Wednesday, July 2, 2014

ချစ်သူ ဆရာဝန် မိန်းကလေးကို ဓားဖြင့် ၁၁ ချက် ထိုးသတ်...


Bookmark and Share [ ]


အခင်းဖြစ်ပွားသည့် မိန်းကလေးနေအိမ် (ဓာတ်ပုံ - ကံသာ)

ရှစ်နှစ်ကြာ လက်တွဲ လာခဲ့သည့် ချစ်သူ ဆရာဝန် မိန်းကလေးကို လူမှုရေးပြသနာကြောင့် ဓားဖြင့် ၁၁
ချက်ထိုး၍ သတ်ခဲ့မှု မူဆယ်မြို့တွင် ဇွန်လ ၂၉ ရက်ညကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

‘‘ကောင်မလေး အိမ်မှာပဲ လူသတ်မှု ဖြစ်တာပါ။ သတ်တဲ့ လူ ကိုယ်တိုင် ရဲစခန်းကို လာ အဖမ်း ခံတာပါ။
ကောင်လေးက နိုင်ငံ ခြားက ပြန်လာတာ ရက်ပိုင်းပဲရှိ သေးပြီး သူတို့ချင်း လူမှုရေးပြသနာကြောင့် သတ်
တာလို့ဝန်ခံပါ တယ်’’ဟု မူဆယ်မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။


သေဆုံးသူ အမျိုးသမီးမှာ ဆရာဝန် တစ်ဦးဖြစ်ပြီး အသက်(၂၆) နှစ် ရှိပြီဖြစ်ကာ ၎င်းနေထိုင်ရာ မူဆယ်မြို့
တောင် ရပ်ကွက်နေအိမ်တွင် အသတ်ခံ ခဲ့ရခြင်းဖြစ်သည်။

လူသတ်မှုကျူးလွန်သူ အမျိုးသားမှာ အသက် (၃၀) အရွယ်ရှိ ပြီး ၎င်းကိုမူဆယ်မြို့မရဲစခန်းတွင် ထိန်းသိမ်း
ထားကာ လူသတ်မှု ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။

By ကံသာ / အောင်သစ်လွင်

7DAY DAILY


Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ချစ်သူ ဆရာဝန် မိန်းကလေးကို ဓားဖြင့် ၁၁ ချက် ထိုးသတ် http://www.simon-vlog.com/2014/07/blog-post_7099.html#ixzz36FpZj68t
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment