Sunday, November 25, 2012










ကိုယ့်ကိုကိုယ် သေပြီလို့ ထင်ကြတဲ့လူတွေဟာ မသေကြသေးတာကို တွေ့ရတယ်
အထူးသဖြင့် အတိတ်ကာလမှာ သေဆုံးသွားကြတဲ့ အချိန်အပိုင်းအစတစ်ချို့ပေါ့
အတတ်ပညာကို အသိပညာနဲ့မကုစားနိုင်ကြတာကိုလဲ သိခဲ့ရတယ်
ဒီနေရာမှာ တစ်ခုခုရှိနေသေးတာကို အံ့သြမိတယ်
ဒါမှမဟုတ် ဒီနေရာမှာ ဘာမှမရှိတော့တာကိုလဲ အံ့သြမိတယ်

ဘာမှမဖြစ်ဘူးဆိုတဲ့စိတ်ရှိမှ အကုန်ဖြစ်အောင်လုပ်လို့ရတယ်
သေပြီးသားလူတွေ ပြန်ရှင်ကြတဲ့အခါမှာ ၀မ်းနည်းကြသလိုမျိုးပေါ့
တကယ်က လူတစ်ယောက်ဟာ တစ်ချိန်တစ်ခါမှ မွေးဖွားခဲ့ခြင်းမရှိဘူး
အဲ့ဒီနယ်မြေမှာ ဘာမှမရှိသလိုမျိုးနဲ့ထပ်တူကျအောင်ပေါ့
အားလုံးပျက်ပြယ်လို့ပြီးတော့ ဘာမှမကျန်တော့ဘူး

လူတိုင်းမှာ ဟန်ဆောင်ခွင့်ရှိတာပဲ ငါတို့ ဘယ်သူဆိုတာ ငါတို့သိဖို့ မလိုအပ်ဘူး
ဘယ်ဘုရားသခင်ကမှလဲ ဘယ်သူ့ဘ၀ကိုမှ မဖျက်စီးခဲ့ဘူး
ပြတ်ပြတ်သားသား ကွာပြဲပြတ်ထွက်ကုန်တယ်လို့တောင် ထင်ရတယ် ခပ်တည်တည်ပဲ
အင်ပါယာတစ်ခုပိုင်ဆိုင်ဖို့အတွက် စစ်မက်တွေဖြစ်ပွားစရာမှ မလိုတာ
ဖိနပ်တစ်ရံနဲ့ ၀ါးဒုတ်တစ်ခုရှိရင် တိုင်းပြည်တစ်ခုတော့ အသာလေးသိမ်းလို့ရပြီ

ဒါဆို ဘာကိုလက်ခံမှာလဲ ပျော်စရာတစ်ခုခုကိုလား
ခပ်ကြမ်းကြမ်း မိန်းမတစ်ယောက်ရဲ့ လျှာတစ်စုံကိုလား
ပျက်ဆီးယိုယွင်းနေတဲ့ ကားစုတ်တစ်စီးလား
သုံးစားမရတော့တဲ့ ချစ်သူလေးလား ဘာပဲဖြစ်ဖြစ် တစ်ခုခုပေါ့

မျက်နှာတိုင်းမှာ အသံတွေရှိတယ်
အထူးသဖြင့် ကံကြမ္မာကို မယုံကြည်တတ်တဲ့မျက်နှာပိုင်ရှင်တစ်ယောက်မှာပေါ့

dARK daRK darK dark
ကိုယ့်ကို ဂရုမစိုက်ကြဘူးလို့ထင်ကြတဲ့အချိန်ကစပြီး ဘယ်သူမှ ဂရုမစိုက်တော့ဘူး


ဒီမြေက သစ်သီးတွေ ပုပ်ပွနေပြီ တစ်ခုခုဆို ငါတို့ပုခုံးကြားကနေ ဘုရားသခင်ကို ထုတ်ပယ်ပစ်ကြမယ်
မပြီးဆုံးသေးဘူးဆိုရင် ဒီဂိမ်းကို အစကနေ ပြန်ရစ်မယ်

ငါတို့ရှေ့မှာ ဒူးထောက်နေတာ ငါတို့လူမျိုး ဘယ်တော့မှမဖြစ်စေရဘူး
ငါတို့လူမျိုးရှေ့မှာလဲ ဘယ်တော့မှ ငါတို့ဒူးမထောက်ဘူး
တစ်ခုခုကိုယုံကြည်ဖို့ ရိုးသားဖို့လိုမလား
ငါတို့ ယုံကြည်လိုက်တဲ့အရာတိုင်းကကော ဘယ်နှစ်ကြိမ်လောက်များ ရိုးသားဖူးခဲ့သလဲ
ရှူပ်ထွေးမှုတွေကြားမှာပဲ နေသားတကြနေထိုင်ကြတယ် ဒါမှမဟုတ် နေကြတယ်
ဒါမှမဟုတ် ဒါအမှန်တရားမဟုတ်ဘူး ဗျည်းခက် ငါတို့ ယုံချင်တာကို ယုံကြမယ်

တကယ်က သူက လူအတိုင်းပဲ တကယ်တော့ သူက လူတစ်ယောက်ပဲ
ဘုရားသခင်ကို မပိုင်ဆိုင်ဘူးလို့ သတ်မှတ်ထားတဲ့ လူတစ်ယောက်ပေါ့
တကယ်က သူ့ကိုယ်သူတောင် မပိုင်ဆိုင်တဲ့ လူတစ်ယောက် အဖြစ် ဖြစ်တည်နေ
ဘယ်သူမှ ရှာမတွေ့ဖို့ လိုတယ် တစ်ယောက်ယောက်ရဲ့ရှာဖွေမှုလဲ လိုအပ်တယ်
တကယ်တော့ ဘာမှမလိုအပ်တော့တာပဲ လိုအပ်တော့တယ်

နှုတ်ကမရဲတော့ဘူး ရဲတင်းစိတ်က ကိုယ့်လျှာကို ပြန်သတ်နေတယ်လို့ ခံစားလာရတယ်
အဲ့သလို ကိုယ့်ကိုကိုယ် မလိုတမာစွာ တစ်ချက်ကြည့်လိုက်တယ်

ကိုယ့်တရား ကိုယ်စီရင်လို့မရနိုင်တဲ့အတွက် ကံကြမ္မာကိုဆောင့်ကန်ပစ်လိုက်တယ်

အဲ့ဒီညကပေါ့ တစ်ကမ္ဘာလုံးကို အစိမ်းရောင်များစွာက လွှမ်းခြုံလို့










ဇာတိ(ဖျာပုံ)
9:02PM
20.11.2012
zartipyapon@gmail.com
www.zartinaung.blogspot.com

0 ကွန်မန့်ရေးရန်:

Post a Comment