
လုပ်ကိုင်နေသော တရားမ၀င် အနှိပ်ခန်းအမည်ခံ ပြည့်တန်ဆာခန်း
များ အား မော်လမြိုင်ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ ပူးပေါင်းအင်အား
၅၀ ခန့်ဖြင့် ၁၄-၃-၂၀၁၃ ရက်နေ့ ညကိုးနာရီ အချိန်ခန့်တွင် ၀င်ရောက်ဖမ်းဆီး ခဲ့ပါသည်။
ထိုသို့ဝင်ရောက်ဖမ်းဆီးခဲ့ရာ လက်ပူးလက်ကြပ်ဖမ်းဆီးတွေ့ရှိခဲ့ပြီး ဆိုင်များတွင်လုပ်ကိုင်နေသောဝိတ်တာ ယောင်္ကျားလေးများ၊
အနှိပ်သမများအပြင် လာရောက်ပျော်ပါးသူ ဧည့်သည်များကိုပါ
ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ထိုနေ့ည ၁၂ နာရီအချိန်ဝန်းကျင်ခန့်တွင် ခံဝန်ဖြင့် ဖမ်းဆီး
ခေါ်ဆောင်သွားသူအားလုံးကို ပြန်လွှတ်ပေးခဲ့ပါသည်။
မော်လမြိုင်မြို့တွင် အနှိပ်ခန်းအမည်ခံ ပြည့်တန်ဆာခန်းများ
များပြားစွာ ဖွင့်လှစ်လုပ်ကိုင်နေကြပြီးပြည်သူ့ရဲတပ်ဖွဲ့မှ ဖမ်းဆီး
အရေးယူမှုမရှိသလောက် နည်းပါးပြီး မဖြစ်မနေ ဖမ်းဆီးအရေးယူရာတွင်
လည်း ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်လုပ်ကိုင်နေသော ဆိုင်များကိုခံဝန်ဖြင့် ပြန်လွှတ်ပေးခြင်း၊ အခြားသောအရပ်သား
ဆိုင်များကို ကြိုတင်အကြောင်းကြားကာ ပိတ်သိမ်းစေပြီးမှအဖမ်းပြခြင်း၊
စတိဒဏ်ငွေချအရေးယူကာ ပြန်လွှတ်ပေးခြင်းများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။
MLM Media Group
Credit To : Thit Htoo Lwin
0 ကွန်မန့်ရေးရန်:
Post a Comment