Wednesday, June 19, 2013

ဗြိတိန်အလှမယ်ပြိုင်ပွဲ ခရစ္စတီး ဟေဆဲလ်ဝုဒ် သရဖူဆွတ်ခူး

အသက်(၂၄)နှစ်ရှိ ခရစ္စတီးသည် လေယာဉ်ကွင်း ပို့ကုန်ဌာန ဝန်ထမ်း တစ်ဦးအနေဖြင့် လုပ်ကိုင်နေပြီး တစ်ဖက်တွင်လည်း မော်ဒယ်လ်အလုပ်ဖြင့် အသက်မွေးနေသူဖြစ် 

တနင်္ဂနွေနေ့က ကျင်းပ ပြီးစီးခဲ့သည့် ဗြိတိသျှ အလှမယ် ပြိုင်ပွဲတွင် ခရစ္စတီး ဟေဆဲလ်ဝုဒ်က သရဖူဆောင်း အနိုင်ရရှိသွားခဲ့ကြောင်း သိရှိရသည်။ အသက်(၂၄)နှစ်ရှိ ခရစ္စတီးသည် လေယာဉ်ကွင်း ပို့ကုန်ဌာန ဝန်ထမ်း တစ်ဦးအနေဖြင့် လုပ်ကိုင်နေပြီး တစ်ဖက်တွင်လည်း မော်ဒယ်လ်အလုပ်ဖြင့် အသက်မွေးနေသူ ဖြစ်သည်။ ဒန်ဗွန်ရှိ တာကွီးတွင် ကျင်းပပြုလုပ်သော (၄)ရက်ကြာ ပြိုင်ပွဲ အပြီး၌ ဟတ်ဖို့ဒ်ရှိုင်းယားသူ ခရစ္စတီးက အင်္ဂလန် ကိုယ်စားပြု အလှမယ် ဖြစ်လာခြင်း ဖြစ်သည်။

ခရစ္စတီးသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီတစ်ဦးဖြစ်ပြီး သူမ ဝတ်ဆင်ခဲ့သော ပြိုင်ပွဲဝင် ဖက်ရှင်အချို့သည် စွန့်ပစ်ပစ္စည်းများကို ပြန်လည် အသုံးပြု ဖန်တီးထားခြင်း ဖြစ်သည်။ ခရစ္စတီးသည် မြောက်လန်ဒန် ကိုယ်စားပြု အလှမယ် ပြိုင်ပွဲတွင်လည်း ဗိုလ်စွဲခဲ့ပြီး ဖြစ်သည်။ သူမသည် အင်္ဂလန် နိုင်ငံတလွှားမှ ထူးချွန်သော ပြိုင်ဘက် (၅၀)ကျော်ကို ဖြတ်သန်းပြီး အနိုင်ရခဲ့ခြင်း ဖြစ်သည်။ သူမသည် လန်ဒန်မြို့တော် ကိုယ်စားပြု အလှမယ်နှင့် ပရက်စတန်ဂိုင်းလ် အလှမယ်တို့ကို ကျော်ဖြတ်ကာ ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။

အရပ်(၅)ပေ၊ (၁၀)လက်မ မြင့်သော ခရစ္စတီးသည် သင်္ချာ၊ အင်္ဂလိပ်၊ ဇီဝဗေဒ၊ ဒီဇိုင်းနှင့် နည်းပညာ ဘာသာရပ်များအတွက် အက်ဆက်စ် အထက်တန်းကျောင်းမှ A-Levelဖြင့် အောင်မြင်ထားသူလည်း ဖြစ်သည်။ "အစွမ်းကုန် ပေးဆပ်ပြီး ပြိုင်ပွဲဝင်ခဲ့တာပါ။ အနိုင်ရတဲ့အတွက် ကျွန်မ သိပ်ပျော်ပါတယ်။ အိပ်မက်တွေ တကယ်ဖြစ်လာသလိုပါပဲ"ဟု ခရစ္စတီးက ဆိုသည်။ သူမသည် ယခုနှစ် နှောင်းပိုင်းတွင် အင်ဒိုနီးရှား၌ ကျင်းပမည့် မယ်ကမ္ဘာပြိုင်ပွဲကို ဗြိတိန်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခွင့်လည်း ရရှိခဲ့သည်။

Planet Myanmar Network

0 ကွန်မန့်ရေးရန်:

Post a Comment