Monday, May 27, 2013

facebook မှာပြောတဲ့ အမေ စု

နိုင်ငံရေးလုပ်ရာမှာ အခြေအနေ၊ အချိန်အခါကို သုံးသပ်ပြီး သင့်တော်တဲ့ မဟာဗျုဟာကို ရွေးချယ်ရပါတယ်။
ဒုတိယကမ္ဘာစစ်ကြီး အပြီး မြန်မာ့လွတ်လပ်ရေးကြိုးပမ်းလှုပ်ရှားမှုဟာ အသွင်ပြောင်းလာတာနဲ့ အလျောက်
နိုင်ငံရေးလုပ်သူများရဲ့ အတွေးအခေါ် အပြုအမူ ဗျူဟာတွေကို ပြောင်းလဲဖို့လိုလာပါတယ်။ စစ်အတွင်းက
စစ်ရေးနည်းလမ်းနဲ့ တိုက်ခိုက်လှုပ်ရှားခဲ့ရာကစစ်ပြီးခေတ်မှာ တွေ့ဆုံဆွေးနွေးအဖြေရှာရေး လမ်းစဉ်ကို
ဖေဖေနဲ့ဖဆပလအဖွဲ့ကြီးက ရွေးချယ်ခဲ့ကြပါတယ်။ တစ်ချို့နိုင်ငံရေးအစုအဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေက တော်လှန်
ရေးလမ်းစကိုပဲ ဆက်လိုက်ဖို့ အားသန်ကြတာကြောင့် နိုင်ငံရေးအဖွဲ့အစည်း ပုဂ္ဂိုလ်များအကြား သဘောထား
ကွဲလွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သမိုင်းဆိုတာ တစ်ကျော့ပြန်လည်တတ်တယ်ဆိုတဲ့ သဘောအရ ကြည့်မယ်ဆိုရင်
ကျွန်မတို့ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြီးဟာ
တော်လှန်ရေးနဲ့တည်ဆောက်ရေးလမ်းစဉ် နှစ်သွယ်အကြား ရွေးချယ်ရမယ့်
အခြေအနေ ရောက်နေပြီလားလို့ စဉ်းစားမိပါတယ်။ယခုအခါမှာ ကျွန်မတို့ဟာ ပြီးပြည့်စုံတဲ့ ဒီမိုကရေစီမရရှိသေးပါဘူး။
ဒါပေမဲ့ အကြမ်းမဖက်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးမူပေါ် အခြေခံပြီး တည်ဆောက်ရေးစိတ်ဓါတ်နဲ့ ရရှိနိုင်မယ်လို့
ကျွန်မ ခိုင်မာစွာ ယုံကြည်ပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment