေါ် လှုပေးပါ ။

တနင်္လာ သားသမီး ။ ။ ရွှေ ငွေ အုပ်ချုပ်ရေး အိမ် အဆောက်အဦ လုပ်ငန်းများ ထင်သလောက် အကျိုးမ ပေးပါ။ ၀န်ထမ်းများ အထက်လူကြီးနှင့် အဆင်မပြေဖြစ် နေမည်။ မိခင်အတွက် ငွေကြေး အကုန်အကျ များနေမည်။ လုပ်ငန်း အသစ်များတွင် ငွေကြေး အလုံးအရင်း နှင့်မရင်းနှီးပါနှင့် ။ စိတ်ညစ်ရတတ်ပါသည် ။ ယခုလအတွင်း စနေသားသမီးဒုက္ခ ပေးလိမ့်မည် ။ အောက်လက် ငယ်သား သစ္စာမရှိမှုကြောင့် ပြသ နာဖြေရှင်းရလိမ့်မည် ။ ငယ်ရွယ်သူများ အချစ်ရေး ကံကောင်းသော်လည်း စကားပြော မှားသဖြင့် အ ထင်လွဲခံရလိမ့်မည် ။ ဦးခေါင်းနှင့် ပတ်သက်သော ရောဂါဝေဒနာ ခံစားရတတ်သည်။

ယတြာ ။ ။ မွေးနံဘုရား။ ထောင့်တွင် ထီးအဖြူနှစ်လက်လှုပေးပါ ။

အင်္ဂါသားသမီး ။ ။ ဆေး စက်ပစ္စည်း စက်မှုလက်မှု လုပ်ငန်းများ အဆင်ပြေမည်။ ယခုလအတွင်းစိတ် သွားတိုင်း ကိုယ်ပါဆိုသလို အကြံအစည်များ အောင်မြင်မည် ။ ခရီးဝေး သွားရတတ်သည် ။ အိမ်ထောင် ရှင်များ ဇနီးသည် ကြောင့်စိတ်ချမ်းသာ မှုရလိမ့်မည်။ ဆွေမျိုးများဘက်မှ ငွေကြေးအကူအညီရလိမ့်မည် ။ ငွေကြေးအရှုပ်အရှင်းအနည်းငယ်ရှိ သော်လည်း ကူညီဖြေရှင်း ပေးသူ ပေါ်လာမည် ။ ငယ်ရွယ်သူများ မိမိ ထက် အဆင့်အတန်းနိမ့်သော ချစ်သူမျိုးနှင့် ဖူးစာဆုံမည် ။ သ၀န်တိုတတ်မည် ။ မိဘသဘောမတူသူ မျိုးဖြစ်နေမည် ။ အချစ်ရေးနှင့်ပတ်သက်ပြီး ခေါင်းကိုက်ရလိမ့်မည် ။

ယတြာ ။ ။ မိမိအိမ်ကို သန့် ရှင်းရေး လုပ်ပါ ။ ဘုရားသောက်ရေအိုးများ ရေလဲပေးပါ ။

ဗုဒ္မဟူးသားသမီး ။ ။ ရွှေ ရေလုပ်ငန်း လုပ်သူများ အဆင်မပြေ အခက်အခဲများကြုံတွေ့ တတ်သည် ။ အ လုပ်ကိစ္စနှင့်ပတ်သက်ပြီး စာမေးပွဲဖြေဆိုထားသူများ မအောင်မြင်တတ်ပါ ။ အ မွေကိစ္စ မြေကိစ္စ မိန်းမ ပြသနာများကြောင့် စိတ်ညစ်စရာများကြုံတွေ့ ရတတ်ပါသည် ။ ၀န်ထမ်းများ မိမိအနားမှ လုပ်ဖေါ်ကိုင် ဖက်နှင့် စကားများရ ကိန်းရှိသည် ။ ငွေကြေးချေးပြီး ဂတိပျက်သောကြောင့် အထင်သေးခံ ရလိမ့်မည် ။ငယ်ရွယ်သူများ ယခုလအတွင်း အချစ်ရေးကံ မကောင်းပါ ။ ဖခင်နှင့် ပတ်သက်ပြီး စိတ်ညစ်စရာပေါ် လာတတ်ပါသည် ။ ၀င်ငွေထက်ထွက်ငွေ ပိုများနေပါမည် ။

ယတြာ ။ ။ မွေးနေ့ တွင် သောက်ရေသန့် လှုပေးပါ ။ 
ကြာသပတေးသားသမီး ။ ။ အတတ်ပညာနှင့် ပတ်သက်သော လုပ်ငန်းများ ပညာပေး ပညာရေး လုပ် ငန်းများ အကျိုးပေးပါမည် ။ လုပ်စရာရှိသော အလုပ်ကို ရဲရဲဝံ့ဝံ့ လုပ်ပါ ။ အလုပ်နှင့်ပတ်သက်ပြီး စာမေး ပွဲဖြေထားပါက အောင်မြင်မည်။ စိတ်ချမ်းသာမှုရမည်။ ငွေကြေးကူညီမည့် မိတ်ဆွေကောင်းနှင့် တွေ့ မည် ။ တခုခုကို တဇွတ်ထိုး မလုပ်ပါနှင့် အမှားတွေ့ လိမ့်မည် ။ ယုံကြည်ရသူနှင့် တိုင်ပင်ပြီးမှလုပ်ပါ ။ အရာရာ အဆင်ပြေချောမွေ့ မည် ။ ငယ်ရွယ်သူများ လက်ရှိ ချစ်သူကို စိတ်ကုန် သလိုဖြစ်နေ တတ်သည် ။ အချစ် ရေးကိစ္စ ယခုလအတွင်း စိတ်မ၀င်စား သလိုဖြစ်နေမည် ။ ၀မ်းရောဂါဖြစ်တတ်သည် သတိထားပါ ။ အ စားဆင်ခြင်ပါ ။

ယတြာ ။ ။ မွေးနေ့ တွင် ကလေးများအား ငါးမုန့် ကြော်ဝေပေးပြီးဒါနပြုလုပ်ပါ ။

သောကြာသားသမီး ။ ။ ယခုလ အတွင်း ခရီးခဏခဏသွားနေရမည် ။ နိင်ငံခြား ခရီးသွားရပါက ငွေကြေး နှင့်ပတ်သက်ပြီး စိတ်ချမ်းသာမှုရလိမ့်မည် ။ သင်္ဘောလုပ်ငန်း ဟိုတယ်လုပ်ငန်း ခရီးသွားလုပ် ငန်း များအောင်မြင်မှုရမည် ။ မမျှော်လင့်ပဲ ငွေကြေးအစုလိုက် အပြုံ လိုက်ဝင်လာမည် ။ ထီပေါက် ကောက်ရသကဲ့ သို့ ဝင်လာပါက ၆ ၅ ၇ ၃ ပါ သော ဂဏန်းများဖြင့် ထီကံစမ်းပါ ။ စကားပြောဆင်ခြင်ပါ ။ အထင်မြင်လွဲမှားပြီး စကားများရတတ်ပါသည် ။ငယ်ရွယ်သူများ ယခုလအတွင်း ချစ်သူရလိမ့်မည် ။ ချစ်သူရှိပြီးသူများ ချစ်သူကြောင့် စိတ်ချမ်းသာပျော်ရွှင်မှုရလိမ့်မည် ။ ယတြာ ။ ။ ဘုရားဖူးခရီးသည်ကို ငွေလှုပါ ။ ဘိုးဘွားများကိုလည်းငွေလှုပေးပါ ။

စနေသားသမီး ။ ။ အလုပ် အပြောင်းအရွှေ့ ဖြစ်မည် ။ အထက်လူကြီး၏ ကူညီမှုကြောင့် လုပ်ငန်းများအ ဆင်ပြေမည် ။ အုပ်ချုပ်ရေးအလုပ် စက်မှုလက်မှုအလုပ် စက်နှင့်ပတ်သက်သော လုပ်ငန်းများ အောင်မြင်မှု ရမည် ။ ခရီးသွားချင်စိတ်ပေါ်နေမည် ။ စပ်တူလုပ်ငန်းများ အကျိုးပေးပါမည် ။ ခရီးသွားလျှင် ၂ ယောက် ထဲ မသွားပါနှင့် ။ ပြသနာပေါ် တတ်ပါသည် ။ အနေအထိုင်ဆင်ခြင်ပါ ။ ငွေကြေးလက်မလွယ်ပါနှင့် ။ ပြန်တောင်းရခက်ပြီး စိတ်ညစ်ရမည် ။ ငွေကြေးနှင့်ပတ်သက်ပြီးစကားများရကိန်းရှိသည် ။ ငယ်ရွယ်သူ များ ဆရာလုပ်တတ်သော အနိုင်ကျင့်တတ်သော ချစ်သူမျိုးနှင့်ဖူးစာ ဆုံလိမ့်မည် ။။

ယတြာ ။ ။ မွေးနံဘုရားထောင့် တွင် နှင်းဆီပန်း(၇) ပွင့်ကို လှုပေးပါ ။


ကိုမောင်မောင်(ဆန်းသုတေသီ)
ရိုးရာလေး
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

0 ကွန်မန့်ရေးရန်:

Post a Comment