အမေ ( သို့မဟုတ် )
ကမ္ဘာမြေရဲ့ကျက်သရေ
~ သူမရဲ့ အမေ...သူရဲ့ အမေ၊
သူတို့ရဲ့ အမေ...ကျွန်တော်တို့ရဲ့ အမေ၊ ရဲရင့်တဲ့ အမေ...ပွဲတင့်တဲ့ အမေ။
~ သီလ သမာဓိ ပညာ
သိက္ခာသုံးရပ်နဲ့ ပြည့်စုံ၊
ယုံကြည်ချက်ဖြင့် အသက်ရှင်၊
တို့ အားလုံးရဲ့ မိခင်။
~ မရှိမဖြစ် အမေ အသိစစ်ဝေလို့၊ အားသစ်တွေ မွေးဖွားစေသူ၊ ပြည်သူအားလုံးရဲ့
တစ်ဦးတည်းသော အမေ။
~ အတိတ် ပစ္စုပါန် အနာဂတ်
ဘယ်အရပ်ပဲ ရောက်နေနေ၊
သားတို့ရင်ထဲအမေအမြဲရှိနေ။
~ လူ့ဘုံခန်းဝါ၊သံသရာဝယ်ကျဉ်လှည့် လည်ရ၊မြတ်ဘဝ၌ လှပစိတ်ထား၊အကြောင်းအားကြောင့် ခံစားကျိုးတူ ရယူပိုင်ဆိုင်၊ နှစ် ၁၀၀ တိုင်...မက
၆၈...မှသည်။
( ကောင်းညွန့် )
ု

~ လူ့ဘုံခန်းဝါ၊သံသရာဝယ်ကျဉ်လှည့်
၆၈...မှသည်။
( ကောင်းညွန့် )
ု
Posted in: နိုင်ငံရေး
0 ကွန်မန့်ရေးရန်:
Post a Comment