Thursday, April 4, 2013

ရွှေလီကြိုးတံတားအနီးတွင် ဘိန်းဖြူဆပ်ပြာခွက်များ ဖမ်းဆီးရမိ


ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း- မန့်ဝိန်းကြီးသွား ကားလမ်းပေါ်ရှိ ရွှေလီကြိုးတံတားအနီးတွင် မတ်လ (၂) ရက်နေ့ ညပိုင်းအချိန်က တာဝန်ရှိသူများမှ ဘိန်းဖြူဆပ်ပြာခွက်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

မူဆယ်(မူးယစ်)အဖွဲ့များ၊ နမ့်ခမ်းရဲစခန်းမှ တပ်ဖွဲ့များနှင့် သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့မှ မူးယစ် ဆေးဝါးသတင်းအရ မတ်လ(၂)ရက်နေ့ညပိုင်းတွင် နမ့်ခမ်း- မန့်ဝိန်းကြီးသွား ကားလမ်းပေါ်ရှိ ယာဉ်တစ်စီးအား စစ်ဆေးရာ ဘိန်းဖြူများဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ကချင်ပြည်နယ် မန့်ဝိန်းကြီး ဘက်သို့

ယာဉ်မောင်း ဒေါ်ခွေလျန် မောင်းနှင်လာသော ၂ဂ/၃၉၆၈ ပါဂျဲရိုး အပြာ/
ခဲရောင်အား စစ်ဆေးရာမှ ယာဉ်နောက်ခန်းအတွင်း အစိမ်းရောင် ပီနံအိတ်ဖြင့်ထုတ်ထားပြီး ဂျပ်ဖာစက္ကူ အတွင်း ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသော ဘိန်းဖြူခွက် (၁၀၀)အား ရှာဖွေရမိခဲ့သည်။

ဖမ်းဆီးရမိသော ဘိန်းဖြူဆပ်ပြာခွက်များ အလေးချိန်မှာ (၁.၁) ကီလိုဂရမ်ခန့်ရှိပြီး ကာလတန်ဖိုး အားဖြင့် သိန်း (၁၈၀)ကျော်ဖိုးဖြစ်ကြောင်း သိရသည်။ မူးယစ်ဆေးဝါးများ သယ်ဆောင်လာ သူ ဒေါ်ခွေလျန်(မန့်ဝိန်းကြီးရွာ နေသူ) အားရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရပါသည်။
shannews

0 ကွန်မန့်ရေးရန်:

Post a Comment