Mr-Daung Char Sai was tagged in ဖိုး သားလေး's photo. — with ကပ္ပတိန် အညတရ ငှက်ခါး and 33 others.
-- ပြန်လာခဲ့ပါသူငယ်ချင်း---မှတ်မိသေးတယ် တို့ငယ်ငယ်က
ရွာလယ်လမ်းမှာ စုဝေးလာကြ
ခရာကိုမှုတ် စစ်သားလုပ်တမ်းကစားကြတယ်. . . .
ငါကစစ်သား အဖော်များနဲ့
သစ်သားသေနတ် ရင်မှာကပ်လို့
ထပ်ချပ်မကွာ ရန်သူရှာခဲ့ . . . .
တခြားအဖော် မင်းကခေါ်လို့
တောပျော်လူဆိုး ဗိုလ်ကြီးပေါ့ . . . .
အဲ့ဒီကစ တို့ဘ၀ရဲ့
ရှေ့ပြေးနိမိတ်ပေပဲလား . . . .
အရွယ်ကိုစစ် တစ်ဆယ့်ရှစ်မှာ
ငါလေရွာက ထွက်ခဲ့တယ်. . . .
ရွာကထွက်လာ ယောင်ချာချာပေါ့
ဟိုမှာ ဒီမှာ ငေးမောကာနဲ့
ခြေရာချင်းလည်းထပ်ခဲ့ပြီ . . . .
ငါ့မျက်စိက တစ်နေရာကို
သေချာစူးစိုက် ကြည့်တဲ့အခိုက်မှာ
"သင့်အားတပ်မတော်က အလိုရှိသည်"
ငါပျော်လိုက်တာ သူငယ်ချင်း . . . .
သစ္စာလေးချက် ဦးထိပ်ရွက်လို့
မနက်နေ့ည မအားရဘူး
ငါကစစ်သား ပြည်သူ့သား . . . .
နွေနဲ့မိုး ဆောင်း ရာသီပြောင်းလို့၏
ရွက်ဟောင်းတွေကြွေ
ရွက်သစ်ဝေတာ အကြိမ်ကြိမ် . . . .
အမေနဲ့ရွာ ငါလွမ်းတာကြောင့်
ရွာကို ခွင့်နဲ့ပြန်ခဲ့တယ်. . . .
ရွာမှ ရောင်းရင်းသူငယ်ချင်းတွေက
မင်းအကြောင်းကို ပြောကြတယ် . . . .
လမ်းအိုမကြိုက် လမ်းမှားလိုက်တော့
မိုက်လိုက်ပါဘိ သူငယ်ချင်းရယ် . . . .
တို့မြို့တို့ရွာ သာယာတာလည်း မင်းမသိ
တို့တိုင်းတို့ပြည် တိုးတက်တာလည်း မင်းမသိ . . . .
မင်းလျှောက်တဲ့လမ်း ခရီးကြမ်းကို
မှားမှန်းသိအောင် ကြိုးစားပါ . . . .
အမှားကိုမြင် အမှန်ပြင်ပေါ့
ငါနဲ့ရောင်းရင်း သူငယ်ချင်းတွေ
မင်းကို တမ်းတ မျှော်နေကြတယ်. . . .
ဘ၀အမှန် တည်ဆောက်ရန်အတွက်
ပြန်လာခဲ့ပါ သူငယ်ချင်း . . . . .။
အလင်းဝင်မဲ့ သူများကို နွေးထွေးစွာ
.....ကြိုဆိုလျှက်.....
. . . . . ချမ်းမြေ့ဝေ . . . . .
ဆယ်တန်းတုန်းက သူငယ်ချင်း ဘော်ဒါမှာ
မင်းက ဆယ်တန်းအောင်ရင် ဘာလုပ်မလဲတဲ့
DSA လို့ ကျွန်တော်ကပြောတော့ ...
သူက ဆယ်တန်းအောင်ရင်တက္ကသိုလ်တတ်မယ်
မအောင်ရင်တော့ကေအိုင်အေ ထဲဝင်မယ်
သူ့ ဦးလေးကဗိုလ်မူးကြီးတဲ့ ကိုးဗျ ....
အေးသယ်ချင်းရာ မင်းနဲ့ ငါ စစ်မြေပြင်မှာတော့
မကြုံချင်ဖူးကွာလို့ စစနောက်နောက် ပြောခဲ့ဖူးတယ်
ညီမလေး ချမ်းမြေ့ဝေ ရေးထားတဲ့စာသားကို
မြင်တော့ သတိရသွားလို့ ပါ ဘာဘဲပြောပြော
သူငယ်ချင်းရာ ငြိမ်းချမ်းရေး ပန်းခင်းထဲတွေ့ 
ချင်တယ်ကွာ ပြန်လာခဲ့ပါ သူငယ်ချင်း ......
လေးစားစွာဖြင့်
ဖိုးသားလေး



















![(လုပ်သင့်တာဘယ်လောက် ကြာနေပြီလဲ)
ယာဉ်ထိန်းအင်အား ၂၀၀ ကျော်ဖြင့် မြို့နယ် ၄ မြို့နယ်တွင် စည်းကမ်းမဲ့ယာဉ်များ စစ်ဆေးအရေးယူမှု ယနေ့စတင်
Tuesday, January 22, 2013
ယာဉ်စည်းကမ်းလိုက်နာမှု မရှိသော ယာဉ်များအား စစ်ဆေးအရေးယူရန် မရမ်းကုန်း၊ ဗဟန်း၊ကမာရွတ်နှင့် စမ်းချောင်းမြို့နယ်ရှိ နေရာ ၇ ခုတွင်
ယာဉ်ထိန်းအင်အား ၂၀၀ ကျော်ဖြင့် ယနေ့စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း
ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ဦးသာဌေးက ပြောသည်။
မရမ်းကုန်းမြို့နယ်အတွင်းရှိ ဘုရင့်နောင်နှင့် ချော်တွင်းကုန်းလမ်းဆုံ၊ ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်နှင့် ဦးထောင်ဘိုအ၀ိုင်း၊ ကမာရွတ်မြို့နယ်ရှိ
လှည်းတန်း၊ ဟံသာဝတီအ၀ိုင်းနှင့် စမ်းချောင်းမြို့နယ် မြေနီကုန်းတို့တွင်
နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ စစ်ဆေးဆောင်ရွက်နေပြီဖြစ်ကြောင်း ဦးသာဌေးက ပြောသည်။
ယာဉ်ကြောပိတ်ဆို့မှု ကာကွယ်ရန်အတွက် ထိုကဲ့သို့ စစ်ဆေး
ဆောင်ရွက်ခြင်းကို ပညာပေးကာလအဖြစ်သတ်မှတ်ထားပြီး ပညာပေး
ကာလပြီးပါက ထိထိရောက်ရောက် အရေးယူသွားမည်ဟု ရန်ကုန်မြို့တော်
အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး
ဦးလှအောင်က ပြောသည်။
ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းရန်အတွက် ရန်ကုန်မြို့တော်
စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ယာဉ်ရပ်နားရန် နေရာများ
ကိုလည်း စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ရန်ကုန်မြို့အတွင်း အများပြည်သူသယ်ယူပို့ဆောင်ပေးနေသော လုပ်ငန်းများ အဆင်ပြေစေရန်အတွက် ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူ
ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဇန်န၀ါရီ ၇ ရက်က နိုင်ငံတော်
သမ္မတဦးသိန်းစိန်က ဖွဲ့စည်းပေးခဲ့ပြီးယခုလုပ်ဆောင်ချက်မှာ ထိုအဖွဲ့၏
ပထမဆုံးလုပ်ဆောင်ချက် ဖြစ်သည်။
credit >>7Day News Journal
@[148980878505812:274:ပလီပလာ ထွေကာလီကာ]](https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-ash3/s480x480/558292_447713795299184_820422906_n.jpg)

























