Thursday, January 9, 2014

ရုပ်ချောတာကို မနာလိုလို့ ဗစ်တိုးရီးယား စီးကရက် မော်ဒယ်ကို အက်ဆစ်နဲ့ လောင်း...........................









ဗြိတိန်နိုင်ငံမှာ ယခု ရက်ပိုင်းလေးတင် ဖြစ်သွားတဲ့ မှုခင်း ဖြစ်ပါတယ်။ Naomi Oni လို့ အမည်ရတဲ့ အသက်
၂၁ နှစ် အရွယ် ဗစ်တိုးရီးယား စီးကရက် လှပဂေး မော်ဒယ်ရဲ့ မျက်နှာပေါ်ကို ရွယ်တူ သူငယ်ချင်း ဖြစ်သူ
Mary Konye က အက်ဆစ်လောင်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

အက်ဆစ်ကို မျက်နှာပေါ်ပဲ လောင်းခဲ့တာ မဟုတ်ပါဘူး။ တစ်ကိုယ်လုံး ကို လောင်းခဲ့ခြင်း ဖြစ်ပြီး လက်၊ပေါင်နဲ့
ဘော်ဒီအစိတ် အစိတ်အပိုင်း အချို့ လည်း လောင်ကျွမ်းခဲ့ပါတယ်။ ယင်း ဖြစ်ရပ်ဟာ သက္ကရာဇ် ၂၀၀၈ ခုနှစ်က
ဖြစ်ပွားခဲ့တဲ့ တီဗီ အစီအစဉ်တင်ဆက်သူ Katie Piper ရဲ့  ဖြစ်ရပ်နဲ့ တူနေပါတယ်။

Katie Piper ကိုတော့ သူ့ချစ် သူဟောင်းက အက်ဆစ်လောင်း ခဲ့ခြင်းဖြစ်ပြီး မျက်လုံးတစ်ဖက်ကွယ်လို့ မျက်နှာ
တစ်ခုလုံး ရစရာမရှိအောင် ပျက်ဆီးခဲ့ပါတယ်။ နှစ်အတော်ကြာ ပလက်စတစ် ဆာဂျရီ နဲ့သေချာ ခွဲစိတ်ပြုပြင်
ပြီးမှ တီဗီအစီအစဉ်ထဲ ပြန်လည် ပါဝင်လာပါတယ်။

ဒါတောင်မှ ယခင်ကလို အပြည့်အဝအလှတစ်ခုကို မရတော့ပါဘူး။ ချစ်သူဟောင်း တရားခံကိုတော့ ဗြိတိန်က
ထောင်ဒဏ် တစ်သက်တစ်ကျွန်းချခဲ့ ပါတယ်။

ယခု ဖြစ်ရပ်ကတော့ ရည်းစားဟောင်းက မဟုတ်ပဲ တက္ကသိုလ်ကျောင်း တက်ဖော် သူငယ်ချင်း တစ်ဦး ဖြစ်ပါ
တယ်။

တစ်ဦးနဲ့ တစ်ဦး အလှအပနဲ့ ပက်သက်လို့ ခဏခဏ အချင်းများ ရန်ဖြစ်ကြပြီး အက်ဆစ်နဲ့ လောင်းပစ်မယ် ဘာ
ဘာလို့ ခြိမ်းခြောက်တာကို Oni ခံရဖူးတယ်လို့ ဆိုပါတယ်။ သိုပေမယ့် တကယ် လောင်း လိမ့်မယ်လို့ သူမထင်
ထားလို့ ဖြစ်ပါတယ်။

အက်ဆစ်ဖြင့်လောင်းခဲ့သူ အမျိုးသမီးငယ် Mary Konye လည်း ကြီးမားတဲ့ ပြစ်ဒဏ်ကို ခံရမှာ ဖြစ်ကြောင်း သိ
ရပါတယ်။

From:ရိုးရာလေး

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ရုပ်ချောတာကို မနာလိုလို့ ဗစ်တိုးရီးယား စီးကရက် မော်ဒယ်ကို အက်ဆစ်နဲ့ လောင်း http://www.simon-vlog.com/2014/01/blog-post_2454.html#ixzz2pqU6k9Md
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment