Thursday, January 9, 2014

စစ်တွေဆေးရုံကြီးတွင် ထောင်ထွက်လူနာတစ်ဦး တာဝန်ပေါ့လျော့မှူကြောင့် မသေသင့်ဘဲသေဆုံးခဲ့ရ ( Rakhine News Group )




သံတွဲအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်သာခွင့်ဖြင့် စက်တင်ဘာလ(၁၉)ရက်က လွတ်မြောက်လာသော ထောင်ထွက်တစ်ဦးဖြစ်သူ ခင်မောင်မြင့်(ခ)ဘဲပေါက် (၃၅)နှစ်သည် (၄.၁.၂၀၁၄)ရက်နေ. ညနေ ၇နာရီခန်.တွင် စစ်တွေဆေးရုံသို. တက်ေ၇ာက်ရန်ကြိုးစားခဲ့ရာ လူနာရှင်မပါသဖြင့် ဆေးရုံမှ လက်မခံဘဲပြန်လွှတ်လိုက်သည်ဟုသိရသည်။

ထိုထောင်ထွက်လူနာသည် ဆေးရုံရှေ့မြောင်းထဲတွင် အားအင်ပြတ်လပ်ပြီး ယဲ့ယဲ့ကျန်ချိန်တွင် မြင်တွေ.သူတစ်ဦးက ကြက်ခြေနီအဖွဲ.အားသတင်းပို.ရာ တာဝန်မယူနိုင်ဟုပြောကြောင်းသိရသည်။တာဝန်ကျ ရဲအဖွဲ.အားသွားရောက်သတင်းပို.ရာ ထောင်ကလွတ်လာသူ ဖြစ်သဖြင့် မိမိတို.နှင့်မသက်ဆိုင်ကြောင်းပြောဆိုလိုက်သည်ဟုသိရှိရသည်။

ထို.နောက် စစ်တွေမြို.ပေါ်မှ လူမှူရေးအဖွဲ.များနှင့်ဆက်သွယ်ပြီးဆေးရုံတင်ခဲ့ရသည်ဟုသိရသည်။သို.သော်လည်း ဆေးရုံတွင်ဆေးကုသခံနေစဉ်အတွင်း သက်ဆိုင်ရာ တာဝန်ကျ သူနာပြုဆရာမ ၂ဦး၏ ပေါ့လျော့မှူကြောင့် ထိုလူနာသည် အသက်မသေသင့်ဘဲ သေဆုံးခဲ့ရသည်ဟုသိရသည်။

။ယောကျား ဖျားနာဆောင်တွင် အောက်ဆီဂျင်ပိုက်ဖြင့် အသက်ရှူနေစဉ်အတွင်း လူနာမှ မွမ်းသည်ဟုဆိုသဖြင့် ထိုသူနာပြုဆရာမများအားသွားခေါ်ရာ လာမကြည့်နိုင်သေးဘူးဟုပြောဆိုလိုက်ကြောင်းသိရသည်။ထိုလူနာမှာ အောင်ဆီဂျင် ပိုက် တန်းလန်းဖြင့် အသက်သေဆုံးသွားသည်ဟုသိရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment