Monday, May 27, 2013

M P T ကို ထာဝစဉ် အားပေးသူ တစ်ယောက်ဧ။် ရင်ဖွင့်သံ

မခိုး၇ ၇င်လက်တို သွားမှာ
စိုးလို.ပါ
ဘယ်လိုများလုပ်လိုက်တာလည်း M P T .....
       ကျနော် အမှန်တော့ ဒီပို့ စ် ကို မတင်ချင်ပါဘူး ။ ကျနော် ဒီတခါတော့ ဘယ်လိုမှ မခံစားနိုင်တော့လို့ တင် လိုက်ပြီး ရင်ဖွင့်မိတာပါ  ။
     ကျနော် ၀န်ထမ်းတစ်ယောက်ပါ ။ဝန်ထမ်းတောင်မှ ၂၄ နာရီ အပြည့် တာဝန် ထမ်းဆောင်နေတဲ့သူပါ ။
     ဒါကြောင့် အင်တာနက်သုံးရင် WIFI ဆိုတာ အိမ်မက်ပါပဲ  ။ အဓိက ဖုန်းနဲ့   Computer ပါ ။
     ဒီနေ့ အင်တာနက်လိုင်း ဖွင့်တာ မဖွင့်ခင် ငွေ အရင် စစ်လိုက်ပါတယ် ။
၁၈၅၆.၄၀ ကျပ်ပါ ။  ဖွင့်ပြီးလို့ ၆ မိနစ် ကျော် လောက်မှာ ပြန်ပိတ်ပြီး ငွေပြန်စစ်တော့ ၁၇၆၄.၈၀ ကျပ်ပါ ။
       ငွေပြန် နှုတ်ကြည့်တော့ ၉၁.၆ ကျပ် ပါ ။ ကျနော် သုံးတဲ့ ဖုန်းက CDMA 800 MHz ၅ သိန်းတန်ပါ ။
       တကယ်တန်းကျသင့်တာ ( ၇ ) မိနစ်ပဲ ထား ။ ၄  ×  ၇  =  ၂၈ ကျပ်ပါ ။
ငွေကျပ် ၆၀ ကျပ် ကွာနေပါတယ် ။
  မေးစရာရှိပါတယ် ! ခင်ဗျား ဒီကြားထဲ ဖုန်းဆက်မိသလား ဆိုပြီးတော့ !
        ကျနော် စစ်သား သစ္စာဆိုပါရစေ ။ ဒီစာမှာ မုသားပါခဲ့ရင် သွားတဲ့ ခရီးလမ်း ဘေး အန္တာရယ် ကျရောက်ပါစေ လို့ အဓိဌာန်ပြုပါတယ် ။
        ခဏလေးနဲ့ မသိသာပေမယ့် ရေရှည် မှာ သိသာလာပါတယ် ။
          အခု ၆၀ ကျပ်က နေ ၁၀ ခါဆို ၆၀၀ ကျပ် ၁၀၀ ခါဆို ၆၀၀၀ ကျပ် ဖြစ်လာနေပါပြီ ။
     ဒီနေ့ မှ တိုက်တိုက် ဆိုင်ဆိုင် စစ်မိတာပါ ။
        ဆာဖာ အမှားဆို လည်း ဘာမှ မတတ်နိုင်တော့ပါ ။ 
       M  P  T  ကို အပြစ်တင်နေခြင်း မဟုတ်ပါ ။
        ဆာဖာ များကို ပြန်လည် စစ်ဆေးသင့်ကြောင်းပါ  ။
         ကျနော် တင်ပြချက် အမှားပါခဲ့ပါက ကျနော့် အားနည်းချက် ဖြစ်ကြောင်း ၀န်ခံပါရစေ ။
          M  P   T   ကို ထာဝစဉ် အားပေးသူ 
     ကိုကိုအောင်  ( ဘုရင့်နောင်  )
ကိုယ်တိုင်ကြုံတွေ့ ရေးဖွဲ့သည်  ။

0 ကွန်မန့်ရေးရန်:

Post a Comment