Thursday, April 4, 2013

CDMA 800 MHZ ဆင်းကဒ် တခုကိုကျပ် တထောင့်ငါးရာ

CDMA 800 MHZ ဆင်းကဒ် တခုကိုကျပ် တထောင့်ငါးရာနဲ့ တန်ဖိုးနည်းဖုန်းတွေ ဧပြီ ၂၄ ရက်နေ့ ကစ ရောင်းတော့မှာပါ။
အစိုးရ ရုပ်မြင်သံကြား သတင်းက ဧပြီလ ၃ ရက်နေ့ ညနေပိုင်း ကြေညာ သွားရာမှာ ဒီထောင့်ငါးရာထဲမှာ ဖုန်းခေါ်ဖို့ ကျပ်သုံးရာလဲ ပါတယ်လို့ ဆိုပါတယ်။ ငွေထပ်ဖြည့်ဖို့ ကဒ် တကဒ်ကို ငါးထောင်၊ တလကို အနည်းဆုံး ၂ထောင့်ငါးရာဘိုး သုံးရမှာ တယ်လို့ သတင်းမှာ ကြေညာပါတယ်။
ဝယ်ပြီး ၁၅ ရက်အတွင်း ပိုက်ဆံထပ်မဖြည့်ရင် ဖျက်သိမ်းမှာ ဖြစ်တယ်လို့ လဲ ကြေညာသွားပေမယ့် သုံးစွဲသူတွေဘက်ကတော့ ကာလရှည် တောင်းဆိုနေကြတဲ့ တန်ဘိုးနည်းဖုန်းတွေကို သုံးခွင့် ရတော့ပါဖြစ်ပါတယ်။
ဖုန်းခေါ်ဆိုခ ကျပ် ၅၀ သတ်မှတ်ထားပြီး ဖုန်းအ၀င်ပေးရန် မလိုဘူးလို့လဲ သိရပါတယ်။
တန်ဘိုးနဲ ဖုန်းကဒ် ရောင်းချမှု ပထမအစီအဖြစ် ဆင်းကပ် အရေအတွက် တလကို ၃ သိန်းခွဲ ရောင်းချပေးသွားမယ်လို့ သိရပြီး လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်း လိုင်း ၆ သန်းနီးပါး အသုံးပြုနေပါတယ်။
စာပေဝေမျှသူ
မော်နီကာ

0 ကွန်မန့်ရေးရန်:

Post a Comment